ERSY အခန်း ၂၁၄

အခန်း ၂၁၄ ။ လူအုပ်ကြီး ပုန်ကန်မှု

ကျီချန် နှစ်ပေါင်းသောင်းချီ ပြင်ဆင်ထားခဲ့တဲ့ မဟာအန္တိမအကွက်ကြီးက ပျက်စီးသွားခဲ့ပြီး အဇဋာဧကရာ‌ဇ်တွေအားလုံး မှင်တက်နေတယ်။ တစ်ခဏတာ ပတ်ဝန်းကျင်က အတော်လေးကို တိတ်ဆိတ်နေပြီး လေထဲစိမ့်ဝင်နေတဲ့ နတ်ဆိုးချီတွေကပါ နေရာမှာတောင့်ခဲနေသလိုပဲ။

လူအုပ်ကြီးက ဖြစ်ပျက်သွားတာကို တုံ့ပြန်နိုင်စွမ်းမရှိတော့။

ငါးမိနစ်အကြာ…။

ရှန်းရင်က သူမရှေ့က တင်းတင်းကြပ်ကြပ် ပိတ်ထားတဲ့ နတ်ဆိုးဘုံတံခါးကိုကြည့်ပြီး လက်မြှောက်ကာ ခေါက်လိုက်တယ်။

“ငမည်းလေး၊ တံခါးဖွင့်ပေးပါဦး”

“မဖွင့်ချင်ဘူး” ကြောက်လန့်‌နေတဲ့အသံကက တံခါးနောက်ကနေ သူ့ကန့်ကွက်ချက်ကို ထုတ်ပြောလာတယ်

“ခဏ ထွက်သာထွက်လာခဲ့ပါ၊ ငါနင့်ကိုမေးစရာရှိလို့”

“ဟင့်အင်း ဒီတံခါးကနေ မထွက်လာချင်ဘူး” ရွှတ်ရွှတ် ကြောက်စရာကောင်းလိုက်တာ။

“ဘာလို့ ငိုနေတာတုံး၊ ငါနင့်ကို မရိုက်ပါဘူးဟ”

“… တကယ်လား”

“အင်း”

“တကယ် တကယ်လား”

“‌အင်း”

“တကယ် တကယ် တကယ်…”

“နင်ဆက်ပြီး ပြောနေရင် ငါနင့်ကိုအခုရိုက်မိတော့မယ်”

သူမအသံဆုံးသွားတာနဲ့ တံခါးက ကျွီခနဲမြည်ပြီး နောက်ဆုံးတော့ပွင့်လာတယ်။ ဝတ်ရုံမည်းဝတ်ထားပြီး ရဲရဲတောက်နီနေတဲ့မျက်ဝန်းတွေနဲ့ နတ်ဆိုးဘုရင် ဖြစ်နေဆဲပဲ။ ပတ်ပတ်လည်က နတ်ဆိုးချီတွေက ပိုတောင်ပြင်းထန်လာပြီး စောနက မော်မော်ကြွားကြွားသဘာဝနဲ့ယှဉ်ရင်တော့ အခုအတော်လေးကို နာခံနေတာ။ မျက်လုံးထဲလည်း မျက်ရည်တွေဝဲနေပြီး သူ့တုတ်ခိုင်သန်မာတဲ့ခန္ဓာကိုယ်ကတောင် စောနကထက် အများကြီးပုသွားပြီ။

“ဘာလို့ နင်မြေကြီးပေါ် ဒူးထောက်နေတာလဲ” ရှန်းရင် မြေကြီးပေါ်ကလူကို ကြည့်ကာမေးလိုက်တယ်။

နတ်ဆိုးဘုရင်က ဖိမ့်ဖိမ့်တုန်ပြီး တလေးတနက်ပြန်ဖြေတယ်။

“ကြီးမြတ်တဲ့နတ်သမီး၊ ဒူးထောက်ပြီး ခင်ဗျားကို ကြည့်နေချိန် အတော်လေးကြီးမြတ်တယ်လို့ ခံစားရလို့ပါ”

ရှန်းရင် ။ ။ “…”

အားလုံး ။ ။ “…”

ကျီချန့်အတွက် ရုတ်တရက် ဖယောင်းတိုင်ထွန်းပေးချင်စိတ်က ဘာပါလိမ့်။

ရှန်းရင်နှုတ်ခမ်းတွေ တွန့်သွားပြီး သူ့ဆီလာတဲ့လမ်းမှာ စိမ်ပြေနပြေရှင်းလာခဲ့တဲ့ ကျီချန့်ကို သူ့ဆီ ပစ်ပေးလိုက်တယ်။

“ရှင်းပြ၊ ဒီမှာဘာတွေဖြစ်နေတာလဲ”

နတ်ဆိုးဘုရင်က ချက်ချင်းပဲ ဘေးကို နှစ်လှမ်းလောက် ရွေ့သွားပြီး သူနဲ့ပတ်သက်မှုအားလုံးကို ဖြတ်ပစ်ဖို့ ကြိုးစားတော့တယ်။

“ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ကျွန်တော် တကယ်အပြစ်ကင်းတာပါ ကျွန်တော် ဘာမှမသိပါဘူး၊ တစ်ယောက်ယောက်ဆင့်ခေါ်တာ ကြားရလို့သာ ဒီကိုရောက်လာခဲ့တာပါ၊ အမတဘုံက တံခါးနောက်မှာ ရှိနေတယ်ဆိုတာ မသိခဲ့ပါဘူး” သူသာ သိခဲ့ရင် တံခါးကို ဘယ်တော့မှ ဖွင့်ခဲ့မှာ မဟုတ်ဘူး။

“ဆိုလိုတာက…” ရှန်းရင်အသံက သုန်မှုန်လာတယ်။

“ဒီလိုမျိုး တံခါးတွေ အများကြီး ရှိတာလား”

နတ်ဆိုးဘုရင်ရဲ့ အမူအရာကဖြူဖျော့သွားပြီး ချွေးစေးတွေ မျက်နှာပေါ် ဒလဟော ကျဆင်းလာတယ်။

“ဖြစ်နိုင်… ဖြစ်နိုင်တာ… ဖြစ်နိုင်တာက… ထင်တာပါပဲ” အို့၊ သူ ဖော်မိသွားပြီ။

သူ့ဘေးက ယိချင်းလည်း သဘောပေါက်သွားပြီး စိတ်လေးသွားတယ်။ တကယ်ပဲ ဒီတံခါးက ဝူတိဂိုဏ်းမှာ ပွင့်ခဲ့တဲ့ တစ်ခုနဲ့ဆင်တူတယ်။ ဒါပေမဲ့ ဒါက ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဖြစ်ပြီး သူတို့က တံခါးမတူတာ ထင်ရှားနေတယ်။ ဒါက အမတ‌ဘုံကနေ နတ်ဆိုးဘုံဆီ ဦးတည်နေတဲ့ တံခါးက တစ်ချပ်တည်း မဟုတ်ဘူးလို့ဆိုလိုတာပဲ။

“အဲမှာဒီလိုတံခါးတွေ ဘယ်လောက်ရှိလဲ” ယိချင်း မေးလိုက်တယ်။

“ဒါ…”

နတ်ဆိုးဘုရင်က အံကြိတ်ပြီး ဖြေဖို့ပြင်လိုက်ပေမဲ့ မြေကြီးပေါ်လဲနေတဲ့ ကျီချန်က မယုံကြည်နိုင်တဲ့ အမူအရာနဲ့ ရုတ်တရက် ပြန်တုံ့ပြန်တယ်။

“အရှင်မင်းကြီး ဘာတွေလုပ်နေတာလဲ၊ အရှင်မင်းကြီး အမိန့်ပေးလိုက်တာနဲ့ နတ်ဆိုးစစ်တပ်က သုံးလောကကို သိမ်းပိုက်ပေးမှာလေ၊ ဘာလို့…”

“သောက်ပေါက်ပိတ်” နတ်ဆိုးဘုရင် သူ့ဆီ ဖိနှိပ်တဲ့ အရှိန်အဝါတွေလွှတ်လိုက်ပြီး မြေကြီးပေါ် ပြန်ဖိချလိုက်တယ်။ ဒီခွေးသူတောင်းစားလေးက ငါ့ကို စွပ်စွဲဖို့ကြိုးစားနေတာပဲ နတ်ဆိုးစစ်တပ်က ဘယ်ကနေ လာမှာတုံး။ ကောင်းကင်မိစ္ဆာဆယ်ယောက်လုံး သူတို့အနိုင်ယူတာခံရပြီး သူတို့နတ်ဆိုးနန်းတော်တွေမှာ ဒဏ်ရာတွေကို လျက်နေရတုန်းပဲ။

“ကြီးမြတ်တဲ့နတ်သမီး၊ ကျေးဇူးပြုပြီး ကျွန်တော့်ရှင်းပြချက်ကို နားထောင်ပေးပါ” နတ်ဆိုးဘုရင်က မျက်ရည်တွေနဲ့ ရှန်းရင်ကို သနားစရာကောင်းစွာ ကြည့်လိုက်တယ်။

“ဒါတွေအားလုံးက အရင်နတ်ဆိုးဘုရင် လုပ်ခဲ့တာပါ သူက သုံးလောကကို အုပ်ချုပ်ချင်တာမို့ သုံးလောကထဲ ကလိမ်ဉာဏ်ဆင်ဖို့ ကျွန်တော်တို့လူတွေကို လွှတ်ပြီး ခိုင်းခဲ့တာပါ၊ အမတဘုံတင် မဟုတ်ဘူး၊ အောက်ဘုံလည်းပါပါတယ်၊ သူတို့အားလုံးက တာဝန်နတ်ဆိုးတွေပါ၊ ဘုံတံခါးပွင့်တာနဲ့ သူတို့က နတ်ဆိုးဘုရင်ကို ချက်ချင်း ဆင့်ခေါ်လို့ရပါတယ်၊ ဒါပေမဲ့ သူတို့ဘယ်လောက်များလဲ ဆိုတာတော့… အတိအကျမသိပါဘူး” သူ ပွင့်ပွင့်လင်းလင်းပဲ သိသမျှ အားလုံးပြောလိုက်တယ်။

“ဆိုလိုတာက အမတဘုံမှာ နတ်ဆိုးတွေ ထပ်ရှိသေးတယ်လို့ ပြောနေတာလား” ကူယွဲ့ မင်သက်သွားတယ်။

“ရှိတယ်… ထင်တာပဲ” သူခေါင်းညိတ်ပြီး ဆက်ပြောလိုက်တယ်။

“အောက်ဘုံက နေရာကောင်း မဟုတ်လို့ အရင်နတ်ဆိုးဘုရင်က အမတဘုံကို သိမ်းပိုက်ချင်ခဲ့တာ၊ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းသန်းချီက အမတဘုံနဲ့ ကောင်းကင်ဘုံနဲ့က ချိတ်ဆက်နေတော့ တိုက်ခိုက်ဖို့ အခွင့်အရေးရှာမရခဲ့ဘူး”

ကူယွဲ့ သေချာစဉ်းစားကြည့်ပြီးတဲ့နောက် ဇာတ်လမ်းတစ်ခုလုံးကို နားလည်သွားခဲ့တယ်။ အတိတ်တုန်းက နတ်ဆိုးတွေက ကောင်းကင်မျိုးနွယ်ကိုကြောက်တာကြောင့် အမတဘုံကို မထိရဲခဲ့ဘူး။ နောက်တော့ ကောင်းကင်ဘုံနဲ့ အမတဘုံက အချင်းတွေများကြပေမဲ့ နတ်ဆိုးဘုံဆီ တံခါးကို ချိပ်ပိတ်ဖို့ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ကိုတော့ ထားခဲ့တယ်။ နတ်ဆိုးဘုရင်က အဲဒါနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့တာမို့ ဘုံတံခါးကိုဖွင့်လို့ရအောင် ကြိုးစားဖို့အတွက် ကသောင်းကနင်းဖြစ်အောင် ဖန်တီးဖို့ ဒီလူတွေကို လွှတ်ခဲ့တာပေါ့။ ကျီချန်က သူ့လူတွေထဲက တစ်ယောက်။ ဒါပေမဲ့ နှစ်ပေါင်းများစွာအကြာ ပြင်ဆင်မှုအပြီးမှာ နတ်ဆိုးဘုရင်က တခြားလူဖြစ်နေပြီ။ အရေးကြီးဆုံးကတော့ သူက ရှန်းရင်နဲ့ တိုးသွားတာပဲ။ အဲအခိုက်အတန့်မှာ သူ အမတလောကအတွက် ပျော်ရမလား၊ ကျီချန့်အတွက် ကြေကွဲပေးရမလားမသိတော့ဘူး။

“နင် ဒီလူတွေကို ရှာနိုင်လား” ရှန်းရင်မေးလိုက်တယ်။

“ဟုတ်ကဲ့ သေချာပေါက်ပေါ့” နတ်ဆိုးဘုရင်က သူ့ခေါင်းကို ကြက်ကလေးလိုချက်ချင်း ခေါင်းညိတ်တယ်။ ဒါတွေက ကြီးမြတ်တဲ့နတ်သမီးရဲ့ အမိန့်တွေဆို သေချာပေါက် လုပ်ဖို့လိုတာပေါ့။ လုပ်ကို လုပ်ရမဲ့အရာပဲ။

“ဒါဆိုကောင်းပြီလေ၊ သုံးရက်အတွင်း နင့်လူတွေကို ဒီကခေါ်ထုတ်သွားဖို့ နည်းစဉ်းစားလိုက်” ရှန်းရင် လက်ယမ်းပြပြီးဆက်ပြောလိုက်တယ်။

“အနာဂတ်ကျ နင့်ရဲ့နယ်‌မြေကို သေချာကိုင်တွယ်၊ အကြောင်းအရင်း ကောင်းကောင်းမရှိဘဲ အပြင်မှာ လမ်းသလားဖို့ ထွက်မလာနဲ့”

“ဟုတ်ကဲ့ ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကိစ္စမရှိပါဘူး ကြီးမြတ်တဲ့နတ်ဒေဝါ”

“ကောင်းပြီလေ နင်အခုသွားလို့ရပြီ”

“ဟုတ်ကဲ့ ကြီးမြတ်တဲ့နတ်ဒေဝါ”

နတ်ဆိုးဘုရင်က စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချပြီး မေ့နေပြီဖြစ်တဲ့ကျီချန်ကို ကောက်ချီရင်း အမြန်ခပ်သုတ်သုတ် လစ်လေတယ်။ ရွှီးခနဲ သူက တံခါးထဲ ပြေးဝင်ပြီး ပျောက်သွားတော့လေတယ်။

——————

သုံးရက်အကြာ။

နတ်ဆိုးဘုရင်က တကယ်တော့ အတော်လေး လုပ်ရည်ကိုင်ရည်ရှိသား။ သူက နတ်ဆိုးတွေကို ဆင့်ခေါ်ဖို့အတွက် ဓမ္မအသုံးအဆောင်ဖြစ်တဲ့ကောင်းကင်မိစ္ဆာတံဆိပ်ပြားကို ထုတ်လိုက်တယ်။ သူသုံးပြီး နောက်တစ်နေ့မှာပဲ နတ်ဆိုးလောကတံခါးဆီမှာ သတင်း တင်ပြလာတဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့တယ်။

ဒီလူတွေထဲ မထင်မရှားအမတတွေ၊ အမတဘုံတစ်လျှောက် နာမည်ကြီးတဲ့အမတတွေ၊ တစ်ယောက်ဆို တိုင်းပြည်တစ်ခုရဲ့ ဧကရာဇ်တောင် ပါသေးတယ်။

သူတို့က ကောင်းကင်မိစ္ဆာတွေ မဟုတ်ပေမဲ့လည်း သူတို့အားလုံးမှာ သူတို့ရဲ့နတ်ဆိုးအသွင်တွေကို ဖုံးဖို့ နည်းလမ်းကိုယ်စီ ရှိကြတယ်။ ဧကရာဇ်တွေအားလုံး ဒီလူတွေကိုမြင်ရတာ ထိတ်လန့်ကုန်ပြီး ချွေးစေးတွေ ပြန်ကုန်တယ်။ တကယ်လို့ ရှန်းရင်ကြောင့်သာ မဟုတ်ရင် အမတလောကကတော့ သိပ်မကြာခင်မှာပဲ နတ်ဆိုးလောကလက်ထဲ တကယ်ကျရောက်သွားခဲ့မှာ။

ဒီလူတွေအားလုံးကို ငမည်းလေးက နတ်ဆိုးလောကဆီ ပြန်ခေါ်သွားတာမို့ ဘေးဒုက္ခကြီးနဲ့ ရှောင်လွှဲသွားနိုင်ခဲ့တယ်။ ကျီချန်ကိုလည်း နတ်ဆိုးလောကဆီ ပြန်ခေါ်သွားပေမဲ့ နတ်ဆိုးဘုရင်မျက်နှာပေါ်က အကြည့်အရတော့ သူ အဆုံးသတ်ကောင်းလောက်မှာမဟုတ်ဘူး။

ကိစ္စမရှင်းရသေးတဲ့ တစ်ဦးတည်းသောသူက ဟွေ့လင်။ သူမ လုပ်ခဲ့တဲ့အရာတွေက ခွင့်မလွှတ်နိုင်စရာတွေတော့ မဟုတ်ပေမဲ့ သေချာပေါက် သေးသေးမွှားမွှားလည်း မဟုတ်ဘူး။ ကိစ္စတစ်ခုလုံးက သူမကြောင့် မဟုတ်ဘဲ ရှင်းဟန်လွှမ်းမိုးတာ ခံခဲ့ရတာဆိုပေမဲ့ သူမက လူကြီးတွေကို လှည့်စားခဲ့ပြီး သူတို့ရဲ့ကောင်းကင်လက်နက်တွေကို လုယူခဲ့တယ်။

တခြားသူတွေကို ဖယ်လိုက်ရင် သူမကိုဖြေရှင်းဖို့ အခွင့်အရေးရှိဆုံးလူ၊ အလှည့်စားခံရဆုံးသူလည်း ဖြစ်ခဲ့တဲ့ ချန်ကောပဲ။ ဒါကြောင့် တခြားအဇဋာဧကရာဇ်တွေက သူ့ကိုဆုံးဖြတ်ခွင့် ပေးလိုက်ကြတယ်။

“သူမရဲ့ အမတအရိုးတွေနဲ့ ကျင့်ကြံဆင့်ကို ဖယ်ရှားပြီး အောက်ဘုံကို ပို့ပစ်မယ်”

ချန်ကောက ဟွေ့လင်အပြစ်ကိုကြေညာရင်း အမူအရာမပြောင်းသွား။

ချန်ကောအပြစ်က သက်ညှာနိုင်တဲ့ပုံဆိုပေမဲ့ ဟွေ့လင်အတွက်တော့ သူမ လက်ခံနိုင်တဲ့ထဲ အပြင်းထန်ဆုံး အပြစ်ပေးမှုပဲ။ အမတဖြစ်လာပြီးသား လူတစ်ယောက်အတွက် ဘယ်သူက ပြန်ဝင်စားပြီး သေမျိုးအဖြစ် ပြန်လည်မွေးဖွားချင်မှာလဲ။ ပြီးတော့ အမတအရိုးတွေ ဖယ်ရှားခံလိုက်ရတဲ့ အမတတစ်ယောက်က ပြန်ပြီးကျင့်ကြံလို့ မရတော့ဘူး။ သေမျိုးတစ်ယောက်ရဲ့ သက်တမ်းက နှစ်၁ရာထက် မကြာဘူး။ အရင်က အမတဖြစ်ခဲ့တဲ့ ဟွေ့လင်အတွက်တော့ ဒါက သေတာထက်ဆိုးတဲ့ ကံကြမ္မာဖြစ်နိုင်တယ်။

ကြည့်ရတာ သူမရဲ့အရင်လုပ်ရပ်က ချန်ကောနှလုံးသားကို အေးစက်သွားစေပုံပဲ။ သူက သူမရဲ့ လုပ်ရပ်တွေကို အလိုမလိုက်တော့ဘူး။

“ဧကရာဇ်ကူယွဲ့၊ ခင်ဗျား ဒီအပြစ်ဒဏ်နဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲ” ချန်ကောက သူ့ဘေးက အနီရောင်မုန်လာဥဖြူကို မေးလိုက်တယ်။

“ငါ့ကိစ္စတစ်ပြားမှမပါဘူး”

ကူယွဲ့က သူ့ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ ရက်ပေါင်းများစွာ မျိုသိပ်ခဲ့ရတဲ့ ဒေါသက နောက်ဆုံးတော့ ပေါက်ကွဲထွက်လာပြီ။

“အဲကိစ္စဘေးဖယ်ထားဦး၊ ငါတို့ အမြန် ခန္ဓာကိုယ်ကိုရှာတွေ့ရင် ပြန်သွားနိုင်မယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ ဘာလို့ငါမုန်လာဥပဲ ဖြစ်နေသေးတာလဲ”

“…”

“အာ…” ချန်ကောပါးစပ်တွန့်သွားပြီး သုန်မှုန်တဲ့လေသံနဲ့ ပြောလိုက်တယ်။

“ဧကရာဇ်၊ ကျုပ်တို့ခန္ဓာကိုယ်တွေအားလုံးက အပြင်းအထန်ဒဏ်ရာရထားတာ၊ တကယ်လို့ မူလဝိညာဉ်တွေသာ ခန္ဓာကိုယ်တွေထဲ ရုတ်တရက် ပြန်သွားရင် ဒဏ်ရာတွေက ပိုဆိုးသွားလိမ့်မယ်၊ ကျုပ်တို့သေချာစဉ်းစားဖို့လိုတယ်၊ လောလို့မဖြစ်ဘူး”

“ကောင်းပြီလေ တကယ်လို့ပြန်မသွားခင် ခန္ဓာကိုယ်တွေ သက်သာလာအောင် စောင့်ဖို့ လိုတယ်ဆိုရင်တောင်…” သူ အသက်ပြင်းပြင်းရှူပြီး မုန်လာဥတွေ ရှိနေတဲ့တစ်ခန်းလုံးကိုကြည့်ကာ ဟိန်းဟောက်တော့တယ်။

“ဘာလို့အားလုံး ဒီမှာရှိနေသေးတာလဲ” တိုက်ပွဲက ပြီးသွားပြီဆိုတော့ ပြန်သင့်နေပြီမဟုတ်လား။ ဝူတိဂိုဏ်းကို ဘာတွေ ကပ်တွယ်နေကြတာတုံး။ သူတို့အတွက် လောင်းပေးရတဲ့ရေက အလကားရတာ မဟုတ်ဘူး။

မုန်လာဥဖြူတွေအားလုံး တောင့်တင်းကုန်တယ်။

“ဖေဖေနျို၊ သူတို့တွေ ဒီလိုမျိုးပြန်သွားဖို့က တကယ်မသင့်တော်ဘူးလေ” ရှန်းရင် ကြားဖြတ်ပြောလိုက်တယ်။ သူတို့တွေက ဘယ်လိုပဲဖြစ်ဖြစ် အဇဋာဧကရာဇ်တွေလေ၊ ကာကွယ်ရမဲ့ ဂုဏ်သိက္ခာတွေ ရှိတယ်။

“မင်း ပါးစပ်ပိတ်ထား” ကူယွဲ့အကြည့်က ချက်ချင်း သူမဘက်လှည့်သွားပြီး သူအော်တော့တယ်။

“တကယ်လို့ မင်းကြောင့်သာ မဟုတ်ရင် ငါတို့ခန္ဓာကိုယ်တွေက ဒီလောက် ထောင်းကြေပါ့မလား ငါတို့တွေ တစ်နေ့လုံး မုန်လာဥဖြူတွေလို လှိမ့်သွားနေဖို့လိုပါ့မလား”

ရှန်းရင်က ခဏကြာမှ တုံ့ပြန်လာတယ်။

“အဲနေ့က ငါ့ကို မြန်မြန်လုပ်ဖို့ ပြောတာ နင်မဟုတ်ဘူးလား”

“မင်းကို အဲခွေးကောင်ရှင်းဟန်ကို ထုထောင်းခိုင်းတာဟ၊ ငါတို့ဆီ မင်းခါးပတ်နဲ့ရိုက်ဖို့ ဘယ်သူပြောလဲ”

“နင်တို့အားလုံးကို ကယ်ဖို့ လုပ်ခဲ့ရတာလေ” အေးပေါ့၊ နင်တို့ရဲ့ နုဖတ်နေတဲ့ခန္ဓာကိုယ်တွေအတွက် ငါ့ကိုပဲ အပြစ်တင်။

“ငါ့ခြေထောက်ကိုကယ်၊ အဲဒါကယ်တာလား”

သူတို့ပြန်ရောက်ပြီး ခန္ဓာကိုယ်တွေကို စစ်ဆေးချိန် သူမရဲ့ခါးပတ်နဲ့ သူတို့ကို ရိုက်ခတ်မှုကြောင့် ခန္ဓာကိုယ်၉ခုမှာ၈ခုက သွေးကြောတွေ ပျက်စီးပြီး အမတအရိုးတွေ ထိခိုက်ကုန်တာ သိလိုက်ရတယ်။ နည်းနည်းလေးအခြေအနေပိုကောင်းတဲ့ တစ်ဦးတည်းသောလူက ရွှမ်ထုံ။ ဒါပေမဲ့ အဲဒါက သူမတစ်ယောက်တည်း ရှိနေခဲ့လို့လေ။ အဲတုန်းက ရှင်းဟန်က သူတို့ကိုတိုက်ခိုက်ဖို့ သူမခန္ဓာကိုယ်ကို မထိန်းချုပ်ခဲ့တဲ့အတွက် အင်းကွက်စတေးမှုကနေ သွေးအလွန်အကျွံဆုံးရှုံးမှုပဲ ခံစားခဲ့ရတယ်။ ဒါကြောင့် သူတို့ မုန်လာဥတွေဖြစ်နေချိန် သူမကတော့ မြေခွေးခန္ဓာကိုယ်နဲ့။

သူစဉ်းစားလေ ပိုပြီးဒေါသထွက်လာလေပဲ။ သူ ဘယ်လောက်ပဲကြိုးစားကြိုးစား၊ ဒေါသကို မထိန်းချုပ်နိုင်သေးဘူး

“ပြီးတော့လည်း အဲသောက်ရေကရားကို ငါ့ခေါင်းက‌နေဖယ်ပြီး ရေလောင်းနေတာ တော်တော့၊ မင်း အရောင်ကန်းနေလား ငါက မုန်လာဥဖြူ မဟုတ်ဘူးလို့ ပြောပြီးသားလေ”

ရှန်းရင် ။ ။ “…”

ယိချင်း ။ ။ “…”

ဧကရာဇ်များ ။ ။ “…”

——————

သူတို့ ခန္ဓာကိုယ်တွေက ဒဏ်ရာရပြီး ခန္ဓာကိုယ်တွေဆီ ယာယီမပြန်နိုင်သေးတာမို့ အားလုံးစိုးရိမ်နေခဲ့တယ်။ ပြီးတော့ မုန်လာဥဖြူ၈ခုမှာ ၆ခုက အဇဋာဧကရာဇ်တွေ။ သူတို့ထက် ကျင့်ကြံဆင့်နိမ့်တဲ့သူတွေက သူတို့ကို ကုသပေးဖို့ လုပ်ရင် ထိခိုက်ဒဏ်ရာရသွားလိမ့်မယ်။ လုပ်နိုင်တဲ့တစ်ဦးတည်းသောလူက ပြောင်လေး၊ ဒါပေမဲ့ သူတို့ကို တစ်ယောက်ချင်းစီကုသပေးဖို့က အကြာကြီးကြာမှာ။ ဒါကြောင့် ပိုပြီးထိရောက်မဲ့နည်းလမ်းကို တွေးမိသွားတော့တယ်။

“ဧကရာဇ်တွေအားလုံးရဲ့ မူလဝိညာဥ်တွေက အမတဆေးပင်တွေထဲမှာဆိုတော့ အမတဆေးမြစ်တွေက သစ်သားဝိညာဉ်ကြောပါတယ်လေ၊ ဒါကြောင့် ခန္ဓာကိုယ်အစစ်တွေကိုပါ တူညီတဲ့ အငွေ့အသက်တွေ ဝိုင်းထားလိုက်ရင်ရော” ပြောင်ထင်က လေးနက်စွာဆက်ပြောတယ်။

“ပြီးတော့ မြေကြီးနဲ့ သစ်သားဝိညာဥ်ကြောတွေက တစ်ခုနဲ့တစ်ခု ဖြည့်စွက်နေတာ၊ သူတို့တွေ ကိုယ့်ကိုယ်ကိုယ် သက်သာအောင်လုပ်ဖို့အတွက် ခန္ဓာကိုယ်ထဲ ဓာတ်တွေသွင်းဖို့ ဒီနည်းကိုသုံးလို့ရတယ်၊ အနောက်တောင်က အမတမြေဆီလွှာရှိတော့ ကူညီလို့ရ…”

“လူစကားပြော” ရှန်းရင်က သူ့ကိုကြားဖြတ်ပြောလိုက်တယ်။

“အော် ဆိုလိုတာက ကျွန်တော်တို့ သူတို့ခန္ဓာကိုယ်တွေကို အနောက်တောင်ထဲ မြုပ်ဖို့လိုတယ်ဆိုရုံပါပဲ၊ သူတို့တွေ မုန်လာဥဖြူတွေလို ပြန်ပြီးကြီးထွားလာမှာဖြစ်နိုင်တယ်”

“…”

မုန်လာဥဖြူတွေအားလုံး တိတ်ဆိတ်ကုန်ပြီး ဘာနည်းလမ်းပဲဖြစ်ဖြစ် သူတို့စမ်းကြည့်ဖို့ပဲရှိတော့တယ်။ ဒါကြောင့် သူတို့အားလုံး သူတို့ခန္ဓာကိုယ်တွေကိုဖက်ပြီး အနောက်တောင်ထဲမှာ မြုပ်နှံလိုက်ကြတယ်။ ဖြစ်နိုင်တာက ဧကရာဇ်တက်လှမ်းမှုစင်မြင့်ရဲ့ စိတ်ဒဏ်ရာကြောင့်ထင်၊ ထောင်ချောက်ထဲ ပိတ်မိနေချိန်တုန်းက သူတို့အနေအထားလိုမျိုးပဲ သူတို့ကိုယ်သူတို့ စက်ဝိုင်းပုံ သပ်သပ်ရပ်ရပ် စိုက်လိုက်ကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြောင်လေးရဲ့နည်းလမ်းက တကယ်ပဲအကျိုးသက်ရောက်မှုရှိတယ်။ သူတို့ခန္ဓာကိုယ်တွေက အမတသွေးကြောနဲ့ မြေကြီးအရှိန်အဝါရဲ့ လှည့်ပတ်မှုအောက် သူတို့သွေးကြောတွေ ပြန်လည်စီးဆင်းလာပြီး ခန္ဓာကိုယ်ကို အလိုအလျောက်ပြုပြင်တော့တယ်။ ဒါကြောင့် ပြန်လည်ကုသမှုအရှိန်ကိုမြှင့်ဖို့ သူတို့အားလုံး အမတသွေးကြောတွေကို ထုတ်လာပြီး မြေကြီးထဲ စိုက်ထားကြတော့တယ်။ တစ်ခဏတာ ဝူတိဂိုဏ်းကမသေမျိုးချီတွေက ကောင်းကင်အလွန်မှကောင်းကင်များထက်တောင် ကျော်လွန်သွားခဲ့တယ်။ အမတသွေးကြောတွေရဲ့ အားဖြည့်တင်းမှုအောက် သူတို့ခန္ဓာကိုယ်တွေက သိသိသာသာ ပြန်လည်သက်သာလာတယ်။

ပြီးတော့ ရင့်မှည့်ဖို့ နှစ်ပေါင်းသောင်းချီကြာမဲ့ အမတဆေးမြစ်တွေက နာရီပိုင်းအတွင်း ရင့်မှည့်ကုန်တာမို့ တပည့်တွေခမျာ လက်ညောင်းတဲ့အထိ ခူးဆွတ်ရတော့တယ်။

သူ ဒါကိုမြင်တော့ ကူယွဲ့က သူတို့ကို နေထိုင်စားသောက်စရိတ်အတွက် ပိုက်ဆံပေးခိုင်းမဲ့အတွေးကို ဖျက်သိမ်းလိုက်တယ်။

သူတို့ထဲက တချို့ကို လဝက်နီးပါး အနောက်တောင်မှာ မြုပ်နှံခံရပြီးတော့ သူတို့ခန္ဓာကိုယ်တွေက ပြန်သက်သာလုနီးပါး ဖြစ်နေပြီ။ သူတို့ အပြည့်အဝ‌ပြန်သက်သာခါနီးဆဲဆဲမှာတင် မထင်မှတ်ထားတဲ့သတင်းတစ်ခုက ကောင်းကင်အလွန်မှကောင်းကင်များဆီကနေ ရောက်လာခဲ့တယ်။

“ဘာ၊ ဟွေ့လင်ထွက်ပြေးသွားတယ်လား” ကူယွဲ့ မင်သက်သွားတယ်။

ချန်ကောရဲ့အမူအရာက မည်းမှောင်သွားတယ်။ သူက အခုအပြင်ထွက်ဖို့ သင့်တော်တဲ့အခြေအနေ မဟုတ်တာမို့ သူမကို လိုက်ပို့ဆောင်ခဲ့တဲ့သူက ပြောင်ထင်ဖြစ်ပြီး အမတအကျဉ်းထောင်ထဲ ယာယီချုပ်နှောင်ခဲ့တယ်။ ပုံမှန်အားဖြင့်တော့ သူမအပြစ်ပေးမှုကိုလည်း သတင်းပို့ဆောင်မှုအဆောင်တွေနဲ့ သတ်မှတ်ပြီးပြီမို့ သူမ အမတသက်တန့်နန်းတော်ရဲ့ အကျဥ်းထောင်ကနေ ထွက်ပြေးနိုင်လိမ့်မယ်လို့ ဘယ်သူမှ မထင်မိခဲ့ဘူး။

“သူမရဲ့ကျင့်ကြံဆင့်နဲ့ အင်းကွက်အစီအရင်ကို ဖောက်ထွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဘယ်သူ သူမကို ကူညီခဲ့တာလဲ”

“ဒါက… ဒါက…” သတင်းစကားအဆောင်ထဲက အသံကပိုပိုတိုးလာပြီး တုံ့ဆိုင်းစွာနဲ့‌ပြန်ဖြေတယ်။

“ဧကရာဇ်၊ အဲဒါလုမင်ပါ”

“ဘာ” ချန်ကော ထိတ်လန့်နေပြီး မယုံကြည်နိုင်တဲ့အမူအရာ ဖြစ်နေတယ်။ သူ့မုန်လာဥဖြူ မျက်နှာတစ်ဝက်က ဒေါသကြောင့် နီနေတယ်။ လုမင်က ဟွေ့လင်နဲ့ ဆက်ဆံရေးကောင်းတာ သိပေမဲ့ အဲဒါကြောင့် အာခံလိမ့်မယ်တော့မထင်ခဲ့ဘူး။

“ဒီသောက်တပည့်ကတော့”

သူ တပည့်၂ယောက်ပဲ လက်ခံထားခဲ့ပေမဲ့ တစ်ယောက်က နောက်တစ်ယောက်ထက်ပိုပြီးဆိုးနေမယ် မထင်မိခဲ့ဘူး။ တခြားမုန်လာဥတွေတောင် သူ့ကို သနားတဲ့အကြည့် လှမ်းကြည့်ကျတယ်။

ချန်ကောက သူ့ရဲ့ဆူပွက်လာတဲ့ဒေါသကို မျိုသိပ်ဖို့ အသက်ပြင်းပြင်းရှူပြီး တည်တံ့စွာ ပြောလိုက်တယ်။

“သူတို့ ဘယ်ကိုထွက်ပြေးသွားတာလဲ”

“သူတို့… သူတို့ထွက်မပြေးပါဘူး” သတင်းစကားအဆောင်ထဲက အသံကပိုတောင်ပျော့ဖတ်လာတယ်။

“ဘာဆိုလိုတာလဲ”

အသံက တစ်ခဏတန့်သွားပြီးနောက်တော့ တုံ့ဆိုင်းစွာ ပြန်ဖြေလာတယ်။

“လုမင်က ပြောတယ်၊ ဧကရာဇ်က ဝူတိဂိုဏ်းက ကောက်ကျစ်တဲ့လူတွေရဲ့ အန္တရာယ်ပေးတာခံရပြီး အခုဘယ်မှာမှမတွေ့ရတော့ဘူးတဲ့၊ ဆရာတူညီမဟွေ့လင်ကို ဖမ်းချုပ်ဖို့ အမိန့်ပေးခဲ့တဲ့သူက အရှင်မင်းကြီး မဟုတ်ဘူးတဲ့၊ ဒါကြောင့် သူက အရှင်မင်းကြီးအတွက် လက်စားချေပေးဖို့ဆိုပြီး… တိုင်းပြည်ဧကရာဇ်တွေအားလုံးကို ဆက်သွယ်ခဲ့တယ်”

ချန်ကော ။ ။ “…”

ကူယွဲ့ ။ ။ “…”

မုန်လာဥဖြူအားလုံး ။ ။ “…”

ရို့၊ ဟွေ့လင်မှာ ဒီလိုမျိုး ချောမွတ်တဲ့အကွက်တွေ ရှိမယ်မထင်မိခဲ့ဘူး။ လုံးဝအချစ်ရူးနေချိန်ထက် ပိုပြီးအများကြီး ဉာဏ်ပြေးတာပဲ။

သူမ ချန်ကောက ဘယ်မှာရှိနေလဲဆိုတာနဲ့ သူတို့ဘာဖြစ်သွားလဲကို အကောင်းဆုံးနားလည်တယ်။ အခု ပုန်ကန်ပြီး သူ့ကိုသတ်၊ နေရာအစားထိုးဖို့ ချန်ကောဒဏ်ရာကို ဆင်ခြေအနေနဲ့အခွင့်ကောင်းယူပြီး လက်စားချေနေတာလား။

သူမက ကြီးလေးတဲ့ပြစ်ဒဏ်ကို မရှောင်လွှဲနိုင်ဘူးဆိုတာ သိပြီးပြီမို့ သေမြေကြီး၊ ရှင်ရွှေထီးလုပ်ဖို့ ဆုံးဖြတ်လိုက်တာပဲ။

လူအုပ်ကြီးက စဉ်းစားပြီးတဲ့နောက် ချက်ချင်း နားလည်သွားပေမဲ့ သူတို့ရဲ့အကြည့်က ချန်ကောအပေါ် သနားမှုအပြည့်။ စိတ်ထဲကနေ ပျင်းလို့ဆိုပြီး တပည့်တွေ ထားခဲ့တာ မလုပ်မိတာကို ပျော်နေမိတယ်။

ဒါပေမဲ့… ဝူတိဂိုဏ်းကိုတိုက်ခိုက်ဖို့ တိုင်းပြည်ဧကရာဇ်တွေနဲ့ပူးပေါင်းတယ်လား။ သူတို့ စိတ်လွတ်နေတာလား။ ချန်ကောက ခုမုန်လာဥဖြူဆိုပေမဲ့ လန်ဟွား၊ ပြောင်ထင်၊ ယိချင်းနဲ့ တခြားသူတွေက သွားရှုပ်လို့ရတဲ့သူတွေမဟုတ်ဘူး။

ပြီးတော့ ရှန်းရင် ရှိသေးတယ်။

မုန်လာဥဖြူတွေအားလုံး ချန်ကောတပည့်တွေရဲ့ အသိဉာဏ်ကိုဆွေးနွေးတော့မလို့ရှိသေး ယွီဟန်က အသည်းအသန် ပြေးလာပြီး မောဟိုက်နေတယ်။

“အကြီးအကဲကူယွဲ့၊ တောင်ခြေမှာ မျက်နှာစိမ်းအမတတွေအများကြီးပဲ၊ အဇဋာဧကရာဇ်တွေအတွက် လက်စားချေချင်တယ်ဆိုပြီး အော်နေကြတယ်”

“သိပြီ၊ တိုင်းပြည်ဧကရာဇ်တွေရဲ့လူတွေပဲမလား” ကူယွဲ့က ခေါင်းညိတ်ပြီး ဆက်ပြောလိုက်တယ်။

“မင်း ပြောင်လေးကို အသိပေး…”

“ဟင့်အင်း” သူစကားမဆုံးခင် ယွီဟုန်က ခေါင်းခါတယ်။

“သူတို့က ဇာမဏီကောင်းကင်ကပါ”

“ဘာ” ဝူဟုန်က သူ့ကျွင်းထဲကနေ အလန့်တကြား ထခုန်လုနီးပါးဖြစ်သွားတယ်။

“ဘာလို့ ငါ့လူတွေက ဒီကိုရောက်လာတာလဲ၊ ဟုန်အာ မင်းမြင်တာ မှန်တာသေချာရဲ့လား”

“သေချာပါတယ်” ယွီဟုန်က ကျိန်းသေတဲ့လေသံနဲ့ပြောလာတယ်။

“သူတို့အားလုံးက ရှင့်အတွက် လက်စားချေမယ်ဆိုပြီး ရောက်လာတဲ့ မိစ္ဆာအမတတွေပါ၊ ရှင်တို့အဆင်ပြေတယ်ပြောပြပေမဲ့ သူတို့က နားမထောင်ဘူး”

“…”

ဝူဟုန်က အူကြောင်ကြောင်ဖြစ်သွားတယ်။ သူမှ မသေသေး‌တာ၊ ဘာကိုလက်စားချေမယ် ပြောနေတာတုံး။ အမလေး ဘုရားရေ၊ ဒီယောင်ချာချာ ငတုံးတစ်သိုက်ကတော့။

ရုတ်တရက် ဝုန်းခနဲအသံကြီးနဲ့အတူ သိသာလှတဲ့ အားစက်ကွင်းတစ်ခုက ဝူတိဂိုဏ်းအပေါ်မှာ ပေါ်လာပြီး ဂိုဏ်းတစ်ခုလုံးကို ဝိုင်းလိုက်တယ်။

အဲဒါ… တောင်အကာအကွယ်အင်းကွက်ပဲ

သူတို့ကို အတင်းအဓမ္မတိုက်ခိုက်နေတဲ့လူ ရှိနေတာပဲ။

ဝူဟုန်ကိုယ်တိုင် တန့်သွားတယ်။ သောက်ချီး အဲငတုံးတွေ တကယ်ရှေ့ဆက်တိုးရဲတယ်ပေါ့

တချို့ ထိတ်လန့်မှုကနေ သတိမဝင်လာသေးခင် အမတတွေ ကောင်းကင်ထဲပျံသန်းပြီး ကောင်းကင်တစ်ဝက်လောက်ကို ဖုံးသွားတာမြင်လိုက်ရတယ်။ သူတို့တွေက အရှေ့ဘက်က ဇာမဏီကောင်းကင်ကတင် မဟုတ် အနောက်ဘက်က တိမ်တိုက်ကန်၊ မြောက်ဘက်က တိမ်ပင်လယ်၊ အရှေ့ဘက်က ချန်းနော့တို့အားလုံးပဲ…။

ပြောင်ထင်ရဲ့ ချင်ဇယ်တိုက်ကခွဲ တခြားတိုက်တွေက အမတတွေအားလုံး စုဝေးပြီး ဝူတိဂိုဏ်းတစ်ခုလုံးကို ဝိုင်းနေကြတယ်။

စောနတုန်းက ပွဲကြည့်ဖို့

စုဝေးနေတဲ့ မုန်လာဥဖြူတွေအကုန် အခုတော့ မျက်နှာထားမှောင်မည်းကုန်ပြီ။

သေတော့မယ်၊ သေတော့မယ်၊ သေတော့မယ်၊ အမလေး ဘုရားရေ၊ သေတော့မှာပဲ

Σ(°△°|||)

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset