ဖဝါးထက်က ပုလဲသွယ်
Score 7.2
Bookmark
Followed 11 people

ဖဝါးထက်က ပုလဲသွယ်

掌上骊珠
Status: Ongoing Type: Author: Artist: Released: 2019 Native Language: Chinese Posted on: Updated on: View: ? Views

Synopsis ဖဝါးထက်က ပုလဲသွယ်

မိတ်ဆက်

ယဲ့လီကျူးက အသားအရေကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။

လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှောက်လိုက်ရုံဖြင့်ပင် ကူတွဲပေးရမည့်သူ လိုသည်အထိ အားပင်နည်းပါးသော ခန္ဓာကိုယ်ပိုင်ရှင်။ ထို့အပြင် အမတ်ချုပ်ကြီးကလည်း သူ့သမီးကညာလေးကို ကောင်းကင်ထိတက်အောင် ဖူးဖူးမှုတ်လို့ထားသည်။ အကယ်၍ ဒီလို မကျန်းမာသည့်အလှလေးကို လက်ထပ်ယူကာ ကောင်းကောင်း မခစားခဲ့လျှင် ရက်စက်လှသည့် အမတ်ချုပ်ကြီးယဲ့က သေချာပေါက် သတ်ပစ်မှာပင်။

ယဲ့လီကျူးတစ်ယောက် အတော်လေး စိတ်ညစ်နေပြီ။ သူမခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ အားနည်း၍လာသည်။ သူမ သေအံ့မူးမူးအချိန်မှာပင် အမျိုးသားတစ်ယောက်က အမတ်ချုပ်အိမ်တော်သို့ ရောက်လာခဲ့သည်။ ထိုအမျိုးသားက အရပ်ရှည်သည်၊ နတ်ဘုရားတစ်ပါးကဲ့သို့ အေးစက်သောအသွင် ရှိသည်။ ထို့နောက် ယဲ့လီကျူးကို ကြောက်မက်ဖွယ် မျက်လုံးများဖြင့် ကြည့်တတ်သည်။

သို့သော် ယဲ့လီကျူးနားသို့ အဆိုပါအမျိုးသား ကပ်လာသည်နှင့် သူမ၏ ချိနဲ့သောခန္ဓာကိုယ်က တစ်နည်းမဟုတ်တစ်နည်း ပြန်ကောင်းလာလေသည်။ သူ အဝေးရောက်သွားလျှင်တော့ သူမလည်း အသက်ပင် ကောင်းကောင်းမရှူနိုင်တော့။

နောက်ဆုံး တစ်ရက်တွင်တော့ ထိုအမျိုးသားနားတွင် ကပ်၍နေရလျှင် သူမ အသက်ရှင်နိုင်သည်ဟု တွေးကာ ယဲ့လီကျူးတစ်ယောက် လဲကျချင်ယောင် ဆောင်လိုက်တော့သည်။

မိုးမြေတစ်ခွင် ဘာကိုမှမကြောက်သည့် အမတ်ချုပ်ကြီးယဲ့ခမျာ သူ့သမီးလေးကို ချက်ချင်းဆွဲထူကာ ခပ်တိုးတိုး ပြောလိုက်၏။

“အဲဒါ ဧကရာဇ်ကို စစ်သည်အင်အားတစ်သိန်းနဲ့ ခြောက်ရအောင်လာတဲ့ မင်းသားချင်ပဲ။ တခြားသိမ်မွေ့တဲ့ယောကျာ်းကို ရှာရအောင်ပါ သမီးလေးရယ်။ အဲ့မကောင်းဆိုးဝါးကိုတော့ မကြည့်ပါနဲ့”

ထို့နောက်တွင်တော့ မင်းသားက သနားစရာ လီကျူးလေးကို သူ့ရင်ခွင်ထဲပွေ့ကာ

“ကောင်းတယ်….နည်းနည်းလေး အနားတိုးအုံး”

ဒီအလှလေးကို ဘယ်လောက်ကြာကြာချစ်ခဲ့သလဲဆိုတာကိုတော့ မင်းသားကိုယ်တိုင်သာ သိလိမ့်မည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset