အခန်း ၂၉၀ ။ အကူအညီအတွက် သူငယ်ချင်းတစ်ယောက်ခေါ်ဆိုမှု
“မင်းနဲ့ မတွေ့ဖြစ်တာ အရမ်းကြာပြီဆိုတော့ – ဇာမဏီဖြစ်လာတာပဲ” သူက တကယ်ကြီး နဂါးနဲ့ ဇာမဏီကလေးပဲ။ အသွင်သုံးမျိုးလုံး ပြောင်းနိုင်တယ်။ ကူယွဲ့က ယိချင်းပခုံးကို ပုတ်လိုက်တယ်။
ယိချင်းက ယိုင်ထွက်သွားပြီး လဲကျသွားခဲ့တယ်။ ရှန်းရင်က သူ့ကိုဖမ်းပြီး ထိန်းထားပေးလိုက်တယ်။
“စားဖိုမှူး”
ကူယွဲ့ ထိတ်လန့်တကြား နောက်ပြန်ခုန်လိုက်တယ်။ အဲတော့မှပဲ ယိချင်းမျက်နှာက အရောင်အသွေးမရှိတာ သတိထားမိသွားခဲ့တယ်။ ချွေးသီးချွေးပေါက်တွေက သူ့မျက်နှာက စီးကျနေတယ်။
“ဟိုလီရှစ် မင်းအဆင်ပြေရဲ့လား” သူ အမြန် ယိချင်းကို တစ်ဖက်ဆီ ဆွဲခေါ်သွားပေးလိုက်တယ်။
“အဆင်ပြေပါတယ်” ယိချင်းက ခေါင်းယမ်းပြီး ရှန်းရင် စိတ်အေးအောင် အကောင်းဆုံး ကြိုးစားသလိုမျိုး နွမ်းချိစွာ ပြုံးတယ်။
“မစိုးရိမ်ပါနဲ့ဆရာ၊ ကျွန်တော် ဒီတိုင်း အင်မတန်ပင်ပန်းသွားရုံပါ”
ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။
“သေချာလား”
“အင်း” သူ ခေါင်းညိတ်ပြလိုက်တယ်။
ရှန်းရင်ရော ဖေဖေနျိုပါ ခေါင်းညိတ်ပြတာကို ကြည့်လိုက်တယ်။ ကူယွဲ့က သက်ပြင်းချတယ်။
“သူ့သွေးကြောတွေက တကယ်ပဲအဆင်ပြေပါတယ်” သူတကယ်ပဲ နတ်ဘုရားစွမ်းအင်တွေ အများကြီး သုံးမိသွားခဲ့တာ။
“ငါတို့ ဒီဂြိုဟ်ကို မြန်မြန်ဖျက်ဆီးပစ်ရမယ်၊ ဘာဆက်လုပ်သင့်လဲ”
“ငါတို့ ဗုံးတစ်လုံးဝယ်ပြီး အဲကိုပစ်ထည့်ရမယ်” ရှန်းရင် စခရင်ဘက်ပြန်လှည့်ပြီး တတောက်တောက် ရိုက်လိုက်တယ်။ ချက်ချင်းပဲ စခရင်က လှစ်ခနဲလှုပ်သွားတယ်။ ပတ်ပတ်လည်မှာ ဗုံးတွေ နေရာတကျပေါ်လာတာမြင်လိုက်ရတယ်။
“ကြယ်ကွန်ရက်ရဲ့ မှောင်ခိုဈေးကွက်မှာ အများကြီးရောင်းနေတာနဲ့ အတော်ပဲ”
သူမက ပတ်ဝန်းကျင်ကို လေ့လာပြီး သူတို့ထဲက ဈေးအပေါဆုံးတစ်ခုကို ရွေးချယ်လိုက်တယ်။ ချက်ချင်းပဲ သတိပေးသံက အခန်းထဲ အသံတစ်သံထွက်လာတယ်။
[တင်း ဝယ်ယူရန် လက်ကျန်ငွေ မလုံလောက်ပါ]
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
“အာ…” ရှန်းရင် တုံ့ဆိုင်းဆိုင်းဖြစ်သွားတယ်။
“ဂိမ်းထဲကပိုက်ဆံကို ဖြည့်ဖို့မေ့သွားတယ်”
ဘာဂိမ်းပိုက်ဆံကို ဖြည့်တာတုံး။ မင်း အမြဲ ကွန်ရက်ထဲ ဟက်နေကျမဟုတ်ဘူးလား။
“ငါတို့ အကောင့်ဘယ်လိုပြောင်းရမလဲ” ကူယွဲ့က နှုတ်ခမ်းကိုသပ်ကာ သက်ပြင်းချတယ်။
“ဟမ်” ရှန်းရင်က သူ့ကို အူကြောင်ကြောင် ပြန်စိုက်ကြည့်တယ်။
ကူယွဲ့က ရှေ့ကိုတက်ပြီး သူဝတ်ထားဆဲ လက်ပတ်ကို တတောက်တောက်နှိပ်နေပြီ။ နောက်အခိုက်အတန့်မှာတော့ နောက်ထပ်သတိပေးသံ ပေါ်လာတယ်။ သူ့ရှေ့စခရင်တစ်ခုပေါ်လာပြီး “ရှန်းရင်” ဆိုတဲ့ စာလုံးတွေကနေ ‘”ဖေဖေနျို” အဖြစ် ပြောင်းသွားလေရဲ့။
သူ့လက်ကိုမြှောက်ကာ ဈေးအကြီးဆုံး ဗုံးအမျိုးအစားကို ရွေးလိုက်တယ်။
တီခနဲ ဆက်တိုက်မြည်လာပြီး ရင်းနှီးနေတဲ့ သတိပေးသံထွက်လာတယ်။
[တင်း ဝယ်ယူမှုအောင်မြင် ကျေးဇူးပြုပြီး နောက်တစ်ကြိမ် အလည်လာပါ]
တစ်အောင့်နေတော့ အကုန်လုံး အပြာရောင်ဖြစ်တဲ့ ဈေးကြီးကြီး ဖောက်ခွဲရေးကိရိယာက သူတို့ရှေ့ပေါ်လာတယ်။
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
(⊙_⊙)
ရှန်းရင် စခရင်ကို မော့ကြည့်ပြီး သူမ ဖေဖေနျို့အကောင့်မှာ မြင်လိုက်ရတဲ့ သုညအရေအတွက်တွေကြောင့် မျက်စိကန်းလုနီးပါး ဖြစ်သွားတယ်။
“ဖေဖေနျို နင်ကြယ်ကွန်ရက်ရဲ့ဘဏ်ထဲကို ဟက်ခဲ့တာလား”
“ဘာဘဏ်ကို ဟက်ရမှာလဲ” ကူယွဲ့စီအီးအိုအစစ်လိုမျိုး မျက်ဆံလှန်မိလိုက်တယ်။
“ဒါ ငါတို့ အရင်က ဆော့ခဲ့တဲ့ဂိမ်းကနေ ရခဲ့တဲ့ ပိုက်ဆံမဟုတ်လို့လား”
“အာ… ငါတို့ ရှင်းထုတ်ခံလိုက်ရတယ် မဟုတ်ဘူးလား”
“သူတို့က ငါ့အမှတ်တွေကိုပဲ ရှင်းထုတ်လိုက်တာလေ” ကူယွဲ့က အရေးမကြီးဟန် ရှင်းပြတယ်။
“ဒါပေမဲ့ ငါတို့သတ်ခဲ့တဲ့ အလောင်းတွေက ငါ့နာမည်အောက်မှာပဲ ရှိနေသေးတယ်၊ ငါ ဒီရက်ပိုင်း အဲဒါတွေကို ရှင်းလင်းနေခဲ့တာ”
“ဒါဆို… နင် အဲဒီသားရဲတွေကို ရောင်းခဲ့တာလား” အဲဒါ အမှိုက်မဟုတ်ဘူးလား။ ဘယ်လိုလုပ် အဲလောက် တန်ဖိုးရှိရတာလဲ။
“ငါ တစ်လက်စတည်း ကြယ်ကွန်ရက်ထဲက နယ်ပယ်ဈေးကွက်ကို စစ်ဆေးခဲ့တာလေ၊ အလောင်းတွေကို ပြန်လည်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဆီ အလောင်းတွေကိုပို့ပြီး မရောင်းခင် သူတို့ရဲ့ အစိတ်အပိုင်းမျိုးစုံကို ခွဲခြမ်းပစ်လိုက်တာ၊ ငါ သူတို့ကိုရောင်းခဲ့တဲ့ ပမာဏရဲ့ တစ်ဝက်စာပဲရသေးတယ်၊ တစ်ဝက်ဝင်လာမှာကို စောင့်နေဆဲဟ”
သူက စကားပြောပြီး သူ့အကောင့်ထဲက နံပါတ်ကို စစ်ဆေးလိုက်တယ်။ တကယ်ပဲ များပြားတဲ့ ပမာဏက တိုးလာဆဲ။ သူတို့တွေ နံပါတ်တိုးလာသံကို နားထောင်နေမိတယ်။
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
“ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ”
“မ… မဟုတ်ပါဘူး၊ ငါတို့ နင့်ကို ရုတ်တရက် ဒယ်ဒီလို့ ခေါ်ချင်တဲ့စိတ်လေး ပေါ်လာရုံပါ”
“သွားစမ်း”
——————
ဖေဖေနျိုရဲ့ ကြီးမားတဲ့ ငွေကြေးထောက်ပံ့မှုနဲ့ သုံးယောက်သား တာဝန်ကို တစ်နေ့တည်းနဲ့ အပြီးသတ်နိုင်ခဲ့တယ်။ ရှန်းကျင်းက စကားတည်ပြီး “မျက်နှာပြင်ခွင့်ပြုချက်” လို့ရေးထားတဲ့ စာရွက်အပိုင်းနှစ်ခုကို သူတို့ဆီ ထုတ်ပေးလာတယ်။
ကူယွဲ့က သူ့ရှေ့က A4 စာရွက်ကိုကြည့်ပြီး အချိန်အတော်ကြာတဲ့ထိ မတုံ့ပြန်နိုင်။
ဒါက သောက်ကျိုးနည်း နမော်နမဲ့နိုင်လွန်းတာပဲ မဟုတ်ဘူးလား။ ပြောတော့ ခွင့်ပြုချက်တွေကို အလွယ်တကူ ထုတ်မပေးဘူးဆို။ ခုတော့ စာရွက်အပိုင်းအစတွေသာသာတဲ့ ကူယွဲ့ သူ့ဘေးကရှန်းရင်ကို ဖျတ်ခနဲ လှမ်းကြည့်ပြီး သွေးအန်ချင်စိတ်ကို တောင့်ခံနေရတယ်။
တစ်ဖက်မှာတော့ ယိချင်းက ထိတ်လန့်တာထက် ပိုလွန်နေတယ်။ သူ တစ်ခုခု လွဲနေတယ်ဆိုတာ သတိမထားမိ။ သူ ကမ္ဘာမြေပြင်ပေါ် ရောက်ရောက်တည်းက တစ်စုံတရာက သူ့ကို ပြန်ဆွဲထားသလိုမျိုး ခံစားနေခဲ့ရတာ။ ရုတ်တရက် အဲခံစားချက်က ပျောက်သွားခဲ့တယ်။
“ဟုတ်သားပဲ – စောနက ရှန်းရင်ကိုယ်မှာ ပြဿနာရှိတယ်လို့ပြောတယ်လေ၊ ဘာပြဿနာများလဲ” ကူယွဲ့ မေးကြည့်လိုက်တယ်။
“ရှောင်ရင်…” ရှန်းကျင်းက သူမဘေးက အမျိုးသမီးဘက် လှည့်ပြီး အမူအရာက နူးညံ့သွားခဲ့တယ်။ သူမရဲ့အကြည့်က အချစ်တွေ မေတ္တာတွေနဲ့ ပြည့်လျှံနေပြီး မျက်ရည်တွေဝဲနေတယ်။
“ငါ့ရဲ့ ချစ်စရာရှောင်ရင်လေး ဒုက္ခခံရဖို့ သူစိမ်းမျက်နှာပြင်ဆီ ဆွဲခေါ်ခံခဲ့ရတာကို စဉ်းစားမိတိုင်း ရင်နာမိတယ်၊ ဒါပေမဲ့ ခု မစိုးရိမ်နဲ့၊ ငါအဲခွေးကောင်တွေနဲ့ သေချာပေါက် စာရင်းရှင်းပစ်မယ်”
ရှန်းရင် ။ ။ “…” အသက်ရှင်ဖို့ ထိုက်တန်တာမရှိတော့သလိုပဲ။
ယိချင်း ။ ။ “…” ဆရာ့ရဲ့အစ်မကြီးက ထူးခြားတဲ့စရိုက်တစ်မျိုးမျိုး အသက်သွင်းလိုက်တာလား။
ကူယွဲ့ ။ ။ “…” ဒီမိန်းမက သူ့ညီမကို စွဲလမ်းနေတာပဲ ဖြစ်ရမယ်မဟုတ်လား။ အဲလိုပဲဖြစ်ရမယ်။
ပိုပြီးလွန်တာက ဒီ cheat ရှန်းရင်က ဘာမှတောင် မခံစားခဲ့ရတာပဲ။
“သူ့ကိုယ်မှာ ဘာဖြစ်နေလဲ မသိပေမဲ့ မင်းတို့ ပြောသလိုမျိုးနဲ့ ဆင်တဲ့ မျက်နှာပြင်တစ်ခုကို ရှာတွေ့ပြီးပြီ”
တစ်ခုခုကို သတိရသွားသလိုမျိုး ရှန်းကျင်းက စခရင်တစ်ခုကို ဆွဲထုတ်ကာ တတောက်တောက် ရိုက်တော့တယ်။
“ငါအဲက စီမံထိန်းသိမ်းသူကို ဆက်သွယ်ပြီးပြီ၊ သူက ဒီကိုမကြာခင် ခွင့်ပြုချက်ပို့လာလိမ့်မယ်၊ အဲဒါပြီးရင် ငါသွားပြီး နင့်အတွက် စစ်ဆေးပေးမယ်၊ နင့်ကိုယ်မှာ အတိအကျ ဘာဖြစ်နေလဲဆိုတာ အဖြေရှာကြည့်မယ်”
“ခပ်ဆင်ဆင်မျက်နှာပြင်” ကူယွဲ့ တုံ့ဆိုင်းသွားတယ်။
“နောက်ထပ်အမတကျင့်ကြံသူ မျက်နှာပြင်ရှိတာလား”
“အင်း” ရှန်းကျင်းက ခေါင်းညိတ်တယ်။
“မျက်နှာပြင်တွေရဲ့ မြေပုံအညွှန်းကို ခန့်မှန်းဖို့က နည်းမရှိဘူး၊ ငါတို့မျက်နှာပြင်နဲ့ နင်တို့အားလုံး ရှိခဲ့တဲ့မျက်နှာပြင်ကလွဲ နှစ်ခုလုံးနဲ့အရမ်းဆင်တဲ့ တခြားမျက်နှာပြင်တချို့ရှိတယ်”
“ရှန်းရင် ဘာဖြစ်နေလဲဆိုတာ တကယ်ပဲရှာတွေ့နိုင်တာလား”
“သေချာပေါက်တော့မပြောနိုင်ဘူး” ရှန်းကျင်းက သက်ပြင်းချကာ မျက်မှောင်ကြုတ်လိုက်တယ်။
“ဒါပေမဲ့ စမ်းကြည့်ရမှာပဲ”
သူမက စကားပြောပြီးတာနဲ့ သတိပေးသံတစ်ခု အိမ်ထဲထွက်လာတယ်။
“သူတို့တွေ ခွင့်ပြုချက်ပို့လိုက်ပြီ” ရှန်းကျင်းက ထရပ်လိုက်တော့ နောက်ထပ်စခရင်တစ်ခု သူမရှေ့ထွက်လာတယ်။ စခရင်ပေါ်မှာက အနီရောင်နဲ့ တစ်လုံးတည်း ရေးထားတယ် ခွင့်ပြုချက်။ ရှန်းကျင်းက ခေါင်းမော့ပြီး စခရင်ကို ဆွဲပွတ်လိုက်တယ်။ စာလုံးက အက်ကွဲသွားပြီး တံခါးချပ်တစ်ခုက သူမရှေ့တည့်တည့် ပွင့်လာတယ်။ ရှည်လျားတဲ့ အဖြူရောင်လမ်းကြောင်းရှည်တစ်ခုက သူတို့မျက်စိရှေ့တင် ဖြစ်ပေါ်လာလေရဲ့။
“သွားကြစို့” ရှန်းကျင်းက သူတို့ကိုခေါင်းညိတ်ပြတယ်။ သူမက ရှေ့တစ်လှမ်းတိုးပြီးတဲ့နောက် ပျောက်ကွယ်သွားခဲ့တယ်။
သူတို့တွေ အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်တယ်။ ဒါ ရှန်းကျင်းအတွက်ကလွဲ သူတို့အားလုံး တခြားစီမံထိန်းသိမ်းသူကို သွားတွေ့မဲ့ ပထမဆုံးအကြိမ်ပဲ။ သူတို့တွေ နည်းနည်းစိတ်လှုပ်ရှားတာ နားလည်နိုင်ပါတယ်။ ပြီးတော့ တစါဖက်စီမံထိန်းသိမ်းသူက ဘယ်လိုပုံစံလဲဆိုတ။ သူတို့မသိဘူးလေ။
ကူယွဲ့ အသက်ပြင်းပြင်းရှူပြီး ရှေ့ကို ခြေတစ်လှမ်းလှမ်းလိုက်တယ်။ အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး ရုတ်တရက် လုံးဝတခြားပတ်ဝန်းကျင်ရောက်နေတာမြင်လိုက်ရတယ်။
သူတို့ ရင်းနှီးနေတဲ့… ဟင်းချက်နေသံကို ကြားလိုက်ရလေရဲ့။
နောက်တော့ မိန်းကလေးတစ်ယောက်အသံ ထွက်လာတယ်။
“နင်ရောက်ပြီလား၊ ခဏနော်၊ ငါသိမ်းဆည်းပြီးရင် လာခဲ့မယ်”
ရှန်းရင် ။ ။ “…”
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
ဘာတုန်းဟ။
…