အခန်း ၁၀၁ ။ မဟူရာဝိညာဉ်ပွင့်
ဝူတိဂိုဏ်းတွင်
ဝိညာဉ်ချီက ပေါကြွယ်ဝနေတယ်။ တစိခါက တိတ်ဆိတ်နေတဲ့ တောင်ထွတ်က ခုတော့ ကောင်းကင်တစ်လျှောက်လုံး တောက်ပနေတဲ့ ရွှေရောင်အလင်းတန်းတွေနဲ့ ပြည့်နေခဲ့တယ်။ ဝိညာဉ်ချီက အလင်းရောင်ကို တုံ့ပြန်တဲ့အတိုင်း ကခုန်ပြီး တောင်ထိပ်မှာ စုဝေးနေတယ်။ ရွှေရောင်အလင်းတန်းတွေက ဂိုဏ်းတစ်ခုလုံးကို တောက်ပနေစေပြီး ရွှေပုံကြီးအဖြစ် ပြောင်းလဲထားတယ်။
ယိချင်းက သုံးလကြာ တရားကျင့်ကြံခဲ့တယ်။ ရုတ်တရက် သူမျက်လုံးတွေဖွင့်လာတယ်။ သူ အာရုံခံမိတဲ့ပထမဆုံးအရာက သူ့ပတ်လည်က ဝိညာဉ်ချီတွေက အရင်နဲ့ကွဲပြားနေတယ်ဆိုတာပဲ။ သူ ချက်ချင်း ချီတွေကို ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်တယ်။ ရွှေရောင်ဝိညာဉ်ချီအားလုံးက သူ့ကိုယ်ထဲ စီးဝင်သွားတယ်။ အဲတော့မှ ဝူတိဂိုဏ်းရဲ့ ပုံစံက ပုံမှန်ပြန်ဖြစ်သွားတော့တယ်။
ယိချင်း သူ့ကိုယ်ခန္ဓာခွန်အားကို အာရုံခံကြည့်လိုက်တော့ သူ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း နှောင်းပိုင်းအဆင့်ကို ရောက်နေပြီဆိုတာ နားလည်လိုက်တယ်။ သူ ရင်ထဲပျော်ရွှင်သွားပြီး ဂူထဲကနေ ထွက်ကာ အနောက်ဆောင်ဆီ ဦးတည်ခဲ့တယ်။ အဝေးက ရှန်းရင်ကို လှမ်းသတိထားမိသွားတယ်။
“ဆရာ၊ ကျွန်တော် ထွက်လာ…” သူ စကားပြောနေရင်း ရှန်းရင်ဘေး သူစိမ်းတစ်ယောက်ထိုင်နေတာကို သတိထားမိချိန် ရပ်လိုက်တယ်။ အဲလူက အဖြူရောင်ဝတ်ရုံနဲ့ လက်ထဲမှာ ပန်းကန်ပြားတစ်ချပ်ကိုင်ပြီး သူမနဲ့ အင်မတန် နီးနီးကပ်ကပ်ရပ်နေတယ်။ သူက ရှန်းရင်ကို သစ်သီးပန်းကန်ပြား ကမ်းပေးနေတာပဲ။ သူ့တောက်ပနေတဲ့ မျက်လုံးတွေက တကယ့်ကို… စိတ်ရှုပ်စရာကောင်းတယ်။
ယိချင်း နှလုံးသား အေးစက်သွားတယ်။ ဒီကလေးက လနည်းနည်းလေးအတွင်း ဘယ်လိုပေါ်လာတာလဲ။
“ဟေးစားဖိုမှူး” ရှန်းရင် ယိချင်းကို လှမ်းကြည့်လိုက်တယ်။ လက်ထဲကသစ်သီးကို ပါးစပ်ထဲ ပစ်သွင်းပြီး သူ့ဆီလျှောက်လာခဲ့တယ်။
“နင်ထွက်လာပြီပဲ”
“ဆရာ…” ယိချင်းက သူမဆီလျှောက်လာပြီး နောက်ကလူကို လှမ်းကြည့်လိုက်တယ်။ သူတို့အကြည့်ချင်း ဆုံသွားပြီး ကြားထဲကလေထုက လျှပ်စီးလှိုင်းတွေထနေတာပေါ့။
“ဒီအပြင်လူက ဘယ်သူလဲ” သူက “အပြင်လူ” ဆိုတဲ့စာလုံးကို ဖိပြောပြီး သူနဲ့ ဧည့်သည်နှစ်ယောက်ကြား အကွာအဝေး အလိုလိုထားလိုက်တယ်။
“ဒီတာအိုရောင်းရင်းက ဘယ်သူလဲ” ခွေးကောင်လေး၊ ငါ့ဆရာနားက ဝေးဝေးနေတာကောင်းမယ်။
凸(艹皿艹)
“အော်” ရှန်းရင် စရှင်းပြလိုက်တယ်။ “ဒါကညွှန်ကြားရေးမှူးနဲ့ အမွေးလုံးလေ”
“…” ဘာအမွေးလုံးလဲ။
“သူက ရိမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်” ကူယွဲ့ ဝင်ရှင်းပြပြီး ရိဖုန်းကို လှမ်းပြလိုက်တယ်။ နောက်တော့ ပိုင်ဇယ့်ဘက် လှည့်လိုက်တယ်။
“… ပြီးတော့…” သူ ပိုင်ဇယ့်ကို ဘယ်လိုနာမည်တပ်ရမလဲ မသိလို့ မျက်မှောင်ကြုတ်လိုက်မိတယ်။
“ပိုင်ဇယ်” ပိုင်ဇယ်က တုံးတိ ပြန်ဖြေတယ်။ နောက်တော့ ရှန်းရင်ကို လှည့်ကြည့်ပြီး အသံမြှင့်ပြောလိုက်တယ်။
“ငါ့နာမည်က ပိုင်ဇယ်” သူမျက်နှာရဲသွားတယ်။ သူ့ကို အမွေးလုံးလို့ခေါ်ခွင့်ရှိတာ သူမတစ်ယောက်တည်းပဲ။
ရိဖုန်း ။ ။ “…”
ဒီတော့ ဝိညာဉ်သခင်က သူ့ပုံစံအစစ်ကို မဖုံးကွယ်ထားတော့ဘူးပေါ့ — တစ်လောကလုံးကို ကြေညာဖို့ စီစဉ်နေတာလား။
ရိဖုန်း မျက်မှောင်ကြုတ်ပြီး နှစ်ယောက်ရဲ့ ကျင့်ကြံဆင့်တွေကို လေ့လာတော့တယ်။ ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားပြီး သူ့ရင်ထဲ ပိုထိတ်လန့်ကာ စိတ်လှုပ်ရှားလာတယ်။
“တာအိုရောင်းရင်းပိုင်ဇယ်”
“အင်း” ပိုင်ဇယ် ခေါင်းညိတ်ပြလိုက်တယ်။ သူ့နောက်က ရိဖုန်းကို လှမ်းကြည့်တော့ အထင်သေးတဲ့အကြည့်က မျက်နှာပေါ်ဖြတ်ပြေးသွားတယ်။
“ဒီအကြောင်းဆက်မပြောဘဲ နေကြရအောင်” ရှန်းရင်က မိတ်ဆက်တာတွေကို ကြားဖြတ်ပြီး ယိချင်းကို တံတောင်နဲ့တွတ်လိုက်တယ်။
“စားဖိုမှူး၊ နင်ပြန်ရောက်လာတာကို ဂုဏ်ပြုဖို့ အခု… ဟင်းစချက်ကြမလား’
“ဟုတ်ကဲ့၊ ဆ…” သူ အကျင့်အတိုင်း ခေါင်းညိတ်ပြီး ရှေ့ကလူအုပ်ကို စေ့စေ့စပ်စပ်ကြည့်ပြီးမှ ရုတ်တရက် စိတ်ပြောင်းသွားတယ်။
“ဆရာ မနက်၁၀နာရီပဲရှိသေးတာ၊ နေ့လယ်စာစားချိန် မဟုတ်သေးဘူးလေ” သူ ဒီခွေးကောင်လေး သူ့ဆရာကို ခိုးမသွားတာ သေချာအောင် ဒီမှာစောင့်ကြည့်နေမှဖြစ်မယ်။
“အာ…” ရှန်းရင် တုံ့ဆိုင်းသွားတယ်။ ဒါက စားဖိုမှူး ပထမဆုံးအကြိမ် သူမကို ငြင်းတာပဲ။
“နှစ်နပ်ပေါင်းအဆာပြေအနေနဲ့ မှတ်ရင်ရော” ပင်လယ်စာတွေရှိတယ်လို့။
“ဆရာ၊ အချိန်တိတိကျကျပဲ စားချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား”
“အာ ဆိုလိုတာက… ငါတို့ ထမင်းနောက်ကျမှ စားလို့မဖြစ်ပေမဲ့ အဆာပြေတော့စားလို့ရတယ်လေ”
“ဟင့်အင်း”
“…” စားဖိုမှူးက အမြဲ ဒီလောက် ပညာရှင်ပီသခဲ့တာလား။
“ရှန်း… ရင်” ပိုင်ဇယ်က ရုတ်တရက် သူမကို ဖြူဆွတ်ဆွတ်ပစ္စည်းတစ်ခု ကမ်းပေးလာတယ်။ မျက်နှာကို တစ်ချက် ခိုးကြည့်ပြီး ချက်ချင်း အကြည့်ငုံ့သွားလေရဲ့။
“ဒါ… မင်းအတွက်၊ မင်း… စားလို့ရတယ်”
ဘာကြီးလဲ။
ရှန်းရင် ရုတ်တရက် သူမလက်ထဲက ပန်းအဖြူရောင်က လက်လုပ်ပုံစံမျိုး အတိအကျပဲဆိုတာ နားလည်သွားတယ်။ တကယ်ကို ရနံ့မွှေးလွန်းတယ်။
ရှန်းရင်ကို ပန်းလက်ဆောင်ပေးတဲ့အချိန် ပန်းဆီကနေ သန့်စင်တဲ့ဝိညာဉ်ချီတွေ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ထဲ ပြည့်သွားတယ်။ အားလုံး အသက်ဝင်လှုပ်ရှားသွားတယ်။ သူတို့နားက ဝိညာဉ်ချီတွေလည်း အကြိမ်ရေတချို့ ပိုပြီး ကြွယ်ဝလာတယ်ယ
“ဒါက…” ကူယွဲ့ မနေနိုင်ဘဲ ပန်းနားကပ်လိုက်မိတယ်။ ဝိညာဉ်ချီထုတ်ပေးတဲ့ ပန်းမျိုး သူတစ်ခါမှ မမြင်ဖူးဘူး။
“ဒါဘာလဲ” ရှန်းရင် မေးလိုက်တယ်။
ပိုင်ဇယ်က သူမ သူ့ကိုတစ်ခုခုအရေးကြီးတာ မေးလိုက်သလိုမျိုး မျက်နှာသေနဲ့စိုက်ကြည့်နေတယ်။ သူက ပိုပြီးတောင် မျက်နှာနီရဲသွားလေရဲ့။
“ဒါ… ဒါ…” သူက အတော်ကြာ စကားဆုံးအောင်မပြောနိုင်ဘဲ ထစ်နေတယ်။ နောက်တော့ အကျင့်အတိုင်း တစ်ဖက်လှည့်ဖို့လုပ်ပေမဲ့ သူ့ကိုယ်သူထိန်းလိုက်တယ်။
“မဟူရာဝိညာဉ်ပွင့်” ရိဖုန်းမနေနိုင်ဘဲ ပိုင်ဇယ့်စကားကို အဆုံးသတ်လိုက်ရတယ်။ သူက နာကျင်နေတဲ့အမူအရာနဲ့ ဆက်ပြောလေတယ်။
“ဒါ… ဝိညာဉ်သခင်မျိုးနွယ်ရဲ့ မိစ္ဆာတစ်ကောင်ပါ”
ရိဖုန်းတောင် အကြိမ်ရေနည်းနည်းပဲ မြင်ဖူးတယ်။ ဝိညာဉ်သခင်ကို ဒီလိုမျိုးပေးပစ်လိုက်မယ်လို့ သူယုံရခက်ခက်။
“အိုး…” အပင်လေးတစ်ပင်ကို ဒီလိုမျိုး ပြဿနာတက်နေတယ်ပေါ့။
ရှန်းရင် ငြင်းတော့မဲ့ဆဲဆဲ ရုတ်တရက် မုန်လာဥက သူတို့ဆီ ခုန်ပေါက်လာတယ်။
“မမလေး၊ ပြောတော့ ရေလောင်းမယ်…” မုန်လာဥက စကားဆုံးအောင် မပြောဘူး။ ပိုင်ဇယ့်လက်ထဲက မဟူရာဝိညာဉ်ပွင့်ကိုပဲ စိုက်ကြည့်နေပြီး အမြောက်လို ပေါက်ကွဲသွားတယ်။
“ဒါလွန်လွန်းပြီ၊ ဒီကို အပင်ရိုင်းတွေခေါ်လာခဲ့တာပေါ့၊ ယူသွား ယူသွား၊ မမလေးကို ဒီပန်းရိုင်းနဲ့ ဖားလို့ရမယ်ထင်နေလား”
သူ့မျက်လုံးတွေက မျက်ရည်တွေနဲ့ ပြည့်နေပြီး ရှန်းရင်ကို ညည်းညူတော့တယ်။
“မမလေးပြောတော့ တို့က တစ်ခုတည်းသောအပင်ဆို၊ ပန်းတွေ လိုချင်ရင် တို့ပေးမှာပေါ့”
ကြည့်ရတာ စကားပြောပြီးတာနဲ့ ဝတ်ရုံတွေကို ဆွဲချွတ်ချင်နေတဲ့ပုံပဲ။
“တော်တော့”
ကူယွဲ့၊ ယိချင်းနဲ့ ယွီဟုန်တို့ ရုတ်တရက် ဇီဝဗေဒဆိုင်ရာ အသိပညာတွေကို ပြန်သတိရပြီး တစ်ပြိုင်နက် မုန်လာဥကို တားလိုက်ကြတယ်။ သူတို့အမူအရာတွေအားလုံး ထိတ်လန့်နေလေရဲ့။
သူတို့မဟူရာဝိညာဉ်ပွင့်ကို ငေးကြည့်ပြီး ရုတ်တရက် သူတို့ပတ်လည်ကဝိညာဉ်ချီတွေ ငြိမ်သက်သွားတာကို ခံစားမိလိုက်တယ်။
“ဟိတ် မုန်လာဥဖြူ သောင်းကျန်းတာ တော်တော့၊ ငါတို့မှာ ဧည့်သည်နှစ်ယောက်တောင် ရောက်နေတယ်” ကူယွဲ့ နှုတ်ခမ်းတွေတွန့်သွားရင်း မုန်လာဥဖြူကို မလှုပ်ရှားနိုင်အောင် အကြောပိတ်ကျိန်စာရွတ်လိုက်တယ်။
သူ အမြန် ပိုင်ဇယ်ကိုင်ထားတဲ့ ပန်းကို လက်ခံလိုက်တယ်။
“ကျေးဇူးတင်ပါတယ်၊ ပိုင်… တာအိုရောင်းရင်းပိုင်၊ ခင်ဗျားတို့လာရတာ အဝေးကြီးပဲ၊ နှစ်ယောက် ဧည့်သည်ခန်းထဲမှာ ခဏသွားနာကြပါလား”
ရိဖုန်း သူတို့ ဘာကြောင့် အစိမ်းရောင်ဝတ်ရုံနဲ့လူကို ရုတ်တရက် ထိန်းလိုက်ရလဲ နားမလည်ပေမဲ့ တင်းမာတဲ့ အငွေ့အသက်ကို အာရုံခံမိပြီး ခေါင်းညိတ်ပြလိုက်တယ်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ရှန်းနဲ့ အကြီးအကဲတို့”
“ယွီဟုန်၊ ဧည့်သည်တွေကို ဧည့်သည်ခန်း လိုက်ပြပေးလိုက်”
ကူယွဲ့ ယွီဟုန်ကို အမူအရာပြလိုက်တယ်။
ယွီဟုန် ဧည့်သည်တွေရှေ့သွားပြီး သူမနောက်လ်ုက်ခဲ့ဖို့ အမူအရာပြလိုက်တယ်။
“ကျေးဇူးပြုပြီး ဒီလမ်းကြွပါ”
“ကျေးဇူးပြုပြီး”
ရိဖုန်း လှည့်ထွက်လိုက်တယ်။ နောက်တော့ သု့ဘေးက လူက ထွက်သွားဖို့ ရည်ရွယ်ချက်မရှိတာ မြင်လိုက်ရတယ်။
“ဝိညာဉ်သခင်”
“ငါ မသွားဘူး”
“အာ ဟမ်” ရိဖုန်း တုံ့ဆိုင်းသွားပြီး ရှင်းပြလိုက်တယ်။
“ဝိညာဉ်သခင်… ကျွန်တော်တို့က အနားယူမှာလေ၊ ကျွန်တော်တို့…” ရိမိသားစုဆီ ပြန်မှာမှမဟုတ်တာ”
ပိုင်ဇယ်က ရှန်းရင်ကို လှမ်းကြည့်ပြီး ခပ်အေးအေးပြန်ဖြေလေတယ်။
“ငါစားတာ မပြီးသေးဘူး”
“…” ဘာအဓိပ္ပာယ်လဲ။ ဘာစားလို့မပြီးသေးတာလဲ
အသီးလား။ ဒါပေမဲ့ အသီးစားနေတာက ဂိုဏ်းချုပ်ရှန်းမဟုတ်ဘူးလား။
သူဘာမှမမေးနိုင်ခင် ယိချင်းက အေးစက်စက်အမူအရာနဲ့ ကြားဖြတ်ပြောလာတယ်။
“ခင်ဗျားကို ဒုက္ခပေးဖို့ မရည်မရွယ်ပါဘူး တာအိုရောင်းရင်း၊ ကျုပ်က ဆရာ စားသောက်ဖို့အတွက် အမြဲတာဝန်ယူခဲ့တာပါ”
ယိချင်းက ရှေ့တက်လာပြီး ပိုင်ဇယ့်လက်ထဲက ပန်းကန်ကိုယူလိုက်ပေမဲ့ ပိုင်ဇယ်က ပန်းကန်ပြား မလွှတ်ဘူး။ ယိချင်း ပန်းကန်ပြားကိုဆက်ဆွဲယုပေမဲ့ အချည်းနှီးပဲ။
သူတို့ မျက်လုံးချင်းဆုံပြီး နှစ်ယောက်ကြားကလေထုထဲ လျှပ်စီးဓာတ်တွေ ပြည့်သွားပြန်တယ်။
“မလိုဘူး”
“ခင်ဗျားက ဧည့်သည်ပဲ”
“ဒါကိုင်ထားရတာ သက်သောင့်သက်သာရှိတယ်”
“ကျုပ်ကဆရာ့ရဲ့ တစ်ဦးတည်းသောတပည့်ပဲ၊ ဒီကိစ္စတွေမှာ ကျုပ်ကတာဝန်ရှိတယ်”
“ငါ သူ့ကိုအရင်က တည်ခင်းဖူးတယ်”
“အဲဒါဘာလို့လဲဆိုတော့ ကျုပ် ဂူအောင်းတရားကျင့်နေလို့”
“မင်းဆက်ပြီး ဂူအောင်းတရားကျင့်လိုက်”
“ခင်ဗျားကို စိတ်ပျက်စေလို့ စိတ်မကောင်းပါဘူး တာအိုရောင်းရင်း၊ ကျုပ် နောက်နှစ်ပေါင်းရာချီလောက် ဂူအောင်းတရားကျင့်မှာ မဟုတ်ပါဘူး”
ပိုင်ဇယ် ။ ။ ငါ သေမျိုးတွေကို မုန်းလိုက်တာ။
ယိချင်း ။ ။ ဆရာခိုးတဲ့ခွေးကောင်
နှစ်ယောက်သား ပန်းကန်ပြားကို ဆွဲထားကြပြီး ဘယ်သူကမှ အလျှော့မပေးချင်ကြဘူး။ အငွေ့အသက်က အရမ်းကို ပြင်းထန်လာတယ်။
တစ်ခဏအကြာ…။
“နင်တို့တွေ…” ရှန်းရင် နှစ်ယောက်ကို ကြည့်ပြီး ဖရဲသီး ကိုက်စားလိုက်တယ်။
“ကျီစားနေတာလား”
“…”
“အထင်မလွဲပါနဲ့၊ ငါက လိင်တူချင်းကြိုက်သူတွေအပေါ် ဘာကန့်ကွက်ချက်မှမရှိပါဘူး” သူမက သူတို့ကို ဆက်ပြီးလုပ်ဖို့ အမူအရာတောင်ပြလိုက်သေး။
အုပ်စု ။ ။ “…”
“ဆရာ” ယိချင်းက တည်ငြိမ်အောင် ပြန်နေပြီး ရှန်းရင်ဘက်လှည့်လိုက်တယ်။ မျက်လုံးထဲမှာက ဒေါသအငွေ့အသက်တွေ။ သူဆက်ပြီး သည်းမခံနိုင်တော့ဘူး။ သူပြန်ရုပ်ပြီး ပိုင်ဇယ့်ကို လက်ညှိုးထိုးလိုက်တယ်။
“သူက သူ့ကိုယ်သူပိုင်ဇယ်လို့ခေါ်တယ်၊ ဒါပေမဲ့ ပိုင်ဇယ်က ဒဏ္ဍာရီလာရှေးဟောင်းအမတသားရဲပဲ၊ ဘယ်သူမှ မမြင်ဖူးသလို တကယ်ရှိလား ဘယ်သူမှမသိကြဘူး၊ ဘယ်လိုလုပ် သေမျိုးလောကမှာ ပေါ်လာရတာလဲ၊ ဒီလူက မကောင်းတဲ့ရည်ရွယ်ချက်တွေ ဖုံးကွယ်ပြီး ဝူတိဂိုဏ်းဆီ လာတယ်ထင်တာပဲ”
“င့ါမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး” ပိုင်ဇယ် သူ့ကိုအသားကုန်ဆန့်ကျင်နေတဲ့ ဒီလူသားကို တော်တော်လေး ဒေါသထွက်လာတယ်။
“ငါက ဒီကို ကစားဖို့ ရောက်နေတာ၊ ငါ့ကို ဒီဖိတ်တဲ့သူက ရှန်း… မင်းရဲ့ဆရာပဲ”
“မဖြစ်နိုင်တာ” ယိချင်း ခေါင်းယမ်းလိုက်တယ်။
“အိပ်တာနဲ့စားတာကလွဲ ဆရာက ဘယ်သူ့ကိုမှ ဘာကိုမှ ဂရုစိုက်တာမဟုတ်ဘူး၊ သူ့မှာ သူငယ်ချင်းတောင် များများစားစားရှိတာမဟုတ်ဘူး၊ ဘယ်လိုလုပ် ခင်ဗျားကိုဖိတ်ရမှာ…”
“အာ…” ရှန်းရင် နှုတ်ခမ်းစေ့လိုက်တယ်။
“ငါသူ့ကို တကယ်ဖိတ်ခဲ့မိတာ”
“ဆရာ” ယိချင်း မယုံကြည်နိုင်ဟန် မျက်လုံးပြူးသွားတယ်။ မျက်နှာပေါ်မှာ သစ္စာဖောက်ခံလိုက်ရသလို ခံစားချက်အပြည့်။ ဆရာ ဒီခွေးကောင်လေးကို ကူညီနေတာလား။
ယိချင်းရဲ့ စူးစူးစိုက်စိုက်အကြည့်အောက် ရှန်းရင် ကြက်သီးမွှေးထလာတော့တယ်။
“ငါ လမ်းကြုံလို့ ပြောလိုက်တာပါ၊ မထင်ခဲ့ဘူးလေ…” ဘယ်လိုပဲဖြစ်ဖြစ် သားရဲတစ်ကောင်အနေနဲ့ အရသာရှိမဲ့ပုံ တကယ်ပေါ်တာကိုး။
“အဲဒီ… အမွေးလုံး၊ နင် ဘာလို့ ဒီရောက်လာတာလဲ”
ကစားဖို့အတွက်တော့ ဒီထိ လာခဲ့မှာမဟုတ်ဘူး။
ပိုင်ဇယ် ထစ်သွားတယ်။ သူ့တည်ငြိမ်ပြီး အေးဆေးတဲ့အမူအရာက သွေးပျက်နေတဲ့ပုံမျိုး ဖြစ်လာလေရဲ့။
“ငါ… ငါ… ချင်လို့…”
သူ အချိန်တော်တော်ကြာတာတောင် စကားဆုံးအောင် မပြောနိုင်ဘူး။ ကူယွဲ့လက်ထဲက မဟူရာဝိညာဉ်ပွင့်ကို ကြည့်ပြီး တစ်ခုခုပြောဖို့စဉ်းစားပေမဲ့ ပိုတောင် မျက်နှာနီစွေးသွားတယ်။
“ဘာလုပ်ချင်လို့လဲ” နင်ဘာပြောဖို့ ကြိုးစားနေတာလဲဟေ။
“ဖွီ မင်းတို့ကန်းနေလား” ကူယွဲ့ ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး။ သူ ရှန်းရင်ဆီ လျှောက်လာပြီး မျက်နှာရှေ့ ပန်းကို ယမ်းပြလိုက်တယ်။
“သူ ဒီထိလာပြီး စကားထစ်တာမရပ်တော့ဘူး၊ မင်းကိုလည်း ပန်းတောင်ပေးသေးတယ်၊ သူဘာလိုချင်တယ်လို့ မင်းထင်လဲ”
ရှန်းရင် တုံ့ဆိုင်းသွားပြီးမှ မျက်လုံးပြူးပြီး ပိုင်ဇယ့်ကို လှမ်းကြည့်လိုက်တယ်။
ဟိုလီရှစ်။
“နင်ငါ့ကို လိုက်ဖို့ကြိုးစားနေတာလား”
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
ရိဖုန်း ။ ။
ပိုင်ဇယ် ။ ။ o(*////▽////*)q
…