အခန်း ၃၁။ အကြီးအကျယ်ပျက်စီးမှုကိုဖြစ်စေခြင်း
ရှန်းရင်က မဟူရာကောင်းကင်ဂိုဏ်းရဲ့ ဝင်ပေါက်နားမှာ ယိချင်းကို လိုက်မှီသွားတယ်။
“ဆရာ တကယ်ပဲကျွန်တော်တို့နဲ့အတူသွားချင်တာလား” ရှန်းရင်ရဲ့ ဒီရုတ်တရက် ဆုံးဖြတ်ချက်ကြောင့် သူ အနည်းငယ်အံ့ဩသွားတယ်။
“အဟွတ် နင်က ငါ့ရဲ့စားဖိုမှူး… တပည့်ပဲလေ”
ရှန်းရင်က သူ့ပခုံးကိုပုတ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်တယ်။
“နင်က အခု အတွေ့အကြုံယူတဲ့ လေ့ကျင့်ရေးခရီးစဉ်သွားမှာဆိုတော့ ငါ နင့်အတွက် စိတ်ပူတာပေါ့”
“ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့လေ့ကျင့်ရေး မဟုတ်ဘူးလေ။ ဒါက ဂိုဏ်းရဲ့ ရိုးရှင်းတဲ့ တာဝန်တစ်ခုလေးပဲ။ သူက ဂိုဏ်းသားတွေကို သတ်မှတ်ထားတဲ့နေရာဆီ လိုက်ပါပို့ဆောင်ပေးပြီး သူတို့ဘေးကင်းဖို့ကို ကြည့်ပေးဖို့ပဲလိုတာ။ ဖြစ်နိုင်တာက…”
အတွေးတစ်ချက်က ရုတ်တရက်ပေါ်လာပြီး ယိချင်းရဲ့မျက်လုံးလေးက လက်သွားပြီးတော့ ရှန်းရင်ကို စိတ်ခံစားချက်ပြည့်နေတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။
“ဆရာက ဘယ်လိုတာဝန်မျိုးပဲဖြစ်ဖြစ် အားလုံးက ကျင့်ကြံမှုလေ့ကျင့်ရေးပုံစံတစ်ခုပဲဆိုတာကို သတိပေးဖို့ ကြိုးစားနေတာပဲ။ ဒီတော့ ဒါကို ကျွန်တော်အလေးထားပြီး အပြည့်အဝပြင်ဆင်ရမယ်။ စိတ်မပူပါနဲ့ဆရာ။ ဆရာပြောချင်တာကို တပည့်အပြည့်အဝနားလည်ပါတယ်”
“အား… အဲဒီလိုမဟုတ်ဘူး” ဘယ်အရာမဆို နင့်ကိုပျော်စေတော့တာပဲ။
“မဟုတ်ဘူးလား” ဦးနှောက်ခြောက်သွားတဲ့ ယိချင်းက ခေါင်းငုံ့ပြီး တွေးနေတယ်။ အတော်ကြာ တွေးပြီးတော့ သူ့မျက်လုံးတွေက ပြူးကျယ်သွားပြီး မေးလိုက်တော့တာပဲ။
“ဖြစ်နိုင်တာက ဒီလေ့ကျင့်ရေးခရီးစဉ်မှာ ကျွန်တော့်ရဲ့ကျင့်ကြံဆင့်ကို စမ်းသပ်မဲ့ မူမမှန်တဲ့ ကိစ္စတစ်ခု ပေါ်လာပြီး အဲ့ဒါကိုကျွန်တော်မဖြေရှင်းနိုင်မှာ စိုးရိမ်နေတာများလား”
“အဟွတ် အဟွတ် အဟွတ်” ‘နင့်ကို ခန့်မှန်းခွင့်ပေးထားလိုက်ပါမယ်’
“တော်လိုက်တော့” လိုက်ပါလာတဲ့ ကူယွဲ့က မျက်ဆန်လှန်ကြည့်ပြီး ဖြတ်ပြောလိုက်တယ်။
“သူ စိုးရိမ်ပူပန်တဲ့ တစ်ခုတည်းသောအရာက ချက်ပြုတ်ပေးမဲ့သူ မရှိမှာကိုပဲ”
“တပည့်နားလည်ပါပြီ။ ဒီလိုဆိုမှတော့ ဆရာ ဒုက္ခခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်”
ယိချင်းက မတွေဝေ မယိမ်းယိုင်တဲ့ခံယူချက် ရှိနေသေးတုန်းပဲ။ ဆရာ့ရဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ရည်ရွယ်ချက်တွေကို အပြင်လူတွေက ဘယ်လိုလုပ် နားလည်ပေးနိုင်မှာလဲ။
“ဆရာ့တပည့်က သေချာပေါက်စိတ်မပျက်စေရပါဘူး”
“ဟေ့ ဟေ့ ဟေ့” ကူယွဲ့ရဲ့ ပါးစပ်က မဲ့ရွဲ့သွားတော့တာပဲ။ မင်း ငါပြောတာတောင် နားထောင်နေရဲ့လား။ ဦးနှောက်ပျက်နေတဲ့ ပရိသတ်လေး ဝေဒနာရောဂါကနေ မင်း ဘယ်ချိန်ကျမှ ပြန်ကောင်းမှာလဲ။
“ခင်ဗျားက ဘာကြောင့်ပါလာတာလဲ” ယိချင်းက သူ့ဘေးကလူကိုလှည့်ကြည့်လိုက်ပြီး မျက်လုံးထဲမှာ ကျောစိမ့်စေတဲ့အကြည့်တွေနဲ့ကြည့်နေတယ်။ သူက ငါ့ရဲ့ဆရာကို ခိုးယူဖို့ ထပ်ကြိုးစားနေပြန်ပြီ။
ယိချင်းရဲ့ ရန်လိုတဲ့ စိန်းစိန်းဝါးဝါးအကြည့်ကြောင့် အတော်ထိတ်လန့်သွားတော့တာပေါ့။ ကူယွဲ့က ရင်ဘတ်ထဲ စူးအောင့်သွားတော့တယ်။ အမတဓားအရှင်က အခုဆို ဆရာသခင်လို့တောင် နာမည် တပ်ခေါ်မနေတော့ဘူး။ သူ့သဘောထားထဲက ကွာဟချက်က သိသာထင်ရှားနေတာပဲ။
“ဘာကြောင့် မေးတာလဲ။ သူသွားရင် ငါဘာကြောင့် မသွားနိုင်ရမှာလဲ”
ဒီလို ခွဲခြားခွဲခြား ဆက်ဆံတာကို သူသည်းမခံနိုင်ဘူး။
“ဒီခရီးစဉ်က အန္တရာယ်များတယ်လို့တွေးမိလို့ မင်းတို့နှစ်ယောက်ကို ကာကွယ်ပေးဖို့လိုက်လာရုံပဲ”
‘နှစ်ယောက်လုံးထွက်သွားရင် သူပျင်းရိပြီးသေမှာပဲ’
ယိချင်းရဲ့အမူအရာက ပိုတောင်အေးစက်သွားတယ်။ ဒါပေမဲ့ သူ့ကို တားစရာအကြောင်း တကယ် မရှိဘူး။ ရှေ့မှာစုဝေးနေတဲ့တပည့်တွေကို ကြည့်ပြီး အသံကျယ်ကျယ်နဲ့ အမိန့်ပေးလိုက်တယ်။
“ထွက်ခွာမယ်” တစ်ဖက်လှည့်ပြီးတော့ ဓားကိုဆင့်ခေါ်လိုက်တယ်။ ပြီးတော့ ရှန်းရင်ဆီ လက်ဆန့်ထုတ်ပေးလိုက်လေရဲ့။
“ဆရာ ကျွန်တော်တို့ သွားကြမယ်” သူ့ဘေးက တစ်ယောက်ကို အပြည့်အဝ လျစ်လျူရှုထားပြီး ယိချင်းက ရှန်းရင်နဲ့အတူ ချက်ချင်းထွက်သွားတယ်။
“ဟေ့ ဟေ့ ဟေ့ ဘာကြောင့်ပျံတာ ဒီလောက်မြန်နေရတာလဲ” ကူယွဲ့ကလည်း နောက်ကနေ ချက်ချင်းလိုက်လာတယ်။
အမှောင်ထဲမှာရှိနေသေးတဲ့တပည့်များ”…”
နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းဖြစ်စေတဲ့ဆရာသခင်နဲ့ နတ်ဝိညာဉ်ပြည့်စုံတဲ့သူက အဖွဲ့ကိုဦးဆောင်နေတာ။ ဒါက လေ့ကျင့်ရေးခရီးစဉ်ရဲ့ ခက်ခဲမှုက အတိုင်းအတာတစ်ခုထိ ရောက်စေတယ်လို့ ဆိုလိုတာပဲဖြစ်ရမယ်။
Σ(°△°|||)
လေ့ကျင့်ရေးခရီးစဉ်အတွက် သွားရမဲ့နေရာက မဟူရာကောင်းကင်ဂိုဏ်းရဲ့ တောင်ဘက်အရပ်မှာရှိတဲ့ ဝေးလံတဲ့ မြို့လေးတစ်မြို့ပဲ။ အရေးပေါ် အကူအညီတောင်းစာထဲမှာ ပြောထားတာက လွန်ခဲ့တဲ့သုံးလတုန်းက မြို့နားမှာ နတ်ဆိုးကြီးတစ်ကောင် ပေါ်လာတယ်တဲ့။ လူတော်တော်များများက မြင်လိုက်တယ်လို့ ပြောကြတယ်။ လူဆယ့်နှစ်ယောက်လောက် အသတ်ခံရပြီး သူတို့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားခံလိုက်ရတယ်။ မြင်မကောင်းတဲ့ မြင်ကွင်းဖြစ်နေပြီး သေတဲ့သူတွေထဲမှာ ရွှေအမြုတေ တာအိုသခင်တစ်ယောက်တောင် ပါနေသေးတယ်။ တစ်မြို့လုံးက ထိတ်လန့်ကြောက်ရွံ့နေတာပဲ။ နောက်တော့ အရဲစွန့်ပြီး မဟူရာကောင်းကင်ဂိုဏ်းကို အကူအညီ တောင်းခံတော့တယ်။ ရွှေအမြုတေတာအိုသခင်ကို ဖြေရှင်းနိုင်တဲ့နတ်ဆိုးက သေချာပေါက် အနည်းဆုံးအဋ္ဌမအဆင့် ကျင့်ကြံမှု ရှိရမယ်။ ဒီတော့ ဂိုဏ်းခေါင်းဆောင်ချိုးက နတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကို အဖွဲ့ကို ဦးဆောင်ဖို့ ဆုံးဖြတ်ချက် ချလိုက်တာပဲ။ ဒီတစ်ခေါက်ခရီးစဉ်မှာ အုတ်မြစ်အခြေတည်အဆင့် တပည့်ဆယ့်နှစ်ယောက်ပါတယ်။ သူတို့ထဲမှာ အမြင့်ဆုံးက ပြီးပြည့်စုံခြင်းအုတ်မြစ် အခြေတည်အဆင့်မှာပဲ ရှိသေးတယ်။
သူတို့အဖွဲ့က နေ့ဝက်လောက်ခရီးသွားပြီး သူတို့သွားလိုတဲ့မြို့လေးနားကို ရောက်လာတယ်။ မြို့က သိပ်မကြီးဘူး။ တစ်ချက်ကြည့်ရုံနဲ့အရာအားလုံးကိုမြင်နိုင်တယ်။ တည်းခိုဆောင်လေးမှာ နေရာချပြီးနောက် ယိချင်းကတပည့်တွေ သူတို့ဘာသာသူတို့ သတင်းသွားစုံစမ်းစေတယ်။ ပြောရရင် ဒါက သူတို့လေ့ကျင့်ဖို့အတွက်ပဲလေ။ ဒီတော့ သူသိပ်ပြီး ဝင်စွက်ဖက်လို့မရဘူး။
တစ်နေ့ခင်းလုံး သတင်းစုံစမ်းပြီးတော့ တပည့်ဆယ့်နှစ်ယောက်က ညနေစောင်းလောက်မှ ပြန်လာပြီး သူတို့မျက်နှာထက်မှာ ထူးဆန်းတဲ့အကြည့်တွေရှိနေကြတယ်။ သူတို့အမူအရာက အတော်လေး စိတ်ရှုပ်ထွေးနေပုံပေါ်သလိုပဲ။
“ဘာဖြစ်လို့လဲ” ကူယွဲ့က သူနဲ့အနီးဆုံးတပည့်ကို ကြည့်လိုက်တယ်။ သူခေါ်လိုက်တဲ့သူက ရှီချိုးရဲ့ အကြီးဆုံးတပည့် ဖြစ်တဲ့ပုံပဲ။
“ချန်အန်း မင်းဘာရှာတွေ့လဲ”
“ချန်အန်းက ဆရာဦးလေးကို သတင်းပို့ပါတယ်” ချန်အန်းက ရှေ့တိုးပြီး လက်သီးနှစ်ဖက်ဆုပ်မိုးလိုက်တယ်။
“ကျွန်တော်တို့ ရည်ရွယ်ချက်က နတ်ဆိုးကို ရှာတွေ့တဲ့သူဆီသွားပြီး ဘယ်လိုနတ်ဆိုးမျိုးဆိုတာ မေးဖို့ပဲ။ ဒါပေမဲ့ မေးပြီးတဲ့နောက် မြို့နေလူထုတစ်ဝက်လောက်က နတ်ဆိုးကို တွေ့တယ်လို့ ပြောတယ်”
“ဪ ဒီလောက်အတင့်ရဲသလား” ကူယွဲ့က မျက်မှောင်ကျုံ့ပြီး သူ့ကိုဆက်ပြောခိုင်းလိုက်တယ်။
“အဲ့ဒီနတ်ဆိုးက သန်းခေါင်ယံအချိန်ကျမှ ထွက်လာတာလို့ပြောတယ်။ ချီနက်တွေနဲ့ ဝန်းရံနေတာ။ ဒီတော့ သူ့ရဲ့ပုံပန်းသွင်ပြင်ကိုမမြင်နိုင်ဘူး” ချန်အန်းက ဆက်ပြောလိုက်တယ်။
“အထည်ဆိုင်၊ ဝိုင်ဆိုင်နဲ့ မြို့အနောက်ဖက်ကတည်းခိုဆောင်၊ ကျောင်း၊ မြို့အရှေ့ဖက်က ပါးနီဆေးဆိုးဆိုင်နဲ့ မုဆိုးအိမ်ရဲ့မိသားစုတွေတောင် နတ်ဆိုးကြောင့်ပျက်စီးကုန်တယ်။”
“ဒီတော့ ဒီနတ်ဆိုးက ဒီနေရာမှာ အကြီးအကျယ်သောင်းကျန်းနေတာ တော်တော်ကြာပြီဖြစ်ပုံပဲ” ကူယွဲ့က သူ့လက်ထဲက ကျောက်စိမ်းပုလွေကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်တယ်။
“မကောင်းဆိုးဝါးက ဘယ်လိုပုံလို့ပြောလဲ။ သူတို့က ဘာတွေယူထားလဲ။ သူတို့ အခြေအနေကကော”
ချန်အန်းမျက်နှာထားက အနည်းငယ်ရှုံ့မဲ့သွားပြီး ဝေခွဲမရတဲ့အမူအရာက သူ့မျက်နှာထက်မှာ ပေါ်လာတယ်။
“သူတို့အထိအခိုက် မရှိပါဘူး”
“ဘာ” ကူယွဲ့က စိတ်ရှုပ်ထွေးသွားတယ်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
“ဒဏ်ရာမရဘူးတဲ့လား။ ရွှေအမြုတေကျင့်ကြံသူတစ်ယောက်အပါအဝင် လူဆယ့်နှစ်ယောက်ကျော်ကို နတ်ဆိုးက သတ်သွားတာလို့ပြောခဲ့တာမဟုတ်ဘူးလား”
“ဒါက ဒီလိုပါ” ချန်အန်းက ခေါင်းညိတ်ပြီးပြောလိုက်တယ်။ “ဒါပေမဲ့ နတ်ဆိုးကို မြင်လိုက်တဲ့သူတွေက ဒဏ်ရာမရပါဘူး။ သူတို့တစ်ယောက်ချင်းဆီရဲ့ သွေးကြောကိုလည်း ကျွန်တော်စစ်ဆေးခဲ့ပါတယ်။ သူတို့ စိတ်၊ ခန္ဓာ ထိခိုက်ဒဏ်ရာရမှုမရှိဘူး။ သူတို့က ပြောတာက အရင်ကထက်တောင် ပိုသန်မာလာပုံပေါ်တယ်တဲ့”
အဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာ တခြားတပည့်တွေကလည်း ခေါင်းညိတ်ပြီးဖြည့်စွက် ပြောပေးကြတော့တယ်။
“ဟုတ်တယ်။ အထည်ဆိုင်ရဲ့သူဌေးလောင်ကျွမ်းကလည်း သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေ တိုးတက်လာတယ်လို့ပြောတယ်”
“သေရည်ဆိုင်ကသူဌေးကလည်း အိပ်မပျော်တဲ့ရောဂါမရှိတော့ဘူးတဲ့”
“စာအုပ်ဆိုင်သူဌေးကလည်း နောက်ကျောနာတာမရှိတော့ဘူး”
“ပါးနီဆေးဆိုးဆိုင်ပိုင်ရှင်က သူ့ခြေထောက်အဆစ်ကိုက်တာ ပျောက်ကင်းသွားပြီတဲ့”
ကူယွဲ့ “…” ဘာလား။ ဒီနတ်ဆိုးက ညအချိန်မှာ ပရဟိတလုပ်နေတယ်လို့တော့ မပြောနဲ့နော်။ ဒါဆိုရင် လူဆယ့်နှစ်ယောက် သေတာကကော ဘယ်လိုရှင်းပြမလဲ။ ဒီမကောင်းဆိုးဝါးက မသတ်ခင်မှာ လူတွေကို အစာဝအောင်လုပ်ဖို့ကြိုးစားနေတာလား။
“ဖျက်ဆီးခံလိုက်ရတဲ့ အရပ်သားတွေရဲ့အိမ်က များများစားစား မဆုံးရှုံးသွားဘူး”
“အဲ့လိုတော့ မဟုတ်ဘူး။ တစ်ခုခု ဖြစ်ခဲ့သေးလား”
“ဘာဖြစ်တာလဲ”
“အထည်ဆိုင်က ကြက်ဖကြီးတစ်ကောင် ပျောက်သွားတယ်”
“…” ဘာ
“သေရည်ဆိုင်ကလည်း နှစ်ကောင်ပျောက်သွားတာ”
“စာအုပ်ဆိုင်က ခွေးဝါကြီးက သူ့ရဲ့ခြေနှစ်ဖက် ဆုံးရှုံးသွားတယ်တဲ့”
“ပါးနီဆေးဆိုးဆိုင်ထဲက ယုန်ကလည်း ပျောက်နေတယ်”
ကူယွဲ့ “…” ဒီအရေးကိစ္စက ဟာသပြဇာတ်တစ်ခုလို ပြောင်းလဲသွားသလိုပဲ။ ဒီမကောင်းဆိုးဝါးက စနောက်ဖို့ ဘာကြောင့်ကြိုးစားနေတာလဲ။ လူတွေကိုသတ်၊ သူတို့နှလုံးတွေကိုထုတ်ပြီး ညအချိန်ကျတော့ ကောင်းမှုတွေလိုက်လုပ်နေတယ်။ ဒါဆိုရင်ဘာကြောင့်များ ကြက်နဲ့ယုန်တွေလို အိမ်မွေးတိရစ္ဆာန်တွေပျောက်နေရတာလဲ။ သူက မြေခွေးနတ်ဆိုးများလား။
မျက်မှောင်ကျုံ့ပြီးတော့ စဉ်းစားလိုက်တယ်။ အစီအစဉ်တစ်ခုနဲ့ရောက်လာပေမဲ့ ဒါက တပည့်တွေရဲ့လေ့ကျင့်ရေးခရီးစဉ်တစ်ခုဖြစ်ကြောင်းမှတ်မိလိုက်တယ်။ သူတို့တွေမဖြေရှင်းနိုင်တဲ့ အခြေအနေ မတွေ့သရွေ့သူ ဝင်မစွက်ဖက်သင့်ဘူး။ သူ့ဖာသာသူတွေးပြီး သူ့ရှေ့က အဖွဲ့ကို ကြည့်လိုက်တယ်။
“မင်းတို့ဘယ်လိုစီစဉ်မိလဲ” အားလုံးက တိတ်ဆိတ်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေတယ်။ ဘယ်သူမှ အကြံထွက်မလာဘူး။
ကူယွဲ့က ခေါင်းခါလိုက်တယ်။ ပြီးတော့ သူ့ရှေ့က လူတွေဆီ ကိုယ်ပိုင်အမြင်ပြောတော့မဲ့အချိန်မှာပဲ ရုတ်တရက် သူ့ဘေးမှာ မုန့်စားပြီး ထိုင်နေတဲ့ရှန်းရင်က ဝင်ဖြတ်ပြောလိုက်တယ်။
“ကြက်စားရတာ ကြိုက်တယ်ဆိုမှတော့ နင်တို့တွေ ကြက်နဲနဲလောက်ဖမ်းပြီး သူ့ကို ဖမ်းဖို့မျှားလိုက်လေ”
အဲ့ဒီစကားကို ကြားတဲ့အချိန်မှာ ကူယွဲ့ကပြက်ရယ်ပြုတဲ့အနေနဲ့ နှာတစ်ချက်ရှုံ့ပြီး မျက်လုံး လှန်ကြည့်လိုက်တယ်။ ဒီနေရာမှာ ကျင့်ကြံသူတွေ ဒီလောက်များနေတာ နတ်ဆိုးက ကန်းနေတာမှ မဟုတ်တာ။ ဒီတော့ ဒီနည်းပရိယာယ်ထဲဘာကြောင့်ကျမှာလဲ။ အရူးပဲ။
“အကြံကောင်းလိုက်တာ ညီမလေး” ချန်အန်းရဲ့မျက်လုံးက တောက်ပသွားပြီး ရှန်းရင်ကို စိတ်လှုပ်ရှားတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။
ဟမ်
ဟိုလီရှစ်… သူတို့တကယ်တုံးအနေတာပဲ။
တခြားတပည့်တွေကလည်း ရှန်းရင်နားဝိုင်းလာတယ်။
တပည့်တစ်။ ။ “ဟုတ်သားပဲ။ ငါ ဒါကို ဘာကြောင့်မစဉ်းစားမိတာလဲ။ မြွေကိုတွင်းထဲကနေ ဒါနဲ့မျှားလို့ရတာပဲ”
တပည့်နှစ်။ ။ “ညီမလေးက တကယ်ဉာဏ်ကောင်းတာပဲ။ ညီမလေးကို မတွေ့ဖူးသလိုပဲ။ ဘယ်တောင်ထွတ်က တပည့်များလဲ”
တပည့်သုံး “ကောင်းလိုက်တာ အစီအစဉ်ကို ဒီညအကောင်အထည်ဖော်ရအောင်လား”
တပည့်လေး “ကောင်းလိုက်တာ။ ညီမလေးရဲ့အကြံအတိုင်းလုပ်ကြမယ်။ ငါ ကြက်တွေ သွားဝယ်ဦးမယ်”
တပည့်ငါး “ငါအစီအရင်တည်ဆောက်လိုက်မယ်”
တပည့်ခြောက်
ယိချင် ဘာလဲ ဆရာ့ရဲ့သာမန်ကာလျှံကာမှတ်ချက်နောက်မှာ နက်နဲတဲ့ တာအိုသဘောတရားတစ်ခု ရှိနေတာလား။
ကူယွဲ့ “…” ရုတ်တရက်ကြီးကူယွဲ့က မဟူရာကောင်းကင်ဂိုဏ်းရဲ့အနာဂတ်အလားအလာအတွက် နက်နက်နဲနဲ စိုးရိမ်မိသွားတော့တာပဲ။
…