အခန်း ၂၆၀ ။ ထိခိုက်မှုအတွက်ပေးချေခြင်း
ကူယွဲ့က တစ်အောင့်စဉ်းစားလိုက်တယ်။ တောအုပ်မှာတုန်းက သူတို့ ယင်ချီအကြွင်းအကျန်တွေကို အရမ်းကို စိုးရိမ်နေခဲ့တာ။ သူတို့ပတ်လည်မှာဝိုင်းနေတဲ့ တခြားနတ်ဘုရားစွမ်းအင်ကို သတိထားဖို့ မေ့သွားခဲ့တယ်။ သူတို့ ဘယ်လိုပဲဖြစ်ဖြစ် ဝူချီတောင်တန်းနားမှာဆိုတော့ အနားမှာ နတ်ဘုရားစွမ်းအင်ကို ခံစားရတာ ပုံမှန်ပဲလို့ ထင်ခဲ့မိတာ။
“ကျွန်မနိုးလာတော့ ချန်းယွဲ့ရှန်းကျွင်းကို အကြီးအကဲဆိုပြီး အထင်မှားသွားခဲ့တယ်၊ အဲဒါကြောင့် ဂိုဏ်းချုပ်တည်နေရာကို သူ့ကိုဆက်မေးနေခဲ့တာပါ၊ အဆုံးကျတော့ ပိုင်ဇယ်ရှန်းကျွင်းနဲ့ ချန်းယွဲ့ရှန်းကျွင်းတို့ စတိုက်ခိုက်ကြတော့တာပဲ၊ နောက်တော့… အကြီးအကဲတို့ ရောက်လာတယ်လေ”
ဒီတော့ အဲလိုဖြစ်ခဲ့တာပေါ့။ ဒါဆို ပိုင်ဇယ်က သူမကိုကယ်ခဲ့တဲ့သူလား။
သူ ပင်မထိုင်ခုံမှာ ထိုင်နေတဲ့လူကို လှည့်ကြည့်လိုက်တယ်။ ချန်းယွဲ့မျက်နှာက မှောင်မည်းနေတာများ မင်ရည်နဲ့တောင် တူစပြုနေပြီ။ သူ့ကြည့်ရတာ လက်ပါချင်တဲ့ဆန္ဒကိုဖိနှိပ်နေရတဲ့ပုံပဲ။
ပိုင်ဇယ်ကလည်း ချန်းယွဲ့ကို ကူယွဲ့အဖြစ် သိသိသာသာ လူမှားပြီး ရှန်းရင်တည်နေရာကို အတင်းမေးခဲ့တယ်။
သူ့အမူအရာကနေ ကြည့်ရင် ပိုင်ဇယ်က လွန်ခဲ့တဲ့နှစ်တွေမှာ သူ့ကို နှောင့်ယှက်ခဲ့တာမနည်းဘူးပဲ။
ကူယွဲ့ပါးစပ်ထောင့်က တွန့်ချိုးသွားတယ်။ သူ အသံကိုတိုးလိုက်တယ်။
“ကျုပ်တို့ ဂျပုလေးကို ရှာတွေ့ပြီဆိုတော့ ဆက်ပြီး ခင်ဗျားကို အနှောင့်အယှက်မပေးတော့ပါဘူး”
သူ ထရပ်လိုက်တယ်။ ဒါ ရှက်စရာကောင်းလွန်းတယ် – သူတို့ မြန်နိုင်သမျှမြန်မြန် ပြန်တာ ပိုကောင်းမယ်။
“မင်းတို့က ပြန်တော့မယ်တဲ့လား” ချန်းယွဲ့ဒေါသမြင့်တက်သွားပြီး တောက်ခေါက်လိုက်တယ်။
“ဘယ်သူမှ ငါ့ခြေတစ်ထောင်တောင်ဆီ သူတို့စိတ်တိုင်းကျ ဝင်ထွက်သွားလွာခွင့်မရှိဘူး၊ မင်းတို့တွေ ငါ့ဖန်တောင်ထွတ်တွေအများကြီးကို ဖျက်ဆီးခဲ့တာ၊ ပြန်ပြီးအလျော်ပေးဖို့ လုံးဝ မရည်ရွယ်ထားဘူးလား”
ကူယွဲ့က စိတ်ညစ်သွားတယ်။ ရှောင်သွားဖို့ ဒီလောက်လွယ်မှာ မဟုတ်မှန်း သူသိခဲ့ပြီးသား။
“ချန်းယွဲ့ရှန်းကျွင်း၊ ခင်ဗျားက စကားတွေကိုအကျယ်ချဲ့နေတာပဲ၊ ကျုပ်တို့က အဲလိုလုပ်တဲ့ အမျိုးအစား မဟုတ်ပါဘူး၊ ကျုပ်ဝူတိဂိုဏ်းက လေးစားခံရတဲ့ ဂိုဏ်းဖြစ်ပြီး ကိစ္စဖြေရှင်းတိုင်း အမြဲသမာသမတ်ကျခဲ့တယ်၊ ကျုပ်တို့ခင်ဗျားကို အဲလိုလုံးဝလုပ်မှာမဟုတ်ပါဘူး”
ကူယွဲ့က လေးနက်တဲ့လေသံနဲ့ ပြောတယ်။
“ဒါကြောင့်… အကြွေးတိုင်းမှာ အကြွေးတင်သူရှိတယ်လေ၊ ခင်ဗျားတောင်ထွတ်တွေကို ဖျက်ဆီးတဲ့သူကို ပြောသင့်တယ်” သူတတ်နိုင်တုန်း အပြစ်ကို တစ်ဖက်ဆီ မြန်မြန်ပဲ တွန်းထုတ်လိုက်တယ်။
သူတို့လွတ်မြောက်နိုင်သရွေ့ သူပျော်ပြီ။
တခြားလူက သူ့တာဝန်မှမဟုတ်တာ။
အခန်းထဲကလူတိုင်း ဝတ်ရုံဖြူနဲ့ တစ်ယောက်သောသူကို လှည့်ကြည့်လိုက်ကြတယ်။
သူပဲ သူပဲ သူက ငါတို့ရဲ့ စတေးခံပဲ။
(๑•̀ᄇ•́)و✧
ပိုင်ဇယ် ။ ။ “…”
ပိုင်ဇယ့်အမူအရာက မည်းနက်သွားခဲ့တယ်။ နောက်ဆုံးတော့ သူ ချန်းယွဲ့ဘက် လှည့်လာတယ်။ သူမှားခဲ့တယ်ဆိုတာကို သိလို့ထင် ရှေ့တက်ပြီးပြောလိုက်တယ်။
“ဒါတကယ်ပဲ ငါ့အမှားပါ၊ ငါ မင်းကို အကြွေးပြန်ဆပ်မယ်” သူ စကားဆုံးသွားတဲ့နောက် သူက လှည့်ထွက်သွားတယ်။
လူတိုင်း တစ်ယောက်နဲ့တစ်ယောက် ကြည့်မိပြီး သူ့နောက်လိုက်ခဲ့ကြတယ်။
ပိုင်ဇယ်က ခန်းမရှေ့က စင်မြင့်မှာရပ်လိုက်တယ်။ လက်နှစ်ဖက်လုံးနဲ့ သူကထူးဆန်းတဲ့ ချိပ်တွေ အတွဲလိုက်ကို ဖန်တီးလိုက်တယ်။ တစ်အောင့်ကြာတော့ သူ့ခြေထောက်အောက်မှာ အင်းကွက်ကြီးတစ်ခု ပေါ်လာတယ်။ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး တစ်အောင့်နေတော့ ကောင်းကင်တစ်ဝက်ပြည့်ပြီး အလင်းတန်းဖြူကြီးနဲ့ လင်းထိန်တောက်ပသွားတယ်။
နောက်တော့ မြေကြီးပေါ်ကအရာအားလုံး တုန်ခါစပြုလာတယ်။ ဖန်စတွေက ကြိုးတစ်ခုခုနဲ့ ဆွဲခံလိုက်ရတဲ့ပမာ မြင့်တက်လာတော့တာပဲ။ သူတို့တွေက စုဝေးသွားကြပြီး နောက်တစ်ကြိမ် ဖန်တောင်ထွတ်တွေ ဖြစ်ပေါ်လာတယ်။ အချိန်တွေ နောက်ပြန်လှည့်သွားသလိုမျိုးပဲ။ ကောင်းကင်ထဲက ဖန်တောင်ထွတ်တွေအားလုံး သူတို့ပတ်လည်မှာ နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပေါ်လာတယ်။ တစ်ချိန်က ကျိုးပဲ့ခဲ့ဖူးတဲ့ပုံတောင် မပေါ်ဘူး။
ရှိနေတဲ့လူတိုင်း အံ့ဩတကြီး စိုက်ကြည့်နေမိတယ်။ ကျိုးပဲ့တဲ့အရာတွေကို ပြင်ဆင်နိုင်တဲ့ အင်းကွက်တွေ အများကြီးရှိပြီး ဘာမှော်အတတ်မှ မသိတဲ့ ရှန်းရင်ကလွဲ ဂျပုလေးအပါအဝင် လူတိုင်း ပစ္စည်းတွေကို ပြင်ရတာ လွယ်မှန်းသိကြတယ်။ ဒါပေမဲ့ တောင်ထွတ်တွေက အကြီးကြီးတွေ။ ပိုင်ဇယ်ရဲ့အင်းကွက်က မျက်စိတစ်မှိတ်အတွင်း အဲဒါတွေကိုပြင်နိုင်ခဲ့တယ်။ ဒါက သူတို့ အဲလိုမျိုးအင်းကွက်ကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ။
“မင်းကတကယ့်ကို ရှေးဟောင်းကောင်းကင်သားရဲပဲ” ချန်းယွဲ့က အံ့ဩတကြီး ပင့်သက်ရှိုက်ပြီး သူ့မျက်လုံးတွေကပြူးနေတယ်။
ပိုင်ဇယ်က တစ်ဖက်ကို လှည့်သွားပြီဖြစ်ပြီး ချန်းယွဲ့ဆီလျှောက်လာခဲ့တယ်။ သူက လက်ကောက်ဝတ်ကို လှည့်လိုက်တော့ ပုလဲပြာတစ်လုံး လက်ဖဝါးထဲပေါ်လာတယ်။ သူက ချန်းယွဲ့ကို ကမ်းပေးလေတယ်။
“ဒါက မင်းလိုချင်ခဲ့တဲ့ ဝိညာဉ်တည်ငြိမ်ပုလဲပဲ၊ ခုကစပြီး ငါတို့ကျေပြီ”
ချန်းယွဲ့က ဝိညာဉ်တည်ငြိမ်ပုလဲကိုယူပြီး မျက်လုံးတွေ တောက်ပနေတယ်။ တစ်အောင့်ကြာတော့ သူက ခေါင်းညိတ်တယ်။
“မင်း ဒီလိုလုပ်ပေးမှတော့ ငါ ဒီကိစ္စကိုဆက်ပြီး မလိုက်တော့ဘူး” သူက လေထဲကတောင်ထွတ်တွေကို စစ်ဆေးလိုက်တယ်။ တစ်စုံတရာကို သတိရသွားဟန်နဲ့ ချန်းယွဲ့ကပြောလာတယ်။
“ဒါပေမဲ့… ဖန်တောင်ထွတ်တွေကို ပြင်ဆင်ပြီးပြီဆိုပေမဲ့ အနည်းဆုံးတော့ ငါ့ခြေတစ်ထောင်တောင်ရဲ့ ကျောင်းဆောင်၉၉၈၁ခုမှာ ၁၀ခုက ဖျက်ဆီးခံလိုက်ရတယ်၊ မင်းတို့ အဲဒါတွေကိုပါ ပြင်ဆင်ပေးရမယ်”
ပိုင်ဇယ်က ခေါင်းညိတ်တယ်။
“ကောင်းပြီလေ”
သူက တစ်ဖက်လှည့်ပြီး တောင်ထွတ်တွေဆီပြန်သွားတယ်။ နောက်တော့ ကျောင်းဆောင်တွေကို တစ်ဆောင်ပြီး တစ်ဆောင် စတင်ပြုပြင်တော့တယ်။ ခြေတစ်ထောင်တောင်ရဲ့ ကျောင်းဆောင်တွေက တခြားဟာတွေနဲ့ မတူဘူး။ အများစုက မကြီးပေမဲ့ သူတို့တွေကဖန်တောင်ထွတ်တွေရဲ့ ထိပ်ဖျားမှာ ရှိနေတာ။ တချို့ဆို ဂူတွေထဲတောင်ရောက်နေပြီး အာရုံခံမရဘူး။ အဲဒါကြောင့် စောနက ပိုင်ဇယ့်ရဲ့ အင်းကွက်က ကျောင်းဆောင်တွေကို ပြန်မပြင်နိုင်ခဲ့တာပဲ။
ဒါပေမဲ့ ဒါတွေက ကျောင်းဆောင်တွေပဲလေ။ ဖန်တောင်ထွတ်တွေနဲ့ယှဉ်ရင် သူတို့ကပြုပြင်ဖို့ အများကြီး ပိုလွယ်ကူတယ်။ ဘုရားကျောင်းဆယ်ခုက လေးငါးနာရီအတွင်းမှာတင် ပြီးသွားခဲ့တယ်။
ဒါပေမဲ့…
သူတို့တွေပါ ဘာလို့ ကျောင်းဆောင်တွေကို ပြင်ဖို့လိုတာလဲ
ကူယွဲ့က ရှန်းရင်နဲ့ပတ်သက်ပြီး အဖြစ်သည်းနေသေးတဲ့ ပိုင်ဇယ့်ကို ဒေါသတကြီးကြည့်လိုက်တယ်။ သူ ပိုင်ဇယ့်ကို အဲတုန်းက တကယ် ပေါ့ပေါ့လေးကန်ခဲ့မိတာပဲ။
ခဏနပေါဦး
“ရှန်းရင် မင်းဘာလုပ်နေတာလဲ၊ အဲဒီသစ်သားတုံးကို ခုချက်ချင်း အောက်ချလိုက်စမ်း”
“ငါက ကူညီနေတာလေ”
“ငါ့ဖင်ကိုကူညီ သစ်သားတုံးက ကျိုးနေပြီလေ၊ မင်းမျိုစရာရှိတာပဲ မျိုနေလို့မရဘူးလား”
“အိုး”
“ပြီးတော့ ပိုင်ဇယ် စားဖိုမှူးရဲ့ထိုင်ခုံကို ခိုးနေတာ တော်တော့ ဒီနေရာက ခင်ဗျားကြောင့် ပျက်စီးထားတာ၊ ကျေးဇူးပြုပြီး အရှက်လေး ရှိပေးလို့ရမလား” သူ ကျောင်းဆောင်တွေကို မပြင်ဘူးဆိုရင် သူတို့ထဲက ဘယ်သူမှ ထွက်သွားလို့မရဘူးဆိုပြီး ချန်းယွဲ့ပြောသွားတာကို မကြားဘူးလား
“…”
ငါ-ိုးပဲ၊ ဒီနေရာကနေတောင် သူထွက်သွားချင်ရဲ့လား
ဖေဖေနျို အရမ်းကိုပင်ပန်းနေပြီ။ ဂျပုလေးကလွဲ သူတို့အားလုံးက ဖင်လေးရတာကြိုက်တဲ့ ကလိမ်ကကျစ်တွေကြီးပဲ။
“ဂျပုလေး ဒီကိုခဏလောက်လာဦး” ပိုင်ဇယ် နောက်ဆုံးတော့ နောက်ဆုံးကျောင်းဆောင်ကို ပြင်တာ ပြီးစီးသွားတယ်။
ကူယွဲ့ စိတ်သက်သာရာရစွာ သက်ပြင်းချပြီး ရွှမ်ထုံ့ကိုလှမ်းခေါ်လိုက်တယ်။
ရွှမ်ထုံက ပျံသန်းလာတယ်။
“အကြီးအကဲ ဘာညွှန်ကြားစရာရှိလို့ပါလဲ”
“မင်းစောနက စည်းချိပ်ကိုဖန်တီးတာကို ငါကြည့်လိုက်တုန်းက အရင်ကထက် အများကြီး ပိုနှေးနေသလိုပဲ၊ ဒဏ်ရာရထားတာလား”
ရွှမ်ထုံ့အမူအရာ မည်းမှောင်ကာ ငုံ့ကြည့်လေတယ်။
“ဟုတ်ပါတယ်… ကျွန်မဒဏ်ရာရထားတာပါ”
“လက်ထုတ်ပြ၊ ငါကြည့်မယ်”
ကူယွဲ့ သူ့သွေးကြောတွေကို အရင်စစ်ဆေးပြီးတော့ မသေမျိုးချီကို အသက်သွင်းလိုက်တယ်။ သူ သူမနဖူးအလယ်ကို ထိပြီး မူလဝိညာဉ်ကို စစ်ကြည့်လိုက်တယ်။ သူမကိုယ်မှာ ဒဏ်ရာတစ်ချက်မှမရှိဘဲ ဘာကြောင့်မှန်းမသိ မူလဝိညာဉ်ကတော့ အရမ်းကိုမတည်မငြိမ်ဖြစ်နေတာ သိလိုက်ရလို့ အံ့ဩသွားတယ်။ ကြည့်ရတာ အချိန်မရွေးထွက်လာတော့မဲ့ပုံ။
“မင်း ဒါကို ဒဏ်ရာလို့ခေါ်တယ်လား” ကူယွဲ့ မျက်နှာပျက်ယွင်းသွားတယ်။ ဘာလို့ဒီလိုဖြစ်နေတာလဲ။ သူတို့လမ်းခွဲချိန် သူမ အဆင်ပြေခဲ့ပါတယ်။
“တစ္ဆေအမတက ဒီလိုလုပ်ခဲ့တာလား”
ရွှမ်ထုံ ခေါင်းညိတ်ပြလိုက်တယ်။
“ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ပြီး မတိုက်ခိုက်နိုင်ရင်ထွက်ပြေးလို့ ငါပြောခဲ့တယ်မဟုတ်ဘူးလား” မူလဝိညာဉ်ထဲကဒဏ်ရာက ကိုယ်ခန္ဓာဒဏ်ရာနဲ့ ကွာခြားတယ်။ ဒါပြီးရင် ပြန်သက်သာလာဖို့ သူမအတွက် အရမ်းကို ခဲယဉ်းတော့မှာ။ ပုံစံသာမပေါ်တာ သူမဝိညာဉ်က အချိန်မရွေး သူ့ကိုယ်ထဲကနေ ထွက်သွားနိုင်တယ်။
တခြားသူတွေ စိုးရိမ်တကြီး ဂျပုလေးကိုကြည့်လိုက်တယ်။
ရွှမ်ထုံက ပိုတောင် ခေါင်းငုံ့သွားပြီး တောင်းပန်တယ်။
“တောင်းပန်ပါတယ် အကြီးအကဲကူယွဲ့၊ တပည့်ကျင့်ကြံဆင့်က နိမ့်လွန်းလို့ပါ၊ အဲဒါကြောင့်…”
“ဘာလို့တောင်းပန်နေတာတုံး၊ မင်းအပြစ်မှမဟုတ်တာ” ကူယွဲ့ ပေါက်ကွဲတော့တယ်။
“သူ သွေးဝိညာဉ်အင်းကွက်ထဲ မပို့ခံရခင်တည်းက သူမပေါ်ကို ဝိညာဉ်ကူးပြောင်းဂါထာတစ်ခု စီရင်ခံခဲ့ရတာဖြစ်မယ်” ယိချင်းက သူမဒဏ်ရာကိုစစ်ဆေးပြီးတဲ့နောက် တီးတိုးရေရွတ်လိုက်တယ်။
“ဒီခန္ဓာကိုယ်က သူ့ဟာမဟုတ်ဘူးလေ၊ အခု တစ္ဆေအမတရဲ့ယင်ချီကြောင့်ပါ ဒဏ်ရာကထားတာ၊ အဲဒါကြောင့် မူလဝိညာဉ်က မတည်မငြိမ်ဖြစ်နေတာပဲ”
ကူယွဲ့ တိတ်သွားတယ်။ သူ ရွှမ်ထုံ့ကိုလှမ်းကြည့်လိုက်တယ်။ ဒီကံမကောင်းတဲ့ကလေးက ဘာလို့အမြဲ သေမင်းနားနီးတဲ့ အခြေအနေတွေပဲကြုံနေရတာလဲ။
“နင့်မှာ ဖြေရှင်းနည်းများရှိလား” ရှန်းရင် သူမဘေးကလူကိုကြည့်လိုက်တယ်။
ရုတ်တရက် ပိုင်ဇယ့်မျက်လုံးတွေ တောက်ပသွားတယ်။
“အင်း” တခြားဘယ်သူ့ထက်မဆို မြန်တဲ့အရှိန်နှုန်းနဲ့ သူက ခေါင်းညိတ်ပြီး ရှန်းရင်မျက်နှာကိုပဲ တစိုက်မတ်မတ်ကြည့်နေတယ်။ နောက်တော့ သူ့မျက်နှာက နီစွေးသွားပြီး ပြောလာတယ်။
“ဒါပေမဲ့ မင်
းတို့… မင်းတို့အားလုံး ငါနဲ့အတူ ပိုင်ယွင်တောင်ဆီပြန်လိုက်ခဲ့မှရမယ်”
…