အခန်း ၅၇။ ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ခြင်း
အလကားစားလိုက်တာလား … ခုနတုန်းကလား။
(⊙ o ⊙)
ဒီလူကရင်းနှီးနေပုံပေါ်တာအံ့ဩစရာမရှိဘူးပဲ … သူက သူတို့အစောတုန်းကစားခဲ့တဲ့ စားသောက်ဆိုင်ရဲ့ပိုင်ရှင်ပဲ။
ရှန်းရင်ရဲ့အမူအရာက သုန်မှုန်သွားရောပဲ။ သူမနဲ့ ယိချင်းနှစ်ယောက်လုံးက ကူယွဲ့ကို အပြစ်တင်တဲ့ အကြည့်တွေနဲ့ လှည့်ကြည့်လိုက်တယ်။
“ဟိုလီရှစ် … မင်းတို့ငါ့ကို ဘာအတွက်ကြည့်နေတာလဲ”
ကူယွဲ့ရဲ့အမူအရာကလည်း သုန်မှုန်သွားတယ်။ သူသာ အဲ့ဒီတုံးအတဲ့မုန်လာဥကြောင့် စိတ်မလှုပ်ရှားခဲ့ဘူးဆိုရင် ပိုက်ဆံတွေကို မေ့သွားမှာမဟုတ်ဘူး ပြီးတော့ သူက အမြဲတမ်း ပိုက်ဆံပေးရမယ့်သူဖြစ်ရမှာလား …
“ကူယွဲ့က သူ့မျက်နှာထက်မှာ အနေရခက်တဲ့အမူအရာမျိုးဆင်မြန်းပြီးတော့ ရှေ့တစ်လှမ်း တိုးလိုက်တယ် သူ တစ်ဘဝနေထိုင်ပြီးပြီ အခု ဒုတိယဘဝလေ။ ဒါပေမဲ့ အစားတစ်နပ်အတွက် ပိုက်ဆံပေးဖို့မေ့သွားတာကြောင့် အလိုက်ခံရတာ ပထမဆုံးအကြိမ်ပဲ။
“ရှက်စရာကောင်းလိုက်တာ …”
“ဟမ်း … ဒါက ကျုပ်တို့အမှားပါ ကျုပ်တို့လောနေတာကြောင့် ပိုက်ဆံပေးဖို့မေ့သွားတယ်။ အခု လျော်ကြေးပေးပါ့မယ် ကျုပ်တို့စားသောက်သွားတာ ဘီလူးဝိညာဉ်ကျောက်တုံး ဘယ်လောက်ကျလဲ”
“ဟန်ဆောင်နေတာ ရပ်လိုက်တော့” ဆိုင်ရှင်က သူ့ကိုစိမ်းစိမ်းဝါးဝါးကြည့်ပြီး အော်ပြောလိုက်တော့တယ်။
“မင်းတို့အစောတုန်းက လုပ်ခဲ့တာတွေကို ကျင့်ကြံသူတွေအားလုံးမြင်တယ် မင်းတို့ သုံးယောက်လုံးက ရည်ရွယ်ချက်ရှိရှိ ထွက်ပြေးသွားတာပဲ … ငါသာ မင်းတို့နောက်ကို မလိုက်ဘူးဆိုရင် မင်းတို့က ပိုက်ဆံပေးဖို့ပြန်လာမှာလား”
“အာ …” ကူယွဲ့က ရှက်သွားသည်။ သူ့ကိုယ်သူရှက်ရွံ့စိတ်က တိုးလာရောပဲ သူတို့ ငွေမပေးခဲ့ဘူးဆိုတာကို သူ မသိတာလေ။
“ဒါကို အမှားတစ်ခုလို့ မင်းပြောနေတာကြောင့် ကျော်သွားလို့ရမယ်လို့ မင်းထင်နေတယ်ပေါ့ … အဲ့လောက်မလွယ်ဘူး အစောတုန်းက စားခဲ့တာတွေအားလုံးက ဝိညာဉ်ဆေးပင်တွေနဲ့ ဝိညာဉ်ဆန်ကနေ လုပ်ထားတာလေ အဲဒါတွေက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ဆယ်တုံးကျော်လောက် ကျတယ်”
“…”
“မင်းလိုလူတွေအများကြီးတွေ့ဖူးတယ် … မင်းတို့က လက်တွေ့ကို မရင်ဆိုင်ရချိန်အထိ မျှော်လင့်နေကြတုန်းပဲ။ မင်းတို့ကို ဒီနေ့သင်ခန်းစာမပေးနိုင်ရင် လူတိုင်းက ငါ့စားသောက်ဆိုင်လာပြီး အခမဲ့စားသောက်လို့ရတယ်လို့ ထင်ကုန်တော့မယ်”
သူပြောပြီးတာနဲ့ လက်ဝှေ့ယမ်းလိုက်တော့တယ်။ သူတို့ဘေးနားမှာရှိနေတဲ့ လူအုပ်ကြီးကလည်း လက်နက်တွေစဆွဲထုတ်လိုက်ရောပဲ။
“နေဦး … ဆိုင်ရှင် ကျုပ်ရှင်းပြနိုင်ပါတယ် … ကျုပ်တို့ ခုနတုန်းက တကယ်မေ့သွားတာလေ”
ကူယွဲ့က စိုးရိမ်ပူပန်လာတော့တယ်။ ဒါပေမဲ့ သူမှားနေတာကြောင့် ပြန်မတိုက်ခိုက်နိုင်မှန်း သိတယ်လေ။
“အခင်အမင်မပျက်ပြောကြရအောင်” “ဟေ့တစ်ခုခုပြောဦးလေ” ကူယွဲ့က အော်ဟစ်လိုက်ပြီး သူ့အပေါင်းအဖော်တွေကို လှည့်ကြည့်လိုက်တယ်။
ရှန်းရင်နဲ့ယိချင်းက တိတ်ဆိတ်နေကြပြီး နောက်ဆုတ်ပြီးအကြည့်လွှဲထားတာပေါ့ …
ဟိုလီရှစ် … သူတို့က သစ္စာမရှိဘူးပဲ။
“ဒါက …” သူက မေးဖို့အတွက်သတ္တိမွေးလိုက်တော့တယ်။
“ဒီလိုဆိုရင်ကော … ကျုပ်တို့အစောတုန်းက စားခဲ့တာအတွက် ဝိညာဉ်ကျောက်တုံး နှစ်ဆပေးမယ်”
“နှစ်ဆလား” စားသောက်ဆိုင်ပိုင်ရှင်ရဲ့အမူအရာက နူးညံ့လာတယ် သူက ကူယွဲ့ကို စုန်ဆန်ကြည့်ပြီးတော့ သူ့ဘေးနားမှာရှိတဲ့ လူတွေကို လက်နက်ချဖို့အချက်ပြလိုက်တယ်။
“မင်းတကယ်ပြောနေတာလား”
“တကယ် … တကယ်ပြောနေတာလေ” ကူယွဲ့က ဖြေလိုက်ပြီးတော့ သူ့အိတ်ထဲက ဝိညာဉ်ကျောက်တုံးတွေကို ထုတ်လိုက်တယ်။
“ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ ဆိုင်ရှင်၊ ကျုပ်တို့ တကယ် မေ့သွားတာပါ”
“ဟုတ်ပြီလေ မင်းတို့က ဒီလောက်စိတ်ရင်း စစ်မှန်နေတယ်ဆိုတော့” ဆိုင်ရှင်က ဒေါသ ပြေလျော့သွားရုံပဲ။ သူက ဆက်ပြောလိုက်တယ်။
“ငါ့ရဲ့စားသောက်ဆိုင်က အကျိုးအကြာင်းမသင့်တာတွေ မလုပ်ဘူး မင်းရဲ့ဝိညာဉ်ကျောက်တုံးကို လက်ခံလိုက်မယ်”
သူက ဝိညာဉ်ကျောက်တုံးအိတ်ကို လက်ခံပြီးတော့ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပုံပဲ။
“မင်းတို့သွင်ပြင်အရ မင်းတို့တွေက အထက်ထျန်းလျန်လောကကို ရောက်ခါစ ကျင့်ကြံသူတွေ ဖြစ်ရမယ် မင်းတို့ကို ဒီတစ်ခေါက် လွှတ်ပေးလိုက်မယ် … ဟွန့် နောက်တစ်ခေါက် မင်းတို့ အခမဲ့စားဖို့ ကြိုးစားနေတာမြင်ရင်တော့ ဒီတိုင်းအဆုံးသတ်မှာ မဟုတ်ဘူး”
“ဟုတ်ကဲ့ … ဟုတ်ကဲ့ … ဟုတ်ကဲ့ …” ကူယွဲ့ခေါင်းညိတ်လိုက်တယ် … ဒါက သိပ်ရှက်ဖို့ကောင်းတာပဲ။
“အာ … ဟုတ်သား မင်းရဲ့နာမည်က ဘာလဲ”
ကူယွဲ့က တောင့်တင်းသွားတော့သည်။ သူက သူ့ရဲ့နာမည်ကို နာမည်ပျက်စာရင်းမှာ ထားတော့မလို့လား … တစ်စက္ကန့်လောက်ကြာပြီးနောက် သူက ခိုင်မာစွာပြောလိုက်တယ်။
“ကျုပ်က ရှန်းရင်”
ရှန်းရင် “ … “ ခွေးမသား
“ဒါက ရှ..န်း … ရ…. င်” ကူယွဲ့က ထပ်ထည့်ပြောလိုက်တယ်။
“ရှန်းရင်” သူက ကျန်တဲ့နှစ်ယောက်ကိုလှည့်ကြည့်လိုက်တယ်။
“ပြီးတော့ မင်းတို့တွေကကော”
ယိချင်းက တွေဝေနေပြီးပြန်ပြောလိုက်တယ်။ “မုန်လာဥ”
“မင်းရဲ့နာမည်က ဘာကြောင့် ဟင်းသီးဟင်းရွက်နာမည် ဖြစ်နေရတာလဲ” ဆိုင်ပိုင်ရှင်က မျက်မှောင်ကျုံ့လိုက်တယ်။ သူက ရှန်းရင်ဖက်လှည့်ပြီး ပြောလိုက်တယ်။
“မင်းက…ထားလိုက်တော့လေ အရေးမကြီးဘူး ငါတို့ ဒီတစ်ခေါက်မေ့လိုက်တော့မယ် ငါ့လူတို့ ပြန်သွားကြရအောင်”
သူက လက်ဝေ့ယမ်းပြီးတော့ သူခေါ်လာတဲ့ကျင့်ကြံသူတွေနဲ့အတူ ကောင်းကင်ထဲ ပျံသန်းသွားတော့တယ်။
သုံးယောက်သား “…”
ခဏအကြာမှာတော့ …
“ငါ့ကို ဘာလို့ကြည့်နေတာလဲ … ခုနတုန်းက မင်းက အများဆုံးစားတာလေ … ငါက မင်းရဲ့နာမည်ကို သုံးလိုက်ရုံပဲကို”
“ငါတို့နာမည်အရင်းကို ပြောလို့မရဘူးမလား … ပြောလို့ရလို့လား ယိချင်းကလည်း သူ့ရဲ့နာမည်ကို မုန်လာဥလို့ပြောလိုက်တာပဲလေ”
“စိတ်မပူပါနဲ့ … စိတ်မပူပါနဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့တည်ရှိမှုက မထင်မရှားဘဲလေ … ဒီတော့ သူတို့မင်းကို မှတ်မိမှာမဟုတ်ဘူး”
ကူယွဲ့က သူ့ရင်ဘတ်ကိုသူပုတ်ပြီးတော့ အာမခံလိုက်တယ်။
ဒါပေမဲ့ … သုံးနာရီကြာပြီးနောက် အထက်ထျန်းလျန်မြို့မှာ လမ်းတိုင်းလမ်းတိုင်းမှာ ဈေးဆိုင်တိုင်း ဈေးဆိုင်တိုင်းမှာ သူတို့ရဲ့ဆိုင်တိုင်းမှာ သစ်သားဆိုင်းဘုတ်တစ်ခုချိတ်ဆွဲထားတယ်။ စာလုံးတွေကို ရွှေရောင်နဲ့ရေးထားပြီး အလွန်ကိုမျက်စိဖမ်းစားနိုင်လွန်းတယ်
ရှန်းရင်နဲ့ ခွေးများမဝင်ရ
ရှန်းရင် “…”
ကူယွဲ့ “…”
ယိချန် “…”
ခွေးမသား … ဒါက သူအဆင်ပြေတယ်လို့ပြောတာလား။
——————
အထက်ထျန်းလျန်မြို့က အထက်ထျန်းလျန်လောကရဲ့တောင်ပိုင်းမှာရှိတဲ့ အမတမြို့တစ်မြို့ပဲ အထက်ထျန်းလျန်မြို့က မင်းဆွေမင်းမျိုးမိသားစုတွေ နေထိုင်တဲ့ ခရိုင်တွေဘေးမှာတည်ရှိတယ် ဒါပေမဲ့ ဘယ်ဂိုဏ်းအပိုင်မှ မဟုတ်ဘူး။ ဘက်မလိုက်တဲ့ အမတမြို့အနည်းစုထဲက မြို့တစ်မြို့ပဲ ကျင့်ကြံသူတစ်ယောက် ဖြစ်သရွေ့ ဝင်ထွက်သွားလာနိုင်တာကြောင့် လူမျိုးစုံရှိတဲ့ စည်ကားသိုက်မြိုက်တဲ့ မြို့တစ်မြို့ပဲ အများစုကတော့ အထက်ထျန်းလျန်လောကကို ရောက်ခါစ ကျင့်ကြံသူတွေ ဒါမှမဟုတ် မိသားစုတစ်စုထဲဝင်ဖို့ကြည့်နေတဲ့ ကျင့်ကြံသူတွေပဲ…
ကူယွဲ့နဲ့ ယိချင်းက လှည့်ပတ်မေးပြီးတော့ အထက်ထျန်းလျန်လောကရဲ့ အခြေအနေကို စတင်စုံစမ်းတော့တယ်။
“ဒီနေရာမှာ တူညီတဲ့ဇာတ်ကြောင်းရှိပြီး အောက်ဘုံကလိုပဲ အမတကျင့်ကြံသူတွေက ဂိုဏ်းတွေ မဟုတ်ဘူး။ မင်းဆွေမင်းမျိုးမိသားစုလေးစုပဲ …ဆေးသန့်စင်တဲ့ ရွှမ်းယွမ်မိသားစုအပြင် နောက်ထပ် မိသားစုသုံးစုရှိတယ် ရွှေမိသားစုကတော့ လက်ဖွဲ့အဆောင်တွေကြောင့် နာမည်ကျော်ကြားတယ် ယိမိသားစုက သားရဲထိန်းချုပ်ပြီး လက်နက်သန့်စင်တာကို အထူးပြုထားတယ် ပြီးတော့ ယင်မိသားစုကတော့ ကြွယ်ဝချမ်းသာတယ် ယင်မိသားစုက ဝိညာဉ်ကျောက်တုံး သတ္တုတွင်းတစ်ဝက်ကျော်နဲ့ အထက်ထျန်းလျန်မြို့က သူတို့အစောတုန်းက အလကားစားတယ်လို့ စွပ်စွဲခံရတဲ့ စားသောက်ဆိုင်အပါအဝင် အထက်ထျန်းလျန်မြို့ရဲ့ ဆိုင်တဝက်ပိုင်ဆိုင်တယ်”
ရှန်းရင်က နောက်ဆုံးတော့ ဆိုင်အားလုံးနီးပါးက တူညီတဲ့ ဆိုင်းဘုတ်ချိတ်ထားတဲ့ အကြောင်းကို သဘောပေါက်သွားပြီ … ခွေးမသား
မင်းဆွေမင်းမျိုးလေးစုက ကိုယ်ပိုင်ခွန်အားကိုယ်စီရှိကြပြီး သူတို့အရည်အချင်းတွေက သိပ်မတူကြဘူး။ အဓိကမိသားစုအပြင် သူတို့လက်အောက်မှာ မိသားစုလေးတွေရှိတယ်။ အမတကျင့်ကြံသူ ခုနစ်ဆယ်ရာခိုင်နှုန်းကျော်က သူ့တို့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ပုံပဲ
အမတအဖြစ် တက်လှမ်းနိုင်တဲ့လူတွေက ပိုပိုနည်းလာတယ်ဆိုပေမဲ့ တက်လှမ်းနိုင်သူက မင်းဆွေမင်းမျိုး မိသားစုလေးယောက်ထဲက တစ်ယောက်ပဲဖြစ်တယ်။ ဒါ့အပြင် အဲ့ဒီမိသားစုတွေက မယုံနိုင်စရာ ကောင်းလောက်အောင် သန်မာတယ်။ သူတို့ဆီမှာ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျွမ်းကျင်သူ တစ်ဒါဇင်လောက်နဲ့ ခရီးသွားမသေမျိုး လေးငါးယောက်လောက်ရှိကြတယ်။
ကျန်တဲ့ဂိုဏ်းတွေကတော့ ပုံမှန်မသေမျိုးကျင့်ကြံတဲ့ဂိုဏ်းတွေပဲ သူတို့တွေက ဝိညာဉ်သွေးကြော တစိတ်တပိုင်းကို သိမ်းပိုက်ထားပြီး သူတို့လက်အောက်မှာ တပည့်အများကြီးရှိပေမဲ့ သူတို့တွေက မင်းဆွေမင်းမျိုးမိသားစုနဲ့ မယှဉ်နိုင်သေးဘူး။ ထူးဆန်းတာက သူတို့တွေက အထက်ထျန်းလျန်လောကမှာ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူအနည်းစုရှိနေတာပဲ။ မင်းဆွေမင်းမျိုးမိသားစုတွေက အန္တရာယ်များတဲ့မြေအားလုံးကို မကြာခဏသိမ်းတယ် ဒါမှမဟုတ် ယင်ချီသိပ်သည်းတဲ့နေရာတွေကို ဖယ်ရှားတယ် ပိုင်ရှင်မရှိတဲ့နေရာကို ရှာဖို့ဆိုတာ ခက်ခဲလှတယ်။ ဘယ်ဘုံမှာပဲ မွေးခဲ့မွေးခဲ့ အထက်ထျန်းလျန်မှာပဲဖြစ်ဖြစ် အောက်ဘုံမှာပဲဖြစ်ဖြစ် မိသားစုတစ်စုထဲကို ဒါမှမဟုတ် အထက်ထျန်းလျန်ဂိုဏ်းတစ်ခုထဲကို ဝင်ဖို့လူတွေက တောင့်တနေကြတုန်းပဲ။
ဆိုလိုတာက ရှန်းရင်၊ ယိချင်းနဲ့ ကူယွဲ့တို့က အလွန်ကြောင်တောင်တောင်နိုင်တဲ့ အခြေအနေထဲရောက်နေတာပဲ။
“ငါတို့ရဲ့လက်ရှိအခြေအနေနဲ့ ဂိုဏ်းထဲဝင်ဖို့မသင့်တော်ဘူး … မိသားစုတွေထဲ ဝင်ဖို့လည်းမသင့်တော်ဘူး”
ကူယွဲ့က မျက်မှောင်ကျုံ့လိုက်တယ် ရှန်းရင်ရဲ့ဂုဏ်သတင်းက ကုန်းဆင်းတဲ့သူ ဖြစ်နေပြီ ကူယွဲ့နဲ့ယိချင်းရဲ့ နာမည်ကလည်း ရွှမ်းယွမ်မိသားစုမှာဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် တောမီးလို ပြန့်နေတာလေ။ မင်းဆွေမင်းမျိုးမိသားစုလေးစုက မျှခြေအနေနဲ့ဖြစ်နေတာ အဲ့ဒီမိသားစုလေးစုထဲက တစ်စုက ကူယွဲ့နဲ့ယိချင်းကို ခေါ်လိုက်မယ်ဆိုရင် သူတို့တွေက ရွှမ်းယွမ်မိသားစုကို ဆန့်ကျင်လိုက်တာ ရှင်းနေတာပဲ။ တခြားဂိုဏ်းတွေအတွက်တော့ မင်းဆွေမင်းမျိုးမိသားစုတွေကို သူတို့ရဲ့ရန်သူအနေနဲ့ တခါမှမတွေးခဲဖူးဘူး။
“ရွှမ်းယွမ်မိသားစုကသာ တုံးတုံးအအနဲ့ ငါတို့ကို ပြန်မခေါ်သရွေ့ ငါတို့ဒီလောကမှာ အသက်ရှင်ဖို့က ဒီလောက်လွယ်ကူနေမှာမဟုတ်တော့ဘူး ဘယ်မိသားစု ဘယ်ဂိုဏ်းကမှ ငါတို့ကို ခေါ်ရဲတော့မှာ မဟုတ်တော့ဘူး”
“ဘာကြောင့် သူတို့ဆီဝင်ရမှာလဲ” ရှန်းရင်ကမေးလိုက်တယ်။
“ငါတို့ဖာသာငါတို့ ဘာလို့ကျင့်ကြံလို့မရရမှာလဲ”
“ဒီနေရာက အလယ်ထျန်းလျန်လောကနဲ့မတူဘူးလေ … မင်းဆွေမင်းမျိုးမိသားစုတွေက မိစ္ဆာကျင့်ကြံသူတွေ တစ်ခါမှမရှိဖူးဘူး။ ငါတို့တွေက လေ့ကျင့်ဖို့အတွက် ချီသိပ်သည်းတဲ့နေရာတစ်ခု ရှာချင်တယ်ဆိုရင် မိသားစုတစ်စု ဒါမှမဟုတ် ဂိုဏ်းတစ်ဂိုဏ်းအောက်ကို သွားရမယ် မဟုတ်ရင် ငါတို့တွေက မိစ္ဆာကျင့်ကြံသူတွေနဲ့ တူသွားလိမ့်မယ်”
“ဪ” တစ်နည်းပြောရမယ်ဆိုရင် ငါတို့တွေက လည်ပင်းမှာ ဆိုင်းဘုတ်လေးချိတ်ထားရမှာပေါ့ မဟုတ်ရင် မိစ္ဆာကျင့်ကြံသူတွေနဲ့တူသွားမယ်ပေါ့။
“ဒါဆိုရင် ငါတို့ဖာသာ ဂိုဏ်းထောင်လိုက်ကြမယ်လေ”
“ဂိုဏ်းထောင်ဖို့လား” ကူယွဲ့က အထိတ်တလန့်ပြန်ပြောလိုက်တယ်။
“ဆရာ … ဂိုဏ်းတစ်ဂိုဏ်း ထောင်သင့်တယ်လို့ ပြောနေတာလား” ယိချင်းကလည်း အံ့ဩသင့်သွားတယ်။
“ဟုတ်တယ်လေ …” ရှန်းရင်က ခေါင်းညိတ်လိုက်တယ်။ သူတို့တွေက လေ့ကျင့်ဖို့ ထောင့်တစ်နေရာ ရှာနေတာလား တခြားသူကိုအားကိုးတာထက် ကိုယ့်ကိုကိုယ် အားကိုးတာပိုကောင်းတယ်လေ။ သူတို့တွေက ကြီးကြပ်တာတွေ၊ ခွင့်လွတ်မှုတောင်းခံရမှာတွေလုပ်နေရမှာမလား။
“ငါတို့သုံးယောက်ထဲနဲ့ ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ဖို့လား … မရူးမိုက်နဲ့” ကူယွဲ့က စိတ်လေသွားတော့တယ်။
“ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ဖို့ ဒီလောက်လွယ်တယ်လို့ထင်နေတာလား … ဆိုင်တစ်ဆိုင် တည်ဆောက်ရသလိုမျိုးလို့ ထင်နေလား … ငါတို့အားလုံး လိုနေတာက ပိုက်ဆံပဲတဲ့လား။ ဒါ့အပြင် ငါတို့တွေက အနည်းဆုံးနေရာတစ်ခုရှိရမယ်လေ အထက်ထျန်းလျန်လောကက ဝိညာဉ်သွေးကြောတွေက အားလုံးကို မင်းဆွေမင်းမျိုးမိသားစုတွေနဲ့ ဂိုဏ်းတွေက သိမ်းပိုက်ထားတာ ငါတို့အတွက် ဝိညာဉ်သွေးကြောကို ဘယ်နေရာကရှာရမှာလဲ ငါတို့အလယ်ထျန်းလျန်လောကကို ပြန်သွားရမယ်”
အလယ်ထျန်းလျန်လောကမှာတောင် နေရာတစ်နေရာရှာဖို့လွယ်မှ မလွယ်တာ …
“ငါတို့မှာ ဝိညာဉ်သွေးကြောမရှိရင် ဝိညာဉ်ချီမရှိဘူး … ဝိညာဉ်ချီမရှိရင် ဝိညာဉ်ဆေးပင်နဲ့ ဝိညာဉ်သားရဲတွေ မရှိဘူး၊ ဒါတွေမရှိရင် ငါတို့ဘယ်လိုကျင့်ကြံမှာလဲ”
သူက လူသားအသွင်သဏ္ဌာန် ထပ်ယူထားတဲ့သူ့ဘေးက မုန်လာဥဖက်ကို လှည့်ကြည့်လိုက်တယ်။
“ငါတို့မှာရှိသမျှက မုန်လာဥပဲ … တန်ဖိုးရှိပြီး ဝိညာဉ်ဆေးပင်ရှာပေးနိုင်မယ်ဆိုပင်မဲ့ အထက်ထျန်းလျန်လောကထဲက မြေအများစုကို မင်းဆွေမင်းမျိုးမိသားစုတွေပိုင်ဆိုင်နေတာ … တစ်ယောက်ယောက်ရဲ့ မြေထဲကအပင်တွေ ဖြစ်နေမယ်ဆိုရင် အဲဒါကို လုယူတာဖြစ်နေခဲ့မယ်ဆိုရင် မင်းယူလို့မရဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ”
ရှန်းရင်က လိမ္မာနေတဲ့မုန်လာဥကို လှည့်ကြည့်လိုက်တယ်။ “မုန်လာဥနဲ့ တခြားဟာတွေက တကယ်ကြီး အဲလောက် အရေးကြီးတာလား”
“ဒါပေါ့”
ကူယွဲ့က ရှင်းပြလိုက်တယ်။ “ဆေးလုံးသန့်စင်တာအပြင် ဝိညာဉ်ဆေးပင်တွေ ပေါက်ရောက်တဲ့နေရာတိုင်း ဝိညာဉ်ချီက သာမန်ထက်ဆယ်ဆပိုသိပ်သည်းတယ် ဝိညာဉ်သွေးကြော ဘယ်လိုလုပ်လဲဆိုတာပဲ ဒါက ဝိညာဉ်ချီလိုအပ်တယ်”
ဒါကြောင့် ဟင်းသီးဟင်းရွက်က အရေးကြီးနေတာပေါ့ “မုန်လာဥပေါက်တဲ့ဘယ်နေရာပဲဖြစ်ဖြစ် လက်ခံလို့ ရလား”
“အဲ့လိုပြောလို့ရတယ်”
“ငါတို့သွားနိုင်တဲ့နေရာတစ်ခုကိုသိပြီ” ရှန်းရင်က အလေးအနက်ပြောလိုက်တယ်။
“…” ဘာလဲ
——————
သုံးရက် ကြာပြီးနောက် မိစ္ဆာနန်းတော်မှာ …
ယုန်ဧကရာဇ်ရဲ့ခြေထောက်တွေက ဂျယ်လီလိုပျော့ခွေလာပြီး ဂေါ်လီလိုလှိမ့်ဆင်းလာတယ် သူ့မျက်လုံးသူမယုံနိုင်ဘူး
အိပ်မက်မက်နေတာလား … ဒါက အမှန်လား
“ဟေ့ ယုန်ရေ … နင်မတွေ့ရတာကြာပြီနော်”
…