အခန်း ၁၄၄ ။ လေလွင့်မီးတောက်မျိုးနွယ်
“ယွီဖုန်းအမတနယ်မြေက ငါတို့တွေးထားသလို ရှေးဟောင်းကောင်းကင်မျိုးနွယ်ချန်ထားခဲ့တဲ့ အမတနယ်မြေမဟုတ်ဘူ၊ ငါ့ရဲ့ လေလွင့်မီးတောက်မျိုးနွယ်နေတဲ့နေရာပါပဲ”
“ပြီးတော့ အရပ်ဆယ်မျက်နှာကောင်းကင်လက်နက်က ကောင်းကင်မျိုးနွယ်တွေချန်ခဲ့တဲ့ လက်နက်မဟုတ်ဘူး၊ ငါ့မျိုးဆက်ဖန်တီးခဲ့တဲ့ တန်ဖိုးကြီးလက်နက်ပါပဲ၊ ဒီအမတနယ်မြေ အစီအစဉ်ကျပြီး တည်ငြိမ်အောင် ထိန်းချုပ်ဖို့လုပ်ခဲ့တာ”
“ကျုပ်ဘိုးဘွားတွေက လုံးဝကို ဝရုန်းသုန်းကားလောကမှာနေခဲ့တာ၊ ဒီအမတနယ်မြေက ကျုပ်ဘိုးဘွားတွေရဲ့ မျိုးဆက်အဆက်ဆက်ကြိုးစားပြီး ဖွဲ့စည်းထားခဲ့တာပေါ့၊ လောကသုံးထောင်ရဲ့ အဝေးမှာရှိနေပေမဲ့လည်း သူ့ကမ္ဘာနဲ့သူ ဖွဲ့စည်းနိုင်ခဲ့တယ်၊ ကျုပ်ဘိုးဘွားတွေက အရမ်းကိုထူးခြားတဲ့အစွမ်းတွေနဲ့ မွေးဖွားလာတာ- သူတို့တွေက ချီတွေ စုစည်းသွားတာကနေ အရာဝတ္ထုတွေဖန်တီးနိုင်တယ်၊ ကျုပ်မျိုးဆက်က ချီကနေ အရာဝတ္ထုဖန်တီးနိုင်တဲ့အစွမ်းနဲ့ မွေးလာတာပဲ”
“ဒါပေမဲ့ ဒီစွမ်းအားကြောင့် ကျုပ်တို့ဘေးသင့်ခဲ့ရတယ်၊ ကျုပ်တို့ဖန်တီးခဲ့တဲ့လက်နက်တွေက ပိုပို အားကောင်းလာတော့ လောကကိုဖျက်ဆီးပြီး နောက်တစ်ခုဖန်တီးနိုင်တဲ့အစွမ်းပါ ပါလာတယ်၊ ဒါကြောင့် ကျုပ်မျိုးဆက်က သုံးလောကကို ခြိမ်းခြောက်သလိုဖြစ်လာခဲ့တာပေါ့”
“ရှေးဟောင်းကာလတုန်းက အမတဘုံမှာရှိတဲ့ မသေမျိုးချီက အခုနဲ့ကွဲတယ် – ကောင်းကင်ဘုံမှုဘောက် မသေမျိုးချီတွေ အများကြီးရှိတယ်၊ အဲအချိန်တုန်းက အမတတွေနဲ့ ကောင်းကင်မျိုးနွယ်တွေက တိုက်ခိုက်ခဲ့ကြတယ်၊ အမတဘုံက နတ်ဒေဝါဧကရာဇ်တွေက ကျုပ်တို့ဘိုးဘေးတွေဆီကနေ အကူအညီတောင်းခဲ့တယ်၊ ကောင်းကင်မျိုးနွယ်ကို ဖိနှိပ်နိုင်မဲ့ လက်နက်တစ်မျိုးဖန်တီးပေးဖို့ပေါ့”
“ကျုပ်ဘိုးဘေးတွေက မတုံ့ပြန်ခဲ့ပေမဲ့ တကယ်ပဲ ကောင်းကင်မျိုးနွယ်ကို နှိမ်နိုင်းနိုင်လောက်အောင် အင်အားကြီးတဲ့လက်နက်တွေ ဖန်တီးခဲ့တယ်၊ ဒါက ကောင်းကင်မျိုးနွယ်ကို အတော်လေး ဒေါသထွက်စေခဲ့တာပေါ့၊ သေချာပေါက် သူတို့က ကျုပ်ဘိုးဘေးတို့ကို တိုက်ခိုက်တော့တယ်၊ ကျုပ်ဘိုးဘေးတွေက သူတို့ဖန်တီးတဲ့ လက်နက်တွေရဲ့ အကူအညီရှိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် နည်းလွန်းတယ်လေ၊ သေချာပေါက် ကောင်းကင်မျိုးနွယ်ကို တိုက်ခိုက်နိုင်လောက်တဲ့အထိ မသန်မာခဲ့ဘူးပေါ့၊ တိုက်ပွဲက အတော်လေး ဖွက်ဖွက်ညက်ကြေခဲ့တာ – ယွီဖုန်းအမတနယ်မြေတစ်ခုလုံး ဖျက်ဆီးခံလိုက်ရတယ်၊ ကျုပ်ဘိုးဘေးအားလုံးနီးပါးသုတ်သင်ခံလိုက်ရတယ်၊ ဘိုးဘေးတချို့ပဲ လောကသုံးထောင်ဆီ ထွက်ပြေးနိုင်ခဲ့တာ”
“အဲဒါက ယွီဖုန်းအမတနယ်မြေ အမတဘုံဆီ ဘယ်လိုမျိုး နယ်နှင်ဒဏ်ခံလိုက်ရလဲဆိုတာပဲ၊ ကျုပ်ဘိုးဘေးတွေက သူတို့သွေးကြောတွေထဲ စွမ်းအင်တွေကို ချိတ်ပိတ်ပြီး အသက်ရှင်ဖို့ တိုက်ခိုက်ခဲ့တယ်၊ သူတို့ ဒါကြောင့် သူတို့နောက်လိုက်ဖို့ကြိုးစားတဲ့ကောင်းကင်မျိုးနွယ်တွေကို ရှောင်ရှားနိုင်ခဲ့တာ၊ သူတို့ရဲ့ မျိုးဆက်တွေက နတ်ဒေဝါဧကရာဇ်တွေဖြစ်လာပြီး ဒီမြေကိုပြန်လာ သူတို့ရဲ့နဂိုကျက်သရေကို ပြန်လည်ထိန်းသိမ်းပေးမဲ့နေ့ကို မျှော်လင့်နေကြတာ၊ ဒါပေမဲ့ ထွက်ပြေးနိုင်ခဲ့တဲ့ ငါ့မျိုးဆက်ကလူအများစုက သေမျိုးဘုံကို ထွက်ပြေးသွားခဲ့ကြတာ၊ အမတဘုံထဲမှာ ဝိညာဉ်ချီက နည်းတော့ မသေမျိုးတက်လှမ်းဖို့ခက်တယ်လေ၊ သွေးကြောတွေ ပွင့်ဖို့ဆို မပြောနဲ့ပေါ့”
“ငါလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်က မတော်တဆ သွေးကြောတွေထဲက မှတ်ဉာဏ်တွေကို ဖြည်နိုင်ခဲ့တာ၊ အဲလိုနဲ့ လီရွှေ့မြစ်ကိုဖြတ်ဖို့ ဆောင်းဝိညာဉ်သစ်ရွက်တွေကို ငါရှာတွေ့ခဲ့တဲ့ပုံစံပဲ၊ အဲဒါကလည်း အမတနယ်မြေထဲက အခြေအနေတွေကို သိနေတဲ့ အဲမှတ်ဉာဏ်တွေကြောင့်ပေါ့”
“ဒါတွေအားလုံးက ဟိုးရှေးခေတ်ကဖြစ်ခဲ့တာဆိုပေမဲ့ နဂိုမူလ လေလွင့်မီးတောက်မျိုးနွယ်တွေက ငါ့လိုသာမန်လူနဲ့ ပုံစံဆင်လောက်တယ်၊ ဒါပေမဲ့ ငါ့ဘိုးဘွားတွေကို ရှာချင်သေးတယ်၊ ဒီကောင်းကင်အစီအရင်ခြောက်မျိုးဓားက တကယ်တော့ ဒီအမတနယ်မြေရဲ့ အုတ်မြစ်ပဲ၊ ငါ့ဘိုးဘေးတွေရဲ့ သွေးကြောကိုဖွင့်ဖို့ သော့ချက်လည်းဖြစ်တယ်၊ ဒါနဲ့ပဲ ငါ့ဘိုးဘေးတွေရဲ့ မှတ်ဉာဏ်ကို နှိုးနိုင်မှာ”
“အခု ငါ ဘာကြောင့် ဒီဓားကိုယူမှဖြစ်မှာလံ နားလည်ပြီလား”
ရွှင်ရှူး ဇာတ်လမ်းတစ်ပုဒ်လုံးကိုပြောပြီးတဲ့နောက် အသက်ဝဝရှူလိုက်တယ်။ နောက်တော့ သူ့အဖော်သုံးယောက်ကို စိုးရိမ်တကြီး မော့ကြည့်တော့တာပေါ့။
“ဟိုလီရှစ် ရှန်းရင် အစားပုတ်၊ ငါ့အတွက် ဟင်းနည်းနည်းတော့ ချန်ပေးသင့်တယ်မလား၊ အဲလောက်မြန်မြန်စားလို့ နင်သေမှာ မကြောက်ဘူးလား”
“ငါ နည်းနည်းချန်ပေးထားတယ်လေ”
“ငါ့ဖင်ကိုချန် ငရုတ်ပွစိမ်း၊ ကြက်သွန်မြိတ်နဲ့ ကြက်သွန်ဖြူကလွဲ ဒီပန်းကန်ထဲ ဘာရှိသေးလဲ၊ ဘယ်မှာလဲ အသားတွေ”
“ဂျီးမများနဲ့”
“ဒါကိုဘာအားကိုးနဲ့ပြောတာတုန်း ခဏ… ယိချင်း ငဖားကောင် အဲအဆာသွတ်မုန့်ကို အောက်ချလိုက်စမ်း”
“ကျွန်တော်လုပ်တာလေ”
“ချီး”
သုံးယောက်သား စားစရာအပေါ် အကြာကြီးဒီလိုရန်ဖြစ်နေကြတာ။ ဘယ်သူမှရွှင်ရှူးကို အာရုံမစိုက်ကြ။
ရွှင်ရှူး ။ ။ “…”
သူ့ဦးနှောက်ထဲ တစ်ခုခု ကျိုးသံကြားလိုက်ရတယ်။ ဘာများပါလိမ့်
စားပွဲလှန်
(╯‵□′)╯(┻━┻
တစ်ယောက်ယောက် သူ့ကိုနားထောင်နေလားဟေ။ သူတို့ သူ့ကိုလေးစားမှုနည်းနည်းမပြနိုင်ဘူးလား။
ဒီလူတစ်သိုက်ကိုရိုးသားဖို့ ကြိုးစားမိတာ ကန်းနေခဲ့တာပဲဖြစ်ရမယ်
——————
ယွီဖုန်းအမတနယ်မြေဆီသွားတဲ့ဒီခရီးက တစ်လခွဲကြာခဲ့တယ်။ သူတို့ အချိန်စောစော ထွက်လာခဲ့တာက… သူတို့ရဲ့ သိုလှောင်အိတ်တွေ ပြည့်ကုန်လို့လေ။ သိုလှောင်အိတ်တွေ ထပ်ဝယ်ဖို့ ပြန်လှည့်မယ်တွေးခဲ့ပေမဲ့ အဲလိုလုပ်ဖို့က အချိန်အတော်ကြာမှာလို့ ဆုံးဖြတ်ခဲ့တယ်။ ကူယွဲ့ အံကြိတ်ပြီး ပြန်လာရတော့တာပေါ့။
သူတို့ထဲကဘယ်သူမှ မြစ်ကိုဖြတ်ဖို့ သစ်ရွက်ပေါ်မနင်းခင် တစ်ဖက်ကမ်းမှာ သူတို့ကိုလူအုပ်ကြီးတစ်အုပ် ရပ်ကြည့်နေတာ သတိထားမိလိုက်တယ်။
“အမတရောင်းရင်းယိ၊ မြန်မြန်ထွက်လာတာပဲ” နတ်ဒေဝါဧကရာဇ်ကောယိုးက မျှော်လင့်တကြီး ရယ်ပြပီုး ရှေ့တက်လာတယ်။ ယိချင်းသွားပြီးတည်းက တစ်လလုံး အဲနေရာကနေ မထွက်ခွာတာ အသိသာကြီး။ သူ သူတို့လူအုပ်ပြန်လာမှာကို စောင့်နေခဲ့တာပဲ။ သူက ယိချင်းကို သေချာကြည့်ပြီး ပြောတော့တယ်။
“ဒီခရီးကနေ အတော်လေး အကျိုးအမြတ်ရခဲ့ပုံပဲ” သူ့ကိုယ်ကိုဝိုင်းထားတဲ့ ဓားချီက သိသိသာသာကို မြင့်တက်လာတာ
“နတ်ဒေဝါဧကရာဇ်” ယိချင်း ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်တယ်။
“ကောင်းကင်အစီအရင်ခြောက်မျိုးဓား ဒါမှမဟုတ် တခြာစကောင်းကင်လက်နက်တွေရဲ့ သတင်းများပါလာလား” သူက အသည်းအသန်မေးတော့တယ်။
“ဟုတ်ကဲ့” ယိချင်း အမှန်တိုင်းပဲဖြေလိုက်တယ်။
“ဘ-ဘာ” ကောယိုး မှင်တက်သွားတယ်။ ယိချင်းရဲ့တုံ့ပြန်မှုထဲက အရိပ်အယောင်တွေကို သူနားမလည်ဘူး။
“အရှင်မင်းကြီးကော” ရွှင်ရှူးက ယိချင်းဖြေမှာကို မစောင့်ဘဲ ကောယိုးကို အမည်တပ် ရှေ့ထွက်ဆက်ပြောတော့တယ်။
“သူ့အစား ကျွန်တော့်ကိုမေးတာ ပိုကောင်းပါလိမ့်မယ်”
ကောယိုးမျက်မှောင်ကြုတ်ပြီး သံသယနဲ့မေးတော့တယ်။
“ဧကရာဇ်ငယ်ရွှင် မင်းဘာဆိုလိုတာလဲ”
“ဆိုလိုတာက…” ရွှင်ရှူးကပြုံးတော့တယ်။
“ကောင်းကင်အစီအရင်ခြောက်မျိုးဓားက အခုကျွန်တော်ပိုင်သွားပါပြီ၊ နောက်ပိုင်း အရှင်မင်းကြီး ဓားကိုရှာဖို့ အမတနယ်မြေဆီ ဓားအမတတွေထပ်လွှတ်စရာ မလိုတော့ပါဘူး”
“ဘာ” ကောယိုး အမူအရာက ပျက်ယွင်းသွားပေမဲ့ မြန်မြန်ပဲ တည်ငြိမ်အောင်ပြန်နေလိုက်တယ်။
“မင်း… တကယ်ပဲ ကောင်းကင်အစီအရင်ခြောက်မျိုးဓားကိုတွေ့ခဲ့တယ်ပေါ့”
“အမှန်ပါ၊ ကျွန်တော်လည်း ဒီလိုကံကောင်းမယ် မတွေးခဲ့ဖူးဘူး” ရွှင်ရှူးက လက်ကောက်ဝတ်လှည့်လိုက်တော့ ချက်ချင်း ရွှေရောင်ဓားတစ်ချောင်း လက်ထဲပေါ်လာတယ်။ တကယ်ပဲ ကောင်းကင်အစီအရင်ခြောက်မျိုးဓား။
ကောယိုး အမူအရာပျက်သွားတယ်။ သူက သူ့ရင်ထဲစုပြုံလာတဲ့ ဒေါသအမျက်ကို ထိန်းချုပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတဲ့ပုံစံနဲ့ ခပ်ပြင်းပြင်း အသက်ရှူလေတယ်။ စက္ကန့်နည်းနည်းနေတော့ သူကအံကြိတ်ပြီးပြောလေရဲ့။
“ဒါဆို ဂုဏ်ပြုပါတယ် ဧကရာဇ်ငယ်ရွှင်” သူ့ကျင့်ကြံဆင့်က ရွှင်ရှူးထက်မြင့်ပေမဲ့ ရွှင်ရှူးက အခု ကောင်းကင်လက်နက်တစ်မျိုးနဲ့ ဓားအမတ။ သူတို့တိုက်ခိုက်ကြရင် သူနိုင်မယ်လို့ ကောယိုးမှာ ယုံကြည်ချက်မရှိဘူး။ သူ ဒေါသကိုပဲမျိုသိပ်ရတော့တယ်။ ယိချင်းဘက် လှည့်ပြီး သူက အတင်းပြုံးပြလာတယ်။
“လူတစ်ယောက်က ဒီလောက်အသုံးမဝင်ဖြစ်မယ်လို့ တစ်ခါမှမစဉ်းစားဖူးဘူး၊ အရမ်းမျှော်လင့်မိခဲ့တာကို စဉ်းစားကြည့်ရင်”
သူက ဒါပြောပြီးတော့ ပြန်တုံ့ပြန်တောင်နားမထောင်တော့ဘူး။ ကောယိုးက တောက်ခေါက်ပြီး သူ့နောက်ကလူအုပ်ကြီးကို လိုက်ခဲ့ဖို့အမူအရာပြကာ တစ်ဖက်ပျံထွက်သွားလေတယ်။ သူ သူတို့ကို ဆက်ကြည့်မနေနိုင်တာ အသိသာကြီး။
အသစ်ပြင်ပြီးကာစ ကောင်းကင်လက်နက် – အနန္တဓားသံချပ်ကာကို သယ်ထားတဲ့ ရှန်းရင် ။ ။ “…”
အာ သူ အခုသွားပြီပေါ့။ သူမ သူ့ကိုလက်နက်ပေးသင့်သေးလား။
“မလိုချင်တော့လည်းနေပေါ့” ကူယွဲ့ ချက်ချင်း ရှန်းရင်လက်ထဲက အနန္တဓားသံချပ်ကာကို ဆွဲယူပြီး သိုလှောင်အိတ်ထဲထည့်လိုက်တယ်။ ယိချင်း ရှင်းပြရခက်မှာဆိုးလို့ နတ်ဒေဝါဧကရာဇ်အတွက် သွားပြန်ကောက်ခဲ့တာ။ အခု သူတို့လက်ဆောင်ကို သိမ်းထားလို့ရပြီ။
ကောင်းကင်လက်နက်က ဧကရာဇ်ငယ်တွေရဲ့ အောက်အဆင့်တွေအတွက် အသုံးမဝင်ပေမဲ့ ကောင်းကင်မီးတောက်ကျောက်တုံးတွေကို အဲဒါနဲ့ကောက်လို့ရတယ်လေ ဒီတိုင်းလွှင့်ပစ်ဖို့က နှမျောစရာ။
“မင်းတို့ ဒီနေရာကမြန်မြန်ထွက်သွားတာကောင်းမယ်” ရွှင်ရှူး ပြောလိုက်တယ်။
“ကောယိုးက ငါ့မှာ ကောင်းကင်အစီအရင်ခြောက်မျိုးဓားရှိတာ သိပေမဲ့ သူကအမြဲသဘောထားသေးသိမ်တာ၊ မင်းတို့ သူ့ကိုလူအုပ်ကြီးရှေ့ အရှက်ရစေခဲ့တာ – သူ အလွယ်လေး လွှတ်ပေးမှာမဟုတ်ဘူး၊ ပြီးတော့ မင်းတို့က သူ့ပိုင်နက်ထဲ…” ရွှင်ရှူးက ပြောနေရင်း ရပ်သွားပြီး အမြန်ထပ်ပြောလာတယ်။
“ငါ့ရှန်းတုန်းအမတဘုံဗိမာန်ဆီ ပြောင်းလာပါလား”
“ဟင့်အင်း ကျေးဇူးပါ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို သဘောကျတယ်” ကူယွဲ့ ယဉ်ယဉ်ကျေးကျေးပဲ ရွှင်ရှူးကို ငြင်းလိုက်တယ်။ တခြားနေရာတွေက ဝူတိဂိုဏ်းရှိနေတဲ့နေရာလောက် အကျိုးဖြစ်မှာမဟုတ်ဘူး။ အနားမှာ cheat ရှိနေရင် နတ်ဒေဝါဧကရာဇ်ကိုလည်းစိုးရိမ်စရာမလိုဘူး။
“ဒါပေမဲ့ အနာဂတ်မှာ ကျွန်တော်တို့ တကယ်ပဲဧကရာဇ်ငယ်ရွှင်ကို အခွင့်အရေးယူရလောက်ပါတယ်”
“ကောင်းပြီလေ၊ မင်းတို့အခြေအနေကို မင်းတို့အကောင်းဆုံးသိမှာပေါ့”
ရွှင်ရှူး တစ်ဖက်က ငပျင်းရှန်းရင်ဘက် လှည့်လိုက်တယ်။
“မင်း ဒီတစ်ကြိမ် ငါ့ကို အတော်လေးကူညီခဲ့တာ၊ နောက်ပိုင်း တစ်ခုခုလိုတာရှိရင် ကြိုက်ရာပြောလို့ရတယ်”
ကူယွဲ့ မျက်လုံးတွေ တောက်ပသွားတယ်။
“ဒါဆို ဧကရာဇ်ငယ်ရွှင့်ကို ကြိုကျေးဇူးတင်ထားပြီနော်” သူက ယဉ်ယဉ်ကျေးကျေးဂါဝရပြုပြီး ကျန်တဲ့နှစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။
“သွားကြစို့ အိမ်ပြန်ဖို့အချိန်တန်ပြီ”
ရှန်းရင် ရှေ့ကိုလှမ်းပေမဲ့ တစ်ခုခုက သူ့ဝတ်ရုံကို လှမ်းဆွဲတယ်။
“ဆရာ ကျွန်တော်တို့မရလောက်…” ယိချင်း အမူအရာကပြောင်းပြီး အသံတိုးသွားတယ်။
“ကျွန်တော့် မသေမျိုးချီကို ဆက်မထိန်းချုပ်နိုင်တော့ဘူး၊ အဆင့်… တက်မှရတော့မယ်ထင်တယ်”
ရှန်းရင် ။ ။ “…”
ကူယွဲ့ ။ ။ “…” ခွေး*သားလေး
…