ERSY အခန်း ၂၅၀

အခန်း ၂၅၀ ။ မိဘနှစ်ပါးလုံးပေါ်လာ

ယိချင်းက မျက်မှောင်ကြုတ်ပြီး သူ့ကိုအေးစက်စက်ကြည့်လိုက်တယ်။

“မြေအောက်ဘုံရဲ့ယင်မြစ်” ထွက်သွားစမ်း ကောင်စုတ်လေး

“ယင်မြစ်လား” ကျောင်းလုံတန့်သွားတယ်။

“ဘာလုပ်ဖို့သွားမှာလဲ၊ ဘယ်တုန်းတည်းက ဆုံးဖြတ်လိုက်တာလဲ၊ ငါ ဘာလို့ဘာမှမသိရတာလဲ”

“ကျုပ်တို့က အဲလောက်မှမရင်းနှီးတာ”

မ… ရင်းနှီးဘူးလား

ကျောင်းလုံက ရင်ထဲ စူးရှသွားတယ်။ မျက်လုံးထဲ မျက်ရည်တွေနဲ့ ရှန်းရင်ကို လှည့်ကြည့်တယ်။

“ကြီးမြတ်တဲ့နတ်ဒေဝါ…” ကျွန်တော်က ခင်ဗျားရဲ့ ချစ်စရာလေးလို့ မပြောခဲ့ဘူးလား။

“ငါတို့ဂျပုလေးကို သွားရှာမို့” ရှန်းရင်ရှင်းပြလိုက်တယ်။

“ဂျပုလေးလား” အဲဒါဘယ်သူလဲ။ ကျောင်းလုံက သူမကို စက္ကန့်အနည်းငယ် အူကြောင်ကြောင် စိုက်ကြည့်နေပြီးမှ နောက်ဆုံးတော့ ပြန်သတိရသွားခဲ့တယ်။ အဲဒါ ကြီးမြတ်တဲ့နတ်ဒေဝါ အရင်က ရှာနေခဲ့တဲ့လူသုံးယောက်ထဲက တစ်ယောက်မဟုတ်လား။

“ကြီးမြတ်တဲ့နတ်ဒေဝါ၊ သူဘယ်မှာလဲသိတာလား”

“အေး” ရှန်းရင် ဖြေပြီး ခေါင်းညိတ်ပြလိုက်တယ်။ ဥထဲက ယင်ချီက သူတို့ ဂျပုလေးခန်းထဲက ပန်းထဲမှာ ခံစားခဲ့ရတဲ့ တစ်ခုနဲ့ဆင်တယ်။

“မြေအောက်ဘုံမှာလား” ကျောင်းလုံကြည့်ရတာ ဇဝေဇဝါဖြစ်နေပုံ။ သူက ယိချင်းအငယ်လေးကို လှမ်းကြည့်ပြီး ပြောလိုက်တယ်။

“ဒါပေမဲ့… ဒါပေမဲ့… လုံကျန်းက ပြန်မလာသေးဘူးလေ”

“ကျုပ် သူ့ကို သတင်းစကားပို့လိုက်မယ်”

“ဒါပေမဲ့…”

ကျောင်းလုံ တစ်ခုခုပြောဖို့ရှိသေး အစေခံမိန်းကလေးတစ်ယောက်က ယိချင်းဆီ ရုတ်တရက် ပြေးဝင်လာကာ ဂါဝရပြုလေတယ်။ သူမမျက်နှာက စိုးရိမ်နေတဲ့ပုံ။

“သခင်လေး၊ ကျွန်မမှာ သတင်းဆိုးရှိပါတယ် ရှန်းကျွင်းက သခင်လေးအတွက် လက်စားချေဖို့ ဝူချီတောင်ဆီ တစ်ယောက်တည်း မြင်းစီးပြီး ထွက်သွားပါတယ်”

“ဝူချီတောင်လား” ယိချင်း အမူအရာ မှောင်မည်းသွားတယ်။

“ရှင်းရှင်းလင်းလင်းပြော၊ ဘာတွေဖြစ်ခဲ့တာလဲ”

“ရှန်းကျွင်းက သခင်လေးရဲ့ဥထဲက ယင်ချီက ဇာမဏီမျိုးနွယ်နဲ့ တစ်ခုခုပတ်သက်နိုင်တယ်ဆိုတာ သိသွားပြီလို့ ပြောပါတယ်၊ အဲဒါကြောင့် ဒေါသအမျက်ထွက်ပြီး သူမ…” အစေခံမိန်းကလေးက စကားပြောရင်း ဟိုတစ်ခွန်းဒီတစ်ခွန်းဖြစ်နေတယ်။

“ဇာမဏီမျိုးနွယ်က အရမ်းကို ကျိုးကြောင်းမသင့်တဲ့သူတွေလို့နာမည်ကြီးပါတယ်၊ ရှန်းကျွင်း ဒီတစ်ကြိမ် အခွင့်အရေး ယူခံရနိုင်ပါတယ်”

ယိချင်း လက်သီးနှစ်ဖက်ကို တစ်ဖက်စီမှာ တင်းတင်းဆုပ်မိပြီး ဘေးကလူဘက်လှည့်လိုက်တယ်။

“ဆရာ”

“အဲဘာဆိုတဲ့ရှီတောင်တန်းဆီ သွားကြတာပေါ့”

***

ဝူချီတောင်က ဇာမဏီမျိုးနွယ်ရဲ့ ပင်မအခြေစိုက်စခန်း။ နဂါးနဲ့ ဇာမဏီမျိုးနွယ်က ဘယ်တုန်းကမှ မတည့်ခဲ့ကြဘူး။ တစ်ခါတလေဆို သူတို့ လမ်းပေါ်တွေ့ရင်တောင် ရန်ဖြစ်ကြတယ်။ နဂါးမျိုးနွယ်က ဇာမဏီတွေက အမြဲသူများအပေါ် အထင်သေးတဲ့ပုံစံကိုမုန်းပြီး ဇာမဏီမျိုးနွယ်ကတော့ နဂါးတွေက မျိုးစိတ်အစုံဖွဲ့စည်းထားပုံကိုသည်းမခံနိုင်ကြဘူး။ တီကောင်၊ မြွေ ဒါမှမဟုတ် ဘယ်ငါးမဆို နဂါးဖြစ်လာနိုင်တာကိုး။

အဲဒါကြောင့် မျိုးနွယ်နှစ်ခုလုံးက ကောင်းကင်မျိုးနွယ်တွေဖြစ်တာတောင် အများကြီး အဆက်အဆံမရှိဘူး။

လုံကျန်းက ဘယ်‌လိုပဲဖြစ်ဖြစ် ကျိုးကြောင်းမသင့်တဲ့လူတော့ မဟုတ်ဘူး။ သူမမှာ ဒေါသနဲ့ လက်စားချေဖို့ ဝူချီတောင်ဆီဦးတည်ရတဲ့ အကြောင်းပြချက်ကောင်းကောင်း သေချာပေါက်ရှိတယ်။

ဖြစ်နိုင်တာက ယိချင်းက ကောင်းကင်မျိုးနွယ်ဖြစ်လာတာမို့ထင် သူက အရင်ကထက် ဓားနဲ့ပျံတာ ပိုမြန်လာတယ်။ ပြီးတော့လုံကျန်းဆီမှာ ဇာမဏီနယ်နိမိတ်ဆီတန်းရောက်တဲ့ နေရာရွှေ့ပြောင်းအစီအရင် ရှိပြီးသား။ တစ်နာရီအတွင်း သူတို့ ပန်းတိုင်ဆီ ရောက်လာခဲ့တယ်။

သူတို့ ဝူချီတောင်ဆီ မရောက်ခင် လျှပ်စီးတန်းတွေမြင်ရပြီး မိုးခြိမ်းသံတွေ ကြားလိုက်ရတယ်။ သိပ်မဝေးတဲ့နေရာမှာ ကောင်းကင်ထဲ တိမ်ခိုးတိမ်မည်းတွေပြည့်လျှံနေပြီး လျှပ်စီးတန်းတွေ ရံဖန်ရံခါ လက်သွားတာကို မြင်နေရတယ်။ တိမ်မည်းကြီးတွေအောက်နားမှာတင် နေရာတိုင်းမှာ နီရဲတောက်နေတဲ့အလင်းတွေနဲ့ မီးတောက်တွေ။ လေပူတွေက သူတို့ဆီဦးတည်လာတယ်။

ယိချင်း သူတို့ပတ်လည်က အရှုပ်အထွေးတွေကနေ သီးသန့်နေဖို့ ကန့်သတ်အစီအရင် ဖန်တီးလိုက်တယ်။ နောက်တော့ သူတို့ မုန်တိုင်းတစ်ဝက် မီးတစ်ဝက် မြေပြင်ထဲ ဝင်ရောက်ခဲ့ကြတော့တယ်။

“ကျန်းအာ မင်းဘာလုပ်နေတာလဲ” မြေပြင်ပေါ်က မီးတောက်တွေကြားကနေ ယောက်ျားတစ်ယောက်အသံ ထွက်လာပြီး သူက အတော်လေးစိတ်မရှည်ဖြစ်နေတဲ့ပုံ။

“ကိုယ် မင်းကို ဘယ်ချိန်က အပြစ်ပြုမိလို့လဲ၊ ဘာလို့ မင်းကိုယ့်ကို ဒီလိုလုပ်နေတာလဲ”

“ပါးစပ်ပိတ်ထား” လုံကျန်းက မိုးကြိုးတွေကြား ရပ်နေပြီး သူ့ကြည့်ရတာ လုံးဝအမျက်ချောင်းချောင်း ထွက်နေတဲ့ပုံ။ သူမအသံကတုန်ရီနေတယ်။

“ရှင် ကျွန်မသားရဲ့ဥထဲ တစ္ဆေအမတရဲ့ယင်ချီ ထားသွားရဲတယ်လေ၊ ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ ရှင်မျှော်လင့်ထားသင့်တာပေါ့”

“ယင်ချီလား” အဲလူက ဇဝေဇဝါဖြစ်သွားတဲ့ပုံ။ ခပ်ရှည်ရှည်ပိန်ပိန်ပါးပါး လူတစ်ယောက်က မီးတောက်တွေထဲ ကထွက်လာတယ်။ သူက ဝတ်ရုံပြာကိုဝတ်ထားပေမဲ့ သူ့အနီရောင်ဆံပင်ရှည်ကတော့ တကယ်ကို ဆန့်ကျင်ဘက်ပဲ။ သူ့မျက်ခုံးနှစ်ဖက်အလယ်မှာတော့ သူထွက်လာတဲ့ မီးတောက်တွေနဲ့ဆင်တဲ့ အနီစက်တစ်ခု ရှိနေတယ်။ အဲလူက လုံကျန်းကို ဇဝေဇဝါ ထိတ်လန့်မှုတွေနဲ့ ကြည့်တယ်။

“ဘာယင်ချီလဲ၊ မင်းရဲ့အဖိုးတန်နဂါးဥက ဒီတစ်ခေါက်ဘာဖြစ်လို့လဲ”

“ရှင်က မသိချင်ယောင်ဆောင်နေသေးတယ်ပေါ့လေ” လုံကျန်းက ပိုပြီးတောင် ဒေါသတကြီး အော်ဟစ်တော့တယ်။ သူမပတ်လည်က လျှပ်စီးတွေင ပိုအရှိန်ပြင်းလာပြီး အဲလူကို ဒေါသတကြီး စိုက်ကြည့်နေတယ်။

“ဖုန့်စန်း၊ ကျွန်မဒါကိုမသိဘူး မထင်နဲ့၊ ကျွန်မရဲ့နဂါးကလေးကို ကယ်ဖို့ ပြန်လည်ဝင်စားမှုစွမ်းအင်ကို အသုံးချဖို့ ပြောခဲ့တဲ့လူကို လွှတ်လိုက်တဲ့သူကရှင်ပဲ” သူမစကားပြောလေ ဒေါသထွက်လာလေပဲ။

သူမက ဖုန့်စန်းကို မျက်လုံးထဲက လေဆာတွေနဲ့ ပစ်တော့မဲ့အတိုင်း။

“ကျွန်မ တစ်ခါမှ မတွေးခဲ့ဖူးဘူး၊ ကျွန်မရဲ့နဂါးဥထဲ ယင်ချီထည့်ဖို့ တစ္ဆေအမတတစ်ယောက်ကို ရှင် အယုံသွင်း အခွင့်အရေး ယူလိမ့်မယ်လို့လေ၊ ခု အဲဒါက ကျွန်မသားအသက်ဓာတ်ကို အကုန်စုပ်ယူတော့မလို့” ယိချင်းသာ သူ့ကောင်းကင်ခန္ဓာကိုယ်နဲ့ မပေါင်းစပ်ခင် ကောင်းကင်လောကဆီ သူ့အမတကိုယ်ခန္ဓာနဲ့ ပြန်ရောက်မလာခဲ့ရင်… သူ့ဆရာသာ အားနဲ့ ဥကိုမခွဲခဲ့ရင်… ဖြစ်နိုင်တာက…။

လုံကျန်းစဉ်းစားလေး သူမပိုပြီးတုန်ယင်လာလေပဲ။

“ဖုန့်စန်း၊ ကျွန်မ ရှင့်ကို အရင်ကစိတ်ပျက်စေမိတာ ဝန်ခံတယ်၊ နဂါးကလေးက ကျွန်မအတွက် တခြားအရာအားလုံးထက် ပိုအရေးကြီးတာရှင်သိပါတယ်၊ ဘာကြောင့် ကျွန်မကို အဲလိုမျိုး နာကျင်အောင်လုပ်ရတာလဲ”

“ကိုယ်… ကိုယ်မလုပ်ခဲ့ဘူး” ဖုန့်စန်းက ပိုပြီးတောင် ဇဝေဇဝါဖြစ်လာတယ်။ သူ အလောတကြီး ပြောလိုက်တယ်။

“ကျန်းအာ ကိုယ်တကယ် အဲနဂါးဥကို သဘောမကျဘူး၊ ပြီးတော့ ပြန်လည်ဝင်စားမှုစွမ်းအင်အကြောင်း မင်းကို ပြောပြတဲ့လူကို လွှတ်လိုက်တာ ကိုယ်ပဲ၊ ဒါပေမဲ့ ကိုယ် ဘယ်သူ့ကိုမှ အဲထဲ ယင်ချီ မထည့်ခိုင်းခဲ့ဘူး”

“ရှင်ငြင်းချင်သေးတယ်ပေါ့လေ ရှင့်ရဲ့ယုတ်မာကောက်ကျစ်တဲ့ ဇာမဏီတွေကလွဲ ကောင်းကင်လောကထဲ ဘယ်သူက တစ္ဆေအမတတွေနဲ့ အဆက်အဆံရှိလဲ”

“ကိုယ်…” ဖုန့်စန်းက တစ်စုံတစ်ရာကို ရှင်းပြချင်ဟန် ဖြူဖျော့သွားတယ်။

လုံကျန်းက နားမထောင်ချင်တာ အသိသာကြီး။ သူမပတ်လည်က လျှပ်စီးတွေက ပိုပြင်းထန်လာပြီးကောင်းကင်ကိုခွဲကာ ဖုန့်စန်းဆီ တန်းတန်းမတ်မတ်ဦးတည်တော့တယ်။

ဖုန့်စန်း ကပ်သီးလေး အလင်းတန်းကိုရှောင်လိုက်နိုင်တယ်။ သူ ကောင်းကင်ကမိုးကြိုးကို ကာပေးမဲ့ ထောက်တိုင်တစ်တိုင် ဖန်တီးလိုက်ရတယ်။

“ကျန်းအာ ကိုယ်ပြောတာနားထောင်ပါ၊ ကိုယ် မင်းကို ဘာလို့ ထိခိုက်အောင်လုပ်ရမှာလဲ”

“ပါးစပ်ပိတ်” လုံကျန်းက သူ့ကို ပိုပြီး အားပါးတရ ရှိသမျှထုတ်သုံးတိုက်ခိုက်တော့တယ်။

အစက ဖုန့်စန်း ပစ်ချက်တွေကို ရှောင်နိုင်တယ်။ နောက်ကျ ပိုပြင်းထန်လာတော့ သူ စပြီးအခက်တွေ့လာတယ်။ သူ ထိတော့မှာကိုမြင်တော့ သု့ပတ်လည်မှာ အကာအကွယ်အင်းကွက်တစ်ခု စီရင်လိုက်ပြီး တိုက်ခိုက်မှုတွေကို စုပ်ယူကာ တချို့ကတော့ ပြန်တွန်းကန်သွားတယ်။

လုံကျန်းက ပြန်ကန်ထွက်လာတဲ့မိုးကြိုးတွေကို အချိန်မီမရှောင်လိုက်ဘူး။

“ကျန်းအာ” ဖုန့်စန်းက အထိတ်တလန့်ဖြစ်သွားတယ်။ ဒီလိုဖြစ်မယ်လို့ မထင်မိခဲ့ဘူး။ သူ အထိတ်တလန့် ပျံသန်းသွားလိုက်တယ်။

လုံကျန်းက ပြန်ဆုတ်ပြီး မိုးကြိုးထိမှန်ခံလိုက်ရတဲ့ ခန္ဓာကိုယ်အပိုင်းကို ကိုင်အုပ်ထားလိုက်တယ်။ သူမ အံကြိတ်ပြီး လည်ချောင်းဝဆီ တက်လာတဲ့ သွေးကိုပြန်မျိုချလိုက်ရတယ်။ သူမ မျက်လုံးတွေက အမုန်းတရားနဲ့တောက်လောင်နေတယ်။ ရုတ်တရက် သူမ မိုးကြိုးတွေထပ်ဆင့်ခေါ်ပြီး ဖုန့်စန်းကို အတင်းနောက်ပြန်ဆုတ်စေလိုက်တယ်။ သူမအမူအရာက မာကြောနေပြီး မဲ့ပြုံးပြုံးလိုက်တယ်။

“အဲချိန်က… ရှင့်ကိုကျွန်မချစ်မိခဲ့တာ တကယ်ကန်းနေခဲ့တာပဲ”

ဖုန့်စန်းက ဟန်ချက်ပြန်ထိန်းနိုင်ရုံရှိသေး လုံကျန်း ခုလေးတင် ပြောသွားတဲ့စကားကို နားလည်အောင် လုပ်နေရတယ်။ သူ သူမဘက် အထိတ်တလန့် မျက်လုံးပြူးကာ လှည့်ကြည့်လိုက်မိတယ်။

“ကျန်းအာ၊ မင်းခုလေးတင်… ဘာပြောလိုက်တာလဲ”

“ရှင် ကတခြားဇာမဏီတွေနဲ့ ကွာခြားမယ်ထင်ခဲ့တာ၊ ရှင်က ပိုပြီးရွံဖို့ကောင်းမယ်လို့ တစ်ခါမှမတွေးမိခဲ့ဖူးဘူး၊ ရှင် ကျွန်မနဂါးကလေးကို အသိအမှတ်မပြုတာ ဘာမှမဖြစ်ဘူး – ရှင်က သူ့ကို သတ်ဖို့တောင်ကြိုးစားသေးတယ်”

“ဘာ” သူ ဘာပြောနေတာလဲ။

“ဖုန့်စန်း၊ ကျွန်မလုံကျန်း ဒီနေ့ ရှင်နဲ့ပတ်သက်မှုအားလုံးကို ဖျက်ပစ်မယ်”

သူမ စကားပြောပြီးပြီးချင်း နဂါးနီတစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်။ သူမပတ်လည်က မိုးကြိုးတွေလည်း နီရဲကုန်တယ်။ အနီရောင်လျှပ်စီးနဂါးက အောက်ကိုထိုးဆင်းလာတော့တယ်။

“ခဏ ကျန်းအာ…”

မိုးကြိုးသံတွေက သူမပတ်လည်မှာ မြည်ဟိန်းပြီး လုံကျန်းက မြေပြင်ဆီ အရှိန်မြှင့်လာတော့တယ်။ ရုတ်တရက် ကောင်းကင်တစ်ခုလုံး မိုးကြိုးနီနဲ့ ထိန်လင်းနေတယ်။

ပွဲကြည့်ပရိသတ် ရှန်းရင်နဲ့ ယိချင်း ။ ။ “…”

တစ်ခဏအကြာ…။

“စားဖိုမှူး” ရှန်းရင် ကိုယ်ကိုကိုင်းပြီး သူ့ပခုံးလေးကို နှစ်သိမ့်တဲ့အနေနဲ့ပုတ်ပေးလိုက်တယ်။

ကြည့်ရတာ… နင့်မှာ နောက်ထပ်အဖေရှိပုံပဲ”

ယိချင်း ။ ။ “…” ငါ-ိုး

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset