ERSY အခန်း ၂၂၃

အခန်း ၂၂၃ ။ နန်းတက်ပွဲ

လေးရက်အကြာ၊ နန်းတက်ပွဲမတိုင်ခင်နေ့။

“အကြီးအကဲကူယွဲ့” တပည့်တစ်ယောက်က ပင်မခန်းမဆောင်ဆီ ပျံသန်းလာပြီး လက်နှစ်ဖက်ဆုပ်ကာ ဂါဝရပြုတယ်။

“ပေါ်ပင်လယ်က တိုင်းပြည်ဧကရာဇ်၁၅ပါး ရောက်လာပါပြီ”

“သူတို့အတော်လေး စောသားပဲ” မလာဘူးတောင် ထင်နေတာ။ ကူယွဲ့ မျက်ခုံးပင့်လိုက်တယ်။

“သူတို့ နေထိုင်ဖို့ ပြင်ဆင်ပေးလိုက်ပေါ့”

“သူတို့က… တော်ဝင်နန်းတက်ပွဲကို ဂုဏ်ပြုဖို့ ရောက်လာတာမဟုတ်ပါဘူး၊ သူတို့က အရေးကြီးကိစ္စ ရှိတယ်ပြောပြီး ဧကရာဇ်ယိချင်းနဲ့ တွေ့ဖို့ရောက်နေတာပါ” တပည့်က မျက်မှောင်ကြုတ်ပြီး တုံ့ဆိုင်းစွာပြောတယ်။

“အော်၊ ဘာပြဿနာရှိလို့တုံး”

ကူယွဲ့ လက်ထဲကနေ့စဉ်အလုပ်ဇယားကို ချလိုက်တယ်။

“သူတို့က ဘာအမြောက်စာအတွက် ရောက်နေတယ်လို့ ပြောတာပါပဲ”

“ပေါင်ဟွေ့လား”

“ဟုတ်သားပဲ သူတို့က သူ့အပေါ်ဆက်ဆံမှုမှာ မမျှတမှုတွေရှိတာမို့ ဧကရာဇ်အမိန့်ကို ပယ်ဖျက်ဖို့ တောင်းဆိုမယ်ဆိုပြီး ရောက်လာကြတာလို့ ပြောပါတယ်”

တပည့်ကိုယ်တိုင်က သူ့ရှင်းပြချက်မှာ လည်နေတယ်။

“ပေါင်ဟွေ့က အရည်အချင်းတချို့ ရှိမယ်မထင်ခဲ့ဘူး”

ကူယွဲ့ မဲ့ပြုံးပြုံးလိုက်တယ်။ သူက တိုင်းပြည်ဧကရာဇ်၁၅ယောက်ကိုတောင် အတူတူလာဖို့ စည်းရုံးနိုင်ခဲ့တယ်ပေါ့လေ၊ ဒါပေမဲ့အချည်းနှီးပဲ။

“ပြဿနာဖြေရှင်းဖို့ ပြီးပြည့်စုံတဲ့အခွင့်အရေးပဲ၊ စားဖိုမှူးဘယ်မှာတုံး”

“အကြီးအကဲ၊ စားဖိုမှူး… ယိချင်း… ဧကရာဇ်က အနောက်ဆောင်မှာ ဟင်းချက်နေပါတယ်” တပည့်က သူ့အခေါ်အဝေါ်ကို ခဏခဏ ပြင်လိုက်ရသေးတယ်။

“ရှန်းရင်ကို သူ့ကိုခေါ်လာဖို့ ပြောလိုက်၊ ပြီးတော့ သူ့ကို အရင်ကအတိုင်း ဖြေရှင်းခိုင်းလိုက်”

ကူယွဲ့ လက်ယမ်းပြပြီး သူ့ပေသီးနဲ့ ဆက်အလုပ်များနေတော့တယ်။ မနက်ဖြန် ယိချင်းရဲ့ ဧကရာဇ်အဖြစ် တရားဝင်တက်လှမ်းမဲ့နေ့။ တိုက်ကြီးအသီးသီးက မုန်လာဥဖြူတွေအားလုံး ဒီလာကြမှာ။ သူတို့နဲ့ ရှင်းစရာအကြွေး ရှိသေးတယ်။ သူ ဒီကြောင်သူတော်တွေအတွက် အချိန်မရှိဘူး။

“ဟုတ်ကဲ့” တပည့်က ချက်ချင်းအပြင်ထွက်သွားပြီး ရှန်းရင်ကို စိတ်လှုပ်ရှားစွာ သွားရှာတော့တယ်။

ပင်မခန်းမဆောင်အတွင်း။

တပည့်က တင်ပြဖို့ထွက်သွားတည်းက တိုင်းပြည်ဧကရာဇ်တွေ စောင့်နေတာ လေးနာရီရှိပေမဲ့ ဧကရာဇ်က အတော်ကြာတာတောင် ပေါ်မလာသေးတာမို့ သူတို့ပိုပြီးတောင် တရှူးရှူးတရှဲရှဲ ဖြစ်လာတယ်။ အစတုန်းက ပေါင်ဟွေ့ သူတို့ကိုဧကရာဇ်အသစ်က အမတတွေကို ဂရုမစိုက်ဘူး ပြောတုန်းက မယုံခဲ့ဘူး။ ဒါကြောင့် သူတို့ဒီကိုလာတဲ့ခရီးစဉ်ကလည်း ဧကရာဇ်အသစ်ရဲ့ အစီအစဉ်တွေကို စုံစမ်းဖို့ရောက်လာခဲ့တာ။ အခုတော့ သူက တကယ့်ကို ထောင်လွှားပုံပဲ။

အတိတ်တုန်းက ကျီချန်က ဘယ်လောက်ပဲ အလုပ်များပါစေ၊ သူတို့ကို အတော်လေးတော့ တန်ဖိုးထားသေးတယ်။ သူက သူတို့ကို ဘယ်တော့မှ အကြာကြီးမစောင့်ခိုင်းဘူး။ ပြီးတော့ ပိုဆိုးတာက သူတို့ကို လက်ဖက်ရည်နဲ့တောင် ဧည့်မခံ။ သူတို့ သူ့ကိုမတွေ့ခင်မှာတင် ဧကရာဇ်အသစ်ကို ပိုပြီးတောင် မကြိုက်တော့သလို ပုန်ကန်ချင်တဲ့ခံစားချက်တွေရှိနေပြီ။

သူတို့ရဲ့ကျင့်ကြံဆင့်တွေအားလုံးက အဇဋာဧကရာဇ်ထက်နိမ့်ပြီး ပေါ်ပင်လယ်ကိုမှီခိုရပေမဲ့ သူတို့တိုင်းပြည်တွေကတော့ သူတို့ကိုယ်တိုင် အုပ်ချုပ်နေဆဲပဲ။ ဧကရာဇ်အသစ်တစ်ယောက်က ကျင့်ကြံဆင့်မြင့်ရင်တောင် သူတို့ကို ကြားဝင်နှောင့်ယှက်ဖို့ အင်မတန်ခက်ခဲတယ်။ ပြီးတော့ ခုက အရေးကြီးတဲ့ကာလ။

ဒါပေမဲ့ သူတို့ ဒီတိုင်းလည်း ပြန်မသွားရဲဘူး။ နောက်ထပ်၂နာရီစောင့်ပြီးတဲ့နောက်မှာတော့ တပည့် ပြန်ရောက်လာတာကို နောက်ဆုံးတော့ မြင်လိုက်ရပြီး ဧကရာဇ်ဆီ ခေါ်သွားပေးမယ်ပြောလာတယ်။ အဲလိုပြောပြီးတော့ သူကရေးကြီးသုတ်ပျာနေဟန် ပြန်လှည့်ထွက် ပျံသန်းသွားတယ်။

တိုင်းပြည်ဧကရာဇ်တွေ အကြည့်ချင်းဖလှယ်လိုက်ကြပြီး လိုက်သွားရတော့တယ်။ ဒါပေမဲ့ သူတို့နားလည်လိုက်ရတာက သူတို့တွေ ပိုပြီးဝေးဝေးကို ပျံသန်းပြီး နန်းတော်တစ်ဝိုက်ကနေ ထွက်ခွာကာ ချောင်ကျတဲ့ကောင်းကင်ဒေသတစ်ခုဆီ ရောက်လာတယ်ဆိုတာပဲ။ သူတို့ တပည့်ရဲ့ အကြံကို သံသယဝင်နေတုန်း သူမကရုတ်တရက် ရပ်သွားပြီး အရှေ့ကို လက်ညှိုးထိုးပြတယ်။

“စား… ဧကရာဇ်က အထဲမှာစောင့်နေပါတယ်”

ဒီလိုပြောပြီးတဲ့နောက် သူမက အလာတုန်းက‌ထက်တောင် ပိုပြီးတက်သုတ်ရိုက် ပြန်ပျံသန်းသွားလေရဲ့။

ဧကရာဇ်တွေအကုန် ဇဝေဇဝါဖြစ်ကုန်ပြီး သူတို့ရှေ့ လေထဲကျောက်တုံးတွေ မျောလွင့်နေတာကို ကြည့်လိုက်တယ်။ သူတို့နောက်တော့ လူတစ်ယောက် အလယ်က ကျောက်တုံးကြီးမှာ ရပ်နေပြီး ဝတ်ရုံဖြူ ဝတ်ဆင်ထားကာ သူ့ဆီကနေ မသေမျိုးချီတွေ ထွက်နေတာကို မြင်လိုက်ရတယ်။ သူက သူတို့ကို အေးစက်တဲ့ အမူအရာနဲ့ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မရွှင်မပျဖြစ်နေတဲ့ပုံ။ သူ့အရှိန်အဝါကို ပြန်ထိန်းထားပေမဲ့ သူတို့ဆီလာနေတဲ့ ဖိအားကို ခံစားမိသေးတယ်။

ဧကရာဇ်တွေအားလုံး ရင်ထိတ်ကုန်တယ်။ သူတို့ အလိုလို နောက်တစ်လှမ်းပြန်ဆုတ်ရတော့တယ်။ သူတို့တွေ ဧကရာဇ်ကို သေချာပေါက်မှတ်မိတာပေါ့။ ဒါ သူတို့ ဝူတိဂိုဏ်းကို ဝိုင်းခဲ့တုန်းက သူတို့ကို ထုထောင်းသွားခဲ့တဲ့လူပဲ။

“ဧကရာဇ်ယိချင်း…”

တိုင်းပြည်‌ဧကရာဇ်တစ်ယောက်က အသက်ပြင်းပြင်းရှူပြီး ရှေ့တက်ကာ နှုတ်ဆက်ချင်ပေမဲ့ ဆန့်ကျင်ဘက်ကလူ တားဆီးတာခံလိုက်ရတယ်။

“အပိုတွေပြောမနေနဲ့” သူက လက်ထဲတစ်စုံတစ်ရာ ဆုပ်ကိုင်ထားပြီး သူတို့ဆီ လျှောက်လာတယ်။

“လုပ်လေ” ဒီလိုပြောပြီးတဲ့နောက် တစ်ခုခုလွဲနေတာ သတိထားမိသွားပြီး လက်ကို နောက်ပြန်ဆုတ်လိုက်တယ်။ တောက်ပသွားပြီး သူ့လက်ထဲက အရာက ချက်ချင်း အမတဓားအဖြစ် ပြောင်းလဲသွားကာ ဓားချီတွေ ဝန်းရံလာတယ်။

လူတိုင်း ။ ။ “…”

ဟမ် ဟမ် ဟမ် ဘာတွေဖြစ်နေတာလဲ၊ သူက ဘာလို့ သူတို့ကိုတိုက်ခိုက်ချင်ရတာတုံး။ သူတို့ တိုက်ခိုက်ဖို့ ရောက်လာတာမဟုတ်ဘူးလေ၊ ကျိုးကြောင်းသင့်ဆွေးနွေးချင်ရုံပဲ

ပြီးတော့… စောနက သူ့လက်ထဲကိုင်ထားတာ ယောက်မမဟုတ်လား သေချာပေါက်ပဲ

ဒါက သူတို့ သူအဲလိုလုပ်တာကို မြင်ဖူးတာ ဒုတိယအကြိမ်ပဲ။ တစ်ခုခုလွဲနေတယ်ဆိုတာကို သတိထားမိတာ နည်းနည်း နောက်မကျလွန်းနေဘူးလား။

-_-|||

“ခဏ” တိုင်းပြည်ဧကရာဇ်တွေအားလုံး အော်ဟစ်ကြတော့တယ်။

“ကျွန်တော်တို့က အကျိုးအကြောင်းပြောဖို့ ဒီရောက်လာတာပါ”

ယိချင်းက စိတ်မရှည်စွာ မျက်မှောင်ကြုတ်ပြီး ဓားအင်းကွက်တွေ ချက်ချင်း လေထဲမှာပေါ်လာကာ သူတို့ဆီ ဦးတည်လာတော့တယ်။ သူက မျက်နှာတည်ပြီး ပြန်ဖြေလေတယ်။

“ငါမင်းတို့နဲ့ ကျိုးကြောင်းသင့်နေတာပဲ”

ဆရာက ပြောဖူးတယ်။ အားပြင်းတဲ့လက်သီးတစ်ချက်ဆိုတာ လုံးဝအမှန်တရားတဲ့။

ဒီလို ပြောပြီးတော့ သူတို့တုံ့ပြန်မလားလည်း ဂရုမစိုက်ဘဲ သူတို့ဆီ တန်းတန်းမတ်မတ် ဦးတည်ပြေးတော့တယ်။

ဆယ့်ငါးမိနစ်အကြာ…။

အပုံလိုက်ကျသွားကြသော တိုင်းပြည်ဧကရာဇ်များ ။ ။ “…” ပေါင်ဟွေ့၊ ငါ-ိုး

ကူယွဲ့ကို ရှောင်ပြီး ဧကရာဇ်ကို တန်းတွေ့မယ်ဆိုတာ ဘာဖြစ်သွားတာလဲ။

——————

ဒုတိယနေ့၊ နန်းတက်ပွဲ။

နတ်ဆိုးလောကနဲ့ အနီးဆုံးတိုက်မို့ အမတလောကတစ်ခုလုံးရဲ့ ပေါ်ပင်လယ်ပေါ်အမြင်က စကားတစ်ခွန်းနဲ့ အကျဉ်းချုပ်နိုင်တယ် – သနားစရာကောင်းတယ်။

နတ်ဆိုးဘုံက အခု ဥပဒေလိုက်နာပြီး ပေါ်ပင်လယ်မှာ ဧကရာဇ်အသစ်ရှိနေတာတောင် အသုံးမဝင်ဘူးလို့ ခံစားနေရဆဲ။ ဧကရာဇ်အသစ်က ကြားက စတေးခံဖြစ်ဖို့ အတင်းအကြပ် ဖိအားပေးခံရတာဖြစ်နိုင်တယ်။ တစ်နေ့မှာ ဒီနေရာက လောကနှစ်ခုအတွက် စစ်မြေပြင်ဖြစ်လာမှာပဲ။

တခြားတိုက်က အမ‌တတွေတင်မကဘူး၊ ပေါ်ပင်လယ်က အမတတွေပါ ဒီလိုခံစားနေရတာ။

အံ့ဩဖို့ကောင်းစွာပဲ ဧကရာဇ်အသစ် နန်းတက်ပွဲနေ့မှာ အမတလောကရဲ့ အဇဋာဧကရာဇ်တွေအားလုံး ရှိနေပြီး ရက်ရောတဲ့လက်ဆောင်တွေ ပြင်ဆင်ထားကြတယ်။ အမတလှေက ဂုဏ်ပြုလက်ဆောင်အပြည့် ဖြစ်နေပြီး အဇဋာနန်းတော်ကိုးခုက ပြောင်သလင်းခါခံလိုက်ရတဲ့အတိုင်းပဲ။ ပြီးတော့ အဇဋာဧကရာဇ်တွေက ချစ်ကြည်မှုကိုပြဖို့ ပဏ္ဍာလက်ဆောင်တွေ ပို့ရုံတင် မဟုတ်ဘူး၊ နန်းတက်ပွဲကို အားလုံး ကိုယ်တိုင် တက်ရောက်လာကြတာ။

ဒီမြင်ကွင်းက ထုထောင်းခံထားရတဲ့ တိုင်းပြည်ဧကရာဇ်တွေကိုတောင် ဇဝေဇဝါဖြစ်သွားစေပေမဲ့ သူတို့ဒေါသပေါက်ကွဲလို့လည်းမရဘူး။ သူတို့ဧကရာဇ်အသစ်ကို တခြားအဇဋာဧကရာဇ်ကိုးယောက်က ထောက်ခံပေးထားတာ သေချာပေါက်သိပြီး ဝူတိဂိုဏ်းမှာ သူ့စွမ်း‌ဆောင်ရည်ကို မြင်ပြီးပြီ။ သူ့ဓားရေး၊ ကျင့်ကြံဆင့်… သူက အဲတုန်းက ဧကရာဇ်ငယ်အဆင့်ပဲရှိသေးတာတောင် လူတွေ အများကြီးအတွက်တော့ အံ့ဩစရာကောင်းနေပြီ။

မနေ့ကတိုက်ပွဲက သူတို့ရဲ့ကန့်ကွက်မဲ့အတွေးကို လုံးဝပျက်ယွင်းသွားစေခဲ့တယ်။ အမတလောကရဲ့ နံပါတ်၁ ဓားကျင့်ကြံသူ။ ဟင့်အင်း အမတလောကရဲ့ နံပါတ်၁ အဇဋာဧကရာဇ်လို့တောင် ကြေညာလို့ရနိုင်တယ်။

ဒါပေမဲ့ ဒါက သူတို့ကို တခြားအမတတွေလိုပဲ နတ်ဆိုးလောကရဲ့ကျူးကျော်မှုကို ယာယီထိန်းဖို့ အမြောက်စာအနေနဲ့ တခြားဧကရာဇ်တွေက တွန်းပို့လိုက်တဲ့စတေးခံပဲလို့ တွေးမိတာကနေ မတားနိုင်ဘူး။ အဲဒါကြောင့် သူတို့ဧကရာဇ်အသစ်ကို အထင်သေးခဲ့ရဲတာပဲ။

ဒါပေမဲ့ ဒီနေ့မြင်ကွင်းကနေ ကြည့်ရတာတော့…တခြားဧကရာဇ်တွေကတော့ ဒီလိုအတွေးတွေ မရှိတဲ့ပုံ ပေါ်တယ်။ ပြီးတော့ ဧကရာဇ်ယိချင်းကိုတင် မကဘူး၊ သူတို့က သူခေါ်လာတဲ့ တပည့်၂ရာကိုလည်း အရမ်းယဉ်ကျေးပြီး သည်းခံနေကြတယ်။

မြေအနေအထားနဲ့ မရင်းနှီးဘူးလား။ ဘယ်သူမှ သူတို့ကို လမ်းမပြဘူးလား။ ကိစ္စမရှိဘူး… နှစ်ရက်သုံးရက် စောင့်ခဲ့ရတာက သူတို့ရဲ့ကျင့်ကြံဆင့်အပိုင်းထဲ ပါတယ်။

သူတို့ပြင်ဆင်ပေးထားတဲ့ အမတမျှော်နန်းက သေးလွန်းနေလား။ ကိစ္စမရှိဘူး… သူတို့အားလုံး ဒီတိုင်း တိုးဝှေ့နေလို့ရတယ်၊ ကြမ်းပြင်ပေါ် အိပ်ရလည် အဆင်ပြေတယ်

သူတို့တွေ အဝေးကြီး လာခဲ့ရပြီး ရေဆာနေတယ်လား။ ကိစ္စမရှိဘူး… သူတို့မှာ ရေဝိညာဉ်ကြောအမတတွေ ရှိပြီး သူတို့ဘာသာ ဖြေရှင်းနိုင်တယ်

နန်းတော်က လူနည်းပြီး မစီမံနိုင်ဘူးလား။ ကိစ္စမရှိဘူး… သူတို့ လူအများကြီး ခေါ်လာတာမို့ သူတို့ကို ခိုင်းလို့ရတယ်။

ဒါကြောင့် လူတိုင်း အမတမျှော်နန်းတစ်ခုလုံးမှာ ပျားပန်းခတ်ပြေးလွှားနေကြသူတွေက တခြားနန်းတော်တွေက အမတအစောင့်တွေဆိုတာ ထူးဆန်းစွာနဲ့ နားလည်သွားကြတော့တယ်။ မသိရင် ဒီနေ့တော်ဝင်ထီးနန်းတက်ပွဲမှာ ပါဝင်သူက သူတို့ဧကရာဇ်ကျနေတာပဲ။ သူတောင်…။

“အာ အဲဒါမှန်တယ်… ဟေး ကြက်”

“ကြက် ဒီမှာ” ချူရွှမ်က ချက်ချင်း အနားတိုးလာတယ်။

“ဘာကိစ္စရှိလို့လဲ ဟုန်အာ”

“အနောက်နန်းတော်ရဲ့ အင်းကွက်အစီအရင်က လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်မတို့တပည့်တွေ ဖျက်ဆီးတာခံလိုက်ရပြီး အပေါက်ကြီးတစ်ခု နန်းတော်ထဲ ပေါ်လာတယ်၊ ပြင်ဖို့လိုပေမဲ့ ကျွန်မက အရမ်းအလုပ်များနေတော့…”

“ကိစ္စမရှိဘူး၊ ကိုယ့်တာဝန်ထားလိုက်” သူက အဲလိုပြောပြီး ဘေးက သစ်ပျဉ်ကို အလိုလိုသယ်မိကာ ပျံသန်းသွားလေတယ်။

နန်းတော်ထဲ ထိုင်နေသော တိုင်းပြည်ဧကရာဇ်များ ။ ။ “…”

ဒါတွေက တကယ်ပဲ ကြည်ညိုခံရတဲ့ ဧကရာဇ်တွေ ဟုတ်ရဲ့လား။ ဒီတပည့်တွေက ဘာလို့ သူတို့ကို အဲလောက်လည်ပတ်စွာနဲ့ ဟိုဟိုဒီဒီခိုင်းနေတာလဲ။ ပြီးတော့ သူတို့ချီးကျူးခံလိုက်ရသလို အဲဒီစိတ်လှုပ်ရှားနေတဲ့ အမူအရာတွေကရော ဘာတုံး။

သူတို့တွေ ကျိန်းသေပေါက် မျက်လုံးမှားဖွင့်မိထားတာပဲဖြစ်ရမယ်

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset