အခန်း ၂၃၂ ။ အစ်မကြီး၏ ထိတ်လန့်ဖွယ်
ရှန်းရင်လက်က စာရွက်ပေါ်က စာလုံးတွေကိုဖတ်ရင်း တုန်ရီနေတယ်။ သူမ စာရွက်ကို ဘေးပစ်ထုတ်မိတာကနေ ကိုယ့်ကိုယ်ကိုယ်တားဖို့ စိတ်ဆန္ဒက တစ်စပြီးတစ်စ ပျောက်ဆုံးလာလေရဲ့။ သူမ အူကြောင်ကြောင်စိုက်ကြည့်နေမိပြီး မျက်နှာက နီလိုက်၊ ဖျော့တော့လိုက်၊ စိမ်းဖန့်ဖန့်ဖြစ်လိုက်နဲ့ နောက်တော့ ခရမ်းရောင် သမ်းသွားတယ်။ စက္ကန့်နည်းနည်းလေးတည်းနဲ့ သူမရဲ့ ကြာရှည်လှတဲ့မျက်နှာကြောသေမှုက လုံးဝပျောက်ကင်းသွားတော့တယ်။
“ရှန်းရင်” သူမ မလှုပ်မယှက်ရပ်နေလို့ ကူယွဲ့က တံတောင်နဲ့ တွတ်လိုက်တယ်။
“ဘာတွေဖြစ်နေတာလဲ၊ စာက ဘာပြောထားလို့လဲ” သူ မနေနိုင်ဘဲ စာရွက်ထဲ ဘာရေးထားလဲကြည့်ဖို့ ရှေ့တက်လိုက်တယ်။
ရှန်းရင်က လက်ကို ပြန်ရုပ်ပြီး သက်ပြင်းရှည်ကြီးချတယ်။ နောက်တော့ အမူအရာ ပြောင်းသွားပါလေရော။
သူမက ရုတ်တရက် မိစ္ဆာနတ်ဘုရားကို နွေးထွေးစွာ ပြုံးပြတော့တယ်။ မျက်တောင်တွေကို တလှုပ်လှုပ်ခတ်ပြီး အသံကချိုမြသွားတယ်။
“မိစ္ဆာနတ်ဘုရားရှင့်၊ ကျွန်မရှင့်ကို ကူညီလို့ရတဲ့ တခြားနည်းလမ်းများရှိလား၊ ဘုံနှစ်ခုပေါင်းစပ်တာ မေ့လိုက် – သုံးလောကထဲက ဘုံ၄ခု၊ ၅ခု၊ ၆ခု၊ ၇ခုပေါင်းစပ်ချင်ရင်တောင် ကူညီပေးမှာပါ စမ်းကြည့်ချင်လား”
မိစ္ဆာနတ်ဘုရား ။ ။ “…”
ယိချင်း ။ ။ “…”
ကူယွဲ့ ။ ။ “…”
“ဘယ်လိုပဲဖြစ်ဖြစ် အချိန်ယူစဉ်းစားလို့ရပါတယ်၊ ရှင်ဆုံးဖြတ်ပြီးတာနဲ့ ကျွန်မကို လွှဲထားလိုက်ပါ၊ ပိုက်ဆံပေးဖို့တောင်မလိုဘူး” သူမရဲ့လေသံက တစ်ရာ့ရှစ်ဆယ်ဒီဂရီပြောင်းလဲသွားလေရဲ့။
“ရှန်းရင် မင်းရူးနေတာပဲ ဖြစ်ရမယ်” ကူယွဲ့ သူမကို မယုံကြည်နိုင်ဟန် စူးစိုက်ကြည့်လိုက်တယ်။ ဒါက လုံးဝကို အပြုအမူ ရုတ်တရက် ပြောင်းလဲမှုပဲ။
ရှန်းရင်က သူ့ကို မကြားဟန်ဆောင်ပြီး ပိုတောင်တောက်ပစွာနဲ့ပြုံးတော့တယ်။။
“လောကကြီးကို ကယ်တင်ဖို့ ရွှေ့ချင်တာပဲဖြစ်ဖြစ်၊ ဘုံတွေပေါင်းစပ်ချင်တာပဲဖြစ်ဖြစ်၊ နံရံဆောက်ချင်တာပဲဖြစ်ဖြစ် ကျွန်မက အားလုံးကျွမ်းကျင်ပါတယ်၊ ပြောသာပြောလိုက်ပါ မစိုးရိမ်နဲ့”
“ဟင့်အင်း… ဟင့်အင်း ကျေးဇူးပါ” မိစ္ဆာနတ်ဘုရား နည်းနည်းကြောက်သွားဟန်။ သူ့မျက်လုံးတွေက သူ့အပေါ် လှည့်စားနေတာလား။ သူ့ကို အရမ်းကိုတောက်ပလွန်းစွာ ပြုံးပြနေတဲ့ မိန်းမက တကယ်ပဲ ရှန်းရင်လား။
“ကောင်းပြီ၊ မစိုးရိမ်ပါနဲ့ ရှင့်ကျေနပ်မှုက ကျွန်မရဲ့ရည်မှန်းချက်ပဲ” သူမက နောက်တစ်ကြိမ် မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်လုပ်ပြန်တယ်။ သူ အနမ်းလိုချင်လားလို့ မေးမိဖို့ကနေ လက်တစ်ကမ်းပဲ လိုနေပြီ။
“ဟေးဟေးဟေး ရှန်းရင်…” ကူယွဲ့ သူ့လက်ဖမိုးနဲ့ သူမနဖူးကို စမ်းလိုက်တယ်။
“မင်းရူးနေလား”
ရှန်းရင် သူ့လက်ကိုရိုက်ထုတ်ပြီး အေးစက်စက်စိုက်ကြည့်လိုက်တယ်။
“ဖယ်ဦး” သူမက မိစ္ဆာနတ်ဘုရားဘက်လှည့်ပြီး မျက်နှာပေါ် တောက်ပတဲ့အပြုံး နောက်တစ်ကြိမ် ဆင်မြန်းပြန်တယ်။
“မိစ္ဆာနတ်ဘုရားရှင့်၊ ကျွန်မတို့ကို တခြားကိစ္စအတွက် လိုအပ်ပါသေးသလား”
“ဟ- ဟ- ဟင့်အင်း”
“ကောင်းပြီလေ၊ ဒါဆို ကျွန်မတို့သွားလိုက်ပါဦးမယ်” ရှန်းရင် သူ့ကို လက်ယမ်းပြလိုက်တယ်။
“ဂရုစိုက်ပါ၊ မိစ္ဆာနတ်ဘုရားရှင့်၊ နောက်မှ တွေ့ကြတာပေါ့ မိစ္ဆာနတ်ဘုရားရှင့်”
“နှုတ်ဆက်… ပါတယ်”
“ရှန်း-” ကူယွဲ့ စကားပြောဖို့ရှိသေး ရှန်းရင်က သူ့ကို ဆွဲခေါ်တော့တယ်။
သူ နောက်တစ်ကြိမ် သိလိုက်ချိန်မှာတော့ သူမက အသီးလှီးဓားကို ကောက်ယူပြီး အက်ကြောင်းကို ထိုးစိုက်နေပြီ။ သူမက တွင်းကြီးကြီးတစ်ခု ဖြတ်ထုတ်ကာ စားဖိုမှူးကို ဘယ်လက်က ကောက်ချီ ဖေဖေနျိုကို ညာဘက်က ကောက်ချီပြီး တုံ့ဆိုင်းမှုမရှိ တွင်းထဲ ခုန်ဆင်းခဲ့တော့တယ်။ တစ်စက္ကန့်အတွင်း သူတို့အားလုံး ပျောက်သွားပြီ။
မိစ္ဆာနတ်ဘုရား ။ ။ “…” ငါ အဲဒါတွေအားလုံးကို စိတ်ကူးယဉ်မိနေတာလား။
ကူယွဲ့မျက်လုံးထဲ ဝေဝါးသွားပြီး ခဏနေတော့ နတ်ဆိုးဘုံထဲ သူတို့ပြန်ရောက်နေတာမြင်လိုက်ရတယ်။ ငမည်းလေးရဲ့မျက်လုံးတွေက တောက်ပသွားပြီး သူတို့ဆီလာဖို့ လုပ်ပေမဲ့ ရှန်းရင်က ရပ်မဲ့ပုံမပြ။
သူမက အော်လေတယ်။
“အိမ်ပြန်ကြစို့” နောက်တော့ သူတို့နှစ်ယောက်ကို ကောက်ချီပြီး နတ်ဆိုးမြို့ထဲကနေ မျက်စိတစ်မှိတ်အတွင်း ပျံထွက်လာတယ်။ သူမက နတ်ဆိုးဘုံထဲကနေ ထွက်လာပြီး ပေါ်ပင်လယ်နန်းတော်ဆီ ရောက်ချိန်ထိ မရပ်။
သူတို့ အနောက်ဆောင်ဆီရောက်ချိန် တံခါးကို ကန်ဖွင့်ပြီး ကြမ်းပြင်ပေါ် ခွေးသေလို လှဲချလိုက်တယ်။ သူမက အကြာကြီး မောဟိုက်နေပြီးမှ နောက်ဆုံးတော့ စိတ်ငြိမ်သွားခဲ့တယ်။
တစ်ခဏအကြာ…။
“စားဖိုမှူး၊ ဘယ်သူမှ ငါတို့နောက် မလိုက်လာဘူးမလား”
“ဟင့် ဟင့် ဟင့်အင်း”
“ကောင်းတယ် ကောင်းတယ်” သူမကို ကြောက်အောင်လုပ်နေတာပဲ။
ယိချင်း ။ ။ “…”
ကူယွဲ့ ။ ။ “…”
ခဏ… ဘာတွေဖြစ်နေတာတုန်း။
ရှန်းရင်က သူမလက်ထဲ စာရွက်ကို တင်းတင်းဆုပ်ကိုင်ထားသေးတာကို ကူယွဲ့ မြင်လိုက်ရတယ်။ သူ ဆွဲလုပြီး စာကို ဖတ်လိုက်တယ်။ သပ်ရပ်လှတဲ့ အရေးအသားနဲ့ တစ်ကြောင်းတည်း ရေးသားထားလေတယ်။
ရင်လေး ။
သူတို့ကို သွားကူညီချေ ပြီးအောင်မလုပ်ရင် နင်သေပြီပဲ။
အစ်မကြီးကျင်း။
ကျင်းလား။
“မင်းအစ်မက ဒီစာရေးခဲ့တာလား”
ကူယွဲ့က စိတ်ထဲ တစ်စုံတစ်ရာ ချက်ခနဲ သဘောပေါက်သွားခဲ့တယ်။ သူ နောက်ဆုံးတော့ နားလည်သွားပြီ။ အလိုလို သူမေးမိလိုက်တယ်။
“ရှန်းရင် မင်းအစ်မကြီးက ရှန်း-”
“ဟင့်အင်း” သူစကားမဆုံးခင် ရှန်းရင်က ကြမ်းပြင်ပေါ်ကနေ ထခုန်ပြီး သူ့ပါးစပ်ကို အုပ်လိုက်တယ်။ သူမကြည့်ရတာ ငိုချတော့မဲ့ပုံ။
“ဖေဖေနျို အချစ်ရဆုံး အဖေကြီး၊ တောင်းပန်နေတာပါ – အဲနာမည်ကို မပြောပါနဲ့ ငါနှစ်နည်းနည်းလောက် ထပ်အသက်ရှင်ချင်သေးတယ်၊ တကယ်အသက်ရှင်ချင်သေးတာ”
နင့်ပါးစပ်ပုတ်ကြီးကနေ ငါတို့တည်နေရာကို မပြောမိအောင် ရပ်လိုက်ပါတော့၊ ဟုတ်ပြီလား။
Σ(°△°|||)
“ဆ… ရာ” ကူယွဲ့တင် မကဘူး၊ ယိချင်းပါ သူမ တုံ့ပြန်မှုကြောင့် ကြောင်အမ်းသွားခဲ့တယ်။
သူမက အဲလောက်တောင် ကြောက်ဖို့ကောင်းတာလား။ ရှန်းရင်က သူမအစ်မကြီးနာမည်ကို ကြားတာနဲ့တင် ကိုယ့်ကိုယ်ကိုယ် မြှေမြုပ်ပစ်ချင်နေတော့ သူမအစ်မကြီးက တကယ်ပဲရှန်းရင်ကို ဘာလုပ်ခဲ့လဲဆိုတာ နှစ်ယောက်သား တကယ်သိချင်သွားတယ်။
“ငါ့ကို နောက်နေတာပဲဖြစ်ရမယ် ရှန်းရင်” ကူယွဲ့က ရှန်းရင် ဒီလိုပြုမူတာကို တစ်ခါမှမမြင်ဖူးဘူး။
“ငါ သူ့နာမည်လေးပဲ ပြောမလို့ကို၊ အဲလောက် အပိုလုပ်ရလား”
“သေချာပေါက် လုပ်ရမှာပေါ့ နင့်ကို သူကြားသွားရင် ဘယ်လိုလုပ်မလဲ” ကြောက်စရာကောင်းတယ်၊ ဟုတ်ပြီလား။
“သူ ငါ့ကို မကြားနိုင်ပါဘူးဟ”
“ဟင့်အင်း” ရှန်းရင်က အသည်းအသန် ခေါင်းယမ်းပြီး ဟိုဟိုဒီဒီကြည့်တယ်။
“ငါ့အစ်မကြီးက နားအရမ်းပါးတာ”
ကူယွဲ့နဲ့ ယိချင်း ။ ။ “…”
နားပါးရင်တောင် အပြိုင်ကမ္ဘာတစ်ခုမှာ သူတို့ပြောနေတာတွေကိုတော့ မကြားနိုင်ဘူးမလား။
“ဒီစာထဲ ဘာမှတောင်မပြောထားဘူးလေ”
ကူယွဲ့က စာကို နောက်တစ်ကြိမ် ကြည့်လိုက်တယ်။
“ဘာလို့အဲလောက်တောင် ကြောက်နေတာလဲ၊ သူက ဘယ်လိုပဲဖြစ်ဖြစ် မင်းအစ်မကြီးလေ၊ မင်းကို ကိုက်တော့မစားဘူးမလား”
ရှန်းရင်မျက်နှာက စိမ်းဖန့်သွားပြန်တယ်။ တစ်ခဏကြာတော့ သက်ပြင်းရှည်ကြီးချတယ်။
“အာ နင်တို့မသိပါဘူး၊ ငါ့အစ်မကြီးက ဇာတ်တူချင်းစားတဲ့သူထက်တောင် ပိုကြောက်ဖို့ကောင်းတယ်”
“…”
“ဆရာ့အစ်မက ဘယ်လိုလူမျိုးလဲ” ယိချင်း မမေးဘဲ မနေနိုင်တော့ဘူး။
ရှန်းရင် အလိုလိုတုန်ရီသွားပြီး သူမအမူအရာက နောက်တစ်ကြိမ် တွန့်ရှုံ့သွားပြန်တယ်။
“ငါ့အစ်မက…”
“ခဏ” ကူယွဲ့ နှုတ်ခမ်းသပ်ပြီး သူတို့နှစ်ယောက်ကို လေ့လာလိုက်တယ်။
“မင်းဇာတ်လမ်းကို မပြောခင် ငါတို့ အိပ်ရာအောက်ကနေ ထွက်လို့ရမလား”
ယိချင်း ။ ။ “…”
ရှန်းရင် ။ ။ “…”
သောက်ကျိုးနည်းပဲ။ မင်းဘာသာ အိပ်ရာအောက် ပုန်းလို့ရတာကို – ဘာလို့ ငါတို့နှစ်ယောက်ကိုပါ မင်းနဲ့အတူ ဆွဲခေါ်မှဖြစ်မှာလဲ။
——————
တစ်နာရီအကြာ။
“ဆရာ၊ စိတ်ငြိမ်အောင် လက်ဖက်ရည်သောက်လိုက်ပါဦး”
ယိချင်း လက်ဖက်ရည်တစ်ခွက်ကို ကမ်းပေးလိုက်တယ်။
ရှန်းရင် နောက်ဆုံးတော့ ပြန်တည်ငြိမ်သွားပြီ။ သူမ လက်ဖက်ရည်ကို မော့ချပြီး ခွက်အလွတ်ကို ယိချင်းဆီ ပြန်ကမ်းပေးလိုက်တယ်။
“ငါနောက်တစ်ခွက်ယူ – ဟင့်အင်း၊ နောက်ထပ်သုံးခွက်”
ကူယွဲ့ က နှုတ်ခမ်းသပ်လိုက်တယ်။ သူချက်ချင်း သူမလက်ထဲကခွက်ကို လုယူလိုက်တော့တယ်။
“တော်လောက်ပြီ၊ မင်းဘာလုပ်နေတာတုံး၊ ခုစကားပြောလို့ရပြီလား၊ ပြဿနာကဘာလဲ၊ ဘာလို့ မင်းအစ်မကို အဲလောက်ကြောက်နေတာလဲ”
ရှန်းရင်လက်က တုန်ရီနေတယ်။ သူမကြည့်ရတာ ပြန်ပုန်းဖို့ဆန္ဒကို တွန်းလှန်နေရပုံပဲ။ ဟိုဟိုဒီဒီကြည့်ပြီး သူမက သက်ပြင်းချပြန်တယ်။
“နင်တို့နားမလည်ပါဘူး”
“အဲဆို ငါတို့ နားလည်အောင် လုပ်ပေးလေ” ကူယွဲ့ သိချင်စိတ်ကို မထိန်းနိုင်တော့ဘူး။ ဘယ်လိုလူက ဒီcheat ရှန်းရင်ကို ဒီလောက်ထိကြောက်စေတာလဲ။
ရှန်းရင် တိတ်တဆိတ် ထိုင်ပြီး လက်ဖက်ရည် ထပ်သောက်နေတယ်။ သူမဘေးကလူနှစ်ယောက်ကို ကြည့်ပြီး နောက်ဆုံးတော့ စကားပြောဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။
“ပြောရရင်တော့ – အခုငါ့အရည်အချင်းတွေအားလုံးက ငါ့အစ်မရဲ့ မိစ္ဆာဆန်တဲ့လေ့ကျင့်မှုရဲ့ ရလဒ်ပဲ”
“ဘာ” ကူယွဲ့က တန့်သွားပြီး တစ်စုံတစ်ရာကို အမှတ်ရသွားကာ ထခုန်လိုက်တယ်။
“မင်းရဲ့ ကမ္ဘာ့အပြင်ဘက်အစွမ်းတွေကို မင်းအစ်မက လေ့ကျင့်ပေးထားတာလား”
“အိုး ဟင့်အင်း မဟုတ်ဘူး အဲဒါတွေက ငါကူးပြောင်းပြီးမှရလာတာ” သူမခေါင်းယမ်းလိုက်တယ်။
“အဲဒါမဟုတ်တဲ့ တခြားဟာတွေ”
ကူယွဲ့ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တယ်။ သူ ပြန်ထိုင်ချပြီး မျက်ဆန်လှန်လိုက်တယ်။
“မင်းရဲ့ cheatထားတဲ့ အစွမ်းတွေအပြင် တခြားအရည်အချင်းရှိတယ်လား”
အိပ်တာ နဲ့စားတာလား။
“ဟေး… ငါ့မှာ တကယ်ရှိတာပါနော်” ရှန်းရင်က တစ်ခဏတာ အင်မတန်လေးလေးနက်နက် စဉ်းစားတော့တယ်။
“ခေါက်ချိုးသိုင်း၊ အကွာအဝေးထိန်းချုပ်မှု၊ ဝိညာဉ်ဖွံ့ဖြိုးမှု၊ တတိယဘာသာအရည်အချင်းတွေ၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ ဖန်တီးနိုင်စွမ်းတွေလိုမျိုး…”
သူမက သူတို့ကို ထူးဆန်းတဲ့အသံနဲ့နာမ်စာလုံးတွေ ဆက်တိုက်ရွတ်ပြတော့တယ်။
ကူယွဲ့ ။ ။ “…”
ဒါတွေအားလုံးက ဘာတွေတုံး။ သူ အရင်က ဒါတွေ တစ်ခါမှမကြားဘူးဖူး။
“မင်းဘာတွေပြောနေတာတုံး” ဒါက ကိုးကွယ်မှုဆိုင်ရာကျင့်စဉ်လေ့ကျင်မှုတစ်မျိုးမျိုးတော့ မဟုတ်ဘူးမလား။
“အဲဒါတွေက အရမ်းကိုခက်တယ်”
“ကောင်းပြီလေ၊ မင်း ဒါတွေအားလုံးကို အကြာကြီးသင်ပြီး ဘယ်လိုအောင်မြင်မှုတွေ ရခဲ့လဲ”
ရှန်းရင် မျက်မှောင်ကြုတ်ပြီး သူမလက်ချောင်းတွေနဲ့ အင်မတန်လေးနက်စွာ ရေတွက်တော့တယ်။
“ငါ အရည်အချင်းအသိအမှတ်ပြု ဆုတံဆိပ်ဆယ်ခုကျော် ရဖူးတယ်၊ သူတို့တွေကို
ထည့်တွက်လား”
“ဘာ” သောက်ကျိုးနည်း ဘာကြီး။ အဲဒီဆုတွေက စီရင်စုငယ်အုပ်ချုပ်ရေးမှူးတွေ ချီးမြှင့်တာတွေလား။
…