NBY အပိုင်း ၂၆၈

အပိုင်း (၂၆၈)

လောကကြီး၏ စည်းစိမ်ချမ်းသာတွေ အားလုံးကို ထိန်းချုပ်ပြီး မင်းသမီးကို ဒူးထောက်စေလို့ ဧကရာဇ်ကို ဦးညွှတ်စေမယ်

သူမက မယားငယ်ဆိုသော အဖြစ်ကို ဘေးချိတ်ဖို့ ကြိုးပမ်းရင်း လှလှပပလေး ‘လက်ထပ်ပြီး’ ဆိုသော စကားလုံးကို သုံးသွားသည်။

“ဒီနေ့ အိမ်ကိုပြန်လာတော့ ဒီမြေးမလေးက အဘွားအတွက် အထူးလက်ဆောင် ယူလာခဲ့ပါတယ်”

သူမက တင့်တယ်စွာနဲ့ အစေခံဆီက ကနုတ်ဖော် သေတ္တာလေး တစ်လုံးကို ယူလိုက်ပြီး “ဒါက နှစ်နှစ်ရာ ဂျင်ဆင်းပါ၊ အဘွားမှာ တန်ဖိုးကြီး ပစ္စည်းတွေ မရှားပါးဘူးဆိုတာ သိလို့ ဒီဂျင်ဆင်းက ဒီမြေးမလေးနဲ့ အစ်ကိုချန်းရဲ့ သိတတ်တဲ့ လက်ဆောင်လေးပါ”

သူမက နန်းပေါင်ရီဘက်သို့ လှည့်ပြီး ကြင်နာစွာနဲ့ “ကျောင်းကျောင်း၏ ထိခိုက်ထားသော ဒူးဆစ်က တိုးတက် လာပြီလားမသိ ညီမလေးက သံတုတ်နဲ့ အရိုက်ခံရတယ်လို့ ကြားတယ်၊ ပြီးတော့ ဒူးဆစ်တစ်ခုလုံး သွင်သွင်ကျိုးသွားတာတဲ့၊ အစ်မ စိတ်ပူလိုက်ရတာ”

ပန်းပွင့်ခန်းမ တစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက် သွားတော့သည်။

အဘွားအိုနဲ့ တခြားသူတွေက နန်းပေါင်ရီကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

သူတို့၏အချစ်ဆုံး ကလေးလေးက ခြေထောက်သွင်သွင် ကျိုးသွားတယ်။

နန်းပေါင်ရီမှာ မခံမရပ်နိုင်အောင် စိတ်အနှောင့်အယှက် ဖြစ်သွားရတော့သည်။

တစ်နေ့မှာတော့ ဒီသတင်းက ပေါက်ကြား သွားမယ် ဆိုတာကို သိထားပေမယ့် အနည်းဆုံးတော့ သူမ၏ ခြေထောက်တွေ အလုံးစုံ ပြန်ကောင်း သွားဖို့တော့ စောင့်သင့်သည်လေ။

နန်းယန်၏ပါးစပ်က တကယ်ကိုပဲ……

ကြမ်းတမ်းသော ပါးစပ်က မရပ်တန့်နိုင်သေးဘူး…..

နန်းပေါင်ရီက လက်ကိုင်ပဝါလေးကို ဆုတ်ခြေရင်း ချိုမြိန်သော အပြုံးလေးနဲ့ “တကယ်လို့ ဒူးခေါင်းကို သံတုတ်နဲ့ အရိုက်ခံရရင် နာကျင်လွန်းလို့ နေနိုင်မှာတောင် မဟုတ်ဘူးမလား လောကကြီးမှာ ဒီလို ဘယ်ရှိပါ့မလဲ၊ သမီးကို ကြည့်ပါဦး၊ အကောင်းအတိုင်းပဲလေ၊ ကောလာဟလတွေက မယုံရပါဘူး၊ ဟား….. ဟား…..”

နန်းယန်က မရှုနိုင်မကယ်နိုင် ဖြစ်သွားတော့သည်။

ဒီညီမက ရူးသွားမှာတောင် ကြောက်ရသည်။ သူက အဒေါ်ကြီး တစ်ယောက်လို စကားတွေ ပြောနေသည်လေ။

“ကျောင်းကျောင်း”

ချန်းတယ်ယွီက အော်ခေါ်လိုက်သည်။

“ဒီမှာ အပြင်လူ ဘယ်သူမှ မရှိဘူး၊ သူတို့အားလုံးက မင်းကို ချစ်ကြတဲ့ ဆွေမျိုးတွေပဲလေ၊ ဖုံးကွယ် မထားပါနဲ့၊ ကျန်းမိသားစုက မင်းကို သံတုတ်နဲ့ ဘယ်လိုရိုက်လဲ ဆိုတာကို ခဲအိုကိုပြော၊ မင်ကျန်း မြစ်ထဲ ဘယ်လို ကျသွားတာလဲ ဆိုတာပြော ခဲအိုက မင်းအတွက် သေချာပေါက် လက်စားချေပေးမယ်”

သူက တကယ်ကြီး စိတ်လှုပ်ရှားနေပြီး မိန်းမလှလေးကဲ့သို့ စိတ်ဆိုးနေသေးသည်။

နန်းပေါင်ရီက တကယ်ပဲ သူ့ကိုလက်နဲ့ ရိုက်ပစ်လိုက်ချင်သည်။

လက်စားချေပေးမယ်။

အမတ်မင်းက ကျန်းမိသားစု တစ်ခုလုံးကို သွေးချောင်းစီးအောင် သတ်ပစ်ခဲ့ပြီလေ၊ သူက ဘယ်မှာလာပြီး လက်စားချေဦး မလို့လဲ။

အလောင်းကို သွားတူးပြီး ကျာပွတ်နဲ့ ရိုက်မလို့လား။

ဘာလို့မသွားတာလဲ။

ဒီစိတ်ကြီး ဝင်နေသော သူနှစ်ယောက်ကို သူမ မတွေ့ချင်တော့ပါချေ။ ထို့ကြောင့် သူမက ရှောင်းယီကို အမြန် ကြည့်လိုက်သည်။

အမတ်မင်းက ကျက်သရေ တင့်တယ်စွာ ထိုင်နေပြီး သူ၏ အနက်ရောင် ဝတ်စုံက ထိုင်ခုံတစ်ခုလုံးကို လွှမ်းထားသည်။

သူက ယုန်ပုံစံလေး အနက်ရောင် စဉ့်ရည် သုတ်ထားသော လက်ဖက်ရည်ခွက်ကို လက်ချောင်းတွေနဲ့ ကိုင်ရင်း ဘေးတိုက်မျက်နှာက အေးစက်၍ တည်ကြည်နေသည်။ သူက မျက်လွှာချ၍ လက်ဖက်ရည်ကို သောက်နေသည်။

ပန်းပွင့်စားပွဲကို ကျော်၍ သူမက သူ၏ ဝတ်စုံလက်ဝကျယ်ကို ဆောင့်ဆွဲလိုက်ပြီး အသံကိုနှိမ့်၍ “အစ်ကို ၂ ….”

ရှောင်းယီ၏ အကြည့်က သူမထံသို့ သက်ဆင်းလာသည်။

တစ်ချက် ကြည့်လိုက်ရုံနဲ့တင် သူတို့နှစ်ယောက်ကြောင့် သူမပင်ပန်းနေပြီ ဆိုတာကို သိလိုက်သည်။

သူက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ခပ်ထေ့ထေ့ဆိုသည်။

“သခင်လေးချန်းက ကျောင်းကျောင်းရဲ့ အကြောင်းကို စိတ်ဝင်စားနေတယ်၊ ယုရှီလမ်းမှာ နွေးထွေးမှုကို သွားမေးနေသလိုပဲ၊ သူ ကျင်းကွမ်မြို့ကို ပြန်ရောက်တော့ သူ့ဆီလာတွေ့တယ်… သူက မင်းရဲ့ ဘိုးဘေး များလား၊ အဘွား နေ့တိုင်း မနက်ကနေ ညနေဆည်းဆာထိ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် နေဖို့လိုတယ်”

ချန်းတယ်ယွီက ဆွံ့အ သွားရတော့သည်။

အမတ်မင်း၏ အဆိပ်ပြင်းသော လျှာက နာမည်ဆိုးနဲ့ ကျော်ကြားတယ်… သူက ထိုသို့ မလုပ်နိုင်သလို သူ့ကိုလည်း နိုင်အောင် မတိုက်နိုင်ပါချေ။

အဘွားအိုက စိတ်ပင်ပန်းမှုတွေနဲ့ ပူပန်မှုတွေကို ဖိနှိပ်ထားပြီး နန်းယန်နဲ့ သူမ၏အစေခံတွေကို မောင်းထုတ်လိုက်ဖို့ အမိန့်ပေးလိုက်သည်။

“ငါပင်ပန်းနေပြီ၊ မင်းက အရှေ့ခြံကိုသွားပြီး မင်းအဖေနဲ့ အစ်ကို့ကို သွားကြည့်လိုက်ဦး၊ မင်းက လက်ထပ်ပြီးတဲ့ မိန်းကလေး တစ်ယောက် ဖြစ်နေပြီ၊ အခုကစပြီး မင်းက ယောကျ်ားဘက်က အိမ်တော်မှာ နေရတော့မှာ၊ မင်းရဲ့အိမ်ကိုပြန်တော့”

နန်းယန်က မွန်းကျပ် သွားတော့သည်။ သူမက အခုမှပြန်လာတာကို အရမ်းကို မနှစ်မြို့စရာ ကောင်းနေလို့လား…

ဒါမေယ့် နန်းပေါင်ရုံကျတော့ သူ့ခင်ပွန်း ဆုန်းရှစ်နင်နဲ့ နေ့တိုင်း နန်းအိမ်တော်မှာ နေနေပြီး အိမ်တော်ကို ပါလာသော သားမက်လိုတောင် ဖြစ်နေပြီလေ၊ အဘွားက အဲဒါကိုကျ မကြိုက်မရှိပဲနဲ့….

ဘယ်လောက်တောင် ခွဲခြားလိုက်သလဲ…..

သူမ၏စိတ်ထဲက ပို၍ နာကျည်း သွားရပေမယ့် ကျိုးနွံစွာဖြင့် “အဘွားရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်”

သူမက နန်းပေါင်ရီကို ကြည့်ပြီး “ကျောင်းကျောင်းရဲ့ ခြေထောက်တွေက တကယ် ဘာမှမဖြစ်ဘူးလား၊ မတ်တပ်ရပ်ပြီး နှစ်လှမ်းလောက် လျှောက်ပြကြည့်ရင်ရော၊ ဘယ်လိုလဲ မမက ညီမလေး အဆင်ပြေတယ် ဆိုတာကို သေချာချင်လို့ပါ၊ အဲဒါမှ စိတ်ချနိုင်မှာလေ”

ထိုစကားကို ပြောနေစဉ် သူမ၏မျက်လုံးတွေထဲက လှောင်ရိပ်တွေနဲ့ ပြည့်နေသည်။

ဒီနေ့ သူမ ဒီကိုလာတယ်ဆိုတာ အကြီးတွေကို ဂါရဝပြုဖို့ မဟုတ်။ နန်းပေါင်ရီကို ဟာသလုပ်ချင်လို့သာ။

အလှအပ အရမ်းကြိုက်သော မိန်းကလေးက ဒုက္ခိတတစ်ယောက် ဖြစ်သွားတယ်ဆိုတာ တွေးကြည့်ရုံနဲ့တောင် စိတ်လှုပ်ရှားဖို့ ကောင်းလှသည်။

နှမြောစရာ ကောင်းစွာပဲ နန်းပေါင်ရီက ဘာဆိုဘာမှမပြောပေ။ သို့သော် ချန်းယဲ့ရူက ထရပ်လိုက်သည်။

“နန်းယန်”

သူမက အေးစက်နေသော မျက်နှာနဲ့ “နင့်အဖေက နင့်ကို အရှေ့ဆောင်မှာ စောင့်နေတယ်၊ အချိန်ဖြုန်း မနေနဲ့”

နန်းယန်က ဝတ်ရုံလက်တွေကို တင်းတင်းဆုပ်ပြီး နန်းပေါင်ရီ၏ ဒူးခေါင်းကို နင့်နင့်နဲနဲ စိုက်ကြည့် လိုက်သည်။

နန်းမိသားစုက ဒီလိုပုံစံမျိုးနဲ့ ထိန်းသိမ်း စောင့်ရှောက်နေတယ် ဆိုမှတော့ ဖြစ်နိုင်တာ နန်းပေါင်ရီ ဒုက္ခိတဖြစ်သွားတာ သေချာသလောက်ပင်။

ယိုယွင်း ပျက်စီးသွားသော အခြေအနေကို သူမမျက်စိနဲ့ တပ်အပ် မမြင်ရပေမယ့် ဒုက္ခိတ ဖြစ်သွားသည်ဟု သူမ ယူဆလိုက်ပြီး အချိန်အကြာကြီး ထိန်းထားသော စိတ်တွေကို လွှတ်ပေးလိုက်တော့သည်။

နန်းယန်က ကြင်နာစွာ ပြုံးရင်း ချန်းယဲ့ရူ နောက်မှလိုက်၍ ပန်းပွင့်ခန်းမထဲမှ ထွက်သွားတော့သည်။
အဘွားအိုက ထရပ်လိုက်ပြီး အမြဲတမ်း ကြင်နာနေတတ်သော မျက်နှာက အလွန်စိတ်ပူစွာနဲ့ “ကျောင်းကျောင်း၊ အဘွားနဲ့ အခန်းထဲ လိုက်လာခဲ့”

နန်းပေါင်ရီက သူမ အတွင်းခန်းထဲ ဝင်သွားသော ခြေလှမ်းတွေကို စောင့်ကြည့်နေသည်။

သူမက ရှောင်းယီကို မျက်စိမှိတ်ပြလိုက်ပြီး “အစ်ကို ၂၊ ညီမလေး အဘွားရဲ့ အဆူကို သွားခံလိုက်ဦးမယ်”

ပြောပြီးသောနောက် သူမက ထရပ်၍ ဝတ်စုံကို ပြုပြင်လိုက်သည်။ ခေါင်းလေးကိုငုံ့၍ လိုက်သွား တော့သည်။

ရှောင်းယီက နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့ပြီး ပြုံးလိုက်သည်။ လက်ဖက်ရည် တစ်ငုံကို ဖြည်းညင်းစွာ သောက်လိုက်သည်။

လက်ဖက်ရည်၏ အနံ့သင်းပျပျလေးကို ခံစားနေစဉ်မှာ သခင်မကျန်းနဲ့ နန်းပေါင်ရုံက သူ့ကိုစိုက်ကြည့် နေတာကို တွေ့လိုက်ရသည်။

အကြည့်တွေက သူ့ကိုအရှင်လတ်လတ် ဆွဲဆုတ်ပစ်ချင် နေသလိုပင်။

သူက လက်ဖက်ရည်ခွက်ကို အမြန်ချလိုက်ပြီး ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး ထရပ်၍ ပန်းပွင့်ခန်းမကို ကျောခိုင်း လိုက်တော့သည်။

အတွင်းခန်းမှာတော့…..

နန်းပေါင်ရီက နှာခေါင်းထိပ်လေးကို ပွတ်သပ်ရင်း နူးညံ့သော လေသံလေးနဲ့ “အဘွား၊ နန်းယန်နဲ့ ချန်းတယ်ယွီက ချဲ့ကားပြီး ပြောနေကြတာပါ၊ ဘာလို့ သမီးခြေထောက်က ကျိုးရမှာလဲ၊ တကယ်သာ ခြေထောက်ကျိုးတယ်ဆိုရင် အဘွားရှေ့မှာ ရပ်နိုင်ပါ့မလား”

အဘွားအိုက ထိုင်ဖုံပေါ်မှာ ထိုင်နေရင်း စကားတစ်ခွန်းမှ ထွက်မလာပါချေ။ သူမက အလွန့်အလွန် အပြစ်ရှိသလို ခံစားနေရသော စိတ်ကို မထိန်းနိုင်တော့။

ဒီလောက် ကြီးမားသော ဖြစ်ရပ်ကြီးက ဖုံးကွယ်ထားလို့ ရမတဲ့လားလေ…

သူမက အဘွားအို၏ လက်မောင်းတွေကြားသို့ ခိုဝင်ရင်း ချွဲလိုက်သည်။

“အဘွား၊ သမီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်လိုက်မိဘူး၊ သမီးမှားပါတယ်၊ သမီးကို စိတ်မဆိုးပါနဲ့၊ တကယ်လို့ စိတ်ဆိုးတယ်ဆိုရင် သမီး မကောင်းတာပါ၊ အဘွားက သမီးကို ဘိုးဘေးကမ္ပည်းတိုင် ဆောင်မှာ ဒူးထောက်ပြီး အပြစ်ပေးပါ၊ သမီးက စည်းမျဉ်း စည်းကမ်းတွေကို ကူးရေးပါ့မယ်၊ လုံးဝ အတွန့် မတက်ပါဘူး”

“ဒီကလေးလေးကတော့”

အဘွားအို၏မျက်လုံးတွေက နီရဲလာတော့သည်။

သူမက နန်းပေါင်ရီ၏ လက်ဖမိုးလေးကို ကိုင်ရင်း “အဘွားက စိတ်ဆိုးတာ မဟုတ်ပါဘူး၊ အဘွားက စိတ်မကောင်းဖြစ်တာပါ…..”

သူမက နန်းပေါင်ရီ၏ ဒူးခေါင်းကို ထပ်ကြည့်လိုက်ရင်း အနည်းငယ် တုန်ယင်နေသော အသံနဲ့ “အဘွားကို ပြကြည့်ပါဦး”

နန်းပေါင်ရီက နာခံစွာနဲ့ ဝတ်စုံကိုလှန်၍ ဘောင်းဘီကို ပင့်တင်လိုက်သည်။

မကောင်းသေးသော ဒူးခေါင်းက ထူထဲသော ကျောက်ပတ်တီးနဲ့ ဖုံးအုပ်နေပြီး ခြေထောက်၏ အစိတ်အပိုင်း တော်တော်များများက အနည်းငယ်နီရဲ ရောင်ကိုင်းနေသည်။ သနားစရာ ကောင်းလှပြီး ရုပ်ဆိုးလှ လေသည်။ အလိုလိုက်လွန်းထားသော မိန်းကလေး တစ်ယောက်၏ ခြေထောက်လေးတွေ လိုပင်။

အဘွားအို၏ မျက်ရည်တွေက တားဆီးမနိုင်တော့အောင် ကျဆင်းလာတော့သည်။

“ငါ့ရဲ့ကျောင်းကျောင်းအာ…”

သူမက နန်းပေါင်ရီကို ဖက်ရင်း မွန်းကျပ်ဆို့နင့်လွန်းလို့ စကားမပြောနိုင်ချေ။

“ငါ့ရဲ့ကျောင်းကျောင်းအာ… ဒီအဘွားက အသုံးမကျတာ၊ အဘွားက သမီးကို ကောင်းကောင်း မကာကွယ်နိုင်လို့….”

သူမ၏နန်းမိသားစုက မျိုးဆက်တွေအပေါ် ဩဇာညောင်းခဲ့ရင်၊ သူမ၏နန်းမိသားစုက တောင်ပံတွေ စုံခဲ့ရင် ကျန်းမိသားစုက သူမ၏ ကလေးလေးကို ဘယ်ထိရဲပါ့မလဲ။

သူမငိုသောအခါ နန်းပေါင်ရီလည်း ငိုမိတော့သည်။

ရှေ့ရက်တွေတုန်းက မကျေနပ်ချက်တွေနဲ့ ခက်ခဲပင်ပန်းခဲ့မှုတွေက လူကြီးတစ်ယောက်၏ နွေးထွေးသော အပွေ့အပိုက်မှာ ပွင့်အန်လာပုံရသည်။

သူမက အဘွားအို၏ ရင်ခွင်ကို ပွတ်သပ်ရင်း မျက်ရည်တွေက အင်္ကျီမှာ စိုစွတ်သွားသည်။

“အဘွား….”

“မငိုနဲ့၊ ငါတို့ ကျောင်းကျောင်းလေး မငိုရဘူး”

အဘွားအိုက သူမ၏မျက်ရည်တွေကို လက်ကိုင်ပဝါနဲ့ သုတ်ပေးရင်း အဒေါ်ကျိဘက်သို့ လှည့်၍ ထက်ရှသော အသံနဲ့ “နန်းသခင် ၂ နဲ့ နန်းချန်းလီကို ခေါ်လိုက်”

သူတို့နှစ်ဦးက ရှန်ကျင်းမြို့တော်ကို ယွမ်ပွဲတော်ပြီးနောက် ရောက်သွားကြသည်။ သူတို့က လဝက်လောက် နေပြီးသော အချိန်မှာ ရှုနိုင်ငံ၏ ကြီးမားသော မိုးခေါင်ရေရှားမှုကြီး အကြောင်းကို ကြားလိုက်ရပြီး အပြေးပြန်လာခဲ့ကြသည်။ အိမ်မှာ မတော်တဆ ဖြစ်မှာစိုး၍ ဖြစ်သည်။

“အဘွား…”

နန်းပေါင်ရီက သူမ၏ မျက်ရည်တွေ စိုလူးနေသော မျက်လုံးရွှဲကြီးတွေကို ပင့်ပြီး “ကျန်းမိသားစုကို အစ်ကို ၂ က သတ်ပစ်လိုက်ပြီ၊ ကြီးမားသော လက်တုံ့ပြန်ခြင်းက ပြီးသွားပါပြီ၊ ဘာလို့ ဘဘကြီးနဲ့ ကိုကိုကြီးကို ခေါ်လိုက်တာလဲ”

အမြဲတမ်း ကြင်နာတတ်သော စိတ်ထားနဲ့ ကြင်နာတတ်သော မျက်လုံးတွေရှိသည့် အဘွားအိုက ကြမ်းတမ်း ခက်ထန်နေလေသည်။

သူမက လှောင်ပြုံး ပြုံးလိုက်ပြီး “ရှုနိုင်ငံရဲ့ အချမ်းသာဆုံး လူကတောင် ကျောင်းကျောင်းအာကို မစောင့်ရှောက် နိုင်ဘူးဆိုရင် ရှုနိုင်ငံရဲ့ အချမ်းသာဆုံး လူဆိုတာ ဘာလုပ်ဖို့လဲ ရှုနိုင်ငံရဲ့ အချမ်းသာဆုံးလူတောင် ရှုံးနိမ့်ရင် လောကကြီးရဲ့ အချမ်းသာဆုံးလူ ဆိုတာကရော လောကကြီးရဲ့ အချမ်းသာဆုံး လူကတောင် ကျောင်းကျောင်းကို မကာကွယ်ပေးနိုင်ရင် တိုင်းပြည်က ဘယ်လောက် ချမ်းသာနေလို့လဲ”

နန်းပေါင်ရီက အေးခဲတောင့်တင်း သွားရသည်။

… ရန်သူတိုင်းပြည်

“လောကကြီးရဲ့ စည်းစိမ်ချမ်းသာတွေ အားလုံးကို ထိန်းချုပ်ပြီး မင်းသမီးကို ဒူးထောက်စေလို့ ဧကရာဇ်ကို ဦးညွှတ်စေမယ်”

အဘွားအိုက မျက်လုံးတွေ ရဲစွေးနေပြီး စကားလုံး တစ်လုံးချင်းစီကို ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ငါမယုံဘူး၊ ငါ့ရဲ့ မြေးလေးကို ဘယ်သူကမှ ထိပါးလို့ မရစေရဘူး”
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset