အခန်း ၂၆၉ ။ မလိုက်ဖက်သောဝိညာဉ်များ
အမည်းရောင်ပုံသဏ္ဌာန်က တန့်သွားတယ်။ အနီရောင်အလင်းတောင် နည်းနည်းဖျော့တော့သွားသလိုပဲ။ နောက်အခိုက်အတန့်မှာ အဲလူပတ်လည်က အနက်ရောင်ချီက လွင့်ပျယ်သွားခဲ့တယ်။ တဖြည်းဖြည်းချင်း အဲဒါက အပြာရောင် နတ်ဘုရားစွမ်းအင်အဖြစ် ပြောင်းလဲလာခဲ့တယ်။ ဖေဖေနျိုနဲ့ တစ်ပုံစံတည်းတူတဲ့မျက်နှာက စတင်ပေါ်ပေါက်လာခဲ့တယ်။
“အချိန်အတော်ကြာမှ သိမယ်ထင်နေတာ” ချန်းယွဲ့က ခြောက်ကပ်ကပ်ရယ်တယ်။ သူက ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် မရှိတော့သလိုမျိုး သူတို့ကို မော့ကြည့်လာတယ်။
“အဲဒါဆိုလည်းအဆင်ပြေတာပဲ၊ မင်းတို့အားလုံးကို အင်းကွက်အတွက် စတေးလို့ရတာပေါ့”
ရုတ်တရက် သူက အုပ်စုဘက်လက်မြှောက်လိုက်တယ်။ သူတို့နောက်က ဆန်းကြယ်ဘုံဆီဝင်ပေါက်က ပိတ်သွားခဲ့တယ်။ အောက်ကဟာလိုမျိုးနဲ့တူတဲ့ အင်းကွက်က လေထဲပေါ်လာတယ်။ သူတို့ဘယ်သူမှ မတုံ့ပြန်နိုင်ခင် တစ်စုံတရာပိကျလာသလို ခံစားလိုက်ရပြီး သူတို့အရှိန်အဝါတွေက မတည်မငြိမ် ဖြစ်လာတော့တာပဲ။ တစ်ခုပြီးတစ်ခု ဓားပျံတွေက မြေကြီးပေါ် ကျလာခဲ့တယ်။ သူတို့ကို ဆက်ပြီးကြာကြာ မထိန်းထားနိုင်တော့ဘူး။
အင်းကွက်ရဲ့အနီရောင်အလင်းက အရှိန်ပြင်းလာတယ်။ သူတို့ပတ်လည်က အရာအားလုံးက သွေးရဲရဲနီကုန်သလို သူတို့ရဲ့မူလဝိညာဉ်တွေက ထိခိုက်ကုန်တာသိလိုက်ရတယ်။ သူတို့ဝိညာဉ်တွေက စတင်ပြီးပြိုကွဲစပြုလာတာကို ခပ်ယဲ့ယဲ့ခံစားလာရတော့တယ်။
ပိုင်ဇယ်က အင်းကွက်တစ်ခု အမြန်စီရင်ပြီး တစ်ဖွဲ့လုံးကိုအထဲဆွဲသွင်းလိုက်တယ်။ အဲတော့မှပဲ အရိုးကွဲမတတ်နာကျင်မှုက နောက်ဆုံးတော့ ရပ်တန့်သွားခဲ့တယ်။
“မင်းက… ကျင့်ကြံဆင့်ကို ဖုံးထားတာပဲ” ပိုင်ဇယ် အင်းကွက်ကိုထိန်းထားဖို့ကြိုးစားရင်း အထိတ်တလန့် ရေရွတ်လိုက်တယ်။ သူတို့တွေ အကြိမ်ရေရာချီ တိုက်ခိုက်ဖူးတာမို့ ချန်းယွဲ့ရဲ့ကျင့်ကြံဆင့်နဲ့ အရင်းနှီးဆုံးပဲ။
ချန်းယွဲ့က သူ့ပင်ကိုဟန်ပန် လူကြီးလူကောင်းဆန်ဆန် ပြန်ဖြေလေတယ်။
“ငါ ဘာကျင့်ကြံဆင့်မှ မဖုံးကွယ်ခဲ့ပါဘူး၊ ငါက မင်းတို့အားလုံးရဲ့ အကြွင်းအကျန်ဝိညာဉ်တွေကျေးဇူးကြောင့် အရင်လို မဟုတ်တော့ရုံပါပဲ”
“လူတိုင်းရဲ့အကြွင်းအကျန်ဝိညာဉ်တွေကို ခိုးတာ တကယ်ပဲရှင်ကိုး” ရွှမ်ထုံက အော်လိုက်တယ်။
ချန်းယွဲ့ အမူအရာက မည်းမှောင်သွားတယ်။ သူက အသက်ပြင်းပြင်းရှူလေတယ်။
“ပိုင်ဇယ်ရဲ့မျိုးနွယ်က အချိန်စတင်တည်းက ရှင်သန်လာခဲ့တဲ့ တစ်ခုတည်းသောမျိုးနွယ်လို့ ကြားဖူးတယ်၊ သူ့မျိုးနွယ်က ကနဦးတုန်းက ကသောင်းကနင်း ဖြစ်မှုတွေကြား တစ္ဆေတွေကို မောင်းထုတ်ခဲ့တဲ့ မျိုးနွယ်ပဲ၊ ပုံမှန်အရတော့ သူ့ဝိညာဉ်က တခြားသူအားလုံးရဲ့ဝိညာဉ်တွေနဲ့ ကွဲပြားတယ်၊ ဒီအင်းကွက်ကို အသက်သွင်းဖို့ မင်းရဲ့အကြွင်းအကျန်ဝိညာဉ်ကို လိုအပ်ခဲ့တာ”
“မင်းရဲ့ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့အတွက်နဲ့ ငါ့ရဲ့အကြွင်းအကျန်ဝိညာဉ်ကို လိုချင်တာလား”
“ငါလိုချင်တာရဖို့အတွက် အင်အားကြီးမားပြီး သန်မာဖို့လိုတယ်လေ၊ ဒါပေမဲ့ အခုတော့… မလုံလောက်ဘူး”
သူ မျက်မှောင်ကြုတ်လိုက်တယ်။ သူက အဖွဲ့ဆီလက်မြှောက်ပြရင်း မျက်လုံးထဲ စိတ်ပိုင်းဖြတ်ထားတဲ့ အရောင်တောက်ပမှုရှိနေတယ်။
ကူယွဲ့က ကြီးမားတဲ့ဖိအားတစ်ခုက သူ့ကိုစုပ်ယူနေတာကို ခံစားမိလိုက်တယ်။ သူ့ခန္ဓာကိုယ်ကို သူ မထိန်းချုပ်နိုင်တော့ဘဲ ပျံထွက်ကာ ချန်းယွဲ့လက်ထဲ ဆင်းသက်သွားခဲ့တယ်။
“ဖေဖေနျို”
“ကူယွဲ့”
အုပ်စုက မယုံကြည်နိုင်စွာ စိုက်ကြည့်နေတယ်။ ချန်းယွဲ့ရဲ့လက်ဖဝါးက ကူယွဲ့ရင်ဘတ်ထဲ ရှိနေပြီး ရှိသမျှအားထုတ်သုံးကာ ကူယွဲ့ဝိညာဉ်ကို သူ့ကိုယ်ထဲကနေ အရှင်လတ်လတ်ဆွဲထုတ်ဖို့ လုပ်တော့တယ်။
အနီရောင်အလင်းက ဖျတ်ခနဲလင်းသွားပြီး သူ့လက်ကိုပြန်ရုပ်လိုက်တယ်။
ဒါပေမဲ့…
ဘာမှဖြစ်မလာ။
(⊙_⊙)
ဝိညာဉ်တစ်ခုလုံး မေ့ထားလိုက် – ကူယွဲ့ရဲ့ ဝိညာဉ်တစ်စိတ်တစ်ပိုင်းတောင် အပြင်ကို လွင့်မထွက်လာဘူး။ နှစ်ယောက်သား နေရာမှာတင်ရပ်နေပြီး တစ်ယောက်ကိုတစ်ယောက် ဖမ်းဆုပ်ထားရင်း အကြည့်မလွှဲဖြစ်နေကြတယ်။
ကူယွဲ့ ။ ။ “…”
ချန်းယွဲ့ ။ ။ “…”
အားလုံး ။ ။ “…”
အတော်လေးကို အနေရခက်စရာပဲ။
“ဒါဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ” ချန်းယွဲ့ သူ့မျက်လုံးကိုတောင် သူမယုံနိုင်ဘူး။ အနီရောင်အလင်းက သူ့လက်ထဲပြန်ပေါ်လာပြီး ကြိုးစားပြန်တယ်။
ကူယွဲ့ရဲ့အင်္ကျီပေါ် အတွန့်ဖြစ်သွားစေတာကလွဲရင် ချန်းယွဲ့က သူ့အပေါ် ဘာသက်ရောက်မှုမှမရှိဘူး။ ကူယွဲ့တောင် သူ့ရင်ဘတ်ကိုသူ ငုံ့ကြည့်ပြီး ဇဝေဇဝါဖြစ်နေတယ်။
“အင်း၊ ကြည့်ရတာ နင့်ရဲ့ဝိညာဉ်စနစ်က ငါတို့နဲ့ သဟဇာတမဖြစ်တဲ့ပုံပဲ”
ကြည်လင်နေတဲ့ အမျိုးသမီးတစ်ယောက်အသံက ချန်းယွဲ့နားဘေး အသံထွက်လာတယ်။
သူထခုန်ပြီး လှည့်ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက် ဘယ်နေရာကနေမှန်းမသိ သူ့ဘေး ပေါ်လာတာကို မြင်လိုက်ရတယ်။ သူမကို ကြည့်ရတာ အတော်လေး ရင်းနှီးနေပြီး ခုသူ့ကို မျက်လုံးမှေးကြည့်နေတယ်။ သူမက သူ့ကို ကြည့်နေရုံပဲဆိုပေမဲ့ သူ့ပေါ် ကြီးမားတဲ့ဖိအားတစ်ခု ဆင်းသက်လာတာကို ခံစားလိုက်ရတယ်။
“မင်းက… ဘယ်သူလဲ” သူ့ရင်ထဲထိတ်သွားတယ်။ သူမ ဘယ်လိုရောက်လာလဲ အဖြေထုတ်ဖို့တောင် အချိန်မရလိုက်ဘူး။
သူမက စပ်ဖြီးဖြီးလုပ်ပြီး သူ့လက်ထဲကလူကို လက်ညှိုးထိုးပြတယ်။
“အဲဒါငါ့ဖေဖေနျိုပဲ”
လက်ကောက်ဝတ် တစ်ချက်လှည့်ပြီး သူမက သူ့လည်ထောင်ကိုဆွဲလာတယ်။ နောက်တော့ သူလေထဲ လည်သွားပြီး သူမြင်ရသမျှက အမှောင်ထုပဲ။
ချန်းယွဲ့က သူ့ကိုယ် လေထဲပျံသန်းသွားပြီး မြေကြီးပေါ် ဘုတ်ခနဲအသံကျယ်ကြီးနဲ့အတူ ကျသွားတာမို့ အော်မိလိုက်တယ်။ နောက်တော့ ဘုတ်ခနဲပြုတ်ကျသံတွေ ဆက်လိုက်လာတယ်။
မြေပြင်ပေါ်က အင်းကွက်က အက်ကွဲကျိုးပဲ့လာပြီ။ တစ်အောင့်နေတော့ ဆန်းကြယ်ဘုံတစ်ခုလုံးကို ပြည့်နေတဲ့ အင်းကွက်က တစ်စစီပျက်စီးသွားပြီး အနီရောင်အလင်းက လွင့်ပျောက်သွားခဲ့တယ်။
ကူယွဲ့ထရပ်လိုက်ပြီး တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံကြောင့် တုန်ရီနေဆဲ။ သူ့ပုံတူလူကို ခုလေးတင် ထုထောင်းထားတဲ့လူကို စိန်းစိန်းဝါးဝါး လှမ်းကြည့်ပြီး ရင်ဘတ်ထဲ ဒေါသမြင့်တက်လာတယ်။
“သေစမ်း၊ မင်းနောက်တစ်ကြိမ် ငါ့ကိုကယ်ချိန် အမြန်လုပ်ပေးလို့ရမလား၊ သူ ငါ့ဝိညာဉ်ကို ခိုးတော့မလို့လေ”
“ခိုးလို့မရပါဘူး” ရှန်းရင်က ချန်းယွဲ့ကို ရိုက်တာခဏရပ်သွားတယ်။ သူမနဲ့ဖေဖေနျိုကလွဲ လူတိုင်း အကြွင်းအကျန်ဝိညာဉ်ပျောက်နေတာလေ။ ဒါက ချန်းယွဲ့ သူတို့ဝိညာဉ်ကို ထိတောင်မထိနိုင်ဘူးဆိုတာ သက်သေပြနေတယ်။
ကူယွဲ့တန့်သွားတယ်။
“သူ ငါ့ဝိညာဉ်ကို ထိလို့မရဘူးဆိုတာ မင်း အစတည်းက သိပြီးသားလို့ဆိုလိုတာပေါ့၊ ဒါပေမဲ့ မင်းငါ့ကို ပြောတောင်မပြောဘူးပေါ့လေ”
“အာ…” ဒါသိသာတယ် မဟုတ်ဘူးလား။
“အသေးစိတ်တွေ တွေးနေတာ ရပ်လိုက်ပါ”
“ငါ့ခြေထောက်ကို အသေးစိတ်”
凸(艹皿艹)
“ပိုင်ဇယ်ရှန်းကျွင်း” ရွှမ်ထုံက ရုတ်တရက် ထအော်တယ်။
“ဂိုဏ်းချုပ်”
နှစ်ယောက်သား လှည့်ကြည့်လိုက်တော့ ပိုင်ဇယ်က ယိုင်နေတယ်။ တစ်အောင့်ကြာတော့ ဟန်ချက်ပျက်ပြီး မြေကြီးပေါ် ဒူးထောက်လျက်သား ကျသွားတော့တာပဲ။ သူ့မျက်နှာမှာ အရောင်အသွေး တစ်စက်မှမရှိတော့ဘူး။
“အမွေးလုံး”
“ဘာဖြစ်တာလဲ” ကူယွဲ့ အပြေးသွားပြီး သူ့သွေးကြောတွေကို စစ်ဆေးလိုက်တယ်။ သူ့ မျက်လုံးတွေ ပြူးသွားခဲ့တယ်။
“သူ့မူလဝိညာဉ်က ဘယ်လိုလုပ် ဒဏ်ရာရသွားခဲ့တာလဲ” သူ စောနကတင် အကောင်းကြီးပါ။
“ဖုန်းညာန်” ကျူမင်က အခန်းတစ်ဖက်ကနေ လှမ်းအော်လိုက်တယ်။
အင်းကွက်က ပျက်သွားပြီဆိုပေမဲ့ ဖုန်းညာန်ဝိညာဉ်က ပြိုကွဲနေဆဲ။ သူမကို တဖြည်းဖြည်း ပိုဖောက်ထွင်းမြင်ရလာပြီး တစ်ယောက်ယောက်သာ အနားကပ်သွားရင် ပျောက်သွားတော့မဲ့ပုံမျိုး။ ကျူမင်က သွေးပျက်စပြုလာတယ်။
“ဟားဟားဟား…” ထုထောင်းခံရလို့ နတ်ဘုရားစွမ်းအင်အားလုံး လွင့်ပျောက်သွားတဲ့ချန်းယွဲ့က ရုတ်တရက် ရူးနှမ်းနှမ်းထရယ်တယ်။
“သူတို့ရဲ့အကြွင်းအကျန်ဝိညာဉ်တွေက ငါ့ထိန်းချုပ်မှုအောက်မှာပဲ၊ ငါသေရင် သူတို့လည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
သူတို့အားလုံးရဲ့ အမူအရာက မည်းမှောင်သွားတယ်။
ပိုင်ဇယ်က ချန်းယွဲ့ပေါ် ခြေထောက်တင်ထားဆဲ ရှန်းရင်ကို နှစ်လိုစွာနဲ့ လှည့်ကြည့်လေတယ်။ သူ့မျက်လုံးတွေက တောက်ပသွားပြီး မူလဝိညာဉ်ထဲက နာကျင်မှုကို မျိုသိပ်ရင်း မျက်လုံးတွေကတော့ တောက်ပနေတယ်။
“ကျုပ်အဆင်ပြေပါတယ်၊ ရှန်း… မင်းကျုပ်ကို စိုးရိမ်တယ်မဟုတ်လား၊ ငါ… တကယ်တော့-”
“ပါးစပ်ပိတ်ထားနိုင်တယ်” ယိချင်းက ပိုင်ဇယ်စကားမဆုံးခင် နှစ်ယောက်ကြား ဝင်တိုးပြီး ကြားဖြတ်ပြောလိုက်တယ်။
“ကျုပ်ဆရာက နတ်ဘုရားစွမ်းအင်အကြောင်း ဘာမှမသိဘူး၊ တကယ်လို့ အသက်ရှင်ချင်ရင် နားနေ”
“အကြွင်းအကျန်ဝိညာဉ်ပါပဲ၊ ကျုပ်အဆင်ပြေတယ်၊ ရှန်း-”
“ကျုပ်တစ်ယောက်ပဲ ဒီမှာကောင်းကင်မျိုးနွယ်၊ တခြားဘယ်သူမှ ခင်ဗျားကိုမကူညီနိုင်ဘူး”
“မင်းအကူအညီမလိုဘူးကွ”
“ဟာ့၊ အရိုအသေပေးစရာမလိုပါဘူး ရှန်းကျွင်း”
ပိုင်ဇယ် ။ ။ စိတ်ရှုပ်စရာကောင်စုတ်လေး
ယိချင်း ။ ။ ခွေးကောင်လေး
လေထဲ လျှပ်စစ်ဓာတ်သံတွေ ပေါ်လာသလိုပဲ။
ကူယွဲ့ ။ ။ “…”
ရှန်းရင် ။ ။ “…”
ရွှမ်ထုံ ။ ။ “..”
သူတို့ ရန်ဖြစ်နိုင်သေးတယ်ပေါ့ – ဆိုလိုတာက အဆင်ပြေသေးတယ်
( ̄_, ̄)
“ဖုန်းညာန်” ဖုန်းညာန်အခြေအနေက တစ်စက္ကန့်ပြီးတစ်စက္ကန့် ဆိုးရွားလာတယ်။ ပိုင်ဇယ်က သူ့အကြွင်းအကျန်ဝိညာဉ်ပဲ ပျောက်ဆုံးနေတာဆိုပေမဲ့ ဖုန်းညာန်ကတော့ မူလဝိညာဉ် ပျောက်ဆုံးနေတာ။ ရှန်းရင်က သူတို့နှစ်ယောက်ကို အပြန်အလှန် ကြည့်လိုက်ပြီး ချန်းယွဲ့ကို ဆက်မထုထောင်းဖို့ ဆုံးဖြတ်လိုက်တယ်။
“ချန်းယွဲ့၊ ဖုန်းညာန်က မင်းနဲ့ ဘာကိစ္စမှ မရှိဘူးလေ၊ ဘာလို့ဒီလိုလုပ်နေတာလဲ” ချန်းယွဲ့ ဒေါသတကြီး အော်ဟစ်လိုက်တယ်။
ချန်းယွဲ့ တောက်ခေါက်လိုက်တယ်။
“တစ္ဆေအမတတွေက ဒီကမ္ဘာမှာမတည်ရှိသင့်ဘူး ငါ ဒါကို ကောင်းကင်လောကတစ်ခုလုံးအတွက် လုပ်ပေးနေတာ”
“မင်း…” ကျူမင် ဒေါသငယ်ထိပ် ရောက်နေပြီ။ သူ ဒီအကြောင်းရင်းကို မယုံတာ သိသာတယ်။ သူ့လက်နက်ကို ဆင့်ခေါ်ပြီး မူလဝိညာဉ်ကို ပြန်ယူဖို့ကြိုးစားလိုက်တယ်။
အဲအခိုက်အတန့်မှာ သူ့ရင်ခွင်ထဲ ရှိနေပြီး ရူးနှမ်းနေတဲ့ပုံစံဖြစ်ကာက ဖုန်းညာန်က ရှေ့ကို အပြေးထွက်သွားတယ်။ သူမရဲ့နဂိုက ဖောက်ထွင်းမြင်ရတဲ့ ကိုယ်ခန္ဓာက ရုတ်တရက် နာကျည်းမှုစွမ်းအင်တွေနဲ့ပြည့်သွားတယ်။ ပြင်းထန်လွန်းလို့ မင်ရည်နဲ့တောင်တူတဲ့ အမည်းရောင်က သူမဝိညာဉ်ကို အရောင်ဆိုးစ ပြုလာတယ်။ သူမရဲ့သွေးယိုနေတဲ့ မျက်လုံးတွေက ချန်းယွဲ့အပေါ် အာရုံစူးစိုက်နေပြီး သူ့ဆီပြေးဝင်သွားတယ်။
“ပြန့်ရှင်းချန်၊ ငါ့အသက်ကိုပြန်ပေး”
…