အခန်း ၆၁။ ဆရာက အနိုင်ကျင့်ခံရမှာမဟုတ်ဘူး
“ငါတို့ရောက်ပြီ” ရှန်းရင်က သူမရှေ့ကို လက်ညှိုးထိုးပြလိုက်တော့ စိတ်ရှုပ်ထွေးနေတဲ့ သူတွေက သတိဝင်လာရောပဲ။ သူမ လက်ညှိုးထိုးပြတဲ့ဖက်ကို သူတို့ကြည့်လိုက်တော့ နောက်ထပ် တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ထိတ်လန့်သွားတော့တယ်။
မိစ္ဆာဘုံထဲမှာ အမတဂိုဏ်းတစ်ဂိုဏ်း တကယ်ရှိမယ်လို့ သူတို့ တစ်ခါမှ မတွေးဖူးဘူး။ ဒါ့အပြင် မိစ္ဆာအငွေ့အသက်က ဂိုဏ်းထဲကို မဝင်ရောက်ရုံမကဘူး တောင်ထွတ်ပေါ်မှာရှိတဲ့ ခမ်းနားလှတဲ့ နန်းတော်ကြီးကလည်း မင်းဆွေမင်းမျိုးရဲ့ အဓိကအိမ်တော်တွေနဲ့ယှဉ်နိုင်တယ်။ ပြီးတော့ တောင်တက်လမ်းတောက်လျှောက် တောင်အနှံ့ဝိညာဉ်ဆေးပင်တွေစိုက်ထားတာကိုလည်း မမေ့ထားနဲ့ဦးလေ။ အနီးကပ်ကြည့်မိတော့ ကြုံရာကောက်နုတ်လိုက်တဲ့အပင်တစ်ပင်က အနည်းဆုံး အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်သောင်းလောက်တန်နေတာ။ ဒါ့အပြင် သူတို့က ပေါပေါများများစိုက်ထားတာ … ဒီလိုချဲ့ကားမှုမျိုးက မင်းဆွေမင်းမျိုး မိသားစုထဲမှာ မြင်တွေ့ရမှာတောင်မဟုတ်ဘူး။
လူတိုင်းက ပင့်သက်ရှိုက်သွားပြီး သူတို့အတွေးရထားတွေ ချက်ချင်းမောင်းနှင်ကုန်ရောပဲ … ဒီကိစ္စမျိုးက သာမန်အမတဂိုဏ်းအတွက် မဖြစ်နိုင်ဘူးလေ။
လျှို့ဝှက်အမတဂိုဏ်း … ဝူတိဂိုဏ်းက အင်မတန်အံ့ဩဖို့ကောင်းတဲ့ အမတလျှို့ဝှက်ဂိုဏ်းပဲ …
ယွီဟုန်က စိတ်လှုပ်ရှားသွားတယ်။ ဒါပေမဲ့ သူမစိတ်ထဲမှာနည်းနည်းစိုးရိမ်မှုတော့ရှိနေတယ်။ ဒီလိုဂိုဏ်းကြီးတစ်ဂိုဏ်းက သူမအဖွဲ့ထဲက လူတွေအားလုံးရဲ့ ဘေးကင်းမှုကို ကာကွယ်ပေးနိုင်တာကြောင့် ပျော်ရွှင်သွားပေမဲ့ ဂိုဏ်းထဲက တစ်ယောက်ယောက်က သူတို့ အထောက်အထားကို ရှာတွေ့သွားရင် ရလဒ်တစ်ခုခုဖြစ်မှာကို စိုးရိမ်နေမိတယ်။
“အမဟုန်” လူတိုင်းက အတွေးတူနေကြတော့ သူမနာမည်ကို စိုးရိမ်ပူပန်စွာ မခေါ်ဘဲမနေနိုင်ကြတော့ဘူး။
ယွီဟုန်က သူမဘေးကလူရဲ့လက်ကို ဆုပ်ကိုင်ထားပြီး ဖျစ်ညစ်ရင်း ခေါင်းခါပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ်။ “ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်တာပေါ့”
အားလုံးက စိုးရိမ်ပူပန်နေပြီး ရှန်းရင်နဲ့ မုန်လာဥနောက်လိုက်လာပြီး အသုံးအဆောင်ကို ဆက်စီးတယ်။ သူတို့တွေက ခန်းမကျယ်ကြီးတွေကို ဖြတ်ကျော်ပြီးနောက် ခန်းမနောက်ကို ရောက်သွားရောပဲ။ ခြံဝန်းတွေကိုဖြတ်ကျော်ပြီးတော့ အိပ်ရာနားမှာ ရပ်တန့်လိုက်တယ်။
ပြီးတော့ သူမလှဲချလိုက်ရောပဲ။
-_-|||
သူမက ခြေလက်လေးဖက်လုံးဖြန့်ကားပြီးတော့ အိပ်ရာပေါ်လှဲလိုက်တာ ဘာမှဟန်ဆောင်ပန်ဆောင် ရှိမနေဘူး။ သိပ်ပင်ပန်းတာပဲ။
သူမက တစ်ခွန်းပြောပြီး မျက်လုံးတွေက ထိန်းမရတော့ဘဲ ပိတ်ကျသွားတယ်။ မုန်လာဥလို့ အမည်ရတဲ့အမျိုးသားကတောင် ဒီလိုမြင်ကွင်းက သဘာဝပဲဆိုတဲ့ပုံစံနဲ့ကြည့်ပြီး တွင်းတစ်တွင်း တူးပြီးတော့ အလေ့အကျင့်တိုင်းထိုင်နေလိုက်တယ်။ သူလည်း အိပ်တော့မဲ့ ပုံပဲ။
လူအုပ်ကြီး “…”
ဒါက ဘာအဓိပ္ပာယ်လည်း …. သူတို့တွေက ဘာကြောင့်များ ရုတ်တရက်ကြီး သူတို့အကြောင်း ဂရုမစိုက်တော့တာလည်း။ တပည့်သစ်တွေကို စစချင်းအကွက်ဆင်တဲ့ပုံစံမျိုးလား ဒါမှမဟုတ် ဝင်ခွင့်စစ်တဲ့ပုံစံမျိုးလား။
သူတို့အဖွဲ့လေးက ခဏ စောင့်နေပေမဲ့ ရှန်းရင်နဲ့မုန်လာဥလေးက လှုပ်ရှားမဲ့ပုံမပေါ်ဘူး။ ယွီဟုန်က ရွေးချယ်စရာ မရှိတော့ဘဲ ရှေ့ထွက်ပြီးပြောလိုက်တော့တယ်။ “အမတသခင် … ဂိုဏ်းချုပ်”
“အမ်း …” ရှန်းရင်က နောက်ဆုံးတော့ လှုပ်ရှားလာပြီးတော့ သူတို့အကြောင်းအခုမှ သတိရသွားတဲ့ပုံနဲ့ ခေါင်းလေးစောင်းကြည့်လာတယ်။
“ဪ … နင်တို့တွေလည်း နင်တို့ဖာသာ သက်သာသလိုနေကြလေ”
“…” ဒါဘာကိုဆိုလိုတာလဲ။
“ဂိုဏ်းချုပ် … ကျွန်မတို့တွေ စာရင်းသွင်းတာ ဘာညာ တစ်ခုခုလုပ်ဖို့မလိုဘူးလား”
“အင်း နင်တို့ အဲ့ဒီအကြောင်း ဖေဖေနျိုကို မေးရမယ်” သူကပဲ လူသစ်စုဆောင်းရေးအစီအစဉ်ကို ရေးတဲ့သူလေ။
“မလောနဲ့ … သူပြန်လာတော့မှ ဒီအကြောင်းပြောဖို့စောင့်ကြတာပေါ့”
“ဒါက ဂိုဏ်းချုပ်က ဂိုဏ်းထဲမှရှိတဲ့ကျန်တဲ့သူတွေနဲ့ တွေ့ဖို့ ခေါ်သွားပေးဖို့မလိုဘူးလား … ကျွန်မတို့တွေ ဂိုဏ်းထဲဝင်ကာစဆိုတော့ အကြီးတွေကို ရန်စမိမှာစိုးလို့”
“ဂိုဏ်းထဲက ကျန်တဲ့သူတွေလား … နင် သူတို့ကိုတွေ့ပြီးပြီမဟုတ်ဘူးလား”
“တွေ့ပြီးတာလား” လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဆွံ့အနေကြတယ်။
“ဘာကိုများဆိုလိုတာလဲ … ဂိုဏ်းချုပ်” ဘယ်အချိန်တုန်းက သူတို့ကိုတွေ့လိုက်လို့လဲ။
“ခုနတုန်းက လမ်းပေါ်မှာလေ … စားဖိုမှူး၊ ဖေဖေနျိုနဲ့ငါလေ” ရှန်းရင်က သူမကိုယ်သူမ လက်ညှိုးထိုးပြီးပြောလိုက်တယ်။ “ဂိုဏ်းထဲက ကျန်တဲ့သူတွေလေ”
“တပည့်ဆိုလိုတာက ကျန်တဲ့ဂိုဏ်းသားတွေကိုပါ”
”မရှိတော့ဘူးမလား … မုန်လာဥက ခေါင်းတဝက်စာပဲ ထည့်တွက်လို့ရတာလေ”
လူအုပ်ကြီး “…”
ထူးထူးဆန်းဆန်း နာမည်တွေကို ဘေးချိတ်ထားလိုက်ဦး … ဒါက ဘာလဲ။
ဒီလိုဂိုဏ်းကြီးတစ်ဂိုဏ်းမှာ လူလေးယောက်ပဲရှိတယ်လို့ပြောဖို့ကြိုးစားနေတာလား။ ဘယ်သူ့ကို လိမ်ဖို့ ကြိုးစားနေတာလဲ။
(╯‵□′)╯(┻━┻
“ငါတို့က လူစုဆောင်းခါစ ဒီတော့ လူများများစားစားမရှိသေးဘူး” ရှန်းရင်က စဉ်းစားပြီးတော့ ရှင်းပြလိုက်တယ်။
“အင်း နောင်ကျပိုများလာမှာပဲ”
“…”
ယွီဟုန်က မျက်နှာမဲ့ကျသွားပြီးတော့ အားကိုးရပုံ မပေါ်တဲ့ဂိုဏ်းချုပ်ကို ကြည့်လိုက်တယ်။ ပြီးတော့ သူမအဆင်ခြင်မဲ့ မလှုပ်ရှားမိဖို့ သူမကိုယ်သူမထိန်းလိုက်ရင်း မေးလိုက်တယ်။
“ဒီလိုဆိုမှတော့ အခု ကျွန်မတို့တွေ ဒီဂိုဏ်းကိုဝင်ပြီဆိုမှတော့ ဂိုဏ်းချုပ်က ရှေ့ဆက်ကိစ္စတွေအတွက် ကူညီပေးဖို့မျှော်လင့်ပါတယ်”
“စီမံပေးဖို့လား” ရှန်းရင်က နောက်ဆုံးတော့တွေးမိသွားတယ်။ သူမ သူတို့ကို ဒီအတိုင်း ရပ်မနေခိုင်းသင့်ဘူးလေ။ သူမထထိုင်လိုက်တယ်။ ပြီးတော့ ခန်းမကျယ်ကြီးကို လက်ညှိုးထိုးပြလိုက်တယ်။
“နင်တို့တွေ အခန်းတစ်ခန်းရှာပြီး အရင်ဆုံးအခြေချရင်ကောဘယ်လိုလဲ။ စီမံမှုအတွက် ဖေဖေနျို ပြန်လာတာကို စောင့်နေလိုက်။ ဒီနေရာက အတော်ကြီးတယ် ဘယ်နေရာနေနေအဆင်ပြေတယ်”
ယွီဟုန်ရဲ့နှလုံးသားက တင်းကြပ်သွားပြီးတော့တွေးမိလိုက်တယ်။ သူတို့စမ်းအသပ်ခံနေရတာလား … ဒီလိုအမတဂိုဏ်းကြီးက တပည့်တွေကို ဘယ်လိုလုပ်ကြိုက်ရာနေရာနေခွင့်ပေးရတာလဲ။ ဂိုဏ်းချုပ်က သူတို့ကိုသံသယဖြစ်နေပြီလား။
သူမအမူအရာကပြောင်းလဲသွားပြီးနောက် မကြာခင်မှာပဲ မူလအတိုင်းပြန်ဖြစ်သွားတယ်။ အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် တလေးတစားနဲ့ အရိုအသေပေးလိုက်တယ်။
“ဂိုဏ်းချုပ် … ကျွန်မတို့တွေက အရင်တုန်းက အမတဂိုဏ်းကိုမဝင်ဖူးပေမဲ့ ဂိုဏ်းရဲ့စည်းမျဉ်းတွေကို ကြားဖူးပါတယ်။ စည်းမကျော်ရဲပါဘူး။ ကျွန်မတို့တွေအားလုံးက ထာဝရရှင်သန်မှုနောက်လိုက်ပြီး တာအိုကိုကျင့်ကြံနေကြတာပါ။ ဒီတော့ ကျွန်မတို့ကိုလက်ခံဖို့ စိန်ခေါ်မှုက ဘယ်လိုပဲဖြစ်ဖြစ် စိတ်ပျက်အားလျော့သွားမှာမဟုတ်ပါဘူး။ ဂိုဏ်းချုပ် ကျေးဇူးပြုပြီး ညွှန်ပြပေးပါ။ ကျွန်မတို့တွေအားလုံးကိုပြီးမြောက်အောင်ဆောင်ရွက်ပါ့မယ်”
“အမ်း…”
ယွီဟုန်နောက်က မိန်းကလေးတွေကလည်း ဒူးထောက်ချပြီးတညီတညွတ်ပြောလိုက်တယ်။
“ဂိုဏ်းချုပ်ရဲ့ အမိန့်ကိုစောင့်နေပါတယ်”
သူတို့တွေဘာကြောင့် ဒါမျိုးလုပ်နေရတာလဲ … ဒီနေ့ အလုပ်လုပ်ရမဲ့ရက်မဟုတ်ဘူးလေ။ သူတို့တွေက တကယ်ကြီးအလုပ်လုပ်ချင်နေကြတာလား။
“နင်တို့တွေက တကယ်အိမ်ထဲမှာအနားမယူချင်ကြဘူးလား”
“မလိုအပ်ပါဘူး”
“သေချာလား”
“သေချာပါတယ်”
“ဒါဆိုဟုတ်ပြီလေ…” ရှန်းရင်က သက်ပြင်းချပြီးနောက် ယွီဟုန်ရှေ့မှာ ဆောင့်ကြောင့်ထိုင်ချရင်း စိတ်အားထက်သန်စွာ ပြောလိုက်တော့တယ်။
“ဒါဆိုရင် နင်တို့တွေ ဘယ်လို ချက်ပြုတ်ရမလဲဆိုတာသိလား”
လူအုပ်ကြီး “…”
နောက်တော့ ကူယွဲ့နဲ့ယိချင်း ပြန်ရောက်လာတဲ့အချိန်မှာ မိန်းကလေး ခုနစ်ယောက်ရှစ်ယောက်က မီးဖိုချောင်ထဲ တိုးကြိတ်နေပြီး အတူချက်ပြုတ်ဖို့ ကြိုးစားနေတာကိုတွေ့လိုက်ရတာပဲ။
“…”
ကူယွဲ့ရဲ့ပါးစပ်က မဲ့ရွဲ့နေကောပဲ … အချိန်ကြာတဲ့အထိမတုန့်ပြန်နိုင်ဘူးလေ။ ဒီလောက် စည်ကားသိုက်မြိုက်နေတာကြောင့်မ ဟုတ်ဘူး။ အဲ့တာက ပြန်လည်ဆုံဆည်းရေး ညစာစားပွဲတစ်ခုနဲ့တူနေတယ်။
သူနှစ်နာရီလေးပဲ နောက်ကျပြီးတော့လာတာမဟုတ်လား။ ဒီနှစ်နာရီအတွင်းဘာဖြစ်သွားတာလဲ။ တပည့်သစ်တွေအားလုံးက ဘာကြောင့် မျက်တောင်တစ်ခတ်အတွင်း စားဖိုမှူးအသစ်တွေအဖြစ် ပြောင်းလဲသွားရတာလဲ။
ဒါက အမတကျင့်ကြံရေးဂိုဏ်းလေ … အမတကျင့်ကြံခြင်းစားသောက်ဆိုင်မဟုတ်ဘူး။
(╯‵□′)╯(┻━┻
“ဂိုဏ်းချုပ် … ဒီပဲဟင်းချိုလေးမြည်းကြည့်ပါဦး။ အကြိုက်တွေ့မလားလို့” ယွီဟုန်က “ဒီတိုဟူးချိုလေးမြည်းကြည့်ပါဦး။ အကြိုက်တွေ့မလားလို့” ယွီဟုန်က ပြုံးပြီးတော့ တိုဟူးပန်းကန်ကို ပေးလိုက်တယ်။
“နေဦး” ရှန်းရင်က မြည်းတော့မဲ့အချိန်မှာပဲ ယိချင်းက ဒေါသတကြီးနဲ့ ခြေလှမ်းကျဲကြီးတွေ လှမ်းလာတယ်။
ကူယွဲ့ကနောက်ဆုံးတော့ ကြောင်အနေရာကနေ ပြန်ပြီးသတိပြန်ဝင်လာပြီ။ သူက ဒေါသတကြီးနဲ့ အမြန်လိုက်လာတယ်။
“ဟုတ်တယ် ယိချင်း … မင်းရဲ့ဆရာအဓိပ္ပာယ်မရှိလုပ်နေတာတွေကို သတိပေးလိုက်ဦး”
“ဆရာ…” ယိချင်းရဲ့မျက်နှာက အိုးဖင်လိုမည်းနက်နေကောပဲ။ သူက ယိချင်းဆီပန်းကန်ကိုယူပြီးတော့ တင်းမာစွာပြောလိုက်တယ်။
“ဆရာက တိုဟူးမှမစားတာ”
ယွီဟုန် “…”
ကူယွဲ့ “…”
လူအုပ်ကြီး “…”
“ဟမ် …”
Σ(°△°|||)
”မင်းတို့လူသစ်လေးတွေ ဒါကိုချိုအောင်ဘယ်လိုလုပ်နိုင်ရတာလဲ။ တိုဟူးက ငန်ငန်လေးစားရမှာပေါ့”
သူက တစ်ဖက်လူကို အေးတိအေးစက်ကကြည့်လိုက်တယ်။ ယိချင်းက တစ်ဖက်လူကို ဒေါသထွက်ခဲတဲ့သူပဲ။ ဒါတောင်သူက နှံ့ခေါင်းရှုံ့ပြီးတော့ … “မင်းတို့တွေက ဆရာ့အကြိုက်တောင် မသိဘဲနဲ့ သာမန်ကာလျှံကာချက်ပြုတ်ရဲတယ်ပေါ့။ ဆရာ… ကျေးဇူးပြုပြီး ခဏစောင့်ပါ။ အခုချက်ချင်း အငံတစ်ခွက်ချက်ပေးပါမယ်”
“အမ်း … တကယ်တော့ ချိုတာကလည်း “အဆင်ပြေပါတယ်” သူမက တစ်ခုတည်း ကြိုက်တာမှ မဟုတ်တာ။
“စိတ်ချထားပါဆရာ … မြန်မြန်လေးလုပ်ပေးပါ့မယ်” ယိချင်းက နောက်တစ်ခွန်း ထပ်ပြောလိုက်တယ်။ ပြီးတော့တစ်ချိန်ထဲမှာပဲ စားပွဲပေါ်မှာရှိနေတဲ့ ပစ္စည်းတွေကို တစ်ချက် ကြည့်လိုက်တယ်။ အားလုံးကိုကြည့်ပြီးတော့ အမူအရာကပြောလျော့ပြီး ထပ်ပြီးရှုတ်ချပြီး ပြောလိုက်တော့တယ်။ “ဟန့် … မင်းက တမလွန်က…”
“စားဖိုမှုူး ငါထင်တာက …”
“ဆရာ … ဒီဝက်စာတွေကို ဆရာ့ရဲ့ မြင့်မြတ်တဲ့ခန္ဓာထဲဝင်ဖို့အခွင့်မပေးပါနဲ့” ကျွန်တော်ဆရာ့အတွက် အခုချက်ချင်း အသစ်ချက်ပေးပါ့မယ်”
“မလိုဘူးမလား”
“မရဘူး။ လဲရမယ်”
“ဒါပေမဲ့ ဒါတွေက ချက်ပြီးသွားပြီလေ”
“ဆရာ” သူက အသံကျယ်မိသွားကောပဲ။
“အား … ဟုတ်ပြီလေ။ နင်ပျော်နေသရွေ့ပေါ့” စားဖိုမှူးက ဒီနေ့နည်းနည်းလေး ခက်ထန်နေတယ်လို့ သူမ ရုတ်တရက်ကြီး ခံစားမိလိုက်တယ်။
(⊙_⊙)
ယိချင်းက မီးဖိုချောင်ထဲကလူအားလုံးကို တစ်ချက်ကြည့်လိုက်တယ်။ ဒါတောင်မှ အကြည့်တစ်ချက်ကပင် သူတို့အားလုံးကို အေးစိမ့်မှုတွေခံစားရစေပြီးခြံဝန်းတစ်ခုလုံးရဲ့အပူချိန်က ဒီဂရီပေါင်းများစွာကို ကျသွားတာကို အာရုံခံမိလိုက်တယ်။
“ထွက်သွားကြ … ဒီအဆင့်နဲ့မင်းတို့အားလုံး ငါ့ရဲ့မီးဖိုချောင်ထဲ ဝင်ဖို့မမှီဘူး” အဲ့ဒီလို ပြောလိုက်ပြီးတော့ ဓားချီတစွန်းတစတောင်ပါဝင်နေတဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း ကျင့်ကြံသူတစ်ယောက်ရဲ့ ဖိနှိပ်ထားတဲ့ အရှိန်အဝါတွေက ပေါက်ကွဲလာတော့တယ်။ ပြီးတော့ မိန်းကလေးတွေအားလုံးကို မီးဖိုချောင်ထဲကနေ ထွက်ပြေးသွားစေအောင် ခြောက်လှန့်လိုက်တော့တယ်။
“ဆရာ ကျေးဇူးပြုပြီးစောင့်ပါ” သူက သွက်သွက်လေးဝင်သွားတယ်။ သူက ဓားချီကိုတောင်သုံးပြီး စားပွဲပေါ်မှာရှိတဲ့ ဟင်းလျာတွေအားလုံးကို ဖျက်ဆီးပစ်လိုက်တယ်။
“ခွေးမတွေ … ငါ့ဆရာကို ခိုးယူဖို့ကြိုးစားနေကြပြီ။
ကူယွဲ့ “သောက်ငတုံးကောင်”
ကူယွဲ့ကလည်း ရုတ်တရက်ကြီး သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖြေရှင်းချင်စိတ် ပေါ်လာတော့တာပဲ။
…