ERSY အခန်း ၂၅၄

အခန်း ၂၅၄ ။ ဂူထဲမှမြွေကိုမြှားထုတ်

ကျူမင်က မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်တယ်။

“အဲနေ့က ငါ ကောင်းကင်မြေအောက်ဘုံမှာ ထူးခြားတဲ့အရှိန်အဝါရှိနေတာကို မထင်မှတ်ထားဘဲ အာရုံခံမိခဲ့တယ်၊ ငါ အဲနောက်လိုက်တော့ အမတချီဆိုတာ နားလည်လိုက်ရတယ်၊ အဲဒါ ငါအဲကလေးမကို မြင်ခဲ့တဲ့အချိန်ပဲ၊ အဲအချိန် သူက သွေးဝိညာဉ်အင်းကွက်ထဲ ပိတ်မိနေခဲ့တာ၊ ငါ သူ့ကိုအဲထဲကနေ ကယ်ထုတ်ခဲ့တာပဲ”

“သွေးဝိညာဉ်အင်းကွက်” ဖုန့်စန်းက အံ့ဩတကြီး ရေရွတ်ကာ မျက်လုံးပြူးသွားတယ်။

“ဆိုလိုတာက တစ်ယောက်ယောက်က သူမဝိညာဉ်ကို ခိုးဖို့ကြိုးစားခဲ့တာပေါ့”

“အမှန်ပဲ” ကျူမင် ခေါင်းညိတ်ပြီး သူ့အမူအရာက မည်းမှောင်နေတယ်။

“သွေးအင်းကွက်ကို စီရင်နိုင်သူက အတော်လေးကျင့်ကြံဆင့်မြင့်တဲ့ တစ္ဆေအမတပဲဖြစ်ရမယ်၊ ဒီလူက သူမအမတဝိညာဉ်အပေါ် မျက်စိကျနေတာပဲဖြစ်ရမယ်၊ တခြားကောင်းကင်မျိုးနွယ်ဝိညာဉ်တွေထက် အားနည်းတာကိုး၊ အဲဒါကြောင့် သူ့အပိုင်လုပ်ဖို့ သူမဝိညာဉ်ကို စုပ်ထုတ်ဖို့ကြိုးစားပြီး သူမရဲ့အားနည်းတဲ့ ခန္ဓာကိုယ်ကိုတိုက်ခိုက်ဖို့ အင်းကွက်ချခဲ့တာပဲ၊ သူ ကောင်းကင်မြေအောက်ဘုံမှာနေရင် အင်းကွက်ချတဲ့သူက အလွယ်တကူမလွှတ်ပေးမှာစိုးရိမ်တယ်လေ၊ အဲဒါကြောင့် သူ သတိတောင်မရသေးခင် မင်းဆီကိုပို့လိုက်တာပဲ၊ မင်းရဲ့ဝူချီတောင်တန်းအစွမ်းကို သုံးပြီး သူမကို ကာကွယ်ပေးနိုင်မယ်ထင်ခဲ့တာ”

ကူယွဲ့ ။ ။ “…” အဲတော့ သူကအကြောင်းမရှိ အစားထိုးသတို့သမီး လုပ်မိခဲ့တာလား။

“အစ်ကိုကျူ၊ သူ့ကို ဘယ်သူပြန်ပေးဆွဲခဲ့တာလဲ သိလား”

“ငါလည်းမသေချာဘူး” ကျူမင် ခေါင်းယမ်းလိုက်တယ်။

“ငါ သူ့ကိုရှာတွေ့ချိန် အနားမှာ အင်းကွက်ပဲရှိတာ”

ပြောရရင်တော့ ဒီလူ့ကို ဘယ်မှာရှာရမလဲဆိုတာ သူတို့မသိဘူးပေါ့။ ဖုန့်စန်းက ကျူမင်ကိုကျေးဇူးတင်ပြီး မှန်ကိုသိမ်းလိုက်တယ်။

“ဆရာ” ယိချင်းက ရှန်းရင်ဘက်လှည့်လိုက်တယ်။

ဂျပုလေးရဲ့ကျင့်ကြံဆင့်အရ ကောင်းကင်မြေအောက်ဘုံပဲဖြစ်ဖြစ် ကောင်းကင်ဘုံပဲဖြစ်ဖြစ် သူမအတွက် နေရစ်ဖို့အန္တရာယ်များလိမ့်မယ်။

ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။

“လာ ကောင်းကင် မြေအောက်ဘုံဆီ သွားကြစို့”

“ဟုတ်ကဲ့ဆရာ”

မိဘတစ်တွဲက စကားထပြောလေတယ်။

“မြေအောက်လောကက အန္တရာယ်များလွန်းတယ်၊ ယိချင်း ငါတို့-”

“မလိုဘူး” ယိချင်း လှည့်လာပြီး သူတို့ကို စူးစူးစိုက်စိုက်ကြည့်ကာ လုံကျန်းကို ဦးတည်လိုက်တယ်။

“လိုက်လာဖို့မကြိုးစားခင် စိတ်ညစ်စရာ ပြဿနာကို ဖြေရှင်းကြဦး” ဆရာက သူ့အတွက် လုံလောက်နေပြီ။

“အိုး…” နှစ်ယောက်သား စိတ်ပျက်လက်ပျက် တီးတိုးရေရွတ်လိုက်တယ်။

သူတို့ဝမ်းနည်းသွားတယ် – ဆရာက သူ့အမေအရင်းဖြစ်လာသလိုမျိုး ခံစားနေရတယ်။

——————

မြေအောက်လောကက သုံးလောကထဲက ကြွေလွင့်သွားတဲ့ဝိညာဉ်တွေ နေထိုင်စရာနေရာရှာဖို့ သွားကြတဲ့နေရာပဲ။ နေရာတိုင်းမှာ မသေမျိုးချီတွေပြည့်နေတဲ့ကောင်းကင်ဘုံနဲ့ လုံးဝပြောင်းပြန်။ လောကနှစ်ခု တွေ့ကြတဲ့‌ နေရာမှာ ကောင်းကင်တွေနဲ့မြေကြီးကို မျဉ်းကြောင်းလေး တစ်ကြောင်းတည်းက ပိုင်းထားသလိုပဲ။ ကောင်းကင်လောကမှာ မြက်ခင်းစိမ်းတွေ၊ ‌စမ်းရေတွေနဲ့ မသေမျိုးချီတွေ ဖြစ်သင့်တဲ့နေရာမှာ ကောင်းကင်မြေအောက်လောကမှာတော့ ပိန်းပိတ်တဲ့ အမှောင်ထုနဲ့ သေမင်းချီပဲရှိတယ်။

သုံးယောက်သား မြေအောက်ဘုံဆီ ရောက်လာခဲ့ကြတယ်။

“အခုရောဘာလဲ” ကူယွဲ့ သူတို့ပတ်လည်က လေလွင့်ဝိညာဉ်တွေကို ကြည့်လိုက်တယ်။

ယိချင်း အာရုံခံ ဂါထာတစ်ခု ဖန်တီးဖို့ကြိုးစားပေမဲ့ ခဏနေတော့ အလျှော့ပေးလိုက်ရတယ်။

“မရဘူး၊ ဒီမှာသေမင်းချီတွေ အများကြီးပဲ၊ အဲတောအုပ်နက်ထဲမှာရှိခဲ့တဲ့ အငွေ့အသက်က မြေအောက်ဘုံထဲမှာ လုံးဝပျောက်သွားပြီ”

“သေစမ်း” ကူယွဲ့ ပင့်သက်ရှိုက်ပြီး ဆဲလိုက်မိတယ်။

“မြေအောက်ဘုံက ကြီးတာကို – ငါတို့ဘယ်လို ဂျပုလေးကို ရှာမလဲ”

“ငါတို့ဆီ သူလာအောင်လုပ်ရင်ရော” ရှန်းရင်က ရုတ်တရက် ပြောလာတယ်။

နှစ်ယောက်သား ကြောင်သွားပြီး သူမကိုလှည့်ကြည့်တယ်။

“မင်းဘာဆိုလိုတာလဲ”

“ဂျပုလေးကိုဖမ်းသွားတဲ့လူက သူမဝိညာဉ် နောက်လိုက်နေတာမဟုတ်လား”

“အမှန်ပဲ” ယိချင်း ခေါင်းညိတ်လိုက်တယ်။

“အဲသွေးဝိညာဉ်အင်းကွက်က ဝိညာဉ်တွေကို ဝါးမျိုဖို့အတွက် ရည်ရွယ်ထားတာ”

“ငါတို့ဒီမှာလည်း အမတ‌ဝိညာဉ်တွေရှိတယ်လေ” အရမ်းများလို့တော့ မညည်းလောက်ဘူးမလား။

ယိချင်းက တစ်အောင့်စဉ်းစားပြီး နောက်ဆုံးတော့ သဘောပေါက်သွားတယ်။ ဒါကြောင့် သူ ကူယွဲ့ကို လှည့်ကြည့်လိုက်တယ်။

“ဘာလို့ ငါ့ကိုကြည့်နေတာလဲ” ကူယွဲ့ ပေါက်ကွဲပြီး သူ့ကိုဒေါသတကြီး ကြည့်လိုက်တယ်။ မြွေကို ဂူထဲက မျှားခေါ်ထုတ်ဖို့ကြိုးစားတဲ့ အကြံအစည်ကတော့ မဆိုးပါဘူး။ ဒါပေမဲ့…။

“ဘာလို့ ထပ်ပြီးတော့ငါပဲလဲ”

ရှန်းရင် ။ ။ “ငါသွားရင်တောင် လူတွေက ငါ့ကိုမမြင်ဘူးလေ”

ယိချင်း ။ ။ “ကျွန်တော့်မှာ အမတကိုယ်ခန္ဓာ မရှိတော့ဘူးလေ”

“ပြီးတော့ ဖေဖေနျို နင်အဝတ်လဲရသေးဘူးမလား၊ ကွက်တိပဲ ဒါဆို – နင်အဝတ်လဲဖို့မလိုတော့ဘူး၊ တစ်ဖက်လူက မိန်းကလေးတွေကို ကြိုက်တာဖြစ်နိုင်တယ်မလား”

“ဆရာပြောတာမှန်တယ်”

“…” မေ-ိုး

သူ သူတို့အတွေးအခေါ်ကို နားလည်ပေမဲ့ ဘာလို့ ဒီငတုံးနှစ်ကောင်ကို သေတဲ့အထိ ရိုက်သတ်ချင်နေမိတာလဲ။

သူ အသက်ပြင်းပြင်းရှူပြီး ဒေါသတကြီးအတွေးအချို့ကို ဖိနှိပ်ထားလိုက်တယ်။ သူ တစ်ခဏစဉ်းစားပြီး ပြောလိုက်တယ်။

“ကောင်းပြီလေ၊ ငါ သူ့ကို မျှားထုတ်ဖို့ ဝိညာဉ်စုဝေးအင်းကွက်တစ်ခု ချလိုက်မယ်၊ ဒါပေမဲ့ ဒါက ဘယ်လိုပဲဖြစ်ဖြစ် မြေ‌အောက်ဘုံနော်၊ ငါ အမွှေးတိုင်တစ်ချောင်းထွန်းစာလောက်ပဲ တောင့်ခံနိုင်လောက်မှာ၊ မင်းတို့ သေချာပုန်းနေတာကောင်းမယ်၊ တကယ်လို့ သူထွက်ပြေးနိုင်သွားရင် မင်းတို့ ငါ့ဆီက မုန့်ဖိုးရဖို့ကို စဉ်းတောင်မစဉ်းစားနဲ့တော့”

“ဟုတ်ကဲ့ ဖေဖေနျို ကိစ္စမရှိပါဘူး ဖေဖေနျို” နှစ်ယောက်သားက နာနာခံခံ ပြန်ဖြေလေတယ်။

သူတို့ စကားပြောပြီးပြီးချင်း နောက်ကို မီတာ အနည်းငယ်ဆုတ်လိုက်တယ်။ ယိချင်းက အရှိန်အဝါဖုံးအုပ် အဆောင်နှစ်ခုကို ထုတ်ပြီး သူ့ရင်ဘတ်ပေါ်သူ ကပ်လိုက်တယ်။

ဟုတ်တယ်၊ ဆရာက ဒါတွေကိုလိုမှာမဟုတ်ဘူး။

“…”

ကူယွဲ့ ဘာလို့ သူတို့ကို ရိုက်ချင်တဲ့ဆန္ဒက ခုပိုပြင်းထန်လာတာလဲ။

စိတ်ငြိမ်စမ်း စိတ်ငြိမ်စမ်း ဝူတိဂိုဏ်းမှာ ဓားကျင့်စဥ်ကို လေ့ကျင့်နေတဲ့ တစ်ဦးတည်းသော တပည့်အတွက် သူတို့နှစ်ယောက်ကို သည်းခံဖို့လိုတယ်။

ကူယွဲ့က သူနဲ့နှစ်ယောက်ကြားက အကာအဝေးကို ပိုကျယ်အောင် ခပ်ကျယ်ကျယ် ခြေတစ်လှမ်း တိုးလိုက်တယ်။ သူ့လက်နှစ်ဖက်လုံးနဲ့ ဝိညာဉ်စုဝေးအင်းကွက်တစ်ခုကို စီရင်တော့ ခြေထောက်အောက် ပေါ်လာတယ်။ အင်းကွက်က ခပ်မှိန်မှိန်တောက်ပနေလေရဲ့။ အင်းကွက်ထဲက ယင်ချီနဲ့သေမျိုးချီက ရုတ်တရက် ပျောက်သွားတယ်။ အင်းကွက်က မြေအောက်ဘုံရဲ့ ပိန်းပိတ်နေတဲ့အမှောင်ထုထဲ အတော်လေးကို သိသာနေတာ။

ကူယွဲ့ အင်းကွက်ထဲ ဝင်လာပြီး တင်ပျဉ်ခွေထိုင်ချလိုက်တယ်။ သူ့မသေမျိုးချီကို လည်ပတ်စေနေသလိုမျိုး ပြုမူလိုက်တယ်။ ရုတ်တရက် သူ့ပတ်လည်က လေလွင့်ဝိညာဉ်တွေက နောက်ဆုတ်ပြီး ကြောက်ဖို့ကောင်းတဲ့တစ်စုံတစ်ရာကို မြင်လိုက်သလိုမျိုး ထွက်ပြေးကုန်တယ်။

သူ အဲမှာ ဆယ်မိနစ်အပြည့် ထိုင်နေမိတာ။ သူ့ပတ်လည်မှာ လေလွင့်ဝိညာဉ်တွေ နည်းသထက် နည်းလာတယ်ဆိုတဲ့အချက်ကလွဲ သိသာမြင်သာတဲ့ ကွာခြားချက်မရှိဘူး။ သူ့ပတ်လည်က အရာအားလုံးဟာ ကြက်သီးထစရာကောင်းအောင် တိတ်ဆိတ်နေတယ်။

သူတို့အစီအစဉ် အလုပ်မဖြစ်တာလား။

ကူယွဲ့မျက်မှောင်ကြုတ်လိုက်တယ်။ တစ်ဖက်လူက သူတို့လှည့်ကွက်ကို သိသွားတာဖြစ်နိုင်လား။ ဒါမှမဟုတ် သူတို့ ကောင်းကင်မြေအောက်ဘုံဆီ ခြေချတည်းက သူတို့ဒီရောက်နေပြီဆိုတာ သူက သိပြီးသားလား။

ကူယွဲ့ မသေမျိုးချီကို ပြန်ရုပ်သိမ်းဖို့စဉ်းစားမိလိုက်တယ်။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်မြေအောက်ဘုံလေ။ ယင်ချီကနေ သူ့ကိုယ်သူ ယာယီကာဆီးထားနိုင်ပေမဲ့ အကြာကြီးဆက်ထိန်းမထားနိုင်ဘူး။

သူ အတွေးထဲ နစ်မျောနေပြီး အင်းကွက်ကို ပြန်ရုပ်သိမ်းမို့ရှိသေး သူ့ပတ်လည်က လေလွင့်ဝိညာဉ်တွေနဲ့ကွဲပြားတဲ့ ကြက်သီးထစရာ ယင်အရှိန်အဝါကိုခံစားမိလိုက်တယ်။ အဲအရှိန်အဝါက သူ့ဆီကို တန်းတန်းမတ်မတ်ဦးတည်လာတာ။

လာနေပြီ။

သူ့ရင်ထဲ ထိတ်သွားတယ်။ သူ ချက်ချင်း သူ့ကိုယ်ကိုကာဖို့ ချီသုံးပြီး နံရံတစ်ချပ်ဆင့်ခေါ်လိုက်တယ်။ သူ တိုက်မိသံကျယ်ကြီး ကြားလိုက်ရပြီး ချီမည်းလုံးကြီးတစ်လုံးက နံရံကိုဝင်တိုက်တယ်။ နံရံက ကူယွဲ့ကိုကာထားတဲ့အင်းကွက်နဲ့အတူ အပိုင်းပိုင်းပျက်စီးသွားခဲ့တယ်။

ကူယွဲ့ ချက်ချင်း အက်ကွဲစတွေကြောင့် ထိခိုက်မှာကို‌ ရှောင်ဖို့ ပေအနည်းငယ်ဆုတ်လိုက်တယ်။

“ဘယ်သူလဲ”

“ဟီးဟီးဟီး…” ကြက်သီးထစရာရယ်သံ ထွက်လာတယ်။

ချီမည်းလုံးက ပျောက်သွားပြီး နေရာမှာ လူတစ်ယောက်အစားဝင်လာတယ်။ အမည်းရောင်ဝတ်ရုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ သူမက အတော်လေးကို ဖြူဖျော့နေပြီး မျက်လုံးတွေက ရဲနေတယ်။ မျက်ရည်တွေအစား သွေးတွေက ပါးပြင်ပေါ်စီးကျနေလေရဲ့။ သွေးတွေက သူမမျက်နှာပေါ်ကနေ မြေပြင်ပေါ် တစက်စက် စီးကျနေတော့တာပဲ။ သူမက ကူယွဲ့ကို ရူးနှမ်းနေတဲ့အကြည့်နဲ့ ကြည့်လာတယ်။

“အမတဝိညာဉ်၊ ငါ့အမတဝိညာဉ်၊ ငါ့ဟာ… ငါ့ဟာ”

ယင်ချီတွေ အများကြီး သူမကိုယ်ကနေ လျှံထွက်လာတယ်။ သူတို့နှစ်ယောက်ခေါင်းပေါ် အင်းကွက်ကြီးတစ်ခု ပေါ်လာပြီး ရဲရဲတောက်နီနေတယ်။

“သွေးဝိညာဉ်အင်းကွက်” ကူယွဲ့အထိတ်တလန့်ရေရွတ်လိုက်တယ်။ သူလှည့်ကာ အာခေါင်ခြစ် အော်လိုက်တယ်။

“ရှန်းရင်”

နောက်အခိုက်အတန့်မှာတော့ ဓားမိုးရွာတော့တယ်။ ဓားတွေအားလုံးက တစ္ဆေအမတဆီဦးတည်နေပြီး သူမဆီ ထိုးစိုက်လာတယ်။ သူတို့က ထူထဲတဲ့ယင်ချီကိုဖြတ်သန်းပြီး အမျိုးသမီးကိုပါဖြတ်သွားကာ ခန္ဓာကိုယ်မှာအပေါက်‌ပေါက်တွေ ဖြစ်စေခဲ့တယ်။ သူမ ခေါင်းတောင် နှစ်ခြမ်းကွဲသွားလေရဲ့။

ဒါတောင် သူ့ပုံစံက ဘာနာကျင်မှုမှမခံစားရတဲ့ပုံ။ သူမက တစ်ဖက်လှည့်ပြီး ယိချင်းကို သွေးတွေစီးနေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်တယ်။ သူမကိုယ်ပေါ်က အပေါက်တွေက ပြန်ပြည့်စပြုလာလို့ ဘယ်တုန်းကမှ အပိုင်းပိုင်းခုတ်မခံခဲ့ရသလိုပဲ။

“အမတဝိညာဉ်၊ ငါ့အမတဝိညာဉ်…” သူမ စကားပြောပြီးချိန် ရှန်းရင်‌ဆီ တစ်ရှိန်ထိုးပြေး‌လာတယ်။ ကြောက်ခမန်းလိလိယင်ချီပမာဏက မြေပြင်ဆီ တစ်ရှိန်ထိုးဦးတည်တော့တယ်။

ကူယွဲ့ထခုန်ကာ အော်လိုက်တယ်။

“ရှန်းရင် သတိထား သူ့မှာ ကိုယ်ထည်မရှိဘူး၊ မင်း-”

ဘန်း

သူ စကားမ‌ဆုံးခင် တစ္ဆေအမတ ပါးရိုက်ခံရပြီး ရှန်းရင်လက်ဖဝါးနဲ့ ဖိချတာ ခံလိုက်ရတော့တယ်။ ရှန်းရင်က သူ့ဘက်မျက်နှာလှည့်လာတယ်။

“ဖေဖေနျို နင်ဘာပြောလိုက်တာလဲ”

“… ဘာ- ဘာမှမဟုတ်ဘူး” ငါ-ိုး

“အမတဝိညာဉ်၊ အမတဝိညာဉ်…” တစ္ဆေအမတက ရှန်းရင် မြေကြီးပေါ်ဖိကပ်ထားတာ ခံနေရပေမဲ့ ကူယွဲ့နဲ့ယိချင်းကို ဆက်စိုက်ကြည့်နေတယ်။

ကူယွဲ့ ရှေ့ကို အမြန်တက်လာခဲ့တယ်။

“မင်း စောနက အမတဘုံကနေ ဖမ်းလာတဲ့တခြားသူရော ဘယ်မှာလဲ”

တစ္တေအမတက သူ့ကိုကြားပုံမပေါ်ဘဲ ရှန်းရင်လထဲကနေသာ ရုန်း‌ထွက်ဖို့ဆက်ကြိုးစားကာ ကူယွဲ့ကို တိုက်ခိုက်

ဖို့ လုပ်နေတယ်။ သူမကြည့်ရတာ စောနကထက်တောင် ရူးနေတဲ့ပုံ။

ဒီမိန်းမက… ဘာဖြစ်နေတာလဲ။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset