အပိုင်း (၂၆၇)
ငါကြည့်နေတာတော့ မင်းက ရှိရှိသမျှ ဘုရားတွေ၊ နတ်တွေအစုံမှာ ဆုတောင်းနေတာပဲ
တာအိုဘုန်းတော်ကြီးက ခေါင်းကို ခါယမ်းရင်း “ခက်တယ်”
နန်းပေါင်ရီက ခဏမျှ စဉ်းစားလိုက်ပြီး ဟယ်ယဲ့နဲ့အတူ ငုံ့ကိုင်းလိုက်ပြီး ပန်းထိုး ဖိနပ်အောက်မှ ငွေလက်မှတ်အချို့ကို ထုတ်ယူလိုက်သည်။
‘နှစ်တိုင်း ဆုတောင်းပေးရင် အရာရာတိုင်းက မင်္ဂလာရှိနေမှာ’
တည်တံ့ လေးနက်သော မျက်နှာထားနဲ့ ရွတ်လိုက်ပြီး သူမက ငွေလက်မှတ်ကို လှူဒါန်းလိုက်သည်။
“တာအို ဘုန်းတော်ကြီးကို မေးပါရစေ နတ်ဆိုးကို ကျွန်မအတွက် ဖြေရှင်းပေးနိုင်မလား”
တာအိုဘုန်းတော်ကြီး၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားသည်။
မိန်းကလေး၏ ငွေလက်မှတ်တွေက တကယ်ပဲ ဖိနပ်အောက်မှာ ဖွက်ထားတာလား။
ကံကောင်းစွာနဲ့ အရင်တစ်ခေါက်က သူ ရွှေစတစ်သောင်းရခဲ့ပြီး သူက ငွေလက်မှတ်၏ အနံ့ကိုတောင် ခေတ္တ ရှူရှိုက်လိုက်သေးသည်။
သူ၏ ငွေလက်မှတ်ကို ကိုင်ထားသော လက်က အနည်းငယ် တုန်ယင်နေပြီး သူ၏အိတ်ထဲထည့်ဖို့ အချိန်အတော်ကြာ ယူလိုက်ရသည်။
သူက တြိဂံပုံ ခေါက်ထားသော အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်လိုက်ပြီး “ဒါကို ခန္ဓာကိုယ်ပေါ်မှာ ဆောင်ထားရင် လုံခြုံမှာပါ၊ ဒါက လောကကြီးကို ကောင်းကျိုးရော ဆိုးကျိုးရော သက်ရောက်နိုင်တယ်၊ ပြီးတော့ ဖြစ်ချင်သော ဆန္ဒတွေနဲ့ ဆုလာဘ်တွေကိုလည်း ရရှိနိုင်တယ်၊ အသက်တစ်ချောင်းအတွက် ချေးထားသော အကြွေးကို သွေးနဲ့ပြန်ဆပ်ရလိမ့်မယ်”
မတွေးတတ်လောက်အောင် ခက်ခဲနက်နဲလှသော စကားလုံးတွေက နန်းပေါင်ရီကို စိတ်ရှုပ်ထွေး သွားစေသည်။
ရှောင်းယီက မြင်းပေါ်က ဆင်းလိုက်ပြီး နန်းပေါင်ရီကို သူ၏နောက်သို့ ပို့လိုက်သည်။
သူက တာအိုဘုန်းတော်ကြီးကို စိုက်ကြည့်လိုက်ပြီး အသံပြင်းပြင်းဖြင့် “ဖြီးဖြန်း လိမ်ညာနေတဲ့ စကားတွေက လူတွေကို စိတ်ရှုပ်ထွေးစေတယ်၊ ငွေလိမ်ဖို့ပဲမလား၊ ဒီအမတ်မင်းရဲ့ ညီမလေးကို စော်ကား ပြောဆိုရဲရင် အမတ်မင်းက ရုံးတော်ကို အပ်လိုက်မယ်”
တာအိုဘုန်းတော်ကြီးက သူ့ကို အဓိပ္ပါယ်ပါသော အပြုံးနဲ့စိုက်ကြည့်ရင်း “ဒီဘဝမှာ အချစ်ရဆုံးသူကို ဆုံးရှုံးလိုက်ရတဲ့ မင်းရဲ့သွင်ပြင်ကို ငါမြင်နေရတယ်၊ နတ်တွေ၊ ဘုရားတွေကို တောင်းပန်နေရသော မင်းရဲ့ ပုံစံကိုရောပဲ….”
“အရူးလာမလုပ်နဲ့”
“ဟား….”
တာအိုဘုန်းတော်ကြီးက ဖြည်းဖြည်းချင်း သူ၏ မြင်းမှီးယပ်ကို သနေရင်းနဲ့ နန်းပေါင်ရီကို အပြုံးနဲ့ ကြည့်ကာ “နန်းမိန်းကလေးက အခု ပူဇော်ပသငွေ နှစ်ထောင်ကို လှူဒါန်းထားတာမို့ ငါ့ရဲ့ တာအိုဘာသာဝင် ဖြစ်သွားပြီ၊ မင်းရဲ့ ကိုးကွယ်ဆည်းကပ်မှုနဲ့ သဒ္ဒါတရားအတွက် ငါအသိအမှတ် ပြုတယ်၊ မင်းက အနီးကပ်တပည့် တစ်ယောက် ဖြစ်သွားပြီ၊ ငါက မင်းကို ကျင်းလန်လို့ နာမည်ပေးမယ်”
သူက ရှောင်းယီကို သူ၏ မြင်းမှီးယပ်နဲ့ညွှန်၍ တမင်ပြောလိုက်သည်။
“အမတ်မင်း၊ နန်းမိန်းကလေး၏ ကံကြမ္မာကို တကယ် ဂရုစိုက်တယ်ဆိုရင် ဒီအချိန် အတောအတွင်းမှာ သူ့ကို ညီမငယ်လေးလို့ ခေါ်ပါ”
ညီမငယ်လေး…..
ရှောင်းယီ၏ မျက်နှာက ကြည့်ရဆိုး သွားတော့သည်။
သူက နန်းကျောင်းကျောင်းကို လက်ထပ်ချင်နေသော သူလေ၊ ဘာကြောင့် သူက ညီမငယ်လေးလို့ ခေါ်ရမှာလဲ။
ဘုန်းတော်ကြီးက သိသိသာသာ ပျော်နေဟန် ရပေမယ့် သူ၏မျက်နှာထားကတော့ ဆိုးဝါးသွားလေသည်။
သူက ‘ဟင်း’လို့ အသံပြုလိုက်ပြီး ထွက်သွားတော့သည်။ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ချာခနဲလှည့်၍ နန်းပေါင်ရီကို ပြောလိုက်သည်။
“တပည့်ကောင်းလေး၊ ပြီးခဲ့သောလတွေ အတောအတွင်း မင်းက ဗုဒ္ဓဘုရားကျောင်းကို သွားပြီး ဘုန်းကြီးတွေနဲ့ နီးနီးကပ်ကပ် မနေရဘူး၊ ကိုယ်တော်က ဘုန်းကြီးအိုကြီးကို သူရဲ့ ဆရာအတွက် ငွေတွေအများကြီး ချေးငှားထားတယ်၊ မင်းကောင်းကောင်း အရိုက်ခံရမယ်”
နန်းပေါင်ရီက တာအိုဘုန်းတော်ကြီး ထွက်သွားတာကို ကြည့်နေသည်။
သူမက အဝါရောင် အဆောင်လက်ဖွဲ့လေးကို ဂရုစိုက်၍ သူမ၏ လည်ပင်းမှာ ချိတ်ဆွဲလိုက်ပြီး လည်အဟိုက် ကြားထဲမှာ သေချာ ဖွက်ထားလိုက်သည်။
ရှောင်းယီက ဆွံ့အသွားတော့သည်။
ရွှေစတစ်သောင်းက အဆောင်လက်ဖွဲ့လေး တစ်ခုအဖြစ် အပြောင်းခံလိုက်ရတယ်တဲ့လား….
တာအိုဘုန်းတော်ကြီးက လူလိမ်တစ်ယောက်ဆို ဘယ်လိုလုပ်မလဲ။
သူက မြင်းဇက်ကြိုးကိုကိုင်ရင်း “နန်းကျောင်းကျောင်း၊ အိမ်ပြန်ကြမယ်”
“အစ်ကို ၂၊ ညီမလေးက အစ်ကို့ကို ‘နှစ်တိုင်း ဆုတောင်းပေးရင် အရာရာတိုင်းက မင်္ဂလာရှိနေမှာ’လို့ မျှော်လင့်ပါတယ်”
နန်းပေါင်ရီက ခေါင်းကိုမော့၍ မျက်နှာလေးက ဂုဏ်ယူဝံ့ကြွား နေဟန်ဖြင့် “ဘုန်းတော်ကြီးက ပြောတယ်၊ ညီမလေးရဲ့ လုံခြုံမှုအတွက် အစ်ကိုက ညီမငယ်လေးလို့ ခေါ်ရမယ်တဲ့”
ရှောင်းယီက သူမကို စူးစူးနင့်နင့် ကြည့်၍ “ဘာလို့ အဘွားလို့ မခေါ်ခိုင်းတာလဲ”
“ဘာပဲဖြစ်ဖြစ်၊ ညီမလေးကို ညီမငယ်လေးလို့ ခေါ်ရမှာပဲ”
မိန်းကလေးက မျက်မှောင်ကြုတ်ရင်း ရှောင်းယီဆီက အသာစီးရမယ်လို့ ထင်နေသည်။
ရှောင်းယီက မျက်ခုံးပင့်လိုက်သည်။
သူက သူမ၏ရှေ့ကို အနည်းငယ် ငုံ့ကိုင်းလိုက်ရင်း မျက်လုံးကို စူးစိုက်ကြည့်၍ လေးဖင့်စွာ အသံကိုဆွဲ၍ “ကဲ အခု အိမ်ပြန်ကြတော့မလား၊ ညီမငယ်လေး…”
သူက အဆုံးသတ် အသံကို မြှင့်၍ ရယ်မော စနောက်နေသလိုပင်။
သိသိသာသာကို ‘ညီမငယ်လေး’ လို့ခေါ်နေပေမယ့် အနည်းငယ် ရှောင်လွဲနေသလိုပင်။
နန်းပေါင်ရီ၏ မျက်နှာလေးက တဖြည်းဖြည်းနဲ့ နီရဲလာတော့သည်။ သူမက တင်းကြပ်သော အဒေါ်ကြီး တစ်ယောက်လို ထပ်မလုပ်တော့ဘူးလို့ ခံစားလိုက်ရသည်။
ရထားလုံးပေါ် ပြန်ထိုင် လိုက်သောအခါ နန်းပေါင်ကျူးက သိချင်စိတ် ပြင်းပြစွာနဲ့ “ဘာလို့နင့်ကို ကျင်းလန်လို့ နာမည်ပေးသွားတာလဲ”
ကျန်းဆွေ့ဟန်က သူ၏ယပ်တောင်ကို ခပ်ရင်း ပြုံးဖြဲဖြဲဖြင့် “ဘာလို့လဲဆိုတော့ သံပြိုင်နှစ်ခုမို့လို့လေ”
နန်းပေါင်ရီက သူ့ကို ကန်ထုတ် ပစ်လိုက်ချင်သည်။
“ဘုန်းတော်ကြီးက ရေကို ကိုးကွယ်တဲ့သူ၊ ဥပမာဆိုရင် ကောင်းမှုကုသိုလ်တွေက ရေလိုပဲ၊ ပြီးတော့ လောကကြီးက အရာရာ အားလုံးနဲ့ လူတွေကို ဖန်တီးခဲ့တယ်၊ ကျွန်မက ရေတွင်း ဆိုတဲ့စကားကို ယူချင်တယ်၊ ဘာလို့လဲဆိုတော့ ရေက ရေတွင်းထဲမှာ ရှိတာလေ၊ ကြာပန်းက သန့်စင်ခြင်း၏ အမှတ် သင်္ကေတပဲ၊ အဆုံးမရှိတဲ့ ဘဝကို ပိုင်ဆိုင်တယ်၊ အဓိပ္ပါယ်က ဒါက ကောင်းသော နာမည်ပဲ”
တစ်ရှီချန်ကျော် ကြာပြီးနောက် ရထားလုံးက နောက်ဆုံးတော့ ကျင်းကွမ်မြို့ကို ဆိုက်ရောက်ခဲ့လေပြီ။
နန်းပေါင်ရီက ဝတ်စုံကိုမ၍ မြားတစ်စင်း ပြန်လာသလို ခံစားနေရပေမယ့် ဖြည်းဖြည်းချင်း လျှောက်နေသည်။
သူမက ကျူးကျူး ကိုယ်တိုင် လုပ်ပေးသော အထူးဖိနပ်အောက်ခံနဲ့ သူမ၏ ထိုအချိန်တွေ အတောအတွင်း လုံ့လဝီရိယ စိုက်ထုတ်ပြီး လေ့ကျင့်ထားမှုတွေနဲ့ ပေါင်းသောအခါ ခပ်နှေးနှေး လျှောက်လှမ်းနေသည်။ ထော့နဲ့နေမှန်း သိဖို့မလွယ်ပါချေ။
သွားရတာ အရမ်းပင်ပန်းတာ တစ်ခုသာ….
ပန်းပွင့်ခန်းမကို ခြေချသောအခါ အဘွားအို၊ သခင်မကျန်းနဲ့ တခြားသူတွေ အားလုံးက စောင့်ဆိုင်းနေကြသည်။
“ကျောင်းကျောင်းအာ”
အဘွားအိုက ပျော်ရွှင်စွာနဲ့ ခေါ်လိုက်သည်။
“အဘွား”
ကြင်နာတတ်သော အဘွားအိုကို ကြည့်ပြီး နန်းပေါင်ရီ၏ နှာခေါင်းက ချက်ချင်း ချဉ်စူးစူးဖြစ်လာ တော့သည်။
သူမက လူကြီးတွေကို တစ်ယောက်ပြီးတစ်ယောက် ဂါရဝပြုလိုက်ပြီး လမ်းလျှောက်၍ အဘွားအို၏ လည်တိုင်ကို မှီတွယ်လိုက်သည်။
“အဘွားက ‘နှစ်တိုင်း ဆုတောင်းပေးရင် အရာရာတိုင်းက မင်္ဂလာရှိနေမှာ’”
သူမက ဆုတောင်းစကားကို ဆိုပြီး “တွမ့်ယန်မှာတုန်းက အဘွားကို နေ့တိုင်း သတိရနေတာ၊ သမီးက ကွမ်ရှန့်က ပစ္စည်းကောင်းလေးတွေ အများကြီး အဘွားအတွက် ဝယ်လာသေးတယ်၊ ကျိန်းသေပေါက် အဘွား ကြိုက်မှာ”
“ဘေးမသီရန်မခပဲ ပြန်လာရင် အဘွားတို့အတွက် အဆင်ပြေနေပြီ။ ဘာအထူး ပစ္စည်းတွေမှ မလိုပါဘူးကွယ်”
အဘွားအိုက သူမ၏ ပါးဖောင်းဖောင်းလေးကို ဖျစ်ညှစ်လိုက်ရင်း အလိုလိုက်စွာ ဆိုသည်။
အခုမှထိုင်ပြီး လက်ဖက်ရည်သောက်ဖို့ ယူလိုက်သော ရှောင်းယီက အနည်းငယ် အေးခဲသွားတော့သည်။
နန်းပေါင်ရီက စိတ်ထဲကနေ ဆုတောင်းစာကို တိတ်တိတ်လေး ရွတ်လိုက်ပြီး ပြုံးပန်းဝေ၍ “အစ်ကို ၂က သမီးကို ကောင်းကောင်း စောင့်ရှောက်ပါတယ်၊ သမီးကို အဝတ်အစား လှလှလေးတွေနဲ့ လက်ဝတ်ရတနာတွေလည်း ဝယ်ပေးတယ်၊ ပြီးတော့ သမီးကို တောင်တန်းတွေ၊ မြစ်ချောင်းတွေဆီလည်း အလည်ခေါ် သွားသေးတယ်၊ သူက သမီးကို ဂရုစိုက်ပေးဖို့ တစ်ညလုံး သမီးအခန်းထဲမှာပဲ အနားယူတယ်”
ထိုစကားသံ ထွက်ကျလာသောအခါ ရှောင်းယီက လက်ဖက်ရည် သီးတော့မလို ဖြစ်သွားရသည်။
ဒါကြီးက အရမ်း ဟိုလိုလိုသည်လိုလို ဖြစ်မနေဘူးလား။
ခန်းမထဲက လူတွေ၏ မျက်နှာ အမူအရာတွေက ပြောင်းလဲ သွားတော့သည်။ သူတို့ အားလုံးက ရှောင်းယီကို အထင်သေးသော အကြည့်နဲ့ ကြည့်လာကြသည်။
သူတို့ ကျောင်းကျောင်းလေးက ဆယ့်သုံးနှစ်ပဲ ရှိသေးတာလေ၊ ဒီကောင်က အပြင်ကို တစ်လကြီးတောင် ခေါ်ထုတ်သွားပြီး ကောင်မလေး၏ အခန်းမှာတောင် နေလိုက်သေးတယ်လား။
ရက်စက်ကြမ်းကြုတ်လိုက်လေခြင်း….
“ကျွန်တော်ရှင်းပြမယ်….”
ရှောင်းယီက အေးစက် တောင့်တင်းနေပြီး “အဲဒါက ဘာကြောင့်လဲဆိုတော့ ကျောင်းကျောင်းက အအေးမိသွားလို့ ညဘက်ကျရင် အစေခံတွေက သူ့ကို ကောင်းကောင်း မစောင့်ရှောက်နိုင်မှာစိုးလို့ အဲဒါကြောင့် သူ့အခန်းမှာ နေဖြစ်သွားတာ”
အားလုံး၏ မျက်နှာမှာတော့ ‘ငါသိနေတယ်နော်’ ဆိုသော အမူအရာတွေပင်။
ရှောင်းယီက ခေါင်းငိုက်စိုက် ကျသွားတော့သည်။ သူတို့၏ စူးရှသော အကြည့်တွေဒဏ်ကို ခံနေရတာကြောင့် ထွက်ပြေးချင်စိတ် ပြင်းပြင်းပြပြ ပေါ်လာတော့သည်။
သူက အဲဒီ လိုလုပ်ချင်ရင် ကိစ္စတချို့ကို ကောင်းကောင်း လုပ်ခဲ့မှာပေါ့…
အဘွားအိုက ထောက်ပံ့ငွေတွေ ခိုးခံရသော ကိစ္စနဲ့ပတ်သက်ပြီး မေးလာသည်။ ရှောင်းယီက နန်းပေါင်ရီ၏ ခြေထောက် ဒဏ်ရာအကြောင်းကို ချန်လှပ်ပြီး ကျန်းမိသားစုက ဘယ်လိုပူးပေါင်း ကြံစည်ပြီး နန်းအိမ်တော်ကို ဖြိုလှဲဖို့ ကြံနေလဲဆိုတာ အသေးစိတ် ရှင်းပြလိုက်သည်။
အဘွားအိုက အလွန်အမင်း ဒေါသထွက်သွားပြီး “အခုပဲ ငါ့ရဲ့ စည်းစိမ်တွေ အားလုံးကို လှူလိုက်မယ်၊ အဲဒီ လူပါးဝတဲ့ လူတွေဆီ အရောက်မခံနိုင်ဘူး၊ သူတို့က ရှုနိုင်ငံရဲ့ ဘုရင်ခံနဲ့ နယ်စပ်အစိုးရ အရာရှိဖြစ်ပြီး လူတွေအတွက် ကောင်းဖို့ မလုပ်ဘဲ နေ့တိုင်း ချမ်းသာဖို့ပဲ စဉ်းစားနေကြတာ၊ သူတို့အိတ်ဖောင်းဖို့ ဘယ်လို လုပ်ရမလဲဆိုတာပဲ သိတယ်၊ သူတို့က လူ့အသိုင်းအဝိုင်းမှာ နေပြီး ဘုရင်ခံလစာကို ယူနေကြဖို့ တန်လို့လား”
နန်းမိသားစုက စိတ်ဆိုးဒေါသ ထွက်နေကြစဉ်မှာ အစေခံ တစ်ယောက်က ဝင်လာပြီး ရိုကျိုးစွာနဲ့ “သခင်မကြီး၊ မမလေးနန်းယန် ပြန်လာပါတယ်၊ ချန်းသခင်လေးလည်း အတူပါ လာပါတယ်”
ပန်းပွင့်ခန်းမက ခဏမျှ တိတ်ဆိတ်သွားသည်။
နန်းယန်က မင်းပူသူဌေးနဲ့ လက်ဆက်ဖို့ငြင်းပြီး ညဉ့်နက်ချိန်မှာ ထွက်ပြေး သွားကတည်းက နန်းမိသားစုက သူမအကြောင်းကို မကြားရတော့တာ ဖြစ်သည်။
မမျှော်လင့်ဘဲ သူမဘာသာ ပြန်လာခဲ့သည်။
ချန်းတယ်ယွီနဲ့ အတူရှိနေဆဲပင်။
နန်းမိသားစုက ဒါဘာကို ဆိုလိုလည်း ဆိုတာ သိလိုက်သည်။ အဘွားအိုက မျက်ခုံးတွေကို ဖိနှိပ်လိုက်ရင်း အိုမင်းနေသော မျက်နှာက ဆုံးရှုံးမှုကို ခံစားလိုက်ရသလိုပင်။
သူမက လက်ကိုဝှေ့ယမ်း၍ “သူတို့ကိုခေါ်လိုက်”
ချန်းတယ်ယွီက နန်းယန်၏ လက်ကိုဆွဲ၍ သဘောထားကြီးသော ဟန်ပန်နဲ့ လှမ်းဝင်လာသည်။
နန်းယန်က အိမ်ထောင်သည် တစ်ယောက်လို ဆံထုံးထုံးထားပြီး ပါးလျသော ပန်းရောင်ဝတ်စုံကို ဝတ်ဆင် ထားသည်။ ချန်းတယ်ယွီ၏ မယားငယ် တစ်ယောက်မှန်း သိသာထင်ရှားလှသည်။
သူမက နူးညံ့ပျော့ပျောင်းစွာနဲ့ “လက်ထပ်ပြီး ကတည်းက အကြီးတွေကို ဂါရဝပြုဖို့ အိမ်ကိုမပြန်ဖြစ်ဘူး၊ ယန်အာ တောင်းပန်ပါတယ်”
***