အခန်း ၁၁၄ ။ ဂိုဏ်း၏ မသေမျိုးသို့တက်လှမ်းခြင်း
ရွှင်လိက ရှန်းရင်ကို နည်းနည်းလေးတောင် အဖတ်မလုပ်။ သူက သူမဘေးကယိချင်းကို ဒေါသတကြီး စိန်းစိန်းဝါးဝါးကြည့်တော့တယ်။
“မင်း အောင်အောင်မြင်မြင် မသေမျိုးတက်လှမ်းနိုင်ခဲ့တာပဲ၊ မင်းရဲ့ အမတ သွေးကြောက…”
သူ တုံ့ဆိုင်းနေမိတယ်။ အလိုလို သူ ထျန်းလန်လောကရဲ့ဝင်ပေါက်ကို ပိတ်ဖို့ စည်းတံဆိပ်စတင်ပုံဖော်လိုက်ပေမဲ့ ဆန်းပြားတဲ့ဘုံကို အခုထိန်းချုပ်မှုကင်းမဲ့သွားပြီဆိုတာ မြင်လိုက်ရတယ်။ သူ့မျက်နှာ ပျက်ယွင်းပြီး ဒေါသနဲ့ ပေါက်ကွဲလာသလို မျက်နှာကလည်း ရှုံ့မဲ့လာတယ်။
နှစ်သောင်းနဲ့ချီ သူ့အမတသွေးကြောကို အားဖြည့်ခဲ့ရပြီး ထျန်းလန်လောကကိုတည်ဆောက်ဖို့ ပင်ပင်ပန်းပန်းအားထုတ်ခဲ့ရတယ်။ သက်ရှိပုံစံမျိုးစုံကို လောကကြီးထဲညမိတ်ဆက်ဖို့ စွမ်းအင်အများကြီးသုံးခဲ့ရသေးတာ။ ဒါတောင်… ဒါတောင် အခုတော့ နောက်ထပ် ထောင်ချီကမ္ဘာတွေထဲက တစ်ခုလို သာမန်ကမ္ဘာအဖြစ် လျှော့ချခံလိုက်ရပြီ။ သူ့ဖန်တီးမှုအပေါ် လုံးဝထိန်းချုပ်မှုဆုံးရှုံးသွားခဲ့ရပြီ
“မယုံနိုင်စရာပဲ အောက်ဘုံက ပုရွက်ဆိတ်တချို့ကများ ငါ့ဆန်းကြယ်တဲ့ဘုံကို တကယ်ဖျက်ဆီးပြီး အမတသွေးကြောကို ဖျက်ရဲတယ်ပေါ့” သူ့ မျက်လုံးတွေကနီရဲနေပြီး ယိချင်းကို ဒေါသတကြီး စိုက်ကြည့်တော့တယ်။
“မသေမျိုး တက်လှမ်းနိုင်တာနဲ့ တခြားစိုးရိမ်စရာတွေအားလုံးက လွတ်ကင်းသွားမယ်ထင်နေတာလား၊ မင်းကိုသာခွင့်မပြုရင် အမတအနေနဲ့ ကြီးထွားလာဖို့ကို အိပ်မက်ပဲမက်နေလိုက်””
သူ့ အနောက်က အမတတွေကို အမူအရာပြပြီး အံကြိတ်လိုက်တယ်။
“ဒီတောင်ထွတ်ပေါ်က လူတိုင်းရဲ့ အရိုးတွေအားလုံးကို ဖျက်ဆီးပစ်လိုက် ဒါပေမဲ့ ငါ့အမတသွေးကြောကို ဖျက်ဆီးတဲ့ အဲဓားကျင့်ကြံသူကိုတော့ တစ်ယောက်တည်းချန်ခဲ့၊ ငါ သူ့ကိုယ် ငါကိုယ်တိုင်သတ်ချင်တယ်”
သူ စကားပြောပြီးချိန် သူ့ခန္ဓာကိုယ်ထဲက မသေမျိုးချီတွေ ဒလဟောထွက်လာလေတယ်။ သူ့.အကျော်ဇေယျလက်နက်တွေကို ဆွဲထုတ်ပြီး
ယိချင်းဆီ ဦးတည်လာတော့တယ်။ သူ့ပတ်လည်က မသေမျိုးချီတွေ လိပ်တက်နေတာက ပြင်းထန်လွန်းလို့ ပတ်ဝန်းကျင်က အမတတွေကိုပါ တွန်းထုတ်ပစ်လေရဲ့။ မယုံကြည်နိုင်စရာ အမတစွမ်းအင်တွေနဲ့ သူက ယိချင်းတည့်တည့် ဓားကိုထိုးစိုက်ပစ်လိုက်လေတယ်။
ရုတ်တရက် သူ့လက်မောင်းတင်းမာသွားတယ်။ သူ့ကိုယ်က နဂိုရပ်နေတဲ့နေရာဆီ ပြန်တွန်းခံလိုက်ရတော့တယ်။ စောနကအော်နေတဲ့ မိန်းမက ခုတော့ သူ့ဘေးရပ်ပြီး ပြုံးနေပြီ။
“တောင်းပန်ပါတယ်၊ ငါက သူ မသေမျိုးတက်လှမ်းအောင် ကူညီဖို့တွေးခဲ့တဲ့သူပါ၊ နင်လူမှားပြီး ပြဿနာရှာနေပြီ”
သူမက တည်တည်ငြိမ်ငြိမ်နဲ့ ပြောတော့တယ်။
“တကယ်လို့လက်စားချေချင်တယ်ဆိုရင် နင့်ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်”
“…”
——————
သူ အမတဘုံဆီ လွန်ခဲ့တဲ့တစ်နာရီတည်းက ပြန်ရောက်လာတည်းက ပိထောင်အဆက်မပြတ် စိတ်ပူနေတာ။ သူ အမတဘုံကတံခါးကိုဖွင့်ဖို့ ယိချင်းကို မသေမျိုးတက်လှမ်းအောင် ကူညီပေးမဲ့ ရှန်းရင်အကြံကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တာ။
ဒါက ကိုယ့်ကိုယ်ကိုယ်သတ်သေတာနဲ့ တူမနေဘူးလား။ ချင်းထုံးအမတဘုံဗိမာန်က လူတွေ သူတို့အောက်ဘုံဆီလွှတ်လိုက်တဲ့ မသေမျိုးတွေအကုန် ရှင်းပစ်ခံလိုက်ရပြီဆိုတာကို ထည့်ပြောဖို့တောင် မလိုဘူး။ သူတို့က အောက်ဘုံကလူကို မိုးကြိုးဝဋ်ကြွေးပြီးမြောက်မှာကို ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး။ သူတို့ရှိသမျှအစွမ်းနဲ့ မသေမျိုးတက်လှမ်းမှုစင်မြင့်ကို ဖျက်ဆီးပစ်မှာပဲ။
အဲဒါကြောင့် ယိချင်းကို မသေမျိုးတက်လှမ်းဖို့ မဖြစ်နိုင်ဘူးလို့ပြောခဲ့တာ။
ဒါပေမဲ့… သူတို့ အစီအစဉ်က အလုပ်ဖြစ်သွားခဲ့တယ်လေ။
“…”
မိုးကြိုးဝဋ်ကြွေးရဲ့၈၁ချက်မြောက် မိုးကြိုးနောက်လိုက်လာတဲ့ မိုးကြိုးကြီးက အားပြင်းလွန်းလို့ ပိထောင်တောင် သူ အသက်ရှင်နိုင်လားမသေချာဘူး။ ဒါပေမဲ့ ရှန်းရင်ကတော့ အလွယ်လေး လက်တစ်ဖက်တည်းနဲ့ ဆုပ်ကိုင်နိုင်တဲ့ပုံပဲ။
ဟုတ်ပါတယ်၊ သူမ တကယ်ပဲ ဆုပ်ကိုင်ခဲ့တယ်
မိုးကြိုးနော် – ဖိနပ်ကြိုးလည်းမဟုတ် လက်နက်လည်းမဟုတ်ဘူး။ ဒီအခိုက်အတန့်မှာ သူမ အကောင်အထည်မရှိတဲ့ မိုးကြိုးကို ဘယ်လိုမျိုး ဆုပ်ကိုင်ခဲ့လဲဆိုတာ နားမလည်နိုင်ဘူး။
ပြီးတော့ လက်ကောက်ဝတ် ဆတ်ခနဲလှုပ်ရှားတာနဲ့တင် အပေါ်က စိတ်တန်ခိုးအမတတွေအားလုံးကို အပေါ်ကနေဆွဲချနိုင်ခဲ့ပြီး အမတအရိုးတွေကို ဖျက်ဆီးနိုင်ခဲ့တယ်။ တစ်ယောက်ဆို အမတဘုံဗိမာန်က အိမ်တော်ထိန်း။
ဒါ… မယုံကြည်နိုင်စရာပဲ
သူ့မျက်လုံးတွေနဲ့ မယုံကြည်နိုင်လောက်အောင်ပဲ။ နောက်ပိုင်းဆက်ဖြစ်တာကတော့ “သန်မာမှု” နဲ့ “အားကြီးမှု”ရဲ့ သူ့အဓိပ္ပာယ်ဖွင့်ဆိုမှုကို ပြန်ပြီးစဉ်းစားမိစေတာပါပဲ။
“ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ စိတ်အေးအေးထားပြီး မသေမျိုးတက်လှမ်းကြပါ၊ ကျန်တဲ့ ကွိန်မတို့ ဆက်ပြီးကြိုးစားလေ့ကျင့်ပါမယ်၊ တစ်နေ့ကျ အထက်လောကမှာ ပြန်ဆုံကြတာပေါ့” ယွီဟုန် ကောင်းကင်အလင်းတန်းကို အံ့ဩတကြီး စိုက်ကြည့်နေမိတယ်။ သူမ စိတ်လှုပ်ရှားနေပေမဲ့ သူတို့ထားသွားမှာကိုလည်း မကြည့်ရက်ဘူး။ သူ အသက်ဝဝရှူပြီး မျက်လုံးထဲကနေ စီးကျဖို့ ခြိမ်းခြောက်နေတဲ့ မျက်ရည်တွေကို ထိန်းချုက်နေရတယ်။
သူမနောက်က တပည့်တွေရဲ့ မျက်လုံးတွေကလည်း စပြီးမျက်ရည်ဝဲလာကြတော့တယ်။ သူတို့ မျက်ရည်ထိန်းပြီး ရှန်းရင်ကိုစိုက်ကြည့်နေမိတယ်။ သူမ မထွက်သွားခင် ပုံရိပ်တစ်ခုချင်းစီကို ဖမ်းထားချင်တာမို့ မျက်တောင်တောင်မခတ်ရဲကြတော့ဘူး။
“ကောင်းပြီ” ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
“နှုတ်ဆက်ပါတယ် ငါသွားနေတုန်း ကျေးဇူးပြုပြီး ဂရုစိုက်ပါ”
“ဟုတ်ဟုတ်ဟုတ်” ယွီဟုန် အသည်းအသန် ခေါင်းညိတ်လိုက်တယ်။
“ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီး ဂရုစိုက်ပါ၊ တခြားသူတွေ မသေမျိုးတက်လှမ်းလာချိန် ဂိုဏ်းချုပ်အတွက် အိမ်ကိုဆက်ပြီးသန့်ရှင်းရေးလုပ်ပေးပါ့မယ်”
ဘာ။
သန့်ရှင်းတာ…။
ရှန်းရင် တန့်သွားတယ်။ သူမ ဘာပြောရမလဲမသိတော့ဘူး။
ရုတ်တရက် သူမ ယွီဟုန့်လက်ကိုဆွဲပြီး တလေးတနက် လေသံနဲ့ ပြောတော့တယ်။
“ငါထင်တာတော့… ထျန်းလန်လောကကနေ အမတဘုံဆီသွားဖို့ ပြည်ဝင်ခွင့်လျှောက်ဖို့တာ မဖြစ်နိုင်ဘူးလေ၊ အရမ်းကိုအဆင်မပြေဖြစ်လွန်းတယ်၊ ငါတို့အားလုံး… အတူတူရွှေ့ပြောင်းကြရင်ရော”
“…”
ပိထောင် “ရွှေ့ပြောင်း”တာ ဘာသဘောလဲ နားမလည်လိုက်ပေမဲ့ မျက်လုံးတွေက ရှန်းရင် ရုတ်တရက် အမတဘုံဝင်ပေါက်ဆီ ခုန်သွားပြီး အပေါက်လေးကို အဆတစ်ရာလောက် ကြီးလာတဲ့အထိ ဆွဲလိုက်တာမြင်ရချိန် ပြူးကျယ်သွာစတော့တာပဲ။ လက်ဗလာနဲ့တဲ့လေ…။
သူမက ကောင်းကင်အလင်းရောင် လင်းနေတဲ့ ဝူတိဂိုဏ်းဆီ ပြန်ခုန်ဆင်းလာတယ်။ တစ်ချက်ကန်ပြီးတော့ တစ်ဂိုဏ်းလုံး အထက်ဘုံဆီ ပျံတက်သွားတော့တာပဲ။ တကယ် ကန်ခဲ့တာပေါ့လေ။ တစ်ကြိမ်တည်းနဲ့။
ပိထောင် သတိပြန်ဝင်လာချိန် ဝူတိတစ်ဂိုဏ်းလုံး ကြေမွနေတဲ့ ချင်းထုံးအမတဘုံဗိမာန်ရဲ့ အပေါ်မှာ ရပ်တည်နေပြီ။
အမတဘုံမှာနေခဲ့တဲ့ ရက်တွေမှာ သူ မသေမျိုးတက်လှမ်းခဲ့တဲ့ မရေမတွက်နိုင်တဲ့ မသေမျိုးတွေ နဲ့ ကြုံဖူးတယ်။ တခြားတစ်ယောက် တက်လှမ်းတာကို ကူညီပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး – မိုးကြိုးဝဋ်ကြွေးကို နှစ်ကြိမ် တောင့်ခံဖို့ပဲလိုတယ်။ လူတွေအများကြီး ဒီလိုလုပ်ခဲ့တယ်။ တချို့က သူတို့တာအိုလက်တွဲဖော် တက်လှမ်းဘို့ရအောင်၊ တချို့က ကလေးတွေ၊ တချို့က ကျေးဇူးရှင်တွေနဲ့ မိတ်ဆွေဆေတွ တက်လှမ်းဖို့ ကူညီပေးတဲ့သူတွေပါရှိသေး…။
ဒါပေမဲ့ ဒါကတော့ တစ်ဂိုဏ်းလုံးတက်လှမ်းတာကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ
ပြီးတော့ လူတင်တက်လှမ်းတာမဟုတ်ဘူး – မြေကြီးပါတက်လှမ်းတာတဲ့လေ
ပိထောင်ရဲ့ လောကအမြင်ကတော့ အစမ်းသပ်ခံနေရပြီ…။
သူ အိပ်မက်မက်နေတာပဲ။ ဟုတ်တယ်။ ဒီလိုထူးဆန်းတာတွေက အိပ်မက်ထဲမှာပဲ တစ်ချိန်လုံးဖြစ်တာ။
အမတဘုံဆီ မြေတစ်ကွက်လုံး ယူသွားတာနဲ့ ယှဉ်ရင် မသေမျိုးရာချီကို မိနစ်အနည်းငယ်အတွင်း ချေမှုန်းတာက ပုံမှန်လိုဖြစ်နေပြီ။ မဟူရာအမတရွှင်လိအတွက်ကတော့… ပထမဆုံးဒူးထောက်တာသူတဲ့လေ။
-_-|||
ရှန်းရင်က အားကြီးလွန်းလို့ ဒါတွေအားလုံးကို ရိုးရိုးကစားပွဲလေးပုံစံပေါက်အောင် လုပ်လိုက်တာပဲ။ ပိထောင်တော့ ရွှင်လိလို သာမညောင်ညမဟူရာအမတအသာထား နတ်ဒေဝါဧကရာဇ်တောင် ရှန်းရင်နဲ့ ယှဉ်ပြိုင်ဖို့ ခက်လောက်တယ်လို့ ယူဆနေမိပြီ။ ပိထောင်သိရသလောက်တော့ နတ်ဒေဝါဧကရာဇ်တွေတောင် ဘုံတံခါးကိုဖွင့်ဖို့လောက်အထိ အင်အားမကြီးဘူး။ ဟိုဟာမဟုတ်သရွေ့…။
သူ ရုတ်တရက် တစ်စုံတစ်ရာတွေးမိသွားသလိုမျိုး လှည့်ကြည့်လိုက်တယ်။ နောက်တော့ စားပွဲပေါ် လက်နှစ်ဖက်လုံးရိုက်ချမိသွားတယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ”
“ဟေ” ရှန်းရင် ထခုန်ပြီး သူ့လက်ကို မျက်မှောက်ကြုတ် ငုံ့ကြည့်တော့တယ်။
“မင်းက… ကောင်းကင်မျိုးနွယ်ကလား” သူ မသေမျိုးတွေကို ဒီလောက်အလွယ်တကူနှိမ်နင်းနိုင်တဲ့ တခြားမျိုးနွယ်စဉ်းစားမရဘူး။
“နင်ရူးနေလား” ရှန်းရင်နှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားတယ်။ သူမတူတွေကို သူ့ဆီ ထိုးပြီး တဖြတ်ဖြတ်ရိုက်တော့တယ်။
“ငါ့စားစရာဟ”
ပိထောင် တန့်သွားတယ်။ သူ ငုံ့ကြည့်လိုက်တော့ သူ့လက်တွေက ပန်းကန်ပြားနှစ်ချပ်ပေါ် ရောက်နေတာ နားလည်သွားခဲ့တယ်။ ပန်းကန်ပြားပေါ်က စားစရာတွေ အခု သူ့လက်ဖဝါးအောက်မှာ ကျေမွကုန်ပြီ။
“ဆရာ၊ ဒီမလေးမစားလူကို ရှင်းလိုက်ရမလား” ယိချင်း ဓားဆွဲထုတ်တော့တယ်။
“ခဏ… တမင်လုပ်ခဲ့တာမဟုတ်ပါဘူး” ပိထောင်မျက်နှာက ဖြည်းဖြည်းချင်း ဖြူဖပ်ဖြူရော်ဖြစ်သွားတော့တယ်။ သူ အမြန် နောက်ဆုတ်လိုက်ရတယ်။
“အမတကျောက်တုံးတွေနဲ့ ပေးပါ့မယ်” သူ့ဝတ်ရုံထဲက အိတ်တစ်အိတ်ကို ချက်ချင်းဆွဲထုတ်လိုက်တော့တယ်။
ရှန်းရင် ခေါင်းညိတ်လိုက်တော့ ယိချင်းက ဓားပြန်သိမ်းလိုက်တယ်။ အင်း ဖေဖေနျို အမတဘုံမှာ လုပ်ငန်းစဖို့ အရင်းလုံလုံလောက်လောက်ရတော့မှာပဲ။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ တကယ်ပဲ ကောင်းကင်မျိုးနွယ်က မဟုတ်ဘူးလား” ပိထောင် ရှန်းရင်ကို ခေါင်းစခြေဆုံးကြည့်ရင်း အလျှော့မပေးသေးဘူး။
မဖြစ်နိုင်တာ။ အိမ်တော်ထိန်းဆီကနေ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းလောက်က ကောင်းကင်မျိုးနွယ်ဝင်ကနေ ထျန်းလန်လောကဆီ မှားရောက်လာခဲ့တယ်လို့ ပြောတာ ကြားဖူးတယ်။ အဲငကြောက်ရွှင်လိက ကောင်းကင်မျိုးနွယ်က ထျန်းလန်လောကအကြောင်း အမှန်တိုင်း သိသွားမှာဆိုးလို့ အောက်ဘုံကလူတွေ အမတဘုံဆီ ဝင်လာမှာကို တားမြစ်ထားတဲ့အပြင် အမတဘုံကလူတွေ အောက်ဘုံဆီ ဝင်မှာကိုလည်း တားမြစ်ထားတယ်။ ပြန်လည်ရိတ်သိမ်းနေ့ကိုလည်း နှစ်ပေါင်းထောင်ချီ နောက်ဆုတ်ခဲ့တာ။ ကောင်းကင်မျိုးနွယ်က ထျန်းလန်လောကကနေ ထွက်သွားတာသေချာမှ ပြန်စတင်ခဲ့တာပဲ။
ပိထောင်ကတော့ ကောင်းကင်မျိုးနွယ်က လုံးတထွက်သွားတာမဟုတ်ဘဲ ကြီးမြတ်တဲ့နတ်ဒေဝါရှန်းက အဲကောင်းကင်မျိုးနွယ်လို့ တွေးမိနေပြီ
သူ ပိုပိုပြီး ဇဝေဇဝါဖြစ်လာတယ်။
အချိန်အတော်ကြာပြီးမှ သတိပြန်ဝင်လာခဲ့တဲ့ ကူယွဲ့လည်း ထပ်တူထပ်မျှ ဇဝေဇဝါဖြစ်နေတာပါပဲ။ သူ နိုးလာတော့ ဘေးမှာ မသေမျိုးချီတွေ ပေါကြွယ်ဝနေတာခံစားမိလိုက်တယ်။ အမတဘုံဆီ တက်လှမ်းလာခဲ့တာ အသိသာကြီးပဲ။
ဒါပေမဲ့… ဒီရင်းနှီးနေတဲ့အခန်း… ပြီးတော့ သူ့ဘေးကဖြတ်ပြီး သူ့ကိုနှုတ်ဆက်နေတဲ့ တပည့်မျက်နှာတွေ။ သောက်ကျိုးနည်း ဘာဖြစ်နေတာလဲဟ။
သူက ဝူတိဂိုဏ်းကနေ မသေမျိုးတက်လှမ်းရမဲ့ ပထမဆုံးလူဖြစ်ရမှာမဟုတ်ဘူးလား။ သူ အဲcheatနဲ့ စားဖိုမှူးမတိုင်ခင် တက်လှမ်းခဲ့ပြီလို့ ထင်နေခဲ့တာ။ ဘယ်လိုလုပ် တစ်ဂိုဏ်းလုံး အခု အမတဘုံဆီ ရောက်နေတာလဲ။
ငါ-ိုး၊ ငါ့ရဲ့ ပိုသာလွန်တဲ့ အသိစိတ်ပြန်ပေးစမ်း
(╯‵□′)╯(┻━┻
…