ERSY အခန်း ၇၃

အခန်း ၇၃ ။ ဗိုလ်စွဲသူအရုပ်

သူဝိညာဉ်ချီကို အသက်သွင်းပြီး အရှိန်တစ်ပြားမှမလျှော့ဘဲတိုကိခိုက်တော့တယ်။ ရုတ်တရက်ကြီး မြင်ရသမျှက လျှပ်စီးတွေစုဝေးနေတာပဲ။ အဲလျှပ်စီးတွေထဲ နဂါးရှည်ကြီးတစ်ကောင် စင်ပေါ် ပေါ်လာတယ်။ စင်ပေါ်က ကျောက်စတွေက နေရာအနှံ့ပျံ့စင်ကုန်ပြီး တစ်ဖက်လူရွှေ့တာနဲ့ လျှပ်စီးကြောင်းတွေက ပတ်ပတ်လည်ကိုယမ်းတော့တယ်။ စစ်ယွီကို စီးပိုးတဲ့အမူအရာနဲ့ မရပ်မနား လှုပ်ရှားနေအောင် ဖန်တီးနေလေတယ်။

စစ်ယွီထိတ်လန့်သွားပေမဲ့ ရှောင်ဖို့နောက်ကျသွားခဲ့ပြီ။ ဒါကြောင့်လေထဲ ခုန်ကာ လျှပ်စီးကြောင်းကိုကာဖို့ ဓားချီကိုထိန်းချုပ်ပြီး ဘေးပတ်ပတ်လည်မှာ ဝိညာဉ်ဓားရာချီ ဆင့်ခေါ်လိုက်တယ်။

ဒါပေမဲ့ သူမကျင့်ကြံဆင့်က ပြိုင်ဘက်ထက်နိမ့်တာကြောင့် ဒီလိုအကာအကွယ်က ယာယီပဲ ခံနိုင်တယ်။ ဒီလိုမျိုးဆက်သွားလေ ဝိညာဉ်ချီတွေ ပိုပိုကုန်လာလေပဲ။ တချို့လျှပ်စီးကြောင်းတွေက ဓားအစီအရင်ကို ဖောက်ထွင်းသွားပြီး သူမခန္ဓာကိုယ်ကို ထိမှန်ကုန်တာကနေ ဝိညာဉ်ချီက ဒဏ်မခံနိုင်တော့ဘူးဆိုတာ သက်သေပြနေပြီ။

ပြီးသွားပြီ။

ယင်းယွမ်ဖေး သက်ပြင်းချလိုက်တယ်။ ပြိုင်ပွဲနိုင်ဖို့ ပြိုင်ဘက်ကို အဆုံးသတ်အကွက် ထုတ်သုံးတော့မဲ့ဆဲဆဲမှာတင် ကျောဘက်မှာ မဆိုစလောက် ကြက်သီးထသွားလေတယ်။ တိုက်ပွဲမှာ အတွေ့အကြုံ ကြွယ်ဝနေတာမို့ သူ့ကျောကို ဓားနဲ့အလိုလိုလှမ်းကာလိုက်တယ်။ နောက်တော့ ချွင်ခနဲအသံနဲ့အတူ သူ့လက်ထဲ လေးသွားပြီး လျှပ်စီးကြောင်းအများကြီးထဲ ပိတ်မိနေတဲ့ စစ်ယွီက ရုတ်တရက် သူ့နောက်မှာပေါ်လာ‌တော့တယ်။

ပြန်လှည့်ကြည့်လိုက်တော့ ဓားအစီအရင်ထဲမှာ ဘယ်သူမှ ရှိမနေတာ မြင်လိုက်ပါလေရော။

“ပုံရိပ်ယောင်အစီအရင်ပဲ”

သူ ထိတ်လန့်တကြီးနဲ့ နောက်ပြန်ဆုတ်တော့တယ်။ အင်းကွက်အစီအရင်တွေ သုံးပုံသုံးနည်းကို သိလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ သူ့လက်ဖဝါးက စတင်ထုံထိုင်းလာတယ်။ ဓားကျင့်ကြံသူတွေအားလုံးက ဒီလိုသန်မာကြတာလား။ သူ့အသိအာရုံ စူးရှသွားပြီး ဒီတိုက်ပွဲမှာ ပိုပိုပြီး နိုးနိုးကြားကြားရှိလာတယ်။

နှစ်ယောက်သား အမွှေးတိုင်၂တိုင်ထွန်းစာ တိုက်ခိုက်နေကြတယ်။ တစ်ယောက်ကိုတစ်ယောက် အသာစီးမရပေမဲ့ စစ်ယွီက ရွှေအမြုတေကနဦးအဆင့်ပဲ ရှိသေးတာ၊ ဒါကြောင့် တဖြည်းဖြည်း အားနည်းလာပြီး ပြိုင်ဘက်ရဲ့ လျှပ်စီးကြောင်းတွေကို ရှောင်တဲ့နေရာမှာလည်း နှေးလာတယ်။

ယင်းယွမ်ဖေး စိတ်သက်သာရာရကာ သက်ပြင်းချပြီး လျှပ်စီးတွေ ဆက်ဆင့်ခေါ်ဖို့ အာရုံထပ်စိုက်လိုက်တယ်။ စစ်ယွီမျက်မှောင်ကြုတ်မိပြီ။ သူမ မခံမရပ်နိုင်ဖြစ်ပေမဲ့ ဒီတိုက်ပွဲကို မနိုင်နိုင်ဘူး။ သူမ ဝိညာဉ်ချီအားလုံးကို သုံးပြီးသလို ခန္ဓာကိုယ်ဘေးက အကာအကွယ်ကလည်း ပျောက်သွားပြီ။ နောက်တော့ မိုးကြိုးတွေက သူမကိုယ်ကို ထိမှန်တော့တယ်။

သူမ လက်‌လျှော့တော့မဲ့ဆဲဆဲ မိုးကြိုးတစ်ခုက သူမခေါင်းပေါ် ကျတော့မလို့ဆိုပေမဲ့ ကံကောင်းလို့ ရင်ဘတ်ပေါ်ပဲ ထိမှန်သွားတယ်။ တစ်ခုခုက သူမကိုယ်ပေါ်ကနေ လျှောကျသွားပုံပဲ။ အမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး အပြေးကောက်ယူမလို့လုပ်ပေမဲ့ နောက်ကျသွားခဲ့ပြီ။ သူမအင်္ကျီထဲကနေ ကျသွားတဲ့ ခေါင်းလောင်းလေးက မြေကြီးပေါ်လိမ့်ကျသွားပြီး မိုးကြိုး ထိမှန်ခဲ့လေတယ်။

စစ်ယွီ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး မျက်နှာမှာ သွေးရောင် မရှိတော့ဘူး။ လျှပ်စီးတွေ သူမပတ်ပတ်လည်ကို ကျဆင်းနေတာလည်း ဂရုမစိုက်တော့ဘဲ မြေကြီးကိုပဲစိုက်ကြည့်နေတယ်။

“ငါ့… ခေါင်းလောင်း… ခေါင်းလောင်းလေး…”

ပြိုင်ဘက်က မခုခံတာမြင်တော့ ယင်းယွမ်‌ဖေး ချက်ချင်းတိုက်ခိုက်တာရပ်ကာ လက်သီးနှစ်ဖက်ဆုပ်လိုက်တယ်။

“တာအိုရောင်းရင်း‌၊ ကျေးဇူးတင်ပါတယ်”

“…”

တစ်ဖက်လူက ငြိမ်နေတုန်းပဲ။ သေချာမကြားတာဖြစ်မယ်လို့တွေးမိပြီး သူပ်ပြောလိုက်တယ်။

“တာအိုရောင်းရင်း၊ မင်းဝိညာဉ်ချီက အကုန်သုံးပြီးပြီ၊ ဒီတိုက်ပွဲကို ဆက်လုပ်လို့ အကျိုးမရှိတော့ဘူး”

သူက သူမကိုအရှုံးဝန်ခံဖို့ သတိပေးနေတာပဲ။

“…”

“တာအိုရောင်းရင်းရေ”

“…”

“တာအိုရောင်းရင်း မင်းဘာလို့…”

သူရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပေမဲ့ စကားမဆုံးခင် ငေးကြောင်ကြောင်ဖြစ်နေတဲ့သူ့ပြိုင်ဘက်က ရုတ်တရက် ရဲရဲနီနေတဲ့မျက်လုံးတွေနဲ့ လှည့်ကြည့်လာပြီး သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေနဲ့အတူ သူ့ပေါ်‌ခုန်အုပ်တော့တယ်။

“ငါနင့်ကိုဖျက်ဆီးပစ်မယ် ခွေးကောင်”

ဟမ်။

သူ မတုံ့ပြန်နိုင်ခင် ဝိညာဉ်ချီမရှိတော့တဲ့ သူ့ပြိုင်ဘက်က ရုတ်တရက် သူမ အင်္ကျီကိုတောင် ပြဲသွားစေတဲ့ အားကောင်းမောင်းသန် ကြွက်သားတွေပြတော့တယ်။ သူ့နဂို သေးသွယ်ကျစ်လျစ်တဲ့ ကိုယ်ခန္ဓာလေးက ပိုပြီးကြီးထွားလာပါလေရော။ မျက်လုံးကနေ ဓားတွေ ပစ်လွှတ်နေသလိုမျိုး ဒေါသတွေနဲ့ တောက်လောင်နေတယ်။

“ငါ့လက်ဆောင်ပြန်ပေး”

အန္တရာယ်ပဲ

စကားတစ်လုံးက သူ့စိတ်ထဲ ချက်ချင်းပေါ်လာတယ်။ သူ နောက်ပြန်ဆုတ်ချင်ပေမဲ့ နောက်ကျသွားပြီ။ သူ့အင်္ကျီလည်ထောင် တင်းကျပ်သွားတာကိုခံစားမိပြီး မြေကြီးပေါ် ရက်ရက်စက်စက် ထုထောင်းခံရတော့တယ်။ နောက်တစ်ခဏမှာကဲ မိုးရေစက်တွေလိုမျိုး စစ်မေးမှုတွေနဲ့အတူ ထိုးချက်တွေက မျက်နှာပေါ် ကျဆင်းလာရှာတော့တယ်။

“ငါ့လက်ဆောင်ပြန်ပေး လက်ဆောင်ပြန်ပေး ငါ့လက်ဆောင် ပြန်ပေး…”

တစ်ချက်ချင်းစီက အရင်တစ်ကြိမ်ထက် ပိုအားပါလာတာမို့ ယင်းယွမ်ဖေးအတွက် အတော်ဘေး အခက်တွေ့နေတယ်။ တစ်ခဏနေတော့ ယင်းယွမ်ဖေး လုံးဝသတိလစ်သွားပြီ။

ပြိုင်ပွဲစင်မြင့်မှာ ထိုးချက်သံတွေပဲ ရှိတော့တယ် – ဘန်း… ဘန်း… ဘန်း… – အပ်ခိုးထပ်နေပါလေရော။

ခန်းမတစ်ခုလုံးက ပကတိ‌တိတ်ဆိတ်သွားတယ်။

“…”

သူတို့ ဘာမြင်လိုက်ရတာလဲ။ ခန္ဓာ… ခန္ဓာ ကျင့်ကြံသူပဲ မိန်းကလေး‌တဲ့လေ။ သက်ရှိထင်ရှား ကန်ကျောက်နေတဲ့တစ်ယောက်။

Σ(°△°|||)

ဘာဖြစ်နေလဲ သိတဲ့ ကူယွဲ့ ။ ။ “…”

အဲသံအရုပ်မကဘာလုပ်နေတာလဲ။ ငါ့ရဲ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းတဲ့ တပည့်ပြန်ပေးစမ်းပါ။

ပြိုင်ပွဲရဲ့ သွေးသံရဲရဲ ထိုးကြိတ်မှုက ဆယ်မိနစ်ကြာသွားမှ ဒိုင်လူကြီးခမျာ တုံ့ပြန်နိုင်ပြီး အော်လိုက်ရတယ်။

“ဝူတိ… ဝူတိဂိုဏ်းမှ စစ်ယွီအနိုင်ရ”

နောက်တော့ ဒိုင်လူကြီးက စင်ပေါ်ခုန်တက်ပြီးစစ်ယွီကိုတားဖို့ကြိုးစားလိုက်တယ်။ သူအနားကပ်သွားချိန် အသွင်ပြောင်းထားတဲ့ သံအရုပ်မစစ်ယီံက သူ့ကို စိန်းစိန်းဝါးဝါး လှည့်ကြည့်လေတယ်။ အဲမျက်လုံးတွေက နီရဲနေပြီး သတ်ဖြတ်ချင်စိတ်တွေနဲ့ ရပ်တန့်ဖို့အရိပ်အယောင်မရှိ ဆက်တိုက်ခိုက်နေတယ်။

ဒီမြင်ကွင်းက ဒိုင်လူကြီးကို ကြောက်သွားစေတယ်။

“ရှန်းရင်” ကူယွဲ့ အံကြိတ်ပြီး သူ့ဘေးက လူကိုလှည့်ပြောလိုက်တယ်။ ဒါအကုန်လုံး ဒီကောင်မလေးအပြစ်ပဲ။

“ဟမ်” ရှန်းရင်ကတော့ အူကြောင်ကြောင်။ ဘာလိုချင်လို့လဲ။

“ဆရာ…” ယိချင်းပဲ တည်တည်ငြိမ်ငြိမ် ရှိနေပြီး သတိပေးလေတယ်။

“သူ မရပ်ရင် အဲလူတော့သေတဲ့အထိရိုက်ခံရတော့မယ်” ပြီးတော့ သူ့ခေါင်းက ဒေါသတွေနဲ့ ပြည့်နေတာမို့ ဘယ်သူ့စကားမှ နားမထောင်လောက်ဘူး။

“အော်” ရှန်းရင် နောက်ဆုံးတော့ ဝင်ပြောဖို့ လှမ်းအော်လိုက်တယ်။

“ရှောင်လွိ သူ့ကို မရိုက်နဲ့တော့”

ရှိနေတဲ့လူတိုင်း မှင်တက်ကုန်ပြီး ချက်ချင်းတောင့်ခဲကုန်တယ်။

စစ်ယွီက ဖြည်းဖြည်းချင်းလှည့်ကြည့်လာပြီး သူမတစ်ကိုယ်လုံး တုန်ယင်နေလေတယ်။ နှာရှုံ့ပြီး မျက်ရည်စီးကြောင်းတွေက မထိန်းမချုပ်နိုင် ဒလဟောစီးကျလာတော့တယ်။ မြေကြီးပေါ်က ခေါင်းလောင်းကို လက်ညှိုးထိုးပြီး တဝါးဝါး ငိုပါလေရော။

“ဂိုဏ်းချုပ်၊ ခေါင်းလောင်း… ခေါင်းလောင်း… ကျွန်မခေါင်းလောင်း… ဝါး…”

ရုတ်တရက် နေရာမှာ စစ်ယွီရဲ့ ကြေကြေကွဲကွဲ ငိုသံတွေနဲ့ ပြည့်သွားခဲ့တယ်။

လူအုပ်ကြီး ။ ။ “…”

ဒါဘာအခြေအနေကြီးတုံး။ ဘာလို့ အနိုင်ရသူက အရင်ငိုနေရတာလဲ။ အရိုက်ခံရတဲ့သူကငိုရမှာမဟုတ်ဘူးလား။

Σ(°△°|||)

ရှန်းရင် ရုတ်တရက် နည်းနည်းမလုံမလဲဖြစ်သွားတယ်။ သူမ ပြိုင်ပွဲစင်မြင့်ပေါ်ခုန်တက်ပြီး စစ်ယွီပခုံးကို ပုတ်ပေးလိုက်တယ်။

“မငိုနဲ့တော့ မငိုနဲ့တော့”

“ဂိုဏ်းချုပ်” စစ်ယွီက မှီစရာတိုင်ကို‌ ရှာတွေ့သွားသလိုမျိုး နှာတရှုံ့ရှုံ့လုပ်တော့တယ်။ သူမရဲ့အရှိန်အဝါက လျော့သွားပြီး ချက်ချင်းပဲ ညင်သာပြီး ချစ်ဖို့ကောင်းတဲ့ မိန်းကလေးအဖြစ် ပြောင်းလဲသွားခဲ့တယ်။

“ဒါပေမဲ့… ဒါပေမဲ့ ကျွန်မခေါင်းလောင်း…”

“ဘာမှမဖြစ်ဘူး၊ ကျိုးသွားတော့လည်း ကျိုးသွားတယ်ပေါ့” ရှန်းရင် အိတ်ကပ်ထဲကနေ သကြားလုံးတစ်ခုထုတ်ပြီး ကလေးလို ချော့လိုက်တယ်။

“သကြားလုံးလိုချင်လား”

“ဂိုဏ်းချုပ် ကျွန်မကို ဒါပေးနေတာလား” သူမရဲ့ မျက်ရည်တွေ ရပ်သွားပြီး မယုံကြည်နိုင်တဲ့ အကြည့်ဖြစ်နေတယ်။

“ဒါဆို… ခေါင်းလောင်းအသစ်တစ်ခု လက်ဆောင်ပေးလို့ရလားဟင်”

“သေချာပေါက်ပေ့ါ၊ ငါနောက်ကျ စားဖိုမှူးကိုတစ်ခုလုပ်ခိုင်းလိုက်မယ်”

“ကျေးဇူးပါ ဂိုဏ်းချုပ်”

နှစ်ယောက်သားနောက်ဆုံးတော့ စင်ပေါ်ကဆင်းသွားခဲ့တယ်။

အားလုံး ။ ။ “…”

ဒါ တကယ်ပဲ ဘယ်လိုဂိုဏ်းမျိုးပါလိမ့်

——————

“ဖေဖေနျို၊ အောင်ပွဲအထိမ်းအမှတ် စားသောက်ကြရအောင်”

ရှန်းရင်က အိမ်ထဲ စိတ်ဓာတ်ကျမှုနဲ့ သာယာနေတဲ့ တစ်‌စုံတစ်ယောက်သောလူကို လက်ယမ်းပြလိုက်တယ်။

“မင်းခေါင်းပဲမင်းစား” ကူယွဲ့ လက်ထဲကခွက်ကို တင်းတင်းဆုပ်ကိုင်ပြီး ခွဲမိလေတယ်။ နောက်တော့ ချက်ချင်းပေါက်ကွဲပါလေရော။

“ဘာအောင်ပွဲခံစရာရှိလဲ”

စစ်ယွီက ဒီနှစ်အတွက် ရွှေအမြုတေနယ်ပယ်ရဲ့ ဗိုလ်စွဲသူဖြစ်လာတယ်။ ဝူတိဂိုဏ်းရဲ့ဂုဏ်သတင်းက အထက်ထျန်းလန်လောကတစ်ခုလုံးမှာ ပျံ့နှံ့သွားပြီ။ ဒါပေနဲ့ ကူယွဲ့ကတော့ နည်းနည်းလေးတောင် မပျော်နိုင်ဘဲ ဆဲချင်နေပါတယ်၊ ခွေးမသားဆိုပြီး

အကြောင်းရင်းကတော့ စစ်ယွီနဲ့တိုက်ပွဲကြောင့် အထက်ထျန်းလန်လောကတစ်ခုလုံး ဝူတိဂိုဏ်းရဲ့ တပည့်အားလုံးက ခန္ဓာကျင့်ကြံသူဆိုတာ သိကုန်ကြပြီ။ အစပိုင်းအတွက် ခန္ဓာကျင့်ကြံသူတွေကို သဘောကျတဲ့လူ သိပ်မရှိဘူး။ အခု ဒီလိုကြော်ငြာပုံမျိုးနဲ့ သူတို့ရဲ့အောင်မြင်ဖို့လမ်းကြောင်းက လုံးဝပိတ်ဆို့ခံထားရပြီ။ တစ်ယောက်ယောက် ဝူတိဂိုဏ်းထဲ ဝင်ချင်မလားဆိုတဲ့မျှော်လင့်ချက်ထားဖို့ မလိုတော့ဘူး။ ပိုပြီးတော့ လွယ်ကူတဲ့ကျင့်ကြံနည်းတွေရှိတာကိုး။ ဘယ်သူမှ ခဲယဉ်းတဲ့လမ်းကို လျှောက်ပြီး ခန္ဓာကျင့်ကြံစဉ်မှာ တစ်ဆို့နေမှာမျိုး မလိုချင်ကြဘူး။

နဂိုတုန်းက ကလေးမကိုးယောက်ကို ယှဉ်ပြိုင်ဖို့ခေါ်သွားချိန်တုန်းက တိုက်ပွဲမှာ ဓားသိုင်းတွေကိုပဲ သုံးဖို့ ကြိုတင်ညွှန်ကြားခဲ့တယ်။ ပထမတစ်ချက်က သူတို့က တကယ်ပဲ ဓားသိုင်းမှာ ကျွမ်းကျင်ပြီး ဒုတိယတစ်ချက်ကတော့ ခန္ဓာကျင့်ကြံသူတွေဆိုတဲ့အချက်ကို ဝှက်ထားချင်လို့ပဲ။ တစ်ယောက်ယောက်က သူတို့ခန္ဓာကိုယ်တွေက ပုံမှန်ထက် သန်မာနေတယ်လို့သိသွားရင်တောင် ဓားကျင့်ကြံသူတွေလို့ပဲ တွေးနေဦးမှာ။

ဘုရားရေ အဆုံးမှာတော့…။

ခန္ဓာကျင့်ကြံသူတွေမှာ ဒုတိယအသွင်ရှိဦးမယ်လို့ သောက်ဘယ်သူသိခဲ့မှာလဲ။ တိုက်ပွဲမှာ ကြွက်သားတွေထွက်လာပြီး ချက်ချင်း သံအရုပ်အဖြစ် အသွင်ပြောင်းသွားတယ်လား။

သူ အကျိုးနည်းကစားခံခဲ့ရတာ ဟုတ်တယ်မလား။ ကောင်းကင်ဘုံက သူ့ကိုအချစ်လျော့လာသလို ခံစားနေရတယ်။

(╯‵□′)╯(┻━┻

ခွေးမသား

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset