အခန်း ၉၂ ။ ရိမိသားစုမှ ဖိတ်ကြားချက်
“စားဖိုမှူး မြန်မြန် တိုးတက်သွားတာက သိုင်းပညာလေ့ကျင့်မှုမှာ သူ့ရဲ့မြင့်မားတဲ့စံနှုန်းကြောင့်လေ”
ရှန်းရင် စိတ်အနှောင့်အယှက်ဖြစ်စွာနဲ့ မျက်ဆန်လှန်တော့တယ်။
“သူ့ဓားသိုင်းတွေက ကိုယ်တိုင်ထွင်ထားတာ၊ သူ့ကျင့်ကြံမှုက ကိုယ့်ဘာသာလေ့ကျင့်မှုကနေ တည်ဆောက်ထားတာလေ၊ သူ့ဉာဏ်အလင်းပွင့်တာကလည်း ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိမှုရဲ့ ရလဒ်ပဲ၊ အင်း နင်က သူ့လိုအပ်ချက်အတွက် ထောက်ပံ့ပေးတယ်… ဒါပေမဲ့ အဲလိုဆိုရင်တောင် ဘာကိစ္စရှိလဲ၊ ဘာလို့ နင့်ကိုယ်နင် သူနဲ့နှိုင်းနေရတာလဲ”
“ဒါပေမဲ့…”
“ဒါပေမဲ့ ဘာဖြစ်လဲ၊ ယိချင်းက ယိချင်း နင်ကနင်၊ နင်က တခြားကမ္ဘာကလာတာ၊ နင်တို့နှစ်ယောက်ကြား ကံကြမ္မာက ပတ်သက်မှုမှ မရှိတာ၊ ဘာလို့ တခြားသူတွေနဲ့ အမြဲယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲအောင် လုပ်မှဖြစ်မှာလဲ” တောက်ခေါက်ပြီး သူမ သွန်သင်တော့တာပေါ့။
“ဖေဖေနွီ၊ နင့်အသက်နဲ့ ဒီလိုမျိုးဗွေဖောက်သင့်လား”
“ဒါက မတူဘူးလေ”
“ဘာမတူလို့လဲ၊ နင် ခေတ်သစ်တုန်းက ဘီလ်ဂိတ်က နင့်ထက်ချမ်းသာတယ်ဆိုတဲ့အချက်ကြောင့် အမြဲ အိပ်မပျော်ဖြစ်နေခဲ့တာ မဟုတ်ဘူးလား”
“…” ကူယွဲ့ သူမကို ချေပစရာ စကားလုံးမရှိတော့ဘူး။
-_-|||
“လူတိုင်းက မတူညီဘူး၊ သူတို့ရဲ့ကိုယ်ကျင့်စရိုက်ကလည်း ကွာခြားတယ်လေ၊ အခြေအနေတွေလည်း မတူကြဘူး၊ သူတို့ရဲ့ ကံကြမ္မာတွေက ကွာခြားကြမှာမလွဲပဲ၊ နင် တကယ်လို့ အတင်းလိုက်ယှဉ်မယ်ဆိုရင် နင့်ဇာတိမြို့ကလူဖြစ်တဲ့ ငါ့လိုမျိုးလူကိုပဲ ရွေးပါလား”
“…” ဘယ်သူက မင်းလို cheat နဲ့ ယှဉ်ခံချင်လို့တုံး။
(#‵′)凸
“လူတိုင်းမှာ သူ့ကိုယ်ပိုင်အားသာချက်ဆိုတာ ရှိပြီးသား၊ နင့်ကျင့်ကြံမှုအပေါ်ပဲ အာရုံမစိုက်နဲ့၊ ပိုက်ဆံရှာတဲ့အချိန် ငါတို့ထဲက ဘယ်တစ်ယောက်ကများ နင့်ပြိုင်ဘက်ဖြစ်လို့လဲ၊ ဖုန်းယင်ကို လွန်ခဲ့တဲ့နှစ်ရက်ကတင် ဝိညာဉ်လိုက်ဖမ်းမျှော်စင်ရဲ့သုံးပုံနှစ်ပုံဝေစုကို နင့်ဆီလွှဲပေးအောင် တစ်ပတ်ရိုက်ခဲ့တယ် မဟုတ်လား”
“ငါ သူ့ကို တစ်ပတ်မရိုက်ပါဘူး” ကူယွဲ့ သူမကို ဒေါသတကြီးကြည့်လိုက်တယ်။
“ငါက ထျန်းလန်လောကသုံးခွင်ရဲ့ ကြားပွဲစားပဲ၊ သူ့ကို အောက်နဲ့အလယ်ဘုံနှစ်ခုခုံးက သတင်းတွေ ထောက်ပံ့ပေးနေတာလေ၊ သုံးပုံနှစ်ပုံယူမှ မျှတမှာပေ့ါ”
ရွံတဲ့ပုံစံနဲ့ နှာမှုတ်ပြီး ရှန်းရင် ပြန်ပတ်ပြောလိုက်တယ်။
“သတင်းကို ယုန်က ပေးတာမဟုတ်ဘူးလား၊ နင် ဘာမှမလုပ်ဘဲ ခြင်္သေ့ဝေစုစာတောင်းတာလေ၊ တစ်ပြားမှ မစိုက်ဘဲ အကျိုးအမြတ်အားလုံးရအောင် ကလိမ်ကကျစ်ကျခဲ့တာပဲကိုး ပြီးတော့ အထက်ထျန်းလန်ဂိုဏ်းက ဘယ်သူမှ အောက်ဘုံတွေက သတင်းတွေကို ဂရုမစိုက်ဘူး”
“သူ့ဘာသာ စာချုပ်ကို လိုလိုလားလားချုပ်တာလေ၊ ငါ့ကိုအပြစ်တင်မရဘူး”
သူ့စီးပွားရေးသမားအပြုံးတုကို ဟန်လုပ်ပြုံးပြီး ကူယွဲ့က သူ့ကိုယ်သူ ခုခံလေရဲ့။ နောက်တော့ သူမကို တစ်ချက်လှမ်းကြည့်ပြီး ပြောပစ်တော့တယ်။
“ငါဖင်ပြဲမတတ်အလုပ်လုပ်ရတာ မင်းတို့ကြောင့်ပဲမဟုတ်လား၊ ဂိုဏ်းအတွက် ဝင်ငွေရအောင်လေ၊ ဒါတွေအကုန်လုံး မင်းတို့အစားသရဲတွေကို ကွေးမွေးဖို့ လုပ်ရတာလေ”
“အင်း အင်း အင်းပါ ဖေဖေနျိုရယ်၊ ရှိန်စရာကောင်းလှပါတယ်၊ နင်က အကောင်းဆုံးပါ”
“ဟမ့်” အဲဒါ ပြောစရာတောင်မလိုဘူး။
“ဘယ်လိုပဲဖြစ်ဖြစ်… တခြားလူတွေက နင့်ထက်သာလို့ ကိုယ့်ကိုယ်ကိုယ် သံသယမဖြစ်နဲ့”
သူမ အဆာသွပ်မုန့်ကို ဝါးနေရင်း ပြောနေလေတယ်။
“နင်တို့ကျင့်ကြံသူတွေ အမြဲ မဟာတာအိုလမ်းစဉ်ဆီ လမ်းသုံးထောင်ဦးတည်နေတယ် ပြောနေကျ မဟုတ်ဘူးလား၊ လူတိုင်းက မတူညီတဲ့လမ်းကြောင်းနောက်လိုက်နေမှတော့ ယှဉ်နေတာ ဘာထူးလဲ”
“…” ကူယွဲ့ တိတ်ဆိတ်သွားတယ်။ တကယ်ပဲ မဟာတာအိုဆီရောက်တဲ့ လမ်းစဉ်အများကြီးရှိပါတယ်။ ယိချင်းနဲ့သူက မတူညီတဲ့ဖြစ်တည်မှုတွေပဲ။ တာအိုကျင့်ကြံမှုဆိုတာက တကယ်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင်တာအိုကို ကျင့်ကြံခြင်းပါ။ တခြားလူတွေနဲ့ မဆိုင်ဘူး။ ယိချင်းရဲ့ ထိုးဖောက်ကျော်လွှားမှုတွေက သူ့ကံကြမ္မာပဲလေ။ သူ ကူယွဲ့ ဒီကမ္ဘာဆီ ကူးပြောင်းလာနိုင်တဲ့အချက်ကလည်း သူ့ကံကြမ္မာကြောင့်ပဲ။ ဒါကြောင့် အသေးအဖွဲကိစ္စတွေနဲ့ ဘာလို့စိတ်ရှုပ်ခံနေမှာတုံး။
ချက်ချင်းပဲ အလင်းတစ်ခုက သူ့ဝိညာဉ်တစ်ခုလုံးကို ထိန်လင်းသွားစေပြီး သူ့ကိုတိုက်စားနေတဲ့ ကိုယ့်ကိုယ်ကိုယ် သနားမှုက ပျောက်ကွယ်သွားခဲ့တယ်။ သူ့ကိုယ်ထဲ တစ်ခုခု ဆူပွက်လာတာကို ခံစားမိတယ်။ သူ့ထိုးဖောက်ကျော်လွှားမှုကို တားဆီးနေတဲ့နံရံက ပြိုလဲကျတော့မဲ့အရိပ်အယောင်တွေ ပြနေသလိုပဲ။
“ကျေးဇူးပဲ၊ ငါခုသဘောပေါက်ပြီ” သူမကိုအပြုံးတစ်ပွင့်နဲ့ကျေးဇူးတင်ပြီး ကူယွဲ့ ရှန်းရင်ဆီကနေ ပန်းကန်ပြား ဆွဲယူကာ နောက်ဆုံးလက်ကျန်အဆာသွပ်မုန့်သုံးခုကို ပါးစပ်ထဲထိုးထည့်လိုက်တယ်။
“…”
Σ(°△°|||)
“ဒါတွေကို ငါ့အတွက် ယူလာတာ မဟုတ်ဘူးလား” ကူယွဲ့က ရန်စလိုစွာ မျက်ခုံးပင့်လိုက်တယ်။
“သွားသွားသွား၊ အဆာသွပ်မုန့်ပန်းကန်တွေ ထပ်ယူလာခဲ့ဦး”
“…” သေစမ်း တကယ်လို့ စားဖိုမှူးသာ လူသူဝေးရာကို ရောက်နေတာ မဟုတ်ဘူးဆိုရင် ဒီလိုအလိုလိုက်ခံရတဲ့ ကောင်စုတ်လေးကို စိတ်ထဲ ထားနေမှာမဟုတ်ဘူး
“မင်းစိတ်ထဲ ဘာတွေးနေလဲဆိုတာ ငါမသိဘူး မတွေးနေနဲ့” ကူယွဲ့ ဒေါသတကြီး ကြည့်လိုက်တယ်။
“အဲစားဖိုမှူးက အခု လူသူဝေးရာမှာ ကျင့်ကြံနေတာကြောင့်မို့ မြို့ထဲက စားသောက်ဆိုင်တွေမှာ မျိုစို့လို့ရအောင် ငါမင်းကို ပိုက်ဆံပိုပေးဖို့ မျှော်လင့်နေတာမဟုတ်လား”
“အယ်…” ဖေဖေနျိုက သူမခေါင်းထဲ နားထောင်တဲ့စက် တပ်ထားတာများလား။ တကယ်ကိုကြောက်စရာပဲ
(⊙_⊙)
“ရော့” ကူယွဲ့ ဝိညာဉ်ကျောက်တုံး အိတ်တချို့ကို ပစ်ပေးလိုက်တယ်။
“မင်းအတွက်၊ ငါဒီနေ့စိတ်ပျော်နေတယ်”
ရှန်းရင် အိတ်ထဲက တောက်ပနေတဲ့ ဝိညာဉ်ကျောက်တုံး အရေအတွက်ကိုမြင်ချိန် ကိုယ့်မျက်စိတောင်ကိုယ်မယုံနိုင်တော့ဘူး။
“ဖေဖေနျို၊ နင်… နင် နေမကောင်းဖြစ်နေတာမဟုတ်ပါဘူးနော်” ရှန်းရင် သူ့နဖူးကိုလှမ်းထိလိုက်တယ်။
“သွားစမ်းပါ” သူမလက်ကို ရိုက်ထုတ်ရင်း သူသတိပေးလိုက်တယ်။
“မင်း မသွားရင် ငါ ပြန်ယူလိုက်တော့မှာနော်”
“ဟုတ်ကဲ့ပါ ဖေဖေ၊ ပြဿနာမရှိပါဘူး ဖေဖေ”
ရှန်းရင် ထရပ်ပြီး တောင်ထွတ်ဆီ လျှောက်လာခဲ့တော့တယ်။ ခြေလှမ်းနည်းနည်းပဲလှမ်းရသေး ကူယွဲ့ လှမ်းခေါ်သံကို ကြားလိုက်ရတယ်။
“အော် ငါမေ့တော့မလို့ ငါဉာဏ်အလင်းပွင့်တာကနေ နိုးလာဖို့ ဘယ်လောက်ကြာမလဲမသိဘူး၊ ဒါကြောင့် အဲဒါက ဝူတိဂိုဏ်းအတွက် နှစ်လစာ ကုန်ကျစရိတ်နော်”
ကူယွဲ့စကားဆုံးတာနဲ့ အဖြူရောင်အရှိန်အဝါက ရုတ်တရက် တဂိုဏ်းလုံးကို ဖြတ်ပြေးသွားတယ်။
သူ့တစ်ကိုယ်လုံးက ဝိညာဉ်ချီတွေ တရှိန်ထိုးမြင့်တက်လာပြီး လုံးဝကို ဈာန်ဝင်စားခြင်းမှာ နစ်မျောသွားပြီ။
အိတ်တွေကို ကိုင်ထားရင်း ရှန်းရင် ရေရွတ်မိလိုက်တာက
“သောက်ကျိုးနည်းပဲဟ”
——————
ဖေဖေနျိုရဲ့ ဈာန်ဝင်မှုက နှစ်လကြာသွားပြီ။ သူ့ကျင့်ကြံမှုအဆင့်က ကနဦး နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကနေ နှောင်းပိုင်းအဆင့်ထိ မြင့်တက်သွားတယ်။ ဒါက သူ ကျင့်ကြံဆင့်မှာ တစ်ဆင့်ခုန်တက်တာကို ခံစားဖူးတာ ပထမဆုံးပဲ။ ပြီးတော့ အရသာက သိပ်ကိုကောင်းတာပေါ့ ရုတ်တရက် ရှန်းရင်နဲ့ စိတ်နှလုံးသားချင်း နှီးနှောစကားပြောတာမျိုး စောစော မလုပ်ခဲ့မိလို့ နောင်တသေးသေးလေးတော့ ရသွားသေးတယ်။ သူ့စကားလုံးတွေက တကယ်ကို ကောင်းကျိုးရှိတဲ့ buffပဲ။ စောစောသာ လုပ်ခဲ့ရင် သူ့ကျင့်ကြံဆင့်က ပိုပြီးမြန်မြန် တက်လှမ်းသွားခဲ့မှာ။
“အမဲသားက အကျက်လွန်နေတယ်၊ ကြက်သားထဲ ငရုတ်ကောင်းက လိုသေးတယ်၊ ငါးက ပျော့ပြဲနေတာပဲ၊ ဟင်းရည်က မပျစ်ဘူး၊ ဖေဖေနျို နင့်မှာ ဒီတိရစ္ဆာန်လေးတွေအတွက် လုံလောက်တဲ့ လေးစားမှုမရှိဘူးပဲ… ရှောင်ဟုန့်ကို လုပ်ခိုင်းလိုက်ပါလား”
“အပေါက်ပိတ်” ကူယွဲ့ နှုတ်ခမ်းတွန့်ချိုးသွားတယ်။ သောက်ကျိုးနည်းပါးပဲ သူနဲ့ ငါးမိနစ် ရှိနေပြီးတဲ့အချိန်မှာတင် သွေးတိုးနေရပြီ။
“မျိုရင်မျို မမျိုရင်ထွက်သွား”
“…” ငါက ညံ့ဖျင်းနေတဲ့ဟင်းချက်လက်ရာကိုတောင် ဝေဖန်ခွင့်မရှိဘူးပေါ့၊ ဝမ်းနည်းလိုက်တာနော်။
(#‵′)凸
“စကားမစပ် မင်း ရိဖုန်းနဲ့ ရင်းနှီးလား” ဟင်းချက်ပြီးသွားတော့ ကူယွဲ့ စားပွဲပေါ် နောက်ဆုံးဟင်းပွဲတင်ရင်း မေးလိုက်တယ်။
“ဘယ်သူ” ရှန်းရင်ခေါင်းထဲတော့ နာမည်ကနေ ဘာမှမမှတ်မိ။ သူမ အသားတစ်ဖက်ကို ကောက်ယူပြီး ချက်ချင်း မျက်နှာရှုံ့မဲ့သွားလေရဲ့။
“ရိဖုန်းက ရိမိသားစု၊ မျိုးနွယ်စုခေါင်းဆောင်”
ကူယွဲ့ ရှင်းပြလိုက်တယ်။
“ဂိုဏ်းပြိုင်ပွဲမှာ မင်းညာဘက်မှာ ဝိညာဉ်သားရဲနဲ့ ထိုင်တဲ့တစ်ယောက်ပေါ့”
တုန်နေတဲ့ကြောင်ကြီးတစ်ကောင် ပုံရိပ်က ရှန်းရင်အတွေးထဲ ဖြတ်ခနဲပေါ်လာပြီး အာမေဋိတ်သံ ပြုတော့တာပဲ။
“အိုး နင်ပြောချင်တာက ကြောင်ကျွန်ကိုး”
“…” ကြောင်ကျွန်ဆိုတာ ဘာကြီးလဲ။
“အဲဒါ သူ့ဝိညာဉ်သားရဲပါပဲဟ”
“နှစ်ခေါက်တွေ့ဖူးတယ်၊ သေချာမသိဘူး”
ရှန်းရင် ပြန်ဖြေရင်း စားပွဲက အသားဖက်ကို လက်က တည်တည်ငြိမ်ငြိမ် တွန်းထုတ်လိုက်တယ်။
သူမကို တစိန်းစိန်းတဝါးဝါးကြည့်ရင်း ကူယွဲ့ စားပွဲပေါ်က နောက်တူတစ် စုံကောက်ယူပြီး လက်ဆစ်တွေကို ခေါက်လိုက်တယ်။
“မလွှင့်ပစ်နဲ့ ကုန်အောင်စား သုံးရက်တစ်ခါမှ စားသောက်ဆိုင်မှာ စားလို့ရတာသိတယ်နော်၊ အစားကိုကုန်အောင်စား၊ မဖြုန်းတီးနဲ့”
ဒီသားရဲကြီးကတော့
ရှန်းရင် နှုတ်ခမ်းတွေ တွန့်ချိုးသွားတယ်။ အခု တစ်ယောက်တည်း ကျင့်ကြံအားထုတ်နေတဲ့ စားဖိုမှူးကိူ လွမ်းလိုက်တာပေါ့။ စားဖိုမှူးရဲ့ကောင်းမွန်တဲ့ဟင်းချက်လက်ရာတွေကို ကျင့်သားရနေခဲ့လွန်းလို့ ဖေဖေနျိုချက်တဲ့ အစားသောက်ကတော့ ညှဉ်းပန်းနှိပ်စက်မှုသက်သက်ပါပဲ။
“အဲဒါထူးဆန်းတယ်၊ ဘာလို့မင်းကို ရုတ်တရက် ဖိတ်ကြားရတာတုန်း”
ကူယွဲ့ အနီရောင်ဖိတ်ကြားစာကို ထုတ်ပြီးာသူမဆီကမ်းပေးလိုက်တယ်။
“ဒီနေ့မနက် ငါရလာတာ၊ သားရဲထိန်းချုပ်မှုအတွက် ဆွေးနွေးဖို့ မင်းကိုဖိတ်ကြားချင်လို့ပါတဲ့၊ မင်းဆီ လိပ်စာတပ်ထားတာ၊ ဝူတိဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကို မဟုတ်ဘူး”
ရှန်းရင် ဖိတ်စာကတ်ကို ကြည့်ပြီးတစ်အောင့်နေတော့ ပြောလိုက်တယ်။
“အော်၊ ငါအားရင် ရှားပါးတဲ့တိရစ္ဆာန်တွေကို အမဲလိုက်တဲ့နေရာမှာအဖော်ပြုပေးမယ်လို့ ကတိပေးခဲ့မိတယ် ထင်တယ်”
“အံ့ဩစရာ မရှိတော့ဘူး…” ကူယွဲ့က ခေါင်းတညိတ်ညိတ်နဲ့။
“အရင်တစ်ခေါက် မသေမျိုးတက်လှမ်းမှုစေတီထဲ သူရောက်သွားတုန်းက သူ့ခြင်္သေ့ဟိန်းဟောက်သားရဲဖြစ်တဲ့ ငွေနှင်းက ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတယ်၊ သူဖိတ်ကြားတဲ့ ရည်ရွယ်ချက်က ငါတို့ဂိုဏ်းနဲ့ဆက်ဆံရေးကောင်းအောင် လုပ်ဖို့အပြင် ဝိညာဉ်သားရဲအသစ် ရှာဖို့ပါ ဖြစ်လိမ့်မယ်”
အတွေးတစ်ခု ရှန်းရင်ခေါင်းထဲပေါ်လာပြီး မျက်လုံးက တောက်ပသွားတယ်။
“ဒီနဲ့ ရိမိသားစုနေအိမ်က အတော်ဝေးလား”
“ရိမိူားစုက အထက်ထျန်းလန်လောကရြဲ မြောက်ဘက်အကျဆုံးနေရာမှာရှိတာ၊ တံလျှပ်ပင်လယ်ကမ်းခြေနဲ့ နီးတယ်၊ အတော်လေးဝေးတော့ ငါတို့ နေရာရွှေ့ပြောင်းအစီအရင်နဲ့ သွားရင်တောင် လေးငါးရက်ကြာမယ်”
“ဒါဆို ငါတို့အခုသွားမ…”
“မသွားခင် အရင်ကုန်အောင်စား”
ကူယွဲ့ စားပွဲပေါ် သူမ ပစ်ချထားခဲ့တဲ့ တူတွေကို လက်ညှိုးထိုးလိုက်တယ်။
“…”
စားဖိုမှူးရေ၊ နင် တစ်ကိုယ်တည်းသိုင်းကျင့်တာကနေ ထွက်မလာဘူးဆိုရင် ငါတော့ အရသာခံနိုင်စွမ်း ပျက်တော့မယ်။
…