အခန်း ၂၈၈ ။ လူသတ်ကွက်
“အဲပုံမှန်မဟုတ်တဲ့ မျက်နှာပြင်ကနေ မင်းပြန်ယူလာတဲ့ အဲဒီဒေတာအရှုပ်ထုတ်တွေအကြောင်း ငါမသိဘူးများ ထင်နေလား”
ကူယွဲ့က လန့်သွားတယ်။ ဒေတာလား။ သူ့ကျင့်ကြံဆင့်ပေါ့။
“မင်းသဘောဆန္ဒအရ ဝိညာဉ်ကူးပြောင်းခဲ့တာ မဟုတ်ပေမဲ့ ဒီလိုဆက်သွားရင် ဒီကမ္ဘာထဲ ခန့်မှန်းမရတဲ့ ရလဒ်တွေ ဖန်တီးမိလိမ့်မယ်”
ရှန်းကျင်းက ရှန်းရင်ကို ခေါင်းစခြေဆုံးစစ်ဆေးလိုက်တယ်။
“နင်တို့ကို ယာယီပဲခွင့်ပြုထားတာ”
“…”
“နင်တို့အားလုံး မမေ့ကြနဲ့ – ရှန်းရင်ရဲ့ အစ်မကြီးဖြစ်တဲ့အပြင် ငါက ဒီမျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူပဲ”
သူမက ရှေ့ကို စတင်လျှောက်လှမ်းလာတယ်။ သူမလှမ်းတဲ့ ခြေတစ်လှမ်းစီက သူတို့နှလုံးသားပေါ် တက်နင်းလိုက်သလိုမို့ သူတို့အရိုးထဲထိ ချမ်းစိမ့်မှုတစ်မျိုးခံစားလိုက်ရတယ်။ သူတို့တွေ ရှေ့ကလူက ကမ္ဘာထဲက အင်အားအကြီးဆုံးဆိုတာ သိတဲ့ပမာ အလိုလိုခေါင်းငုံ့လိုက်မိတယ်။
“နင်တို့က ကျူးကျော်သူပဲဖြစ်ဖြစ် ရှုပ်ယှက်ခက်နေတဲ့ ဒေတာတွေနဲ့လူပဲဖြစ်ဖြစ် ငါ့မျက်နှာပြင်ကို မတည်မငြိမ် ဖြစ်စေသရွေ့ မင်းတို့ကိုတည်ရှိခွင့်မပေးဘူး”
သူမစကားပြောပြီးပြီးချင်း ကူယွဲ့ သူ့ကိုယ်ပေါ် အင်မတန်ပြင်းထန်တဲ့ ဖိနှိပ်မှုအားတစ်မျိုး ခံစားလိုက်ရတယ်။ သူ နောက်ဆုတ်မိသွားခဲ့တယ်။ ရှန်းရင် သူ့ကို ထိန်းပေးထားတာကြောင့်သာ မဟုတ်ရင် သူ ဒူးထောက်ကျသွားခဲ့လောက်ပြီ။ အဲအခိုက်အတန့်မှာ စီမံထိန်းသိမ်းသူဆိုတာ ဘာဆိုလိုလဲ သူနားလည်သွားခဲ့တယ်။ ရှန်းကျင်းက သူ့ကိုဘာမှမလုပ်ရသေးပေမဲ့ သူ့ပေါ်ကို သာမန်ထက်လွန်ကဲတဲ့ ဖိနှိပ်မှု ခံစားလိုက်ရတယ်။ ဖြည်းဖြည်းချင်း သူ့ကျင့်ကြံဆင့်က သူ့ထဲကနေ စိမ့်ထွက်နေတာကို ခံစားမိတယ်။
“မကြီး” ရှန်းရင်က အော်လိုက်တယ်။
ကူယွဲ့ကိုယ် နောက်ဆုံးတော့ သက်သာရာရသွားတယ်။ ဖိအားကနေ လွတ်သွားတော့ သူ စားဖိုမှူးကို လှည့်စစ်ဆေးလိုက်ချိန် သူလည်း တူညီတဲ့ဆက်ဆံမှုနဲ့ ကြုံခဲ့ရတာ မြင်လိုက်ရတယ်။
“ငါ့ကို လာမခေါ်နဲ့” ရှန်းကျင်းက ရှန်းရင်ကို စိန်းစိန်းဝါးဝါးလှည့်ကြည့်လိုက်တယ်။
“နင် ငယ်ငယ်ကသင်ပေးခဲ့တာတွေအားလုံးကို မေ့ပစ်လိုက်ပြီလား”
“… မမေ့ပါဘူး” ရှန်းရင်က ပိုပြီးတောင် ခေါင်းငုံ့သွားတယ်။
“မမေ့သေးဘူးလား၊ နင်လုပ်ထားတာ ကြည့်ဦး ငါမရှိတုန်း မျက်နှာပြင်ကိုစီမံဖို့ ငါနင့်ကိုခွင့်ပြုခဲ့တယ်၊ ဒါက နင်လုပ်တဲ့ပုံစံလား” ရှန်းကျင်းက ဒေါသထွက်နေပြီး သူမရဲ့ ပြောဆိုပုံတွေက အင်မတန် အေးစက်နေလေရဲ့။
“ငါသွားနေတုန်း ဒီလူ့ဒေတာကို ပုံမှန်ပြန်လုပ်ထားမယ် ထင်နေတာ၊ ဒါပေမဲ့ နင်က နောက်ထပ်ကျူးကျော်သူကို ခေါ်လာတယ်”
“…”
သူမလေသံက ပိုပိုမာလာပြီး ရှန်းရင်က လုံးဝ စိတ်ပျက်စရာလုပ်သလိုမျိုး ဆက်ပြီးစူးစိုက်ကြည့်နေတယ်။
“နင် ရက်ပိုင်းနည်းနည်းလောက် လျှောက်သွားတာနဲ့ တကယ်ရဲတင်းလာတာပဲ ငါ့စကားကိုတောင် နားမထောင်တော့ဘူး””
“… မဟုတ်ပါဘူး”
“မဟုတ်ဘူးလား” ရှန်းကျင်းက ခြောက်ကပ်ကပ်ရယ်ပြီး စခရင်တစ်ခုကိုဖွင့်လိုက်တယ်။
“ကောင်းပြီလေ ငါတို့ဒီကိစ္စကို ဆက်ပြီး ဆွဲဆန့်နေလို့မဖြစ်တော့ဘူး၊ နင် ဒီကျူးကျော်သူကို သတ်တာပဲဖြစ်ဖြစ် ဆွဲထုတ်သွားတာပဲဖြစ်ဖြစ် သူ့ကို ဖြေရှင်းစေချင်တယ်၊ ပြီးတော့ ဒီရှုပ်ယှက်ခက်နေတဲ့ဒေတာနဲ့လူ – သူ့ကိုနဂိုအခြေအနေ ပြန်ရောက်အောင်လုပ်၊ တစ်လက်စတည်း မှတ်ဉာဏ်ပါဖျက်ပစ်”
ရှန်းကျင်းကတော့ ဒီတစ်ခါ တကယ်ကြီးပဲ။ ကူယွဲ့ ရင်ထဲ တင်းကြပ်သွားပြီး ရှန်းရင်အင်္ကျီလက်ကို ဆွဲလိုက်တယ်။ သူ့မှာ အစီအစဉ်ရှိတယ် မဟုတ်ဘူးလား။ ဘာလို့ သူမက ဒါကို အကောင်အထည် မဖော်တာလဲ။
ရှန်းရင်က သူမနှုတ်ခမ်းကို သပ်ပြီး ရှင်းပြမရတဲ့အကြည့် လှမ်းကြည့်လိုက်တယ်။
တစ်အောင့်နေတော့ သူမက ခေါင်းမော့တယ်။
“မကြီး… ဒါတကယ်လိုလို့လား”
“ဘာလဲ၊ နင်က ငါကိုယ်တိုင်လုပ်စေချင်တာလား” ရှန်းကျင်းအမူအရာက မာကြောသွားတယ်။
“ကောင်းပြီလေ…” ရှန်းရင်က အသက်ပြင်းပြင်းရှူသွင်းပြီး တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်သလိုပဲ။ သူမက တစ်ဖက်လှည့်ကာ ကူယွဲ့နဲ့ယိချင်းကို သတိပေးတဲ့ပုံကြည့်လိုက်တယ်။ သူမ အမူအရာက ပြောနေသလိုပဲ။
“မရယ်နဲ့”
“ဟမ်” ကူယွဲ့ သူမ ဘာဆိုလိုလဲဆိုတာ နားမလည်ရှာ။
သူမက ရှေ့တက်လာပြီး အမူအရာက ပုံမှန်ပြန်ဖြစ်သွားပြီ။ နှစ်ကြိမ် မျက်တောင်ခတ်လိုက်တော့ သူမမျက်ရည်ဝဲသွားတယ်။ သူမရင်ဘတ်ရှေ့ လက်ပိုက်ပြီး နှုတ်ခမ်းဆူကာ သနားစရာကောင်းတဲ့ပုံ။ သူတို့ အမြဲသိခဲ့တဲ့ ရှန်းရင်ငပျင်းက တစ်စက္ကန့်အတွင်း ချစ်စရာလေးအဖြစ် ပြောင်းလဲသွားတယ်။ သူမအသံကတောင် အသံတစ်ဆင့် မြင့်တက်သွားခဲ့တယ်။ သူမလေသံက နည်းနည်း… ကလေးအီသံလိုမျိုး။
“မကြီး~ ဒီလောက်စိတ်မဆိုးပါနဲ့နော်၊ တစ်ခါလောက်ပဲ ခွင့်လွှတ်ပေးလေ… သူတို့ကို လွှတ်ပေးမယ်လို့ ရှောင်ရင့်ကို ကတိပေးပါနော်” သူမက နှုတ်ခမ်းထော်ပြီး နေမင်းကြီးကို ကြည့်သလိုမျိုး အသည်းအသန် မျက်တောင်ခတ်တော့တယ်။
“နောက်ကျ စကားနားထောင်ပါ့မယ်လို့ ကတိပေးပါတယ်၊ လိမ္မာပါ့မယ်~”
ကူယွဲ့ သူမကိုယ်ထဲကနေ တစ်စုံတရာ ပစ်ထုတ်လိုက်သလိုမျိုး မြင်လိုက်ရသလိုပဲ။
အ… အ… အကြံကောင်းပဲ။ သူမက အတော်လေး ချစ်ဖို့ကောင်းတယ် သူ့ချစ်စရာကောင်းမှုနဲ့ သူတို့ကို ကယ်တင်ခဲ့တာပဲ
o(*////▽////*)q
ကူယွဲ့က သူ့နှလုံးခုန်သံသူ ပြန်ကြားနေရသလိုမျိုးပဲ။ အသက်ရှူသံကလည်း ပိုပိုပြီး တိမ်လာခဲ့တယ်။
ရုတ်တရက် ရှန်းရင်ရဲ့ အစီအစဉ်အကောင်အထည်ဖော်မှုနောက် တိတ်ဆိတ်မှုက လိုက်လာလေတယ်။
နောက်တစ်စက္ကန့်…။
“ကောင်းပြီလေ ငါကတိပေးတယ်” ရှန်းကျင်းရဲ့ မာကြောတဲ့အမူအရာက ချက်ချင်း နူးညံ့သွားတယ်။
“ဒါဆို နင်တို့နှစ်ယောက်…”
“နင်တို့လုပ်ချင်တာ ဘာပဲဖြစ်ဖြစ်၊ နင်တို့လုပ်ချင်တာဘာပဲဖြစ်ဖြစ် ရှောင်ရင် ပျော်သရွေ့ ရတယ်”
“ကျေးဇူးပါမကြီး၊ ရှောင်ရင့်အပေါ် အရမ်းကောင်းတာပဲ”
“အင်းအင်းအင်း၊ အရမ်းချစ်ဖို့ကောင်းတယ် – နင်ပြောသမျှအားလုံး မှန်တယ်”
“ရှောင်ရင်က မကြီးကို အချစ်ဆုံး”
“ငါရောပဲ၊ နင် ၃နှစ်သမီးအရွယ်တည်းက ငါ့ရှေ့ မချွဲတော့တာကြာပြီ၊ ရင်ထဲထိလိုက်တာ၊ ငါ့ရဲ့ချစ်စရာ ရှောင်ရင်လေး ပြန်ရောက်လာပြီပဲ”
ဘာ… ဘာကြီး။
ကူယွဲ့ အသက်ပြင်းပြင်းရှူပြီး သူ့တဒုတ်ဒုတ် ခုန်နေတဲ့နှလုံးသားပေါ် လက်တင်လိုက်တယ်။ နောက်ဆုံးတော့ သူပြန်တည်ငြိမ်သွားခဲ့ပြီ။ တကယ်ပဲ ရှန်းရင်ဟာက တကယ့် လူသတ်လက်နက်ပဲ။ သူမက သူတို့ကိုကယ်ဖို့ သူမရဲ့ကိုယ်ပိုင်ချစ်စရာကောင်းမှုကို အသုံးချခဲ့တာ။ ကြောက်စရာကောင်းလွန်းတယ် ရှန်းရင်က စစချင်း သူတို့ကို ကျောပေးသွားတော့ ကူယွဲ့ သူတို့ သေတော့မယ်ထင်နေတာ။ ခပ်တိုးတိုး သူ့နားထဲ အထူးသတိပေးချက် ကြားလိုက်ရတယ်။
[တင်း ရှန်းရင် လူသတ်ကွက်ထုတ်သုံး : ချစ်စရာကောင်းအောင် ပြုမူခြင်း]
[တင်း ရှန်းကျင်း သူမနှလုံးသား ထိုးနှက်ခံလိုက်ရ]
သူတို့ မြန်မြန်တုံ့ပြန်မိတာ တော်သေးတာပေါ့။ မဟုတ်ရင် သူတို့ ဒီအရှုပ်ထုတ်ထဲ ဆွဲသွင်းခံရလောက်တယ်။ ဒါက ကလိမ်ကျတဲ့အကွက်ပဲ။ ဒါက လုံးဝကို အရှက်မရှိတဲ့ တိုက်ခိုက်မှု။
“စားဖိုမှူး၊ ငါတို့… ခဏ၊ စားဖိုမှူး၊ မင်းဘာဖြစ်နေတာလဲ၊ အိပ်ရာကထစမ်း”
“ဘာလို့ အဲလောက်မျက်နှာနီရဲနေတာတုံး၊ မင်း အဆင်ပြေရဲ့လား”
“ဟိုလီရှစ် ဘာလို့နှာခေါင်းသွေးယိုနေတာတုံး”
——————
တစ်နာရီအကြာ။
“ဟင်း ရှောင်ရင်က နင်တို့ကိုယ်စား တောင်းဆိုမှတော့ နင်တို့နှစ်ယောက်ကိစ္စကို ဆက်ဖိအားမပေးတော့ဘူး” ရှန်းကျင်းက နောက်ဆုံးတော့ ပုံမှန်ပြန်ဖြစ်သွားပြီ။ သူမက လည်ချောင်းရှင်းပြီး နဂိုအေးစက်တဲ့ပုံစံ ပြန်ဖြစ်သွားတယ်။
“ငါ ဘာအရေးယူမှုမှ မလုပ်ရင်တောင် မင်းတို့နှစ်ယောက်တည်ရှိမှုက ဂြိုဟ်မျက်နှာပြင်ကို မတည်မငြိမ် ဖြစ်စေဦးမှာပဲ၊ မင်းဘုံရဲ့ စီမံထိန်းသိမ်းသူကလည်း ငါ့ကိုအကြောင်းမပြန်ဘူး၊ မင်းတို့ကို ပြန်ပို့ဖို့ကလွဲ ရွေးစရာမရှိတော့ဘူး၊ ဒီမှာနေရင် ဒီကမ္ဘာထဲ ဘာမှမမှားယွင်းဘူးလို့ မသေချာတာမို့”
“ခိုင်ထျန်း အရင်က လုပ်ခဲ့သလိုမျိုး ဖြတ်သန်းခွင့်လက်မှတ်ကို လျှောက်လို့မရဘူးလား” ရှန်းရင်က မေးတယ်။
“ဝင်ခွင့်လက်မှတ်က ဟင်းသီးဟင်းရွက်လိုများ ထင်နေတာလား – နင်စိုက်ချင်သလောက် စိုက်လို့ရတဲ့ဟာဆိုတော့”
ရှန်းကျင်းက မျက်ဆန်လှန်လိုက်တယ်။
ရှန်းရင်က နှုတ်ခမ်းဆူတယ်။
“မကြီး¬”
ရှန်းကျင်းက တန့်သွားပြီး ရင်ထဲနူးညံ့သွားတယ်။
“ဟာ့… အင်း၊ သူတို့ကို ဝင်ခွင့်လက်မှတ်ပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူတို့မှာ စမ်းသပ်မှုကို အောင်မြင်ဖို့ စွမ်းရည်တွေ ပိုင်ဆိုင်မှဖြစ်မယ်”
“စမ်းသပ်မှုလား” ကူယွဲ့ မှင်တက်သွားတယ်။
“အခု နိုင်ငံခြားဘာသာစကားတွေသင်ယူဖို့တောင် စာမေးပွဲဖြေရတာပဲ၊ သေချာပေါက် ဝင်ခွင့်လက်မှတ်ရဖို့ စစ်ဆေးမှု ဖြေရမှာပေါ့” ရှန်းကျင်းက သူတို့နှစ်ယောက်ကို စစ်ဆေးပြီး ဆက်ပြောတယ်။
“နင်တို့၂ယောက်လုံးရဲ့ နံပါတ်တွေက တကယ်မြင့်ပေမဲ့ နှစ်ယောက်လုံး စာမေးပွဲ အောင်ပါ့မလားမသေချာဘူးနော်”
ဆိုတော့… သူတို့က ယာယီနေထိုင်ခွင့်ပါမစ် လျှောက်ရမှာလား။
“ဘယ်လိုစမ်းသပ်မှုမျိုးလဲ”
“ရှန်းရင်ကို စာမေးပွဲအနေနဲ့ စစ်ဖို့လုပ်ခဲ့တဲ့တာဝန်ကို သုံးမယ်”
သူမက စခရင်ကို အသက်သွင်းလိုက်တော့ သူတို့ရှေ့ အမည်းနဲ့အနီရောင်ဂြိုဟ်၂လုံး ချက်ချင်းပေါ်လာတယ်။
“ဒီ၂ခုလုံးက သေမင်းဂြိုဟ်တွေလို့ လူသိများတယ်၊ သူတို့တွေက စောနက အကွာအဝေးမုန်တိုင်းတွေကြား ပါဝင်ခဲ့တဲ့ သွေဖည်အပင်တွေကူးစက်တာခံခဲ့ရတဲ့ဂြိုဟ်တွေပဲ၊ အဲမှာ လူနေထိုင်မှုမရှိပေမဲ့ အပင်တွေအားလုံး ကူးစက်ခံလိုက်ရတယ်၊ နင်တို့တစ်ယောက်စီ ဂြိုဟ်တစ်လုံးကို ရွေးကြ
၊ ကြိုက်တဲ့နည်းသုံးပြီး ပိုးသတ်ဖို့လုပ်၊ ဒါဆို နင်တို့ကိုအအောင်ပေးမယ်”
…