အခန်း ၂၅၂ ။ အားလုံးစုဝေး
“ဖုန့်… စန်း”
“ကျန်းအာ ကိုယ့်ကိုနားထောင်ပါ အဲလိုမျိုးမဟုတ်… အာ့ယား နာတယ် နာတယ်… ကလေးလေး”
ရုတ်တရက် ခန်းမဆောင်ထဲ ကြောက်ခမန်းလိလိ အော်ဟစ်သံတွေ ထွက်ပေါ်လာတော့တယ်။
ထောင့်တစ်နေရာမှာ တည်တည်ငြိမ်ငြိမ် လက်ဖက်ရည်သောက်နေတဲ့ ဆရာတပည့်နှစ်ယောက်…။
“ဆရာ”
“အေး”
“ကျွန်တော်တို့ သူတို့နှစ်ယောက်ကို တားသင့်လား”
“လိုတယ်မထင်ဘူး” ရှန်းရင်က မိသားစုဒရမ်မာကောင်းကောင်းမကြည့်ရတာ တော်တော်ကြာသွားပြီ။ ဒါက တစ်မူထူးခြားသစ်လွင်နေတာ။
“သူတို့တွေ အိမ်ကိုဖြိုမချသေးပါဘူး၊ အလျင်မလိုနဲ့ အလျင်မလိုနဲ့”
“ဟုတ်ကဲ့ ဆရာ ပြဿနာမရှိပါဘူးဆရာ”
“အာ နင် အရွက်လှီးဓားကိုသွေးပြီးပြီလား”
“နင် အရင်သွေးသင့်တယ်၊ နင်နားလည်ဖို့အတွက်ဆို သူတို့ ဒါကို မကြာခင်လိုလာနိုင်တယ်”
ဒီချစ်စရာလူနှစ်ယောက်ကို မတော်တဆ ဖျက်ဆီးမိမှာ စိုးရိမ်ရတာပဲ။
“…”
တစ်နာရီအကြာမှာတော့ နှစ်ယောက်သား နောက်ဆုံး ရန်ဖြစ်တာ ရပ်သွားကြပြီ။
ဖြစ်နိုင်တာက သူမှားတာသိလို့ထင် ဖုန့်စန်းက လိုလိုလားလားနဲ့ လုံကျန်းရဲ့ လက်ဝှေ့အိတ် လုပ်ပေးရှာတယ်။ လုံကျန်း သူ့ကို ဘာလုပ်လုပ် ပြန်တိုက်ခိုက်မဲ့ရည်ရွယ်ချက် မပြဘူး။ လုံကျန်းက ဒါကြောင့် တစ်ဖက်သတ်တိုက်ပွဲ ဆင်နွှဲနေရတာပေါ့။ ဖြစ်နိုင်တာက သူတို့အကောင်းဆုံးသိုင်းတွေကို သုံးဖို့ မေ့သွားလို့ထင်။ စားပွဲတွေထိုင်ခုံတွေ အားလုံး အပိုင်းပိုင်း ပျက်စီးကုန်တာတောင် အိမ်ကတော့ မားမားမတ်မတ် ရပ်နေတုန်းပဲ။ တစ်ခုတည်းသော ကျန်ရစ်တဲ့စားပွဲက ရှန်းရင်ထိုင်နေတဲ့ တစ်ခု၊ ဒါတောင် ယိချင်းက ကာကွယ်ပေးဖို့ အင်းကွက်တစ်ခု ချထားခဲ့လို့ပဲ။
ဖုန့်စန်းက ခုတော့ မမှတ်မိနိုင်လောက်အောင်ဖြစ်နေပြီ။ သူ့ဆွဲဆောင်မှုရှိပြီး ချောမွတ်တဲ့ မျက်နှာက ခုတော့ မမှတ်မိနိုင်လောက်အောင် ယောင်ကိုင်းနေတယ်။ သူက လုံကျန်းဘက် ခပ်ယဲ့ယဲ့ မျက်နှာချင်းဆိုင်ပြီး ရှင်းပြဖို့ကြိုးစားနေသေးတယ်။
“ကျန်းအာ မင်းထင်သလိုမဟုတ်ပါဘူး”
“ထွက်သွား” လုံကျန်း သူမဒေါသကို မထိန်းနိုင်ဘူး။ နောက်တစ်ကြိမ် သူ့ကိုထပ်ကန်လိုက်တယ်။
“ကောင်းကင်လောကကလူတိုင်း ဖုန့်စန်းရှန်းကျွင်းဆိုတဲ့ ရှင်က မြှာပွေတဲ့သူဆိုတာ သိကြတယ်၊ ရှင့်နောက်ခြံဝန်းမှာ ရှင့်အာရုံစိုက်မှုအတွက် တိုင်ခိုက်နေကြတဲ့ အမျိုးသမီးကောင်းကင်မျိုးနွယ်ဝင်တွေ အများကြီးလေ၊ တစ်ယောက်ချင်းစီက ယှဉ်မရနိုင်အောင် လှတာ” သူမ သူ့လှည့်ကွက်ထဲ ကျမိခဲ့တာ ရူးနေလို့ပဲ။
“ကျန်းအာ ကိုယ့်ကိုယုံပါ၊ ဒါက အထင်လွဲမှုပဲ၊ ကိုယ် သူတို့ကိုတစ်ခါမှမထိခဲ့ဖူးပါဘူး”
“ဟမ့်၊ ရှင်က ပွေရှုပ်တဲ့လူဆိုတာ ကျွန်မကမပြောနိုင်လို့လား”
လုံကျန်းရဲ့အကြည့်က ကြက်သီးထဖို့ကောင်းစွာနဲ့ သူမကိုဆက်လိမ်ရဲလားဆိုပြီး စိန်ခေါ်နေတဲ့ဟန်။
“အော်ဟုတ်သား၊ ရှင့်ရဲ့ အမျိုးသမီးအသစ်က ရောက်နေပြီမဟုတ်လား၊ သူ ဘာလို့မဝင်လာတာလဲ၊ ကျွန်မ ရှင်တို့လက်ထပ်ပွဲကို ဂုဏ်ပြုဖို့ အချိန်ကွက်တိရောက်နေတာကို”
ဖုန့်စန်း တစ်ခုခုပြောဖို့ကြိုးစားလိုက်ပေမဲ့ လုံကျန်းက တစ်ဖက်လှည့်ကာ ခန်းမထဲကနေ ဒေါသတကြီး ထွက်သွားတယ်။ တစ်ခဏနေတော့ သူမက လူတစ်ယောက်ကို ခန်းမထဲ ဆွဲခေါ်လာတယ်။ အဲလူက အနီရောင်သတို့သမီးဝတ်စုံဝတ်ထားတယ်။ သူမမျက်နှာက ပုဝါအုပ်ထားပြီး လုံကျန်းထက် နည်းနည်းလေး အရပ်ပိုမြင့်နေတယ်။
“ကျန်းအာ…” ဖုန့်စန်း ယောင်ကိုင်းနေတဲ့ခေါင်းကို ကိုင်ထားရင်း ဖြည်းဖြည်းချင်း ထရပ်လိုက်တယ်။
“ကိုယ်ပြောတာနားထောင်ပါ”
“သူ့ကို ဒီလွှတ်လိုက်တဲ့သူကပြောတယ်၊ သူမက တကယ့်ကို အလှပိုင်ရှင်တဲ့” လုံကျန်းက ပြုံးလိုက်တယ်။
“ကျွန်မတောင် သူ့ရုပ်ရည်လှလှလေးကို မနာလိုဖြစ်မိတော့မယ်၊ ကျွန်မတစ်ချက်လေးကြည့်ရုံနဲ့ ရှင်စိတ်မကွက်ဘူးလို့ ယုံတယ်”
သူမက စကားပြောပြီးတာနဲ့ အမျိုးသမီးရဲ့ ပုဝါကို လှစ်ဟလိုက်တော့ အတော်လေးလှပတဲ့ မျက်နှာပေါ်လာလေတယ်။ သူမက အမှန်ကိုပဲ လှပသိမ်မွေ့တယ်။ သူမမျက်ခုံးတွေက အတော်လေးကိုပုံစံကျပြီး နီစွေးစွေးနှုတ်ခမ်းရှိတယ်။ သူမမျက်ဝန်းတွေကလည်း ကြီးလွန်းတာမို့ ကပြားနဲ့လည်း နည်းနည်းတူတယ်။ သူမက ဘယ်သူ့ရဲ့အကြည့်ကိုမဆို ဖမ်းစားနိုင်မှာပဲ – သူမမျက်နှာက တကယ်ကို တောက်ပနေတာ။ တကယ်တော့ သူမကိုကြည့်ရတာ… အတော်လေးရင်းနှီးနေသလိုပဲ။
ဖွီ…။
လက်ဖက်ရည် သောက်နေကျတဲ့ ဆရာတပည့်နှစ်ယောက် ခုလေးတင် သောက်နေတဲ့ လက်ဖက်ရည်ကိုထွေးထုတ်မိသွားတော့တယ်။
ဟိုလီရှစ် ဒါမဟုတ်မှလွဲရော။
“တကယ့်ကို သူမတူဘူးပဲ” လုံကျန်း သူမဘေးကလူနှစ်ယောက်ကို ကြည့်ပြီး နှလုံးသား အေးခဲသွားခဲ့တယ်။ သူမက ဖုန့်စန်းလက်ထဲ သတို့သမီးခေါင်းဆောင်းကို ချက်ချင်း ထိုးထည့်ပေးလိုက်တယ်။
“အင်း ကျွန်မဆုတောင်းပေးတယ်၊ ရှင်တို့နှစ်ယောက်လုံး… အာ… နင်…”
သူမစကားမဆုံးခင် တစ်ခုခုကို သိရှိသွားသလိုမျိုး မျက်လုံးပြူးသွားတယ်။
ဘေးမှာ တိတ်တဆိတ်ရပ်နေခဲ့တဲ့ သတို့သမီးက ရုတ်တရက် လုံကျန်းကို တစ်ဖက်ဆွဲလှည့်ပြီး သူမအမတဓားကို ဆွဲထုတ်ကာ လည်ပင်းဆီထောက်တော့တယ်။ သူတို့နှစ်ယောက်အောက် အင်းကွက်တစ်ခုပေါ်လာတယ်။
“မလှုပ်နဲ့၊ မင်းတို့မသေချင်ရင် ငါ့ကို ဒီအစုတ်ပလုတ်နေရာကနေ ထုတ်ပေးကြစမ်း”
“ကျန်းအာ” ဖုန့်စန်းက အထိတ်တလန့်ရေရွတ်ပြီး သူ့အမူအရာမည်းမှောင်သွားတော့တယ်။
“တကယ်လို့ မင်း သူ့ကိုထိခိုက်အောင်လုပ်ရဲရင် ငါမင်းကိုသတ်ပစ်မယ်”
သတို့သမီးလက်ဖဝါးကနေ ချီမည်းတစ်လုံး ထွက်လာတယ်။
“တကယ်လို့ မင်းတို့ သူ့ကိုမသေစေချင်ရင် နောက်ဆုတ်နေကြ”
“ဒါ… ယင်ချီလား၊ မင်းဘယ်သူလဲ၊ ဘာလိုချင်လို့လဲ”
ဒီလူက တစ္ဆေအမတလား။
ဖုန့်စန်း လက်ကိုရုတ်ပြီး ဓားစာခံကို စိုးရိမ်တကြီးကြည့်လိုက်တယ်။
“ကျန်းအာ မကြောက်နဲ့နော်၊ ကိုယ်မင်းကိုကယ်မယ်”
“ဘယ်သူက ရှင့်အကူအညီလိုလို့လဲ” လုံကျန်းကြည့်ရတာ လုံးဝအမျက်ထွက်နေတဲ့ပုံ။ တုံ့ဆိုင်းမှုမရှိ မလှုပ်မယှက်ထိန်းချုပ်ထားမှုနေ ဖောက်ထွက်လိုက်တယ်။ ခန္ဓာကိုယ်က မိုးကြိုးတွေနဲ့ ဖြတ်ခနဲ အရောင်လက်သွားပြီး သူမနောက်ကလူကို တိုက်ရိုက်တိုက်ခိုက်တော့တယ်။
သတို့သမီးက ဒါအတွက် အသင့်မပြင်ထားမိဘူး။ သူမ အရှိန်ကြောင့် နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရပြီး လက်ထဲက ယင်ချီက ယာယီ လွင့်ပျယ်သွားခဲ့တယ်။
နှစ်ယောက်သား မှင်တက်သွားကြတယ်။ အဲဒါ ယင်ချီမဟုတ်ဘူး။
သတို့သမီးက ချက်ချင်း တစ်ဖက်လှည့်ပြီး ပင်မခန်းဆောင်ကနေ ပြေးထွက်ဖို့ကြိုးစားတော့တယ်။
“မင်းဘယ်သွားမယ် စဉ်းစားနေတာလဲ” ဖုန့်စန်းက နှာမှုတ်တယ်။ ချက်ချင်းပဲ အင်းကွက်တစ်ခု တံခါးဝမှာလင်းလာပြီး ကာဆီးထားတော့တယ်။ သူက လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ဇာမဏီအစစ် မီးတောက်ကို ဆင့်ခေါ်ကာ ရှိသမျှအားနဲ့ သတို့သမီးဆီ ပစ်လိုက်တယ်။
မီးလုံးက နီးသထက်နီးလာပြီး သတို့သမီးကို ထိမှန်ခါနီးဆဲဆဲ။ ရုတ်တရက် လူတစ်ယောက်က တံခါးဝရှေ့ ပေါ်လာတယ်။ သူမက လက်ကိုမြှောက်ပြီး မီးလုံးကိုဖမ်းလိုက်တယ်။ သူမ လက်သီးဆုပ်လိုက်တော့ မီးလုံးက “ရှူး” ခနဲအသံနဲ့ ပျောက်သွားတော့တယ်။
ဖုန့်စန်း ။ ။ “…”
ရှန်းရင်က သတို့သမီးကို လှည့်ကြည့်ကာ နှုတ်ဆက်တဲ့အနေနဲ့ လက်မြှောက်ပြလိုက်တယ်။
“ဟေး ဖေဖေနျို”
အသက်ဘေးကကပ်သီးလေး လွတ်သွားတဲ့ ကုယွဲ့က မြေကြီးမှာ တောင့်ခဲနေတဲ့ပုံမျိုးဖြစ်နေလေရဲ့။
တစ်ခဏအကြာ…။
ဟိန်းဟောက်သံကျယ်ကြီးက ခန်းမတစ်ခုလုံးကို ပြည့်သွားခဲ့တော့တယ်။
“မင်းဖင်ကိုဟေး” သူက ဓားစောင်းနဲ့ ရှန်းရင်ရဲ့ခေါင်းကို ရိုက်လိုက်တယ်။
“သောက်ကျိုးနည်း မင်းဘယ်ရောက်နေတာတုံး”
“အို့အို့အို့…” ရှန်းရင် သူမခေါင်းကို အလိုလိုပွတ်လိုက်မိတယ်။
“ငါနင့်ကိုရှာဖို့ ဒီရောက်လာခဲ့တာပဲမဟုတ်လား”
“ငါ့ဖင်ကိုရှာ ငါကန်းနေတယ်များ ထင်နေလား၊ မင်း ငါနဲ့ ကြုံကြိုက်မိသွားရုံပဲမဟုတ်လား၊ အဲလိုပဲဖြစ်ရမယ်”
“ဒီအသေးအဖွဲလေးတွေကို အာရုံစိုက်မနေစမ်းပါနဲ့”
“ဒါသောက်ကျိုးနည်း အသေးအဖွဲလေးလား၊ ငါအကင်ခံရတော့မလို့”
“ဆရာ့ကို အပြစ်မတင်ပါနဲ့” ယိချင်းက ရှန်းရင်ဘက်ကနေ ခုခံပေးဖို့ ဝင်ပြောလိုက်တယ်။ သူ သူနဲ့ကူယွဲ့ကြားက အရပ်ကွာခြားမှုကြောင့် ကူကယ်ရာမဲ့ခံစားရတော့တယ်။ သူ့အရွယ်အစားကြောင့် ကူယွဲ့ စိတ်ငြိမ်အောင် ဘာမှလုပ်လို့မရဘူး။
“ကျွန်တော်တို့သုံးယောက် လူကွဲသွားတာလေ၊ ဆရာက ကျွန်တော်တို့နှစ်ယောက်ကို ရှာတွေ့နိုင်တာနဲ့တင် အံ့အားသင့်ဖွယ် ဖြစ်နေပြီ”
ကူယွဲ့ ငုံ့ကြည့်ကာ တုံ့ဆိုင်းသွားတယ်။
“ဒီအရှုပ်ထုတ်လေးက… ဘယ်သူလဲ”
ယိချင်း ။ ။ “…”
ရှန်းရင် ။ ။ “…”
——————
တစ်နာရီအကြာ။
“တခြားနည်းနဲ့ ပြောရရင်တော့ မင်းက နဂိုက နဂါး၊ အဲဒါကြောင့် မင်း ကောင်းကင်ဘုံကို ရောက်ရောက်ချင်း မင်းမူလကိုယ်ထဲ ပြန်ဆင့်ခေါ်ခံလိုက်ရတယ်ပေါ့”
ဇာတ်လမ်းတစ်ပုဒ်လုံးကို နားထောင်ပြီးတဲ့ကူယွဲ့က ယိချင်းကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။
“ဟုတ်တယ်” ယိချင်း ခေါငိးညိတ်ပြလိုက်တယ်။
ကူယွဲ့က နှုတ်ခမ်းစေ့လိုက်တယ်။ သူ နဂိုတည်းက cheat ဖြစ်နေတာမဆန်းတော့ဘူး။ သူ့ကျင့်ကြံဆင့်က မြန်မြန်ကြီး မြင့်သွားလိုက်တာများ သူ့အတွက် ဂိမ်းနဲ့တောင်တူသလောက်ပဲ။ ဒါဆို ဒီတစ်ချိန်လုံး သူက ပန်းတိုင်အဆုံးသတ်ကို ရောက်နေခဲ့ပြီးသားပေါ့။
သေစမ်း ဘဝမှာ နောက်ဖေးတံခါးကနေ ဖြတ်ခွင့်ရတဲ့ ဒီအနိုင်ရသူတွေကတော့ ကူယွဲ့ ဘယ်လောက်ပဲကြိုးစားကြိုးစား သူတို့ကိုအမှီမလိုက်နိုင်ဘူး
“ဖေဖေနျို တကယ်တော့…” ရှန်းရင် စကားစလိုက်တယ်။
“ပါးစပ်ပိတ်” ကူယွဲ့က ချက်ချင်း အော်ပြီး ရှန်းရင်ကို ဝါးစားမတတ်ကြည့်လိုက်တယ်။ မင်းက ရူးချင်စရာ အခွင့်အရေးနဲ့ မွေးလာတာ၊ ဒါကြောင့် မင်းမှာ စကားပြောခွင့်မရှိဘူး။
“အိုး”
“လုံ… ယိချင်း” လုံကျန်း မနေနိုင်ဘဲ မေးလိုက်တယ်။
“ဒီတာအိုရောင်းရင်းက မင်းသူငယ်ချင်းဆိုတော့ စောနက အမေတို့မှာ အထင်လွဲမှုရှိခဲ့တဲ့ပုံပဲ၊ အမေ သူ့ကို ဘယ်လိုခေါ်ရမလဲ”
ယိချင်းက ပြောနေကျအတိုင်း ဖြေလိုက်မိတယ်။
“ဒါ ဖေဖေ-”
“ကျွန်တော်က ကူယွဲ့ပါ” မင်းဘိုးအေကို ဖေဖေ။
ကူယွဲ့ လက်သီးဆုပ်ကာ ဂါဝရပြုလိုက်တယ်။
“ကျွန်တော် တောင်းပန်ပါတယ်၊ စောနကအခြေအနေကို မသေချာခဲ့လို့ပါ၊ ရှန်းကျွင်းကို အပြစ်ပြုမိခဲ့ရင် တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
“မစိုးရိမ်ပါနဲ့” လုံကျန်း ခေါင်းယမ်းပြလိုက်တယ်။
“ခင်ဗျားဒီမှာ ဘယ်လိုလုပ်ပေါ်လာတာလဲ” ယိချင်း မေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူက ကူယွဲ့ရဲ့သတို့သမီးပုံစံကို သေချာကြည့်တော့တယ်။ သူက လက်ထပ်တော့မဲ့ အမျိုးသမီးနဲ့တောင် တူနေတာပဲ။ သူ့မျက်နှာကို ဘာမှမပြင်ထားတာရယ်၊ ယိချင်းနဲ့ရှန်းရင် သူ့အရှိန်အဝါကို ရင်းနှီးနေတာကြောင့်ရယ်သာ မဟုတ်ရင် သူတို့ သူ့ကို အဲလောက်မြန်မြန် မှတ်မိမှာမဟုတ်ဘူး။
ကူယွဲ့ နှုတ်ခမ်းကိုစေ့ကာ မျက်မှောင်ကြု
တ်လိုက်တယ်။ တစ်အောင့်ကြာတော့ သူက သက်ပြင်းချကာ ပြောပြလာတယ်။
“ငါ ဂျပုလေးကို ရှာတွေ့ပြီ”
…