အခန်း ၂၈၂ ။ ထွက်ပြေးချင်စိတ်
ကူယွဲ့ မျက်မှောင်ကြုတ်ပြီး အောက်ဘက်က စာရင်းအမျိုးမျိုးနဲ့ မိတ်ဆက်အကြောင်း စဉ်းစားနေမိတယ်။
“ငါစောနက တစ်ချက်အမြန်ကြည့်ထားတယ်၊ S အဆင့်သားရဲတွေက အမှတ် ၁၀၀ကနေ ၁၀၀၀၀ ထိရစေနိုင်တယ်” သူ သူ့နာမည်အောက်က အမှတ်၁၀၀ကို လက်ညှိုးထိုးလိုက်တယ်။
“ဒါက နယ်ပယ် S ၊ ဒီစာရင်းရဲ့နံပါတ်၁ကလူက အမှတ် ၂၃၀၀၀၀၀ ရှိတယ်၊ ပြောရရင် ငါတို့ အဲစာရင်းမှာ နံပါတ်၁ဖြစ်လာဖို့ အနည်းဆုံးတော့ S အဆင့် သားရဲအကောင်၂၃၀ သတ်ရမယ်”
“ငါတို့လုပ်နိုင်ပါတယ်” ရှန်းရင်က သူ့ကိုလက်မထောင်ပြတယ်။
“ဖေဖေနျိုက SSS အဆင့်ပဲဟာ”
ကူယွဲ့ အကြည့်ငုံ့ကာ သူမကိုသံသယနဲ့ကြည့်လိုက်တယ်။
“ဘာလို့ကိုယ့်ဘာသာ မသွားတာလဲ၊ တကယ်လို့ ငါတောင် ငါ့ကျင့်ကြံဆင့်ကို ထိန်းသိမ်းနိုင်ရင် cheat ဖြစ်တဲ့မင်းလည်း ရမှာပဲ”
“ငါ့မှာ ဖေဖေနျိုရှိလို့လေ”
မင်း သောက်ကျိုးနည်း ပျင်းနေရုံမဟုတ်လား။
“ဒီဂြိုဟ်ပေါ်က အဆင့်အမြင့်ဆုံးသားရဲတွေအားလုံးက S အဆင့်ဆိုတာ သေချာရဲ့လား”
“သေချာပေါက်ပဲ” ရှန်းရင် သူမရင်ဘက်ကိုပုတ်ပြလိုက်တယ်။
အကြောင်းအရင်းမရှိ သူမက အဓိပ္ပာယ်မရှိဘူးလို့ သူခံစားနေရတယ်။ ကူယွဲ့ သူ့ပတ်ပတ်လည်ကို ကြည့်ပြီး ချိတုံချတုံထရပ်လိုက်တယ်။
“သွားကြရအောင်” ထားလိုက်တော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဒီရောက်နေပြီပဲဟာ။ သူ အပြင်စကြဝဠာရဲ့ ဓလေ့ထုံးတမ်းတွေကို အတွေ့အကြုံရတယ်လို့ပဲ သတ်မှတ်လိုက်တော့မယ်။
သူ စောနက ဟိုဟိုဒီဒီ ကြည့်ခဲ့ချိန် ဒီဂြိုဟ်ရဲ့ S အဆင့်သားရဲတွေက အမတဘုံမှာ ဒဿမအဆင့်နတ်ဆိုးသားရဲတွေနဲ့ညီတယ်။ သူ့ကျင့်ကြံဆင့်အရ ချွေးတစ်စက် မထွက်ဘဲ ဒီလိုသားရဲတွေကို ဆယ်ကောင်ကျော် အသာလေးသတ်နိုင်တာပေါ့။ ပြီးတော့ သူ့မှာ cheat ရှန်းရင်ရှိတယ်လေ။
သူစကားပြောရင်း ရှန်းရင်ကို သူ့ဓားပျံပေါ် ဆွဲခေါ်ခဲ့ကာ မြေပုံပေါ် အန္တရာယ်ရှိနယ်မြေလို့ သတ်မှတ်ထားတဲ့ နေရာဆီ ထွက်ခွာလာခဲ့တယ်။
သူ့ရင်ဘတ်ထဲ စိတ်လှုပ်ရှားစပြုလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဒီဂြိုဟ်ပေါ်က အသန်မာဆုံးလူတွေထဲက တစ်ယောက်လေ။ အစာဆက်ကွင်းထိပ်မှာရှိနေတဲ့သူအနေနဲ့ အစွမ်းတွေကို စမ်းသပ်ချင်မိတယ်။
သူတို့ ဘေးကင်းတဲ့နယ်မြေကနေ ထွက်ခွာလာတာနဲ့ သူတို့ရှေ့ အနီရောင် အာမေဋိတ်အမှတ်အသားပေါ်လာတယ်။ သတိပေးသံကို သူတို့နားထဲ ကြားလိုက်ရတယ်။
[သတိပေးချက် ။ ။ S အဆင့်သားရဲကို ရှေ့၌အာရုံခံမိ]
ဒါက တကယ့်ကို အဆင့်မြင့်နည်းပညာပဲ။ သားရဲတွေအတွက် အာရုံခံစက်တောင်ရှိတယ်ပေါ့ ကူယွဲ့ အောက်ဆင်းပြီး သူ့အမတဓားကိုဆွဲကာ သားရဲပေါ်လာမှာကို စောင့်နေတယ်။ သုံးစက္ကန့်အတွင်း သားရဲပုံသဏ္ဌာန်တစ်ခုက သူတို့ရှေ့ ပေါ်လာတယ်… သားရဲနှစ်ကောင်… အကောင် ၂၀… အကောင်၁ရာ…။
ကူယွဲ့ ။ ။ “…”
ရှန်းရင် ။ ။ “…”
(╯‵□′)╯(┻━┻
ဘာလို့ အများကြီး ရှိနေတာလဲ ချီးဟေ့။
“မင်း ငါ့ကို S အဆင့်သားရဲတွေက အုပ်စုလိုက်သွားလာကြတယ်ဆိုတာ ဘာလို့မပြောခဲ့တာလဲ”
“အာ နင်သိပြီးပြီ ထင်နေတာ”
“ငါ့ခြေထောက်ကိုသိ” ကူယွဲ့ cheat ရဲ့ လည်ပင်းကို ညှစ်ချင်သွားတယ်။
“မင်း ငါ့ကို အနည်းဆုံးတစ်ကြိမ်လောက် မလိမ်ရရင် အနားယူမှာ မဟုတ်ဘူးမလား”
အုပ်စုကြီးရဲ့အရွယ်အစားနဲ့ဆို တိရစ္ဆာန်အုပ်လိုက်ကြီး သောင်းကျန်းနေတာနဲ့တောင် တူတော့မယ် သူတို့တွေ လမ်းတစ်လျှောက် တခြားကစားသမားတွေကို မတွေ့ခဲ့တာ အံ့ဩစရာမရှိတော့ဘူး။ လူတိုင်းက သတ်ခံရမှာကို ကြောက်လို့ မလာရဲကြတာဖြစ်လောက်တယ်။
ကူယွဲ့ သားရဲတွေ နီးသထက်နီးလာတာကို ကြည့်နေရတယ်။ သူ အံကြိတ်ပြီး ချက်ချင်းမတ်မတ်ရပ်လိုက်တယ်။ တုံ့ဆိုင်းမှုမရှိ သူ အော်လိုက်တော့တယ်။
“ပြေး”
သူ့ဓားပျံပေါ် တက်ပြီး လေထဲ တက်လိုက်တယ်။
“ခဏ” ရှန်းရင်က ကောင်းကင်ကို လက်ညှိုးလှမ်းထိုးလာတယ်။
“ကောင်းကင်ထဲမှာ ပိုပြီးရှိနေတာ”
နောက်အခိုက်အတန့်မှာ သူ ဆူညံသံတွေ အများကြီး ကြားလိုက်ရပြီး အကောင်အုပ်ကြီးကို မြင်လိုက်ရတော့တယ်။
ကူယွဲ့ ။ ။ “…” -ီး၊ သူ တကယ်ကို ထွက်ပြေးချင်ခဲ့တာကို
သားရဲတွေက နီးသထက်နီးလာပြီ။ ကူယွဲ့ ရွေးစရာမရှိတော့ဘဲ အံကြိတ်ကာ ရှေ့တက်လိုက်ရတယ်။ ကောင်းကင်က ရုတ်တရက် ဓားတွေအများကြီး ပြည့်သွားခဲ့တယ်။ ဒီသားရဲလို့ခေါ်တဲ့ဟာတွေက အပြင်စကြ၀ဠာကတိရစ္ဆာန်တွေသက်သက်ပဲလားတော့ ကူယွဲ့မသေချာဘူး။ အများကြီးဆိုပေမဲ့ တစ်ကောင်ချင်းစီက အမတဘုံထဲက နတ်ဆိုးသားရဲတွေနဲ့မယှဉ်နိုင်ဘူး။ သူတို့တွေက အသိဉာဏ်လည်း ရှိပုံမပေါ်။ သားရဲအုပ်ကြီးနဲ့ ရင်ဆိုင်ရတာက ကူယွဲ့အတွက် အများကြီးပိုလွယ်ကူတယ်။
မိနစ်ပိုင်းအတွင်း သူ့အမှတ်တွေ တိုးလာသံကို နားထဲကနေ ကြားနေရတယ်။ အမှတ်တစ်ရာကနေ တိုးလာလိုက်တာ တစ်နုရီအတွင်း စာရင်းထိပ်သီးဆယ်ယောက်ထဲ ရောက်လာတဲ့အထိပဲ။ သူ့အမှတ်တွေက ဆက်ဆက်ပြီးတိုးလာဆဲ။
ဒါပေမဲ့…။
ဘယ်လောက်ပဲ စိတ်အေးလက်အေးရှိပေမဲ့ သားရဲတွေထောင်ချီလိုက် သူ့ဆီချီတက်လာတာကိုတော့ မတားနိုင်ဘူး။
“လုပ်ထား ဖေဖေနျို”
“ချီးကိုလုပ်ထား” ကူယွဲ့ သူမကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။
“ခဏ၊ မင်း ဒီတစ်ချိန်လုံး ငါ့နောက်မှာပဲ ရှိနေတယ်လို့ မပြောနဲ့နော်”
“အာ…”
“လုပ်လေ ငါ့ကိုကူဦးဟ မင်း အခုမလှုပ်ရှားရင် ငါလဲတော့မယ်”
“ငါနင့်ကိုကူညီလို့မရ…”
“ဘာလို့လဲ” ကူယွဲ့ တန့်သွားတယ်။ သူ သူ့ဆီ ပြေးဝင်လာတဲ့သားရဲကို ထိုးပြီး လောလိုက်တယ်။
“ငါဆက်ပြီး မထိန်းထားနိုင်တော့ဘူး၊ မြန်မြန်”
“အိုး” ရှန်းရင်က သက်ပြင်းချတယ်။ သူမက သူ့ဓားကိုယူပြီး ဝှေ့ယမ်းလိုက်တယ်။ ချက်ချင်းပဲ အဖြူရောင်အလင်းကြီးက ကောင်းကင်ထဲပေါ်လာတယ်။ S အဆင့်သားရဲအုပ်လိုက်ကြီး သေဆုံးပြီး ပြုတ်ကျလာတာမို့ ဆူညံသံတွေ အများကြီးထွက်လာတယ်။
သူတို့အားလုံး ချက်ချင်း ဖျက်ဆီးခံလိုက်ရတာပဲ။
ပတ်ပတ်လည်ကလာနေတဲ့ ဟိန်းသံတွေအားလုံး ရုတ်တရက် ရပ်ကုန်တယ်။
ကူယွဲ့စိတ်အေးသွားကာ သက်ပြင်းချလိုက်တယ်။ သူ့ပတ်လည်က အင်းကွက်ကြီးက မည်းမှောင်သွားခဲ့တယ်။
ရှန်းရင်ဓားကို သိမ်းပြီး သူတို့အပေါ်က လေထုထဲကို ညွှန်ပြလိုက်တယ်။
“ဒါကြောင့်လေ”
ဘာ။
ကူယွဲ့က ကြောင်သွားတယ်။ သူ မတုံ့ပြန်နိုင်ခင် လေထဲ အချက်ပေးသံကျယ်ကြီးထွက်လာတယ်။ နောက်တော့ အသံတစ်သံက ဂြိုဟ်တစ်ခုလုံးကို ပြည့်သွားတယ်။ အတက်အကျမရှိတဲ့ စက်သံကြီး။
[တင်း မူမမှန်မှုကြီးတစ်ခု အာရုံခံမိပါတယ်၊ အတည်ပြုထားသော အသုံးပြုသူများ ။ ။ ရှန်းရင်၊ ဖေဖေနျို။ အစုလိုက်အပြုံလိုက် လူသတ်လက်နက်ကို ဒီဂိမ်းဂြိုဟ်ထဲ သယ်ဆောင်လာပါတယ်၊ ဒါ ဂြိုဟ်ရဲ့ ဟန်ချက်ကို ထိခိုက်စေတဲ့ ကြီးမားတဲ့ကျူးလွန်မှုပါ၊ အသုံးပြုသူနှစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းပါ့မယ် သူတို့ကို နယ်မြေ S ကနေ နှစ်လပိတ်ပင်ပါတယ်]
နောက်အခိုက်တန့်မှာ ကူယွဲ့ သူ့စခရင် အောက်ညာဘက်ထောင့်ပေါ်က အမှတ်တွေ မီလီယံကနေ ထောင်၊ ရာဂဏန်းထိ ကျဆင်းလာပြီး နောက်ဆုံးတော့ တစ်ရာဖြစ်သွားတာကို မြင်လိုက်ရတယ်။
ကူယွဲ့ ။ ။ “…” ခွေး*သား
သူ့အမှတ်တွေ အကုန်ရှင်းပစ်ခံလိုက်ရတာကို ထားပါတော့ – သူ့အိုင်ဒီက ဘာလို့ ဖေဖေနျို ဖြစ်နေရတာလဲ။
သောက်ကျိုးနည်း ဒီ”ဖေဖေနျို” လုပ်ငန်း
(╯‵□′)╯(┻━┻
မရေမတွက်နိုင်တဲ့ အကြိမ်ရေမြောက် သူ ရှန်းရင်ကို ပစ်ထားပြီး ထွက်ပြေးချင်တာပဲ။
——————
“ငါတို့ ခုဘယ်သွားနေတာလဲ” နယ်မြေ A ဆီ အတင်းအကြပ် ပို့ဆောင်ခံလိုက်ရတဲ့ ကူယွဲ့ သူ့ရှေ့ကနေ လှမ်းလျှောက်နေတဲ့ ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။
“ဈေးဆီကို” ရှန်းရင်က အသီးကိုဝါးရင်း ပြန်ဖြေတယ်။
“ဘာအတွက်လဲ” ကူယွဲ့ တုံ့ဆိုင်းသွားခဲ့တယ်။
ရှန်းရင်က တန့်သွားပြီး လေးနက်စွာနဲ့လှည့်ကြည့်လာတယ်။
“ဖေဖေနျို၊ ငါသုံးသပ်ချက် လုပ်ပြီးပြီ၊ ငါတို့စောနက ငါတို့တိုက်ခိုက်နိုင်သလောက် အားကုန်ထုတ် တိုက်ခိုက်ရုံပဲ ရှိပြီး အကူအညီမရှိလို့ ကျရှုံးသွားခဲ့တာ”
စောနက ကျရှုံးမှုက သူမ လူလည်ကျတာကို လူမိသွားလို့မဟုတ်ဘူးလား။ သူမက သူ့ကို ဒီအရှုပ်ထုတ်ထဲပါ ဆွဲသွင်းသေးတယ်
“ဒါကြောင့်-”
“ဒါကြောင့် ငါတို့ အထိန်းတော် ဖွဲ့စည်းသင့်တယ်”
“…” သောက်ကျိုးနည်း
ကူယွဲ့ နှုတ်ခမ်းကိုသပ်ကာ သုံးသပ်ချက်ကို စဉ်းစားလိုက်တယ်။ ဂိမ်းထဲချထားတဲ့ လမ်းကြောင်းတွေအရဆိုရင် အထိန်းတော်က တကယ်ပဲ သူတို့အတွက် အကူအညီဖြစ်လောက်တယ်၊ ရှန်းရင်ရဲ့ တစ်သန်းနဲ့တစ်နည်းသော လိမ်လည်နည်းတွေနဲ့ သူမက အဖွဲ့အတွက် လုံးဝကိုအသုံးမဝင်။ သူမက ဘေးထိုင်ထွက်ပြီး ဘေးမှာကြည့်နေလို့ပဲရတယ်။
သူက တိုက်ပွဲမှာ သန်မာပေမဲ့လည်း စွမ်းအင်က ပြဿနာတစ်ရပ်အဖြစ် ကျန်ရစ်တယ်။ သူကစားဖိုမှူးလို ရူးသွပ်မနေ – တိုက်ပွဲထဲ သူ့အသက်ကိုသူ မပေးနိုင်ဘူး။ တကယ်လို့ စောနက သားရဲအုပ်ကြီးကို ထိခိုက်မှုတချို့ဖြစ်စေမဲ့ အထိန်းတော်သာရှိရင် ရှန်းရင် ဝင်ပါရပြီး ပြဿနာရှာမိမှာ မဟုတ်ဘူး။
“ကြယ်ကွန်ရက်ထဲ တကယ်ပဲအထိန်းတော်ဆိုတဲ့ မျိုးနွယ်ရှိလို့လား” ကူယွဲ့က သံသယနဲ့ သူမကို လှမ်းကြည့်လိုက်တယ်။ စောနက အချက်အလက်စာရွက်က အားလုံးပြောထားပြီးသား – ဂိမ်းထဲ ထူးခြားတဲ့အစွမ်းမရှိဘူး။ ဝင်လာတဲ့လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်အစွမ်းတွေကိုသုံးပြီး သားရဲတွေကို သတ်ရမှာ။
တစ်ခုတည်းသော ထူးခြားတဲ့အစွမ်းအမျိုးအစားက ကိုယ့်မျိုးနွယ်နဲ့ပတ်သက်တဲ့လူတွေပဲ။ ဥပမာ လူမည်းတွေက ညဘက်မှာ ကိုယ်ဖျောက်ပြီး နေနိုင်တယ်။
“စိတ်အေးအေးထား အဆင်ပြေသွားမှာပါ”
“…” သူ အဲဒါကိုကြားပြီး ဘာလို့ပိုပြီးတောင် စိတ်မအေးဖြစ်လာတာပါလိမ့်။
…