အခန်း ၂၄၅ ။ ထွက်ပြေးလာသောဥ
ကျောင်းလုံက တန့်သွားတယ်။ သူမ အဲလောက် တဲ့တိုးကျမှဖြစ်မှာလား။
“နင့်ဝတ်ရုံတွေက နဂါးအကြေးခွံနဲ့လုပ်ထားတာမှမဟုတ်တာ၊ အသုံးမဝင်မှာမို့ ဘယ်လိုပဲဖြစ်ဖြစ် ချွတ်ရမှာပဲ” လုံကျန်းက အတည်ပေါက် ပြောလာတယ်။
“အိုး…” မိန်းကလေးဘက်က အရင်အကွက်ရွှေ့နေပြီပဲ။ ကျောင်းလုံ သူ့ဘောင်းဘီတွေကလွဲ အင်္ကျီတွေ ချက်ချင်း ချွတ်လိုက်တယ်။ သူက သူ့ကောင်းကောင်းထုဆစ်ထားတဲ့ကိုယ်လုံးကိုယ်ပေါက်နဲ့ ရပ်နေလိုက်တယ်။
လုံကျန်းက သူ့ဘောင်းဘီရှည်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
“နင့်ဘောင်းဘီကိုပါ ချွတ်လေ”
“အယ်… ဒါသိပ်မကောင်းဘူးမလား” ကျောင်းလုံ မျက်နှာရဲတွတ်သွားခဲ့တယ်။ သူ အလိုလို သူ့ဘောင်းဘီထိပ်ကို ဆုပ်ကိုင်ထားမိလိုက်တယ်။ ဒါကိုပါချွတ်လိုက်ရင် လုံးဝ ကိုယ်လုံးတီး ဖြစ်သွားမှာပေါ့။
“ကောင်းပြီလေ၊ ဒါဆိုလည်း အဲတိုင်းပဲထားလိုက်တော့” လုံကျန်းက သူ့မလိုလားတဲ့အမူအရာကို ဆက်တွန်းအားမပေးဖို့ ဆုံးဖြတ်လိုက်တယ်။
“စကြရအောင်”
သူမက သူ့ဆီလက်ဆန့်တန်းလိုက်တယ်။
ကျောင်းလုံတစ်ကိုယ်လုံး ခုရဲရဲနီနေပြီ။ သူ့ရင်ခုန်လွန်းလို့ ရင်ထဲကနေ ခုန်ထွက်မတတ်ပဲ။ သူ သူမရဲ့ နူးညံ့ပြီး ကြော့မော့တဲ့လက်ကို သူ့တုန်ရီနေတဲ့လက်နဲ့ လှမ်းထိလိုက်တယ်။
လုံကျန်းက သူမလက်ကောက်ဝတ်ကို ရုတ်တရက်လှည့်ပြီး သူ့လက်ကောက်ဝတ်ကို ဆွဲဆုပ်လိုက်တယ်။ နောက်တော့ သူမက ခပ်ပြင်းပြင်း လွှဲချပစ်တော့တယ်။
အာ… အယ်။
Σ(°△°|||)
ကျောင်းလုံ သူ့နားထဲ လေတစ်ချက်တိုးဝှေ့သွားတာကို ခံစားလိုက်ရတယ်။ သူ နေရာကနေ ပျံထွက်သွားပြီး သူ့ကိုနဂါးအသွင် အတင်းပြန်ပြောင်းစေတဲ့ အားကြီးတဲ့ နဂါးဖိနှိပ်မှုကိုခံစားလိုက်ရတယ်။ နဂါးမတွေက အဲလောက်တောင် တဲ့တိုးဆန်တာလား။
သူ တုံ့ပြန်ဖို့တောင် အချိန်မရှိလိုက်။ လေပူလှိုင်းကြီးက သူ့ဆီ အရှိန်ပြင်းပြင်း တိုးဝင်လာခဲ့တယ်။ သူ အလိုလိုငုံ့ကြည့်လိုက်မိတော့ သူ့ကိုယ်သူ ချော်ရည်ကန်အပေါ် လွင့်မျောနေမှန်း သိလိုက်ရတယ်။ အဆက်မပြတ် ဗွက်ထနေပြီး သူ့ဆီ တန်းတန်းမတ်မတ်ကို ဦးတည်နေတာပဲ။
“အား” ကျောင်းလုံ ချက်ချင်း အော်မိလိုက်တယ်။ ချက်ချင်း သူ့စိတ်ထဲ သူသိထားသမျှ စွမ်းရည်အားလုံးနဲ့ မှော်အတတ်တွေ ဗလာကျင်းသွားခဲ့တယ်။
ဘာတွေဖြစ်နေတာလဲ။ သူ သေရတော့မယ်၊ သူသေရတော့မယ်၊ သူ သေရတော့မယ်…။
သူ ချော်ရည်တွင်းထဲ မကျခင်လေးမှာတင် မျက်စိကျိန်းစရာအလင်းတန်း သူ့ပေါ်ဆင်းသက်လာတယ်။ သူက ရေကန်နဲ့ ငါးလက်မအကွာလေးမှာတင် ရပ်သွားခဲ့ပြီး ဝုန်းခနဲအသံကြီးကြားလိုက်ရကာ သူ့ဘေးကအရာအားလုံး တုန်ခါနေသလိုပဲ။ နောက်တော့ ချော်ရည်ကန်ထဲကနေ တစ်စုံတစ်ရာက သူ့ဆီတက်လာတာကို သတိထားမိသွားတယ်။ အင်းကွက်အမြင့်ထိ တက်လာတဲ့ လုံးလုံးအရာကြီးက သူ့တင်ပါးအောက်လေးမှာတင် ရပ်သွားလေရဲ့။
ကျောင်းလုံ လုံးဝမတုံ့ပြန်နိုင်။ သူ့ကိုယ်ခန္ဓာသူ ထိန်းချုပ်မှုမရှိတော့ဘဲ အလုံးကို ရစ်ခွေလိုက်ရတယ်။
“နောက်ကျသွားပြီ၊ မင်း သူ့အရှိန်အဝါနဲ့ အရင် ရင်းနှီးအောင်လုပ်ကြည့်လို့ရတယ်” အောက်ကနေ လုံကျန်းက စိုးရိမ်နေတဲ့လေသံနဲ့ ပြောလာတယ်။
“မနက်ဖြန်ကျ နင့်ကို ဥဝပ်သိုင်းသင်ပေးမယ်၊ နင်ကြိုးစားပြီး ငါ့သားကို မြန်မြန်ကယ်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
“…”
ဥဝပျတာလား။ ဘာကိုလဲ။
သူ ငုံ့ကြည့်လိုက်တော့ သူ့ဝမ်းဗိုက်က နှင်းလို ဖြူစွတ်နေတာကြီးပေါ် ဖိထားတာမြင်လိုက်ရတယ်။ လုံးဝန်းကာ ကြီးမားပြီး အထဲမှာ အားနည်းတဲ့နဂါးချီကို သယ်ဆောင်ထားတယ်။ အပေါ်မှာတော့ နဂါးခြေရာလက်ရာတွေ အလွှာလိုက်။ ဒါ… နဂါးဥလား။
(⊙_⊙)
သူ့စိတ်ထဲ တစ်စုံတစ်ရာ မီးတောက်သွားတယ်။ သူ့စိတ်ထဲက အရူးအမူးအတွေးတွေနဲ့ စိတ်ကူးယဉ်မှုတွေအားလုံး ပျောက်သွားခဲ့ပြီ။ သူ စပြီးနားလည်လိုက်တာက…
သူမက သူ့ကို အစေခံအဖြစ် လက်ခံခဲ့တာက… ဥတစ်လုံးကို ဝပ်ဖို့အတွက်ပဲတဲ့လား။ ပြီးတော့ အဲဒါက သူမသားတဲ့လေ။
w(゚Д゚)w
***
နှစ်နာရီအကြာ အရှေ့ခန်းမဆောင်။
“ကြီးမြတ်တဲ့နတ်ဒေဝါ…” လူတစ်ယောက်က ထိုင်ခုံမှာထိုင်နေတဲ့ရှန်းရင်ဆီ ပစ်ထိုးတော့တယ်။ သူက ငိုယိုပြီး လုံးဝကို ယူကြုံးမရဖြစ်နေဟန်။
အသီးငါးပန်းကန် စားပြီးခါစ ရှန်းရင်က အလန့်တကြားထခုန်မိတယ်။ သူမ အကျင့်အတိုင်း ခြေထောက်မြှောက်ပြီး သူ့မျက်နှာကို ကန်ထုတ်မိလိုက်တော့ မြေကြီးထဲ နစ်ဝင်သွားတယ်။
“ဘာကြီးတုန်းဟ”
“အို့အို့အို့… ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော်ပါ ကျွန်တော်ပါ” မြေကြီးပေါ်ကလူက အသည်းအသန် အော်လေတယ်။
“မြွေနဂါးရှည်လား” ရှန်းရင် ခြေထောက်ကိုမြှောက်ပြီး ဖရိုဖရဲဝတ်ရုံ ဝတ်ထားကာ လောလောဆယ် မြေကြီးထဲကနေ မျက်နှာကိုမော့လိုက်တဲ့လူကို သေချာကြည့်လိုက်တယ်။ သူမ အသီးစားနေတဲ့အချိန်လေးအတွင်း သူ့ကိုယ်သူ ဒီလိုအခြေအနေရောက်အောင် ဘယ်လိုလုပ်ခဲ့တာပါလိမ့်။ သူ သူ့ဘောင်းဘီတွေကို ငုံ့ကြည့်လိုက်တယ်။ ထပ်ပြီးတော့ စုတ်ပြတ်သပ်နေပြန်ပြီ။ ဒီလိုပုံစံနဲ့ အအေးခံတာလား။
“နင်ဘာဖြစ်တာလဲ”
ကျောင်းလုံတန့်သွားပြီး ရုတ်တရက် စိတ်ထိခိုက်ကြေကွဲစရာသတင်းကို မှတ်မိသွားခဲ့တယ်။ သူက ဝမ်းနည်းမှုနှစ်ဆ တိုးသွားလေရဲ့။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ လုံကျန်း-ရှန်းကျွင်း- သူ… သူ… သူကလေ ကျွန်တော့်ကို နည်းနည်းလေးတောင် မကြိုက်ဘူး၊ ဝါးဝါးဝါး…”
“အိုး” ဘယ်သူက သူမ ကြိုက်တယ်လို့ တွေးခဲ့တာတုံး။
သူ စကားပြောလေ ပိုဝမ်းနည်းလာလေပဲ။ သူ ရှန်းရင်ကို နှစ်သိမ့်မှုအတွက်ဖက်ဖို့ ရွှေ့ချိန် မျက်ရည်တွေအကုန် စီးကျလုနီးပါး ဖြစ်နေပြီ။ သူမက သူ့ကိုထပ်ကန်ထုတ်လိုက်တယ်။
“သူကကျွန်တော့်ကို အစေခံအဖြစ် လက်ခံခဲ့တာက ကျွန်တော် သူမဥကို ဝပ်… ဝပ်… ဝပ် ပေးရုံအတွက်ပဲတဲ့”
“အိုး”
“သူက မပြီးမချင်း တစ်နေ့ကို လေးနာရီ ဥဝပ်ရမယ်လို့တောင် ပြောလိုက်သေးတယ်”
“အိုး”
“ကျွန်တော် သူ့မှာ ဥရှိနေပြီးသားလို့ မထင်မိခဲ့ဘူး၊ ကျွန်တော့်မှာ အခွင့်အရေး မရှိတော့ဘူး၊ ဝါးဝါးဝါး… ကျွန်တော် အသည်းကွဲပြီ”
“အိုး”
“ဥကို နှစ်သောင်းချီ ဝပ်လာတာတောင် မပေါက်သေးတာလို့ ကြားခဲ့တယ်၊ သိရသလောက်တော့ ဒီမှာ နှစ်သောင်းချီ သောင်တင်နိုင်တယ် – ပြီးတော့ ဒါက ကျွန်တော့်ကလေးတောင် မဟုတ်ဘူးလေ”
“အိုး”
“မဟုတ်သေးဘူး – အဲဥက ကြီးပြီးလေးတယ်၊ ထူးခြားတဲ့နဂါးအရှိန်အဝါလည်း ရှိနေတာ၊ ကျွန်တော်က အဲဥကို ဝပ်ဖူးတဲ့ တစ်ကောင်တည်းသော နဂါးတောင်မဟုတ်ဘူး”
“အာ…” သူက ဒါကိုတောင် ဂရုစိုက်တာလား။
“ကြီးမြတ်တဲ့နတ်ဒေဝါ…”
ရှန်းရင်မှာ သူ့ကို နှစ်သိမ့်ပေးစရာစကား လုံးဝမရှိတော့တာမြင်ချိန် လုံကျန်းရင်ထဲ ပိုစိတ်ထိခိုက်သွားတော့တယ်။
“ကျွန်တော် သွားတာ ဒီလောက်ကြာနေပြီကို – ကျွန်တော့်ကိုပြောစရာ တစ်ခုခုမရှိဘူးလား”
သူက လုံးဝဝမ်းနည်းမှုနဲ့ မော့ကြည့်လာတယ်။ နှစ်သိမ့်မှု၊ ဂရုစိုက်မှုနဲ့ထွေးပွေ့မှုအတွက် တောင်းဆိုမှုတွေက သူ့မျက်နှာပြင်ထက်မှာ အတိုင်းသား။
ရှန်းရင် နှုတ်ခမ်းသပ်ပြီး သက်ပြင်းရှည်ကြီး ချလိုက်တယ်။
“မြွေနဂါးရှည်”
“ဟုတ်” ဒါမတရားဘူး မတရားဘူး၊ မတရားဘူး။
“နင်က ဥဖြူတစ်လုံးကို ဝပ်ရမှာမလား”
“ဟုတ်တယ်” ကျောင်းလုံ ကြောင်သွားခဲ့တယ်။
“နင့်လောက်ကြီးပြီး အပေါ်မှာ ငွေရောင် ပန်းအဆင်တွေ ရှိလား”
“ဟုတ်တယ်” ကြီးမြတ်တဲ့နတ်ဒေဝါက ဘယ်လိုသိတာလဲ။
“အင်း…” ရှန်းရင် တံခါးဆီ လက်ညှိုးထိုးလိုက်တယ်။
“အဲက ဥနဲ့တူလားဟေ”
ဟမ်။
ကျောင်းလုံ လှည့်ကြည့်လိုက်တော့ ဥကြီးတစ်လုံးက သူတို့ဆီ မြန်ဆန်တဲ့အရှိန်နဲ့ လှိမ့်လာတာကို မြင်လိုက်ရတယ်။
“နဂါး… န န နဂါးဥ” ကျောင်းလုံမျက်လုံးပြူးသွားတယ်။
“ဘာလို့… အာ့ယား”
သူစကားမဆုံးခင် နဂါးဥက သူ့ရင်ဘတ်ကို အရှိန်နဲ့ဝင်တိုက်တော့တယ်။ သူ တွန်းထုတ်ခံလိုက်ရပြီး နဂါးဥက ရှန်းရင်ရှေ့တည့်တည့် ရပ်သွားလေရဲ့။
ရှန်းရင်က ဥကိုထိပ်ကနေအောက်ခြေထိ စစ်ကြည့်လိုက်တယ်။
တကယ်ကြီးတဲ့ဥပဲ
ပြဿနာက…။
“မြွေနဂါးရှည်” သူမ အခွံကို လက်ဆစ်နဲ့ ခေါက်ကြည့်ရင်း ခေါ်လိုက်တယ်။ တည်တံ့တဲ့အမူအရာနဲ့ သူမမေးလိုက်တယ်။
“ဒါစားလို့ရလား”
ဒါ အတော်လေးရင်းနှီးနေတဲ့ မြင်ကွင်းပဲ။
“…”
ကျောင်းလုံ တုံ့ပြန်ဖို့ ခဏအချိန်ယူလိုက်ရတယ်။ သူ ကုန်းရုန်းထပြီးပြောလိုက်တယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ နောက်နေတာပဲဖြစ်ရမယ်”
ဒါပေမဲ့ ဒီဥက ဘယ်လိုလုပ် ဒီရောက်လာတာလဲ။ သူ ဟိုဟိုဒီဒီကြည့်ပေမဲ့ အနားမှာ ဘယ်သူ့အရှိန်အဝါကိုမှ အာရုံမခံမိ။
“နဂါးဥက ဥသိုလှောင်ကန်ထဲကနေ အကြာကြီး ထွက်လို့မရဘူး၊ ကျွန်တော်တို့… အာ၊ ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ခင်ဗျားဘာလုပ်နေတာလဲ၊ စားဖို့စဉ်းစားနေသေးတာလား”
ကျောင်းလုံ ဥပေါ်တက်ဖို့ကြိုးစားနေတဲ့ရှန်းရင်ကို အမြန်လှမ်းဆွဲရတော့တယ်။ သူက သူမလက်မောင်းနှစ်ဖက်ကို ပြန်ဆွဲထားလိုက်ရတယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော် တောင်းပန်နေတာပါ ဒါကိုစားလို့မရပါဘူး၊ မရပါဘူး”
ဥထဲ အပေါက်တစ်ပေါက် ဖောက်ကြည့်ဖို့ ရည်ရွယ်နေတဲ့ရှန်းရင်က မေးလာတယ်။
“တစ်ကိုက်လေးမှတောင်လား”
“တစ်ကိုက်လေးမှတောင်ပဲ” ဒါက တခြားတစ်ယောက်ရဲ့ သားလေ၊ သာမန်ဥတစ်လုံးတောင်မဟုတ်ဘူး။
“ခဏ ကိုက်လို့မဖြစ်ပါဘူး ကြီးမြတ်တဲ့နတ်ဒေဝါ”
အော်~
ရုတ်တရက် ရင်းနှီးနေတဲ့ ဒေါသသံတစ်သံကေါ်လာပြီး မြေကြီးတောင် တုန်ယင်သွားတယ်။
“ဘယ်သူလဲ ဘယ်သူ ငါ့နဂါးကလေးကို ခိုးသွားတာလဲ”
ကျောင်းလုံက ရင်တဒိတ်ဒိတ်တုန်လာတယ်… ငါတို့တော့သွား ပြီ
သိပ်မဝေးတဲ့နေရာကနေ နဂါးနီကြီးတစ်ကောင်က ကောင်းကင်ဆီ တက်လာပြီး ကောင်းကင်တစ်ခွင်လုံးကို ထိန်လင်းသွားစေတာမို့ အရာအားလုံးက ရဲရဲတောက်နီရဲကုန်တယ်။ သိပ်မကြာခင်မှာပဲ နဂါးတွေအများကြီး ကောင်းကင်ဆီ ပျံသန်းလာကြပြီး တစ်စုံတစ်ရာကိုရှာဖွေနေကြတယ်။
အဲဒါ… လုံကျန်းပဲ
ငါတို့တော့ သေပြီ၊ ငါတို့တော့သေပြီ၊ ငါတို့တော့သေပြီ…။
O(≧口≦)O
…