အခန်း ၁၉၇ ။ ဝိညာဉ်လဲမှုနောက်ကွယ်မှအမှန်တရား
ပိုင်ကျောင်းက သူမမေးခွန်းကြောင့် အံ့ဩသွားတယ်။
“ဒီသိုင်းက… ရှင်းဟန်ဖန်တီးထားတာပါ၊ အမတတက်လှမ်းမှုအပြီးမှာ မြေခွေးခန္ဓာကိုယ်ဆီ ပြန်လို့ရအောင် ကူညီပေးဖို့ပါ”
“ပြောရရင်တော့ သူက နင့်ကို ဒီသိုင်း သင်ပေးခဲ့တာပေါ့”
ပိုင်ကျောင်းခေါင်းညိတ်ပြီး ဆက်ပြောလိုက်တယ်။
“သူ တက်လှမ်းမှုအတွက် ကျွန်မကိုပါ ခေါ်သွားတဲ့အချိန် နှစ်ယောက်စာ ဝဋ်ကြွေးချေမှုကို တောင့်ခံရတာလေ၊ ကျွန်မက အောက်ဘုံမှာရှိနေချိန် အကြီးအကျယ် ဒဏ်ရာရထားတာဆိုတော့ ဒိသိုင်းကို ဖန်တီးခဲ့ရတာ…”
“အိုး…” ရှန်းရင်က ယိချင်းကို လှည့်ကြည့်လိုက်တယ်။ သူမ ဘာဆိုလိုလဲဆိုတာ ချက်ချင်း သဘောပေါက်သွားပြီး သူ့အမူအရာက မှုန်မှိုင်းသွားခဲ့တယ်။
“ဘာလို့ဒါကိုမေးတာလဲ” ကူယွဲ့နဲ့တခြားသူတွေ အူကြောင်ကြောင်ဖြစ်ကုန်တယ်။
“သိုင်းတစ်ခုကို ဖန်တီးတယ်ဆိုတာ အဲလောက်မလွယ်ဘူး” ယိချင်းက ရှင်းပြလိုက်တယ်။ သူ့ဓားသိုင်းလည်း ကိုယ်တိုင်ဖန်တီးထားတာဆိုပေမဲ့ နှစ်ပေါင်းများစွာ အားထုတ်စမ်းသပ်ခဲ့ပြီးမှ ဖန်တီးလို့ရခဲ့တာ။ အခုတောင် သူတိုးတက်အောင် လုပ်နေရဆဲ။ အမတသိုင်းတွေကို ဖန်တီးရတာ လုပ်ငန်းစဉ်အတူတူပဲ။
“ပြီးတော့ အမတဘုံက ဘယ်အဇဋာဧကရာဇ်မှ ဒီဝိညာဉ်လဲသိုင်းကို မကြားဖူးဘူး”
လူတိုင်း ဒါကိုကြားချိန် အမူအရာတွေပြောင်းကုန်တယ်။
“ရှင်းဟန်က ပထမဆုံး အမတတက်လှမ်းချိန် မြေအမတပဲရှိသေးတယ်၊ ဒါတောင် ပိုင်ကျောင်း ဆိုးဆိုးရွားရွား ဒဏ်ရာရနေချိန် ဖိအားအောက်မှာ ဒီသိုင်းကို ဖန်တီးနိုင်ခဲ့တယ်ပေါ့” ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။
ယိချင်း မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
“ဘုရားပေးတဲ့ပါရမီပါရင်ပါ မဟုတ်ရင်တော့…”
“သူဒီသိုင်းကို အစတည်းက သိခဲ့တာပဲ” ရှန်းရင်က သူ့အတွက် စကားကို အဆုံးသတ်ပေးလိုက်တယ်။
“မဖြစ်နိုင်ဘူး” ပိုင်ကျောင်းအမူအရာ ပြောင်းလဲသွားခဲ့တယ်။ သူမကြည့်ရတာ သူတို့ဆိုလိုတာကို နားလည်သွားတဲ့ပုံ။ အသည်းအသန် ခေါင်းယမ်းပြီး သူမပြောလိုက်တယ်။
“သူက ကျွန်မအတွက် ဒီသိုင်းကိုဖန်တီးခဲ့တာ… သူက ကျွန်မဘယ်လိုပြောင်းလဲသွားသွား ချစ်မှာလို့ ပြောခဲ့တာ၊ သူကျွန်မကို လိမ်မှာမဟုတ်ဘူး”
“ငါခန့်မှန်းပါရစေ” ရှန်းရင် သူမကိုလျစ်လျူရှုပြီး ဆက်ပြောလိုက်တယ်။
“နင် အဲယွင်ရွှမ့်ကိုယ်ထဲ ဘယ်လိုဝင်သွားလဲဆိုတာ မသိဘူးလို့ပြောတယ်နော်၊ ဆိုလိုတာက နင်က အောက်ဘုံမှာ ဝိညာဉ်တစ်ခုအဖြစ်ပဲ ရှိနေခဲ့တာ၊ ဝိညာဥ်တွေ အောက်ဘုံကိုဆင်းသက်သွားတဲ့ လုပ်ငန်းစဉ်ကဘာလဲ”
လူတိုင်းက ခဏတိတ်သွားပြီး ချန်ကောကို လှည့်ကြည့်လိုက်ကြတယ်။
“…” မင်းတို့အားလုံး ဘာလို့ငါ့ကို ကြည့်နေတာလဲ။ ချန်ကော အူကြောင်ကြောင်ဖြစ်သွားပေမဲ့ ဖြေပေးလိုက်တယ်။
“ပုံမှန်အရတော့ သူတို့က သုံးလောက သံသရာစက်ဝန်းထဲဝင်ပြီး ပြန်ဝင်စားရမှာ”
“အဲဒါ… အဲဒါ မတော်တဆပဲ” ပိုင်ကျောင်းရဲ့ မျက်နှာက ပိုဖြူဖျော့လာပြီး ခန္ဓာကိုယ်က ယိမ်းယိုင်စပြုလာတယ်။
“မဟုတ်ရင်ရော ဘာဖြစ်လဲ” ရှန်းရင် ဆက်ပြောလိုက်တယ်။
“သေမျိုးဘုံက ကျင့်ကြံသူတစ်ယောက်က ပြန်ဝင်စားဖို့လိုနေတဲ့ လေလွင့်အမတဝိညာဉ်တစ်ခုကို မတော်တဆ ရှာတွေ့သွားခဲ့တယ်၊ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီကျင့်ကြံသူက ဝိညာဉ်လဲသိုင်းကို သိတယ်၊ ဒီလေလွင့်ဝိညာဉ်က မိန်းကလေးတစ်ယောက်၊ ပြီးတော့ ဒီကျင့်ကြံသူမှာ အမတတက်လှမ်းမှုကို တောင့်မခံနိုင်တဲ့ ချစ်သူတစ်ယောက်ရှိနေတယ်၊ သူဘာလုပ်မယ်ထင်လဲ”
“ဝိညာဉ်တွေလဲမှာပေါ့” မှင်တက်စရာ နားလည်သဘောပေါက်သွားတဲ့အကြည့် လူတိုင်းမျက်နှာပေါ် ပေါ်လာတယ်။
“အမတကိုယ်ထဲ ရောက်တာနဲ့ သူမက ဝဋ်ကြွေးချေခြင်းကို ရှောင်လွှဲနိုင်ပြီး အမတတန်းဖြစ်သွားမှာ၊ သူမက အမတတက်လှမ်းမှုကို ကျော်လွှားပြီး အမတဘုံထဲ ဝင်တာနဲ့ မဟူရာအမတတန်းဖြစ်သွားမှာ”
“ဟုတ်တယ်” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
“ဒါပေမဲ့ ဒီသိုင်းမှာ အားနည်းချက်တစ်ခုရှိတယ်၊ ဒါအလုပ်ဖြစ်မယ်လို့ အာမခံချက်မရှိတာပဲ၊ အဲဒါကြောင့်…”
“အဲဒါကြောင့် ယွင်ရွှမ်က ဝိညာဉ်လဲတဲ့လုပ်ငန်းစဉ်အတွင်း သေခဲ့တာပဲ၊ ရှင်းဟန်က အရှုပ်ထုတ်တွေ လုပ်ပြီး ဘာမှမသိချင်ယောင် ဆောင်နေတာပဲ” ဟိုလီရှစ်… သူ အရှက်မရှိတဲ့လူတွေအများကြီး မြင်ဖူးပေမဲ့ ဒီအကောင်ကတော့ တော်တော်ဆိုးဆိုးပဲ။
“သူက ဝိညာဉ်လဲသိုင်းမှာ အားနည်းချက်ရှိတာသိလို့ ဝိညာဉ်စုဝေးမီးအိမ်ကို လိုခဲ့တာ”
ရှန်းရင်က ပန်းသီးကို ဝါးပြီး ပိုင်ကျောင်းနဲ့ ရွှမ်ထုံ့ကို ကြည့်လိုက်တယ်။
“ခန့်မှန်းရသလောက်တော့ အားနည်းချက်… က အလုပ်ဖြစ်ဖို့ဆိုရင် နှစ်ဖက်စလုံးရဲ့ မူလဝိညာဉ်တွေက အတော်လေး မတည်မငြိမ်ဖြစ်နေဖို့လိုတယ်”
“အဲဒါကြောင့် ထုံအာရဲ့ ဝဋ်ကြွေးချေမှုအတွင်း သူမဝိညာဉ်က ပိုင်ကျောင်းနဲ့ မတော်တဆလဲသွားခဲ့တာပဲ”
ချီချန်းယွီက အံ့အားတကြီး ပြောလာတယ်။ ထုံအာရဲ့ မူလဝိညာဉ်က တောမီး နောက်ဆုံးတစ်ချက်ကြောင့် ဒဏ်ရာရသွားချိန် ပိုင်ကျောင်းက ရှင်းဟန်ကို ကယ်ဖို့လုပ်တုန်း ဒဏ်ရာရသွားခဲ့တာ။ ဒါကြောင့် နှစ်ယောက်က အောင်အောင်မြင်မြင် ဝိညာဉ်လဲသွားနိုင်ခဲ့တာပဲ။
ရှန်းရင်က အသီးတစ်လုံး စားတာပြီးသွားပြီး နောက်တစ်ခုဆီ ပြောင်းလိုက်တယ်။ ခု စာရွက်လိုဖြူစုတ်နေတဲ့ ပိုင်ကျောင်းကိုကြည့်ပြီး သူမ ဖြည်းဖြည်းချင်း ပြောလိုက်တယ်။
“နင်က သူ့ဇနီးခန္ဓာကိုယ်ကို ဝင်စီးမှုအတွက် တာဝန်ရှိသူမဟုတ်ပါဘူး၊ နင်က သူတို့ရဲ့ အကြံအစည်ထဲမှာ ညပ်ပါသွားခဲ့တာ၊ နင်ကမှ နှစ်သောင်းချီအလိမ်ခံခဲ့ရတဲ့သူ၊ သူ မဟုတ်ဘူး”
ပိုင်ကျောင်း စိတ်ဓာတ်ကျဆင်းစွာ နောက်ကိုယိုင်သွားခဲ့တယ်။ သူမ ခြေထောက်တွေ ပျော့ခွေပြီး ကြမ်းပြင်ပေါ် ကျသွားရှာတယ်။ သူမ အသက်မဲ့သလို လဲနေပေမဲ့ မျက်ရည်တွေကတော့ ဆည်ကျိုးသလိုမျိုး လျှံထွက်လာလေရဲ့။
လူတိုင်း သက်ပြင်းချလိုက်ကြတယ်။ ပိုင်ကျောင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယရှိလောက်ခဲ့ပေမဲ့ အချစ်က သူမကို အမှန်တရားမမြင်အောင် ဖုံးကွယ်ထားခဲ့တာပဲ။
ရှန်းဟန်က သူ့တာအိုလက်တွဲဖော်အတွက် လက်စားချေမယ်လို့ပြောတာက အဓိပ္ပာယ်ကို မရှိတာ။ သူသာ ယွင်ရွှမ်ကို တကယ်ချစ်ခဲ့ရင် ယွင်ရွှမ်အစစ်နဲ့အတုကို မခွဲတတ်ဘဲ နေမှာမဟုတ်ဘူး။ ပိုင်ကျောင်းက ဧကရာဇ်ပိုင်ထီရဲ့သမီးဆိုတဲ့အချက်ကြောင့် သူက ဟန်ဆောင်ခဲ့တာပဲ။
ရှင်းဟန်က နှလုံးမဲ့တာအိုလေ့ကျင့်လို့ နှလုံးသား မဲ့တာမဟုတ်ဘူး။ သူချစ်တဲ့တစ်ဦးတည်းသောလူက သူကိုယ်တိုင်ပဲ။ မသေမျိုးတက်လှမ်းဖို့ ယွင်ရွှမ့်ကို စွန့်ပစ်ဖို့ရွေးခဲ့တယ်။ ဒါကြောင့် သေချာပေါက် အခု ပိုင်ကျောင်းကို စွန့်ပစ်ဖို့လည်း ပြဿနာမရှိဘူးပေါ့
ကူယွဲ့က ယူကျုံးမရဖြစ်နေတဲ့ ပိုင်ကျောင်းကိုကြည့်ပြီး ခေါင်းယမ်းလိုက်တယ်။ ကြည့်ရတာ ဒီနေ့ သူမဆီကနေ ဘာအဖြေမှထပ်ရတော့မဲ့ပုံ မပေါ်ဘူး။ ရွှမ်ထုံနဲ့ယွီဟုန်ဘက် လှည့်ပြီး သူ ညွှန်ကြားလိုက်တယ်။
“သူ့ကို ပြန်ခေါ်သွားတော့၊ ဧကရာဇ်ပိုင်ထီကို ဒီအကြောင်း အသိပေးပြီး ပြန်လာခေါ်ခိုင်းလိုက်”
“ကောင်းပါပြီ” ယွီဟုန်က ဖြေလိုက်ပြီး ရွှမ်ထုံ့ အကူအညီနဲ့အတူ ပိုင်ကျောင်းကို အခန်းထဲက ချီထုတ်သွားခဲ့တယ်။ ချီချန်းယွီနဲ့ တခြားတပည့်တွေလည်း ထွက်လာကြပြီး ချန်ကောလည်း…။
ရွှမ်ထုံက သူမနောက်လိုက်လာတဲ့လူကို လှည့်ကြည့်လိုက်တယ်။ သူမမျက်မှောင်ကြုတ်ပြီး အလိုလို ပြောလိုက်မိတယ်။
“ထွက်သွား”
“ကောင်းပြီလေ” ချန်ကောက ပြန်လှည့်လာပြီး ထိုင်ချတယ်။
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
ကူယွဲ့ ။ ။ “…”
ဒီကလေး ဘာဖြစ်သွားတာလဲ။ ဇာတ်ညွှန်းတောင် ပြောင်းသွားပြီ။
ဇာတ်လိုက်မင်းသမီးက မင်းသားအပေါ် တစ်ဖက်သတ် သဘောကျရမှာလေ။ ဒါပေမဲ့ အခု ဇာတ်ဆောင်တွေက ပြောင်းပြန်ဖြစ်သွားသလိုပဲ။ ပြီးတော့ ချန်ကောက သူ့တပည့်ကိုကယ်ဖို့ ကြိုးစားနေရမှာ မဟုတ်ဘူးလား။ ဘာကြောင့် သူမနောက်လိုက်နေတာလဲ။
“အာ… ကြည့်ရတာ ငါတို့ ရွှမ်ထုံနဲ့ ပိုင်ကျောင်းဝိညာဉ်ပြန်လဲဖို့ကို စွန့်စားလို့မရတဲ့ပုံပဲ” ကူယွဲ့ အနေရခက်ခက် ချောင်းဟန့်ပြီး ချန်ကောကို တစ်ချက် ခိုးကြည့်လိုက်တယ်။ ဇာတ်ကြောင်းပြောင်းလဲမှုတွေက သူ့အတွက် အရမ်းထူးဆန်းလွန်းနေပြီ။ သူတို့တွေ မိန်းကလေးနှစ်ယောက်ကို ဝိညာဉ်ပြန်လဲဖို့အတွက်နဲ့ မူလဝိညာဉ်တွေ ထိခိုက်တဲ့အထိ ထုထောင်းလို့ မဖြစ်ဘူးလေ။ သူတို့တွေ ပိုင်ထီရောက်လာမှာကို စောင့်ပြီး မိန်းကလေးတွေရဲ့ အုပ်ထိန်းသူတွေကို ဆုံးဖြတ်ခိုင်းတာ ကောင်းမယ်။
“ဒါပေမဲ့ အနည်းဆုံးတော့ ဒီပြဿနာမှာ ဖြေရှင်းနည်းရှိပါတယ်”
“ဘာဖြေရှင်းနည်းလဲ”
ရှန်းရင်က ရုတ်တရက်မေးလာတယ်။
“ဘာဆိုလိုတာလဲ”
“အဲဒီငနဲဆင်း…”
“ရှင်းဟ ရှင်းဟန်” ကူယွဲ့နှုတ်ခမ်းတွေ စိတ်ကုန်မှုနဲ့ တွန့်ချိုးသွားတယ်။ မင်းစိတ်ရှိတိုင်း လူတစ်ယောက်နာမည်ကို ပြောင်းလို့မရဘူးဟ။
“ဟုတ်တယ်၊ အမှန်ပဲ၊ သူသာ ဝိညာဉ်လဲတဲ့ကိစ္စကို ကြိုးကိုင်ခဲ့တဲ့သူဆိုရင် သူ လက်ဖက်စိမ်းမ(ဟွေ့လင်) ကို ပြန်ပေးဆွဲသွားတာ ထူးဆန်းတယ် မထင်ဘူးလား”
လူတိုင်းက ထိတ်လန့်တကြား ထရပ်ကုန်တယ်။ ရှန်းရင်ပြောတာ မှန်တယ်။ တကယ်လို့သူသာ ကြိုးကိုင်သူအစစ်ဆို နှလုံးသားကင်းမဲ့တဲ့သူ့ပုံစံနဲ့ ဘာကြောင့် ဟွေ့လင်ဝိညာဉ်ကို ပိုင်ကျောင်းကိုယ်ထဲ လဲမှာလဲ။ သူက အဇဋာဧကရာဇ် ဖြစ်နေပြီလေ။ ပိုင်ထီ့ကိုအပြစ်ပြုမိတဲ့အထိ စွန့်စားစရာအကြောင်းအရင်း မရှိဘူး။
“ဆရာ ရွှမ်ထုံက ကျွန်တော်တို့ကိုပြောတယ်လေ၊ လိုဏ်ဂူထဲက အဲအငွေ့အသက်က အရမ်းကို ထူးဆန်းတယ်ဆိုပြီး” ယိချင်းက ရုတ်တရက် ပြန်စဉ်းစားမိသွားတယ်။
“အဲဒါဘာလဲဆိုတာသိလား”
“နတ်ဆိုးချီ” ရှန်းရင် မဖြေနိုင်ခင် ချန်ကောက နောက်ဆုံးတော့ သူ့အတွေးနယ်ချဲ့မှုကနေ ပြန်သတိဝင်လာပြီး ကြားဖြတ်ပြောလာတယ်။
“လိုဏ်ဂူထဲ နတ်ဆိုးချီရှိနေတာ”
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
လူအုပ်ကြီး ။ ။ “…”
…