အခန်း ၂၂၇ ။ နတ်ဆိုးတံခါးနောက်မှ အမှန်တရား
“နင်တို့အားလုံးက အမတလောကကလား” အမျိုးသမီးက သူတို့ကိုကြည့်ပြီး အံ့အားသင့်သွားတယ်။ နောက်တော့ စိတ်အနှောင့်အယှက်ဖြစ်ဟန် မျက်မှောင်ကြုတ်လေတယ်။
“ဘာလို့ နတ်ဆိုးလောကထဲ ရောက်နေကြတာလဲ”
သူတို့တွေက တစ်ခဏမှင်တက်သွားတယ်။ တစ်ချက်တည်းနဲ့ သူတို့ဘယ်သူဘယ်ဝါဆိုတာကို မြင်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ သူတို့အားလုံး တစ်စုံတစ်ယောက်ကို လှည့်ကြည့်လိုက်တယ်။ သူ ဘယ်လိုအရည်အသွေးနိမ့်တဲ့ အဆောင်တွေ သူတို့ကိုပေးထားတာတုံး။
ငမည်းလေး ။ ။ “…” ငါနဲ့မဆိုင်ဘူးလေ။ ငါလည်း သူဘယ်လိုပြောနိုင်လဲ မသိဘူးဟ။
“စိုးရိမ်စရာမလိုပါဘူး၊ ထိခိုက်စေလိုတာ မဟုတ်ဘူး” အမျိုးသမီးက သူတို့ကြောင့်ကြမှုကိုမြင်ပြီး ရှင်းပြတယ်။
“နတ်ဆိုးလောကထဲ ငါ့အပြင် တခြားအမတတွေရှိမယ်လို့မထင်မိခဲ့ဘူး”
သူမက လက်သိုင်းကွက်တချို့ ထုတ်ပြီး ဂါထာတချို့ကိုဖယ်လိုက်တယ်။ နောက်တစ်စက္ကန့်မှာ သူမပတ်လည်က မသေမျိုးချီက ပိုပြီးတောင် ထူထဲလာကာ အကောင်အထည်ရှိတော့မဲ့အတိုင်းပဲ။
“အဇဋာဧကရာဇ်” ကူယွဲ့က အံ့ဩတကြီး ရေရွတ်လိုက်မိတယ်။ သူမမှာ အဇဋာဧကရာဇ်တစ်ယောက်ရဲ့ ကျင့်ကြံဆင့်ရှိလိမ့်မယ်လို့ သူ မထင်ခဲ့ဘူး။ သူမက သူတို့ရုပ်ဖျက်ထားတာကို မြင်နိုင်တာလည်း အံ့ဩစရာ မဟုတ်တော့ဘူး။
“ဖြစ်နိုင်တာကတော့ နင်တို့အားလုံး ငါ့ကို ကြားဖူးလောက်မှာပါ” သူမက သက်ပြင်းချပြီး ဖော်ရွေတဲ့အပြုံးပြုံးကာ ခပ်တိုးတိုးပြောလာတယ်။
“ငါက ကျိုးဟွား၊ ပေါ်ပင်လယ်ရဲ့အဇဋာဧကရာဇ်ပဲ”
ယိချင်း ။ ။ “…”
ရှန်းရင် ။ ။ “…”
ငမည်းလေး ။ ။ “…”
ပေါ်… ပင်လယ်
ကူယွဲ့ နှုတ်ခမ်းတွေ တွန့်ချိုးသွားပြီး စားဖိုမှူးကို ညွှန်ပြလိုက်တယ်။
“တိုက်ဆိုင်လိုက်တာ၊ သူလည်းပေါ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်ပဲ”
“…”
ပြီးတော့ ကွေ့ဟွားက ဘာဖြစ်သွားတာလဲ။ အခု သူက ဘာလို့ ကျိုးဟွားဖြစ်နေတာလဲ။ ကျန့်ထင်က စာမတတ်တဲ့သူလား။
“ဒါ…” ကျိုးဟွားက ထိတ်လန့်သွားတယ်။ သူမရှေ့တက်ပြီး ကူယွဲ့နဲ့ ယိချင်းရင်ဘတ်က အဆောင်တွေကို ဖယ်ပြီးတော့ သက်ပြင်းချလိုက်တယ်။
“ငါ အမတလောကကနေ ထွက်လာတာ နှစ်တွေအများကြီးကြာသွားခဲ့ပြီ၊ ပေါ်ပင်လယ်က အဇဋာဧကရာဇ် ပြောင်းလဲသွားပြီလို့ မထင်မိခဲ့ဘူး”
တစ်ကြိမ်တောင်မဟုတ် နှစ်ကြိမ်တောင်
“ဧကရာဇ်ကျိုးဟွား” ကူယွဲ့ ရှေ့တက်လိုက်တယ်။
“ဘယ်လိုလုပ် နတ်ဆိုးဘုံထဲ ရောက်နေတာလဲ၊ ဖြစ်နိုင်တာက… ကျန့်ထင်ရဲ့ လုပ်ရပ်လား”
“သူ့ကြောင့်ကြီးပဲတော့… မဟုတ်ပါဘူး” သူမက မျက်မှောင်ကြုတ်ပြီး အသေးစိတ်မပြောချင်ပုံပဲ။ သူမက သူတို့ကို ဘေးမှာထိုင်ခိုင်းပြီး ဖြည်းဖြည်းချင်း ပြောလိုက်တယ်။
“နင်တို့ နတ်ဆိုးလောကထဲ ဘယ်လို ဝင်လာတာလဲ၊ နတ်ဆိုးလောကကို ပိတ်လှောင်ထားတာ၊ အမတတွေ နတ်ဆိုးဘုံထဲ ဝင်မလာနိုင်သင့်ဘူးလေ”
သူတို့တွေ တိတ်ကုန်ကြပြီး ကူယွဲ့ နောက်ဆုံးတော့ ပြောလိုက်တယ်။
“အမတနဲ့နတ်ဆိုးကမ္ဘာက အခုတစ်ခုတည်းဖြစ်နေတာ… မသိဘူးလား”
“ဘာ” ကျိုးဟွား ထိတ်လန့်ပြီး ထိုင်ခုံကနေ ထခုန်မိသွားတယ်။ သူမ လက်သီးဆုပ်ပြီး အံ့ဩတကြီး ရေရွတ်တော့တယ်။
“ဒါဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ၊ နတ်ဆိုးတွေက သေချာပေါက် မယုံရဘူးပဲ၊ အဲတုန်းက နတ်ဆိုးကမ္ဘာကနေ ကျူးကျော်မှာကို တားဆီးဖို့ပဲ၊ ငါ… ငါ ခု နတ်ဆိုးဘုရင်ကလည်း ရည်မှန်းချက်ကြီးသူ ဖြစ်မယ်မထင်ခဲ့ဘူး ငါတို့ လောကနှစ်ခုကြားက စစ်ပွဲကိုတားရမယ်”
သူမစကားပြောပြီးချိန် ငမည်းလေးက ဒူးပျော့ခွေသွားပြီး ထိုင်ခုံကနေ ပြုတ်ကျလုနီးပါးဖြစ်သွားတယ်။
“ဟေးဟေးဟေး၊ အဲလိုအဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့၊ ကျုပ်က ဘယ်လိုလုပ် ရည်မှန်းချက် ကြီးရမှာလဲ၊ ဘာမှမှမလုပ်ခဲ့တာကို”
အကျိုးနည်းနော် ကြီးမြတ်တဲ့နတ်သမီး အထင်လွဲသွားရင် ဘယ်လိုလုပ်မလဲ။ သူ တစ်ဖက်လှည့်ပြီး ရှန်းရင်ခြေသလုံးကို ဖက်လိုက်တယ်။
“ကြီးမြတ်တဲ့နတ်သမီး၊ လောကနှစ်ခုပေါင်းတာက ကျွန်တော်နဲ့လုံးဝမဆိုင်ပါဘူး၊ ကျွန်တော့်ကို ယုံမှဖြစ်မယ်”
“ဒိုးစမ်း” သူ့နှာရည်က သူမခြေသလုံးပေါ် ကျတော့မယ်။
“နင်… နင်က နတ်ဆိုးဘုရင်ပဲ” ကျိုးဟွားက နောက်ဆုံးတော့ ငမည်းလေးကို မှတ်မိသွားပြီး လေသံက အံ့အားသင့်သွားတယ်။
“အမှန်ပဲ၊ ငါက နတ်ဆိုးဘုရင်ငမည်းလေး၊ အချစ်နဲ့ ငြိမ်းချမ်းရေး စံနမူနာ၊ ငါသဘောကျတဲ့ ဝါသနာက ငြိမ်းချမ်းရေး၊ အဖော်ရွေဆုံးပဲ၊ အမတတွေနဲ့ နတ်ဆိုးတွေကြား စစ်ပွဲစရဲတဲ့ဘယ်သူမဆို ငါ့ဆီကနေ ဖြတ်သွားရလိမ့်မယ်” ကြီးမြတ်တဲ့ နတ်သမီး၊ ကျွန်တော့်ရဲ့ ဖြူစင်တဲ့ အကြည့်ကို ကြည့်ပါဦး
(✿‿✿)
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
ဘယ်လိုပဲဖြစ်ဖြစ် မင်းက နတ်ဆိုးဘုရင်နော်၊ တန်ဖိုးလေးဘာလေး ရှိလို့ရမလား ရှက်ဖို့ကောင်းလိုက်တာ၊ ဒီငနဲကို မသိဘူးလို့ ဟန်ဆောင်လို့ရလားဟေ။
ကျိုးဟွား ။ ။ “…” နတ်ဆိုးအသစ်က လိယင်းလို့ခေါ်တာ မဟုတ်ဘူးလား။ နတ်ဆိုးဘုရင်ပါ ပြောင်းသွားတာလား။
“အာ၊ အဲဒါ…” ကူယွဲ့ ချောင်းဟန့်ပြီး နတ်ဆိုးဘုရင်ကို ဘေးဆီကန်ထုတ်လိုက်တယ်။
“စိုးရိမ်ဖို့မလိုပါဘူး၊ အမတနဲ့နတ်ဆိုးလောကက ငြိမ်းချမ်းနေပါတယ်၊ စစ်ပွဲရှိမှာမဟုတ်ဘူး”
ရှန်းရင်ရှိနေသရွေ့ အမတနဲ့နတ်ဆိုးလောကကို ခေါက်တုံ့ခေါက်ပြန်သွားတာက နိုင်ငံခြားခရီး သွားရသလိုပဲ ဖြစ်နေမှာ။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်…”
သူမက မှင်တက်နေပြီး မတုံ့ပြန်နိုင်ဘူး။ အမတတွေနဲ့ နတ်ဆိုးတွေက တိုက်ခိုက်ကြတာ အတော်ကို ကြာနေပြီဖြစ်ပြီး သေရင်တောင် အလျှော့ပေးကြမှာ မဟုတ်ဘူးလေ။ တစ်နေ့မှာ ငြိမ်းချမ်းရေး ရလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး။
“ဧကရာဇ်ကျိုးဟွား၊ ကျုပ်တို့ ဒီရောက်နေတဲ့ အကြောင်းရင်းက နတ်ဆိုးလောကနဲ့ ပတ်သက်တဲ့ တံခါးကိစ္စပါ၊ အရင်နတ်ဆိုးဘုရင်ကျန့်ထင်ကို မေးချင်တဲ့ကိစ္စတချို့ရှိလို့ပါ”
ကူယွဲ့ တခဏစဉ်းစားပြီးတော့ သူတို့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို အမှန်တိုင်းပြောပြလိုက်တယ်။
“နတ်ဆိုးလောကဆီတံခါးလား”
ကူယွဲ့ထင်လိုက်တာ သူမအလွယ်တကူ သဘောမတူလောက်ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူမ နတ်ဆိုးလောကထဲ နေခဲ့တာက သေချာပေါက် ကျန့်ထင်ကြောင့်ဖြစ်လိမ့်မယ်။ တခဏစဉ်းစားပြီးတော့ သူထပ်ပြောလိုက်တယ်။
“အမတနဲ့ နတ်ဆိုးလောက တစ်ခုတည်း ပေါင်းစည်းသွားရတဲ့ အကြောင်းရင်းက ကျန့်ထင် အမတလောကမှာ ချန်ထားခဲ့တဲ့ နတ်ဆိုးလောကဆီတံခါးနဲ့ ချိတ်ဆက်နေတယ်ထင်လို့ပါ၊ ဒါကြောင့်…”
“ကောင်းပြီလေ” အံ့ဩဖို့ကောင်းစွာနဲ့ပဲ သူမက အဆင်သင့်သဘောတူတယ်။ တစ်ဖက်လှည့်ကာ တံခါးကိုကြည့်ပြီး အေးစက်စက် အော်လိုက်လေတယ်။
“အထဲဝင်လာခဲ့”
“ကောင်းပါပြီဗျ၊ လာပါပြီ လာပါပြီ” ကျန့်ထင်က ချက်ချင်း အခန်းထဲဝင်လာပြီး တောက်ပစွာ ပြုံးတော့တယ်။
“အချစ်ကလေး၊ မင်းကိုယ့်ကို နောက်ဆုံးတော့ တွေ့ချင်ပြီပေါ့၊ မင်း ဂရုစိုက်သေးမှန်း ကိုယ်သိ…”
“ပါးစပ်ပေါက်ပိတ်”
“အိုး” ကျန့်ထင်က ချက်ချင်းပဲ ဝမ်းနည်းနေတဲ့ငုံးလို ဖြစ်သွားတယ်။
ကျိုးဟွားက သူ့ကိုဂရုတောင်မစိုက်ဘဲ သူတို့ကို လှည့်ကြည့်တယ်။
“နင်တို့မေးစရာရှိတာ မေးလိုက်ကြပါ” သူက အဲလိုပြောပြီးတော့ ကျန့်ထင်ကို စူးခနဲကြည့်တယ်။
“သူတို့ကို သေချာဖြေပေးလိုက်”
“ကောင်းပါပြီအချစ်၊ ကိစ္စမရှိပါဘူး အချစ်” ကျန့်ထင်က ပိုတောင်မတ်မတ်ရပ်ပြီး တတ်နိုင်သမျှ လိမ္မာပြနေတယ်။ သူက နောက်တော့ သူတို့ကိုလှည့်ကြည့်ပြီး အမူအရာက ချက်ချင်းပဲ ဗိုလ်ကျတဲ့ နတ်ဆိုးဘုရင်ပုံစံ ပြောင်းလဲသွားတယ်။ အနာအဆာကင်းမဲ့တဲ့ ပြောင်းလဲမှုပဲ။
“ဘာလဲ မြန်မြန်ပြော၊ ငါအလုပ်ရှုပ်နေတာ”
အားလုံး ။ ။ “…”
နတ်ဆိုးလောကက သေချာပေါက် စံမရှိတဲ့နေရာပဲ။
ကူယွဲ့က အမြန်ဆုံးတုံ့ပြန်ပြီး လေးနက်တဲ့လေသံနဲ့ မေးလိုက်တယ်။
“နတ်ဆိုးလောကဆီတံခါးက ခင်ဗျားဖန်တီးတာလား သိချင်တာပါ၊ ပြီးတော့ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပေါ်က တံခါးကိုဖွင့်တာက လောကနှစ်ခုကို ပေါင်းစပ်မယ်လို့ ဘယ်လိုသိတာလဲ၊ ပြီးတော့ ခင်ဗျားက ကျုပ်နဲ့ရှန်းရင်ကို ဒီလောကထဲဆွဲသွင်းခဲ့သူလား”
“ဘာဧကရာဇ်တက်လှမ်းမှုစင်မြင့်လဲ၊ ကမ္ဘာနှစ်ခုပေါင်းစပ်တာလား” ကျန့်ထင်ကြည့်ရတာ နားမလည်တဲ့ပုံ။
“နတ်ဆိုးလောကဆီတံခါးကို ဖန်တီးခဲ့သူက ငါဆိုတာအမှန်ပဲ၊ အဲတုန်းက နတ်ဆိုးလောကကို ပိတ်လှောင်ထားတော့ ကွေ့ဟွားနဲ့ငါက လောကနှစ်ခုရဲ့ ခြားနားတာ ခံခဲ့ရတယ်၊ ဒါကြောင့် စည်းချိပ်က အားပျော့နေတုန်း ပေါ်ပင်လယ်မှာ နတ်ဆိုးလောကဆီတံခါးကို ဖန်တီးဖို့ ငါ့နောက်လိုက်တွေကို ပို့ခဲ့တာပဲ”
“ပေါ်ပင်လယ်” ကူယွဲ့က မှင်တက်သွားပြီး ချက်ချင်း မကောင်းတဲ့ခံစားချက်ရလိုက်တယ်။ မဖြစ်နိုင်တာ…။
“အမှန်ပဲ” ကျန့်ထင် ခေါင်းညိတ်ပြီး ဂုဏ်ယူစွာပြောတော့တယ်။
“အဲတုန်းက ကွေ့ဟွားက ပေါ်ပင်လယ်ရဲ့ဧကရာဇ်လေ၊ ဒါကြောင့် တံခါးကို သေချာပေါက် အဲမှာ တည်ဆောက်ရမှာပေါ့၊ တံခါးက တကယ်တော့ အထူးတလည် နေရာရွှေ့ပြောင်းအစီအရင်တစ်ခုပါပဲ၊ ပြီးတော့ အသုံးပြုဖို့ဆို တပ်ဆင်ဖို့လိုတယ်၊ ဒါကြောင့် နတ်ဆိုးလောကဆီတံခါးကို တည်ဆောက်ပြီးတာနဲ့ ငါအင်းကွက်ကို အသက်သွင်းပြီး သူမကိုခေါ်လာခဲ့တာ၊ ဟီးဟီးဟီး…”
“…” ဟိုလီရှစ် ထင်ထားတဲ့အတိုင်းပဲ၊ လုံးဝထင်ထားသလို ဒီရလဒ်က ဘာပါလိမ့်။
“ဒါဆို ခင်ဗျားပို့လိုက်တဲ့ နတ်ဆိုးတွေအားလုံးက နတ်ဆိုးလောကဆီတံခါးက လောကနှစ်ခုကို ချိတ်ဆက်ပေးမဲ့လမ်းကြောင်းလို့ ထင်နေရတာလဲ”
မဟုတ်ရင် ကျီချန်က တံခါးကိုဖွင့်ဖို့ သူ့အသက်ကို စွန့်စားခဲ့မှာမဟုတ်ဘူး။
“အော်၊ သူတို့အဲလိုထင်အောင် ငါလိမ်ခဲ့တာလေ” ကျန့်ထင်က ခပ်တည်တည်ပြန်ဖြေတယ်။ သူ့မှာ မဟာအကြံအစည်ကြီး ရှိတယ်လို့ သူတို့ထင်အောင် မလှည့်စားခဲ့ရင် ဘယ်သူက သူ့မိန်းမကိုကူရှာပေးဖို့ အမတလောကဆီသွားချင်မှာလဲ။
“တကယ်တော့ တံခါးက ဖွင့်တောင်ဖွင့်လို့မရဘူး”
“…” သေစမ်း၊ ဒီကောင်က အရှက်မဲ့လိုက်တာဟ
အဲတော့ အမတလောကဆီ ကျူးကျော်ဖို့ အစီအစဉ်တစ်ခုလုံးက အစကတည်းက သူ့ဇနီးကို ကူရှာပေးဖို့အတွက် ရိုက်စားဖြစ်နေခဲ့တာလား။ သူတို့ရုတ်တရက် ဒီနှစ်တွေမှာ အမတလောကထဲ ကိုယ်ယောင်ဖျောက်ပြီး နတ်ဆိုးလောကဆီတံခါးကို ဖွင့်ဖို့ကြိုးစားနေတဲ့ နတ်ဆိုးတွေအားလုံးအတွက် ဖယောင်းတိုင် ထွန်းပေးချင်သွားတယ်။
ဒီမယားကြောက်က သေချာပေါက် ကြိုးကိုင်သူမဟုတ်ဘူး၊ သေချာပေါက်ပဲ။
“အဲတုန်းက… ငါတကယ်ပဲ နတ်ဆိုးလောကဆီတံခါးနဲ့ ဒီလောကဆီ ရွှေ့ပြောင်းခံခဲ့ရတာ” ကျိုးဟွားက ဝင်ရှင်းပြတယ်။
“တံခါးပေါ်မှာ ကိုယ်ယောင်ဖျောက်ဂါထာ ရှိပေမဲ့ တကယ်တော့ နေရာရွှေ့ပြောင်းအစီအရင်တစ်ခုပဲ၊ ပြီးတော့ ငါ့ကို ရွှေ့ပြောင်းပြီးတဲ့နောက် အသုံးဝင်မှု မရှိလောက်တော့ဘူး”
ကူယွဲ့ တိတ်သွားပြီး ပိုတောင်မျက်မှောင်ကြုတ်မိသွားတော့တယ်။ သူတို့ နတ်ဆိုးလောကဆီ တံခါးကို နှစ်ကြိမ်မြင်ဖူးတယ်။ သေချာပေါက် လောကနှစ်ခုကို ချိတ်ဆက်ပေးတဲ့ လမ်းကြောင်းပဲ။ နောက်တော့ သူက လောကနှစ်ခုကိုတောင် ပေါင်းစည်းလိုက်တယ်။ ဒါပေမဲ့ ကျန့်ထင်မှာ သူတို့ကို လိမ်စရာ အကြောင်းရင်းမရှိဘူး။ တကယ်လို့ နတ်ဆိုးလောကဆီ ကနဦးတံခါးက နေရာရွှေ့ပြောင်းအစီအရင်တစ်ခုသာသာဆို တစ်ခုခုတော့ ကြားထဲမှာဖြစ်ခဲ့တာပဲ။ ဒါပေမဲ့ ဘယ်သူက နတ်ဆိုးလောကဆီတံခါးကို ကလိနိုင်မှာလဲ။
ပြီးတော့ နတ်ဆိုးလောကဆီတံခါးက ပေါ်ပင်လယ်မှာပဲ တည်ဆောက်ထားတာ။ ဒါပေမဲ့ သူတို့ နတ်ဆိုးလောကတံခါးကို ပထမဆုံးမြင်ချိန် ဖုန့်ချန်က ဝူတိဂိုဏ်းမှာလေ။
သူတို့ ကိစ္စက ရှုပ်ထွေးသထက် ရှုပ်ထွေးလာတယ်ခံစားရပေမဲ့ သဲလွန်စတွေအားလုံးက ဒီကိုပဲ ဦးတည်နေတယ်။
တခဏတာ လူတိုင်းတိတ်ဆိတ်ကုန်တယ်။
“စားဖိုမှူး၊ နင်စာရွက်နဲ့ စုတ်တံယူလာလား” ရှန်းရင်က ရုတ်တရက်မေးလာတယ်။
“ဒါ…” ယိချင်းကြောင်အသွားပြီးမှ ခဏနေတော့ အဝတ်စဖြူနဲ့ အနက်ရောင်အရည်တစ်ပန်းကန် ထုတ်ပေးလိုက်တယ်။
“ဆရာ၊ အဝတ်စနဲ့ ပဲငံပြာရည်က အဆင်ပြေရဲ့လား” သူ ဒါတွေပဲ ယူလာခဲ့မိတာ။
“ပြေအောင် လုပ်မှာပေါ့” သူမ လှမ်းယူလိုက်ပြီး စားပွဲပေါ် နေရာချလိုက်တယ်။
“မင်းဘာလုပ်နေတာလဲ” ကူယွဲ့ သိချင်စိတ်နဲ့ မေးလိုက်ပေမဲ့ ရှန်းရင်ကမဖြေ။
ယိချင်း စုတ်တံတစ်ချောင်း ထုတ်ပြီး သူမဆီ ကမ်းပေးလိုက်တော့ အဝတ်ထည်ပေါ် တောင်ခြစ်မြောက်ခြစ်လုပ်ပြီး စုတ်တံကိုချကာ ပန်းချီကားကို ညွှန်ပြ မေးမြန်းလာတယ်။
“နင်တို့ ဒါကိုအရင်ကမြင်ဖူးလား”
လူတိုင်း ငုံ့ကြည့်လိုက်တော့ လိမ်ဖည်နေတဲ့ ဆွဲသီးတစ်ခု အဝတ်စပေါ်ဆွဲထားတာမြင်လိုက်ရတယ်။ ကြည့်ရတာ ဘယက်ခွက်နဲ့တူပုံပဲ။ ပုံစံက မြင်နေကျဆိုပေမဲ့ ကျောက်စိမ်းပေါ် ထူးဆန်းတဲ့ ပန်းပြောက်သဏ္ဌာန်ရှိနေတယ်။
ကျန့်ထင်မျက်လုံးတွေ ပြူးသွားလေရဲ့။
“ဒီပန်းပြောက်က…”
…