အခန်း ၂၂၅ ။ ပျော်ရွှင်ဖွယ်သံစဉ်တောင်ကြား
ညနက်ချိန်၊ အနောက်နန်းဆောင် မီးဖိုချောင်။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ အရင်က ကျွန်တော့်ကို စုံစမ်းခိုင်းထားတဲ့ ကိစ္စကို စုံစမ်းပြီးပါပြီ”
နတ်ဆိုးဘုရင်က အသံကိုနှိမ့်ကာ တည်ကြည်စွာပြောတယ်။
“မြန်လိုက်တာ” ကူယွဲ့က အံ့ဩတကြီးအမူအရာနဲ့ ပြန်လှည့်ကြည့်လိုက်တယ်။
“ဘယ်လိုလဲ”
“ဧကရာဇ်ငယ်ရဲ့ခန့်မှန်းမှုက မှန်ပါတယ်၊ အရင်နတ်ဆိုးဘုရင်က အသက်ရှင်လောက်သေးတယ်”
နတ်ဆိုးဘုရင်က ခေါင်းညိတ်ပြီးဆက်ပြောတယ်။
“ကျွန်တော် နတ်ဆိုးလောကတစ်ခွင် ရှာကြည့်ဖို့ ကောင်းကင်မိစ္ဆာဆယ်ယောက်ကို လွှတ်လိုက်တော့ သူ့ကိုမြင်ဖူးတယ်လို့ ပြောတဲ့ နတ်ဆိုးတွေ တကယ်ကိုအများကြီးပဲ”
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ အရင်က နတ်ဆိုးလောကရဲ့ ခပ်တုံးတုံး တခမ်းတနား ရှေးစာပေတွေကို မြင်ခဲ့ရတည်းက ကြိုးကိုင်သူက အရင်နတ်ဆိုးဘုရင် မဟုတ်ရင်တောင် သူနဲ့ အတော်လေးနီးစပ်မဲ့သူလို့ ခန့်မှန်းမိခဲ့တယ်။
“သူဘယ်မှာလဲ”
“မသိသေးပါဘူး” နတ်ဆိုးဘုရင်က ခေါင်းယမ်းတယ်။
“ကောလာဟလတချို့ပဲကြားဖူးတာပါ၊ ဒါပေမဲ့ နေရာတွေအားလုံးက ကွဲပြားတော့ တိကျတဲ့တည်နေရာမရှိပါဘူး၊ အမတဘုံမှာပုန်းနေခဲ့တဲ့ အဲဒီနတ်ဆိုးတွေကို စစ်ဆေးမေးမြန်းပြီးပါပြီ၊ ဒါပေမဲ့ သူတို့စကားအရတော့ လွန်ခဲ့တဲ့ နှစ်သိန်းချီတည်းက အရင်နတ်ဆိုးဘုရင်နဲ့ အဆက်အသွယ် ပြတ်သွားတာတဲ့၊ သူတို့က နတ်ဆိုးလောကရဲ့ နတ်ဆိုးဘုရင် ပြောင်းသွားတာတောင် မသိကြဘူး၊ ကျီချန်လို့ခေါ်တဲ့ ကောင်းကင်မိစ္ဆာလည်း အတူတူပါပဲ”
အင်း၊ ဒါက ခက်ခဲတာပဲ။ ကူယွဲ့မျက်ခုံးတွေ ပိုတောင်ကြုံ့သွားခဲ့တယ်။ တကယ်လို့ ငမည်းလေတောင် သူ့ကို ရှာမတွေ့ရင် တခြားသူတွေအတွက်ဆို ပိုတောင်ခဲယဉ်းမှာပဲ။
“နင် ဒါဆို ဘယ်လိုနတ်ဆိုးဘုရင် ဖြစ်လာတာလဲ”
ရှန်းရင်က ရုတ်တရက် မေးလာတယ်။
နတ်ဆိုးဘုရင် တစ်ခဏမှင်တက်သွားပြီး သူမ ဘာလို့မေးလဲနားမလည်ပေမဲ့ အမှန်တိုင်းပဲ ဖြေလိုက်တယ်။
“ကျွန်တော်က အရင်နတ်ဆိုးဘုရင်ကို အနိုင်ရခဲ့တော့ နတ်ဆိုးဘုရင်အသစ်ဖြစ်လာတာပါပဲ”
သူက ဂုဏ်ယူဝင့်ကြွားစွာ ဖြေလိုက်တယ်။ နတ်ဆိုးတွေက အမြဲ ရိုးရှင်းတဲ့စည်းမျဉ်းတစ်ခုနဲ့ပဲနေကြတာ။ ဘယ်သူပိုပြီးအားကြီးကြီး နတ်ဆိုးဘုရင်ဖြစ်မယ်။
“အဲတုန်းက ကျွန်တော် သူ့ကို အသားကုန်ထုထောင်းခဲ့တော့ သေပြီထင်နေတာ၊ ဒါပေမဲ့ မထင်မိခဲ့ဘူး သူ…”
“ဒါဆို နင်က သူ့ကို နောက်ဆုံးမြင်ခဲ့တဲ့လူဆိုတဲ့ အဓိပ္ပာယ်ပေါ့”
အာ။ နတ်ဆိုးဘုရင် ကြောင်အမ်းသွားတယ်။
ကူယွဲ့မျက်လုံးတွေ တောက်ပသွားပြီး ချက်ချင်းနားလည်သွားတယ်။ သူ ငမည်းလေးကို ဆွဲခေါ်ပြီး မေးလိုက်တယ်။
“နှစ်ယောက်သား ဘယ်မှာတိုက်ခိုက်ခဲ့ကြတာလဲ”
“နတ်ဆိုးလောကထဲက ပျော်ရွှင်ဖွယ်သံစဉ်တောင်ကြားနားမှာပါ၊ အဲတုန်းက ကျွန်တော်တို့ ကျင့်ကြံဆင့်တွေက ဆင်တော့ ၇ရက်၊ ၈ရက် တိုက်ခိုက်ခဲ့ရတယ်၊ နောက်ဆုံးတော့ အားကုန်သုံးပြီး သူ့နတ်ဆိုးဝိညာဉ်ကို ဖျက်ဆီးနိုင်ခဲ့တာပေါ့၊ သူက ပျော်ရွှင်ဖွယ်သံစဉ်တောင်ကြားနား ကျသွားပြီး သေသင့်ပြီ…၊ သူအဲမှာ ပုန်းနေတာများ ဖြစ်နိုင်လား”
“ပျော်ရွှင်ဖွယ်သံစဥ်တောင်ကြားက ဘယ်မှာလဲ” သူ့ခန့်မှန်းချက်သာ မမှားရင် အရင်နတ်ဆိုးဘုရင်က အဲတုန်းက သေချင်ယောင်ဆောင်နေခဲ့တာပဲ။
“ပျော်ရွှင်ဖွယ်နတ်ဆိုးတောင်ကြားက နတ်ဆိုးလောကရဲ့ အရှေ့ပိုင်းဒေသထဲက အစွန်အဖျားနားမှာပါ”
အဲတုန်းက သူတို့ နတ်ဆိုးလောကကို ဖျက်ဆီးမိမှာကြောက်လို့ အဲမှာတိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ကြတာပဲ။
“ငါတို့ အခု အဲကိုတစ်ချက်ကြည့်ဖို့ သွားရအောင်”
“ကောင်းပါပြီ” နတ်ဆိုးဘုရင်က ခေါင်းညိတ်ပြီး နှစ်ယောက်သား ထွက်ခွာဖို့လုပ်လိုက်ကြတယ်။
“ခရီးလမ်းဖြောင့်ဖြူးသာယာပါစေ” ရင်းနှီးနေတဲ့အသံတစ်သံက သူတို့နောက်ကထွက်လာတယ်။
တံခါးအပြင် ခြေတစ်လှမ်းရောက်နေပြီဖြစ်တဲ့ ကူယွဲ့က ချက်ချင်းပြန်လှည့်လာပြီး မျက်နှာအမူအရာက မည်းမှောင်နေတယ်။ သူက ထိုင်ခုံပေါ်ပျင်းတိပျင်းရွဲ လှဲနေသေးတဲ့လူကိုဆွဲခေါ်ပြီး ပြောလိုက်တယ်။
“မင်းလည်း ငါတို့နဲ့လိုက်ခဲ့”
“ဒါပေမဲ့ ဆရာက…”
“မင်းရောပဲ” သူက ကျောက်ပုစွန်အစပ် ပန်းကန်ကို ကိုင်ထားတဲ့လူကို လှည့်ပြောလိုက်တယ်။
ယိချင်း ။ ။ “…” ဒါပေမဲ့ ဆရာက သူ့အဆာပြေတောင် မစားရသေးဘူးမလား။
ရှန်းရင် ။ ။ “…” သေစမ်း၊ ငါဘာမှမပြောလိုက်သင့်မှန်း သိသားပဲ။
ငမည်းလေး ။ ။ “…” ဒီဧကရာဇ်ငယ်ကူယွဲ့က ကြီးမြတ်တဲ့နတ်သမီးထက် ပိုသန်မာပုံပေါ်တယ်၊ နောက်ထပ်မှီခိုစရာ ကျောထောက်နောက်ခံပဲ
(⊙ o ⊙)
——————
သုံးရက်အကြာ၊ နတ်ဆိုးဘုံ ပျော်ရွှင်ဖွယ်သံစဉ်တောင်ကြားအနီး။
ပျော်ရွှင်ဖွယ်သံစဉ်တောင်ကြားနာမည်က ကျဉ်းမြောင်းတဲ့လျှိုမြောင်တွေ အများကြီးရှိပြီး တစ်ခုက အဆုံးမဲ့လို့ပဲ။ တကယ်လို့ လူတစ်ယောက်က အဲလျှိုရဲ့အဆုဲးထိပျံသန်းသွားဖို့ဆို လေးနာရီခြောက်နာရီလောက် ကြာလိမ့်မယ်။ ပြီးတော့ တောင်ကြားထဲ လေပြင်းတွေရှိတယ်။ လေတိုက်တိုင်း တောင်ကြားတစ်ခုလုံးက သံစဉ်အမျိုးမျိုး ထွက်လာပြီး တောင်ကြားတစ်ခုလုံး သံစဉ်တစ်မျိုးက ပဲ့တင်ထပ်နေတာကြောင့် ပျော်ရွှယ်ဖွယ်တောင်ကြားဆိုတဲ့နာမည်ကိုရခဲ့တာပဲ။
ဒါက နတ်ဆိုးလောကရဲ့အစွန်အဖျားပဲ။ တကယ်လို့ သူတို့ အရှေ့ဘက်ခြမ်းဆီ ဆက်သွားရင် အနိစ္စမြေပြင်ဆီ ရောက်လိမ့်မယ်။ ဒီနေရာက နတ်ဆိုးချီတွေ ပေါကြွယ်ဝပြီး ဘာမှမပေါက်တဲ့နေရာဖြစ်ကာ ဒီနဲ့မိုင်ထောင်ချီအတွင်း ဘယ်သူမှမနေဘူး။ ဒီတစ်လျှောက်လုံးမှာ နတ်ဆိုးတစ်ယောက် ခြေချတယ်ဆိုတာ ရှားတယ်။ နတ်ဆိုးဘုရင်က အရင်နတ်ဆိုးဘုရင်ကျန့်ထင်ရဲ့ နတ်ဆိုးဝိညာဉ်ကို ဖျက်ဆီးပြီး သေပြီလို့မထင်ခင် အနက်ရှိုင်းဆုံးလျှိုမြှောင်ထဲ ထိုးသွင်းခဲ့တာ။
ဒါပေမဲ့ ကြည့်ရတာတော့…။
“ဒါ… မင်းပြောတဲ့ လူမနေဘူးဆိုတာလား”
ကူယွဲ့နှုတ်ခမ်းတွန့်ချိုးသွားပြီး ဝူတိနန်းတော်ထက်တောင် ကြီးတဲ့ နတ်ဆိုးမြို့ကို လက်ညှိုးထိုးလိုက်တယ်။
ငါ့ခြေထောက်ကို လူမနေတာ တောင်ကြားရဲ့အောက်ခြေမှာသောက်ကျိုးနည်း နတ်ဆိုးမြို့ရှိနေတာလေ ဒီပုဂ္ဂိုလ်တွေအားလုံးက အမတဖြစ်နိုင်လား။ သောက်ကျိုးနည်း ဟင့်အင်းပေါ့။
နတ်ဆိုးဘုရင်လည်း ဇဝေဇဝါဖြစ်သွားတယ်။ သူလည်း တောင်ကြားအောက်ခြေမှာ ဒီလိုနတ်ဆိုးမြို့ကြီး ရှိနေခဲ့တာမသိဘူး
“ကျွန်တော်… ကျွန်တော်လည်း ဘာဖြစ်နေမှန်းမသိဘူး” နတ်ဆိုးဘုရင် မှင်တက်နေတဲ့ အမူအရာနဲ့ သူ့ရှေ့ကနတ်ဆိုးမြို့ကို ကြည့်နေမိတယ်။ သူ့ခြေထောက်တွေ ပျော့ခွေပြီး အသည်းအသန် ရှန်းရင်ခြေထောက်ကို ဖက်တော့တယ်။
“ကြီးမြတ်တဲ့နတ်သမီး ကျွန်တော့်ကိုနားထောင်ပါ၊ တကယ်သာသိခဲ့ရင် ဒီနေရာကို ခေါ်လာခဲ့မှာ မဟုတ်ပါဘူး”
“တော်လောက်ပြီ” ကူယွဲ့ သက်ပြင်းချလိုက်တယ်။ ဒီအသုံးမဝင်တဲ့သူကိုကြည့်ပြီး ချွဲပြီးတော့များ နတ်ဆိုးဘုရင် ဖြစ်လာလားပဲ။
“မြို့ထဲဝင်ကြည့်ကြရအောင်၊ ကျန့်ထင်ဆိုတဲ့လူက မြို့ထဲမှာဖြစ်နိုင်ခြေများတယ်”
“ခဏစောင့်ပါဦး” သူတို့မြို့ထဲဝင်တော့မှာကိုမြင်တော့ နတ်ဆိုးဘုရင်က ပျာပျာသလဲ အဆောင်နက်တချို့ထုတ်လာတယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ဒါက ကျွန်တော်ပြင်ဆင်ထားတဲ့ နတ်ဆိုးစုဝေးအဆောင်ပါ၊ ခန္ဓာကိုယ်ပေါ် ပတ်ဝန်းကျင်က နတ်ဆိုးချီတွေ စုဆောင်းနိုင်ပါတယ်၊ အဲလိုဆိုတခြားသူတွေက ခင်ဗျားတို့ရဲ့ခန္ဓာကိုယ်ပေါ်က မသေမျိုးချီတွေကို မြင်ရတော့မှာမဟုတ်ဘူး”
တကယ်လို့ အမတတစ်ယောက်က နတ်ဆိုးမြို့ထဲဝင်သွားရင် မီးထွန်းထားတဲ့မီးအိမ်လိုမျိုး ဘယ်နတ်ဆိုးမဆို သူတို့ကိုတစ်ချက်တည်းနဲ့မြင်နိုင်လိမ့်မယ်။ တကယ်လို့ကျန့်ထင်သာ မြို့ထဲ တကယ်ရှိနေရင် သတိပေးလိုက်သလိုဖြစ်သွားမှာ။
“ကောင်းပြီ ကျေးဇူးပါ” သုံးယောက်သား အဆောင်ကို လက်ခံပြီး ကူယွဲ့ ချက်ချင်း သူ့ကိုယ်ပေါ်ကပ်လိုက်တယ်။ ထင်ထားတဲ့အတိုင်းပဲ သိပ်မကြာခင် သူက နတ်ဆိုးဘုရင်လိုမျိုး ခန္ဓာကိုယ်မှာ အနက်ရောင်နတ်ဆိုးချီတွေ ဝိုင်းရံတာခံလိုက်ရလေတယ်။
ရှန်းရင် သိချင်စိတ်နဲ့ သူတို့နှစ်ယောက်လို လိုက်တုပပြီး သူမရင်ဘတ်ပေါ် အဆောင်ကို ရိုက်ကပ်လိုက်တယ်။ တစ်ခဏနေတော့ အမည်းရောင်ချီမျှင်တန်းတွေက တစ်စုံတစ်ရာ ဆွဲဆောင်တာ ခံလိုက်ရသလိုမျိုး သူမနားစုဝေးလာကြတယ်။ ထူးဆန်းတာက နတ်ဆိုးချီတွေက ကူယွဲ့နဲ့ ယိချင်းကိုလိုမျိုး သူမနား တင်းတင်းကြပ်ကြပ် ကပ်တာမဟုတ်ဘဲ တစ်စုံတစ်ရာကို ကြောက်နေသလိုမျိုး သူမနဲ့ တစ်မီတာအဝေးမှာရပ်သွားကြတယ်။ သူတို့က ရှေ့ဆက်တက်မလာဘဲ သူမနား တစ်မီတာပတ်လည်မှာဆက်လှုပ်ရှားနေတယ်။ သိပ်မကြာခင်ပဲ သူမကို တစ်မီတာရှည်တဲ့ ကြက်ဥနက်အဖြစ် ဝိုင်းပတ်ခံလိုက်ရတော့တယ်
“ပြီးပြီ” ရှန်းရင် ခေါင်းတညိတ်ညိတ်။
“ငါ့ခြေထောက်ကိုပြီး” ကူယွဲ့ နှုတ်ခမ်းတွေ တွန့်ချိုးသွားတယ်။ သူမ နတ်ဆိုးချီ မရှိချိန်တုန်းကထက်တောင် ပိုထင်သာနေတယ်။
“မင်းကန်းနေလား၊ ဒီပုံစံက ဘယ်နည်းနဲ့များ ပြီးတဲ့ပုံပေါ်လဲ”
“ဟိုက်ယား၊ အလုပ်ရှုပ်လိုက်တာ” ရှန်းရင် သက်ပြင်းချလိုက်တယ်။
“ငမည်းလေး ငါ့ကို နောက်တစ်ခုပေးပါလား”
“ကောင်းပါပြီ” နတ်ဆိုးဘုရင်က ချက်ချင်း သူမကိုနောက်ထပ်အဆောင်တစ်ခု ကမ်းပေးလေတယ်။
ရှန်းရင်က တုံ့ဆိုင်းမှုမရှိ သူမရင်ဘတ်ပေါ် ကပ်လိုက်တယ်။ နောက်တော့… ကြက်ဥက ပိုတောင် ကြီးလာသေးတယ်
ယိချင်း ။ ။ “…”
ကူယွဲ့ ။ ။ “…”
ငမည်းလေး ။ ။ “…”
သောက်ကျိုးနည်း။ ဘာလို့နတ်ဆိုးချီကပါ ရှန်းရင်နားမကပ်ရဲတာတုံး။ နတ်ဆိုးလောကက ဖြစ်တည်မှုတွေအားလုံး အဲလောက်တောင် ကြောက်တတ်ကြတာလား။
ကူယွဲ့ အသက်ပြင်းပြင်းရှူပြီးတဲ့နောက် ရှန်းရင်ဆီ လျှောက်လာကာ သူမရင်ဘတ်ပေါ်က အဆောင်နှစ်ခုကို ဆွဲဖြဲလိုက်တယ်။ နတ်ဆိုးချီကချက်ချင်းပဲ ပျောက်သွားတယ်။
“မင်း မလိုဘူး” သူမရဲ့တည်ရှိမှုပုံစံအရဆို ဘယ်လိုပဲဖြစ်ဖြစ် လူတွေ သတိထားမိဖို့က ခက်မှာပဲ။
“အိုး”
“ပြီးတော့လည်း ငါတို့မြို့ထဲဝင်ပြီးရင် နားဖို့နေရာရှာမယ်၊ မင်းနဲ့စားဖိုမှူးက အဲမှာနေပြီး ငါတို့ပြန်လာမှာကိုစောင့်၊ နားလည်လား”
“အိုး နင်တို့ဘာလုပ်မှာလဲ”
“တခြားဘာလုပ်ရမှာလဲ” ဒေါသက ကူယွဲ့ရင်ထဲ ရုတ်တရက် ပေါက်ကွဲတတ်လာတယ်။
“ငါတို့ အရင်နတ်ဆိုးဘုရင် ကျန့်ထင် ဘယ်နေရာမှာရှိလဲရှာဖို့လာတာမဟုတ်လား၊ သေချာပေါက် လိုက်မေးဖို့ပေါ့”
“အော် အသုံးဝင်ပါ့မလား”
“အသုံးမဝင်ရင်တောင် ကြိုးစားကြည့်ရမှာပေါ့ ကျန့်ထင်က ကောင်းကင်ကနေ မင်းပေါင်ပေါ် ဒီတိုင်းကျလာမဲ့မေတ္တာလက်ဆောင်လို့ ထင်နေ…”
ဘုန်း…။
သူ စကားတောင်မဆုံးခင် ကောင်းကင်နေ ပုဂ္ဂိုလိတစ်ဦးပြုတ်ကျလာပြီး သူတို့ရှေ့ ကျဆင်းကာ ချက်ချင်း တစ်မီတာနက်တဲ့ လူပုံစံတွင်းကြီး ဖြစ်သွားလေတယ်။ အမည်းရောင်ဝတ်ရုံနဲ့လူက တွင်းထဲလူးလှိမ့်နေပြီး လှည့်လာချိန်မှာတော့ ချောမောတဲ့မျက်နှာကို မြင်လိုက်ရတယ်။
“ကျန့်ထင်” ငမည်းလေးက အံ့ဩတကြီး ရေရွတ်တော့တယ်။
အိုး န
တ်ဆိုးဘုရင်က တကယ်ပဲကောင်းကင်ကနေ ကျလာတာပဲ။
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
…