အခန်း ၂၆၄ ။ စားဖိုမှူးက နှေးကွေးလွန်း
“ဟိုလီရှစ် စားဖိုမှူး မင်းဘာလုပ်နေတာလဲ” ကူယွဲ့က မြန်မြန်တုံ့ပြန်ပြီး ယိချင်းကို ပြန်ဆွဲထားလိုက်ရတယ်။
“လမ်းကနေဖယ် ဆရာ့ကို စရဲတဲ့အဲခွေးလေးကို သတ်ပစ်မယ်”
ယိချင်းရဲ့ သတ်ဖြတ်လိုတဲ့အငွေ့အသက်က ကြောက်ခမန်းလိလိ။ တကယ်လို့ ကူယွဲ့သာ မပြင်ဆင်ထားရင် သူက ယိချင်း တွန်းထုတ်တာကို အလွယ်တကူခံလိုက်ရမှာ။
“ဘာလို့အလျင်လိုနေရတာလဲ၊ သူ့ကို အရင်စကားဆုံးအောင် ပြောခိုင်းပါဦး” ကူယွဲ့က ယိချင်းကို ထိုင်ခုံပေါ်ထိန်းထားဖို့ မှော်အတတ်သုံးလိုက်ရတယ်။ သူ ဒီအရှုပ်အထွေးတွေအတွက် တာဝန်ရှိပြီး လောလောဆယ် စားပွဲမှာ အသီးထိုင်စားနေတဲ့ တစ်ယောက်သောသူကို ဒေါသတကြီး လှည့်ကြည့်လိုက်တယ်။
“ပြီးတော့ ဘာဆက်ဖြစ်လဲ၊ မင်းပိုင်ဇယ့်ကို အင်းလို့ ပြောလိုက်လား”
“မပြောခဲ့ဘူး” ရှန်းရင် ခေါင်းယမ်းလိုက်တယ်။
ကူယွဲ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။ ယိချင်း နောက်ဆုံးတော့ စိတ်အေးသွားခဲ့ပြီ။
“သူ့ကို ငြင်းလိုက်လား”
“မငြင်းခဲ့ဘူး”
“…”
သောက်ကျိုးနည်းဟ။
ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။
“မင်း ဘယ်တုန်းက သူများတွေကိုစဖို့ သောက်ကျိုးနည်း သင်ယူလိုက်တာလဲ၊ ဘယ်လိုလုပ် ဒီလိုမျိုးဆယ်ကျော်သက်မိန်းကလေးတွေလှည့်ကွက်မျိုး သုံးနိုင်ရတာတုံး”
သူ သူမကို ခပ်ညစ်ညစ်ကြည့်လိုက်တယ်။
“ငါ ပြောချင်ပေမဲ့ သူက မေးခွန်းမေးပြီးတဲ့အချိန် မျက်နှာကိုအုပ်ပြီးထွက်ပြေးသွားတယ်လေ၊ ငါ့ကို အဲမှာ တစ်ယောက်တည်းထားခဲ့တာ” ရှန်းရင် ကူယွဲ့ကို အပြစ်ကင်းစွာကြည့်လိုက်တယ်။ ပိုင်ဇယ်က ယုန်တစ်ကောင်လို ပြေးသွားတာမြန်ချက်ပဲ – ပြီးတော့ ယုန်က အနီရောင်။
“ငါ သူ့ကို ရပ်ဆိုပြီး အော်ဖို့အခွင့်အရေးတောင် မရလိုက်ဘူး၊ ငါ အကြာကြီးလျှောက်သွားပြီးမှ နောက်ဆုံးတော့ ဒီနေရာဆီ အပြန်လမ်းကို ရှာတွေ့တာ” သူမ နေ့လယ်စာအတွက်တောင် အချိန်မီ ပြန်မရောက်ခဲ့ဘူး။
ကူယွဲ့ ။ ။ “…” ဒီတော့ ဒါက သူမ နေ့လယ်စာကျော်ပြီး ညစာအတွက်ပဲ ပြန်ရောက်လာရတဲ့အကြောင်းရင်းလား။ သူမက အပြန်လမ်းကိုရှာဖို့ အပြင်မှာလေးနာရီတောင် ကြာခဲ့တယ်တဲ့လား။
“စားဖိုမှူး ညစာ အဆင်သင့်ဖြစ်ပြီလား” ရှန်းရင်က ယိချင်းကိုကြည့်လိုက်တယ်။ သူမ အနောက်ဆောင်မှာ နေ့လယ်ခင်းတစ်ခုလုံး ပိတ်မိပြီး လုံးဝဗိုက်ဆာနေတာ။
“ဆရာ” အံ့ဩသင့်စရာကောင်းစွာပဲ စားဖိုမှူးက ချက်ချင်း မီးဖိုချောင်ဆီမပြေးဘူး။ အဲအစား သူက ရှန်းရင်ဘက် တင်းမာစွာ ပြောလိုက်တယ်။
“သူ့တောင်းဆိုချက်ကို သဘောတူလို့မဖြစ်ဘူးနော်၊ ဆရာက သန့်စင်ပြီး သူ့မှာ ဘာရည်ရွယ်ချက်တွေ ဖုံးကွယ်ထားမလဲမသိဘူး… ကောင်းကင်မျိုးနွယ်ရဲ့နှလုံးသားတွေက ကောက်ကျစ်တယ် – ပိုင်ဇယ်လှည့်စားတာ မခံပါနဲ့၊ သူက အခု ကျွန်တော်တို့ကို ကူညီနေပေမဲ့လည်း ဆရာက အရင်တုန်းက သူ ကောင်းကင်ဘုံ ပြန်ရောက်အောင် ကူပေးခဲ့သူလေ၊ ဒါ သူကျေးဇူးကျွေး ပြန်ဆပ်နေရုံပဲ”
“အာ…” သူမ လိုချင်တာ စားစရာလေးပါပဲ။
“ဆရာ၊ ကျွန်တော်တို့ ခုလေးတင်မှ ကောင်းကင်ဘုံဆီ ရောက်ပြီး ဒီကအရာအားလုံးကို သေချာနားမလည်သေးဘူးလေ၊ အရမ်းအယုံကြည်မလွယ်ပါနဲ့” သူစကားပြောလေ ယိချင်းက ပိုပြီး တည်တံ့လာလေပဲ။ သူက အရမ်းကို ပြင်းထန်လာတယ်။
“ပြီးတော့ ဆရာ သူ့ကို သိတာ မကြာသေးဘူးလေ၊ ဒါတောင် ဆရာ့ကို ချစ်ခွင့်ပန်ရဲတယ်၊ အဲဒါက ဒီလူ ဘယ်လောက်တောင်အပေါ်ယံဆန်လဲဆိုတာ ပြနေတာပဲ”
“ဒါပေမဲ့ ညစာ-”
“ဆရာဒီလူ့ကို သိတာ ဘယ်လောက်ကြာပြီမို့လို့လဲ၊ သူက သူ့အနာဂတ်ကို အရမ်း လွယ်လွယ်သတ်မှတ်နေတာပဲ၊ အရမ်းကို ရှုပ်ထွေးလွန်းတယ်၊ ပြီးတော့ သူက ကောင်းကင်မျိုးနွယ်လေ၊ မျိုးနွယ်မတူရင် မတွဲဘူးလို့ ဆရာမပြောခဲ့ဘူးလား”
“ညစာ-”
“ကျွန်တော် ကောင်းကင်လောကမှာ လူကောင်းတွေနဲ့ မကြုံရသေးဘူး၊ ကောင်းကင်မျိုးနွယ်တွေက ယုံလို့ရတာမှ မဟုတ်တာ၊ အဲဖုန့်စန်းနဲ့ လုံကျန်းကိုပဲကြည့်လေ၊ အထင်လွဲမှုလေးတစ်ခုကြောင့် နှစ်သောင်းချီ တစ်ယောက်နဲ့ တစ်ယောက် သံသယဝင်ခဲ့ကြတယ်၊ သူတို့တွေက နက်ရှိုင်းတဲ့ဆက်ဆံရေး ဖန်တီးဖို့ကို မကြိုက်တာသိသာနေတာပဲ”
ရှန်းရင် ။ ။ “…”
ကူယွဲ့ ။ ။ “…”
မင်းကိုယ်မင်း ဒီခြုံငုံသုံးသပ်ချက်ထဲ ထည့်မိနေပြီနော် – မင်းမိသားစု ဒါကိုတောင် သတိထားမိရဲ့လား။
“ပြီးတော့ ဆရာ့ကျင့်ကြံဆင့်က မြင့်လွန်းတယ်လေ၊ ပိုင်ဇယ့်လို သာမန်ကောင်းကင်မျိုးနွယ်က ဆရာ့အတွက် တွဲဖက်ဖြစ်မှာလဲ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒါကိုသဘောမတူဘူး ကျွန်တော် ခွေးကောင်လေးတချို့ကို ဆရာ့နားကပ်တာမျိုး ခွင့်ပြုမှာမဟုတ်ဘူး”
ယိချင်း မှုန်မှိုင်းစွာပြောရင်း သူ့ဓားနား လက်သီးတင်းတင်းဆုပ်ထားတယ်။ အပြင်ကို ပြေးထွက်ပြီး တစ်ယောက်ယောက်ကို အပိုင်းပိုင်းခုတ်ပစ်ချင်နေတဲ့အတိုင်းပဲ။
ရှန်းရင်က အချိန်အတော်ကြာ နားချနေသူကို အူကြောင်ကြောင် ပြန်စိုက်ကြည့်လိုက်တယ်။ သူမမျက်လုံးထဲ ရောထွေးနေတဲ့ခံစားချက်တွေ။
“ယိချင်း”
“ဆရာ”
“ဘာလို့ ငါ့ကို တခြားသူတွေနဲ့ မရင်းနှီးစေချင်ရတာလဲ”
“ဟမ်” ယိချင်းက အဖော်ခံလိုက်ရသလိုမျိုး တန့်သွားခဲ့တယ်။
“အိုး…” သူမမျက်လုံးမှေးလိုက်တယ်။
“ငါ တပည့်တွေ ထပ်လက်ခံချင်ရင်ရော”
“မဖြစ်ဘူး” ယိချင်းထုတ်ပြောမိသွားပြီး အမူအရာက ရုတ်တရက် ပြောင်းသွားတယ်။
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့… ဘာလို့လဲဆိုတော့…” သူ သဘောမကျလို့လေ။ ဒါပေမဲ့ တစ်နည်းနည်းနဲ့ သူ အဲဒါကို မပြောနိုင်ဘူး ဖြစ်နေတယ်။ သူ့တစ်ကိုယ်လုံးတောင့်တင်းသွားပြီး ရင်ဘတ်ထဲ သွေးပျက်မှုတွေ မြင့်တက်လာတယ်။ သူ တစ်ခုခုကို တမင်သက်သက် ချန်ထားပေမဲ့ တစ်ယောက်ယောက်က သူ့ဆီကနေ အတင်းအကြပ် အပြင်ကို တွန်းထုတ်နေသလိုပဲ။
ဘေးမှာ တစ်ချိန်လုံး ထိုင်ကြည့်နေတဲ့ကူယွဲ့ ခေါင်းခါပြီး သက်ပြင်းချလိုက်တယ်။ သူ မနေနိုင်ဘဲ အဲကြောင်တောင်တောင်ကောင်လေးကို ပခုံးပုတ်လိုက်တယ်။
“အဆင်ပြေပါတယ်၊ မင်း သူ့ကို တစ်နေ့လုံးရှာနေခဲ့တာ၊ ပြန်သွားပြီး အနားယူချေ၊ မစိုးရိမ်နဲ့ ဒီလောကထဲ ဘယ်သူမှ မင်းဆရာကို လှည့်စားလို့မရဘူး၊ သူ့အတွက် ဘာကောင်းလဲဆိုတာ သူသိတယ်”
ယိချင်းက ဖြည်းဖြည်းချင်း လှည့်လာပြီး ကူယွဲ့ကိုကျော်ကာ ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။ သူခန်းမထဲကနေ ငိုင်ကြောင်စွာ ပြေးထွက်ခဲ့ပြီး စောနက ပြောခဲ့တဲ့စကားဝိုင်းကနေ သတိပြန်မလည်လာနိုင်ဘူး။ တကယ်တော့ အဲအခိုက်အတန့်မှာ သူ့ပုံစံက လေလွင့်ခရီးသွားနဲ့ တူနေတယ်။
အဲတော့မှ ကူယွဲ့ စားပွဲပေါ် မှောက်နေတဲ့ တစ်ယောက်သောသူကို လှည့်ကြည့်လိုက်တယ်။
“မင်းက… အကြင်နာမဲ့လွန်းတာပဲ”
ရှန်းရင်က သူ့ကို ခေါင်းစခြေဆုံး ကြည့်လိုက်တယ်။
“တိတ်တိတ်နေတာက ကြင်နာရာကျမှာလား”
ကူယွဲ့က နှာမှုတ်လိုက်တယ်။ နောက်တော့ တစ်ခုခုကို သတိရသွားဟန် အမူအရာပြောင်းလဲသွားခဲ့တယ်။ ဟုတ်ပါတယ်လေ၊ အဲဒါက ပိုပြီးတောင် မကြင်နာရာကျမယ်။
“ဒါဆို မင်း ဘာအတိအကျစဉ်းစားနေတာလဲ”
“ငါအဲဒါကို စဉ်းစားဖို့တောင် ပျင်းလွန်းနေပြီ”
“မင်း… မင်းက တကယ့်ကို အရမ်းပျင်းတာပဲ” ခုဆိုသူမက ကွက်ပြီးပျင်းတတ်နေပြီ။
ရှန်းရင်လက်ထဲက ရေနွေးခွက်ကိုယမ်းပြီး ခပ်တိုးတိုးပြောလိုက်တယ်။
“အားလပ်ရက်အဲလောက်မြန်မြန်ကုန်သွားတာ ဘယ်သူ့အပြစ်လဲ”
“ဘာ”
“ဘာမှမဟုတ်ပါဘူး၊ ဖေဖေနျို တကယ်ပဲနင့်မှာ စားစရာမရှိဘူးလား၊ နင့်သမီး အရမ်းဗိုက်ဆာနေပြီလေ”
“သွားစမ်းပါ” ငါ့မှာမင်းလို ငပျင်းသမီး မရှိဘူး။
“…”
“မင်း ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ငါဒီကိစ္စကိုဝင်မပါဘူး၊ မင်းဘာသာဖြေရှင်းနိုင်တာပဲ” ကူယွဲ့က နှုတ်ခမ်းသပ်ပြီး ထပ်ဖြည့်ပြောလိုက်တယ်။
“ဒါပေမဲ့… ညင်ညင်သာသာလုပ်၊ မင်း သူ့ကို သိလာတာ အဲလောက်ကြာနေပြီပဲဟာ”
“… အင်းပါ”
နောက်တော့ ကူယွဲ့က သီးသန့်ခြားအင်းကွက်တစ်ခု ဖန်တီးလိုက်ပြီး တံခါးကိုပိတ်ကာ စားပွဲဆီ ပြန်လာခဲ့တယ်။
“ခုအရေးကြီးတဲ့ကိစ္စအကြောင်း ပြောရအောင် မင်း တစ်နေ့လုံး လေ့လာဖို့ထွက်သွားတာ၊ ဒါဆို အခြေအနေ ဘယ်လိုလဲ၊ မင်း တစ်ခုခုရှာတွေ့ခဲ့လား၊ မင်း သေချာစစ်ဆေးခဲ့ရဲ့လား”
ရှန်းရင်က သူ့ကိုပျင်းတိပျင်းရွဲကြည့်တယ်။
“အင်း ထင်တာပဲ”
“အဲဒါဘာအဓိပ်ပာယျလဲ”
သူမက ထထိုင်ပြီး စားပွဲပေါ် သိုလှောင်အိတ်အပြည့်ပစ်တင်လိုက်တယ်။
“ဒါ ဘာလဲ” ကူယွဲ့ တစ်ခုကောက်ယူပြီး ဖွင့်ကြည့်လိုက်တော့ ငါးကြီးတစ်ကောင်ရဲ့ အမြီးက ရုတ်တရက် အိတ်ထဲကနေ ဘန်းခနဲထွက်လာပြီး သူ့မျက်နှာဆီပျံသန်းလာတယ်။ ခန်းမတစ်ခုလုံးကို အက်ခိုးထပ်သွားစေတဲ့ ဖြန်းခနဲမြည်သံကျယ်ကြီး ပေါ်လာလေရဲ့။
ကူယွဲ့ ။ ။ “…”
ငါ့ဓားဘယ်မှာတုံး။
“အာ… အထဲမှာ တိရစ္ဆာန်လေးတွေ အများကြီးရှိတယ်၊ သတိထားနော်” ရှန်းရင် အလောတကြီ ထပ်ပြောလိုက်တယ်။
“သောက်ကျိုးနည်း၊ ငါ့ခုမှပြောတော့ဘာထူးမှာလဲ” ကူယွဲ့က သိုလှောင်အိတ်ကို ရှန်းရင်မျက်နှာဆီ ပြန်ပစ်ပေါက်လိုက်တယ်။
“မင်း တမင်သက်သက် လုပ်တာပဲမလား၊ အဲလိုပဲဖြစ်ရမယ်”
“မဖြုန်းပစ်နဲ့ ဖေဖေနျို” ရှန်းရင် သိုလှောင်အိတ်ကို ပြန်ဖမ်းပြီး ငါးအမြီးကို အထဲပြန်ထည့်လိုက်တယ်။ သူတို့တွေ ဟိုလျှောက်ပစ်ဒီလျှောက်ပစ်လို့ မပုပ်သိုးသေးရင် စားလို့ရသေးတယ်လေ။
“မင်း ဒါတွေအားလုံးကို ဘယ်ကဖမ်းလာတာလဲ” ကူယွဲ့ သူမကိုစိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။
“ဒါတွေက ကင်လို့ပဲရတဲ့ နတ်ဆိုးသားရဲတွေကြီးပဲ”
“တောင်ခြေအောက်ကကန်”
“တောင်ခြေ” ကူယွဲ့ထခုန်ပြီး အမူအရာပြောင်းသွားတယ်။
“မင်းဆိုလိုတာ-”
“ငါတို့ခန့်မှန်းတာမှန်တယ်၊ အမွေးလုံးမှာလည်း ပြဿနာရှိနေပြီ” ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
“သူ့ကျင့်ကြံဆင့်က အဆင်ပြေပုံ ပေါ်တာမို့ သူ မသိသေးတာပဲ”
ကူယွဲ့က အမူအရာ မှောင်မည်းသွားပြီး မျက်မှောင်ကြုတ်လိုက်တယ်။ သူ ကြိုးစားပြီး တိတ်တိတ်နေဖို့ လုပ်ပေမဲ့ ဆဲမိလိုက်တယ်။
“ချီး” ဒါက ပိုပိုပြီး ဦးနှောက်ခြောက်စရာကောင်းလာပြီ။ သူတို့ဘာလုပ်ရမလဲ။ ခုပြောလိုက်ရမလား။
“ပင်ပန်းလိုက်တာ” ရှန်းရင် စားပွဲပေါ် ပြန်မှောက်လဲလိုက်တယ်။
“တကယ်ပဲ၊ ဦးနှောက်ကို အလုပ်ပေးရတာ ပင်ပန်းရတဲ့လုပ်ငန်းပဲ ဖေဖေနျို နင့်မှာ တကယ်အဆာပြေမရှိဘူးလား၊ ငါ ဆာလွန်းလို့ မေ့လဲတော့မယ် – တစ်ကိုက်လေးပဲ စားချင်တာပါ”
“သွားစမ်းပါ” ကူယွဲ့နှုတ်ခမ်းထောင့်ဖျားက တွန့်သွားတယ်။ မင်း နေ့တစ်ဝက်ပဲ အပြင်သွားထားတာ ဟုတ်ပြီလား။
“မနက်ဖြန် ဂျပုလေးက ဝိညာဉ်စမ်းချောင်းကနေ ထွက်လာတော့မှာ၊ သူတို့ကို အစောကြီး အသိပေးသင့်တယ် – ငါ သူတို့ကိုမနက်ဖြန် ခေါ်လိုက်မယ်”
သူစကားဆုံးတာနဲ့ ကူယွဲ့က သီးသန့်ခြားအင်းကွက်ကို ဖယ်ပြီး တံခါးအပြင်ထွက်လာခဲ့တယ်။ တစ်လှမ်းလှမ်းပြီးတဲ့နောက် သူ ရပ်သွားတယ်။
ငါ-ိုး
သူ ခပ်တိုးတိုး ဆဲပြီး တစ်ဖက်လှည့်ကာ စားပွဲဆီ ပြန်လာခဲ့တယ်။ သူ သိုလှောင်အိတ်တစ်ခုထဲကနေ မတူတဲ့ဟင်းပွဲ၁၀မျိုးကို စတင်ထုတ်တော့တယ်။ ဟင်းသီးအရွက်တွေ၊ ထမင်း၊ အဆာသွတ်မုန့်တွေ၊ အသီးတွေနဲ့ တခြားမုန့်တွေရောပဲ။ စားပွဲက စက္ကန့်ပိုင်းအတွင်း စားစရာတွေနဲ့ပုံသွားတယ်။
“နေ့လယ်က ကျန်တာတွေ၊ မျိုမျိုမျို၊ သေတဲ့အထိ မျို ဟမ့်”
သူက ထပ်မရပ်တော့ဘဲ တံခါးအပြင် ခပ်ဆောင့်ဆောင့်ထွက်သွားလေရဲ့။
ရှန်းရင် ။ ။ “…”
အင်း၊ ဖေဖေနျို့မှာ သူ့သမီးအပေါ်ကို အလိုလိုက်တာ ထူးခြားတဲ့နည်းရှိတာပဲ။
…