အခန်း ၆၇။ မသန့်စင်သော ဓားကျင့်ကြံသူ
“ဂိုဏ်းချုပ်” နားချိန်ကို အသုံးချပြီးအနူးညံ့ဆုံးအကျင့်စရိုက်ရှိတဲ့အစ်မစစ်ယွီက ဖြတ်သန်းသွားတဲ့ အဲ့ဒီcheat ကို လှမ်းမတားဘဲ မနေနိုင်ဘူး။
“ဟေ့ ညီမ စိမ်းလေး”
ကူယွဲ့က တစ်ချက်ကြည့်ပြီးတော့ တွေးလိုက်တယ်။ ညီမစိမ်းလေးက ဘယ်သူလဲ။ လှည့်ကြည့်လိုက်တဲ့အချိန်မှာ စစ်ယွီလို့ အမည်ရတဲ့တပည့်က အစိမ်းရောင်ဝတ်ရုံဝတ်ထားမှန်း သူ သဘောပေါက်သွားတယ်။
တကယ်ပါပဲ … သူက နာမည်တွေ မမှတ်မိနိုင်သေးဘူး။
“စားချင်လို့လား” ရှန်းရင်က သူမ သစ်သီးကို ကိုက်ဝါးရင်းနဲ့မေးလိုက်တယ်။
“မလို … မလိုပါဘူး” စစ်ယွီက ရှက်သွေးဖြာပြီးတော့ ပေးလာတဲ့သစ်သီးကို ပြန်တွန်းထုတ်လိုက်တယ်။
“ဂိုဏ်းချုပ်ကို အကြံဉာဏ်တောင်းစရာမေးခွန်းတစ်ခု ရှိရုံပါပဲ”
“ပြောကြည့်လေ” ရှန်းရင်က အမှုမထားတဲ့အမူအရာနဲ့ ခေါင်းညိတ်လိုက်တယ်။
“အစောတုန်းက ကျွန်မတို့ရဲ့ဓားသိုင်းကွက်တွေကို ဘယ် … ဘယ်လိုထင်လဲ။ ကျွန်မတို့ ဘာချို့တဲ့နေလဲ”
“ချီး …” ကူယွဲ့က ချက်ချင်းစိတ်လေသွားတော့တယ်။ သူက ဘာမဆိုသိနေတဲ့ပုံနဲ့။
“အတော်ကောင်းပါတယ်” ထင်တဲ့အတိုင်းပဲ။ ရှန်းရင်က ခဏတာ တောင့်တင်းသွားပြီးတော့ ဘယ်ကြည့်ညာကြည့်နဲ့ ဖျစ်ညစ်ပြောလိုက်တယ်။ “နင်တို့ချို့တဲ့နေတာက ခွန်အားများလား” စစ်ယွီက ကြောင်အစွာငေးကြည့်နေတော့တယ်။
“ဆိုရိုးစကားရှိတယ်မလား … သန်မာတဲ့သူတစ်ယောက်က စွမ်းအင်ဆယ်မျိုးရှိတဲ့သူတစ်ယောက်ကို အနိုင်ယူနိုင်တယ်လေ”
ကူယွဲ့ … မင်း ပုံစံတူ တုပတဲ့ကောင်။
စစ်ယွီက အဲ့ဒီနေရာမှာကြောင်ငေးကြည့်နေပြီးတော့ သူမနားမှာရှိတဲ့ ကျန်တဲ့မိန်းကလေးတွေနဲ့အတူ မျက်လုံးလက်သွားရောပဲ။ ကြည်ညိုလေးစားတဲ့အကြည့်တွေနဲ့သူမက ပြောလိုက်တော့တယ်။
“ကျွန်မ အခုနားလည်သွားပါပြီ။ လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
ဟေ့ … မင်းတို့ကောင်တွေ အဲဒါကို တကယ်ယုံနိုင်ရဲ့လား။
o(╯□╰)o
နေစမ်းပါဦး … အစောတုန်းက စကားပြောခန်းက ဘာကြောင့်ရင်းနှီးသလိုခံစားနေရတာပါလိမ့်။ ယိချင်းရဲ့ ဦးနှောက်ပျက်နေတဲ့ ပရိသတ်ပုံမျက်နှာကြီးက သူ့စိတ်ထဲမှာ ချက်ချင်းပေါ်လာကောပဲ။
သူတို့ကကော …
သူက ချက်ချင်းပဲ ရှိနေတဲ့မိန်းကလေးတွေအားလုံးကို သိမ်းကြုံးကြည့်လိုက်တယ်။ တော်ပါသေးရဲ့ … ဘယ်သူမှ ဉာဏ်အလင်း မပွင့်သွားလို့။
စစ်ယွီကတောင် လေးလေးနက်နက် အရိုအသေပေးပြီးတော့ ဆက်ပြီးလေ့ကျင့်ဖို့ပြန်ပြေးလာတယ်။ အခုချိန်မှ တစ်ခုတည်းသောကွာသွားတာက အရင်ကနဲ့ယှဉ်ရင် သူတို့တွေက ပိုပြီးတော့ အလုပ်ကြိုးစားလာတာပဲ။ ကျန်တဲ့သူတွေကလည်း သူတို့ဓားတွေလွှဲယမ်းပြီး အကွက်တိုင်းမှာ အားတွေပိုသုံးလာတယ်။
ကူယွဲ့က နောက်ဆုံးတော့ သက်ပြင်းချလိုက်မိတယ်။ နောက်တစ်နေ့မှာ ရှန်းရင်ကို အဓိပ္ပာယ်မရှိတဲ့ အကြံဉာဏ်တွေမပေးအောင် သူ့သင်ကြားရေးအစီအစဉ်တွေ မနှောင့်ယှက်နိုင်အောင်လို့ အသစ်တည်ဆောက်ထားတဲ့ မီးဖိုချောင်နဲ့ မုန်လာဥရဲ့စိုက်ခင်းကြာထဲမှာ ပို့ဆောင်ရေးအစီအရင် တစ်ခုတည်ဆောက်လိုက်တယ်။ သူမက အရံဟင်းလျာတွေယူဖို့အတွက် ယာယီစားဖိုမှူးကို ကူညီပေးတဲ့အချိန် အဲ့ဒီဧရိယာကို ဖြတ်သွားဖို့မလိုတော့ဘူး။
ထူးဆန်းတဲ့အရာက သူတို့လေးစားတဲ့အိုင်ဒေါကို မတွေ့ရတာကြောင့် မိန်းကလေးတွေရဲ့ စိတ်အားထက်သန်စွာ သင်ယူလိုစိတ်က ပျောက်မသွားတာပဲ။ ဒါပေမဲ့ သူတို့က အဲ့ဒီအစားပိုတောင်အလုပ်ကြိုးစားလာတယ်။ သူတို့ဓားချက်တွေက ပိုတောင်မာကျောလာတယ်။ သူတို့တွေက သူတို့ကိုယ်ပိုင်စံချိန်ကိုတောင် အချိန်တိုအတွင်း ချိုးဖြတ်ခဲ့ကြတာ။ တခါတလေ ညအချိန်မှာတောင် သူကောင်းကင်ဆီ အာရုံကိုမတော်တဆဖြန့်ကျက်မိတဲ့အချိန် သူတို့တွေက ကျောက်နံရံကို မျက်နှာမူပြီး လက်ဗလာနဲ့ တိတ်တဆိတ်ခိုးလေ့ကျင့်နေမှန်း သူ သဘောပေါက်သွားတယ်။
တစ်ခုခုလွဲချော်နေသလိုပဲ … ဒါပေမဲ့ အတိအကျ ဘာများလဲ။
သူ ခဏလောက်စဉ်းစားလိုက်တယ်။ ဒါပေမဲ့ အတွေးက မပေါ်လာဘူး။ သူ အခုအချိန်မှာ သူလုပ်နိုင်တာက သူ သင်ပြပေးနေတဲ့အတော်အတွင်းမှာ လေ့ကျင့်မှုနဲ့ အနားယူမှုကြား သင့်တော်တဲ့ဟန်ချက်တစ်ခုကိုထိန်းထားဖို့ပဲ။ ဒါပေမဲ့ သူတို့တွေက တတ်စွမ်းသမျှအားကုန်ထုတ်ပြီး လေ့ကျင့်တဲ့အဟုန်ကို လျော့မဲ့ပုံမပေါ်ဘူး။ သူတို့ရဲ့နည်းစနစ်တွေကလည်း ပိုပြီးကျွမ်းကျင်လာတယ်။ သူတို့ကပိုသန်မာလာပြီး သူ့တို့ခွန်အားနဲ့ အနီးအနားက အငွေ့အသက်တွေကလည်း ဓားသိုင်းကျင့်ကြံသူတွေနဲ့ သိပ်မတူတော့သလိုလို။
စစ်ယွီက အစတုန်းက အသေးစားယှဉ်ပြိုင်ပွဲလေး ပြုလုပ်ပေးတဲ့အချိန် လူကောင်အသေးဆုံး အစ်မစစ်ယွီက သူမလက်ထဲက သူမလက်ထဲက ဓားကိုပစ်ထုတ်ပြီး လက်သီးဆုပ်လိုက်တယ်။ ပြီးတော့ ကျောက်နံရံကို လက်သီးနဲ့ထိုးချလိုက်ကောပဲ။
ကူယွဲ “…” သူမရဲ့လက်မောင်းပေါ်က ကြွက်သားတွေကိုကြည့်ပြီး သူက ဝမ်းသာအားရ ဟစ်ကြွေးမိတော့မလိုဘဲ။ နောက်ဆုံးတော့ ဘာလွဲချော်နေမှန်း သဘောပေါက်သွားပြီ။
အဲ့ဒီခွန်အားနဲ့ တိုက်ခိုက်ရေးပုံစံ၊ အဲ့ဒီလက်သီးမှာ သတ်ဖြတ်လိုစိတ်တွေပြည့်နေတာ။ ဒါက ဓားသိုင်းကျင့်ကြံသူ မဟုတ်ဘူး။ ဒါက ခန္ဓာကိုယ်ကျင့်ကြံမှုစစ်စစ်ပဲလေ။
(╯‵□′)╯(┻━┻
ဟိုလီရှစ် … သူက သူတို့ကို ဓားသိုင်းလေ့ကျင့်ပေးတာလေ။ သူတို့ခန္ဓာကိုယ်ကိုမဟုတ်ဘူး။ သူတို့ခန္ဓာကိုယ်ပိုကြမ်းတမ်းပြီး ကြမ်းကြုတ်လာတယ်။ ဓားမသုံးချင်တော့ဘဲ ပြဿနာကို ဖြေရှင်းဖို့ သူတို့လက်သီးကိုပဲသုံးချင်နေတာ။ သူတို့ဘာဖြစ်သွားတာလဲ။ သူ သင်ပေးခဲ့တဲ့ဓားသိုင်းတွေက ဘာဖြစ်သွားတာလဲ။ သူတို့စားလိုက်တာများလား။
“ဟမ် … ဒီနေ့ ငါ့ရဲ့ဝိညာဉ်ချီက ဘာကြောင့်ပိုသန်မာလာတယ်လို့ခံစားမိနေတာလဲ” စစ်ယွီက ပြိုင်ပွဲကို အနိုင်ရပြီးတဲ့နောက်မှာ မျက်မှောင်ကျုံ့လိုက်မိတယ်။
“အား … မဟုတ်ဘူး။ ဂိုဏ်းတူညီမ … နင့်ရဲ့အမြုတေဖွဲ့စည်းမှုက ပြီးမြောက်သွားပြီ” ယွီဟုန်က တအံ့တဩနဲ့အော်လိုက်တယ်။ “မြန်မြန်ထိုင်လိုက် … အာရုံစူးစိုက်။ နင့်ရဲ့ချီတွေကိုစုစည်းပြီး နင့်ရဲ့အမြုတေဖွဲ့တည်မှုကို အာရုံပြုထား”
ရုတ်တရက်ကြီး ပတ်ဝန်းကျင်ထဲက ဝိညာဉ်ချီအဆင့်တွေက မြင့်တက်လာပြီး စစ်ယွီဆီ ရောက်သွားတော့တယ်။
“အဆင့် … အဆင့်တက်သွားတာလား”
“အမြုတေဖွဲ့နေတဲ့အတောအတွင်း ကြောက်စရာအကောင်းဆုံးက နှောင့်ယှက်ခံရတာပဲ။ လူတိုင်း နောက်တစ်လှမ်းဆုတ်ကြ” ကူယွဲ့က ရှေ့တစ်လှမ်းတိုးပြီးတော့ ဝိညာဉ်ချီကိုစုစည်းဖို့ အစီအရင် အခင်းအကျင်းတစ်ချို့ပြင်ဆင်ပြီး ကျန်တဲ့သူတွေကို မီတာ တစ်ဒါဇင်လောက်နောက်ဆုတ် ခိုင်းလိုက်တယ်။
ကောင်းကင်က ချက်ချင်းနက်မှောင်သွားပြီး မိုးကြိုးတိမ်တိုက်တွေက အထက်မှာစုဝေးလိုက်ရောပဲ။ ကွင်းလယ်က ဝိညာဉ်ချီတွေကမြင့်တက်လာပြီး လောကကြီးရဲ့စွမ်းဆောင်ရည်တွေကလည်း ဖြည်းဖြည်းချင်းပေါ်လာတယ်။
ဝိညာဉ်ဖွဲ့တည်ခြင်းကျင့်ကြံသူအတွက် ဘာမှမဟုတ်ပေမဲ့ ရွှေအမြုတေအဆင့်အောက်က တပည့်တွေအတွက်တော့ ကြီးကြီးမားမားဆောင်ရွက်မှုပဲ။ ဒါပေမဲ့ သူက သီးခြားအစီအရင် တစ်ခုတည်ဆောက်တော့မဲ့အချိန်မှာ လှည့်ကြည့်လိုက်တဲ့အချိန် တပည့်လေးငါးယောက်က လောကကြီးရဲ့စွမ်းဆောင်ရည်ကြောင့် သက်ရောက်ခံရပြီး နေရာမှာပဲ ချက်ချင်းထိုင်ချပြီး တရားထိုင်ချလိုက်တာကို တွေ့လိုက်ရတယ်။ သူတို့ကျင့်ကြံဆင့်တွေတောင် တစ်ဆင့်တက်သွားတယ်။
ဟိုလီရှစ် … ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဒါက … ဒါက
တစ်ယောက်က အမြုတေဖွဲ့တည်ပြီးသွားတဲ့အချိန် ကျန်တဲ့သူလေးငါးယောက်ကလည်း အဆင့်သေးလေးတစ်ဆင့်တက်သွားကြတယ်။ ခန္ဓာသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက်ရဲ့ အောင်မြင်တဲ့ နောက်ပြန်လှည့်နိုင်မှာမဟုတ်ဘူး။ ဝှက်သယ်ဟဲ… ဒါထက်ပိုပြီး ဆိုးရွားတာ ရှိသေးရဲ့လား။ ဓားကျင့်ကြံမှုကိုတောင် သံသယဝင်လာမိပြီ။ သူတို့ဘာကြောင့်များ ခန္ဓာကိုယ်ကျင့်ကြံရတာလဲ။
∑q|゚Д゚|p
ခန္ဓာကျင့်ကြံသူတွေဆိုတာဘာလဲ။ သူတို့တွေက လက်သီးနဲ့ပဲစကားပြောဖို့သိတဲ့လူတွေ။ ဘာအရည်အချင်းမှ မရှိဘူး။ သူတို့ခန္ဓာကိုယ်ကိုပဲ လေ့ကျင့်တာလေ။ မင်းတို့တွေက မိန်းကလေးတစ်စု မဟုတ်ဘူးလား။ ဘာကြောင့်များ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ မိစ္ဆာနတ်ဆိုးသတ္တဝါတွေလိုဖြစ်ချင်ရတာလဲ။ ခန္ဓာကျင့်ကြံတဲ့သူ တစ်ယောက်အနေနဲ့ ကြမ်းတမ်းတဲ့ အသားအရေ မာကျောတဲ့ကြွက်သားတွေရှိတာ ဘာများကောင်းလို့လဲ။ ထျန်းလန်လောက သုံးပါးထဲမှာ ခန္ဓာကျင့်ကြံသူအမျိုးသားအနည်းစုပဲ ရှိရုံတင်မကဘူး။ အမျိုးသမီးတွေက ပိုတောင် နည်းသေးတာမလား။ ဘာကြောင့် ဒီလူတွေက ကြိုးကြိုးစားစား လေ့ကျင့်ရတာလဲ။
နောင်ကျ တစ်ဂိုဏ်းလုံးမှာ သံမဏိဘာဘီလေးတွေနဲ့ပြည့်နေမဲ့ ဝေဝါးဝါးမြင်ကွင်းတစ်ခုကို သူ ရုတ်တရက်မြင်လိုက်ရကောပဲ။
သေစမ်း … သူစိတ်ထဲပင်ပန်းနေပြီ။ သူထွက်ချင်နေပြီ။
အခုတစ်ခေါက်မှာတော့ စစ်ယွီရဲ့ မိုးကြိုးဝဋ်ကြွေးက လေးနာရီလောက်ကြာခဲ့တာ။ မိုးကြိုးတိုင်းက ပိုပြင်းလာပြီး နတ်ဝိညာဉ်ရဲ့မိုးကြိုးသိပ်သည်းမှုလောက်တော့မဆိုးဘူး။ ခန္ဓာကျင့်ကြံသူတွေက အထုအထောင်းခံရပြီး မြင့်တင်ရတာ။ မိုးကြိုးပစ်ချက်တိုင်းက မိုးကြိုးဒဏ်အောက်က လူတစ်ယောက်ရဲ့ ချီသွေးကြောတွေကို ဖြိုခွဲပြီး သူတို့ကို ပြန်ကုသပေးဖို့ ဝိညာဉ်ချီတွေကိုသုံးတာ ဒီနည်းနဲ့ပဲ ခန္ဓာကိုယ်ကိုဖွဲ့တည်ကြတယ်။ တခြားကျင့်ကြံသူတွေနဲ့ယှဉ်ရင် ခန္ဓာကျင့်ကြံသူတွေရဲ့ မိုးကြိုးဝဋ်ကြွေးက ပိုကြမ်းကြုတ်ပြီး ကြောက်ဖို့ကောင်းတယ်။ စုစုပေါင်း မိုးကြိုးရှစ်ဆယ့်တစ်ချက် ပစ်ခံရပြီး သူတို့တွေက ပြန်လည်မွေးဖွားလာတဲ့ လက္ခဏာပဲ။
အထက်ထျန်းလန်လောကမှာ ခန္ဓာကျင့်ကြံသူတွေကမရှိသလောက်ပဲ။ ရှိခဲ့ရင်တောင် သူတို့တွေက အမြုတေဖွဲ့တည်နေတဲ့အချိန်မှာ မိုးကြိုးပစ်လို့သေလောက်ပြီ။ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်က မိစ္ဆာလောက်မသန်မာဘူး။ ဒါပေမဲ့ ညီမစစ်ယွီက အားတင်းပြီးတောင့်ခံထားတဲ့။ မိုးကြိုးရှစ်ဆယ့်တစ်ချက် ပစ်ခံရပြီး ပြီးသွားတဲ့အချိန်မှာ တူးခြစ်နေတဲ့ခန္ဓာကိုယ်ပဲကျန်ခဲ့တယ်။ သူမက အမြုတေ ပြီးမြောက်အောင်လို့ အံကြိတ်ပြီးတောင့်ခံနေတယ်။
မိုးကြိုးတိမ်တိုက်တွေပြီးသွားတဲ့အချိန်မှာ ကောင်းကင်က ဝဋ်ကြွေးဒဏ်ခံထားရတဲ့လူပေါ် ရွာသွန်းပေးတော့တယ်။ အစ်မစစ်ယွီရဲ့ခန္ဓာကိုယ်က အသားတွေပြန်တက်လာပြီး ကြွက်သားတွေပြည့်နေရင်းနဲ့ အရင်လူပုံစံပြန်ပေါ်လာတယ်။ ဒါပေမဲ့ သူမက ထရပ်ဖို့အားနည်းနေလွန်းတယ်။
အတိအကျလဝက်ကြာပြီးတဲ့နောက်မှာ သူမက ပြန်ကောင်းလာပြီး ကျင့်ကြံဆင့်ကတည်ငြိမ် သွားတယ်။ ကျန်တဲ့သူတွေကတောင် ကျင့်ကြံဆင့်ပိုကောင်းလာတာ။ အမြုတေအပြည့်အဝ ဖွဲ့တည်ပြီးတဲ့ စစ်ယွီနဲ့မတူပေမဲ့ သူတို့တွေက အနည်းဆုံးတော့ အဆင့်သေးတစ်ဆင့် တိုးသွားကြတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ကိုကျင့်ကြံခဲ့တဲ့အချက်တွေက မပြောင်းလဲတော့ဘူး။
ဒီအချက်ကို နားလည်သဘောပေါက်ပြီးနောက်ကူယွဲ့က ရှန်းရင်ကို သူ့လက်နဲ့ ဆုတ်ဖြဲပစ်ချင်တော့ကောပဲ။
အဲဒီcheat ဘာလုပ်နိုင်လဲကြည့်လေ။ အဲ့ဒီစကားတစ်ခွန်းကြောင့် သန်မာတဲ့လူတစ်ယောက်က ဆယ်ယောက်ကို ကျော်လွှားနိုင်တယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့် လူတိုင်းက ဒီလိမ်ဖယ်နေတဲ့လမ်းကြောင်းကို လျှောက်ရပြီ။
ငါ့ကျောင်းသားတွေပြန်ပေး။
ထူးဆန်းတဲ့အရာက သူတို့အားလုံးက ခန္ဓာကျင့်ကြံတဲ့သူတွေဖြစ်လာတဲ့အချက်ကို မဆန့်ကျင်ရုံ မကဘူး သူတို့က အဲ့ဒီအစား ပျော်ရွှင်ပုံပေါ်နေသလိုပဲ။ ဒုတိယနေ့ကစ သူတို့ရဲ့ဓားတွေကို ပျော်ပျော်ရွှင်ရွှင် ဘေးချိတ်ပြီး ခန္ဓာကိုယ်နဲ့လက်သီးတွေနဲ့ပဲ စပြီးလေ့ကျင့်တော့တယ်။ နောက်ဆုံးတော့ လျှို့ဝှက်ချက် ဖြစ်သွားသလိုမျိုးပေါ့။ အစတုန်းက သူက ဓားကျင့်ကြံသူတွေကို သင်ပေးနေရတာလို့ တွေးခဲ့တာလေ။ ခွေးမသား …
သူတို့ဓားကျင့်ကြံသူဖြစ်လာချင်တာလို့ တွေးမိတဲ့သူက သူတစ်ယောက်တည်းပဲလား။
ဟမ် … ဦးနှောက်ပျက်နေတဲ့ ပရိသတ်တွေ။ မင်းတို့မှာ အကြံဉာဏ်တွေ အများကြီး ရှိနေသေးတယ်ဆိုရင် ဘာကြောင့်ရှိနေသေးတာလဲ။ ငါ မင်းတို့ကို စိတ်ထဲမထားတော့ဘူး။
ကူယွဲ့က သူ့တာဝန်ဝတ္တရားတွေကို ဘေးချိတ်ပြီး ထွက်သွားတော့မဲ့အချိန်မှာပဲ မထင်မှတ်ထားတဲ့သတင်းတစ်ခု ရလိုက်တယ်။ သူက ထွက်သွားချင်စိတ်ကို ချက်ချင်းဖိနှိပ်ထားလိုက်ရောပဲ။
…