အခန်း ၂၈၉ ။ ယာယီနေထိုင်ခွင့်ရယူခြင်း
“ကောင်းပါပြီ” ယိချင်းက ခေါင်းညိတ်ကာ မတ်တတ်ထရပ်တယ်။ သူက သူ့ဆရာဘေးက မထွက်သွားရသရွေ့ ဘာမဆို လုပ်ဖို့ ဆန္ဒရှိပါတယ်။
ကူယွဲ့နဲ့ရှန်းရင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကာ ထရပ်လိုက်ကြတယ်။
“အော် ဟုတ်သား” ရှန်းကျင်းက ရုတ်တရက် ထပ်ပြောလိုကိတယ်။
“ရှောင်ရင်၊ နင်ကတော့ သွားခွင့်မရှိဘူး”
“ဘာလို့လဲ”
“နင့်ခုအခြေအနေက ထူးခြားတယ်၊ တကယ်လို့ နင်သူတို့ကို ကူညီမယ်ဆိုရင် စမ်းသပ်မှုကို ဖြတ်သန်းဖို့တောင် လိုတော့မှာ မဟုတ်ဘူး”
ရှန်းရင်က မျက်မှောင်ကြုတ်ကာ အီတော့တယ်။
“မကြီးလို့~”
ရှန်းကျင်း နှုတ်ခမ်းသပ်ကာ အမူအရာက ပြောင်းလဲသွားခဲ့တယ်။
“ကောင်းပြီလေ၊ ကောင်းပြီ၊ ကောင်းပြီ၊ နင်သွားလို့ရပေမဲ့ သူတို့ကို မကူညီဘူးလို့ ကတိပေးကမယ်ဟုတ်ပြီလား”
“ဟုတ်ကဲ့မကြီး ပြဿနာမရှိပါဘူး မကြီး”
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
ရှန်းကျင်းရဲ့ ရှန်းရင်ချစ်စရာကောင်းမှုအတွက် ပျော့ကွက်က မပျောက်သေးဘူးပဲ။
——————
သူတို့တွေ လုံးဝစွန့်ပစ်မြေတစ်နေရာဆီ ရောက်နေတယ်။ ခြောက်သွေ့နေတဲ့ မြေဆီကလွှာကလည်း ဘာမှမရှိသလို တိရစ္ဆာန်တွေကလည်း သူတို့တံတွေးသူတို့မျိုချဖို့ပဲရှိတယ်။ သူတို့တွေက တစ်ကောင်နဲ့တစ်ကောင် ဆုတ်ဖြဲဖို့ကြိုးစားပြီး ကြည့်ရတာ သူတို့က အဲဒါကိုပဲတစ်ချိန်လုံးသုံးနေတဲ့ပုံပဲ။
သူတို့ပတ်လည်မှာ လက်လက်ဆတ်ဆတ်အသားတွေရော ပုတ်သိုးနေတဲ့အသားတွေကိုပါ မြင်နေရတယ်။ လေထဲ သည်းမခံနိုင်စရာ အပုတ်နံ့တွေရောပဲ။
ကူယွဲ့ ချက်ချင်း ဒါကို ဘာလို့ သေမင်းဂြိုဟ်ဆိုတာခေါ်လဲနားလည်သွားတယ်။ အနားမှာ လူတစ်ယောက်မှ မရှိရုံတင်မကဘူး အလောင်းတွေအတွက် စွန့်ပစ်မြေပဲ။ ဘာမှ အဲမှာ သက်ဝင်လှုပ်ရှားနေတာမရှိ။
စားဖိုမှူးနဲ့ ကူယွဲ့ အဲကိုရောက်တာနဲ့ သူတို့တွေ ရူးသွပ်နေတဲ့ အပင်တွေ တိရစ္ဆာန်တွေကို စတင်ရှင်းလင်းတော့တယ်။ သူတို့ရဲ့ကျင့်ကြံဆင့်အရဆို ဘာအသိဉာဏ်မှမရှိတဲ့ သားရဲတွေကို ဖြေရှင်းဖို့လွယ်ကူတယ်။ တစ်ခုတည်းသောကိစ္စက သားရဲတွေများလွန်းတာ။ သူတို့တွေသတ်လေ ပိုပြီးများလာလေပဲ။
“ရှန်းရင်၊ ဒီသေမင်းဂြိုဟ်က ဘယ်လောက်ကြီးလဲ” ကူယွဲ့ သားရဲအုပ်အသစ်ကြီး သူတို့ဆီ ဦးတည်လာတာကိုကြည့်နေမိတယ်။
ရှန်းရင် ကျောက်တုံးတစ်တုံးကို ကန်လိုက်တယ်။ တစ်စုံတရာက သူမမျက်လုံးထဲဖြတ်ပြေးသွားပြီး ဖြေလေတယ်။
“ကမ္ဘာရဲ့အဆတစ်ရာလောက် ကြီးတယ်”
“ဘာ” ကူယွဲ့က မျက်လုံးပြူးသွားတယ်။ သူတို့ ဒီနေရာကိုရှင်းဖို့ ဘယ်လောက်တောင်ကြာမှာလဲ။ ရှန်းကျင်းက သူတို့ကို ကလိမ်ကျနေတာ အသိသာကြီး။
“တကယ်လို့ ဒီကသက်ရှိတွေအားလုံး ကူးစက်ခံထားရရင် ဘယ်လိုလုပ် သူတို့ကို တစ်ရက်တည်းနဲ့ ရှင်းပစ်နိုင်မှာလဲ”
သားရဲတွေက သူတို့နား ပိုပိုဝိုင်းလာပြီး မိနစ်နဲ့အမျှ ပိုသန်မာလာတဲ့ပုံ။ အစတုန်းက သူတို့တွေ မြေကြီးပေါ် ခြေထောက်ချဖို့ နေရာရှာနိုင်သေးတယ်။ အချိန်ကြာလာတာနဲ့အမျှ သူတို့တွေ ပိုပိုပြီး လေထဲနားလာရတယ်။ ဒါတောင် လေထဲပျံသန်းနိုင်တဲ့သားရဲအကောင်ရေက သိသိသာသာများတယ်။
“ငါတို့ဘာလုပ်သင့်လဲ”
“အဲကိုပျံသွားမယ်” ရှန်းရင်က သူမညာဘက်ကိုလက်ညှိုးထိုးကာ ညွှန်ကြားလိုက်တယ်။
“အဲမှာ ငါတို့အတွက် သဲလွန်စတချို့ရှိသင့်တယ်”
ကူယွဲ့ တန့်သွားပြီး သူ့ဘေးက ငှက်ကြီးကို ဓားနဲ့ထိုးလိုက်တယ်။ တုံ့ဆိုင်းမှုမရှိ သူ ညာဘက်ဆီ တစ်နာရီတိတိ အရှိန်မြှင့်ပျံသန်းခဲ့တယ်။ နောက်တော့ သူတို့နောက်လိုက်လာတဲ့ ကျီးကန်းအုပ်ကြီးတစ်အုပ် ရှိနေပြီး မကြာခင် ပင်ပန်းသွားမဲ့ပုံလည်းမပေါ်။
“ငါတို့ဘာရှာနေတာလဲ” ကူယွဲ့ မနေနိုင်ဘဲ မေးလိုက်တော့တယ်။
“အချက်အလက်တချို့လေ” ရှန်းရင်က ရုတ်တရက် အရှေ့ကို လက်ညှိုးထိုးပြလိုက်တယ်။
“အဲနားမှာတင်”
ကူယွဲ့ မော့ကြည့်လိုက်တော့ လေထဲမျောနေတဲ့ တြိဂံပုံသဏ္ဌာန်တစ်ခုကိုမြင်လိုက်ရတယ်။ အဲဒါကို လေးထောင့်စတုရန်းလေးတွေနဲ့ ဖွဲ့စည်းထားတာပဲ။ အပြင်ပိုင်းက ငွေရောင်ဖုံးလွှမ်းထားတယ်။ ဒါပေမဲ့ အဲပေါ်ကို နေရောင်ကျရင် ပျောက်သွားပါလေရော။
“ဒါဘာလဲ”
“အစွန့်ပစ်ခံစောင့်ကြည့်ရေးဌာန” ရှန်းရင်က တုံ့ပြန်လာတယ်။ သူမက စားဖိုမှူးကို ပျံသန်းသွားဖို့ အမူအရာပြပြီး တစ်ခုခုလုပ်လိုက်တော့ အဲတြိဂံအဆောက်အအုံက တံခါးတစ်ချပ်ပွင့်သွားခဲ့တယ်။ အထဲမှာတော့ လူသုံးယောက် ထိုင်ရုံလောက်ပဲကျယ်တဲ့နေရာ။
“ငါတို့ဒီမှာဘာလုပ်နေတာလဲ” ကူယွဲ့ ဇဝေဇဝါဖြစ်စွာနဲ့ မေးလိုက်တယ်။
“ဒီဂြိုဟ်အကြောင်း အချက်အလက်ပိုရှာမို့လေ” ရုတ်တရက် သူမက ညာဘက်ကနံရံထောင့်ကို တတောက်တောက်လုပ်လိုက်တယ်။ ဂြိုဟ်ရဲ့ သုံးဖက်မြင်ပုံရိပ်က သူတို့ရှေ့ခုန်ထွက်လာပါလေရော။ ဘေးမှာကတော့ ထူးဆန်းတဲ့နံပါတ်တွေ။
“ဒီမှာ ဒေတာရှာရမယ်လို့ ဘယ်လိုသိတာလဲ” ကူယွဲ့နဲ့ယိချင်း မှင်တက်လန့်ဖျတ်သွားခဲ့တယ်။
“ကြယ်မဟာမိတ်ရဲ့ နယ်မြေTက ဂြိုဟ်တိုင်းမှာ ဒီလို စောင့်ကြည့်ရေးဌာန ရှိကြတယ်”
ရှန်းရင်က သဘာဝကျကျဖြေတယ်။
“ကမ္ဘာမြေမှာလည်း တစ်ခုရှိပေမဲ့ ကာထားတာ” ဒါကလည်း သူမကြယ်ကွန်ရက်နဲ့ ချိတ်ဆက်နိုင်ရတဲ့အကြောင်းရင်းပဲ။
“…” ကူယွဲ့ သူမကို အပြည့်အဝနားမလည်ပေမဲ့ အတော်လေးတော့အထင်ကြီးစရာပဲ။
ရှန်းရင်က မြေပုံတစ်ခုကို ဖြန့်ပြီး ၃ဖက်မြင်ပုံရိပ်ဘေးက ဒေတာနဲ့ အလုပ်ရှုပ်နေတယ်။ တစ်အောင့်ကြာတော့ သူမကပြောတယ်။
“ဒါတကယ့်ကိုသတ္တုဂြိုဟ်ပဲ”
“ဘာသတ္တုဂြိုဟ်လဲ”
“ဒီဂြိုဟ်ရဲ့၈၀ရာခိုင်နှုန်းကျော်က W9851 လို့ခေါ်တဲ့ သတ္တုတစ်မျိုးနဲ့လုပ်ထားတာ” ရှန်းရင်က ရှင်းပြတယ်။
“ဒီလိုသတ္တုမျိုးက ကြယ်ကွန်ရက်ထဲ ပုံမှန်တွေ့နေကျတာပဲ၊ တခြားဂြိုဟ်တွေမှာပါရှိတယ်၊ အဲဒါကြောင့် ဒီစောင့်ကြည့်ရေးဌာနက စွန့်ပစ်ခံခဲ့ရတာ၊ W9851သတ္တုတွေက အရမ်းကိုမီးလောင်လွယ်တယ်၊ သူတို့က အရှိန်ပြင်းပြင်း ပေါက်ကွဲပြီး မီးတောက်တွေက တောမီးတွေလိုပျံ့သွားလိမ့်မယ်”
“ပြောချင်တာက…” ကူယွဲ့မျက်လုံးတွေ တောက်ပနေတယ်။ သူ ရှန်းရင် ဘာပြောနေလဲ ချက်ချင်း သဘောပေါက်သွားတယ်။
“ငါတို့ဒီသတ္တုတွေကို ပေါက်ကွဲစေသရွေ့ တစ်ဂြိုဟ်လုံးကို ဖျက်ဆီးနိုင်တယ်ပေါ့”
“အင်း” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
“ဒါပေမဲ့ ပြဿနာတစ်ခုရှိတယ်”
“ဘာပြဿနာလဲ”
“ဒီဂြိုဟ်ရဲ့မျက်နှာပြင်က တိရစ္ဆာန်နဲ့ အပင်တွေအားလုံးရဲ့ ကူးစက်တာကို ခံလိုက်ရပြီ၊ သတ္ထုတွေက အရှုပ်ထုတ်တွေကြား ဟိုးအနက်ကြီးထဲ မြုပ်နေတယ်၊ ငါ့အစ်မက နင်တို့ကို လုံးဝကူညီခွင့်ပြုမှာ မဟုတ်ဘူး၊ နင်တို့ ဂြိုဟ်မျက်နှာပြင်ကို ဖျက်ဆီးပြီး အထဲက သတ္တုတွေကို ပေါက်ကွဲအောင်လုပ်ဖို့ နည်း ရှာမတွေ့သရွေ့ နင်တို့ တစ်ဂြိုဟ်လုံးကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး”
“ဂြိုဟ်မျက်နှာပြင်က ဘယ်လောက်ထူလဲ”
“မီတာထောင်ချီပေါ့”
“အဲလောက်ထူတာလား” အဲဒါ တကယ်ကြောက်ခမန်းလိလိပဲ။
“ကျွန်တော်သွားမယ်” ယိချင်းက ရုတ်တရက် အော်ဟစ်လာတယ်။
“မင်းလည်း မျက်နှာပြင်ကို မဖျက်ဆီးနိုင်ဘူးလေ”
ကူယွဲ့ စကားမဆုံးခင် စားဖိုမှူးက အခန်းအပြင်ကို ထွက်သွားခဲ့တယ်။
“အပြင်မှာစောင့်-”
ကူယွဲ့ စကားကို အဆုံးမသတ်လိုက်ရ။ စားဖိုမှူးကိုယ်ထဲကနေ ကြီးမားတဲ့ဓားချီပမာဏ ပေါက်ကွဲထွက်လာတယ်။ သူ့ဓားတစ်ချက် ဝှေ့ယမ်းမှုနဲ့အတူ သူတို့နောက်က ငှက်တွေအားလုံးကို သေသွားစေခဲ့တယ်။ ချက်ချင်းပဲ ကောင်းကင်တစ်ခုလုံး မီးတောက်တွေ ဖုံးလွှမ်းသွားပြီး ငှက်တွေလောင်ကျွမ်းကုန်တာမြင်လိုက်ရတယ်။ တိမ်တွေက မီးလောင်နေသလိုပဲ။ ကူယွဲ့ ယိချင်းဓားချီကို ခံစားနိုင်သေးတယ်။ သူ့ကိုယ်က အရှိန်ကြောင့် တုန်ယင်လာပါလေရော။
ဒါ ထိတ်လန့်စရာပဲ။ စားဖိုမှူးရဲ့ ကျင့်ကြံဆင့်က အရင်ကနဲ့ ဒီလောက်ကြောက်ခမန်းလိလိ ကွာခြားနေမယ်လို့ တွေးမိမှာလဲ။ ပြီးတော့ ဒီမီး…။
“ဇာမဏီမီးတောက်စစ်” မင်းက နဂါး မဟုတ်ဘူးလား။
ကူယွဲ့ နားမလည်နိုင်ခင် ယိချင်းက ငှက်တွေအားလုံးကို ဖျက်ဆီးသွားပြီးတဲ့နောက် မြေကြီးဆီ ပျံသန်းသွားခဲ့တယ်။ စက္ကန့်ပိုင်းအတွင်း ပြင်းထန်တဲ့ဓားချီတွေ သူတို့နားကလေထဲ ပြည့်နှက်သွားတယ်။ သူတို့တွေကို သိပ်သည်းတဲ့ ရွှေရောင်က လွှမ်းမိုးသွားပြီး ဓားကြီးတစ်ချောင်းအသွင်ဖြစ်လာတယ်။ ဓားက မြေကြီးထဲ တန်းတန်းမတ်မတ် ပစ်ထည့်ခံလိုက်ရတယ်။
သူတို့ ဂြိုဟ်ကြီးတစ်ခုလုံး အပြင်းအထန်လှုပ်ယမ်းသွားတာကိုခံစားလိုက်ရပြီး အက်ကွဲသံကျယ်ကြီး ထွက်လာတယ်။ သူတို့ပတ်လည်က မြေကြီးပေါ် အက်ကွဲကြောင်းကြီးတွေ ပေါ်လာပါလေရော။ မြေပြင်က ဟသထက်ဟလာလိုက်တာ နက်ရှိုင်းပြီးအဆုံးမရှိတဲ့တွင်းတွေ ဖြစ်လာတဲ့အထိပဲ။
သူ… ဖျက်ဆီးပစ်လိုက်တယ်
(⊙ o ⊙)
ကူယွဲ့ မျက်လုံးပြူးသွားတယ်။ တကယ့်ကို သူကcheatပဲ။
သူက ရှန်းရင်ရဲ့ စခရင်ကို လှည့်ကြည့်လိုက်တယ်။ သူတို့ မျက်နှာပြင်မီတာ၂၀၀၀ပဲ ဖျက်ဆီးရသေးတာကို ပြနေတယ်။ ဒီလိုဆိုမဖြစ်ဘူး သူတို့ နည်းနည်းထပ်သွားဖို့လိုသေးတယ်။
“စားဖိုမှူး…” ကူယွဲ့က ယိချင်းကို ပြန်ခေါ်လိုက်တယ်။
ရုတ်တရက် သူ ဇာမဏီတစ်ကောင်အော်သံကို ကြားလိုက်ရတယ်။ လွန်ခဲ့တဲ့စက္ကန့်ပိုင်းလေးကတင် ဓားကိုကိုင်ထားဆဲ ယိချင်းက ရုတ်တရက် မီးဇာမဏီကြီးအဖြစ် အသွင်ပြောင်းသွားတယ်။ သူက တွင်းအောက်ခြေဆီ ပျံသန်းသွားပြီး လင်းထိန်သွားစေခဲ့တယ်။ မီးတောက်တွေက တွင်းတွေကို ပိုပြီးနက်သွားစေတယ်။
ဂြိုဟ်က ခုဆိုပိုပြီးတောင် အကြမ်းပတမ်းတုန်ခါနေပြီ။ ရှန်းရင်စခရင်ပေါ်က နံပါတ်တွေက အဆက်မပြတ်တိုးလာတယ်။
၂၇၀၀… ၂၈၀၀… ၂၉၀၀… ၃၀၀၀
“ပြီးပြီ” ကူယွဲ့ ရင်တုန်သွားတယ်။ သူ ချက်ချင်း စည်းတံဆိပ်တစ်ခုဖန်တီးပြီး စားဖိုမှူးကို အသိပေးလိုက်တယ်။
“ရပြီ စားဖိုမှူး”
စခရင်ပေါ်က နံပါတ်တွေက ရပ်သွားပြန်တယ်။ တစ်အောင့်နေတော့ စောနက အဆုံးမရှိတဲ့ တွင်းတွေထဲကတစ်ခုဆီ ပျောက်သွားတဲ့ အလင်းလုံးက စောင့်ကြည့်ရေးဌာနဆီ ပြန်ပျံသန်းလာတယ်။ စားဖိုမှူးက သူ့နဂိုပုံစံကို ပြောင်းပြီး မီးတောက်တွေကြားက ထွက်လာခဲ့တယ်။
…