အခန်း ၁၅၆ ။ ကြက်ကင်အစ်မနှင့် ပြန်လည်တွေ့ဆုံခြင်း
မသေမျိုးချီက ထူသထက်ထူလာပြီး မကြာခင်မှာပဲ အဖြူရောင်စင်မြင့်အရိပ်တစ်ခု ပေါ်လာတယ်။ စင်မြင့်အလယ်မှာတော့ အလင်းတန်းတွေ တဖြတ်ဖြတ်။ မသေမျိုးချီတွေက ငွေ့ရည်ဖွဲ့ပြီး အလင်းတန်းကလည်းပိုစူးလာတယ်။ စင်မြင့်က အလယ်တည့်တည့်ကို မိုးကြိုးတစ်ချက် ပစ်ချချိန် ကွဲသွားလေတယ်။
“အာ” ပိထောင် မှင်တက်သွားတယ်။
“ဝဋ်ကြွေးချေမှုက တိုးသွားပြီ၊ ကြည့်ရတာ တစ်ယောက်ယောက်က တစ်ခုခုကို အမတဘုံထဲ ယူလာတဲ့ပုံပဲ” ထျန်းလန်လောကကလူတွေ မသေမျိုးတက်လှမ်းချိန် တစ်ခုခုယူလာတတ်ကြတာ သူတို့ကိုယ်ပိုင်လက္ခဏာလားဟေ။
မိုးကြိုးကအလင်းက နောက်ဆုံးတော့ မသေမျိုးချီလို လွင့်ပျောက်သွားတယ်။ မသေမျိုးချီက ဖြည်းဖြည်းချင်း ပြန်ပြီး ဖွဲ့စည်းလာတယ်။ နောက်တစ်မိနစ်နေတော့ မသေမျိုးတက်လှမ်းမှုစင်မြင့် ပြန်ပေါ်လာပြီ။ မိုးကြိုးလည်းမရှိတော့ဘူး။ ရွှေရောင်အလင်းက စင်မြင့်အလယ်ကနေ ကောင်းကင်ဆီ တန်းတန်းမတ်မတ် လင်းထိန်သွားတယ်။
ရွှေရောင်အလင်းတန်းက ကောင်းကင်တစ်ဝက်ကို ထိန်လင်းစေခဲ့တယ်။ ရွှေရောင်က ကောင်းကင်ထဲ ကူယွဲ့ရဲ့ ဝဋ်ကြွေးချေမှုကနေ ထွက်လာတဲ့ အနီရောင်နဲ့ရောသွားတယ်။ နောက်တစ်မိနစ်နေတော့ အမည်းရောင်ပုံရိပ်တစ်ခု ရွှေရောင်အလင်းတန်းထဲကနေ ပေါ်လာတယ်။ ပုံရိပ်တစ်ခုက အလင်းတန်းထဲကနေ အရှိန်မြှင့်လာပြီး သူတို့အုပ်စုဆီ ပြေးလာတယ်။ ချောချောမွတ်မွတ် ဆင်းသက်ဖို့ကြိုးစားပေမဲ့ ရုတ်တရက် အားကုန်သွားသလိုမျိုး မြေကြီးပေါ် ဝုန်းခနဲကျသွားတယ်။ လူက သူတို့အုပ်စုနဲ့ မီတာအနည်းငယ်အကွာမှာတင် ကျသွားတယ်။
ကြိုဆိုတဲ့အလင်းရောင်နဲ့ မသေမျိုးတက်လှမ်းမှုစင်မြင့်လည်းပျောက်သွားတယ်။
လူတိုင်း မြေကြီးပေါ်က အခဲတုံးကို ကြည့်နေမိတယ်… အရမ်းကိုမည်းတူးနေတာ။ ပုံစံက အတော်လေးကို လောင်ကျွမ်းထားပုံပေါ်ပြီး ခန္ဓာကိုယ်ကလည်း ကျောက်မီးသွေးလိုမျိုးဖြစ်နေတယ်။ အဲလူဆီကနေ မီးခိုးတွေရော အငွေ့တွေရောထွက်နေတာပဲ။ ပတ်လည်မှာ အသားကင်နံ့တွေ စွဲကျန်ရစ်နေတယ်။
ကြည့်ရတာ ဝဋ်ကြွေးချေမှုက သူ့အပေါ် အတော်လေး ကြမ်းတမ်းခဲ့တဲ့ပုံပဲ။ တစ်ကိုယ်လုံး ကွေးကွေးလေး။ သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်ပြီး မောဟိုက်နေတယ်။ သူက အသက်ပြင်းပြင်းရှူပြီး သူ့ခြေလက်ထောက်တွေကို စစ်ဆေးကြည့်နေတယ်။
နောက်တော့ ခါယမ်းပြီး မတ်တတ်ထရပ်တယ်။
လူတိုင်း သူ့ကိုမျက်နှာသေနဲ့ စိုက်ကြည့်နေကျတယ်။ အမတဘုံဆီရောက်လာတဲ့ ဒီရောင်းရင်းက ဘယ်သူများပါလိမ့်။ သူတို့တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်ပြီး ကူဖို့လုပ်ပေးတော့တယ်။
ရှန်းရင်တောင် သူ့တပည့်တွေနောက်ကနေ အလိုလိုလိုက်လျှောက်မိလာတယ်။ သူတို့ အဲလူဘေးမရောက်ခင် အရမ်းကို ရင်းနှီးနေပြီး အတက်အကျမရှိတဲ့အသံတစ်သံကိုကြားလိုက်ရတယ်။
[တင်း ခေါင်သူကြီးကို ရှာတွေ့ပါပြီ အရေးကြီးတာဝန် ။ ။ ခေါင်သူကြီးကို ဒူးထောက်ပြီး မင်းရဲ့မျက်နှာလိုမျက်နှာရခံစားချက်တွေကို ဖော်ပြပါ]
ချက်ချင်းပဲ မတ်တတ်ရပ်ဖို့ လက်ကျန်စွမ်းအားတွေအားလုံး သုံးထားတဲ့ အမည်းရောင်လူက မြေကြီးပေါ် ရှန်းရင်ကိုမျက်နှာချင်းဆိုင်လျက် ဒူးထောက်ကျသွားလေတယ်။
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
ပိထောင် ။ ။ “…”
လူတိုင်း ။ ။ “…”
ဒီချက်ချင်းအကျယ်တဝင့်နှုတ်ဆက်မှု – ရုတ်တရက် ရှန်းရင် ဒီလူကဘယ်သူလဲသိသွားပြီ။
“သေစမ်း” အမည်းရောင်သဏ္ဌာန်က ဆဲတော့တယ်။ သူက နဖူးပေါ်လက်တင်ရင်း မော့ကြည့်တယ်။
“စနစ် သောက်ကျိုးနည်း မင်းဘာတွေလုပ်နေတာလဲ၊ ငါတို့အခု ဘယ်ကိုရောက်နေတာ..၊ ချီး ရှန်း… ရှန်းရှန်းရှန်း…”
သူ အိပ်မက်မက်နေတာလား။ ဒီမှာဘာလုပ်နေတာလဲ။ သူ လမ်းပျောက်သွားတာလား။
“ဟေး” ရှန်းရင် လက်မြှောက်ပြီး အကျင့်အတိုင်း သူ့ကိုနှုတ်ဆက်လိုက်တယ်။ နောက်ဆုံးမြင်ခဲ့တာ တော်တော်ကို ကြာပြီ။ သူ့နာမည်က ဘာပါလိမ့်။
“လူကြီးမင်းဖုန်းယင်” ယွီဟုန်က အဲလူကိုချက်ချင်းမှတ်မိသွားတယ်။
“မဟုတ်ဘူး၊ အခုရှင့်ကို အမတရောင်းရင်းဖုန်းယင်လို့ ခေါ်သင့်ပြီ” သူက ပထမဆုံး မသေမျိုးတက်လှမ်းလာလိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ။ ဝူတိဂိုဏ်းက အထက်လောကကိုလာချိန် သူက နတ်ဝိညာဉ်အဆင့်ပဲရှိသေးတယ်။
“မင်းတို့အားလုံးဘယ်လိုလုပ်…” ဖုန်းယင် စကားဆုံးအောင်မပြောနိုင်ခင်မှာတင် သွေးအန်တော့တယ်။ သူ့ကိုယ်က မသေမျိုးချီ ချို့တဲ့နေပြီဆိုပေမဲ့ အခု သူ့မှာရှိတဲ့ မသေမျိုးချီပါ ပိုပြီးမြန်မြန် ပျောက်ကွယ်နေပြီ။
ယိချင်းက မျက်မှောင်ကြုတ်ပြီး ရှေ့ကိုတက်လာခဲ့တယ်။
“ဖုန်းယင်” မိန်းမတစ်ယောက်ရဲ့ အသံက သူတို့နောက်ကနေ ပေါ်လာတယ်။ မိန်းမအရိပ်က လွင့်လာပြီး လူအုပ်ကြီးကို နောက်ကျောပေးထားတယ်။ သူမအသံက စိုးရိမ်မှုနဲ့ အပြစ်ရှိစိတ်တို့အပြည့်။
“ဘာလို့ ဒီလိုလုပ်ရတာလဲ… ကျွန်မ အရင်ကပြောဖူးတယ်လေ၊ ရှင် ဒီလိုလုပ်လို့မရဘူး တကယ်လို့ ရှင် ကျွန်မစကားနားထောင်ပြီး ကျွန်မကို ဂရုစိုက်တာ ရပ်လိုက်ရင် ရှင့်ဘာသာ တက်လှမ်းနိုင်မှာ”
“ရှောင်ယွီ…” ဖုန်းယင်က အမျိုးသမီးလက်ကို ဆုပ်ကိုင်လိုက်တယ်။ သူ့နှုတ်ခမ်းထောင့်တွေက အမျိုးသမီးကို ပြုံးပြဖို့ ကြိုးစားနေသလိုမျိုး တွန့်သွားတယ်။
“ကိုယ်အဆင်ပြေပါတယ်၊ ကိုယ်တို့… ကိုယ်တို့ အခု ဒီကိုရောက်လာပြီမဟုတ်လား”
“ဘယ်လိုလုပ် ရှင်အဆင်ပြေမှာလဲ” အမျိုးသမီးက အခုအတော်လေးစိုးရိမ်နေပုံ။ မျက်ရည်တွေလည်း ပြည့်နေတယ်။
“တကယ်လို့ ဝဋ်ကြွေးချေခြင်းတစ်လျှောက်မှာ ကျွန်မဝိညာဉ်ကိုကာကွယ်ဖို့ ရှင့်မသေမျိုးချီအားလုံးကို သုံးခဲ့တာကြောင့်သာမဟုတ်ရင် ရှင်…”
“ကိုယ် အရင်ကပြောဖူးတယ်မလား၊ ကိုယ့်မှာ လျှို့ဝှက်လက်နက်ရှိတယ်လေ၊ စနစ်…” ဖုန်းယင် နောက်တစ်ကြိမ် ချောင်းဆိုးမှုကြောင့် စကားပြတ်သွားပြန်တယ်။ သူ သွေးတွေအန်နေတာ မရပ်တော့ဘူး။
“စနစ်က… ကိုယ့်ကိုသေခွင့်ပေးမှာမဟုတ်ဘူး၊ သေချာပေါက် နည်းရှိပါတယ်လို့…”
သူ စကားမဆုံးခင် ရင်းနှီးနေတဲ့အသံကြားလိုက်ရတယ်။
[တင်း လက်ခံသူရဲ့ ကျန်းမာရေးအဆင့်က အရမ်းကိုနိမ့်နေပါတယ်၊ အတင်းအကြပ်တာဝန် ။ ။ လက်ခံသူ ကျေးဇူးပြုပြီး ဒူးထောက်ကာ နဖူးပေါ် လက်ဖဝါးတင်ပါ၊ ဂါရ၀ပြုဝပ်တွားတဲ့ ပုံစံထားပြီး ခေါင်သူကြီးကိုမျက်နှာချင်းဆိုင်ပါ၊ ဆေးကုသမှုဂါထာတစ်ခုရွတ်ပါ “အဘွား ကျွန်တော့်ကို ကယ်ပါ” ခြွင်းချက် ။ ။ ကျယ်လောင်မှု၂၀၀ရာခိုင်နှုန်းနဲ့ သုံးကြိမ် ထပ်တလဲလဲရွတ်ပါ]
ရှန်းရင် ။ ။ “…”
ဖုန်းယင် ။ ။ “…”
(╯‵□′)╯(┻━┻
စားပွဲလှန်… အရူးလိုကစားနေဖို့ ဒါအချိန်လား။ စနစ်အစုတ်၊ မင်းစိတ်ဝင်စားတာ ကပ်ဖားယပ်ဖားဖို့ပဲ။
“အဘွား နင့်ကို မကယ်တင်နိုင်ဘူး” ရှန်းရင် တလေးတနက် ဖြေလိုက်တယ်။
“…” မင်းက ဘယ်သူ့အဘွားလဲ ငါမင်းကို မရိုက်ဘူးမထင်နဲ့။
“စားဖိုမှူး မင်း…”
သူမက စားဖိုမှူးကို သူ့ကိုစစ်ကြည့်ပေးဖို့ ပြောမလို့ရှိသေး သူတို့ကိုကျောပေးထားတဲ့ အမျိုးသမီးက ရုတ်တရက် လှည့်ပြီး သူတို့ကို မျက်နှာချင်းဆိုင်လာတယ်။ သူမမျက်နှာမှာ မယုံကြည်နိုင်တဲ့ အမူအရာနဲ့။
“ရှန်း… ရင်လား”
“ဟမ်” ရှန်းရင် အလိုလိုဖြေလိုက်မိတယ်။ နောက်တော့မှ ဒီ အမျိုးသမီးကို ကြည့်ရတာ ရင်းနှီးနေမှန်း နားလည်သွားခဲ့တယ်။
“ကြက်ကင်အစ်မလား”
“ရှန်းရင် တကယ် နင်ပဲ” သူမမျက်ဝန်းတွေက ချက်ချင်းနီရဲလာတယ်။ သူမက ဖုန်းယင်ကို တမြတ်တနိုး လှည့်ကြည့်ပြီးတဲ့နောက်… ချက်ချင်းပဲ လက်လွှတ်ချပြီး ရှန်းရင်ကို ဖက်ဖို့ ပြေးသွားတော့တယ်။
“ကောင်းလိုက်တာ နင်အဆင်ပြေတယ်ပေါ့ တကယ်ပဲအဆင်ပြေတယ်ပေါ့… နင်ငါ့ကို ကြောက်စေခဲ့တာနော်”
ယိချင်း ။ ။ “…”
ဖုန်းယင် ။ ။ “…”
ခွေး*သားလေး နှစ်ယောက်လုံး တစ်ပြိုင်နက် တွေးမိလိုက်ကြတယ်။
ရှန်းရင် ။ ။ “…” ဘာတွေဖြစ်နေတာလဲ။
——————
ဖုန်းယင်က ကြက်ကင်အစ်မကို အမတဘုံဆီ အတင်းအကြပ် ခေါ်လာခဲ့တာပဲ။ အဲဒါကြောင့် ဝဋ်ကြွေးချေခြင်းကို ၂ကြိမ်ဖြတ်သန်းခဲ့ရတာ။ သူ့မှာ စနစ်ရဲ့အကူအညီရှိပေမဲ့ လုံးဝလောင်ကျွမ်းသွားတုန်းပဲ။ သူ နောက်ဆုံးအသက်လက်ကျန်ကို ဆွဲဆန့်ပြီး မသေမျိုးတက်လှမ်းမှုစင်မြင့်ဆီ တက်လှမ်းခဲ့တာပဲ။
ပြီးတော့ သူက သူ့မသေမျိုးချီတစ်ဝက်ကို ချီချန်းယွီကို ဝဋ်ကြွေးချေခြင်းတုန်းက ပေးထားတာ။ အဲဒါကြောင့် သူ့ဒဏ်ရာတွေက ပျောက်မကင်းတာပဲ။ ကြက်ကင်အစ်မ သူနဲ့ရှိနေတာကတော့ ဝူတိဂိုဏ်း ရုတ်တရက်ပျောက်ဆုံးသွားမှုနဲ့ ဆက်စပ်နေတယ်။
အဲအချိန်တုန်းက သူတို့က ဖေဖေနျို့ကိုကယ်ဖို့ ဗျာများနေခဲ့တာ။ နဂိုအသည်းအသန်ဖြစ်ရင် ပုံမှန်ထိန်းချုပ်ပေးတတ်တဲ့ ကူယွဲ့က သတိလစ်နေတယ်။ အဲဒါကြောင့် ဆရာတပည့်ငတုံးနှစ်ယောက်က သူတို့ဘယ်သွားမလဲဆိုတာ သူများတွေကိုအသိပေးဖို့တောင် မစဉ်းစားခဲ့တာပဲ။ ပြီးတော့ အဲအချိန်က အမတအတော်များများ အောက်ဘုံမှာ သေခါနီးဆဲဆဲဖြစ်နေတာလေ။ လူတိုင်းက အဲဒီအမတတွေကြောင့် မသေမျိုးတက်လှမ်းမှုအမြင်အာရုံတွေ ပေါ်လာတယ် တွေးနေခဲ့တာ။ ယုန်တောင်မှ ဝူတိဂိုဏ်းတက်လှမ်းသွားတာ မသိလိုက်ဘူး။
ဆွေကြီးမျိုးကြီးမိသားစုလေးစုက အကြာဆုံးလိုက်ရှာခဲ့ပေမဲ့ ဘယ်သူမှ ဝူတိဂိုဏ်းအရိပ်အယောင်ကို မတွေ့တော့ဘူး။ နောက်ဆုံးတော့ လက်လျှော့လိုက်ရတော့တယ်။ နောက်ပိုင်း ချီချန်းယွီနဲ့ဖုန်းယင်ပဲ ဒီကိစ္စကို ဆက်ရှာကြတယ်။ သူတို့အတူတူအလုပ်တွဲလုပ်လေ တစ်ယောက်ကိုတစ်ယောက် ပိုပြီးသဘောကျလာလေပဲ။ ကြက်ကင်အစ်မက ကျင့်ကြံဆင့်အရမ်းမြင့်တယ် – နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူမက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ။ ဝဋ်ကြွေးချေမှုက သူမအတွက် ပုံမှန်ကျင့်ကြံသူတွေထက်ကို ခက်မှာ။ အဲဒါကြောင့် သူမကျင့်ကြံဆင့်ကိုဖိနှိပ်ထားခဲ့တာပဲ။
သူတို့ နောက်ဆုံး ဘယ်လိုမှ မဖိနှိပ်ထားနိုင်တော့ချိန် ဝဋ်ကြွေးချေမှုကို ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။ သူမ ခရီးသွားမသေမျိုးဖြစ်လာနေတုန်း ရှုပ်ထွေးမှုတွေပေါ်လာပြီး ဖုန်းယင် အချိန်မီ မကယ်နိုင်ခဲ့ဘူး။ သူမအရိုးတွေက လုံးဝကျိုးကုန်ပြီး အကြီးအကျယ်ဒဏ်ရာရသွားခဲ့တယ်။ သူမက ကမ္ဘာပေါ်ဝိညာဉ်ကိုယ်ထည်နဲ့ပဲ ကျန်ရစ်နိုင်တော့တယ်။ ဖုန်းယင်က သူမကိုကူညီဖို့အတွက် နည်းရှာဖို့ မသေမျိုးဆီတက်လှမ်းဖို့ဆုံးဖြတ်ခဲ့တာပဲ။
“အမှန်ပဲ” သူမ ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားတယ်။
“ရှောင်ဟုန် နင် လုပ်စရာကိစ္စနှစ်ခုလို့ ပြောတာမလား၊ နောက်ကိစ္စကဘာလဲ”
“ကိစ္စကြီးတော့ မဟုတ်ပါဘူး၊ ဂိုဏ်းချုပ်ကိုတွေ့ချင်တဲ့ လူနှစ်ယောက် တောင်အောက်မှာ ရောက်နေတာပါ”
“အော်” ရှန်းရင်က စိတ်ထဲမထားဘဲ ဖုန်းယင်ကို ပိထောင် ကုသတာ ဆက်ကြည့်နေတယ်။ သူ အဆင်ပြေပါစေ မျှော်လင့်မိတာပဲ။
တောင်ခြေတွင်။
အဇဋာဧကရာဇ်တိရစ္ဆာန်နှစ်ကောင် ။ ။ “…”
သူတို့တောင်ခြေမှာရပ်နေတာ လဝက်လောက်ရှိပြီ။ ဘာလို့ ကြီးမြတ်တဲ့နတ်သမီးက သူတို့ကို လာမဆင်းတွေ့တာလဲ။ သူတို့ကို ဒေါသထွက်နေတာလား။ အဲလိုပဲဖြစ်ရမယ်။
သူတို့၂ရက်လေးနောက်ကျသွားရုံနဲ့… ဝါးဝါးဝါး… သူတို့ ဘာလုပ်ကြမလဲ။ သူတို့တော့သွားပြီ
နှစ်ယောက်သား ထိန်းချုပ်မရနိုင်အောင် တုန်ယင်နေတော့တယ်။
…