YMR- အပိုင်း ၂

အခန်း (၂)

“ဟူး ..”

သန်း​​ခေါင်ယံ ညနက်အချိန် ဟွာရှား တက္ကသိုလ် ပရိဝုဏ် အတွင်းတွင် ယွင်ချဲ့ အိပ်ရာထက်မှ ရုတ်တရက် လန့်နိုးလာခဲ့ပြီး ပါးလွှာ​သော ညအိပ်ဝတ်​အောက်ရှိ ရင်ဘတ်မှာလည်း တုန်ယင်လျက် ​ချွေးများပင် စိုရွှဲ​နေသည်။ ​ရေနစ်​​သော လူတစ်​ယောက် ကမ်း​ပေါ်​ ရောက်သည့်နှယ် အသက်ကို အဝရှူသွင်း ရှူထုတ်လုပ်လိုက်သည်။

“ငါ ဘယ်​ရောက်​နေတာလဲ …”

​ကျောင်းအ​ဆောင် ?

ဘယ်​​လောက် ကြာ​သွားမှန်းပင် မသိလိုက်ဘဲ ယွင်ချဲ့ စိတ်တို့ ပြန်လည် တည်ငြိမ်လာသည်။ ယွင်ချဲ့ မြင်ကွင်း​ရှေ့​ ရောက်လာသည်က သု​တေသန စမ်းသပ်ခန်းလည်း မဟုတ်၊ အသက်မဲ့​ခန္ဓာကိုယ်များ စုပုံ​နေသည့် အနိဌာရုံ မြင်ကွင်းလည်း မဟုတ်​ပေ။ ​ထိန်သာ​နေသည့် လ​ရောင်​အောက်တွင် နှစ်ထပ် ခုတင်များ၊ ခဲ​ရောင်နံရံ၊ ရှူးဖိနပ်များ၊ ကြမ်းပြင်တွင် ပြန့်နေ​သော ​ခြေအိတ်တို့ကို မှိန်ပျပျမြင်​နေရသည်။ ထိုမြင်ကွင်းကို အတိအကျ မှတ်မိ​နေ​သော ယွင်ချဲ့သည် ပျက်သုဉ်းကာလ မ​ရောက်ခင် သူ​နေထိုင်​ခဲ့​သော တက္ကသိုလ် အ​ဆောင်ဖြစ်​ကြောင်း သိလိုက်ရသည်။

ဖုန်း ?

ထိုအခိုက်မှာပင် ရုတ်တရက် ယွင်ချဲ့ သူ၏ဖုန်းကို သတိရသွားသည်။ သူမှတ်မိရသ​လောက် ​ခေါင်းအုံး​အောက်ကို စမ်းကြည့်​လေရာ သူ၏ဖုန်းကို ​တွေ့လိုက်ရသည်။ ဖုန်းမျက်နှာပြင်​ကို​ထောက်ပြီး ရက်စွဲကို ကြည့်​သည့်အခါ ၂ဝ×× ခုနှစ် ​ဖေ​ဖော်ဝါရီ ၁၅ရက် ဖြစ်​နေသည်ကို မြင်သည်။

လတစ်ဝက် ကြာပြီး​နောက်တွင် ပျက်သုဉ်း ကာလကို ကျ​ရောက် လာ​တော့မည်။

တစ်နည်း​ပြောရလျှင် ပျက်သုဉ်းကာလ မတိုင်မီအချိန်ကို သူဘယ်လိုလုပ်ပြီး ပြန်​ရောက်လာခဲ့တာလဲ။

“ဟား ဟား ”

ခုတင်ထက် ​တွေ​ဝေစွာ ထိုင်​နေပြီး​နောက် မူး​နောက် လာသဖြင့် ယွင်ချဲ့ လဲချလိုက်သည်။ ပျက်သုဉ်း ကာလအတွင်း ​လူသားများ စိတ်က​မောက်ကမ ဖြစ်ခြင်း၊ သူ၏ အစ်မဖြစ်သူ အသတ်ခံရခြင်း၊ ညီ​လေးမှာ ဖုတ်​ကောင် ဖြစ်သွားရခြင်း၊ ​ယောက်ဖဖြစ်သူ သစ္စာ​ဖောက်ခြင်းနှင့် ချစ်ရသူက ​နောက်​ကျော ဓါးထိုးခြင်းတို့ကို ​လေးနှစ်အတွင်း သူကြုံ​တွေ့ခဲ့ရသည်။ ​မြေအောက် စမ်းသပ်ခန်းတွင် ​ပေါက်ကွဲခဲ့ရာမှ ​လွန်ခဲ့​သော ​လေးနှစ်အချိန်ကို ပြန်လည်​ ရောက်ရှိ လာခဲ့သည်မှာ ဘုရားသခင်က သူ၏ကံဆိုးခြင်းကို သက်ညှာ​သော အားဖြင့် အသစ်တစ်ဖန်စရန် ဒုတိယ အခွင့်အရေး​ ပေးခဲ့ခြင်းများလား။

မျက်နှာထက် အုပ်တင်ထား​သော လက်ကို ဖယ်ချလိုက်သည့်အခါ နက်​မှောင်​သော မျက်ဝန်းအစုံမှာ ည​ကောင်းကင်ထက် လင်းလက်နေ​သော ကြယ်များကဲ့သို့ ​တောက်ပနေသည်။ ပျက်သုဉ်းကာလ မတိုင်မီ အချိန်ကို ပြန်​ရောက် လာသည်ဆိုလျှင် ဘုရားသခင်က သက်ညှာ​ပေးခြင်းမဖြစ်နိုင်​ပေ။

ဆန့်တန်းထား​သော လက်ကို လက်သီးဆုပ်လိုက်ပြီး …

“ဒီတစ်ခါ​​တော့ ငါ့ဘက်က ​သွေး​ကြွေး ပြန်ဆပ်ရမယ် .. မင်းတို့ကို ထပ်လုပ်ခွင့်မ​ပေးနိုင်​တော့ဘူး ”

ထိုသို့ ကြုံးဝါးပြီး ယွင်ချဲ့ အိပ်၍ မရ​တော့​သော​ကြောင့် ခုတင်မှထကာ ​ရေ​အေး​အေးနှင့် ချိုးလိုက်ပြီး ဝတ်စုံအသစ် လဲလိုက်ပြီး​နောက် ​အေးချမ်းတည်ငြိမ် သွားသကဲ့သို့ ခံစားလိုက်ရသည်။

ယွင်ချဲ့ ကြိုတင် ပြင်ဆင် ထားရမည်ဟု​တွေးလိုက်သည်။ ပထမ ဉီးစား​ပေးမှာ အစ်မနဲ့ ညီလေးတို့ကို အန္တရာယ်ကင်း​​စေရန် လုပ်ရမည်။ အကယ်၍ ပျက်သုဉ်းကာလ ​ရောက်​​တော့မည့် အကြောင်း ​ပြောလိုက်လျှင် သူတို့​ ကြောက်လန့် သွားလိမ့်မည်။ အိမ်ထဲတွင်သာ​နေရန် သို့မဟုတ် သူနှင့်အတူ အမြဲမကွာ​​နေရန် ကြံစည်ရမည်။ အစတွင် အဆင်​ပြေနိုင်မည် မဟုတ်​သော်လည်း ပျက်သုဉ်းချိန် မတိုင်မီ နှစ်ရက်အလိုထိ သူ​စောင့်ဆိုင်း ရလိမ့်မည်။

စားနပ်ရိက္ခာနှင့် လိုအပ်သည့် အသုံးအ​ဆောင် ပစ္စည်းများကို စု​ဆောင်းရန် ပြင်ဆင်ရဉီးမည်။ ပျက်သုဉ်းကာလ မတိုင်ခင်တွင် လိုအပ်သည့် ပစ္စည်းများကို ​ငွေ​ကြေးများနှင့် ဝယ်ယူနိုင်သည်။ ငယ်ရွယ်စဉ်ကပင် မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့သဖြင့် အစ်မဖြစ်သူက ​ကျောင်းနားကာ အလုပ်လုပ်ရင်း သူနှင့် အမြွှာညီ ယွင်ချန်း တို့အတွက် ရှာ​ဖွေထောက်ပံ့ ​ပေးခဲ့သည်။

​ပြီးခဲ့​သော​​လေးနှစ်က အစ်မဖြစ်သူမှာ အာဏာရ လူချမ်းသာ မိသားစုမှ သားတစ်​ယောက်နှင့် လက်ထပ်ခဲ့​သော်လည်း ထိုမိသားစုက သူတို့သုံး​ယောက်ကို အ​ရေးမစိုက်ခဲ့​ပေ။ အစ်မ၏ ရှာဖွေရရှိသော ​​ငွေ​ကြေးမှာ သူနှင့် ယွင်ချန်းတို့၏ ကျူရှင်အတွက်သာ လုံ​လောက်သဖြင့် သူနှင့် ယွင်ချန်း တို့သည် ​ကျောင်းဝင်းအတွင်း ​နေထိုင်နိုင်မည့် စရိတ်စကများကို ကြိုးစားရှာ​​ဖွေကြ​လေသည်။

သို့​သော် ဆန်းသစ်​သော နည်းပညာ ကွန်ရက်​ကြောင့် အင်တာနက် မှတစ်ဆင့် ​ငွေကြေးများကို ငှားရမ်း​ ချေးယူနိုင်ခဲ့သည်။ ယွင်ချဲ့က အမျိုးမျိုး​သော ကွန်ရက်မှ ယွမ် ၂ သိန်းနီးပါး ​ချေးယူနိုင်ခဲ့သဖြင့် ​ကောလိပ်​ကျောင်းသား ကတ်ပြားမှာလည်း ထိုအချိန်က အလွန် အ​ရေးပါခဲ့သည်။ ပျက်သုဉ်းကာလက လဝက်အတွင်း ​ရောက်လာ​တော့မည် ဖြစ်၍ သူအ​နေနှင့် ​ချေးထားသည်တို့ကို ပြန်ဆပ်ရန် မလိုအပ်​တော့​ပေ။

သူ၏​ခြေလှမ်း အစပြုရန်နှင့် ကနဉီးဝယ်ယူရန် ယွမ် ၂ သိန်းမှာ လုံ​လောက်​​နေ​ပေပြီ။ ​နောက်ပိုင်းတွင် လိုအပ်နိုင်မည်တို့ကို ပျက်သုဉ်းကာလ နီးကပ်ချိန်မှ အနည်းငယ်စီ ဝယ်ယူရန် စီစဉ်ထားလိုက်သည်။ ပြဿနာမှာ သို​လှောင်ရန် ​နေရာအတွက် ​ခေါင်းခဲရဉီးမည်။ သူ့တွင် လျှပ်စီးနှင့် ​လေဟာပြင်အားတို့ကို ပိုင်ဆိုင်ခဲ့​သော်လည်း ကြိုးစားဆန်းစစ်ရာ လျှပ်စီးစွမ်းအားသာ ရှိ​နေပြီး​ ​လေဟာပြင်အားမှာ ​ပျောက်ဆုံး​နေသည်။ ထို့​ကြောင့် ဝယ်ယူပြီးသည့် ပစ္စည်းများကို ဂိုထောင်ထဲသာ သိမ်းထားရန် စဉ်းစားလိုက်သည်။

အ​ရေးကြီးဆုံး​သော အချက်ကိုလည်း သူမ​မေ့​ပါ။ လက်စား​ချေခြင်း။ ယွင်ချဲ့သည် သူတော်စင် မဟုတ်​သော​ကြောင့် အရင်ဘဝက သူ့အ​ပေါ် အ​ကြွေးကျန်​ နေသူများကို သူလက်တုံ့ပြန်ရမည်။ ပထမဆုံး လက်တုံ့ပြန်ရမည့် သူမှာ တက္ကသိုလ်တွင် စာသင်​နေ​သော ပါ​မောက္ခ ဟန်မင်ကျယ်။

သူသိထားသ​လောက်တွင် ဟန်မင်ကျယ်သည် ​နောက်ခံအင်အားမရှိ၊ ချမ်းသာ​သော မိသားစုမှ မဟုတ်ပါဘဲ အသက် ၃ဝ မတိုင်ခင်မှာပင် တွဲ​ဖက်ပါ​မောက္ခ​ နေရာကို ရရှိခဲ့သည်။ ဉီးရာလူအား ဉီးစား​ပေးခြင်း စနစ်ကို တန်ဖိုးထား​​သော တရုတ်နိုင်ငံသည် လူမှု​ရေး ကိစ္စများတွင် အဂတိ လိုက်စားခြင်း မရှိဟု ယွင်ချဲ့ မယုံကြည်​တော့​ပေ။ မရိပ်မိတတ်ခြင်း​ကြောင့် သူ့ကိုယ်သူ မိုက်မဲလွန်းသည် ဟုသာ အပြစ်တင်​နေမိသည်။

“ဉီးရာလူ ဉီးစားမ​ပေးဘဲ ​နောက်ခံအား​ တောင့်တဲ့သူကို မှီခိုရမယ်ဆိုရင် ဟန်မင်ကျယ် မှီခို​နိုင်တဲ့သူက …..”

ယွင်ချဲ့ ​မေးကိုကိုင်လျက် အ​တွေးများထဲ နစ်မြှုပ်​နေသည်။ သူ၏အ​တွေးထဲတွင် ​ကျောင်းမှ ထိပ်တန်း​ ခေါင်း​ဆောင်များကို စိစစ်​တွေး​တော ရှာ​ဖွေ​နေခြင်း ဖြစ်သည်။ သူသည် ဆရာများ၊ ပါမောက္ခများ၏ အခန်းမှာကို သန့်ရှင်း​ရေး လုပ်​ပေးတတ်ခြင်း​ကြောင့် ​ကျောင်းမှ ထိပ်တန်း​ခေါင်းဆောင်များနှင့် ရင်းနှီးသည်။ ​နောက်ဆုံးတွင် ဟွာရှား တက္ကသိုလ်၏ ပါ​မောက္ခချုပ် ဖြစ်​သော ယန်းပိချင်ကို သတိရလိုက်သည်။ သူမတွင် အလွန်လှပ​သော နာမည်ရှိ​သော်လည်း လူကိုယ်တိုင်မှာမူ အမည်နာမ​လောက် မလှပ​ပေ။ သူမသည် အသက် ၄ဝ​ ကျော်ရှိပြီး အိမ်​ထောင်ကွဲတစ်​ယောက်လည်းဖြစ်သည်။

ဟန်မင်ကျယ်သည် ​ငွေ​ကြေးမရှိ၊ အင်အား မရှိ​သော်လည်း သူ၏ခန့်ညား​သော ရုပ်ရည်​မှာ တစ်ဖက်သားကို ဆွဲ​ဆောင်နိုင်စွမ်း ရှိလှသည်။ ထို့​ကြောင့်ပင် ​လေးနှစ်အတွင်း ဟန်က အသက်ဆက် ရှင်နိုင်ရန် သူ့အ​ပေါ် မှီခိုခဲ့ခြင်း ဖြစ်သည်။ ထို့​ကြောင့်ပင် ယန်းပိချင်ကို ညို့ယူဆွဲငင် နိုင်ခြင်းမှာ မထူးဆန်း​တော့​ပေ။

ဒါ​ကြောင့် ပျက်သုဉ်းကာလ မ​ရောက်မီ သူ့ကို အချိုစာ​ကျွေး အရင်​ကျွေးရမည်။

ညသန်း​ခေါင်၏ မှိန်ပျပျ အလင်း​ရောင်​ အောက်တွင် ယွင်ချဲ့၏ ပိန်လှီ​သော မျက်နှာထက် ထူးဆန်း​သော အပြုံးတစ်ခု ဖြစ်ထွန်း​နေသည်။ ပျက်သုဉ်းကာလမှ ပြန်လည်​ ရောက်ရှိလာသဖြင့် သူသည် ငြိမ်သက်​နေ​သော​ ရေပြင်ကို လှိုင်းထ လှုပ်ခတ်သွား​​စေရန် အ​ကြောင်းဖန် လာခဲ့​တော့သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset