အခန်း ၂၀၅ ။ ရုပ်ရည်က အရေးကြီး
သူမက ပါးဖောင်းဖောင်း၊ ချယ်ရီရောင်နှုတ်ခမ်းပါးပါးရှိပြီး အသားကဖြူတယ်။ သူတို့ကို မျက်လုံးပြူးကြည့်နေပြီး သူမရဲ့နဖူးပေါ် ဆံမျှင်နှစ်ချောင်းက ဝေ့ဝဲကျနေလေရဲ့။ သူမက ချီချန်းယွီလို လှတာမျိုး၊ ယင်းကျီလို ဆွဲဆောင်မှုရှိတာမဟုတ်ပေမဲ့ မထင်မှတ်ထားလောက်အောင်… ချစ်ဖို့ကောင်းနေတာ အရမ်းကို ချစ်ဖို့ကောင်းတယ် ထူးထူးကဲကဲကို ချစ်ဖို့ကောင်းတာပဲ။
╰(*°▽°*)╯
ကူယွဲ့ ရဲ့ နှလုံးသား ဒုက္ခရောက်သွားသလိုပဲ။ သူရုတ်တရက် အသက်ရှူမရတော့။
ဟိုလီရှစ် သူ ဘာလို့ တစ်ခါမှ ရှန်းရင်က တကယ်တော့ အရမ်း… ဆွဲဆောင်မှုရှိတာ မသိခဲ့ရတာလဲ။ သူမကို သူ မွေးစားသမီးအနေနဲ့ မွေးစားချင်စိတ်တောင် ပေါ်လာသလိုပဲ။
ლ(°△°ლ)
“ဘာဖြစ်တာလဲ” သူ ရုတ်တရက် တစ်ဖက်လှည့်ပြီး ရင်ဘတ်ကိုဆုပ်ကိုင်ကာ အသက်ပြင်းပြင်းရှူနေရတဲ့အတွက် လူတိုင်းက ကူယွဲ့ကို သိချင်စိတ်နဲ့ကြည့်လိုက်ကြတယ်။
ယိချင်းက စိုးရိမ်တကြီးနဲ့ ရှေ့ကိုတက်လာပြီး ရှန်းရင်ကို သေချာကြည့်ဖို့သူ့အနားဆွဲခေါ်လိုက်တယ်။
“ဆရာ မျက်နှာဘာဖြစ်…”
သူက ပြောနေရင်း တန့်သွားပြီး အူကြောင်ကြောင်အမူအရာ မျက်နှာပေါ် ပေါ်လာတယ်။ သူ့ပုံမှန်မာကြောတဲ့မျက်နှာက နီစွေးစွေး ဖြစ်လာပြီး နှလုံးသားက တဒုတ်ဒုတ် စခုန်လာတယ်။
ဆရာက တကယ်တော့… အဲလောက်ဆွဲဆောင်မှုရှိတာ သူဘယ်တုန်းကမှ သတိမထားမိခဲ့ဘူး။
(⊙_⊙)
“ဟေး မင်းတို့နှစ်ယောက်လုံး ဘာဖြစ်တာလဲ” နှစ်ယောက်ရဲ့ အူကြောင်ကြောင်အမူအရာကိုမြင်ပြီး လူတိုင်းက ရှန်းရင်မျက်နှာ တစ်ခုခု ဖြစ်နေတယ်လို့ တွေးမိသွားကြတယ်။ သူတို့က အပြေးလာပြီး သူမမျက်နှာကို အနီးကပ် စူးစမ်းကြတော့တယ်။
ချန်ကော ။ ။ “ဂိုဏ်းချုပ်ရှန်း ခင်ဗျား…”
လန်ဟွား ။ ။ “စိတ်နှလုံးကောင်း၊ မင်းမဟုတ်… ဟိုလီရှစ်”
ယင်းကျီ ။ ။ “ရောင်းရင်းအမတတို့ ဘာကိစ္စ… အရမ်း အရမ်းချစ်ဖို့ကောင်းတာပဲ”
မုန်လာဥဖြူ ။ ။ “သွားကြစမ်း မင်းတို့အားလုံး သူ့ကိုမကြည့်နဲ့ကြတော့၊ မမလေးက တို့အပိုင်”
လန်ယွီ ။ ။ “ညီမလေး မင်းအသက်က ဘယ်လောက်လဲ၊ မင်းမှာ တာအိုလက်တွဲဖော်ရှိလား၊ မင်း အဇဋာဧကရာဇ်တွေကို သဘောကျလား၊ ငယ်တဲ့ပုံစံကိုလေ”
“ထွက်သွားစမ်း” × ၄ယောက်။
ယိချင်းက လန်ယွီ့ကို ချက်ချင်းကန်ထုတ်ပြီး ဓားကိုဆွဲထုတ်လိုက်တော့တယ်
ရှန်းရင် ။ ။ “…” ဒီအူကြောင်ကြောင်တစ်သိုက်၊ မုန်လာဥက လွဲပြီး နင်တို့ဘယ်သူကမှ ငါဘယ်လိုပုံစံလဲဆိုတာ သတိမထားမိဖူးဘူးလို့ မပြောနဲ့နော်။
တိမ်ပင်လယ် ဖန်သားနန်းတော်။
ခပ်ပုပုလူလေးတစ်ယောက်က ရွှေရောင်အင်းကွက်ထဲ ဆောင့်ကြောင့်ထိုင်နေတယ်။ သူက မြေကြီးကို လက်ထဲက တစ်ခုခုနဲ့ထုရိုက်နေလေရဲ့။ ထုချက်တိုင်းမှာ အင်းကွက်ထဲကနေ ရွှေရောင်အမှုန်တွေ ထွက်လာပြီး မြေကြီးပေါ်က အဆောင်ကလည်း တဖြည်းဖြည်းမည်းလာတယ်။
သူက မြေကြီးကို ထုရိုက်နေရင်း ပါးစပ်ကလည်း ပွစိပွစိရွတ်နေတယ်။
“ဟမ့် အဲလူလိမ် ဒီအင်းကွက်စုတ်က ငါ့ကို ထိန်းထားနိုင်မယ်ထင်နေတယ်ပေါ့၊ ဘယ်သူမှ ငါမမလှလှတွေ ရှာမှာကို တားလို့မရဘူး”
ရှန်းရင်က သူ့ဘေးစောင့်ကြောင့်ထိုင်ချပြီး လက်ထဲက ပစ္စည်းကို လှမ်းကြည့်မေးလိုက်တယ်။
“နင့်လက်ထဲက ဒါဘာပစ္စည်းလဲ”
“သွားလေ” ကလေးက တုံ့ဆိုင်းမှုမရှိပြန်ဖြေလာတယ်။
“ဘယ်လိုသွားလဲ” ကြည့်ရတာ တုတ်ချောင်းနဲ့တူနေတယ်။
“သေချာပေါက် ငါ့သွားပေါ့” ကလေးကဆက်ပြောတယ်။
“အသက် ၄၅၀၀နှစ်လောက်တုန်းက ကျိုးသွားခဲ့တဲ့သွားပေါ့၊ အဲထဲကခုထိ သွားက ပြန်မပေါက်သေးဘူး”
သူက ရုတ်တရက် ပါးစပ်ဟပြီး သူ့သွားကြားထဲက အပေါက်ကို ပြတယ်။
“ငါ့သွားက တိမ်ပင်လယ်မှာ အမာဆုံးအရာပဲ” သူက ကြွားလိုက်သေးတယ်။
“အော်…” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
“အဲလောက်မာမှတော့ နင့်သွားနဲ့ဘာလို့ မဖောက်ကြည့်တာလဲ”
ကလေးက စဉ်းစားနေဟန် ရပ်သွားပြီး သူမအတွေးအခေါ်ကို ယုံကြည်သွားပုံပဲ။ သူက မြေကြီးပေါ် လှဲချပြီး အင်းကွက်ပေါ် ကိုက်ချလိုက်တယ်။
အဲလိုနဲ့ အဆုံးမှာတော့…
သူ့သွား အက်သွားပါလေရော။
“မင်း ငါ့ကိုလိမ်တယ်” သူက သူမကို ဒေါသတကြီးစိုက်ကြည့်ပြီး အက်သွားတဲ့သွားကို ပွတ်နေရှာတယ်။
“အင်းကွက်ကို ကိုက်တာ နာတယ်”
ရှန်းရင်က စိတ်ရင်းအတိုင်းပြောလိုက်တယ်။
“လုံးဝကျိုးသွားရင် မနာတော့ပါဘူး”
“မင်း… မင်း… ဟမ့် မင်းငါ့ကိုဒေါသထွက်အောင်လုပ်တယ်၊ ငါ မင်းနဲ့ စကားဆက်မပြောတော့ဘူး”
ကလေးက ဒေါသတကြီးနှာမှုတ်ပြီး လက်ထဲက သွားကြီးနဲ့ အင်းကွက်ကို ဆက်ထုနေတယ်။
နှစ်ချက်ရိုက်ပြီးနောက်မှာတော့ သူ့ခန္ဓာကိုယ်တောင့်သွားခဲ့တယ်။ ရှန်းရင် တည်ရှိနေမှုက နောက်ဆုံးတော့ သူ့ဦးနှောက်ထဲ ဝင်လာခဲ့တယ်။ သူက သူမကို မှင်တက်စွာနဲ့ လှည့်ကြည့်တော့တယ်။
“မင်း… မင်းက ဘယ်သူလဲ” သူက ထိတ်လန့်တကြား မြေကြီးပေါ်လဲကျသွားတယ်။
“မင်း ဘယ်ချိန်ကဝင်လာတာလဲ”
“အော် နင် မမလှလှတွေကို ရှာချင်တယ်လို့ ပြောနေချိန်မှာတင် ငါဝင်လာတာ”
ရှက်ရွံ့မှုကြောင့် ဖြူဖျော့သွားပြီး ကလေးက စိန်းစိန်းဝါးဝါးကြည့်တော့တယ်။
“ငါသတိပေးနေတယ်နော်၊ အင်းကွက်ဖျက်တာကို တားဖို့မကြိုးစားနဲ့၊ မဟုတ်ရင်… မင်းကိုဝါးမျိုပစ်မှာ” နောက်တော့ သူ တမင်သက်သက် ပါးစပ်ဟကာ သွားတွေကို ပြပါလေရော။
“နင်အင်းကွက်ဖောက်တာကို ငါက ဘာလို့တားရမှာလဲ” သူမက သူ တိမ်ပင်လယ်ကနေ ထွက်မသွားဖို့ကို ဖျောင်းဖျဖို့ပဲ ရောက်လာတာလေ။
“ဟမ်” ကလေးက သူမကိုသံသယနဲ့ကြည့်တယ်။
“မတားဘူးလား၊ မင်းက ဘာလို့ဒီကိုရောက်နေတာလဲ” နောက်တော့ အတွေးတစ်ခုပေါ်လာပြီး စွပ်စွပ်စွဲစွဲဆိုတော့တယ်။
“အဲလူလိမ် မင်းကိုလွှတ်လိုက်တာလား၊ ဟမ့် ငါး တိမ်ပင်လယ်က အမျိုးသမီးအမတတိုင်းကို မြင်ပြီးပြီ၊ တစ်ယောက်မှ ငါ့အကြိုက်မဟုတ်ဘူး မင်းလဲ…”
သူက ရုတ်တရက် ရပ်သွားပြီး ရှန်းရင်ကို စိတ်ဝင်တစား ကြည့်တော့တယ်။ သူတစ်ခါမှ ဒီမိန်းမပျိုကို မမြင်ဖူးဘူး။ သူမက အတော်လေး လှသား တကယ်လို့ သူမသာဆိုရင်…။
သူ့မျက်နှာ နီစွေးသွားပြီး အတွေးတစ်ခု ပေါ်လာတယ်။
“အဟမ်း… ငါလိုက်နာမယ်၊ ဒါပေမဲ့ မင်းက ငါ့မမလှလှဖြစ်လာပေးမှ”
“အော်” အဲဒါပဲလား။ ကြည့်ရတာ အလှစွဲလမ်းမှုရှိတဲ့ပုံပဲ။
“ဒါဆို…”
ကလေးက ရုတ်တရက် သူမဆီပြေးလာပြီး သူမလက်ကိုဆွဲကိုင်လာတယ်။
“ငါမင်းကို အခုစားတော့မယ်” သူက ချွန်ထက်တဲ့သွားတွေအပြည့်နဲ့ ပါးစပ်ကိုဟပြီး သူမလက်ကောက်ဝတ်ကို ကိုက်ချလိုက်တယ်။
နောက်တော့…။
ဂျွတ် သူ့သွားတစ်ချောင်းက ကျိုးသွားပြီး ပါးစပ်ကနေထွက်ကျလာတယ်။
“အို့ အို့ အို့” သူ့သွေးထွက်နေတဲ့ပါးစပ်ကို ဖိပြီး ညည်းတော့တယ်။ ဒီမမလေးက တကယ်ကို မာတာပဲ။
“ဘာလို့ ငါ့ကိုကိုက်တာလဲဟ” ရှန်းရင်က ကလေးရဲ့အပြုအမူကြောင့် စိုးထိတ်သွားတယ်။
သူက မကျေမချမ်းအကြည့်နဲ့ ပြန်ဖြေတယ်။
“မိစ္ဆာအမတတွေက မမလှလှတွေကို ဝါးမျိုဖို့ ငါ့ကိုပြောခဲ့တာလေ”
သောက်ကျိုးနည်းဟေ့။ သူ့ခေါင်းထဲ ဒီလို ညစ်ညမ်းတဲ့အတွေးတွေ ဘယ်သူများထည့်ပေးခဲ့တာလဲ။
“သူတို့ဆိုလိုတာ အဲလိုမဟုတ်ဘူးဟ”
“ဂရုမစိုက်ဘူး” တိမ်သားရဲလေးက ပါးစပ်က သွေးကိုသုတ်ပြီး နဂိုအသွင်ဆီပြောင်းသွားခဲ့တယ် – ကြီးလွန်းလို့ နေကိုတောင် ကာသွားတဲ့ ငါးကြီးတစ်ကောင်။
ကြီးလိုက်တဲ့… ငါး
“ငါ့အကြိုက်နဲ့ ကွက်တိတွေ့တဲ့ မိန်းကလေးကို ရှာဖို့ အရမ်းကိုကြာခဲ့တာ” သူက မောက်မာတဲ့လေသံနဲ့ ပြောလာတယ်။
“မင်းက ငါ့အကြိုက်နဲ့ယှဉ်ရင် နည်းနည်းပုလွန်းပြီး ပိန်ပါးကြမ်းတမ်းပေမဲ့ ငါမင်းကို စားချင်နေတုန်းပဲ”
“…” ကျေးဇူးအများကြီးတင်ပါတယ်
“ပြီးတော့… အရေးကြီးဆုံးက မင်းရင်သားတွေက သေးလွန်းတယ်၊ ငါကကြီးတာတွေပဲကြိုက်တာ၊ မင်းဟာတွေက ပြားလွန်းတယ်”
ရှန်းရင်နှုတ်ခမ်းတွေ တွန့်ချိုးသွားတယ်။ ပြားတယ်လား
“ယင်းကျီထက်တောင် ပြားသေးတယ်”
“…”
သူ့စကားလုံးတွေက ရှန်းရင်ခေါင်းထဲ ပဲ့တင်ထပ်သွားခဲ့တယ်။ ယင်းကျီထက်တောင် ပြားတယ်… ယင်းကျီထက်တောင် ပြားတယ်။
“ဒါပေမဲ့ မင်းငါ့အစာအိမ်ထဲရောက်တာနဲ့ မင်းကို မမြင်ရတော့တာမို့ ကိစ္စမရှိဘူးလို့ထင်တာပဲ” အဲလိုနဲ့ သူက ပါးစပ်ဟလိုက်တယ်။ ချက်ချင်း ပတ်ပတ်လည်က ပင်လယ်ရေတွေက သူ့ပါးစပ်ထဲ ရေဝဲဂယက်ကြီးအဖြစ် ဖြစ်ပေါ်သွားခဲ့ပြီး ဘေးပတ်လည်က အရာအားလုံးကို သူ့ပါးစပ်ထဲ စုပ်ယူတော့တယ်။
ရှန်းရင် ဝါးမျိုခံရတော့မဲ့ပုံပေါက်နေတဲ့ဆဲဆဲမှာတင် သူမက သူ့ဘလိတ်ဓားလို ချွန်တဲ့သွားတစ်ချောင်းကို ဆုပ်ကိုင်လိုက်တယ်။
“တိမ်သားရဲလေး…” သူမက ပြုံးပြီး အန္တရာယ်ပြုမဲ့ပုံစံနဲ့ ပြောလိုက်တယ်။
“အမှိုက်သရိုက်စကားတွေ ပြောတဲ့ တိရစ္ဆာန်လေးတွေက… ဝါးမျိုခံရမယ်ဆိုတာ နင့်ကို ဘယ်သူမှ မပြောပြခဲ့ဘူးလား”
တကယ့်ကို အမှန်ပဲ၊ ကလေးတွေက… စိတ်ရှုပ်စရာအကောင်းဆုံး။
တိမ်သားရဲက သူ့ဆီ လှိုင်းလိုမျိုး ကြောက်ခမန်းလိလိ အရှိန်အဝါတစ်မျိုး ပြေးဝင်လာတာကို ခံစားလိုက်ရတယ်။ နောက်တော့ သူ့ခေါင်းကို တစ်ခုခုထိမှန်လာတယ်။ ဘန်း သူမသိလိုက်ခင်မှာတင် သူ့ခေါင်းက ပင်လယ်ကြမ်းပြင်ကို ရိုက်မှန်သွားတော့တယ်။
သူ့ကမ္ဘာကြီးက ပိန်းပိန်းပိတ်အောင် မှောင်မည်းသွားတယ်။ လူတစ်ယောက်ရဲ့ဒေါသတကြီးအသံက ပင်လယ်ကြမ်းပြင်တစ်လျှောက် ပဲ့တင်ထပ်နေလေရဲ့။
“နင်ကမှ ရင်ပြားနဲ့လူ လျှောက်လမ်းလိုပြားနေတာ၊ ဖက်ထုပ်လို သေးနေတာ”
“…” သူ ဒီဥပမာတွေကို သုံးမိခဲ့လို့လား။
ဒီလိုနဲ့ တစ်နာရီအကြာမှာတော့။
“နင်ငါ့ကို စားချင်သေးလား”
“အို့…. ဟင့်အင်း”
“နင် တိမ်ပင်လယ်ကနေ ထွက်သွားချင်သေးလား”
“ဟင့်အင်း ဟင့်အင်း ဘယ်တော့မှပဲ”
“နင်ငါ့ကို ပြောခဲ့တာနဲ့ ပတ်သက်ပြီး…”
“ခင်ဗျားရင်သားက အကြီးဆုံးပါ၊ ကြီးလွန်းလို့ မျက်နှာတောင် မမြင်ရတော့ပါဘူး”
“…”
…