Synopsis ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

Original Title: My Master Disconnected Yet Again
Author: Mrs Ago,You qian
Chapter: 704 (Complete)

စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ
ဘာသာပြန်သူ= Jas Astra
…..

အကျဉ်းချုပ်

တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။
အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။

ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။

“အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ… ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်… ပြန်စဉ်းစားကြည့်ရရင်… အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ…”

“ဆရာ… အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား…”

“ငါ့ဆရာက. . . အယ်… ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော… ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား…”

သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။

“ငါ ဒီမှာဟဲ့…!”

_____________

ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။
ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။

သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။

တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။

ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ…

ရှန်းရင်၊ “ဆိုတော့ကာ… နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ…”

ကူယွဲ့”သြော် သိပ်တော့မကြာသေးပါဘူး… နှစ် ၃၀၀ လောက်ပဲရှိသေးတယ်…”

ရှန်းရင် “အိုကေ”

ကူယွဲ့၊ “. . .”

ရှန်းရင်၊ “. . .”

ကူယွဲ့၊ “ဟိုလီ ဖက်-!”

Synopsis by No_Coz

Read ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

Ch. 1-50
Ch/Ch
Chapter Title
Release Date
Ch. (251-300) Ch. (201-250) Ch. (151-200) Ch. (101-150) Ch. (51-100)

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset