အခန်း ၂၇၉ ။ စွမ်းဆောင်နိုင်မှု စမ်းသပ်ခြင်း
လောကနှစ်ခုကြား ဝိညာဉ်ကူးပြောင်း၊ ရှေးဟောင်းနတ်ဘုရားတွေကို မြင်ဖူးတဲ့သူ၊ အသန်မာဆုံး ရှန်းကျွင်းတွေကို တိုက်ခိုက်ခဲ့သူ၊ ရှန်းရင်ဂိုဏ်းရဲ့ ထိရောက်တဲ့ စီအီးအိုအဖြစ် ဆောင်ရွက်ခဲ့သူအနေနဲ့ ကူယွဲ့ ရုတ်တရက် သူ့ဗဟုသုတကိုပြန်ပြီးအကဲဖြတ်ဖို့လိုသလို ခံစားလိုက်ရတယ်။
ဒါက သူ အမတတွေ၊ သေမျိုးတွေနဲ့ပြည့်နေတဲ့ မျက်နှာပြင်နဲ့ သူတို့အခုရောက်နေတဲ့ ခေတ်သစ်အပြင် တခြားမျက်နှာပြင်တွေ ရှိသေးတယ်ဆိုတာကို ပထမဆုံးကြားဖူးတာပဲ။ ပြီးတော့ ဒီမျက်နှာပြင်တွေအားလုံးရဲ့ တည်ငြိမ်မှုကို စောင့်ကြည့်နေတဲ့ လူတွေကို စီမံထိန်းသိမ်းသူတွေလို့ ခေါ်တယ်။
သူတို့တွေက သူတို့ကိုယ်ပိုင် မျက်နှာပြင်တွေဆီက သက်ရှိအားလုံးရဲ့ သေရေးရှင်ရေးနဲ့ တခြားမျက်နှာပြင်တွေနဲ့ အဆက်အဆံကို ထိန်းချုပ်ရသူတွေပဲ။
“ငါတို့ မျက်နှာပြင်က ဘယ်လောက်ကြီးလဲ” သူ မနေနိုင်ဘဲမေးလိုက်တယ်။
“ဟမ်… စကြဝဠာတစ်ခုလုံးပဲလေ”
ရှန်းရင်က ကိတ်မုန့်တစ်ခုကို ဝါးနေရသလိုမျိုး ဖြေလာတယ်။
“ဒါဆို မင်းအစ်မက တကယ်ပဲ…” သူ့နားသူ ယုံဖို့တောင် ခက်လာတယ်။
ရှန်းရင်က သူနဲ့မတူတဲ့တခြားလောကကလို့ ထင်ခဲ့ပြီးသားဆိုပေမဲ့ နောက်ကွယ်က အကြောင်းရင်းက ဒါလို့မထင်ခဲ့ဘူး။
“အင်း”
“ပြီးတော့မင်းက-”
“ငါ့အစ်မရဲ့… အကူ” ပိုက်ဆံမရတဲ့ဟာမျိုးပေါ့။
ကူယွဲ့ သူမကို နောက်တစ်ကြိမ်ကြည့်ကာ ပိတ်ထားတဲ့ရှေ့တံခါးကို လှမ်းကြည့်လိုက်တယ်။ မယုံကြည်နိုင်သေးစွာနဲ့ သူ ပြောလိုက်တယ်။
“မင်းဘာလို့ မင်းအစ်မကို ကြောက်နေတာလဲ၊ ငါမြင်ရသလောက်တော့ သူက မင်းကို ကောင်းကောင်းဆက်ဆံပုံပါပဲ”
ရှန်းရင် တစ်စုံတစ်ရာကို ပြန်အမှတ်ရသွားသလိုမျိုး နှုတ်ခမ်းကို သပ်လိုက်တယ်။ မလုံမလဲနဲ့ သူမက ဖြေလာတယ်။
“တကယ်လို့ နင့်အသက်၅နှစ်မှာ နင့်ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ အင်းစက်မျိုးနွယ်တွေကြား ပစ်ထည့်ခံရတာ၊ အသက်၁၀နှစ်မှာ ကြယ်ကောလိပ်ထဲက စည်းကမ်းတွေအားလုံးကို ကိုယ့်ဘာသာ လေ့လာခိုင်းတာ၊ အသက်၁၅နှစ်မှာ မျက်နှာပြင်ထဲကျုးကျော်မှုတွေကိုတာဝန်ယူရရင် နင်လည်းအဲလိုပဲခံစားရမှာပါ”
ကူယွဲ့က ရင်ထိတ်သွားတယ်။ အင်းဆက်မျိုးနွယ်… ရုပ်ရှင်တွေထဲက အမျိုးအစားတော့ မဟုတ်ဘူးမလား။
“သူက မင်း အဲအင်းဆက်တွေစားတာခံရမှာကိုလုံးဝစိုးမရိမ်ဘူးလား” ကူယွဲ့ ယုံရခက်နေတယ်။
“သူ မင်းနောက်ကို တိတ်တိတ်လေး လိုက်လာလောက်လား”
“လိုက်လာတယ်လေ” ရှန်းရင်ကခေါင်းညိတ်တယ်။
“ငါ့နောက်ကနေ အကြိမ်တိုင်းလိုက်တာ”
“အိုး” ငါသိသားပဲ။
“ပြီးရင် အင်းစက်တွေနဲ့ အုပ်စုဖွဲ့ပြီး ငါ့ကိုတိုက်ခိုက်တာပဲ”
“…” မင်းတို့တွေက ညီအစ်မရင်းတွေရော ဟုတ်ရဲ့လား။
“ခဏ မင်း မူလတန်းကျောင်းမှာ ခဏခဏ နှစ်တွေပြန်တက်ခဲ့ရတယ်လို့ မပြောခဲ့ဘူးလား”
“အင်း”
“ဘာလို့လဲ” သူမက အသက်၁၀နှစ်အရွယ်မှာ ကြယ်ကောလိပ်က စည်းမျဉ်းစည်းကမ်းတွေကို ကိုယ်တိုင်လေ့လာနိုင်ရင် သူမက ဉာဏ်ကြီးရှင်ပဲ ဘာကြောင့် အတန်းကျမှာလဲ။
“ဖြစ်နိုင်တာက ဘာလို့လဲဆိုတော့… ငါ မိခင်ကြယ်စုရဲ့စာပေစံနှုန်းကို မှားပြီးတွက်ချက်မိခဲ့လို့ပဲ”
“ဘာအဓိပ်ပာယျလဲ”
“ဥပမာ မူလတန်းကျောင်းသားလေးတွေကို အမြဲ ၁နဲ့၁ပေါင်းရင် ၂ ဆိုပြီး သင်ပေးကြတယ်လေ၊ ဒါပေမဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ကို အဲတူညီတဲ့မေးခွန်းပဲ မေးရင် နင် အဖြေတူရမလား”
“…” သေချာပေါက် မဟုတ်ဘူးပေါ့။ “အဲတော့”
“ငါက မတော်တဆအဖြေတွေကို ရှုပ်ထွေးအောင် ရေးလိုက်မိတယ်၊ ဆရာမက ငါမေးခွန်းတွေကို လေးစားမှု မရှိဘူးထင်ပြီး သုညပေးလိုက်တာပဲ”
“…” ဆိုလိုတာက သူမရဲ့ ရှုထောင့်က မတူညီခဲ့လို့လား။ ဘာလို့ ရုတ်တရက် သူမအတွက် ဖယောင်းတိုင်ထွန်းပေးချင်မိသွားတာလဲ။
“ငါက အဲတုန်းက ငယ်ခဲ့သေးတယ်လေ၊ အသက်၈နှစ်နေမှ ဘာတွေ ဖြစ်လဲနားလည်ခဲ့တာ၊ ဒါပေမဲ့ ငါ ပထမတန်းမှာ တစ်နေတာ ၃နှစ်လောက်ရှိသွားခဲ့ပြီ”
“…” ကောင်းပါပြီ၊ ငါတို့ဆရာတွေက ကမ္ဘာမြေကြီးကလူတွေအားလုံးကို လုံးဝအရှက်ရအောင် လုပ်ခဲ့တာပဲ။
ကူယွဲ့က တခြားတစ်ခု မေးချင်ပေမဲ့ ရှန်းရင်က ရုတ်တရက် မတ်မတ်ထထိုင်တယ်။ အဲတော့မှ ရှန်းကျင်းက အခန်းထဲက ထွက်လာပြီဆိုတာ နားလည်လိုက်တယ်။ သူမကြည့်ရတာ သိပ်ပြီးတော့ အခြေအနေ မကောင်းသေးပုံပဲ။ သူမရဲ့အမူအရာက အေးစက်နေလွန်းလို့ ပတ်လည်ကလူတိုင်းကို အကြောက်တရား နှိုးဆော်နိုင်လောက်တဲ့အထိလုံလောက်တယ်။
“အဲက စီမံထိန်းသိမ်းသူနဲ့ ဆက်သွယ်လို့မရဘူး” ရှန်းကျင်းက မျက်မှောင်ကြုတ်လိုက်တယ်။
“အဲမျက်နှာပြင်က တကယ်ပဲ မူရင်းမျက်နှာပြင်ပဲဖြစ်မယ် – စီမံထိန်းသိမ်းသူတောင် မရှိဘူး”
“အဲမှာ ဖန်တီးမှု ရှေးဟောင်းနတ်ဘုရား၃ပါးတောင် ရှိတယ်၊ ကျုပ်တို့သူ့ကိုတွေ့ခဲ့တယ်” ကူယွဲ့က အသည်းအသန် ပြောလိုက်တယ်။
“သူတို့တွေက ကျုပ်တို့ကို သူတို့ကမ္ဘာဆီ ဆွဲခေါ်ခဲ့သူပဲ၊ သူတို့က စီမံထိန်းသိမ်းသူတွေ မဟုတ်ဘူးလား”
“သူတို့တွေက အဲလောကကို အဖော်ပြုတဲ့ ကောင်းကင်ဝိညာဉ်တွေသက်သက်ပဲ” ရှန်းကျင်းက စီမံထိန်းသိမ်းသူတွေကို အထင်မသေးဖို့ သတိပေးတဲ့ အကြည့်ကြည့်လာတယ်။
“ဘာဆိုလိုတာလဲ”
“အသက်ဝိညာဉ်ရှိတဲ့ မျက်နှာပြင်တိုင်းမှာ အသိစိတ်ကျန်ရစ်တဲ့ အကြွင်းအကျန်ဖရိုဖရဲရှိတယ်၊ တစ်နေ့ကျရင် အဲအရှုပ်အထွေးတွေက မျက်နှာပြင်နဲ့တစ်သားတည်းဖြစ်လာမယ်”
“တစ်သားတည်းဖြစ်လာတာလား၊ ဆိုလိုတာက သူတို့လည်း ပြန်ဝင်စားမှာပေါ့”
“ဟုတ်တယ်” ရှန်းကျင်းက ခေါင်းညိတ်ပြတယ်။
“စီမံထိန်းသိမ်းသူတွေကတော့ မတူဘူး၊ ငါတို့တွေက လိုအပ်ချက်အရ မျက်နှာပြင်တွေထက် ပိုပြီးတစ်ဆင့်မြင့်တဲ့နေရာမှာ တည်ရှိနေကြတာ”
“ဒါဆို ကျုပ်တို့ အဲမျက်နှာပြင်ဆီ ပြန်သွားလို့ရလား”
“အခြေအနေကို အတည်မပြုရသေးခင်ထိ သွားလို့မရဘူး” ရှန်းကျင်းအသံက လေးပင်သွားတယ်။
“ဒါပေမဲ့ ငါတို့ ဒီကိစ္စကို ဖြေရှင်းမှာပါ၊ ရှောင်ရင်အတွက်ကတော့…” သူမက ဘေးမှာ ပန်းသီးဝါးစားနေတဲ့ အမျိုးသမီးကို လှည့်ပြောလိုက်တယ်။
“နင် ဘာဖြစ်နေတာလဲ”
“အာ” ရှန်းရင် တန့်သွားပြီး ခေါင်းစောင်းလိုက်တယ်။
“ဘာ… ဘာဖြစ်လို့လဲ”
“ငါပြန်လာတည်းက နင်စားနေတာ မလား၊ နင် ရေခဲသေတ္တာဆီ ခြောက်ခေါက်သွားပြီးပြီ၊ ဒီနေ့ မစားရသေးတာလား”
“ဒါပေမဲ့ ငါဗိုက်ဆာနေလို့လေ” ရှန်းရင်က နစ်နာသွားသလိုမျိုးပဲ။
“အစ်မရှန်းကျင်း၊ သူက အမြဲဒီလိုမျိုးပဲ၊ အရင်တုန်းတည်းက စားဖိုမှူးက အများကြီးချက်ပေးရတာ”
ကူယွဲ့က အလိုလိုထပ်ပြောလိုက်တယ်။
ရှန်းကျင်းက သူ့ကို ခေါင်းစခြေဆုံး ကြည့်တယ်။
“ဘယ်သူက နင့်ကို သူက အမြဲဒီလိုပုံစံမျိုးပဲလို့ ပြောခဲ့လို့လဲ”
“အာ” ကူယွဲ့က တုံ့ဆိုင်းသွားတယ်။
တစ်စုံတစ်ရာကို စဉ်းစားမိသလိုမျိုး သူ့မျက်လုံးတွေ ရုတ်တရက် ပြူးကျယ်သွားတယ်။
သူမက မဟုတ်ဘူးလား။
ရှန်းကျင်းအမူအရာက မည်းမှောင်သွားကာ ထရပ်လိုက်တယ်။
“နှစ်ယောက်လုံး ငါနဲ့အထဲလိုက်ခဲ့ကြ”
သူမကပြောပြီးတာနဲ့ တစ်ဖက်လှည့်ကာ အခန်းထဲ ပြန်ဝင်သွားတယ်။
ကူယွဲ့နဲ့ရှန်းရင်က အကြည့်ချင်းဖလှယ်ကာ သူမအခန်းထဲလိုက်လာခဲ့တယ်။
အဲတော့မှပဲ အထဲကဘယ်လိုမျိုးလဲဆိုတာ ကူယွဲ့မြင်ဖူးတော့တယ်။ ကြောက်ခမန်းလိလိကြီးမားလှတဲ့ ပကတိအဖြူရောင်နေရာပြင်ကြီး။ အခန်းအဆုံးကို မမြင်ရဘူး။ သာမန်တိုက်ခန်းတစ်ခန်း ရှိသင့်တဲ့ပုံစံထက် အရမ်းကို ကြီးမားနေတယ်။
အထဲမှာတော့ သူ့ခါးလောက်မြင့်တဲ့ တိုင်ကလွဲရင် တခြားဘာမှမရှိ။
ရှန်းကျင်းက တိုင်နားလျှောက်သွားပြီး လက်လှမ်းကာ သူမလက်ကို အဲပေါ် တစ်စက္ကန့်လောက် တင်လိုက်တယ်။ အခန်းက ရုတ်တရက် လင်းထိန်သွားတယ်။ ပတ်ပတ်လည်မှာတော့ မရေမတွက်နိုင်တဲ့ မျက်နှာပြင်တွေ ပေါ်လာပြီး ကူယွဲ့နားမလည်တဲ့ ရှုပ်ထွေးတဲ့အဆင်ပုံစံတွေ၊ ကားချပ်တွေပြသနေတယ်။ သူ ရုတ်တရက် အနာဂတ်ရောက်သွားသလိုပဲ။
“နှစ်ယောက်လုံး အဲမှာရပ်နေ” ရှန်းကျင်းက မြေကြီးပေါ် အနီရောင်စက်၂စက် လင်းနေတဲ့ ညာဘက်ကို လက်ညှိုးထိုးပြတယ်။
“ငါ နင်တို့ဒေတာကို စစ်ဆေးချင်တယ်”
နှစ်ယောက်သား ညွှန်ကြားထားသလို လျှောက်ခဲ့ကြတယ်။
ရှန်းကျင်းက စခရင်တွေထဲကတစ်ခုကို တတောက်တောက်ရိုက်ပြီး သူတို့ပတ်လည်မှာ ဒေတာအချက်အလက်တွေ အတွဲလိုက် ပေါ်လာတယ်။ သူတို့တစ်ယောက်စီကို ဝိုင်းထားတဲ့ ဒေတာမျက်နှာ၁ရာကျော် ရှိနေပေမဲ့ ကူယွဲ့ ဘာကိုမှနားမလည်ဘူး။ နောက်ဆုံးမျက်နှာမှာတော့ “SSS” ဆိုတဲ့စာလုံးတွေကို ရေးထားတာ မြင်လိုက်ရတယ်။
သူက ရှန်းရင်ကို အလိုလို လှည့်ကြည့်လိုက်မိတယ်။ သူမဒေတာလည်း ရှုပ်ယှက်ခက်နေတာပဲ။ နည်းနည်းထပ်ပြီး ပြောရရင် ကူယွဲ့ မြင်လိုက်ရတာက ရှုပ်ယှက်ခက်နေတဲ့နံပါတ်တွေ။ အဆုံးမှာတော့ ရေးထားတာက အနီရောင်နဲ့ – “နံပါတ်များ ဗြောင်းဆန်နေ”
“ဘယ်လိုဖြစ်တာလဲ” ကူယွဲ့ ဇဝေဇဝါဖြစ်နေတယ်။ သူ့နှလုံးသားက အလိုလို ရင်ထိတ်သွားခဲ့တယ်။ မျက်ကန်းတောင် ရှန်းရင် တစ်ခုခုပြဿနာရှိနေတာကို မြင်နိုင်တယ်။
ပြီးတော့ သူမက တစ်ချိန်လုံး အများကြီးစားရတဲ့အကြောင်းရင်းလည်း ဖြစ်နိုင်တယ်။
“စမ်းသပ်လို့ မရပါလား” ရှန်းကျင်းက တီးတိုးရေရွတ်တယ်။ သူမအသံက ကူယွဲ့ကို ကြက်သီးထစေတယ်။ အင်မတန်မြန်ဆန်စွာပဲ သူမက ရှန်းရင်နားက ဒေတာတွေကို ထိန်းချုပ်တော့တယ်။ ဒါပေမဲ့ နံပါတ်တွေက ရှုပ်ထွေးနေဆဲဖြစ်ပြီး အောက်ဘက်က အနီရောင်သတိပေးချက်ကတော့ မပျောက်သွားဘူး။
ရှန်းကျင်းအမူအရာက မည်းမှောင်သထက် မည်းမှောင်လာတယ်။ တစ်အောင့်နေတော့ သူမက တစ်စုံတရာကို နားလည်သွားပုံပဲ။ ဘေးကစခရင်ကို လှည့်ပြီး တတောက်တောက်နှိပ်လိုက်လေတယ်။ ရုတ်တရက် ရှန်းရင်မျက်နှာရှေ့ အကြည်ရောင်စင်တစ်ခုပေါ်လာပြီး အဲပေါ်မှာတော့ ခပ်ဝိုင်းဝိုင်း တပ်ဆင်စရာပစ္စည်း။
“ငါ စစ်ဆေးလို့မရလို့ ဒါ သုံးကြည့်” ရှန်းကျင်းက အလုံးကို လက်ညှိုးထိုးပြတယ်။
“ခန္ဓာကိုယ်စစ်ဆေးမှုလား” ရှန်းရင်တုံ့ဆိုင်းသွားတယ်။ သူမ ဒီပစ္စည်းကို ချက်ချင်းမှတ်မိသွားပြီး ကောက်ယူလိုက်တယ်။
“မကြီး၊ ငါက အမြဲ S၃လုံး ခန္ဓာကိုယ်ဖြစ်ခဲ့တာ မဟုတ်ဘူးလား”
“နေဦး” ရှန်းကျင်းက ရှန်းရင်ကိုမဖြေ။
“အိုး” ရှန်းရင်က တုန်ယင်သွားပြီး ချက်ချင်းအလုံးကိုကောက်ယူကာ အလိုလို ခပ်တင်းတင်း ဆုပ်ကိုင်မိလိုင်တယ်။
အက်ကွဲသံကြီးပေါ်လာပြီး အဲအနုစိတ်လွန်းတဲ့ကိရိယာက ရုတ်တရက် အပိုင်းပိုင်းအစစအဖြစ် ကွဲကြေသွားတော့တယ်။
သူတို့ သူမလက်တွေကြား လျှပ်စီးကြောင်းတွေ ဖျတ်ခနဲလင်းသွားတာကို ဝိုးတဝါး မြင်လိုက်ရလေတယ်။
ရှန်းရင် ။ ။ “…”
ကူယွဲ့ ။ ။ “…”
သူမ အသတ်ခံရမှာတော့ မဟုတ်ဘူးမလား။
Σ(°△°|||)
…