အခန်း ၁၁၇ ။ ဝန်လေးလံစိတ်ကူးယဉ်သဏ္ဌာန်
“ဘယ်သူလဲ၊ မင်း ဘာလို့ မြို့အရှင်ရဲ့ ဗိမာန်ကြိ ကျူးကျော်လာတာလဲ”
အဲလူက လက်ကောက်ဝတ်လှည့်လိုက်ချိန် နောက်ထပ်အမတဓားတစ်ချောင်းက ရှန်းရင်ဆီ ဦးတည်ပျံသန်းလာတယ်။ ဓားက ရှန်းရင်မျက်နှာနဲ့ နှစ်လက်မပဲကွာတဲ့နေရာမှာ ရပ်သွားပြီး အော်လိုက်တယ်။
“ပြောစမ်း”
“အာ…” ရှန်းရင်က တုံ့ဆိုင်းနေမိတယ်။
“ငါလမ်းပျောက်သွားတာလို့ပြောရင် ယုံမလား”
“သူများဗိမာန်မှာ လမ်းပြတယ်လား”
အဲလူက ပိုတောင်မျက်မှောင်ကြုတ်ပြီး တောက်ခေါက်တော့တယ်။
“ဟမ်၊ မင်းက အနက်ရောက်ဝတ်ရုံဝတ်ပြီး မြေအမတဖြစ်လာဖို့ တက်လှမ်းလာကာစ၊ မင်းဘာကြောင့်လာလဲဆိုတာ ငါမသိဘူးမထင်နဲ့”
“အယ်…” ဒါ တကယ့်ကို သာမန်ဝတ်ရုံအနက်ရောင်ပါဟယ်။
“မြန်မြန်ထွက်သွားပြီး ဝန်အလေးမျှော်စင်နဲ့ ပတ်သက်တဲ့ အကြံတွေအားလုံးကို စွန့်ပစ်ဖို့အကြံပေးတယ်၊ မဟုတ်လို့ကတော့… ငါ့ကိုရက်စက်လို့ဆိုပြီး အပြစ်မတင်နဲ့”
“ဝန်အလေးမျှော်စင်လား” ရှန်းရင်တန့်သွားတယ်။ သူမ အဲလူနောက်က မျှော်စင်ကိုမော့ကြည့်လိုက်တယ်။
တကယ်ပဲ မြင့်လွန်းလို့ တိမ်ပေါ်တောင် ရောက်လုနီးပါးပုံပေါက်နေတယ်။ မျှော်စင်က ပကတိ ပိန်းပိတ်အောင် မှောင်မည်းနေပြီး ညကောင်းကင်ယံနဲ့ ပြီးပြည့်စုံစွာ ပနံသင့်နေတယ်။ သူမသာ သေချာမကြည့်မိရင် အဲမှာမျှော်စင်ရှိတာ သတိထားမိမှာမဟုတ်ဘူး။
“မင်း အခုမှ မသေမျိုးတက်လှမ်းကာစ ကျင့်ကြံဆင့်မှာ အတော်လေးအားနည်းနေသေးတာမြင်ပြီး အခုနောင်တရရင် မြို့အရှင်က သေချာပေါက် မင်းကိုသက်ညှာပေးမှာပဲ”
သူက ခပ်ဩဩပြောလာတယ်။
ရှန်းရင် သူ့အမတစွမ်းအင်တွေ ထကြွလာတာကို ခံစားလိုက်ရတယ်။ ကြွားပဲကြွားနေတာလား ဒါမှမဟုတ် အလိုလိုဖြစ်လာတာလားတော့ မသေချာဘူး။
သူမက ခေါင်းကိုစောင်းလိုက်ပေမဲ့ ဘာမှပြန်မတုံ့ပြန်ဘူး။ အဲလူနောက်ကို ကြည့်ပြီး ရုတ်တရက် ပြောလာတယ်။
“ဟဲ့၊ ပင်မတံခါးက ဘယ်မှာလဲဆိုတာသိလား”
“ဒီအဆင့်မှာတောင် ထွက်ပြေးဖို့ ကြံနေသေးတာလား” သူ မျက်ခုံးပင့်ပြီး ဒေါသတကြီး ကြည့်မိတော့တယ်။
“မြို့အရှင်ရဲ့ဗိမာန်က အရည်အချင်းမြင့် အမတတွေနဲ့ပြည့်နေတာ၊ မင်းသွားရင် အရှေ့ခြံဝန်းဆီတောင် မရောက်ခင် သေချာပေါက်ဖမ်းခံရမှာပဲ”
“အိုး”
“နားလည်ရင် မင်း… ခဏ မင်းဘာလုပ်နေတာလဲ”
သူစကားပြောပြီးတာကို မစောင့်ဘဲ ရှန်းရင်က အဲလူဆီ လျှောက်သွားတယ်။ သူက ဖြူဖပ်ဖြူရော်ဖြစ်ပြီး အသည်းအသန်အော်တော့တာပဲ။
“အဲမှာပဲရပ်နေ အနားထပ်တိုးမလာနဲ့နော်၊ ငါပြောတာကြားလား”
ဒါပေမဲ့ ရှန်းရင်ကတော့ သူ့ကို အာရုံမစိုက်။ အမတဓားတွေက အန္တရာယ်လုံးဝမရှိတဲ့အတိုင်း ဘေးကနေဖြတ်လာလေတယ်။ သူမက သူ့ဆီဆက်လျှောက်လာပြီး ခန္ဓာကိုယ်ကနေ တည့်တည့် ဖြတ်သွားတော့တာပဲ။
စောနက အရမ်းကို မော်ကြွားပြီး အင်အားကြီးတဲ့ပုံဖမ်းနေတဲ့လူက မြန်မြန်ပြေးထွက်သွားတာ လေထဲ ဒီတိုင်းပျောက်သွားသလိုပဲ။
ဒါပေမဲ့ သူ့အသံစိတ်လှုပ်ရှားစွာ အော်ဟစ်နေတာကို ကြားနေရသေးတယ်။
“ငြိမ်ငြိမ်နေနော် ဝန်အလေးမျှော်စင်နား ထပ်ကပ်မလာနဲ့၊ မင်းငါ့ကိုကြားလား”
“ငါပြောတာက…” ရှန်းရင် သူ့ကိုလျစ်လျူရှုပြီး မျှော်စင်မြင့်ကြီးဆီ ဆက်လျှောက်လာခဲ့တယ်။ သူမက တံခါးကိုလက်နှစ်ဖက်နဲ့ တွန်းဖွင့်ပြီး အထဲမှာထိုင်နေတဲ့ ပုဂ္ဂိုလ်လေးကို ပြောလိုက်လေတယ်။
“မိတ်ဆွေလေး၊ နောက်တစ်ကြိမ် တခြားလူကို ဖြီးချင်ရင် အသံလေးတော့ ဖျက်ဖို့သတိရဦး”
အသက်နှစ်ဆယ်အရွယ်နဲ့ သန်မာတဲ့လူတစ်ယောက်ရဲဲ့ နောက်ကနေ ကလေးအသံထွက်လာတယ်တဲ့ – သူမကတော့ ဒီအသံသရုပ်ဆောင်တာကို ဆယ်မှတ်မှာ သုညပဲပေးတယ်။
“မင်း… မင်း…” အခန်းအလယ်မှာထိုင်နေတဲ့လူက အပြာရောင်ဝတ်ဆင်ထားတဲ့ ကလေးငယ်လေး။ မျက်နှာပေါ်မှာလည်း သွေးပျက်နေတဲ့ အကြည့်နဲ့။ သူ့လက်ညှိုးလေးနဲ့ ရှန်းရင်ကို လက်ညှိုးထိုးတော့တယ်။
“ဘယ်လိုလုပ် ကျွန်တော့်ရဲ့ ပုံရိပ်ယောင်ကိုယ်နဲ့ တံခါးအပြင်က အကာအကွယ်အင်းကွက်ကို ဖြတ်နိုင်တာလဲ”
ရှန်းရင် တန့်သွားတယ်။ ပုံရိပ်ယောင်ကိုယ်ရဲ့ ကျရှုံးမှုကို မေ့ထားဦး – တံခါးမှာ အကာအကွယ်အင်းကွက်အစီအရင်တောင် ရှိလို့လား။
“မိတ်ဆွေလေး” သူမက အော်ရင်း အခန်းထဲ လျှောက်လာခဲ့တယ်။ ကလေးလေးက ကြောက်လန့်တကြား ဆုတ်သွားတော့ ဒူးထောက်ချပြီး သူ့ကို သူမဆီ ပြန်ဆွဲခေါ်လိုက်ရတယ်။
“မကြောက်ပါနဲ့၊ အန်တီက လမ်းမေးဖို့ပဲ ဒီကိုရောက်လာတာပါ၊ ပင်မတံခါးက ဘယ်မှာရှိလဲဆိုတာ ပြောပါဦး”
“ခင်ဗျား…” ကလေးက မျက်လုံးတွေပြူးပြီး သူမကို သံသယနဲ့ လေ့လာတော့တယ်။
“ခင်ဗျားက တကယ်ပဲ… လမ်းမေးဖို့ ရောက်လာတာလား”
“အင်း” သူမ ခေါင်းညိတ်ပြလိုက်တယ်။ ထူးဆန်းတဲ့ အန်တီမဟုတ်ကြောင်း သက်သေပြဖို့ ဆက်ပြောလိုက်တယ်။
“မင်းဒီတိုင်း ပင်မတံခါးရှိတဲ့ဘက် လက်ညှိုးထိုးပြလိုက်လည်းရတယ်”
“ခင်ဗျား… ခင်ဗျားက ကျွန်တော့်ကိုဖမ်းဖို့ ဒီရောက်လာတာမဟုတ်ဘူးပေါ့” ကလေးလေးက ဇဝေဇဝါဖြစ်ပြီး လုံးဝထိတ်လန့်နေတဲ့ပုံ။
“ဘာလို့ မင်းကို ဖမ်းရမှာလဲ” သူမက အန္တရာယ်ပေးမဲ့သူမဟုတ်ကြောင်း လက်ဖြန့်ပြလိုက်တယ်။
ကလေးလေးက နည်းနည်းယုံလာတယ်။
“ခင်ဗျား… ခင်ဗျားက တကယ်ပဲ ကျွန်တော့်ကို ခေါ်သွားဖို့ ဒီရောက်လာတာမဟုတ်ဘူးပေါ့”
“အွန်း” ရှန်းရင်က ခေါင်းညိတ်ပြီး မြန်မြန်ထပ်ဖြည့်ပြောလိုက်သေး။
“လောလောဆယ်တောင် မွဲနေတာ၊ ကလေးပျိုးထောင်ဖို့ မတတ်နိုင်ပါဘူး”
“တကယ်လား”
“တကယ်ပေါ့၊ အယ်ထရာမန်းနာမည်တိုင်တည်ပြီး ကတိပေးတယ်၊ အဲဒါလုံလောက်ပြီလား၊ အခု ပင်မတံခါးဘယ်မှာလဲဆိုတာ ပြောပြလို့ရပြီလား”
“…” အယ်ထရာမန်းဆိုတာ ဘာကြီးတုန်း။ ကလေးက တုံ့ဆိုင်းနေပြီး အချိန်အတော်ကြာမှ စိတ်အေးသွားလေတယ်။ သူက သူမကို နောက်တစ်ကြိမ် ခေါင်းစခြေဆုံးကြည့်တော့တယ်။
“ဒါက မြို့အရှင်ဗိမာန်ရဲ့ အနောက်ဘက်အဆုံးပဲ၊ ကျွန်တော်တို့နောက်မှာ မသေမျိုးခေါင်းဖြတ်ချောက်ကမ်းပါးပဲရှိတယ် – အဲကထွက်လို့မရဘူး တကယ်လို့ ဒီနေရာကထွက်ချင်ရင် အရှေ့ခြံဝန်းကနေပဲ ဖြတ်ရမှာ”
“အော်” သူမ ခေါင်းညိတ်ပြလိုက်တယ်။
“ကျေးဇူးပါ၊ မိတ်ဆွေလေး” သူမက မတ်တပ်ထရပ်တော့တယ်။
“ခဏ…” ကလေးက ရုတ်တရက် သူမဝတ်ရုံကို ဆွဲလာတယ်။ တစ်ခဏတုံ့ဆိုင်းနေပြီးမှ သူက ပြောလေတယ်။
“အင်း… အပြင်မထွက်ခင် ခဏလောက်စောင့်သင့်တယ်၊ အဖေနဲ့ အဘိုးက အရှေ့ခြံဝန်းမှာ မိစ္ဆာတွေကို နှိမ်နင်းနေတာ၊ တကယ်လို့ အခုနေထွက်သွားရင် ခင်ဗျားကို မိစ္ဆာလို့ အထင်မှားပြီး သတ်ပစ်လိုက်လိမ့်မယ်” သူက တစ်ခုခုကို ရုတ်တရက် သတိရသွားတဲ့ပုံနဲ့ သူမကို စိုးရိမ်တကြီး ကြည့်လာတော့တယ်။
“ကျွန်တော်.. ကျွန်တော် ဒါပြောတာက ခင်ဗျာူက လူဆိုးလို့မထင်လို့နော်”
“ကောင်းပါပြီ၊ ကျေးဇူးပါ” ရှန်းရင်ပြုံးပြီး ခေါင်းလေးပုတ်ပေးလိုက်တယ်။ နောက်တော့ တစ်ခဏစဉ်းစားပြီး ပြောလိုက်တယ်။
“ဟေး… ငါ့လိုမျိုး အမည်းရောင်ဝတ်ရုံဝတ်ထားတဲ့ လူဆယ်ယောက်ကျော် အပြင်ဘက်မှာရှိနေတယ်၊ သူတို့ကတော့ တကယ့်လူကုန်ကူးသမားတွေ၊ ဘေးကင်းအောင် မင်းအဖေနဲ့ အဘိုးကို သွားရှာဖို့ အရှေ့ခြံဆီသွားတာကောင်းမယ်နော်”
“ခြံဝန်းထဲမှာလည်း လူတွေရှိတယ်ပေါ့ သူတို့ကရော မြေအမတတွေလား”
“အာ… ထင်တာပဲ” သူမ တကယ်မပြောတတ်ဘူး။
“သူတို့ ဒီနေရာထဲ ဝင်လာနိုင်တာ အံ့ဩစရာမရှိတော့ဘူး” ခြံဝန်းထဲက အစီအရင်က မသေမျိုးချီတွေကို ပစ်မှတ်ထားတာ။ အ်တဘုံကိုတက်လှမ်းကာစ မြေအမတတွေက သူတို့ထဲ ဝိညာဉ်ချီအကြွင်းအကျန်တွေရှိနေသေးပြီး မသေမျိုးချီ အများကြီး မပိုင်ဆိုင်ကြသေးဘူး။ ဒါကြောင့် သူတို့က အာရုံမခံမိဘဲ အစီအရင်ကိုဖြတ်သန်းလို့ရတာပဲ။
“မင်း ငါနဲ့လိုက်ခဲ့ပါလား” ရှန်းရင် အကြံပေးလိုက်တယ်။
ကလေးအမူအရာက ပျက်သွားပြီး မျက်လုံးတွေလည်းမှိုင်းညှို့သွားတယ်။ သူက သူ့ခြေထောက်ကို စိတ်ပျက်လက်ပျက် ညွှန်ပြလေတယ်။
“ကျွန်တော် ဒီအစီအရင်ကနေထွက်လို့မရဘူး”
“…” အစီအရင်လား။ သူမငုံ့ကြည့်လိုက်တော့ တကာ်ပဲ ကောင်လေးထိုင်နေတဲ့နေရာရဲ့ တစ်မီတာမပြည့်ခင် အင်းကွက်တစ်ကွက်ရှိနေတာ မြင်လိုက်ရတယ်။ ကောင်လေးသာ ထောက်မပြရင် သူမ သတိထားမိမှာမဟုတ်ဘူး။
“ဝန်လေးလံမျှော်စင်က အဘိုးလုပ်ပေးထားတဲ့ အကာအကွယ်အင်းကွက်ရဲ့ ကာကွယ်မှုကိုယူထားတာ၊ မြေအမတတွေတောင် ဒီမျှော်စင်ကို အလွယ်တကူဝင်လို့မရဘူး” သူ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တယ်။ သူ ရပ်သွားပြီး ထပ်ဖြည့်ပြောလိုက်သေး။
“ခင်ဗျားကတော့ ထည့်တွက်လို့မရဘူး အရှေ့ခြံဝန်းကပြဿနာကို ဖြေရှင်းပြီးတာနဲ့ သူတို့…”
သူစကားမဆုံးခင် အောက်ကမြေကြီး တုန်ခါသွားတယ်။ သူတို့ ညာဘက်ကနေ အက်ကွဲသံအကျယ်ကြီးတွေ ပေါ်လာတော့တာပဲ။ တစ်ခုခုပေါက်ကွဲနေတဲ့ပုံ။
ရှန်းရင်ထရပ်ပြီး အပြင်ကိုကြည့်လိုက်တယ်။ ခြံဝန်းအပြင်ဘက်မှာ မီးခိုးမည်းကြီးတွေ ပြည့်နေပြီး သူတို့ဆီလွင့်လာတာကို မြင်လိုက်ရတယ်။ သူမ ပေတစ်ရာပတ်လည်ထက် ပိုမမြင်ရဘူး။ လရောင်လေးတစ်စက်မှတောင်ပေါ့။
မကောင်းတဲ့ အငွေ့အသက်က တံခါးကနေတစ်ဆင့် အခန်းထဲဝင်လာပြီး အပူချိန်ကို အဆက်မပြတ်ကျဆင်းသွားစေတယ်။ ကြက်သီးထစရာ အငွေ့အသက်က အခန်းထဲ ကျူးကျော်လာတာပေါ့။ မြေကြီးက ပိုပြီးတောင် အသည်းအသန်တုန်ခါနေတော့တာပဲ။ မြေကြီးကွဲတော့မလိုတောင် ခံစားနေရတယ်။
ရှန်းရင် မျက်လုံးပြူးသွားတယ်။ ကြီးလိုက်တဲ့… မီးခိုးနက်တွေ
(⊙ o ⊙)
“ဟေး ကောင်လေး… အာ” သူမ အနောက်က ကလေးကို သတိပေးချင်ပေမဲ့ သူက အခုတော့လုံးဝဖြူဖျော့နေတာ မြင်လိုက်ရတယ်။ နဖူးကနေ ချွေးစေးတွေကျနေပြီး ဆိုးဆိုးဝါးဝါးနာကျင်နေသလိုပဲ။
“ဘာဖြစ်နေတာလဲ၊ သူငယ်ချင်းလေး အဆင်ပြေရဲ့လား၊ ငါ့ကိုမခြောက်နဲ့နော်”
ကလေးက ပိုပိုပြီးနာကျင်လာတဲ့ပုံ။ သူက အခုတော့ ဘောလုံးလေးလိုကွေးနေပြီး နာကျင်မှုကြောင့်အော်ဟစ်ရင်း သွေးတွေမနည်းထွက်လာတယ်။ သူမက သူ့ကိုချီလိုက်ပေမဲ့ အင်းကွက်က ရုတ်တရင် အလင်းတန်းကြီးတစ်ခု ထုတ်ပြီး ကောင်းကင်တည့်တည့် တက်သွားတာ အမိုးနဲ့ မျှော်စင်တစ်ခုလုံးကို လဲပြိုသွားစေတယ်။ အလင်းတန်းက လင်းသထက်လင်းလာပြီး ညကောင်းကင်ယံတစ်ခုလုံးကို ထွန်းလင်းစေတော့တယ်။
ရှန်းရင် ရင်ထဲထိတ်သွားတယ်။
အင်း… ကလေးမိဘတွေကတော့ သူ့ကို မထုထောင်းလောက်ပါဘူးနော်၊ လုပ်လောက်လား။
…