အခန်း ၂၇၈ ။ မျက်နှာပြင်စီမံထိန်းသိမ်းမှု
“ကောင်းပြီလေ” အမျိုးသမီးက ခေါင်းညိတ်ပြီး အဲကိစ္စကိုဆက်ပြီးဖိအားမပေးတော့ဘူး။ သူမက ခေါင်းစဉ် ပြောင်းလိုက်တယ်။
“နယ်ပယ် T98 ထဲက အချိန်နဲ့ အကွာအဝေးမုန်တိုင်းအပေါ် နင့်သုံးသပ်ချက်ရလဒ်က ဘာလဲ”
“ငါပို့ပြီးပါပြီ”
“ကောင်းသားပဲ၊ နင်ဒီတစ်ကြိမ် ဖြေရှင်းတာ အတော်ကောင်းတယ်၊ အဲဒါကြောင့် ဒီတစ်လ နားရက် အပိုထပ်ရတာ၊ ဒါပေမဲ့အရမ်းကြီး ကမြင်းကြောထမနေနဲ့၊ နင် အချိန်တန်ရင်တော့ အလုပ်ပြန်လာလုပ်ရမှာပဲ”
“အိုး”
“ဒီရက်ပိုင်း များများစားစား ဖြစ်တာမရှိဘူး၊ နင် အိမ်မှာပဲကွေးမနေနဲ့၊ အပြင်လေးဘာလေး လမ်းလျှောက်ဦး၊ နင့်အတွက် နေရာတချို့ပြင်ပေးစေချင်လား”
“ဟင့်အင်း ဟင့်အင်း ဟင့်အင်း… မလိုပါဘူး” မကြီးစီစဉ်ပေးတဲ့နေရာ သွားပြီးရင် ပြန်မလာနိုင်တော့မှာကြောက်တယ်။
“ဘာလို့လဲ၊ နင်မကြိုက်ဘူးလား” အမျိုးသမီးမျက်နှာက ဆူပုတ်သွားတယ်။
ရှန်းရင် ရင်ထိတ်သွားတာ လည်ချောင်းထဲထိ ရောက်လာသလိုပဲ။ သူမက အသည်းအသန် နောက်တစ်ကြိမ် ခေါင်းယမ်းလိုက်ပြန်တယ်။
“ဟင့်အင်း၊ ဒါပေမဲ့… အားလပ်ရက်တစ်ရက်ပဲ ကျန်တော့တာလေ၊ အလုပ်ကို မသက်ရောက်စေချင်လို့ပါ ဟဲဟဲ”
“အင်း နင်ဒီလို စဉ်းစားတယ်ဆိုတော့ ငါစိတ်အေးသွားပြီ” အမျိုးသမီးက ခေါင်းညိတ်တယ်။
“ငါ ဒီလမုန့်ဖိုးကို နင့်အကောင့်ထဲ လွှဲပေးလိုက်မယ်၊ ခဏနေစစ်ကြည့်”
“ဟုတ်ကဲ့ မကြီး”
“အဲဆိုလည်းဒါပဲ၊ ခုတလော နယ်ပယ် C မှာ ပြဿနာတချို့ ပေါ်နေတဲ့ပုံပဲ၊ နောက်လ ဆောင်းဦးလလယ်ပွဲတော်ကြားထဲ ပြန်လာဖြစ်လောက်တယ်၊ နင့်အတွက်ပါ လမုန့်တချို့ ယူလာခဲ့မယ်”
“ကျေးဇူးတင်ပါတယ် မကြီး နောက်မှတွေ့မယ်နော် မကြီး”
“အင်း” အမျိုးသမီးက ခေါင်းညိတ်ပြီး ဆက်သွယ်မှုရပ်ဖို့ လက်လှမ်းလိုက်ပြီးတဲ့နောက် ရုတ်တရက် ရပ်သွားတယ်။
“အော် ဟုတ်သား၊ နင့်ဘေးက အဲလူက ဘယ်သူလဲ”
“ဟမ်” ရှန်းရင် နှလုံးတန့်သွားခဲ့တယ်။ သူမကျောပြင်တစ်ခုလုံး ချွေးတွေနဲ့ ရွှဲရွှဲစိုနေပြီ။
“ဘာ… ဘယ်သူ”
အမျိုးသမီးမျက်နှာအမူအရာက မည်းမှောင်သွားတယ်။
“စားပွဲအောက်ကလူလေ၊ နင့်ညာဘက်ခြေထောက်နဲ့ ထိုးသိပ်ခံထားရတဲ့သူ”
“… မ- မဟုတ်” ရှန်းရင် ဖြေဖို့ ရုန်းကန်နေရတာ သိသာတယ်။
“အိုး တကယ်လား” အမျိုးသမီးအသံက အေးစက်သွားတယ်။ သူမက လက်ယမ်းလိုက်တော့ ရုတ်တရက် အလင်းရောင်မျက်နှာပြင်က အိမ်ထဲပေါ်လာတယ်။ အခန်းရဲ့ထောင့်တိုင်းကို လင်းထိန်သွားစေတာများ ကြားကွက်လက်တစ်နေရာမှ မကျန်ခဲ့ဘဲ အမျိုးသမီးကို တိုက်ခန်းရဲ့၃၆၀ ဒီဂရီမြင်ကွင်းပြသနေလေတယ်။ စခရင်က လေထဲ လွင့်မျောနေတယ်။ စောနက အမျိုးသမီးကို ပြသနေတဲ့ စခရင်က ရုတ်တရက် ရှန်းရင်ခြေထောက်အောက် အင်မတန်ငြိမ်သက်စွာထိုင်နေတဲ့ ကူယွဲ့ကို ပြသလာတယ်။
ရှန်းရင်က ခြေထောက် တုန်ယင်သွားပြီး။ သူမက ညာဘက်ခြေထောက်ကို အလိုလိုရုတ်လိုက်တယ်။
ကူယွဲ့ ကုန်းရုန်းထလာပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။
“ဟိုလီရှစ် နောက်တစ်ကြိမ် လူတစ်ယောက်ကို ခြေထောက်နဲ့ထိုးသိပ်ထည့်ရင် မျက်နှာတက်မနင်းလို့ မရဘူးလား” သူမက သူ့ကိုသတ်ဖို့ကြိုးစားနေတာလား။ အသက်ရှူကြပ်နေပြီ
“ရှန်း.. ရှောင်.. ရင်” အမျိုးသမီးက အင်မတန် ကျောချမ်းစရာလေသံနဲ့ လှမ်းခေါ်တယ်။ သူမနာမည်ထဲတောင် ‘ရှောင်’ ဆိုပြီး ထပ်ပေါင်းထည့်နေပြီ ရှန်းရင် ရင်ထိတ်သွားတယ်။
“အဲအိမ်မှာပဲနေ၊ ငါအဲကိုငါးမိနစ်အတွင်း ရောက်မယ်”
“ခဏ မ… ငါ့စကားနားထောင်ပါဦး” ရှန်းရင် စခရင်ဆီ လက်လှမ်းလိုက်ပေမဲ့ နောက်ကျလွန်းသွားပြီ။ တိုက်ခန်းထဲက အလင်းရောင်စခရင်က ချက်ချင်းမှောင်သွားတယ်။ သူမစခရင်ကလည်း ဂိမ်းဇာတ်ကောင်အလောင်းကို ပြန်ပြနေပြီ။
အခန်းတစ်ခုလုံး တိတ်ဆိတ်နေတယ်။ ရှန်းရင် သူမရင်တဒိတ်ဒိတ် ခုန်နေတာကို ကြားနေရသလိုပဲ။ မျက်ရည်တွေလည်း အိုင်စပြုလာတယ်။
(இдஇ;)
——————
အမျိုးသမီးက ငါးမိနစ်ပဲ ကြာမယ်ပြောပေမဲ့ နှစ်မိနစ်တောင်မကြာဘဲ ရောက်လာတယ်။ အိမ်တစ်ခုလုံး ရှုပ်ပွသွားတာပဲ။ တစ်ယောက်ယောက်က ဝင်မွှေသွားသလိုမျိုးနီးပါးတောင် ဖြစ်နေတယ်။ လူတစ်ယောက်စာ တွင်းကြီးတစ်ခု ပေါ်လာတယ်။
ဒါ… နေရာရွှေ့ပြောင်းတာပဲ။
ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။
ကူယွဲ့က မတုံ့ပြန်နိုင်ခင် ရှန်းရင်နဲ့ ၈၀ရာခိုင်နှုန်းတူတဲ့ အမျိုးသမီးက တွင်းထဲကထွက်လာပြီး အနီရောင်ဝတ်ထားတယ်။ သူမက အေးစက်တဲ့အကြည့်နဲ့ သူတို့ကို စေ့စေ့စပ်စပ်ကြည့်တယ်။ သူမလုပ်တာက သူ့ကိုခေါင်းစခြေဆုံး ကြည့်ရုံဆိုပေမဲ့ ကူယွဲ့ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားတယ်။ သူရပ်နေတဲ့နေရာကနေ ရှန်းရင်ရဲ့ အကြောက်တရားကို အာရုံခံမိတယ်။ သူ တစ်ခါမှ သူမကို အဲလိုမမြင်ဖူးဘူး။ သူ့ခြေထောက်တွေကို ပျော့ခွေအောင် လုပ်နေတယ်။
“ရှန်း…” သူ အလိုလို ရှန်းရင်ဘက် မျက်နှာချင်းဆိုင်လိုက်တယ်။ သူမ ဆိုဖာက ခေါင်းအုံးတစ်လုံးကို ကြမ်းပြင်ပေါ်ပစ်ချကာ အဲပေါ် ဒူးထောက်လိုက်တယ်။
“မကြီး၊ ငါမှားပါတယ်”
ကူယွဲ့ ။ ။ “…”
(⊙_⊙)
ရဲဘော်ရဲဘက်စိတ် ဘယ်မှာလဲဟ။
အမျိုးသမီးက မျက်မှောင်ကိုကြုတ်ကာ ပိုပြီးတောင် မတ်မတ်ရပ်တယ်။ သူမက ရှေ့ကို ၂လမ်းဆက်လျှောက်လာပြီး ဆိုဖာပေါ်ထိုင်ချကာ ရေနွေးကြမ်းအိတ်တစ်အိတ်ကို ရေနွေးခွက်ထဲ နှစ်ထည့်လိုက်တယ်။ သူမ တစ်ခွက်လုံး သောက်ပြီးတော့မှ သူမက စကားစတယ်။
“နင်ဘာအမှားလုပ်လို့လဲ”
အာ။ ရှန်းရင် တုံ့ဆိုင်းသွားတယ်။ ဟုတ်သားပဲ၊ သူမ ဘာအမှားလုပ်မိလို့လဲ။ အကျင့်အတိုင်း ဒူးထောက်မိတာပဲ။
(⊙ o ⊙)
“နင် အိမ်ကို လူခေါ်လာတာကို မြင်ရတာရှားတယ်”
အမျိုးသမီးက ကူယွဲ့ကို လှည့်ကြည့်လိုက်တယ်။
“နင့်ရည်းစားလား”
ရှန်းရင်နဲ့ ကူယွဲ့ အကြည့်ချင်းဆုံသွားတယ်။ အချင်းချင်းရဲ့မျက်လုံးထဲမှာ အရိုးထဲကနေပါ စိမ့်ထွက်နေတဲ့ ရွံရှာမှုကို မြင်လိုက်ရလေတယ်။
“ဟင့်အင်း” သူမက စိတ်ပိုင်းဖြတ်မှုနဲ့ပြောတယ်
“ဟင့်အင်း” အမှန်တရားစစ်စစ်ပဲ။
“ဒါဆို သူက ဘာလို့နင့်အိမ်ထဲရောက်နေတာလဲ” အမျိုးသမီးအမူအရာက ပြောင်းတောင် မပြောင်းလဲပေမဲ့ အခန်းထဲက လေထုကတော့ ချက်ချင်းပြောင်းလဲသွားတယ်။ လေထုဖိအား ကျလာတာများ ကူယွဲ့ရော ရှန်းရင်ပါ မောဟိုက်စပြုလာတော့တာပဲ။
“ရှောင်ရင်၊ ငါနင့်ကို ဘာသင်ပေးခဲ့လဲ၊ နင် မေ့သွားပြီလား၊ မှတ်ဉာဏ်ထဲစွဲနေအောင် ကူပေးဖို့ ဝန်မလေးဘူးနော်”
“မကြီး နင်ထင်သလို မဟုတ်ပါဘူး”
“အင်း” အမျိုးသမီးက တစ်ခုခုကို သိရှိသွားတဲ့ပုံပဲ။ သူမက ထရပ်ပြီး ရှန်းရင် မေးစေ့ကို လက်ညှိုးနဲ့ပင့်ကာ ခေါင်းစခြေဆုံး စေ့စေ့စပ်စပ်ကြည့်တော့တယ်။ အမျိုးသမီးအမူအရာက မည်းမှောင်နေတယ်။
“နင့်ရဲ့ကိုယ်ပေါ်မှာ ဘာလို့ တခြားမျက်နှာပြင်က ထူးဆန်းတဲ့ အရှိန်အဝါရှိနေရတာတုံး၊ နင် ဒီရက်ပိုင်းမှာ ဘယ်တွေရောက်နေခဲ့တာလဲ”
“တခြားမျက်နှာပြင်ဆီ ရောယောင် ရောက်သွားခဲ့တာပါ”
အမျိုးသမီးအမူအရာက ပျော့ပြောင်းသွားတာမြင်ပြီး ရှန်းရင်က ချက်ချင်း အသေးစိတ်အားလုံးကို ဖောက်သည်ချတော့တယ်။ သူမက ဘာကိုမှ မဖုံးထားတော့ဘူး။ လန်ဟွား အောက်ခံက ဘာအရောင်လဲဆိုတာပါ အဲအမျိုးသမီးကို ပြောပြလေတယ်။
ဒါက ရှန်းရင် စကားအများကြီးပြောတာကို ကူယွဲ့ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ။ သူမက နှစ်နာရီအပြည့် ဆက်တိုက်ပြောလေတယ်။
အမျိုးသမီးနားထောင်လေ မျက်မှောင်ပိုကြုတ်လာလေပဲ။
“နင်ဆိုလိုတာက တစ်ယောက်ယောက်က ငါ့ခွင့်ပြုချက်မပါဘဲ ဒီမျက်နှာပြင်ကနေ လူတွေကို ဆွဲခေါ်တယ်ပေါ့”
“ဟုတ်ဟုတ်ဟုတ်” ရှန်းရင်က အသည်းအသန် ခေါင်းညိတ်ပြလိုက်တယ်။ မကြီး လိုက်သင့်တာ တခြားတစ်ယောက်ကိုပါ။
“နင်အဲရောက်နေခဲ့တာ ဘယ်လောက်ကြာခဲ့လဲ၊ မူမမှန်တာတစ်ခုခု တွေ့ခဲ့လား” အမျိုးသမီးမျက်နှာက မာကြောသွားပြန်ပြီး ရှန်းရင်ကို ပျိုးထောင်ရတာတန်ရဲ့လား သံသယဖြစ်နေပြီ။
“အရင်က မတွေ့ခဲ့ပေမဲ့ နောက်ပိုင်းတွေ့ခဲ့ပါတယ်” မိစ္ဆာနတ်ဘုရား သူမကိုပေးခဲ့တဲ့စာက တကယ်ပဲ သူ့အစ်မလက်ရေး။ ဒါပေမဲ့ နောက်တစ်ခေါက် စဉ်းစားကြည့်တော့ သူ့အစ်မကြီးက ဘယ်တုန်းကမှ စာရွက်ပေါ် မခြိမ်းခြောက်ဖူးဘူး။ သူမကို ချက်ချင်းပဲ ရိုက်ပစ်လိုက်မှာ။
“အစတုန်းကတော့ မကြီးပေးတဲ့ ငါ့အတွက် အားလပ်ရက်တာဝန်လို့ ထင်နေတာ” ပြီးတော့ တကယ်လွယ်တဲ့ဟာပေါ့။
“ဒါဆို…” အမျိုးသမီးက ဖေဖေနျို့ကို လှည့်ကြည့်လိုက်တယ်။
“သူက နင့်စာတမ်းပေါ်က အပိုဆောင်းရမှတ်လား”
ရှန်းရင် ။ ။ “…”
ကူယွဲ့ ။ ။ “…”
ဘာကြီးလဲ။
“အရင်ထ ငါနင့်ကိုမေးစရာရှိတယ်”
အမျိုးသမီးက မျက်မှောင်ကြုတ်တယ်။
“ဟုတ်ကဲ့မကြီး” ရှန်းရင်က ဆိုဖာပေါ်ခုန်တက်လိုက်တယ်။
“နင် ဒီကိစ္စနောက်ကွယ်က အကြောင်းရင်းကို ကြည့်ခဲ့သေးလား”
“ဖေဖေနျိုက အဓိကအကြောင်းရင်းပါ၊ မျက်နှာပြင်မှာ ချို့ယွင်းချက်အမှားပေါ်လာလို့ ဆင့်ကဲသက်ရောက်မှု ဖြစ်သွားတာ ဖြစ်နိုင်တယ်၊ မကြီး အနားမရှိချိန် ငါက ပိုပြီး ထိရှလွယ်တယ်လေ၊ အဲဒါကြောင့် ငါဆွဲခေါ်ခံလိုက်ရတာနေမယ်”
“နင် အဲက စီမံထိန်းသိမ်းသူနဲ့တွေ့ခဲ့လား”
“ဟင့်အင်း”
“မျက်နှာပြင်အာရုံခံမှုရော”
“တုံ့ပြန်မှုမရှိဘူး”
“မူရင်းမျက်နှာပြင် ဖြစ်နိုင်လား”
“၅၀ရာခိုင်နှုန်းပါ”
“အဲမျက်နှာပြင်ရဲ့ မြေပုံအညွှန်းတွေကဘာလဲ”
“အမတဝိညာဉ်မျက်နှာပြင်ဆိုတာပဲသိပါတယ်”
“အင်း ငါအဲကစီမံထိန်းသိမ်းရေးကို ဆက်သွယ်ပြီး နင့်ပြဿနာကို စိတ်ထဲမှတ်ထားလိုက်မယ်”
အမျိုးသမီးက ရှန်းရင်ကို ခေါင်းစခြေဆုံးကြည့်တော့ အလိုလိုကျုံ့ဝင်သွားတယ်။ နောက်တော့ သူမက အကြည့်လွှဲလိုက်တယ်။
“သူတို့တွေက စည်းကမ်းတွေ မသိဘူးလား၊ ဘယ်လိုလုပ် ငါ့မျက်နှာပြင်ညီပေါ်က လူတွေကို ဆွဲလုရဲတာလဲ” သူမက ထရပ်ကာ စတင်လမ်းလျှောက်တယ်။
“ခဏ” ကူယွဲ့ကြားဖြတ်ပြောပြီး သူတို့နှစ်ယောက်ကို အပြန်ပြန် အလှန်လှန်ကြည့်လိုက်တယ်။
“မင်းတို့နှစ်ယောက် ဘာတွေပြောနေတာလဲ၊ ဘာလို့ ငါတစ်ခွန်းမှနားမလည်ရတာလဲ၊ ဘာမျက်နှာပြင်လဲ၊ ဘာစီမံထိန်းသိမ်းသူလဲ”
သူ ကမ္ဘာကြီးပေါ် ရှိနေသေးရဲ့လား။
“နင် သူ့ကို မပြောထားဘူးလား” အပြင်ကိုလမ်းလျှောက်တော့မဲ့ အမျိုးသမီးက ရှန်းရင်ကို လှည့်ပြောတယ်။
ရှန်းရင်က နှုတ်ခမ်းသပ်ကာ အောက်ကျို့စွာဖြေလိုက်တယ်။
“မကြီးပဲ ငါ့ကိုပြောခွင့်မရှိဘူးလို့ ပြောခဲ့တယ်မဟုတ်လား”
“ဟေး နစ်နာသူအတွက် စဉ်းစားပေးဦးလေ…” အမျိုးသမီးက ကူယွဲ့ကို ခေါင်းစခြေဆုံးကြည့်ကာ အသံနက်နက်နဲ့ ပြောတယ်။
“ငါက ရှန်းရင်ရဲ့ အစ်မကြီး ဖြစ်ပြီး မျက်နှာပြင်ရဲ့စီမံထိန်းသိမ်းသူ ရှန်းကျင်းပဲ”
“…”
ဟမ်။
…