အခန်း ၃၉။ ဆန်းကြယ်ဘုံဆီသို့
“မင်းက ဓားကျင့်ကြံသူပဲ” ခရီးသွားမသေမျိုးက အံ့ဩသွားတယ်။ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း အဆင့်ကို တတ်နိုင်တဲ့ကျင့်ကြံသူတစ်ယောက်။ သူ့ရဲ့ဖြုံလောက်တဲ့စွမ်းအားကိုခံနိုင်ရည်ရှိတယ်ဆိုတဲ့ အချက်က ဒီကျင့်ကြံသူက ဓားကျင့်ကြံသူတစ်ယောက်ဆိုတာကို ပြသနေတာပဲ။
“ဟုတ်တယ်” ကူယွဲ့ကပြောပြီး သတိထားစိတ်က ပိုတိုးလာတယ်။
“ဂိုဏ်းတူအစ်ကို ချင်းလန်” ချင်းယင်က ရှေ့တစ်လှမ်းတိုးပြီး စကားပြောမလို့ ကြည့်လိုက်တယ်။
“ထားလိုက်တော့” ခရီးသွားမသေမျိုးက ဖြတ်ပြောလိုက်တယ်။ “သတင်းက ပျံ့နေပြီးပြီ။ ငါတို့တွေ လူတွေဝင်မှာကို မတားနိုင်တော့ဘူး။ မင်းတို့အားလုံးအသက်စွန့်စားရနိုင်ခြေ ရှိတယ်ဆိုတာ ဒီနေရာမှာပဲ သတိပေးပြီးပြီ။ အခုကစပြီး မင်းတို့ပေါ်မင်းတို့ပဲ မူတည်တယ်”
ချင်းယင်က ဆိုးယုတ်တဲ့အပြုံးပြုံးလိုက်ပြီးတော့ သူ့စိတ်ထဲမှာ အတွေးတစ်ခုကပေါ်လာတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် နတ်ဝိညာဉ်တည်အဆင့် ကျင့်ကြံသူတွေပဲ လျှို့ဝှက်ဆန်းကြယ်ဘုံထဲကို ဝင်နိုင်မှာ။ တစ်ခြားဂိုဏ်းက ကျင့်ကြံသူတွေက စိတ်ကျေနပ်ရင်ဝင်ပေါ့။ ဝင်လို့ရတယ်။ ကြောက်ဖို့ကောင်းတဲ့သားရဲတွေက ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံထဲ နေရာအနှံ့ရှိနေတာ။ မင်းတို့တွေ ကျင့်ကြံသူတွေ ဘယ်လောက်များများဆုံးရှုံးချင်လဲဆိုတာ ကြည့်တာပေါ့”
“နတ်ဝိညာဉ်တည်အဆင့် ကျင့်ကြံသူတွေပဲဝင်နိုင်တယ်လား” ရှီချိုးက ပြန်ပြောလိုက်ပြီး အံ့ဩမှုကြောင့် သူ့မျက်လုံး ပြူးကျယ်သွားတော့တာပဲ။ လျှို့ဝှက်ဆန်းကြယ်ဘုံထဲဝင်ဖို့ လူတစ်ယောက်က အနည်းဆုံး နတ်ဝိညာဉ်တည်အဆင့်မှာရှိရမယ်။ မဟူရာကောင်းကင်ဂိုဏ်းထဲမှာ နတ်ဝိညာဉ်တည်အဆင့် ကျင့်ကြံသူ မချို့တဲ့ပေမဲ့ ထျန်းလျန်လောကမှာ ပိုတောင်ရှိဦးမယ်။ နတ်ဝိညာဉ်တည်အဆင့်တွေက ဝင်နိုင်တယ်ဆိုပေမဲ့ သူတို့တွေက လျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာတော့ အဆင်မပြေလောက်ဘူး”
“လျှို့ဝှက်ဆန်းကြယ်ဘုံကို ဝင်ဖို့က အနှစ်ငါးရာကနေ အနှစ်တစ်ထောင်ကနေ တစ်ကြိမ်ပဲ ပေါ်လာတတ်တာ။ တံခါးပေါက်က အလွန်ဆုံးသုံးလလောက်ပဲ ပွင့်တယ်။ အောက်ဘုံက လူတွေက ဒီအခွင့်အရေးကို ဖမ်းဆုပ်ထားတာ ပိုကောင်းမယ်” ချင်းယင်က သရော်သွားတယ်။ ပြီးတော့ သူတို့ဓားပေါ်တက်ပြီး မိုးကုပ်စက်ဝိုင်းထဲမှာပျောက်ကွယ်သွားတယ်။
ပြောဖို့မလိုဘဲ သူတို့တွေက လျှို့ဝှက်ဆန်းကြယ်ဘုံကို ဦးတည်သွားတော့တာပေါ့။
“ကျုပ်တို့ဘာလုပ်သင့်လဲ” သူဘယ်လောက်ပဲစဉ်းစားစဉ်းစား ရှီချိုးက နည်းလမ်းတစ်ခုမရှာနိုင်ဘူး။
သူတို့ လျှို့ဝှက်ဆန်းကြယ်ဘုံထဲဝင်ရမယ်ဆိုရင် မြန်မြန်ဝင်မှရမယ်။ ဒါပေမဲ့ အထက်ထျန်းလျန်လောကက စစ်ကူပို့မလားဆိုတာ သူတို့မသိသေးဘူးလေ။ ပြောရရင် ဒါက ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံပဲ။ အမှန်တရားကတော့ မဟူရာကောင်းကင်ဂိုဏ်းမှာ နတ်ဝိညာဉ်တည်အဆင့်ကျင့်ကြံသူတွေ များများစားစားမရှိတာပဲ။ ဒါကြောင့်သူတို့တွေက အားလုံးကို လျှို့ဝှက်ဆန်းကြယ်ဘုံဆီ မပို့နိုင်ဘူးလေ။ ဒါ့အပြင်သူတို့ရဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအကျင့် ကျင့်ကြံသူသုံးယောက်က တံခါးပိတ်ကျင့်ကြံနေသေးပြီး ထွက်လာနိုင်မှာ မဟုတ်ဘူး။
“ငါ အရင်တစ်ချက်သွားကြည့်ဦးမယ်” ကူယွဲ့က သူ့အခြေအနေအကြောင်းကိုလည်း ပြင်းပြင်းထန်ထန် စဉ်းစားနေတယ်။ အသံတိုးတိုးနဲ့သူက ဆက်ပြောလိုက်တယ်။
“လျှို့ဝှက် ဆန်းကြယ်ဘုံထဲမှာ ဘာရှိနေတယ်ဆိုတာ ဆွေးနွေးနေစရာမရှိဘူး။ သူတို့သုံးယောက်က ဒီတစ်ခေါက် လျှို့ဝှက်ဆန်းကြယ်ဘုံထဲသွားတယ်ဆိုတာက သူတို့တွေက မဟူရာကောင်းကင်ဂိုဏ်း ကို တမင်တကာဆန့်ကျင်တာကိုပြလိုက်တာပဲ။ သူတို့နောက်ကို လိုက်သွားဖို့ တစ်ခြား နတ်ဝိညာဉ်တည်အဆင့်ကျင့်ကြံသူတွေကို လွှတ်ဖို့ကမသင့်တော်ဘူး။ ငါက အနည်းဆုံးတော့ ငါ့ကိုယ်ငါကာကွယ်နိုင်တယ်”
“ဆရာဦးလေ” ကူယွဲ့က သွားဖို့အတွက် သူကအကောင်းဆုံးအခြေအနေပဲဆိုတာ ပြောတာမှန်တယ်။
“ဒါပေမဲ့ ငါနဲ့အတူလူနှစ်ယောက်သွားဖို့လိုသေးတယ်”
“ဘယ်သူလဲ”
“ယိချင်း”
“ဪ ဟုတ်သား။ ပြီးပြည့်စုံတဲ့ ယိချင်း” သူကိုယ်တိုင်က ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ဆရာသခင်နဲ့ယှဉ်နိုင်တာလေ။ သူက တကယ်ရွေးချယ်မှုကောင်း တစ်ခုပဲ။ “ပြီးတော့ သူ့ဆရာ”
“ဘာ” ရှီချိုးက ထုတ်ဖော်ပြောလိုက်တယ်။ “သူ့မှာ ဆရာတစ်ယောက်ရှိတယ်လား”
“…”
…
ကူယွဲ့က တွေးပြီးသွားပြီ။ ခရီးသွားမသေမျိုးက သန်မာပုံပေါ်ပြီး သူတို့တွေက လျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာ ဘာရှိမှန်း မသိဘူး။ သူတို့အခြေအနေကို တွေးကြည့်ရင် ရွေးချယ်စရာမရှိဘဲ လှည့်ကွက်သုံးဖို့ပဲရှိတယ်။ ရှန်းရင်က အင်မတန်အစွမ်းထက်တာ။ သူက နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ထက်တောင်ပိုအစွမ်းထက်မှာ။ သူက ပျင်းရိပြီး ဘာမှအသုံးမကျ။ နည်းနည်း နှာဗူးကျပြီး ဒုက္ခပေးပြီး စိတ်ပျက်ဖို့ကောင်းတယ်ဆိုပေမဲ့ သူက ဘေးကင်းတဲ့ ရွေးချယ်မှုတစ်ခုဖြစ်နေတုန်းပဲ။
သူအရင်တုန်းက ခရီးသွားမသေမျိုးတစ်ယောက်နဲ့ တစ်ခါမှမတိုက်ဖူးဘူး။ ဒါပေမဲ့ ရှန်းရင်က ခရီးသွားမသေမျိုးနဲ့ယှဉ်နိုင်တဲ့ပုံပဲ။ သူနဲ့ယိချင်းက သူမနဲ့အတူ တိုက်ခိုက်ပေးမယ်ဆိုရင် သူတို့အနိုင်မရရင်တောင် မရှုံးမှာသေချာတယ်။ သေချာပေါက်မရှုံးဘူး။ သူတို့က ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတာ။ ဒီတော့ သူကူညီမှာပဲ။
“ငါ မသွားဘူး” ရှန်းရင်က ချက်ချင်းပြန်ပြောပြီး ခေါင်းကို ဘေးတိုက်အနည်းငယ်မော့လိုက်ပြီး စားပွဲကိုမှီပြီးတော့ ဆက်အနားယူနေတယ်။
ကူယွဲ့က နှလုံးခုန်နှုန်းရပ်တန့်သွားပြီး သူ့မျက်နှာက ရုတ်တရက်ကြီးနာကျင်လာတော့တာပဲ။
“ဘာလို့လဲ” သူမ သူ့ကိုငြင်းလိမ့်မယ်ဆိုတဲ့အတွေး သူ့စိတ်ထဲမှာ တစ်ခါမှ ပေါ်မလာဖူးဘူး။
“ဒါက ဒုက္ခများလိမ့်မယ်” ရှန်းရင်က အိမ်ကနေထွက်ရတာအရမ်းမုန်းတာလေ။ သူလိုချင်တာက အိမ်မှာအနားယူဖို့ပဲ။
“ငါ့ခြေထောက်ကို ဒုက္ခများ” သူက လက်ဆန့်ထုတ်ပြီး ငါ့ကို သူ့ခြေထောက်နားဆီဆွဲယူလိုက်တယ်။
“မင်း ဒီထက်ပိုကောင်းတဲ့ အကြောင်းပြချက်ရှိမှာပဲ။ ဒုက္ခများတယ်ဆိုတာ ဘယ်လိုမျိုးဆိုးရွားတဲ့ အကြောင်းအရင်းလည်း”
“ငါမသွားဘူး” သူက စားပွဲကိုပြန်မှီလိုက်တယ်။ “ငါတို့တွေက ငတ်တော့မှာလေ။ အဲ့တာကို သူက အပြင်သွားဖို့တွေးနေသေးတယ်လား။ ငါကျန်တဲ့စွမ်းအင်တွေကို တတ်နိုင်သမျှချွေတာရမယ်။
“ဟိုလီရှစ် မင်းငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ မှတ်ထားလို့မရဘူးလား။ ငါတို့တွေက မွေးရပ်မြေတူညီတာပဲလေ။ မင်းက ငါ့အတွက် ငါ့ကိုထားရစ်တော့မလို့လား။ လျှို့ဝှက်ဆန်းကြယ် ဘုံထဲ ခရီးတစ်ခေါက်သွားရုံပဲလေ။ အလွန်ဆုံးသုံးလနေရင် ပြန်လာမှာပေါ့။ ဖျတ်ခနဲကုန်သွားမှာပဲ။ ပြီးခဲ့တဲ့အခေါက်တုန်းက မင်းကို ဓားရိပ်ဖမ်းတောင်ထွတ်ဆီခေါ်သွားပေးတာပဲ။ အခုက မင်းမျက်နှာသာပြန်ပေးရမယ့်အချိန်ပဲ”
“ငါတို့တွေ အခုအိမ်ကနေ ထွက်မသွားသင့်ဘူး”
“ဘာကြောင့်လဲ”
“ငါ ဆောင်းခိုတော့မှာ”
ကူယွဲ့ရဲ့နှုတ်ခမ်းထောင့်က ကွေးတက်သွားတယ်။ “အခုက နွေဦးကြီး”
“ဪ ဟုတ်သား။ ငါ ဆောင်းခိုဦးမှာပဲ”
“ငါ့ ဖင်ကိုပဲ ဆောင်းခိုနေလိုက်” ကူယွဲ့က ဒေါသထွက်သွားတော့တယ်။ ဒီလိုအရှက်မဲ့တဲ့ ငပျင်းကို ရင်ဆိုင်နေရတာ သူတကယ်မယုံနိုင်ဘူး။ သူကူကယ်ရာမဲ့နေပေမဲ့ ဖျောင်းဖျဖို့ကြိုးစားရတော့တာပဲ။
“ဒါက တစ်ဂိုဏ်းလုံးနဲ့သက်ဆိုင်တယ်။ မင်းငါ့ကို ဒီတစ်ခေါက် ကူညီရင် မင်းရဲ့နာမည်က သမိုင်းကြောင်းထဲမှာ ရှိသွားတော့မှာ”
“ငါ မသွားဘူး။ ဒါ့အတွက် ငါပိုက်ဆံတောင် ရတာမှ မဟုတ်တာ”
ကူယွဲ့က သွေးတွေ ဆောင့်တိုးလာသလိုခံစားလိုက်ရပြီး သူ့ခေါင်းထဲမှာလဲ သူမကို လည်ပင်းညှစ်သတ်တဲ့ပုံတွေ ပြည့်လာတော့တယ်။ ပြီးတော့သူ့ကိုယ်သူ စိတ်အေးအောင်လို့ အသက်ပြင်းပြင်း စရှူလိုက်တယ်။ ခဏစဉ်းစားပြီးတော့ သူ့ရဲ့သိုလှောင်အိတ်ဆီကို လက်လှမ်းပြီး ဝိညာဉ်ကျောက်တုံးတစ်အိတ်ထုပ်ပြီး စားပွဲပေါ်ပစ်တင်လိုက်တယ်။ ထန်းခနဲ အသံကြားရတော့တာပဲ။
“ဒီမှာလစာ”
ရှန်းရင်က မျက်လုံးတွေမှေးကျဉ်းလိုက်တယ်။ ငပျင်းတစ်ယောက်လိုမျိုး ကြည့်နေသေးပြီး သူမက ဖြည်းဖြည်းချင်း ရှေ့တိုးလာပြီး အိတ်ကို တို့ကြည့်လိုက်တယ်။ သူမဆီဆွဲယူကြည့်ပြီးတော့ အနည်းငယ် ဖွင့်ကြည့်ပြီး အထဲကိုချောင်းကြည့်လိုက်တာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတချို့ကို တွေ့လိုက်ရတယ်။
“အာ” ငပျင်းမက ခုံမှာထိုင်နေပြီးဆက်ပြောတယ်။
“သုံးလကကြာလွန်းတယ်” သူအိမ်ကနေ ဒီလောက်အကြာကြီးခွာဖူးတာမှမဟုတ်တာ။
ဒုံး
နောက်ထပ်အိတ်တစ်အိတ်က စားပွဲပေါ်ရောက်လာတယ်။ ငပျင်းမက ချက်ချင်းထထိုင်လိုက်တော့ တာပဲ။ ကူယွဲ့ရဲ့လက်ဆီ လှမ်းလိုက်ပြီး အင်မတန်စိတ်အားထက်သန်တဲ့ပုံစံနဲ့ ပြောလိုက်တယ်။
“ဖေဖေနျူ ဘယ်အချိန်စထွက်မှာလဲ”
“ထွက်သွားလိုက်။ ငါက မင်းအဖေနျူမဟုတ်ဘူး”
“ကောင်းပါပြီ။ ဖေဖေနျူ” သူမက အိတ်နှစ်အိတ်ကိုယူပြီး မတ်တတ်ထရပ်ပြီး မီးဖိုချောင်ထဲ သွားတော့တယ်။ မီးဖိုချောင်နားရောက်တဲ့အချိန် သူက သီချင်းဆိုလိုက်တယ်။ “စားဖိုမှူး ငါတို့ အခုပိုက်ဆံရှိပြီ ဈေးသွားကြမလား”
“ဟုတ်ကဲ့ဆရာ ပြဿနာမရှိဘူး။ ဆရာက အံ့ဩဖို့ကောင်းလိုက်တာ”
(╯‵□′)╯(┻━┻
ဒီလိုကောင်းမွန်တဲ့ ဆက်ဆံရေး။
…
ကူယွဲ့က လျှို့ဝှက်ဆန်းကြယ်ဘုံထဲ သွားဖို့အရေးအလျင်လိုနေပြီး သူက တခြားဂိုဏ်းက လူတွေလည်း အဲ့ဒီကိုရောက်သွားပြီဆိုတာ သဘောပေါက်သွားတယ်။ ကျင့်ကြံခြင်းအဆင့်တိုင်းရဲ့ ကျင့်ကြံသူတွေက တောင်ထွတ်မှာ စုဝေးနေတာ။ သူတို့တွေက ဝင်ခွင့်လိုအပ်ချက်ကို မကြားမိတာ သိသာတယ်။
အထက်ထျန်းလျန်လောကကလူသုံးယောက်က လျှို့ဝှက်ဆန်းကြယ်ဘုံဝင်ပေါက်အပြင်ဖက်မှာ ရပ်နေကြတယ်။ သူတို့က ရှေ့တည့်တည့်မှာရပ်နေတာ။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့တွေက လျှို့ဝှက်ဆန်းကြယ်ဘုံထဲကို အနည်းဆုံးနတ်ဝိညာဉ်တည်အဆင့်ရှိတဲ့ ကျင့်ကြံသူတွေပဲ ဝင်နိုင်တယ်လို့ လူအုပ်ကြီးကို အကြောင်းကြားလိုက်တာပဲ။ အနားမှာ ရပ်နေတဲ့ကျင့်ကြံသူအများစုက မျက်နှာမှာစိတ်ပျက်တဲ့အမူအရာပေါ်လာတယ်။
ချင်းယင်က ကူယွဲ့ကိုကြည့်လိုက်ပြီး သူက တမင်တကာပဲ ကူယွဲ့ဖက်ခြမ်းကို ကြည့်ပြီး ထူးထူးဆန်းဆန်းပြုံးလိုက်တယ်။
“ကြည့်ဦး အဲဒါက မဟူရာကောင်းကင်ဂိုဏ်းရဲ့ဓားကျင့်ကြံသူမဟုတ်ဘူးလား။ ဟား ကျုပ်တို့တွေ လျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာ ထပ်တွေ့ကြပြန်ပြီ”
အဲဒီစကားတွေ ပြောလိုက်ပြီးတာနဲ့သူက သလင်းပုံသဏ္ဌာန်ဝင်ပေါက်ထဲကို သူ့အဖော်နှစ်ယောက်နဲ့ ဝင်သွားတော့တယ်။
ကူယွဲ့က မျက်မှောင်ကျုံ့ပြီးသွားရောပဲ။ ဒါကို ကြည့်ခြင်းအားဖြင့် ချင်းယင်က အငြိုးအတေးကြီးတဲ့သူဆိုတာသေချာတယ်။ သူက ကူယွဲ့ကိုမဟူရာကောင်းကင်ဂိုဏ်းထဲမှာ ဖိနှိပ်ဖို့မတတ်နိုင်ခဲ့တာကို စိတ်ထဲတေးထားသေးတဲ့ပုံပဲ။ လျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာ ကူယွဲ့အတွက် ခက်ခဲအောင်လုပ်ဖို့စိတ်ပြင်ဆင်ထားပြီးဖြစ်ပုံလည်းပေါ်တယ်။ ကူယွဲ့အတွက် ကံကောင်းတာက သူ့မှာ သူနဲ့အတူရှိနေတယ်။
သူက အသိအကျွမ်းတွေကို မြန်မြန်နှုတ်ဆက်ပြီးတော့ အချိန်ဖြုန်းမနေဘဲယိချင်း၊ ရှန်းရင်တို့နဲ့အတူ လျှို့ဝှက်ဆန်းကြယ်ဘုံထဲပျံသန်းသွားတယ်။ သူတို့က သလင်းပုံစံဝင်ပေါက်ကိုဖြတ်သန်းသွားတာနဲ့ သူတို့နားမှာရှိတဲ့အရာအားလုံးရုတ်တရက်တိတ်ဆိတ်သွားတာကို သတိပြုမိလိုက်တယ်။ ပြီးတော့ သူမြင်သမျှက မျက်စိကန်းလောက်တဲ့အလင်းရောင်ပဲ။
ဆယ်စက္ကန့်မပြည့်ခင်မှာပဲ သူတို့တွေက တောအုပ်ထဲရောက်နေပြီဆိုတာ သိလိုက်ရတယ်။ လျှို့ဝှက်ဆန်းကြယ်ဘုံထဲက လေက ဝိညာဉ်ချီတွေနဲ့ပြည့်နေပြီးအပြင်က လေထက်ဆယ်ဆ ပိုသိပ်သည်းတယ်။ အနည်းဆုံးပြောရမယ်ဆိုရင်တော့ ထိတ်လန့်ဖို့ကောင်းလွန်းတယ်။ ပတ်ဝန်းကျင်ကို စစ်ဆေးပြီးတော့ ကူယွဲ့က ယိချင်းနဲ့သူ့ရှေ့က ဝင်သွားတဲ့ကျန်တဲ့ ကျင့်ကြံသူတွေ အရိပ်အယောင်ကို ရှာမတွေ့နိုင်ဘူး။
“ကြည့်ရတာ လျှို့ဝှက်ဆန်းကြယ်ဘုံဝင်ပေါက်က ကျပန်းပဲ” ကူယွဲ့က ယိချင်းဖက်ကိုလှည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “ငါတို့ခန္ဓာကိုယ်ပေါ်မှာ အရိပ်အမှတ်အသားထားထားတာ ကံကောင်းတာပဲ။ ငါတို့တွေ သေချာပေါက် အမ်း ရှန်းရင်ဘယ်မှာလဲ”
သူကလှည့်ပတ်ကြည့်ပြီး သူ့နားတဝိုက်ကို စစ်ဆေးလိုက်တယ်။ ဒါပေမဲ့အစားကြိုက်တဲ့သူကိုတော့ ဘယ်နေရာမှရှာမတွေ့ဘူး။
“ဟိုလီရှစ် ငါတို့တော့ cheat ကို ဆုံးရှုံးသွားပြီ” သူက သူမအပေါ်မှာ အရိပ်အမှတ်အသားထားလိုက်တာကို ရှင်းရှင်းလင်းလင်းမှတ်မိရဲ့သားနဲ့။
Σ(°△°|||)
တစ်ဖက်မှာတော့ ရှန်းရင်ရဲ့ အဆုံးသတ်ကတော့…။
ရုတ်တရက်ကြီး တောင်တစ်တောင်လောက် မြင့်မားတဲ့ သားရဲတစ်ကောင်က သူမရှေ့မှာပေါ်လာတယ်။ သူမကသားရဲကို ပိုရှင်းရှင်းလင်းလင်း မြင်ရအောင်လို့ လည်ဆန့်ကြည့်လိုက်တယ်။
ဒါက… စားလို့ရမလား။
…