YMR – အခန်း ၃

အခန်း (၃)

မိုး​သောက်ချိန်​ ရောက်သည့်အခါ ယွင်ချဲ့သည် အင်တာနက်​ပေါ်မှ ရှာ​ဖွေ​တွေ့ရှိထားသည့် ဂိုထောင် သို​လှောင်ရုံများကို သွား​ရောက် စစ်​ဆေးပြီး​နောက် အဆင်​ပြေသည့် နှစ်​နေရာကို​ ရွေး၍ ယွမ်တစ်​သောင်းစီနှင့် ငှားရမ်းခဲ့သည်။ တစ်​​နေရာသည် သာမန်ဖြစ်ပြီး ​နောက်တစ်​နေရာကို လျှို့ဝှက်စွာ ကွယ်ဝှက်ထားသည်။ သာမန်ဖြစ်သည့်​ ဂို​ထောင်ကို အနည်းငယ် ထင်ရှား​စေပြီး ထိုဂိုထောင်တွင် အင်တာနက်တွင် ​ရောင်းဝယ်​ ဖောက်ကား​သော ပစ္စည်းများကို စု​ဆောင်း၍ လျှို့ဝှက်ထား​သော ဂို​ထောင်တွင်မူ အခြား​သော ပစ္စည်းများ သို​လှောင်ရန် စီစဉ်ထားသည်။ ထိုဂိုထောင်တို့ကို တစ်လစာ အတွက်သာ ငှားခဲ့သည်။

ထို့​နောက် ကုန်တင်ကား အငယ်တစ်စီးကို ငှားကာ ကုန်တိုက်ကြီးများ ထံသို့ ​မောင်းနှင်သွား​လေသည်။ ​နေ့စဉ်အသုံးလိုသည့် ပစ္စည်းများမှလွဲ၍ ပျက်သုဉ်း ကာလအတွင်း အသုံးလိုမည့် ပစ္စည်းများနှင့် သူ၏တူငယ်​လေးအတွက် နို့မှုန့်များနှင့် က​လေးသုံး ပစ္စည်းများကို ဝယ်ယူလာခဲ့သည်။ တစ်​နေ့တာလုံး လှုပ်ရှားသွားလာ ​နေသည့်အပြင် ကိုယ်တွင်း စွမ်းအားအချို့ မငြိမ်မသက် ဖြစ်​နေ​သော ယွင်ချဲ့ ပင်ပန်းလာသဖြင့် အ​ဆောင်ကို ပြန်လာခဲ့​ပြီး​နောက် အိပ်​ပျော်သွား​လေသည်။

“ချဲ့ .. မင်းတစ်​နေ့လုံး ဘာ​တွေသွားပြီး ဘာလုပ်​နေတာလဲ .. မနက်နိုးကတည်းက မင်းကို မမြင်လိုက်ရဘူး”

အ​​ဆောင်တွင် အတူ​နေ အခန်း​ဖော်ဖြစ်သူ ကျန်းယွမ်က ယွင်ချဲ့ ​ဘေးတွင် ထိုင်ကာ ​မေးလေသည်။ အခြား အခန်း​ဖော်​တို့မှာလည်း ​ဘေးတွင် ရှိနေကြသဖြင့် အိပ်​ပျော်ဟန်​ ဆောင်​နေသော ယွင်ချဲ့ မျက်လုံးများကို ပြန်ဖွင့်လိုက်ရသည်။

“ငါဘာလုပ်ရဉီးမှာလဲ အချိန်ပိုင်း အလုပ်လုပ်​နေတာ​လေ .. ​တစ်​နေ့လုံး လုပ်​နေရတာ ပင်ပန်း​နေလို့ ငါ့ကို​ပေးအိပ်ကြဉီး မ​နှောင့်ယှက်နဲ့”

ယွင်ချဲ့မှာ မိမိကိုယ်​ ထောက်ပံ့ရန်နှင့် အစ်မဖြစ်သူ၏ ဖိအားများကို ​ပြေ​ပျောက်​စေရန်အတွက် ​ငွေရှာ​နေခဲ့ရ​သော​ကြောင့် အခြားသူများနှင့် ပေါင်းသင်း ဆက်ဆံရန် အချိန်မရခဲ့သဖြင့် ကျန်းယွမ်မှလွဲ၍ အခြားသူများနှင့် တရင်းတနှီးမရှိ​ပေ။

“အခုထိ အချိန်ပိုင်း လုပ်​နေတာလား မင်းမှာ အလုပ်ဘယ်နှခု​လောက် ရှိ​နေတာလဲ .. တက္ကသိုလ်က ​ပျော်စရာ​ ကောင်းပါတယ်ကွာ .. အာ .. မင်းပိုက်ဆံ ရှာစရာ မလိုပါဘူး တခြား ကြည့်သင့်မြင်သင့်တာ​တွေ ရှိ​နေတာကို .. ဥပမာ ဟွာရှား တက္ကသိုလ်ထဲက ​ကောင်မ​လေး​​ ချော​ချော​လေး​တွေ​ပေါ့”

“သူတို့​တွေနဲ့ ငါ့ဗိုက်ဖြည့်လို့ ရမလား ​ပြော”

ကျန်းယွမ်မှာ သူ၏ရှည်လျား​သော မိန့်ခွန်းကို အပြီးမ​ပြော လိုက်ရ​သေးချိန်မှာပင် ယွင်ချဲ့ ထထိုင်ကာ စကားဖြတ်​ရင်း ကျန်းယွမ်ကို ကြည့်လိုက်သည်။

ကျန်းယွမ်လည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ …

“မဟုတ်ဘူး​လေ .. ဒါ​ပေမယ့် မျက်စိအစာ​ကျွေးလို့ ရတာ​ပေါ့ ဟုတ်တယ်မလား”

“ဘယ်​လောက်ပဲ​ ချော​မော​နေပါ​စေ ငါပိုင်ရတာလည်း မဟုတ်ဘူး”

ကျန်းယွမ် ​ပြော​သော စကား​ကြောင့် အခြားသူများ ရယ်​မော မိကြ​လေသည်။ သူတို့သည် ယွင်ချဲ့ကို ​ကြောက်စရာ ​ကောင်းသည်ဟု မသိကြ​သေး​ပေ။

“ဒါဆိုလည်း တည့်ကြီး​တော့ မ​ပြောနဲ့​လေကွာ”

ကျန်းယွမ် မျက်နှာ​ ဖျော့​​​တော့လာပြီး စကားရည် ရှုံးသကဲ့သို့ မှိုင်ကျသွားသည်။

“မတတ်နိုင်ဘူး​လေ .. ငါကလက်​တွေ့ပဲ​ တွေးတယ်”

ပခုံးကိုတွန့်ပြီး လက်တစ်ဖက်ကို လည်ပင်း​ နောက်ထားကာ နံရံကို မှီလိုက်သည်။ ပျက်သုဉ်း ကာလတွင် အမျိုးသမီးများ အထူးသဖြင့် အလှမက်ကာ ​ဒေါက်ဖိနပ်များ စီးထားသည့် ထိုအမျိုးသမီးများ ပထမဉီးစွာ လျော့နည်း လာလိမ့်မည်။ ထိုအချိန်တွင် လိင်တူ မနှစ်သက်သူများထက် လိင်တူ​ ယောကျ်ား​လေးကိုသာ နှစ်သက်သည့် ​ယောကျ်ားများ ​ပေါ်ပေါက် လာလိမ့်မည်။ ပျက်သုဉ်းကမ္ဘာ၏ အ​မှောင်ထု​ကာလတွင် ယ​နေ့ ရှင်သန်ပြီးလျှင် ​နောက်တစ်နေ့ ရှင်သန်လိမ့်မည်ဟု မည်သူမှ အာမမခံရဲကြ​။ သူသည်လည်း မိန်းက​လေးများကို စိတ်ဝင်စားသူ မဟုတ်​ပေ။

“အခုကစပြီး ငါမင်းကို စကားမ​ပြော​တော့ဘူး .. စိတ်ညစ်စရာ​ပဲ”

သူ့ကို စိတ်တိုသွား​သော ကျန်းယွမ် ​ဆောင့်​အောင့် ထလိုက်သဖြင့် အ​ဆောင်ထဲရှိ အခြားသူတို့မှာ ရယ်​မော ကုန်​လေသည်။ အသံမှာ ဆူညံသွားသဖြင့် တာဝန်ရှိသူက လာ​ရောက်ဆူပူ​တော့မှသာ မီးများကို ပိတ်ကာ အိပ်စက်ကြ​လေသဖြင့် ​တစ်​နေ့လုံး ပင်ပန်းခဲ့ရ​သော ယွင်ချဲ့ မှာလည်း ​ကောင်းမွန်စွာ အနားယူရ​လေသည်။

သတိပြန်လည် ငြိမ်သက် လာသည့်အခါ အိပ်မ​ပျော်​တော့ဘဲ ထူးဆန်း​သော ​နေရာကို ​ရောက်နေ​ကြောင်း ခံစားလိုက်ရသည်။ ​​ထို​နေရာထဲတွင် နေ့အချိန် ဖြစ်​နေ​သော်လည်း ​ကောင်းကင်မှာ အုံ့မှိုင်း​နေသဖြင့် ပတ်ပတ်လည်ကို မမြင်ရ​ပေ။ ​​ကောင်းကင်​အောက်ရှိ ​မည်းနက်သော မြေပြင်မှာ ​မြေဆီလွှာ​ ကောင်းမွန် နူးညံ့​ကာ ကွင်းပြင်ကဲ့သို့ ဖြစ်​နေသည်။ ထို့အပြင် ​တောင်တစ်လုံးလည်း ရှိ​နေပြီး ​တောင်ထိပ်​နေရာ အများအပြား မြူခိုးများဖြင့် အုံ့ဆိုင်း​နေသည်။ ​တောင်​ခြေတွင် ​ရေပူ​ဖောင်းများ အနည်းငယ် ပွက်​နေ​သော စမ်း​ချောင်း​လေး တစ်ခုလည်းရှိ​နေပြီး စမ်း​ချောင်းအဆုံးတွင် ၂ မီတာ ၃ မီတာ အကျယ်ရှိ ​ရေကန်ငယ်​လေး တစ်ခုရှိ​နေသည်။

​ထို​နေရာကြီး တစ်ခုလုံးမှာ ​ဘောလုံးကွင်း နှစ်ဆရှိပြီး မြူများဖြင့် အုံ့ဆိုင်း​နေသည်။ ယွင်ချဲ့မှာ မြူများထဲမှ ထိုး​ဖောက် ရှာ​ဖွေရန် ကြိုးစား​သော်လည်း တစ်ကိုယ်လုံး နာကျင်ခြင်းကို ခံစားလိုက်ရသည်။

“သခင် ”

တိတ်ဆိတ်​နေ​သော ​နယ်ပယ်ထဲ မှတစ်ဆင့် သားရဲတစ်​ကောင် ဟိန်းသံကို ကြားလိုက်ရပြီး သူ့အနားတွင် ကြီးမား​သော အရိပ်တစ်ခုကို​ တွေ့လိုက်ရသည်။

“အား ”

ယွင်ချဲ့ မှာ မ​ရှောင်​ပြေးနိုင်​တော့ဘဲ ​မြေပြင်ထက် ပစ်လဲသွား​လေသည်။ ကံ​ကောင်းသည်က ​မြေပြင်မှာ နူးညံ့အိစက်​နေသဖြင့် အနာတရ မဖြစ်လိုက်​ပေ။

“မင်းလျက်တာ မ​တော်​​သေးဘူးလား”

ထိုသားရဲ၏ နူးညံ့​သော လျှာ​ကြောင့် သူ၏မျက်နှာ တစ်ခြမ်းလုံး စိုရွှဲသွား​လေသည်။ ယွင်ချဲ့ ထရန် ကြိုးစား​သော်လည်း သူ၏​ခြေလက်တို့မှာ သားရဲ၏ လက်များ​အောက် ​ရောက်​နေသဖြင့် ထ၍မရ​​ပေ။

“မဟုတ်ဘူး သခင် .. သခင့်ကို ကျွန်​တော်​ စောင့်​နေတာ အရမ်းကြာ​နေပြီ .. သခင်လာတာ​နောက်ကျတယ် မ​နေ့ကပဲ သခင့် အ​ငွေ့အသက်ကို ခံစားမိလိုက်တယ်”

ထိုသားရဲမှာ သူ့အ​ပေါ် ဖိထားရုံသာမက ​ခေါင်းကိုလည်း ယွင်ချဲ့ လည်ပင်းထဲသို့ အတင်းတိုးဝင်​ နေပုံမှာ ချစ်စရာ ​ကောင်းဟန် လုပ်ပြ​နေသည်လား။

ထိုသားရဲမှာ ဘာသတ္တဝါမှန်း မသိရ​သေးသဖြင့် ယွင်ချဲ့ စိတ်မရှည်ဖြစ်ကာ အံကြိတ်လိုက်သည်။

“ငါ့ကိုအရင်လွှတ်​ပေးဉီး”

သူ့ဘဝတွင် အခြားသူများကို မတိုက်ခိုက်ခဲ့ဖူး​သော်လည်း အခုတွင် သားရဲတစ်​ကောင်၏ တိုက်ခိုက်ခြင်းကို ခံ​​နေရသည်။

“မလွှတ်ဘူး မလွှတ်ဘူး .. ကျွန်​တော် လွှတ်​ပေးလိုက်ရင် သခင်ပြန်ထွက်​ပြေးသွားမှာ .. သခင့်ကို ​စောင့်​နေခဲ့တာ အ​တော်ကြာ​နေပြီ ကျွန်​တော် ပြန်မလွှတ်နိုင်ဘူး”

ယွင်ချဲ့၏ ​သွေး​ကြောများ လျင်မြန်စွာ ခုန်လာပြီး သူ၏လက်ထဲတွင် လျှပ်စီးများ ​ပေါ်ထွက်လာသည်။

“အား ”

ယွင်ချဲ့ အသက်ဝဝရှူကာ သားရဲ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင် လိုက်သည်။ သူ၏လက်တွင်လည်း လျှပ်စီးအားများ ပြည့်လာသဖြင့် သားရဲလက်ကို ဆွဲယူကာ အားကုန်သုံး၍ လွှင့်ပစ်လိုက်သည်။ သို့​သော် ယွင်ချဲ့မှာ ထချိန်ပင် မရလိုက်၊ သားရဲက အမြန်​ပြေးလာပြီး ​ပျော်ရွှင်စွာ ခုန်​ပေါက်လျက် ​အော်​ပြော​လေသည်။

“ဝါး .. သခင် အရမ်းမိုက်တာပဲ .. ထပ်လုပ်ရ​အောင် ထပ်လုပ်ရ​အောင်​နော် ”

မ​​မျှော်လင့်စွာပင် ယွင်ချဲ့ စိတ်ထဲမှ ​တွေး​တောမိသည်။

‘သူက ဘာ​ကောင်လဲ .. ငါ့အစွမ်း အားလုံးနီးပါး သုံးလိုက်တာကို သူက နည်းနည်း​လေးတောင် မနာကျင်သလိုပဲ .. ထူးဆန်းလိုက်တာ .. ဘုရားသခင်က လက်​ဆောင်​ပေးတာ ဆိုရင် ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ’

“သခင် …”

“​နေဉီး”

ထိုသားရဲက ထပ်ခုန်ရန် ပြင်လိုက်​သော​ကြောင့် ယွင်ချဲ့ လက်ကို ဆန့်ထုတ်ကာ တားလိုက်သဖြင့် သားရဲမှာ ငြိမ်သွားပြီး မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ​ကြောင်​​တောင်​တောင်နှင့် ကြည့်​လေသည်။ ယွင်ချဲ့ ကြံရမရစွာ သက်ပြင်းချကာ သားရဲ၏​ခေါင်းကို ထိကိုင်လိုက်ပြီး …

“မင်းကိုမ​ပြောဘဲ ငါထပ်မထွက်သွားပါဘူး .. ငါ​မေးတာ​တွေကို အရင်​ဖြေ​ပေးဉီး”

ဒီ​နေရာကို ဘယ်လို​ကြောင့်များ ​ရောက်လာခဲ့ရသည်ကို မသိသဖြင့် ထွက်သွားရန်လည်း မဖြစ်နိုင်​လောက်​ပေ။ ဒီ​နေရာတွင် ထူးဆန်းသည့် အရာများ ရှိ​နေ​သော​ကြောင့် သူ့အ​နေနှင့် အရင်သိ​​​အောင် လုပ်ရလိမ့်မည်။

“တကယ်လား ”

ထိုသားရဲမှာ သခင်ဖြစ်သူ လှမ်းမီနိုင်ရန်အတွက် ကိုယ်ကို နှိမ့်ချ​ပေးလိုက်သဖြင့် ယွင်ချဲ့လည်း စိတ်သက်သာရာ ရသွား​သည်။

“ဒါဆို ငါက ဘယ်​ရောက်​ နေတာလဲ .. ဒီက​မြေဆီလွှာ​တွေ ​ကောင်းရဲ့သားနဲ့ ဘာမှလည်း မရှိဘူး ပြီး​တော့ မြူ​တွေက​ရော ဘာလို့ရှိ​နေတာလဲ”

တိရစ္ဆာန်များ စကား​ပြောတတ်သည့် အ​ကြောင်းကို​​တော့ ယွင်ချဲ့ မ​မေးလိုက်​​တော့​ပေ။

“​ကောင်းပါပြီ စဉ်းစားကြည့်ဉီးမယ် .. ဒီ​နေရာက မဟာနယ်​မြေရဲ့ တစ်စိတ်တစ်ပိုင်းလို့​ပြောလို့ရတယ် … ဒါက ကမ္ဘာထဲက အပြိုင်​နယ်ပယ် မဟုတ်​ပေမယ့် ကမ္ဘာကြီးရဲ့ ​နယ်ပယ်အပြိုင်ပဲ … ကမ္ဘာကြီး ဖြစ်လာပြီဆိုရင် ဒီ​နေရာက အလိုလို ဖြစ်တည်လာတာ .. သခင်က ဒီ​နေရာကို ပထမဆုံး​ ရောက်လာတဲ့သူ ဆို​တော့ သခင်က ကျွန်​တော့်ရဲ့ သခင်ပဲ .. ကျွန်​တော် သခင့်ကို​စောင့်​နေတာ နှစ်​ပေါင်း​ အ​တော်ကြာ​နေပြီ”

သုံးမိနစ်မျှ ကြာပြီး​နောက် သားရဲက လျှာကိုထုတ်ကာ ယွင်ချဲ့ကို လျက်ရန် ကြိုးစားပြန်သည်။ အလွန် လျင်​သော ယွင်ချဲ့ အမြန်​ရှောင်ကာ သားရဲ​ခေါင်းကို ပုတ်​ပေးလျက် နှစ်သိမ့်​ ပေးလိုက်သည်။

“ကမ္ဘာကြီးရဲ့ ​နယ်ပယ် အပြိုင်ဆိုရင် ဘာ​ကြောင့်​ သေး​နေရတာလဲ”

ကမ္ဘာကဲ့သို့ မကြီးမားဟု ဆို​​သော်လည်း နိုင်ငံတစ်နိုင်ငံ အကျယ်လောက် ရှိသင့်သည်။ သို့သော် အခုမှာမူ ….
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset