အခန်း ၂၇၂ ။ ကမ္ဘာဖျက်ဆီးအင်းကွက်
“ပြန့်ရှင်းချန်က စောနက အင်းကွက်အတွက် ပူဇော်မှုတွေအဖြစ် ဝိညာဉ်တွေကိုသုံးခဲ့တာပဲ၊ သူ တခြားအင်းကွက်တစ်ခုခုကို အသက်သွင်းခဲ့တာပဲဖြစ်ရမယ်” ပိုင်ဇယ် အထိတ်တလန့် ရေရွတ်လိုက်ပြီး လူတိုင်းကို အလင်းတန်းနီလမ်းကြောင်းက ထွက်ဖို့ ဟန်ပန်ပြလိုက်တယ်။
သူတို့တွေ တုံ့ဆိုင်းမနေဘူး။ သူတို့ဓားပေါ်တက်ပြီး အလင်းတန်းနီကြီးတွေဆီကနေ ဝေးနိုင်သမျှဝေးဝေး ပြေးထွက်လာခဲ့တယ်။ သူတို့ပြန်လှည့်ကြည့်ချိန် အလင်းနီကြီးက တစ်လောကလုံးကို ရစ်ပတ်ထားတဲ့ ပင့်ကူမျှင်တွေလို မိုးကုပ်စက်ဝန်းတစ်လျှောက် မြန်ဆန်စွာပျံ့နေတာ မြင်လိုက်ရတယ်။ အလင်းတန်းတစ်ခုစီက တိမ်တိုက်တွေထိ ရောက်လာတာများ မြေအောက်လောကတစ်ခုလုံး အလင်းနီ ဖုံးလွှမ်းသွားတဲ့အထိပဲ။
မြေကြီးကခုဆို ပိုပြီးတောင် တသိမ့်သိမ့်တုန်လာတယ်။ အင်းကွက်က မမြင်ရတဲ့တစ္ဆေတွေရဲ့ ငိုသံတွေကို ပိုကျယ်လောင်လာစေတယ်။ အသံတွေက အာခေါင်ခြစ်အော်နေပြီး နားကွဲမတတ်။ ခရီးသွားဝိညာဉ်တွေက ပြင်းထန်စူးရှတဲ့ နာကျင်မှုတစ်မျိုးမျိုးကို ခံစားနေရသလိုမျိုး အကာအကွယ်ရှာဖို့ ကြိုးစားနေခဲ့တယ်။
“အဲဘက်ကနေ မတူညီတဲ့ အရှိန်အဝါတွေလာနေတာကို အာရုံခံမိတယ်” ယိချင်းက ရုတ်တရက် သူ့ညာဘက်ကို လက်ညှိုးထိုးပြီး အော်တယ်။
“အဲဘက်မှာ၊ ဘုံနှစ်ခုဆက်စပ်နေတဲ့နေရာ”
လူအုပ်က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြတယ်။
“သွား”
သူတို့တစ်ဖက်လှည့်ပြီး မြေအောက်ဘုံထွက်ပေါက်ဆီ ပျံသန်းခဲ့တယ်။ နဂိုက တစ်နာရီလောက်ကြာမဲ့ခရီးက ခုဆို ဆယ်မိနစ်တောင် မပြည့်ဘူး။ သူတို့ လောကကြီးနှစ်ခုရဲ့ ကန့်လန့်ဖြတ်ပိုင်းမှာ ရောက်နေတာ မြင်လိုက်ရတယ်။ ဒါက သူတို့မြန်တာမဟုတ်ဘဲ… မြေအောက်ဘုံက ကျုံ့လာတာ။
Σ(°△°|||)
အလင်းတန်းဖြူကြီး ပေါ်လာတယ်။ လေထဲ အလင်းရောင်ဖျော့ဖျော့ နံရံတစ်ခုက ကမ္ဘာနှစ်ခုကြား ပေါ်လာပြီး မြေအောက်လောကကို အပြင်လူတွေဆီကနေ ချိတ်ပိတ်ထားလိုက်တယ်။ နံရံပေါ်မှာတော့ အမျိုးအမည်မသိတဲ့ အင်းကွက်တချို့။ အဲအင်းကွက်တွေက မြေအောက်ဘုံမှာ ပြည့်သွားတဲ့ အနီရောင်အလင်းနဲ့ ထိတွေ့ချိန် မမြင်ရတဲ့ အားတစ်ခုက အလင်းရောင်နံရံကို မြေအောက်လောကဆီ ဆွဲခေါ်နေတယ်။
အလင်းနံရံက သူတို့နဲ့နီးလာလေ မြေအောက်ဘုံက ပိုမှောင်လာပြီး ကောင်းကင်ဘုံကပိုကြီးလာတယ်။ ကြည့်ရတာ မြေအောက်ဘုံက ဝါးမျိုခံရတော့မလိုမျိုး။ ဘာကြောင့်မှန်းမသိ အလင်းနံရံက ထိမိတဲ့လေလွင့်ဝိညာဉ်တစ်ခုချင်းစီကို နာကျင်စွာအော်ဟစ်ပြီး ပျောက်ကွယ်သွားစေတယ်။
ပိုပြီးအံ့ဩစရာကောင်းတာက အလင်းနံရံအနောက်ဘက်မှာရှိနေတာက မရေမတွက်နိုင်တဲ့ ကောင်းကင်မျိုးနွယ်တွေ။ တစ်ယောက်ချင်းစီက တူညီတဲ့ဂါထာကို ဖန်တီးနေတယ်။ ကြည့်ရတာ သူတို့က အလင်းနံရံကို မြေအောက်ဘုံဆီ တွန်းပြီး တစ်ခုလုံးကို ဝါးမျိုအောင် ပူးပေါင်းနေကြတဲ့ပုံပဲ။ သူတို့ ရင်းနှီးနေတဲ့ လူတချို့ကို ခပ်ဝါးဝါးမြင်လိုက်ရတယ်။
“အဲဒါ… ရှိကျင်းတွေလား”
“ဖုန့်စန်း လုံကျန်း” ကူယွဲ့ရှေ့တက်ကာ အော်လိုက်တယ်။
“ခင်ဗျားတို့ ဒီမှာဘာလုပ်နေကြတာလဲ၊ အဲဒါ ဘာအင်းကွက်လဲ”
နှစ်ယောက်က ကူယွဲ့လှမ်းအော်တဲ့စကားကို တစ်လုံးမှမကြားသလိုမျိုး ပြန်မဖြေကြ။ သူတို့က မျက်နှာသေတွေနဲ့ အင်းကွက်ကိုဆက်ပြီး အလုပ်လုပ်နေတယ်။
“သူတို့ရဲ့ ကောင်းကင်ဝိညာဉ်တွေက တစ်ယောက်ယောက် ထိန်းချုပ်ထားတာခံနေရတာပဲ၊ သူတို့က အင်းကွက်နဲ့ တစ်သားတည်း ဖြစ်ပြီး ကျုပ်တို့ပြောနေတာ တစ်ခုမှမကြားတော့ဘူး” ပိုင်ဇယ့်အမူအရာက မည်းမှောင်သွားတယ်။
“တခြားသူတွေလည်း အတူတူပဲ”
သူတို့ အင်းကွက်အပြင်ဘက်က မရေမတွက်နိုင်တဲ့ စစ်တပ်ကြီးကို မယုံကြည်နိုင်စွာ ကြည့်နေမိရင်း စိုးရိမ်နေတယ်။ အပြင်မှာ အနည်းဆုံး တစ်သောင်းလောက်တော့ ရှိတယ်။ ဘယ်လိုလူက အဲလောက် ဝိညာဉ်အများကြီးကို တစ်ယောက်တည်း တစ်ပြိုင်နက်ထိန်းချုပ်နိုင်မှာလဲ – ပြီးတော့ ကောင်းကင်ဝိညာဉ်တွေလေ။
“သူတို့အားလုံးက ကောင်းကင်မျိုးနွယ်တွေပဲ၊ ဘယ်လိုလုပ်…” ကူယွဲ့ ပြောနေရင်း ရပ်သွားပြီး မျက်လုံးပြူးသွားတယ်။ သူရှန်းရင်ဘက် လှည့်ပြီး တစ်ပြိုင်နက် အော်လိုက်မိတယ်။
“အကြွင်းအကျန်ဝိညာဉ်တွေ”
အားလုံး မျက်နှာအရောင်အသွေး ယုတ်လျော့ကုန်တယ်။ သူတို့တွေးမိတာက သူတို့ပဲ အကြွင်းအကျန်ဝိညာဉ် ပျောက်ဆုံးခဲ့သူတွေပေါ့။ ကြည့်ရတာတော့ အင်းကွက်အပြင်က မရေမတွက်နိုင်တဲ့ စစ်တပ်ကြီးကလည်း အကြွင်းအကျန်ဝိညာဉ်တွေ ဆုံးရှုံးထားပုံပဲ။ ဆိုလိုတာကတော့ ကောင်းကင်လောကရဲ့ လူဦးရေတစ်ဝက်ကျော်လောက်က ထောင်ချောက်ထဲ ကျသွားခဲ့တဲ့ သဘောပဲ။
ဟိုလီရှစ်၊ သူတို့ ဒါက အတော်လေး အထင်ကြီးဖို့ကောင်းတာ ဝန်ခံရမယ်။ တစ်ယောက်ယောက်က မြေအောက်လောကကို ဖျက်ဆီးဖို့ စိတ်ပိုင်းဖြတ်ထားတာ အသိသာကြီး။ ဒါပေမဲ့ ဘယ်သူက အဲလိုမျိုး လုပ်ချင်မှာလဲ။
ကူယွဲ့ တစ်ဖက်လှည့်ပြီး ယိချင်းကို အနားဆွဲခေါ်လိုက်တယ်။ သူက အသံတိုးကာ ညွှန်ကြားလိုက်တယ်။
“စားဖိုမှူး၊ ပိုင်ဇယ် ဒီအင်းကွက်ကနေ မြန်မြန် ဝေးဝေးပြေးနိုင်သမျှပြေးတော့” အလင်းနံရံက စက္ကန့်နဲ့အမျှ သူတို့နားတိုးလာပြီး ဖျက်ဆီးတဲ့ အရှိန်အဝါပါ ယူဆောင်လာတယ်။ မေးခွန်းမရှိ သူတို့ထဲက တစ်ယောက်ယောက် အလင်းနံရံကို ထိတာနဲ့ သူတို့က တခြား လေလွင့်ဝိညာဉ်တွေလိုမျိုးပဲဖြစ်လာမှာ – သူတို့ဝိညာဉ်တွေ လွင့်ပျောက်သွားလိမ့်မယ်။
သူတို့ရွေးစရာမရှိဘဲ နောက်ပြန်ဆုတ်လိုက်တယ်။ ကူယွဲ့က စိုးရိမ်တကြီး လူအုပ်ကို စစ်ဆေးလိုက်တယ်။
“သူတို့ကို ထိန်းချုပ်နေတဲ့သူက ဘယ်သူလဲဆိုတာ ငါတို့အမြန်ရှာရမယ်၊ မဟုတ်ရင် မြေအောက်လောကတစ်ခုလုံး သွားလိမ့်မယ်”
“အကြီးအကဲကူယွဲ့ ကြည့်ပါဦး” ရွှမ်ထုံက ရုတ်တရက် ညာဘက်ကို လက်ညှိုးထိုးကာ အော်ဟစ်တယ်။
သူတို့အားလုံးလှည့်ကြည့်လိုက်တော့ သူတို့ရဲ့ညာဘက် သိပ်မဝေးတဲ့နေရာမှာ အလင်းနံရံကနေ မြေအောက်လောကရဲ့ အမှောင်ထုကို ဖြတ်သန်းပြီး အနက်ရှိုင်းဆုံးအက်ကြောင်းဆီ အဖြူရောင်အလင်းတန်းကြီး တန်းတန်းမတ်မတ် ပစ်ထုတ်လေတယ်။ တစ်စုံတစ်ယောက်က လမ်းဖန်တီးနေသလိုပဲ။ သူတို့ အဖြူရောင်သဏ္ဌာန်တစ်ခုက အလင်းတန်းကြီးက တစ်ဆင့် ပျံသန်းသွားတာကို ဝိုးတဝါးမြင်လိုက်ရတယ်။
“အဲဒါကြိုးကိုင်သူပဲ နေမယ်၊ လိုက်ကြ”
ကူယွဲ့ အော်လိုက်တယ်။ သူတစ်ဖက်လှည့်ကာ ဓားပေါ်တက်ပြီး အဖြူရောင်ပုဂ္ဂိုလ်ကို လိုက်မီဖို့ ကြိုးစားလိုက်တယ်။ ကျန်တဲ့သူတွေလည်း သူ့နောက်ကနေ နီးကပ်စွာလိုက်လာခဲ့ကြတယ်။
သူ့ရှေ့က လူက ပိုမြန်လာတယ်။ သူတို့အားလုံး အရှိန်ကုန်လိုက်နေတာတောင် အဲလူရဲ့ကျောကိုပဲ ခပ်ဝါးဝါးမြင်ရတယ်။
ကူယွဲ့က အံကြိတ်ကာ အရှိန်ထပ်မြှင့်လိုက်တယ်။
“ဖေဖေနျို” ရှန်းရင်က ရုတ်တရက် လှမ်းအော်ပြီး သူ့ကို ပြန်ဆွဲထားတယ်။
ကူယွဲ့ ဓားပေါ်ကနေ ပြုတ်ကျတော့မလို့။
“ရှန်းရင် မင်း-”
“အဲမှာမြစ်တစ်စင်းဟ” သူမ ရွှမ်ထုံနဲ့ ပိုင်ဇယ့်ကိုပါ ပြန်ဆွဲထားပြီး အော်လိုက်တယ်။
ယင်မြစ်
ကူယွဲ့က တောင့်တင်းသွားတယ်။ ဒီလိုမျိုးအရာက မြေအောက်လောကမှာရှိနေတာကို သူမေ့သွားခဲ့တာ။ သူ အဝေးမှာ အဖြူရောင်အစက်လေးပဲ မြင်ရတော့တဲ့ ပုဂ္ဂိုလ်ကိုလှမ်းကြည့်ပြီး စိတ်လောလာတယ်။
“ငါတို့ ကွေ့ပတ်သွားဖို့လိုတယ်-”
“နှေးလွန်းတယ်” သူက ရှန်းရင်ကို သူတို့ကို မြစ်နေကွေ့ပတ်ခေါ်သွားပေးဖို့ အကြံပေးမလို့ရှိသေး သူမက ကြားဖြတ်ပြောတော့တယ်။
ကူယွဲ့ ရင်ထိတ်သွားတယ်။ သူရုတ်တရက် မကောင်းတဲ့ခံစားချက်ရလိုက်တယ်။
“ခဏ ရှန်းရင် မဟုတ်မှလွဲရော မင်း…”
သူ စကားမဆုံးခင် သူ့လည်ထောင်တင်းကြပ်သွားတယ်။ ရုတ်တရက် သူ အရာအားလုံးကို မြန်ဆန်စွာ ကျော်ဖြတ်လာခဲ့တယ်။ ပတ်ဝန်းကျင်က ဝိုးတဝါးမျဉ်းကြောင်းတွေ ဖြစ်လာပြီး လေပြင်းတွေ သူ့နားဘေးကနေ တိုက်ခတ်သွားတယ်။ သူ့ဘေးမှာတော့ သူ့လိုမျိုး ပုံစံတူ ဆွဲခေါ်လာခံရတဲ့ သုံးယောက်။
လေးယောက်သား ။ ။ “…”
(⊙_⊙)
မျက်စိတစ်မှိတ်အတွင်း စောနလေးကတင် အဖြူစက်လေးသာ ဖြစ်နေခဲ့တဲ့လူက နောက်တစ်ကြိမ် မြင်သာလာခဲ့တယ်။ နောက်ထပ်တဝီဝီလည်သံနဲ့အတူ သူတို့ အဖြူရောင်ဝတ်ရုံနဲ့လူရှေ့ ရပ်နေပြီဆိုတာ သိလိုက်ရတယ်။
သူက ဝတ်ရုံဖြူ ဝတ်ထားပြီး ဆံပင်ဖြူ၊ မုတ်ဆိတ်မွှေးဖြူနဲ့ လူကြီးတစ်ယောက်ပဲ။ သူက ပြုံးစစဖြစ်ပြီး ဖော်ရွေတဲ့ အဘိုးအိုတစ်ယောက်နဲ့တူတယ်။ သူ့မျက်နှာပေါ် ဆိုးယုတ်တဲ့အရိပ်အယောင် တစ်စက်မှမရှိ။ သူက မြေအောက်လောကကို ဖျက်ဆီးဖို့ စိတ်ဝင်စားမဲ့သူမျိုးနဲ့ မတူဘူး။
“မင်းပဲ” အဘိုးကြီးက မျက်မှောင်ကြုတ်ကာ ကူယွဲ့ကိုကြည့်တယ်။ သူက ဒါကိုတစ်လျှောက်လုံး ခန့်မှန်းထားသလိုမျိုး လုံးဝသွေးမပျက်။
“ငါ့ခန့်မှန်းချက်တွေက မှန်တယ်၊ မင်းက တကယ့်ကို ပုံသေမဟုတ်ဆုံးပဲ”
“ခင်ဗျားသိ… ဝေါ့” ကူယွဲ့စကားမဆုံးခင် အမူမရာပြောင်းလဲသွားခဲ့တယ်။ သူ့ရဲ့ နှောင့်နှေးနေတဲ့ မူးဝေမှုက ရုတ်တရက် သူ့ကိုထိန်းချုပ်သွားပြီး တစ်ဖက်လှည့်ကာ အန်ရတော့တယ်။ သူ့မျက်နှာတစ်ခုလုံး အစိမ်းရောင်သန်းသွားခဲ့တယ်။
သူ့အမူအရာက တခြားလူတွေကိုပါ စနက်ပျိုးပေးလိုက်တဲ့ပုံ။ ယိချင်း၊ ပိုင်ဇယ်နဲ့ ဂျပုလေးတို့ပါ တစ်ယောက်ပြီးတစ်ယောက် လှည့်အန်ကြတော့တယ်။ သူတို့အားလုံး သည်းခြေရည်တွေပါ အန်ထုတ်ကုန်ကြတယ်။
အဲလိုနဲ့ပဲ မြင်ကွင်းက လူနှစ်ယောက် မျက်နှာချင်းဆိုင်နေပြီး လေးယောက်က ထိန်းချုပ်မရအောင် အန်နေတယ်။
ရှန်းရင် ။ ။ “…”
အဘိုးကြီး ။ ။ “…”
အငွေ့အသက်က အတော်လေး အနေရခက်သွားတယ်…။
-_-|||
ဒီလိုဖြစ်လာမယ်ဆိုတာ သူသိပြီးသား။ ရှန်းရင်က သောက်ကျိုးနည်း မြန်လွန်းတယ် ကူယွဲ့ ဂါထာတချို့ ဖန်တီးပြီး နောက်ဆုံးမှာတော့ ဆက်အန်ချင်စိတ်ကို ထိန်းချုပ်နိုင်ခဲ့တယ်။ သူရှေ့ကလူကို လှည့်ကြည့်လိုက်တယ်။
“ဘယ်သူများ-”
သူစကားမဆုံးခင် တည်ငြိမ်မှု ပြန်ရသွားပြီဖြစ်တဲ့ ပိုင်ဇယ်က တအံ့တဩ ရေရွတ်လာတယ်။
“ဟုန်ယွီရှန်းကျွင်း”
…