အခန်း ၁၅၂ ။ ညစာအတွက် အိမ်ပြန်ခြင်း
ကူယွဲ့ နှုတ်ခမ်းတွေ တွန့်ချိုးကုန်တယ်။ ရုတ်တရက် ထွက်သွားချင်စိတ်ပါ ပေါ်လာလေရဲ့။ သူ ဒီcheatကြောင့် နှာတစ်ဖျားသာခံနေရတာ လုံလောက်နေပြီ။ တော်သင့်နေပြီ။
အသက်ပြင်းပြင်းရှူပြီး သူ စိတ်ပြန်ငြိမ်အောင် လုပ်နိုင်လိုက်တယ်။ သူ ယိချင်း ရပ်နေတဲ့ သွေးအလိမ်းလိမ်းနေရာဆီ ပျံသန်းသွားလိုက်တယ်။
“ဟေး စားဖိုမှူး…” မင်း အသက်ရှိသေးရဲ့လား။
ကူယဲ့ စကားဆက်ပြောမို့ရှိသေး ယိချင်းက အန္တရာယ်ပြုမဲ့ဟန်နဲ့မေးနေတာ ကြားလိုက်ရတယ်။
“ကျုပ်ကိုပြော ကျုပ်ဆရာအပေါ် ခင်ဗျားသုံးထားတဲ့ ဂါထာကို ဘယ်လိုဖြည်ရမလဲဆိုတာ”
မြေကြီးပေါ် ဆိုးဆိုးဝါးဝါးအခြေအနေနဲ့ လဲနေတဲ့ ကောယိုးကတော့ ပြန်မဖြေနိုင်ရှာ။ အဲအစား သွေးတွေပဲ သူ့ပါးစပ်ထဲကနေ ပန်းထွက်လာတယ်။
“နောက်တစ်ကြိမ် ထပ်မေးမယ်၊ ဂါထာကို ဘယ်လိုပြန်ဖြည်ရမလဲ” ယိချင်းက ကောယိုးကို ထပ်ဖိလိုက်တော့ ပိုသွေးအန်တော့တယ်။
ကူယွဲ့ နှုတ်ခမ်းတွေ စိတ်တိုမှုကြောင့် တွန့်ချိုးကုန်တယ်။ ကောယိုးက ဒီလောက်တောင် ဒဏ်ရာရနေပြီကို အဲcheat ယိချင်းက အတင်းမေးခွန်းထုတ်နေသေးတယ်။ မင်းခြေထောက်ကို အရင်မဖယ်ရင် သောက်လခွမ်း ဟိုက ဘယ်လိုစကားပြောမလဲဟ။
ဖွီ…။
သူတွေးသလိုပဲ စကားပြောဖို့အခြေအနေမရှိတဲ့ကောယိုးက သတိမေ့သွာလေပြီ။
“ယိချင်း စိတ်အေးအေးထား” ကူယွဲ့ ကြားဝင်ရတော့တယ်။
“မင်း ဒီလိုဆက်လုပ်နေရင် သူ ဘာမှပြောနိုင်မှာမဟုတ်ဘူး”
“ဒါပေမဲ့ ဆရာကျတော့ရော…” ယိချင်းက စိတ်လောစွာနဲ့ သူ့ကိုကြည့်လေတယ်။
“စိုးရိမ်နေလို့အကျိုးမရှိဘူး၊ ရွှင်ရှူးပြောတယ်လေ အဲဂါထာက သူ့ကိုယ်ခန္ဓာကို ထိခိုက်စေမှာ မဟုတ်ဘူးတဲ့” ကူယွဲ့ ထပ်ဖြည့်ပြောလိုက်တယ်။
“သူ့ကိုသတ်တာက ကိစ္စတွေကို ကူညီပေးမှာမဟုတ်ဘူး”
သေချာစဉ်းစားပြီးတဲ့နောက် ယိချင်းက ကောယိုးကိုယ်ကနေ ခြေထောက်ကိုဖယ်လိုက်တယ်။ နောက်တော့ သူ့ရဲ့ထောင်မတ်နေတဲ့ခန္ဓာကိုယ်က စတင်ယိမ်းယိုင်သွားတော့တယ်။ အချိန်မရွေး လဲကျတော့မဲ့ပုံ။
“သတိထား” ရွှင်ရှူး သူ့လက်နဲ့ လှမ်းထိပေးလိုက်တယ်။ သူ ယိချင်းသွေးကြောကို စမ်းကြည့်ပြီးတဲ့နောက် အံ့ဩမှင်တက်မှုနဲ့ ရေရွတ်မိသွားတယ်။
“ဘယ်လိုလုပ် မင်းအသက်ရှင်နေသေးတာ…”
ရွှင်ရှူးရဲ့ ပေါက်ကွဲမှုကြောင့် အံ့ဩပြီး ကူယွဲ့က ယိချင်းရဲ့ နောက်ထပ်လက်ကောက်ဝတ်ကို ဆွဲယူလိုက်တယ်။ ယိချင်းသွေးကြောတွေက အတော်လေး ထိခိုက်ထားပြီး သူ့ကိုယ်ထဲက မသေမျိုးချီက လုံးဝကို လျော့နည်းနေတာ သိလိုက်ရတော့တယ်။ သူ့ဝမ်းဗိုက်မှာ ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေပြီး အမတအရိုးတွေလည်း နေရာတချို့မှာ ကျိုးနေတယ်။ သူတို့ နောက်ကျမှသာရောက်လာခဲ့ရင် အနာဂတ်မှာ ယောက်မတောင် ကိုင်လို့ရတော့မှာမဟုတ်ဘူး။
သွေးကြောကို ချက်ချင်း ပြန်ထိန်းမဲ့အစား ရန်သူကို စစ်မေးနေတယ်ပေါ့ ယိချင်း ရူးနေတာပဲဖြစ်ရမယ်။
“မင်းမှာ ဦးနှောက်မရှိဘူးလား” ကူယွဲ့ ဒေါသပေါက်ကွဲလာတယ်။ ယိချင်းကိုလက်ညှိုးတထိုးထိုးနဲ့ သူဆူတော့တာပေါ့။
“အရေအတွက်မမျှရင် ပြန်ဆုတ်သင့်တယ်လေ၊ မနက်ဖြန်မရှိသလို ဘာလို့တိုက်ခိုက်ရတာလဲ၊ မင်း ရှန်းရင်ဆီကသင်တာ ပြဿနာရှာတဲ့ အရည်အချင်းပဲရှိတယ်၊ ဘာလို့ သူ့အရှက်မရှိတဲ့နည်းလမ်းတွေ မသင်ရတာလဲ”
ယိချင်းက ချက်ချင်း သူ့ကို ဓားမြှောင်အကြည့်တွေ ပစ်လွှတ်တော့တယ်။ လည်ချောင်းဝထိတက်လာတဲ့ သွေးကိုအတင်းမျိုချပြီး အံကြိတ်ရင်း စိတ်ဆိုးတဲ့လေသံနဲ့ပြောတော့တယ်။
“ဆရာ့ကို… မစော်ကားနဲ့”
“ဟိုလီရှစ်” ဒီအဆံချောင်ပရိသတ်က ကုလို့ကောရပါ့မလား။ ကူယွဲ့ သူ့ကိုယ်သူ စိတ်ငြိမ်အောင် အသက်ပြင်းပြင်းရှူပြီး ပြောလိုက်တယ်။
“အသက်ရှင်ချင်ရင် သွေးကြောကိုမြန်မြန် လည်ပတ်အောင်လုပ်”
ယိချင်း ထိုင်ချလိုက်ပေမဲ့ မျက်လုံးတွေက လောလောဆယ် မလှုပ်မယှက်ဖြစ်နေတဲ့ သွေးအလိမ်းလိမ်းခန္ဓာကိုယ်နဲ့ကောယိုးကို ကြည့်နေဆဲ။
“မစိုးရိမ်နဲ့ သူ့မှာထွက်ပြေးဖို့ အခြအနေမရှိဘူး”
စိတ်အေးသွားတော့ ယိချင်းမျက်လုံးကိုပိတ်ကာ သွေးကြောတွေကို စတင်လှည့်ပတ်တော့တယ်။
ယိချင်း ရထားတဲ့ ဒဏ်ရာတွေက အုတ်မြစ်ကိုတော့ မထိခိုက်စေခဲ့ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပြင်းထန်ဆဲပဲ။ သူ့ပြိုင်ဘက်တွေက ဧကရာဇ်အဆင့်အမတတွေ။ တစ်ချိန်တည်းမှာပဲ၇ယောက်တောင် တိုက်ခိုက်ခဲ့ရတယ်။ အမှန်ပဲ သူအသက်ရှင်နေသေးတာ တကယ်ကို အံ့ဩသင့်စရာ။ သူ့မသေမျိုးအရိုးတွေ မပျောက်ကင်းသရွေ့ ဓားချီကို အသက်သွင်းနိုင်တော့မှာ မဟုတ်ဘူး။
ကူယွဲ့နဲ့ရွှင်ရှူး ယိချင်းဘေးမှာ အင်းကွက်တချို့ ချလိုက်တယ်။ အမတနှစ်ယောက် ယိချင်းကို အတူတူကုသကြတော့တယ်။ နောက်ဆုံးတော့၆နာရီအကြာမှာ ယိချင်းသွေးကြောတွေ အနည်းနဲ့အများတော့ ပုံမှန်ပြန်ဖြစ်လာပြီ။
ကူယွဲ့ သတိလစ်နေဆဲ ကောယိုးကို မလိုက်တယ်။
“အခုပြန်ကြရအောင်၊ သူနိုးလာရင် ရှန်းရင်ကို ဘယ်လိုနှိုးရမလဲမေးတာပေါ့” သူ ဓားပေါ်တက်တော့မဲ့ဆဲဆဲ ဝတ်ရုံထဲက သတင်းစကားအဆောင်က ရုတ်တရက်လင်းလာတယ်။ သူ ထုတ်ပြီး မသေမျိုးချီတချို့ ထည့်ကာ အသက်သွင်းလိုက်တယ်။ ချက်ချင်း သူ့စိတ်ထဲ ယွီဟုန့်အသံပေါ်လာတယ်။ သူမ သတင်းစကားကြားပြီးတဲ့နောက် သူ့မျက်နှာပေါ် အံ့ဩမှင်တက်မှု ဖြတ်ပြေးသွားတော့တာပေါ့။
“ဂိုဏ်းမှာ တစ်ခုခုဖြစ်လို့လား” စပ်စုတဲ့ ရွှင်ရှူးက မေးလာတယ်။
“ဟင့်အင်း” ကူယွဲ့မျက်နှာပေါ် ပြောရခက်နေတဲ့ အကြည့်ပေါ်လာလေတယ်။ ကောယိုးကိုငုံ့ကြည့်မိပြီး သူပြန်ဖြေလိုက်တယ်။
“ယွီဟုန်ပြောတာတော့… ရှန်းရင်နိုးလာပြီတဲ့”
နောက်အခိုက်အတန့်မှာ ရွှီးခနဲအသံပေါ်လာပြီး ယိချင်း မြင်ကွင်းကနေ ပျောက်ကွယ်သွားလေပြီ။
ရွှင်ရှူး ။ ။ “…”
ကူယွဲ့ ။ ။ “…”
——————
ရှန်းရင်က ရုတ်တရက် သူမက ဘာမှမစားနိုင်တဲ့ ဝိညာဉ်ဖြစ်နေတာ သတိရသွားတယ်။ ဒါကြောင့် အသားကင်စားဖို့အကြံကို လက်လျှော့လိုက်ရတော့တယ်။
ရှန်းရင်နောက်တော့ အပြင်ကိုရောက်နေတာ တော်တော်ကြာနေပြီဆိုတာ ပြန်မှတ်မိသွားတယ်။ ခု ထမင်းစားဖို့ အိမ်ပြန်ချိန်ရောက်ပြီ။ သူမ အိမ်ပြန်မဲ့ဆဲဆဲ ကလေးမက တစ်စုံတစ်ရာကို အာရုံခံမိတယ်ထင် ပျာပျာသလဲဖြစ်သွားတယ်။
“ကောင်းကင်နတ်ဘုရားက… ထွက်သွားတော့မှာလား” ကလေးမက ဝမ်းနည်းပလက်အော်ပြီး သူမဆီစတင်ပြေးလာတယ်။ လမ်းမှာ သစ်ခက်ပေါ်ချော်လဲပြီး တောင်စောင်းပေါ်လိမ့်ကျသွားတာ သစ်ပင်တစ်ပင်အောက်ရောက်သွားတဲ့အထိပဲ။ မျက်နှာပေါ် ရှရာအကြီးကြီးရသွားပေမဲ့ စိတ်ထဲ မထည့်တဲ့ပုံ။ သူမညာဘက်က တုန်ယင်နေတဲ့ငှက်ကို တန်းတန်းမတ်မတ်ကြည့်ရင်း မေးလိုက်တယ်။
“သမီးကို မကာကွယ်ပေးချင်တော့ဘူးလား၊ သမီး… သမီး အရမ်းလိမ္မာပါ့မယ်”
“…” ရှန်းရင် တုန်လှုပ်ခြောက်ချားပြီး နှုတ်ခမ်းတွန့်သွားတယ်။ ဒီကလေးစုတ်လေးက ငါ့ကို နောက်ယောင်ခံလိုက်နေတာလား။ စိတ်ရှုပ်စရာပဲ ငါတိတ်တိတ်လေးထွက်သွားရင်တော့ သတိမထားမိလောက်ပါဘူး။
ဒါပေမဲ့ ကလေးမက ပွဲချုံးချငိုတော့တယ်။
“ကောင်းကင်နတ်ဘုရား… ကောင်းကင်နတ်ဘုရား သမီးကိုပစ်မထားပါနဲ့၊ လူတိုင်း… သမီးကိုမုန်းကြတာ၊ မိဘတွေလည်း မရှိတော့ဘူး၊ သမီး…မှာ ကောင်းကင်နတ်ဘုရားပဲရှိတာ၊ မထားသွားပါနဲ့”
“…”
”ကောင်းကင်နတ်ဘုရား ကောင်းကင်နတ်ဘုရားရေ…” တုံ့ပြန်သံမရတော့ ကလေးမက ပိုတောင် ပျာပျာသလဲဖြစ်လာတယ်။ နေရာတိုင်းကိုကြည့်ပေမဲ့လည်း အချည်းနှီးပဲ။ သူမသတ္တိကိုစုဆောင်းပြီး မီးတောက်တွေ ငြိမ်းနေပြီဖြစ်တဲ့ ငှက်ကိုယ်ပေါ်တက်လိုက်တယ်။ သူမက ငှက်ကိုယ်ပေါ် အတင်းဖက်တွယ်တက်ရင်း အချည်းနှီးရှာဖွေမှုကြောင့်ငိုကြွေးညည်းတွားနေတော့တယ်။
“ကောင်းကင်နတ်ဘုရား၊ ကောင်းကင်နတ်ဘုရား… သမီးကိုထား… ထားမသွားပါနဲ့”
ကြီးမြတ်တဲ့နတ်သမီးအကာအကွယ်အောက် သူမက ရှိနေတယ်ဆိုတာ မြင်တော့ ဝူဟုန် တည်တည်ငြိမ်ငြိမ်ပဲ သေချင်ယောင်ဆောင်နေလိုက်တယ်။ အဆင်ပြေနေခဲ့တာက… သူမ သူ့ကိုယ်ပေါ်က ပြောမရတဲ့ အစိတ်အပိုင်းတစ်ခုပေါ် မတက်နင်းခင်ထိပေါ့။
အား…
ဝူဟုန် ချက်ချင်းထခုန်ပြီး ကလေးမကို ကိုယ်ပေါ်ကနေ ပစ်ချလိုက်တယ်။ ချက်ချင်း လူအသွင်ပြောင်းပြီး ခြေထောက်နှစ်ဖက်ကိုယှက် ဒဏ်ရာရသွားတဲ့ ခန္ဓာကိုယ်အပိုင်းကို အုပ်ရင်း ပုစွန်လိုကွေးနေတော့တယ်။
သူမက ကလေးကို ဒေါသတကြီး စိုက်ကြည့်ပြီး ဟောက်တော့တယ်။
“ကလေးစုတ်လေး… မင်းတကယ်ကို…”
“တကယ်ကိုဘာဖြစ်လဲ” ရှန်းရင် ရုတ်တရက်ကြားဖြတ်လိုက်တယ်။
သူမအသံကြောင့် ဝူဟုန်အသိပြန်ဝင်ပြီး နီရဲနေတဲ့မျက်နှာက ချက်ချင်းဖြူဖျော့ကာ နှုတ်ခမ်းကို စိတ်မပါလက်မပါ တွန့်လိုက်တယ်။ တောင့်တောင့်ကြီးပြုံးရင် သူပြောတော့တာပေါ့။
“သူမက တကယ်ကို… ကြင်နာပြီး ချစ်ဖို့ကောင်းတဲ့သူပဲ”
┭┮_┭┮
နာတာသေတော့မယ် ကံဆိုးလိုက်တာ သူသာ မသေမျိုးချီ မထိခိုက်ထားရင်၊ အောက်ပြုတ်ကျပြီး အမတအရိုးတွေ မကျိုးထားရင် အဲသေမျိုး သူ့ရဲ့အရေးကြီးနေရာကို နာအောင်လုပ်ချိန် အဲလောက်ဝေဒနာခံစားရမှာမဟုတ်ဘူး…။
အိုးအိုး… အဲသေမျိုးရဲ့ဖျက်ဆီးမှုကို ခံလိုက်ရတာပဲ။ သူ့မိစ္ဆာတစ်ကိုယ်လုံး မစင်ကြယ်တော့သလို ခံစားနေရတယ်။
“ကောင်းကင်နတ်ဘုရား…” ကလေးမက ပျော်ရွှင်စွာထရပ်တော့တယ်။ လက်မောင်းကိုဆန့်ပြီး တစ်ယောက်ယောက်ကို ဖက်ချင်တဲ့ပုံစံနဲ့ ညာဘက်ကို စပြေးသွားတယ်။
“ပြန်လာမယ်ဆိုတာ သိသားပဲ…”
သူမက ကျွင်းထဲ ပြုတ်ကျတော့မှာကိုမြင်တော့ ရှန်းရင် နောက်ဆုံးလက်ဆန့်ထုတ်ပြီး ပြန်ဆွဲထားလိုက်ရတယ်။
“ငါဒီမှာ” လမ်းမှားနေပြီ
“ကောင်းကင်နတ်ဒေဝါလားဟင်” ကလေးကရပ်သွားပြီး ဘယ်ဘက်လှည့်လာတယ်။
“ဒီဘက်” ရှန်းရင် ကလေးကို သူမဘက်ညွှန်ပြလိုက်တယ်။
“ဂျပုလေး ငါ့နောက်တကယ်လိုက်ချင်တာလား”
“ဟုတ်ဟုတ်ဟုတ်” ကလေးမကနှာရှုံ့ရင်း အသည်းအသန်ခေါင်းညိတ်ပြတယ်။
“ငါနင့်ကိုခေါ်သွားတာနဲ့ ဒီကိုပြန်လာလို့မရဘူးနော်၊ ငါနဲ့ နေရတဲ့ဘဝက ကြမ်းတမ်းလိမ့်မယ်”
“မကြောက်ပါဘူး” သူမက လက်သီးတင်းတင်းဆုပ်ပြီးစိတ်ပိုင်းဖြတ်ထားတဲ့ပုံ။
“…” ဟိုက်ယား စိတ်ရှုပ်စရာပဲ
သူမ ခေါင်းကိုငုံ့ပြီး ရှန်းရင်က ရွာဇနပုဒ်လေးကို ငုံ့ကြည့်လိုက်တယ်။ သူမ တစ်စုံတစ်ယောက်သောသူရဲ့ ကံဆိုးမှုကို ဆွဲဆောင်နိုင်တဲ့အထုံအကြောင်း စဉ်းစားမိတော့ မျက်မှောင်ကြုတ်မိတော့တယ်။ ဖေဖေနျို သူမဆုံးဖြတ်ချက်အပေါ် မပေါက်ကွဲပါစေနဲ့ မျှော်လင့်မိတယ်
“ယို့ ငှက်ရေ” ရှန်းရင် ဝတ်ရုံစိမ်းနဲ့လူကို လှည့်ကြည့်လိုက်တယ်။
“ငှက်ဒီမှာပါ” ဝူဟုန်က ခပ်တိုးတိုးလက်မြှောက်ပြတယ်။
“ပြီးတော့ သေချင်ယောင်ဆောင်နေသေးတဲ့ အဲဒီတစ်ယောက်…” သူမ တွင်းထဲငုံ့ကြည့်လိုက်တယ်။
တွင်းအောက်ခြေက သားရဲကြီး ကြောက်လန့်မှုကြောင့် ကြက်သီးထသွားလေတယ်။ မျက်ရည်တွေဝဲပြီး လူအသွင်ပြန်ပြောင်းရတော့တယ်။
“ကြီးမြတ်တဲ့… ကြီးမြတ်တဲ့… ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ခင်ဗျားအမိန့်တွေက… ဘာပါလဲ”
“ဒီကလေးက အားနည်းတယ်၊ အမတဘုံဆီ ငါနဲ့ပြန်ခေါ်သွားဖို့ အဆင်မပြေဘူး၊ နင်တို့နှစ်ယောက် ချွီရွှမ်းမြို့က ဝူတိဂိုဏ်းဆီ ဒီဂျပုလေးကို ဘေးကင်းကင်းနဲ့ပို့ပေးရမယ်” သူမသားရဲနှစ်ကောင်ကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။
“ငါ သူ့ကိုအဲမှာသုံးရက်အတွင်းမြင်ချင်တယ်၊ မဟုတ်လို့ကတော့… ဟီးဟီး”
သူတို့ သူမကိုမမြင်ရပေမဲ့ သားရဲနှစ်ကောင်က အလိုလိုတုန်ယင်သွားတော့တယ်။ သူတို့ပြိုင်တူ ဖြေလိုက်ကြတယ်။
“နားလည်ပါပြီ၊ ကြီးမြတ်တဲ့နတ်သမီး၊ ကိစ္စမရှိပါဘူး ကြီးမြတ်တဲ့နတ်သမီး”
“ကောင်းပြီ” ရှန်းရင်မျက်လုံးကိုမှိတ်ပြီး ပျောက်သွားတော့တယ်။
“ကြီးမြတ်တဲ့နတ်သမီး… ကြီးမြတ်တဲ့နတ်သမီး” ဝူဟုန်အကြိမ်ရေတချို့ အော်ခေါ်ပေမဲ့ ပြန်ဖြေသံမလာ။ ရှန်းရင်ထွက်သွားပြီဆိုတာ နားလည်ချိန်မှာတော့ ချက်ချင်း စိတ်ဓာတ်ကျသွားခဲ့တယ်။
ကြီးမြတ်တဲ့နတ်သမီးရေ၊ ဒီချီရွှမ်းမြို့က လောကရဲ့ဘယ်နေရာထဲမှာရှိလဲဆိုတာ မပြောသွားပါလား။
ლ(°△°)ლ
…