အခန်း ၁၄၂ ။ အနန္တပုံရိပ်ယောင်ဓားအစီအရင်
သုံးယောက်သား ထွက်သွားတော့မှာကိုမြင်ပြီး ပါးစပ်ဟောင်းသားနဲ့ ရပ်နေမိတယ်။ နောက်တစ်ကြိမ် သူ သူတို့ကိုတားဖို့ ကြိုးစားလိုက်တယ်။
“ဟင့်အင်း၊ ငါတို့ ဝင်ပေါက်ရောက်နေပြီပဲ၊ အထဲဝင်ပြီး တစ်ချက်ကြည့်ရုံလေ၊ ဟုတ်ပြီလား၊ ဘယ်သူသိမှာလဲ… ဘယ်သူသိမှာလဲ ပိုပြီးကောင်းတဲ့ ကုန်ကြမ်းတွေ ရှိရင်ရှိမှာပေါ့”
“ပြန်ရတဲ့နှုန်းက နိမ့်လွန်းရင် ရင်းနှီးရတာမတန်ဘူးလေ” ကူယွဲ့မျက်နှာက လုံးဝအတည်ပေါက်။
အဲလောက်ကြီး စိတ်ပိုင်းဖြတ်ထားမှလား။ တန်ဖိုးရှိတဲ့ရတနာတွေ ဒီမှာရှိနေတာ အသိသာကြီးပဲကို။ သူတို့ တုံးတာလား။ ဘာလို့ကျောက်တွင်းကိုတူးဖို့ ရွေးရတာလဲ။
“ခဏ” ရွှင်ရှူး ခေါင်းငုံ့ပြီး အံကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်တယ်။
“ငါမင်းတို့ကို အမှန်တိုင်းပြောပြမယ်၊ ဒီလို အားကြီးတဲ့ ဓားအစီအရင်ထဲမှာ တန်ဖိုးရှိတာတစ်ခုခုဝှက်ထားတာဖြစ်ရမယ်၊ ဖြစ်နိုင်တာက… ဖြစ်နိုင်တာက ကောင်းကင်အစီအရင်ခြောက်မျိုးဓားပဲ”
သုံးယောက်သားက ရပ်သွားပြီး အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ အတူတူ သူတို့ဖြေလာတာက “အိုး”
“အိုး” အဲဒါဘာသဘောလဲ။
“အဲတော့ဘာဖြစ်လဲ”
“အဲတော့”
“ခင်ဗျားက အသံသွင်းစက်လား”
“အသံ ဘာကြီး”
“ဟူး…” ကူယွဲ့ သက်ပြင်းချပြီး မျက်ဆံလှန်လိုက်မိတယ်။
“ဆိုလိုတာက တကယ်လို့ ကောင်းကင်အစီအရင်ခြောက်မျိုးဓားက တကယ်ပဲ အထဲမှာရှိနေရင်တောင် ကျွန်တော်တို့က ဘာလုပ်ရမှာလဲ”
“ဟမ်၊ အဲဒါ… အဲဒါ ကောင်းကင်အစီအရင်ခြောက်မျိုးဓားနော်၊ မင်းတို့ လာရှာတာမဟုတ်… အာ ဖွီ၊ မင်းတို့ ဓားကိုရှာဖို့ လာတာမဟုတ်ရင်တောင် အနည်းဆုံးတော့ မလိုချင်ဘူးလား၊ ကောင်းကင်လက်နက်နော်၊ သတိပေးပါရစေ၊ ကောင်းကင်လက်နက်ဟ” နည်းနည်းလေးတောင် စိတ်မဝင်စားဘူးလား။
“ကျွန်တော်တို့ မလိုချင်ဘူး” ကူယွဲ့ တည်တည်ငြိမ်ငြိမ် ဖြေလိုက်တယ်။ တခြားနှစ်ယောက်ဆို ပျင်းနေတဲ့ပုံ။
“ဘယ်လိုပဲဖြစ်ဖြစ်၊ ဧကရာဇ်ငယ်တွေနဲ့ အပေါ်ပိုင်းတွေပဲ ကောင်းကင်လက်နက်ကို သုံးနိုင်တာမလား၊ ဘာလို့လိုချင်ရမှာလဲ၊ တကားကားကြီးသယ်ပြီး အမတဘုံကလူတိုင်း ကျွန်တော်တို့ကို တိုက်ခိုက်လာအောင် အာရုံဆွဲဆောင်ဖို့လား၊ ခင်ဗျားတုံးတာလား”
“…” ရွှင်ရှူး တုန်ရီသွားတယ်။ ကူယွဲ့ ပြောတာ ရုတ်တရက် အတော်လေးအဓိပ္ပာယ်ရှိလာတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီစိတ်ရှုပ်စရာ ဓားအစီအရင်က သေချာပေါက် လက်ပေါက်ကပ်မှာပဲ”
ကူယွဲ့ အစီအရင်ဘက်ဆီ စောင်းငှဲ့ကြည့်လိုက်တယ်။
“ရှန်းရင်ကို ကူညီခိုင်းဖို့ တွေးနေတာမလား၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒါက မီးတောင်နော်၊ သူက သူ့အစွမ်းကိုထိန်းချုပ်နိုင်တာမဟုတ်ဘူ တကယ်လို့ သူ့ကိုခိုင်းရင် အစီအရင်နဲ့အတူ မီးတောင်တစ်ခုလုံးကိုပါ ဖျက်ဆီးမိလိမ့်မယ်၊ ဒဏ်ရာရမှာကိုမပြောနဲ့- အပျက်အစီးတွေထဲက စိတ်ရှုပ်စရာ ဓားကိုတောင် ယူနိုင်ပါ့မလား”
ရှန်းရင် ။ ။ “…” ဘာလို့ ငါ အထင်သေးခံလိုက်ရငလို ခံစားနေရတာပါလိမ့်။
“အာ…” ရွှင်ရှူးအမူအရာက မှိုင်းညှို့သွားတယ်။ သူ တကယ်ပဲ ရှန်းရင်ကို ကူညီခိုင်းဖို့ စဉ်းစားနေတာ။
“ဘယ်သူမှ ဒီအင်းကွက်ကို မချိုးဖောက်ဖူးတာ အမှန်ပဲ”
“တော်လောက်ပြီ၊ သွားကြစို့ သွားကြစို့၊ ကျောက်သွားတူးကြမယ်” သူတို့ အချိန်တစ်လကျော်ပဲ ကျန်တော့တာ – အချိန်ဆိုတာ တန်ဖိုးထားရမယ်။ ကူယွဲ့ တစ်ဖက်လှည့်ပြီး သွားဖို့အသင့်ပြင်လိုက်တယ်။ နောက်တော့မှ ရှန်းရင်နဲ့ ယိချင်းက နေရာကမရွေ့ဘဲ ဓားအစီအရင်ကို ကြည့်နေတာ နားလည်သွားခဲ့တယ်။
“မင်းတို့ဘာလုပ်နေတာလဲ”
“ဒီအစီအရင်က အရှိန်အဝါကြီးလွန်းတယ်…” ယိချင်းက လက်သီးဆုပ်ပြီး ရှန်းရင်ဘက် လှည့်လာတယ်။
“ဆရာ၊ ကျွန်တော် ဖောက်ထွက်ဖို့ ကြိုးစားကြည့်လို့ရမလား”
“ဟမ်” ရှန်းရင် သူ့ကို အူကြောင်ကြောင်နဲ့ ပြန်စိုက်ကြည့်လိုက်တယ်။
“မင်းရူးနေတာပဲ” ကူယွဲ့ အော်လိုက်တယ်။
“မကြားဘူးလား၊ ဒါအနန္တပုံရိပ်ယောင်ဓားအစီအရင်နော်၊ ကောင်းကင်မျိုးနွယ်တွေတောင် မဖောက်ထွင်းနိုင်ဘူး၊ မင်း သေတွင်းတူးချင်နေတာလား”
“အဲဒါကြောင့် ကျွန်တော် ကြိုးစားကြည့်ချင်တာလေ” သူကလုံးဝကိုစိတ်ပိုင်းဖြတ်ထားတဲ့ပုံ။
“ဓားကျင့်ကြံသူအနေနဲ့လေ့ကျင့်ရတာခဲယဉ်ူတယ်၊ အခက်အခဲကို ရင်ဆိုင်ရတာက ဓားကျင့်ကြံမှုရဲ့ အစိတ်အပိုင်းပဲ၊ ကျွန်တော် ဒီအမတနယ်မြေဆီလာတာ လေ့ကျင့်ချင်လို့လေ၊ အခု အတားအဆီးတစ်ခု ရှေ့မှာရှိနေပြီဆိုတော့ ဘယ်လိုလုပ် နောက်ပြန်ဆုတ်နိုင်မှာလဲ၊ ဆရာ ကျွန်တော့်ကို အစီအရင်ဖောက်ကြည့်ခွင့်ပေးပါ”
“အိုး…” ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
“လုပ်လေ”
“ရှန်းရင်”
“ကျေးဇူးတင်ပါတယ် ဆရာ” လက်ကောက်ဝတ်တစ်ဖက် လှည့်ပြီး ယိချင်း သူ့မသေမျိုးချီကို ဓားတစ်ချောင်းပုံစံ ဖွဲ့လိုက်တယ်။ သူလှည့်ထွက်ပြီး ဓားအစီအရင်ဆီ တစ်ရှိန်ထိုးပြေးသွားတော့တယ်။
“ခဏ” ကူယွဲ့ သူ့ကိုတားဖို့ နောက်ကျလွန်းသွားပြီ။ သူ ရှန်းရင်ကို ဒေါသတကြီးကြည့်လိုက်တယ်။
“ရူးနေပြီလား၊ သူ့ပျက်စီးကိန်းနဲ့ကြုံအောင် ပို့နေတာမဟုတ်ဘူးလား”
“ဖေဖေနျို စိတ်အေးအေးထားပါ” ရှန်းရင် သူ့ပခုံးကိုပုတ်လိုက်တယ်။
“သူကိုယ်တိုင် ပြောသွားတယ်မဟုတ်လား၊ သူ့ကိုယ်သူ မတွန်းရင် ဘယ်လောက်ထိသူရောက်နိုင်မလဲဆိုတာ ဘယ်လိုသိတော့မလဲ”
“…” သူ အဲလိုတောင် ပြောလို့လား။
ခဏ ရှန်းရင်က အဲလောက်ပြတ်သားတာရှားတယ်။ ဖြစ်နိုင်တာက…။
“ဖြစ်နိုင်တာက… မင်း သူ့ကို အစီအရင်ဖောက်ဖို့ စွမ်းရည်ပြည့်ပြီလို့ ပြောနိုင်ပြီလား”
“ဟင့်အင်း” ရှန်းရင် အတည်ကြီးပြောလိုက်တယ်။
“ငါခန့်မှန်းကြည့်တာ”
ကူယွဲ့ ။ ။ “…”
ရွှင်ရှူး ။ ။ “…”
သေစမ်း
ဘန်း
အစီအရင်ထဲကနေ ချွင်ခနဲအသံကျယ်ကြီးတွေ ထွက်လာတယ်။ အစီအရင်ထဲဝင်သွားတဲ့ ယိချင်းဝင်ဝင်ချင်းပဲ အမတဓားတစ်ချောင်းကြောင့် ဒဏ်ရာရသွားတယ်။ သူ့ကိုယ်ပေါ် ဒဏ်ရာကြီးတစ်ခုဖြစ်သွားတယ်။ သွေးတွေ အဆက်မပြတ်ထွက်လာတော့တာပဲ။ မြန်ဆန်စွာလှုပ်ရှားနေတဲ့ အမတဓားတွေက လေကိုခံစားမိလေ သူ့ရန်လိုမှုက မြန်မြန် ပျောက်ကွယ်လာလေပဲ။ သူ ပိုပြီး ယုံကြည်ချက်မရှိလေ ဒဏ်ရာရလေဖြစ်လာတယ်။ မကြာခင်ပဲ ဓားမိုးတွေရွာချလာတာက သူတို့ တစ်ခုနဲ့တစ်ခုတောင် မခွဲခြားနိုင်တော့ဘူး။ ယိချင်းရဲ့ မသေမျိုးချီက တစ်ခဏအတွင်း ပျောက်သွားပြီ။
ချီး
ကူယွဲ့နဲ့ရွှင်ရှူးအမူအရာတွေ မှောင်မည်းကုန်တယ်။ ကောင်းကင်မျိုးနွယ်တောင် ဓားအစီအရင်ကိုဘာလို့မဖြတ်နိုင်လဲ နောက်ဆုံးတော့နားလည်သွားပြီ – ဓားတွေက မြန်လွန်းတာကိုး။ သူတို့ ဒီလိုသာဆက်လုပ်ခွင့်ပေးထားရင် ယိချင်းတော့ ဓားအစီအရင် အပိုင်းပိုင်းခုတ်တာခံရတော့တယ်။
မဖြစ်ဘူး
“ရှန်းရင်၊ သူ့ကို ၂မိနစ်ထပ်ပေးလိုက်၊ သူ အစီအရင်ကိုမဖောက်နိုင်သေးရင် မင်းအထဲဝင်ပြီးသွားကယ်ချေ”
“အိုး” သူမခေါင်းညိတ်ပြလိုက်တယ်။
အစီအရင်ထဲက အခြေအနေကတော့ ဆိုးသထက်ဆိုးလာပုံပဲ။ ဓားတွေက မြန်သထက်မြန်လာတယ်။ ယိချင်း ခုခံဖို့လက်လျှော့ပြီး တိုက်ခိုက်ဖို့ အာရုံစိုက်ပေမဲ့ ဒီဗျူဟာကိုသုံးတာက သူ ပိုပြီးလည်းဒဏ်ရာရမယ်ဆိုတဲ့ သဘောပဲ။
ကူယွဲ့ ရင်ထိတ်လာတယ်။ ဒီငနဲက အမာခံလွန်းတယ်
“သူ့ကိုကူညီဖို့ တစ်ခုခုတွေးဦး” ကူယွဲ့ ရှန်းရင်ကို တံတောင်နဲ့တွတ်လိုက်တယ်။
“မင်းက သူ့ဆရာမဟုတ်ဘူးလား၊ ဒါ သူ့ကိုသင်ပေးဖို့ အကောင်းဆုံးအချိန်ပဲ”
“အာ… ဘာသင်ပေးရမှာလဲ”
“ငါ ဘယ်လိုလုပ် သိမလဲဟ” သူ သူမကို ဒေါသတကြီး ကြည့်လိုက်တယ်။
“မင်းက အာသွက်လျှာသွက်ပြောတတ်တယ်မဟုတ်လား၊ မင်းသူ့ကိုတစ်ခုခုသင်ပေးပြီးချိန် သူ့လမ်းကို လှည့်ဖောက်တတ်တယ်လေ၊ အရင်ပြောနေကျ တစ်ခုခုပြောချေ”
“တစ်ခုက ဆယ်ခုကိုနိုင်တယ်၊ ဓားနဲ့တစ်သားတည်းနေလား”
“အင်း၊ ဆက်ပြော”
“အဲဒါပဲ” သူမ ဝတ္ထုတွေထဲကနေ မှတ်မိတာ ဒါအကုန်ပဲ။
“…” ဟိုလီရှစ် သူ အရင်ကပြောခဲ့တာတွေတောင် မူရင်းမဟုတ်ဘူးပေါ့ သူ သေချာသွားပြီ
သူ အခြေအနေပိုဆိုးလာတဲ့ ယိချင်းကို လှည့်ကြည့်လိုက်တယ်။
“ဒီဓားအစီအရင်က အခြေအနေကိုလိုက်ပြီး ပြောင်းလဲနိုင်တယ်ဆိုတာ ပြောနိုင်တယ်၊ မင်း သုံးတဲ့နည်းလမ်းမှန်သမျှ အသုံးမဝင်ဘူး၊ လက်တွေ့ကျတာ သင်ပေးရင်သင်ပေး၊ မဟုတ်ရင် သူအကြီးအကျယ်ဒဏ်ရာရပြီး မင်းအတွက် ဟင်းချက်ပေးမဲ့သူမရှိ ဖြစ်လိမ့်မယ်”
ရှန်းရင် မျက်လုံးတွေပြူးသွားပြီး အရှေ့ကိုတက် ဓားပျံတွေကို တစိုက်မက်မက်ကြည့်တော့တယ်။
တပည့်တွေကို သင်ပေးဖို့ ဘာလို့အဲလောက်တောင် အလုပ်များရတာလဲ။ သူမဘာလုပ်သင့်လဲ။ သိုင်းတွေကို ဘယ်လိုလုပ် သိမလဲဟ… သိုင်းတွေ…။
ဟမ်။
“ဟာ အာ စားဖိုမှူး…” သူမ ရုတ်တရက် တစ်စုံတစ်ရာတွေးမိပြီး အော်လိုက်တယ်။
“နင်ကြားဖူးလား၊ နင့်ဓားသိုင်းက သဘာဝဆန်ရမယ်ဆိုတာလေ၊ ပကာသနကင်းမဲ့မှုက ဆန်းဆန်းပြားပြားသိုင်းတွေကို အနိုင်ယူတယ်”
“ကာသနကင်းမဲ့မှုက ဆန်းဆန်းပြားပြားသိုင်းတွေကို အနိုင်ယူတယ်လား” အစီအရင်ထဲက လူက ငြိမ်ကျသွားတယ်။
နောက်တော့… အမတဓားတွေက သူ့ဆီပျံသန်းလာပြီး တစ်ကိုယ်လုံးနေရာအနှံ့ သွေးထွက်လာအောင် လုပ်တော့တယ်။
ကူယွဲ့ ။ ။ “…”
ရွှင်ရှူး ။ ။ “…”
“ဟိုလီရှစ် ရှန်းရင်” မင်းသူ့ကိုကူညီမှာလား ဒုက္ခပေးမှာလား။ အဓိပ္ပာယ်မရှိတာ သင်ပေးတာနဲ့တင် ဆိုးနေပြီကို၊ ဒါကတော့ အဓိပ္ပာယ်မရှိလွန်းဘူး။ ပကာသနကင်းမဲ့မှုက ဆန်းဆန်းပြားပြားသိုင်းတွေကို အနိုင်ယူတယ်ဆိုတာ ဘာအဓိပ္ပာယ်တုန်း။
“မင်း သူ့ကို ဒီလိုအချိန်မှာ တိုက်ခိုက်တောင် ရပ်အောင်လုပ်လိုက်တယ်၊ သူသေခါနီးဆဲဆဲဖြစ်နေတာ မဆိုးသေးလို့…”
ဘွန်း…
ကူယွဲ့ စကားမဆုံးခင် ဓားအစီအရင်ထဲမှာ ပေါက်ကွဲမှုကြီးပေါ်လာတယ်။ ခန္ဓာကိုယ်ထဲ ဓားတွေ အများကြီးစိုက်ခံထားရလို့ ခြင်္သေ့ခေါင်းနဲ့တူနေတဲ့လူက ပျောက်ကွယ်သွားပြီ။ ဓားအစီအရင်ထဲက အမတဓားတွေအားလုံး ရပ်ကုန်ကြတယ်။ နောက်တော့ သူတို့ အသည်းအသန်တုန်ခါကြတော့တယ်။ ဓားတွေက အော်မြည်လာပြီး နေရာတစ်ခုလုံး သူတို့အော်သံတွေနဲ့ ပြည့်ကုန်တယ်။ ဓားတွေက သူတို့သဘာဝရန်သူတွေကို ရင်ဆိုင်နေရသလိုပဲ။ ခဏအကြာမှာတော့ မြေကြီးပေါ်ကို ပြုတ်ကျကုန်တယ်။
ရင်းနှီးနေတဲ့ ဓားဆန္ဒက အခန်းတစ်ဝက်ကို ပြည့်သွားတယ်။ နေရာတိုင်းမှာ လေလိုမျိုး သူတို့ကြိဖိနေလို့ မနည်းအသက်ရှူနေရတယ်။ ဓားတောင်ကြီးအပေါ်မှာတော့ ယိချင်းက ရင်ကိုချီပြီးရပ်နေတယ်။
ဓားအစီအရင်က… ပျက်သွားပြီ
သောက်ကျိုးနည်း ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
(⊙_⊙)
“သူ့… သူ့ဓားချီ” ရွှင်ရှူးက ကြောင်အမ်းစွာနဲ့ ရေရွတ်နေတယ်။ သူ့ဓားချီက အရင်ကထက် အများကြီးပိုအားကောင်းလာပြီယ တကယ်ပဲ ဓားအမတတွေက မသေမျိုးတက်လှမ်းဖို့ အသ်မတန်ကြိုးစားကြတာပဲ ရွှင်ရှူး ဒီလောက်အားကောင်းတဲ့ ဓားချီကိုမမြင်ဖူးဘူး။ သူ ပိုပြီူကျင့်ကြံဆင့်မြင့်တာတောင် သူ့ဓားချီက ယိချင်းရဲ့ ကြောက်ခမန်းလိလိအရှိန်အဝါဖိနှိပ်တာ ခံလိုက်ရတယ်။ မဟုတ်သေးဘူး။ ယိချင်းကိုယ်ပတ်လည်က မသေမျိုးချီတွေ… သူတမင်သက်သက် ထိန်းထားတာလား။
သူက… ဉာဏ်အလင်းပွင့်နေတာပဲ
“လမ်းပြမှုအတွက် ကျေးဇူးပါဆရာ” ယိချင်းက ရှန်းရင်ဘေး ဒူးထောက်လျက်ပြန်ရောက်လာတယ်။ သူ သူမကို အံ့ဩတကြီးမော့ကြည့်နေတယ်။ သူ့ဝတ်ရုံဖြူတွေက သွေးစက်တွေ စွန်းနေဆဲ။
“နင့်ဒဏ်ရာတွေ ဘယ်လိုလဲ” ရှန်းရင်မေးလိုက်တယ်။ သူ ဟင်းချက်နိုင်ပါ့မလား။
“မစိုးရိမ်ပါနဲ့၊ အသေးစားဒဏ်ရာတွေပါ” ဆရာက င့ါဘေးကင်းမှုအတွက် အရမ်းစိုးရိမ်ပေးနေတယ်ပေါ့။ သူ အပျော်လွန်သွားခဲ့ပြီ
“အော် တော်သေးတာပေါ့”
သူမ စိတ်အေးသွားရပြီ။
ကူယွဲ့ ။ ။ “…” ခွေး*သား
သူ ဘာလို့ ကြားဝင်ခဲ့ရတာပါလိမ့်။ ရှန်းရင်က ယိချင်း ဉာဏ်အလင်းပွင့်မှုရဖို့ ဓာတ်ကူပစ္စည်းဆိုတာ ကောင်းကောင်းသိရဲ့သားနဲ့။
“ဓားအစီအရင်က ပျက်သွားပြီ၊ ဆက်သွားကြရအောင်” ယိချင်းက သူတို့အတွက်လမ်းဖန်တီးဖို့ ဓားတောင်ကိုရှင်းရင်းပြောလိုက်တယ်။
အဲတော့မှပဲ ဓားတောင်ရဲ့တစ်ဖက်ခြမ်းက ပြင်းထန်လှတဲ့ မီးတောက်ကို သတိထားမိသွားခဲ့တာပဲ။ မီးက သူတို့ဆီအပူရိုက်လာပြီး ချော်ရည်စီးသံတွေပါ ကြားနေရတယ်။
“အဲဒါမီးတောင်အလယ်ပဲ” ရွှင်ရှူးမျက်လုံးတွေ တောက်ပသွားပြီး မီးတောက်ကြီးဆီ တက်တက်ကြွကြွလျှောက်သွားတော့တယ်။
သုံးယောက်သား သူ့နောက်ကနေ အနီးကပ် လိုက်သွားခဲ့ပြီး ချော်ရည်ကျောက်တွေ ပတ်ပတ်လည်မှာရှိနေတဲ့ အင်မတန်ကို ကျယ်ပြန့်လှတဲ့ နေရာတစ်ခုဆီဝင်လာခဲ့တယ်။ ရံဖန်ရံခါမှာ မီးတောက်တွေက ထဟုန်းဟုန်းထလာလေရဲ့။ မီးတောက်တွေက ထူးခြားတယ် – ခရမ်းရင့်ရောတွေ။
ချော်ရည်ကျောက်တွေရဲ့အပေါ်မှာ အလယ်ဆီကို ဆက်ထားတဲ့ ကျောက်တံတားတစ်ခုရှိနေတယ်။ ဆယ်မီတာကျော်အမြင့်မှာရှိနေပေမဲ့ မခံမရပ်နိုင်တဲ့အပူက အဲကနေတောင် ခံစားမိနိုင်တုန်းပဲ။ တစ်လောကလုံး လောင်ကျွမ်းထားသလိုမျိုး။
ကူယွဲ့ အဖွဲ့ကိုကာကွယ်ဖို့ အလိုလို အကာအကွယ်အစီအရင် တစ်ခုဖန်တီးလိုက်တယ်။
နောက်တော့ ခြေလှမ်းလှမ်းချိန် ရွှင်ရှူးရဲ့ တအံ့တဩအော်သံကို ကြားလိုက်ရတော့တယ်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”
…