အခန်း ၂။ ယုန်တွေက သိပ်အရသာရှိတယ်
ဆူညံပွက်လောရိုက်နေတဲ့ တောကြီးက ချက်ချင်းဆိုသလိုတိတ်ဆိတ်သွားတာက တိရစ္ဆာန်တစ်ကောင်အသံတောင် မကြားရတော့ဘူး။
မီးခိုးဝတ်ရုံနဲ့အမျိုးသမီးက တွေနေပြီး ကျားကြီးတစ်ကောင်ရဲ့ အလောင်းပေါ်မှာ တင်ပျဉ်ခွေ ထိုင်နေတယ်။ သူ့ခန္ဓာကိုယ်ကတော့ အရင်လို ပျော့ဖတ်ဖတ်နိုင်တုန်းပဲ။
ခဏတာ တိတ်ဆိတ်ပြီးနောက်မှာတော့ သူမသက်ပြင်းချပြီး ရေရွတ်လိုက်တယ်။
“ဟင်း…ပင်ပန်းလိုက်တာ အိမ်ပြန်ဖို့အချိန်ရောက်ပြီ”
ဒီလိုပြောပြီး သူမ ကျားအလောင်းပေါ်က ခပ်ဖြည်းဖြည်းထရင်း ပြားကပ်နေရှာတဲ့ ဗိုက်ကလေးကို ပွတ်နေတယ်။ သူမ ဗိုက်နည်းနည်းဆာလာသလိုပဲ သူမပတ်ပတ်လည်က အရွယ်စုံသဏ္ဌာန်စုံ မိစ္ဆာအလောင်းတွေကို ကြည့်လိုက်တယ်။ သူမဒီနေရာကိုရောက်လာပြီဆိုမှတော့ အင်း… ည့ဉ်နက်စာအဖြစ် စားရင်ကောင်းမလား။
တွေးတောပြီးနောက်မှာတော့ သူမလှည့်ပြီး ညာဘက်က နှင်းလိုဖြူစွတ်တဲ့ယုန်ဘုရင်ဆီ လှမ်းသွားတယ် ဒါပေမဲ့ သူမ ဆွဲခေါ်သွားဖို့ အမြီးကို ဆွဲမို့အချိန်မှာပဲ သေပြီလို့ ထင်နေတဲ့ ယုန်ဘုရင်က ရုတ်တရက် အသက်ရှင်လာတယ်။
(⊙ o ⊙)
သူခုန်ထွက်ပေမဲ့ မလွတ်သွားဘူး။ အဲအစား သူမဆီပဲ ပြန်ကန်ရောက်လာတယ်။
“ကြီးမြတ်လှတဲ့နတ်ဒေဝါ ကျေးဇူးပြုပြီး ကျွန်တော့်ကိုချမ်းသာပေးပါဗျာ၊ ကျွန်တော်မှားသွားပါတယ် ကျွန်တော်က နတ်မင်းတွေကို ကိုးကွယ်ပါတယ်၊ မသိဘဲ အပြစ်ပြုမိတာပါ”
နှပ်ချေးတွေ မျက်ရည်တွေ ပေပွနေတဲ့ ယုန်ဘုရင်လေးရဲ့ ခေါင်းကြီးကြီးက မြေပြင်ပေါ် ခဏခဏ ဦးတိုက်နေတယ်။ ခန္ဓာကိုယ်က အင်မတန်တုန်နေလို့ အမွေးတွေတောင် လှိုင်းတွေပမာ ဖြစ်နေတယ်။
“နင်က သေချင်ယောင်ဆောင်နေတာလား” အမျိုးသမီးက မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း ယုန်လေးရှေ့ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။
ယုန်ဘုရင်လေးက ပိုတောင်တုန်လှုပ်သွားတယ်။
“ကြီးမြတ်လှတဲ့နတ်ဒေဝါ ကျေးဇူးပြုပြီး ကျွန်တော့်ကိုသနားပါ ကျွန်တော်က သာမန်ယုန်ဘုရင်လေးပါ ကျွန်တော်က မြက်ပဲစားဖူးတာ တစ်ခါမှလူတွေကို မစားဖူးပါဘူး၊ ကျွန်တော့်မှာ စောင့်ရှောက်ရမဲ့ ယုန်အိုတွေ ယုန်ပေါက်လေးတွေရှိတယ်ပြီးတော့ ပြီးတော့ကျွန်တော့်မှာ မွေးလာမဲ့ ယုန်အုပ်လေးလည်း ရှိသေးတယ်၊ ကျွန်တော်အခုသေလို့မဖြစ်သေးဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုချမ်းသာပေးပါ”
သူက သိပ်ကြောက်ဖို့ကောင်းတာပဲ။ ဒီလောက်မြင့်တဲ့ကျင့်ကြံဆင့်နဲ့လူကို တစ်ခါမှ မတွေ့ဖူးဘူး။ သေမျိုးတစ်ယောက်ထက်တောင် ပိုပြီးအားနည်းတဲ့ပုံပေမဲ့ မျက်စိတစ်မှိတ်လေးတည်းတင် မိစ္ဆာသောင်းချီကို နှိမ်နင်းသွားတယ်။
ပြီးတော့ သူတို့ထဲက ကိုးကောင်က ဒဿမအဆင့် မိစ္ဆာဘုရင်တွေ။ သူမလှုပ်ရှားသွားပုံတွေက နည်းလမ်း လုံးဝမကျပေမဲ့ တစ်ချက် ရိုက်နှက်ရုံလေးနဲ့ မိစ္ဆာဆယ်ကောင်ကျော် သုတ်သင်ပြီးပြီ။ သူမခွန်အားအကြောင်း အဖြေမထုတ်နိုင်သေးခင်လေးတင် မိစ္ဆာတွေအကုန် သေသွားကြတယ်။
ကြောက်ဖို့ကောင်းလိုက်တာ…
တကယ်သိပ်ကြောက်ဖို့ကောင်းတယ်…
လွန်ခဲ့တဲ့ သုံးလလုံးလုံး မိစ္ဆာနယ်ပယ်ကနေ ထွက်သွားတဲ့ မိစ္ဆာတစ်ကောင်မှ ပြန်မရောက်လာတာ အံ့သြစရာမရှိတော့ဘူး။ ဒီလိုအားကြီးလှတဲ့သက်ရှိတစ်ယောက်က နာရီပိုင်းလေးတင် မိစ္ဆာတွေ အကုန်လုံးကို ဖျက်ဆီးပစ်နိုင်တယ်
“နင့်မှာယုန်လေးတွေ ကိုယ်ဝန်ရှိနေတာလား”
အမျိုးသမီးက ရုတ်တရက်မေးလိုက်တယ်။
“ဟု-ဟုတ်” ယုန်ဘုရင်လည်း ခေါင်းညိတ်ရင်း မသိမသာလေး ဗိုက်ထဲလေရှူသွင်းလိုက်တယ်။
“အိုး” အမျိုးသမီးက ခဏတာ တွေဝေနေပြီးတော့မှ ခေါင်းညိတ်ပြလိုက်တယ်။
“ဂုဏ်ယူပါတယ်!”
“အာ” ယုန်ဘုရင်လေးလည်း သူ့အလိုလို ပါးစပ်ကနေထွက်သွားတယ်
“ကျေး-ကျေးဇူးတင်ပါတယ်” ဒါဘာအဓိပ္ပာယ်လဲ။ သူ့ဗိုက်ထဲမှာယုန်လေးတွေ ရှိတယ်ဆိုပြီး မြင်နေတာလား။
“နင်တကယ်လူတွေကိုမစားဖူးဘူးပေါ့”
“ဟုတ်ပါတယ် ဟုတ်ပါတယ်” ယုန်ဘုရင်လည်း ထိတ်ထိတ်ပျာပျာ ခေါင်းညိတ်ပြလိုက်တယ်။
“ကျွန်တော်က အပင်စားနည်းလမ်းနဲ့ပဲ ကျင့်ကြံတာပါ၊ ကျွန်တော့်အမွေးတွေကိုကြည့်ကြည့်ပါဦး သွေးရောင်ရော မည်းညစ်တာတွေရော တစ်ခုမှမရှိဘူး”
“ငါသိပြီ ဒါဆိုနင်သွားလို့ရပြီ” အမျိုးသမီးကလက်တွေကိုပေါ့ပေါ့ပါးပါးဝှေ့ယမ်းပြီးညွှန်ကြားလိုက်တယ်
“နင်ပြန်သွားချိန်ကျ မြက်တွေများများစားဖို့ သတိရနော်၊ ပြီးတော့ မြက်တွေစားတဲ့ ယုန်လေးတွေ များများပိုမွေး”
“အာ!အာ?” ယုန်ဘုရင်လေးက လုံးဝဆွံ့အနေပြီး မယုံနိုင်စွာ မျက်လုံးတွေပြူးသွားတယ်
“ကျွန်တော့်ကိုလွှတ်…ပေးမို့လား”
“အွန်း” အမျိုးသမီးက ခေါင်းညိတ်ပြတယ်။
နည်းနည်းကြာတော့ သူမက ခပ်တိုးတိုးထပ်ပြောလာတယ်
“ညလယ်စာက လူကိုဝစေတယ်”
ယုန်ဘုရင်လည်း သူဒီလောက်လွယ်လွယ်နဲ့ လွတ်မယ်လို့ မထင်မိခဲ့ဘူး။ ပတ်ပတ်လည်မှာ ပြန့်ကျဲနေတဲ့ မိစ္ဆာအလောင်းတွေကို ကြည့်လိုက်တယ်။
“တ-တကယ်ကျွန်တော့်ကိုမသတ်ဘူးလား”
“ငါက တိရစ္ဆာန်လေးတွေကို နှိပ်စက်ရတာ စိတ်မဝင်စားပါဘူး၊ ဘာလို့ငါကနင့်ကိုလိမ်ရမှာလဲ”
ယုန်ဘုရင်က ဘာပဲဖြစ်ဖြစ် လူတွေကို စားတာမှမဟုတ်တာ။
“ဒါ-ဒါပေမဲ့…မိစ္ဆာနယ်ပယ်က ထွက်တိုင်း ကျွန်တော်တို့ယုန်တွေ ပဲ အများဆုံးသေခဲ့တာလေ…”
ယုန်ဘုရင်လေးက ပြောနေရင်းတန်းလန်းနဲ့မှ ချက်ချင်းဆိုသလို ပါးစပ်ပိတ်လိုက်တယ်။ လွန်ခဲ့တဲ့၃လအတွင်း မိစ္ဆာရေအကောင်၁၀၀ကျာ်သေဆုံးခဲ့တယ် သုံးပုံတစ်ပုံက ယုန်တွေပဲ။
“အင်း…” အမျိုးသမီးက ဒေါသထွက်ဟန် မပြဘူး။ အဲအစား အပြင်းအထန် တွေးနေပြီးတော့မှ ပြန်ဖြေတယ်။
“ဒါကဒီလိုရှိတယ်ရယ်”
“အဲဒါက?”
“အင်း ဘာလို့လဲဆိုတော့ ယုန်တွေကအရသာရှိလို့လေ”
“… ဘာ!”
သောက်ကျိုးနည်းဘယ်လိုဆင်ခြေကြီးလဲ
(╯°Д°)╯(┻━┻
ဒါပေမဲ့ အမျိုးသမီးက အားမရှိတဲ့ပုံနဲ့ တတွတ်တွတ်ပြောတော့တယ်။
“ကြည့်လေ…သမင်သားကမာလွန်းတယ် မြေခွေးသားကျ အနံ့ဆိုးတယ် ကျားတွေက ကာကွယ်ခံရတဲ့ တိရစ္ဆာန်တွေလေ။ အဲတော့ငါမစားရဲဘူး။ မြွေသားကတော့အရိုးတွေသိပ်များတယ်…”
သူမ လက်ချောင်းတွေနဲ့ တစ်ကောင်ချင်းစီအကြောင်းကို ရှင်းပြသွားတယ်။
“ဒါကြောင့် နင်တို့ယုန်လေးတွေက အကောင်းဆုံးလေ အင်း…အရသာရှိတယ်”
ယုန်ဘုရင်လေး ခါးသက်သက် ခံစားလိုက်ရတယ် ဒီလောက်တောင် ယုန်မျိုးနွယ်တွေ အသေအပျောက် များခဲ့ရတဲ့အကြောင်းက သူတို့အသား အရည်အသွေးကြောင့်ကိုး။ သူအရသာမရှိချင်ပါဘူး။
ခဏနပေါဦး။
လုံးဝနီးပါးသဘာဝမကျတဲ့အဖြေတစ်ခု ယုန်ဘုရင်လေးတွေးမိသွားတယ်
“ဒါဆို ကြီးမြတ်လှတဲ့နတ်ဒေဝါ ဒါဆို အဲ မိစ္ဆာတွေကိုသတ်ရတဲ့အကြောင်းရင်းက…”
“စားဖို့ပေါ့ !”
အမျိုးသမီးက ချက်ကျလက်ကျပြန်ဖြေတယ်
“ငါလည်းအသက်ရှင်ဖို့ လိုအပ်တယ်လေ”
“…” ဒါဆို အဲမိစ္ဆာတွေရဲ့ အကြွင်းအကျန်တွေမရှိတော့တာ သူတို့က ဟင်းတွေဖြစ်သွားလို့ပေါ့ ဆန်စပါးက လူကျင့်ကြံသူတွေအတွက် အခြေခံလိုအပ်ချက် မဟုတ်ဘူးလား ကျောင်းခြောက်ကျောင်း ဂိုဏ်းသုံးဂိုဏ်းက တကယ့်ငလိမ်အုပ်စုပဲ။
(╯°Д°)╯(┻━┻
“အိုး ဒီတစ်ခါတော့မတူဘူး” အမျိုးသမီးက တစ်ခုခုကိုမှတ်မိသွားတဲ့ပုံနဲ့ မြေပြင်ပေါ်က မိစ္ဆာအလောင်းတွေကို ထိုးပြလိုက်တယ်
“ငါက အနားက တဲအိပ်လေးမှာ နေတာ နင်တို့တွေအကုန်လုံးက နောက်ကျနေတာတောင် ဆူညံပွက်လောရိုက်နေလို့ ငါနိုးလာတာလေ၊ နင်သိမှာပါ… ဘယ်သူက နိုးနိုးချင်း စိတ်ကြည်တတ်လို့လဲ ဒါကြောင့် ဒီကို လာကြည့်တာ”
“…”
မိစ္ဆာတွေအများကြီးသေသွားတဲ့အကြောင်းရင်းလေးက သူတို့အရမ်းဆူညံနေခဲ့တဲ့အတွက်ပေါ့
ယုန်ဘုရင်လေးက လောကကြီးရဲ့ ရက်စက်တဲ့ အမှန်တရားကိုသိပြီး ခံစားသွားရတယ် အမျိုးသမီးက သူ့ဟာသူ ပြောပြပြီး ပြန်သွားတော့မှာ။
ဖြစ်နိုင်တာက သူမ ပိုင်ဆိုင်တဲ့အစွမ်းနဲ့ ဆန့်ကျင်ဘက်ဖြစ်လှတဲ့ သာမန်အသံကြောင့်ပဲလားမသိ၊ ယုန်ဘုရင်လေး အရမ်းရဲရင့်တဲ့ အပြုအမူတစ်ခု လုပ်ဖို့ သတ္တိရသွားတယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ ကျေးဇူးပြုပြီးစောင့်ပါဦး”
အမျိုးသမီးက ခြေလှမ်းတွေရပ်သွားပြီး ပြန်လှည့်ပြောလာတယ်
“တစ်ခုခုပြောဖို့ရှိသေးလို့လား”
“ကြီးမြတ်တဲ့နတ်ဒေဝါ!” ယုန်ဘုရင်လေး အကြောက်တရားကိုဖိထားနိုင်သမျှဖိဖို့ကြိုးစားတယ်
“တကယ်လို့ စားသောက်ဖို့အတွက် ဟင်းချက်စရာတွေ လိုနေတယ်ဆိုရင် အကူအညီနည်းနည်း ပေးနိုင်မယ်ထင်ပါတယ်
ကျွန်တော်တို့မိစ္ဆာတွေကအရေအတွက် အများကြီးလေ ဒါကြောင့် မြေနေရာတော်တော်များများမှာ ဖြန့်ပြီးနေထိုင်ကြတယ်၊ အရှင့်အတွက် အစားအစာ မျိုးစုံရအောင်လုပ်ပေးနိုင်ပါတယ် အဲဒါ…”
သူ အမျိုးသမီးရဲ့အမူအရာကိုတစ်ချက်ခိုးကြည့်ပြီး တံတွေးမျိုချရင်း မရဲမဝံ့ဆက်ပြောတော့တယ်
“အရှင့်အတွက် နေ့တိုင်းအချိန်မှန်မှန် ဟင်းချက်စရာတွေ ပို့ပေးရင်ဘယ်လိုထင်မလဲ”
“အမ် နင်အဲလိုလုပ်ပေးနိုင်တယ်ပေါ့”
အမျိုးသမီးက မျက်လုံးတွေ တစ်ခဏဝင်းလက်သွားပြီးမှ ပြန်ဖျော့တော့သွားတယ်။
“ဒါပေမဲ့ ငါ အစားအသောက် သယ်ယူပို့ခအတွက် ပိုက်ဆံမရှိဘူး”
အစားအသောက်ပို့ဆောင်မှုဆိုတာ ဘာမို့လဲ
“ကြီးမြတ်တဲ့နတ်ဒေဝါ ဒါအရှင့်ကိုလေးစားကြောင်းပြသတဲ့နည်းလမ်းတစ်ခုပါ!”
“ဒါပေမဲ့ ဒါက သိပ်ရှက်ဖို့ကောင်းမယ်ထင်တယ်…”
အမျိုးသမီးမျက်နှာက ရုတ်တရက်နီရဲသွားတယ် သူမ မနေတတ်စွာ ခေါင်းကို ကုတ်လိုက်တယ်။
“နင့်အတွက်အဆင်မပြေဖြစ်လောက်တယ်မလား”
“လုံးဝ လုံးဝ လုံးဝ ကိုမဖြစ်ပါဘူး!”
မြှောက်ပင့်ပြောဖို့ အရှိန်ရသွားပြီဖြစ်တဲ့အတွက် ခေါင်းကိုအမြန်ခါယမ်းလိုက်တယ်။
“အိုး ဒါဆိုလည်းကျေးဇူးတင်ပါတယ်”
“ဒါလုပ်ပေးသင့်တာပါ” ယုန်ဘုရင်ကမျက်နှာလိုမျက်နှာရပြုံးပြလိုက်တယ်
ဒီလိုမှပဲ သူ့ရည်ရွယ်ချက်အတွက် ယုန်သတ္တိတွေနည်းနည်းရှိလာတော့တယ်
“ဒါဆို…နောက်တစ်ခေါက် ကျွန်တော်တို့ယုန်တွေ မိစ္ဆာနယ်ပယ်ကနေထွက်ရင် မသတ်ပဲ ချမ်းသာပေးလို့…ရမလားဟင်”
“ရတာပေါ့!” အမျိုုးသမီးကတုံ့ဆိုင်းမှုမရှိပဲ ခေါင်းညိတ်ပြလိုက်တယ်
“သူတို့လူတွေကို မစားသရွေ့အဆင်ပြေတယ်”
“အရှင်စိတ်ချပါ သူတို့တွေအကုန်လုံးကအရွက်စားတွေပါ ” ယုန်ဘုရင်လေးခမျာ မယုံနိုင်ရှာသေးဘူး ဒီအမျိုးသမီးက သူ့တောင်းဆိုချက်ကို လိုက်လျောမယ် မထင်ခဲ့ဘူး။ ဒါ့ထက်…ယဉ်လည်းယဉ်ကျေးသေးတယ်
“ဒါဆို ဒီလိုပဲလုပ်တော့မယ်နော်၊ မနက်ဖြန်ကစပြီး အရှင့်ရဲ့ နေထိုင်ရာဆီ အစားအသောက် ပို့ဆောင်ပေးပါ့မယ်”
“ဒါဆို ဒုက္ခများစေမိပြီ”
“ဒါက ဒုက္ခမဟုတ်ပါဘူး”
“တကယ်လို့ဘာမှမရှိတော့ရင်ငါအိပ်ရာဆီပြန်တော့မယ်”
“ကြီးမြတ်တဲ့နတ်ဒေဝါအရှင် ဂရုစိုက်ပါ”
“တာ့တာ့!”
” ကြီးမြတ်တဲ့နတ်ဒေဝါအရှင်!
“အွန်း”
“အရှင့်ကိုအမည်ဘယ်လိုတပ်ရမလဲသိခွင့်ရှိမလားဟင်”
“အော် ငါ့နာမည်ကရှန်းရင်ပါ”
“ကြီးမြတ်တဲ့နတ်ဒေဝါရှန်း ဂရုစိုက်ပါ…”
- …