အခန်း ၁၄၃ ။ ကောင်းကင်အစီအရင်ခြောက်မျိုးဓား
ရွှင်ရှူးက အဝိုင်းပုံစံ စင်မြင့်နေရာရဲ့ အလယ်မှာရပ်နေတယ်။ စင်မြင့်ပေါ်မှာတော့ ရွှေရောင်သတ္တုစားပွဲလိုမျိုးရှိနေတယ်။ စားပွဲကနေ မီးတောက်နက်ကြီးတွေ တလိမ့်လိမ့်မြင့်တက်ေိလေရဲ့။ မီးတောက်ထဲ ရွှေရောင်အလင်းတန်းမျှင်လေးတွေက ခပ်ရေးရေး။
သူတို့ အနီးကပ်ကြည့်ဖို့ လျှောက်လာခဲ့ကြတယ်။ ဓားပုံရိပ်တစ်ခုက အလင်းထဲ လွင့်မျောနေပြီး ရေပွက်တွေလိုမျိုး လှိုင်းထနေတယ်။ ဘေးမှာရပ်နေတဲ့ ရွှင်ရှူးက မှင်တက်နေတဲ့ပုံ။ လုံးဝမယုံကြည်နိုင်ဟန်နဲ့ သူက တီးတိုးရေရွတ်လေရဲ့။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဘယ်လိုလုပ်ဖြး်နိုင်မှာလဲ” စိတ်ပျက်လက်ပျက်နဲ့ နောက်ဆုတ်ပြီး သူက ပြုံးကာ သူ့ကိုယ်သူလှောင်ရယ်တော့တယ်။
“မအံ့ဩတော့ဘူး… မအံ့ဩတော့ဘူး ငါ့ဘိုးဘွားတွေ ဒီဓားကို ဘယ်သူမှပိုင်နိုင်ဘူးလို့ပြောခဲ့တာကို၊ အခုတော့ ဘာကြောင့်လဲ နားလည်သွားခဲ့ပြီ”
ကူယွဲ့ မီးတောက်တွေထဲက ဓားပုံရိပ်ကို လှမ်းကြည့်ပြီး ရုတ်တရက် အတွေးတစ်ခုပေါ်လာတယ်။ မျက်မှောင်ကြုတ်ပြီး သူ ရွှင်ရှူးကို မေးလိုက်တယ်။
“ဒါ… ကောင်းကင်အစီအရင်ခြောက်မျိုးဓားလား”
ရွှင်ရှူးပုံစံက တောင့်တင်းသွားပြီး လက်သီးဆုပ်ရင်း ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြလေတယ်။
“ဒါဆို ဘယ်လိုလုပ်…” မီးတောက်ထဲက ဓားက ပုံရိပ်တစ်ခုပဲဆိုတာ အသိသာကြီး
“တံလျှပ်နတ်မှော်အတတ်ပဲ” ကူယွဲ့ စကားမဆုံးခင် ရွှင်ရှူးက စိတ်ပျက်လက်ပျက်ရှင်းပြလာတယ်။
“ဒီဓားက ပရမ်းပတာဟင်းလင်းပြင်တစ်ခုထဲ ချိတ်ပိတ်ခံထားရတာ၊ ဒါကြောင့် မြင်ရပေမဲ့လည်း ဖယ်ရှားလို့မရဘူး၊ ဒါက ဒဏ္ဍာရီတွေကပြောတဲ့ ကမ္ဘာကိုဖန်တီးနိုင်စွမ်းရှိတဲ့ဓားပဲ”
ပရမ်းပတာဟင်းလင်းပြင်ထဲ ချိတ်ပိတ်ခံထားရတာမို့ အကာအရံကိုဖောက်ထွင်းနိုင်စွမ်းရှိတဲ့လူမဟုတ်သရွေ့ ယူလို့ရမှာမဟုတ်ဘူး။
“နင်လိုချင်တာလား” ရှန်းရင်က ရုတ်တရက် မေးလာတယ်။
ရွှင်ရှူး ခြောက်ကပ်ကပ်ရယ်လိုက်တယ်။
“ဒီအမတဘုံထဲ ဝင်တဲ့လူတိုင်း ဒီဓားကိုလိုချင်ကြတာပဲ”
“အော်”
“ဒါပေမဲ့ ဓားက ဒီဘုံထဲရှိမနေတာ နှမျောစရာပေါ့၊ ဘယ်သူမှ… ဟမ်၊ ခဏ မင်းဘာလုပ်နေတာလဲ”
ရွှင်ရှူးလှမ်းကြည့်ချိန် ရှန်းရင်က မီးတောက်ထဲ လက်ဆန့်ထုတ်နေတာ မြင်လိုက်ရတယ်။
“ဒါအမတမီးနော်၊ မင်း…” သူစကားမဆုံးမှာတင် ရှန်းရငိက မီးတောက်နက်လုံးကြီးထဲ လက်ထည့်ပြီးနေပြီ။ သူမ ဓားကိုတင်းတင်းဆုပ်ပြီး မီးတောက်ထဲကနေ တန်းဆွဲထုတ်လိုက်တယ်။ တစ်ခါတည်း ရွှေရောင်အလင်းတန်းက ထိန်လင်းစွာတောက်ပသွားပြီး ထူထဲနေတဲ့ဓားချီက တစ်နေရာလုံးကိုပျံ့သွားခဲ့တယ်။
သူမ ထုတ်… ထုတ်လိုက်တာလား။
She took… took it out?
Σ(°△°|||)
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ
ရှန်းရင် သူမလက်ထဲကဓားကို ငုံ့ကြည့်လိုက်တယ်။ နည်းနည်းဝါနေတာကလွဲ တခြားထူးခြာူတာဘာမှမရှိပါဘူး။ သူမ ဓားကို ရွှင်ရှူးထံ ပစ်ပေးလိုက်တယ်။
“နင့်အတွက်”
“ဟမ်”
သူမက သူ့ကို ပေး… ပေးနေတာလား သူ အိပ်မက်မက်နေတာလား။ သူ လက်ထဲက ဓားကို မယုံကြည်နိုင်စွာကြည့်ပြီး သူ့ရှေ့ကလူကို မော့ကြည့်လိုက်တယ်။ ဒါပေမဲ့ သူမက နောက်က အဖော်တွေကို လှည့်ကြည့်နေပြီ။
“ဖေဖေနျို ဒီမီးကသိပ်မဆိုးဘူးထင်တယ်နော်”
“ဆရာ ဒီမီးက အမတဘုံရဲ့ မူလရင်းမြစ်မီးပါ၊ သာမန်သွေဖည်မီးတောက်တွေက မယှဉ်နိုင်ပါဘူး”
“ဒါဆို ငါတို့နဲ့ ပြန်ယူသွားသင့်လား”
ကူယွဲ့ မျက်ဆံလှန်လိုက်တယ်။
“မေးဖို့လိုသေးလား၊ သေချာပေါက် ပြန်ယူသွားရမှာပေါ့၊ ဒါပေမဲ့ ကိစ္စရှိတာက ဒီမီးက အားလုံးကို လောင်ကျွမ်းစေတာ၊ ငါတို့မှာ ဒါကိုသိမ်းစရာမရှိဘူး”
“ဆရာ၊ ဒီစားပွဲက မီးကြောင့် မသက်ရောက်ဘူးထင်တယ်၊ ဒီမီးကို ထိန်းထားနိုင်လောက်လား”
“ငါတို့ စားပွဲတစ်ခုလုံးကို… ယူသွားရင်ရော”
“အလုပ်ဖြစ်နိုင်တယ်၊ ယိချင်း မင်းမှာ သိုလှောင်အိတ်တွေရှိသေးလား”
“တစ်အိတ်ခွဲကျန်သေးတယ်၊ လောက်ပါ့မလားမသိဘူး”
“မတတ်နိုင်ဘူးလေ၊ ကြိုးစားပြီးထည့်ကြည့်ရအောင်”
မျက်နှာပေါ် စိတ်ပိုင်းဖြတ်ထားတဲ့ အကြည့်နဲ့ သုံးယောက်သားက သွေဖည်မီးလျှံစားပွဲဆီ လျှောက်လာပြီး တစ်ယောက်စီ သိုလှောင်အိတ် ထောင့်တစ်ထောင့်စီကို ကိုင်ထားကြတယ်။
ရွှင်ရှူး ။ ။ “…”
ဟေးဟေးဟေး ဒီမှာ ဒီလောက်ကောင်းတဲ့ နတ်လက်နက်ရှိနေတာကို ဘာလို့မကြည့်ကြတာလဲ။ ဘာလို့ မင်းတို့အားလုံးမီးတောက်ကို တသသကြည့်နေရတာလဲ။ မီးက ဒီကောင်းကင်လက်နက်ထက် အရေးကြီးလို့လား။ ရုတ်တရက် မျက်ကန်းတိုင်းပြည်မှာနေရတာ ဘယ်လိုခံစားချက်မျိုးလဲဆိုတာ သူနားလည်သွားခဲ့တယ်
ရွှင်ရှူး နှုတ်ခမ်းတွေ တွန့်သွားတယ်။ သူ ရှန်းရင်ကို လှမ်းကြည့်ပြီး လက်ထဲက ဓားကို ခေါင်းငုံ့ကြည့်လိုက်တယ်။ နောက်ဆုံးတော့ သူ ထုတ်ပြောမိလိုက်တယ်။
“ရှန်းရင်”
“ဘာလဲ” သတ္တုစားပွဲဖယ်ရှားဖို့ လမ်းညွှန်နေတဲ့ ရှန်းရင်က လှည့်လာတယ်။
“မင်း… တကယ်ပဲ ငါ့ကို ဓားပေးမှာလား”
“အင်း” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။ ပြဿနာရှိနေလို့လား။ ပြန်ပြင်ဖို့အာမခံတော့ မပေးပါဘူးနော်။
စိတ်ထဲလက်မခံနိုင်သေးဘဲ ရွှင်ရှူး သူမကို ထပ်သတိပေးလိုက်တယ်။
“ဒါကောင်းကင်လက်နက်နော်” သူမ ဒီလောက် ခပ်ပေါ့ပေါ့ ပေးပစ်တာကို တခြားအဖော်နှစ်ယောက်ကတောင် စိတ်ထဲထားပုံမပေါ်ဘူး။
“သိတယ်လေ၊ နင်မလိုချင်လို့လား”
“…” ရွှင်ရှူး ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။ သူ ဇဝေဇဝါဖြစ်နေမိတယ်။ သူ သူတို့နောက်လိုက်ခဲ့ရတဲ့ ရည်ရွယ်ချက်က ဒီဓားကိုရှာတဲ့နေရာမှာ သူမကို အသုံးချဖို့ဆိုတာ သူမ အစကြီးတည်းကသိခဲ့ပြီးသား။ သူမ သူ့ကို တစ်လျှောက်လုံး သံသယဝင်နေခဲ့တာ အသိသာကြီး။ သူ ဓားကိုရှာတွေ့ချိန် သူသေကိုယ်သေချဖို့တောင် ပြင်ခဲ့သေးတယ်။ ဒါပေမဲ့ သူမက… တကယ်ကြီး သူ့ကိုပေးလာတယ်ပေါ့လေ သူမက တုံ့ဆိုင်းမှုမရှိ ရစ်တွယ်မှုမရှိဘဲ ပေါက်စီလိုမျိုး ပစ်ပေးလာခဲ့တာ။
“ဘာလို့လဲ”
“ဟမ်” ရှန်းရင်ကိုကြည့်ရတာ ပိုပြီးတောင် ဇဝေဇဝါဖြစ်နေတဲ့ပုံ။
“နင်လိုချင်လို့ ငါနင့်ကိုပေးနေတာလေ၊ ဘာလို့… အကြောင်းရင်းလိုတာလဲ”
“…”
သူဆက်မေးမို့ပဲရှိသေး ကူယွဲ့က လှမ်းအော်တော့တယ်။
“ရှန်းရင် မင်းငါတို့ကို အိတ်ဆွဲဖွင့်ဖို့ မကူညီပေးရင် ငါတို့ ဘယ်လိုထည့်မလဲ”
“အိုး” ရှန်းရင်က တစ်ဖက်လှည့်ပြီး သိုလှောင်အိတ်နှုတ်ခမ်းဝကို ဆွဲဟတော့တယ်။
ရွှင်ရှူး အလုပ်များနေတဲ့အမတသုံးယောက်ကို ကြည့်ပြီး ခပ်ဖွဖွရယ်မိသွားခဲ့တယ်။
တစ်ခဏအကြာ…။
“စားပွဲက မီးကိုထိန်းချုပ်ထားတဲ့ဟာမဟုတ်ဘူး၊ အဲပေါ်က မြေကြီးက ထိန်းချုပ်ထားတာ” ဘာလို့ သူ သူတို့ကိုကူညီပေးဖို့ ဒီထိန်းမရတဲ့ဆန္ဒပေါ်လာတာပါလိမ့်။
ရွှင်ရှူးရှေ့တက်ပြီး စားပွဲကိုဝိုင်းထားတဲ့ လူသုံးယောက်ကို ဘေးတွန်းထုတ်လိုက်တယ်။ နောက်တော့ စင်မြင့်ပေါ်က မြေဝါတစ်ဆုပ်ကို ကောက်ယူပြီး မီးထဲ ကျဲချလိုက်တယ်။ မီးနက်က ချက်ချင်း ဘောလုံးလိုကျုံ့သွားပြီး မြေကြီးက ချက်ချင်း မီးကိုဖုံးသွားခဲ့တယ်။ စက္ကန့်ပိုင်းအတွက် မြေဝါလုံးလေးတစ်လုံးဖြစ်သွားပြီ။
“ပြီးပြီ” ရွှင်ရှူး မီးတောက်ထိန်း အဝါလုံးလေးကို သူတို့ဆီ ကမ်းပေးလိုက်တယ်။
“ဝိုး” × ၃ယောက်။
ဝူတိဂိုဏ်းသားသုံးယောက်က ဘာမှမသိတဲ့ငအတွေလို အံ့ဩတကြီး ရေရွတ်ကုန်ကြတယ်။ သူတို့က ဒီလို နည်းပညာရှိတာ မသိခဲ့ဘူးပဲ။
ကူယွဲ့ ရွှင်ရှူးဆီကနေ အလုံးလေးကိုယူလိုက်တယ်။ အမှန်တကယ်ပဲ မြေကြီးနဲ့ထုပ်ထားတဲ့ သွေဖည်မီးလျှံကို ထိရတာ အေးမြတယ်။ သူ ချက်ချင်း သိုလှောင်အိတ်ထဲထည့်လိုက်တယ်။ မြေမှုန့်အကြွင်းအကျန်တွေရှိနေသေးတဲ့ စားပွဲကိုလှမ်းကြည့်ပြီး သူမျက်မှောင်ကြုတ်ကာ နောက်ကလူနှစ်ယောက်ကို လက်ယမ်းပြလိုက်တယ်။
“ဆက်လုပ်ကြ” ယူမှတော့ တစ်ခုလုံးယူတာပေါ့။ အလဟသဖြစ်စေလို့မဖြစ်ဘူး
“…” မင်းတို့ အဲလောက်တောင် ဆင်းရဲတာလား။
ရွှင်ရှူး နှုတ်ခမ်းတွေ မဆိုစလောက်တွန့်ချိုးသွားပြီး သူတို့ စားပွဲကို သိုလှောင်အိတ်ထဲ ထိုးထည့်တာ ကြည့်နေမိတယ်။ သူ နားထင်ကြောတွေထိုးလာတာကို ပွတ်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။ နောက်တော့ လက်နှစ်ဖက်လုံးနဲ့ ဓားကိုကိုင်ထားပြီး ရှန်းရင်ဆီ လျှောက်လာခဲ့ရင်း တည်ကြည်စွာ ပြောလိုက်တယ်။
“ဒီဓား… ကျေးဇူးပါ”
“ရပါတယ်”
“ငါ ဘာလို့ ဒီလက်နက်လိုချင်လဲဆိုတာ မင်းတို့သိချင်ကြလား” ရွှင်ရှူးလက်သီးဆုပ်လိုက်တယ်။ သူရုတ်တရက် တစ်ခုခုပြောချင်စိတ်ပေါ်လာတယ်။
သုံးယောက်က သူ့ကို လှည့်ကြည့်လာကြတယ်။
ရွှင်ရှူး အသက်ဝဝရှူလိုက်တယ်။ သူတို့ သူ့ဆောင်းဝိညာဉ်သစ်ရွက်ကို ခိုးသွားတာကို လိုက်ရင်းကနေ ဒီနေရာထိ သူတို့နောက်လိုက်ခဲ့တယ်။ ဒါပေမဲ့ ဒီလူတွေက သိပ်မဆိုးဘူးဆိုတာ သူသိခဲ့ရတယ်။ သူတို့က သူ့ရည်ရွယ်ချက်ကို သိတာတောင် ထိပ်တိုက်မတွေ့ဘူး။ ပြီးတော့ သူ့ကိုလည်း ဓားအဆင်သင့်ပေးတယ်။ အဲဒါနဲ့တင် သူသူတို့ကို အမှန်တရားတကယ်ထိန်ချန်မထားသင့်တော့ဘူး။ တကယ်ကို သူရက်စက်ရာကျမယ်။
“တကယ်တော့…”
“မသိချင်ဘူး” သုံးယောက်က သူဆက်မပြောခ်ု ပြိုင်တူအော်လာကြတယ်။
ဟမျ ဟမျ။
ရှန်းရင် ။ ။ “အပင်ပန်းခံလွန်းရာကျတယ်၊ ကြည့်တာနဲ့တင် နင်ကဇာတ်လမ်းရှည်ကြီးပြောတော့မှာ၊ မကြာခင်ညစာစားချိန်ရောက်တော့မယ်၊ ညစာနှောင့်နှေးတာက ငါ့အစာချေမှုအတွက် ဆိုးစေတယ်”
ကူယွဲ့ ။ ။ “ကျွန်တော်တို့က အဲလောက်မှမရင်းနှီးတာ၊ ဘာလို့ ခင်ဗျားရဲ့ ဆိုးဝါးတဲ့အတိတ်မှာ စိတ်ဝင်စားမှာလဲ၊ ကျန်တဲ့အချိန်ကို ကုန်ကြမ်းပစ္စည်းတွေဆက်ရှာဖို့ သုံးတာပိုကောင်းပါတယ်”
ယိချင်း ။ ။ “ညစာပြင်ဖို့ အချိန်ကျပြီပဲ၊ ဆရာ ဒီညဘာစားချင်လဲ”
ရွှင်ရှူး ။ ။ “…”
ငါလခွမ်း။ မင်းတို့တွေ သာမန်လူတွေလို မတုံ့ပြန်နိုင်ဘူးလားကွ
(╯‵□′)╯(┻━┻
…