NBY အပိုင်း ၂၃၅

အပိုင်း (၂၃၅)

သူမကိုယ်ကို မသန့်ရှင်းဘူးလို့ ခံစားရတယ်

သကြားတုတ်ထိုး……

နန်းပေါင်ရီက သကြားတုတ်ထိုး ရောင်းသော ဦးလေးကြီးကို လမ်း၏ ဘေးဘက်မှာ တွေ့လိုက်ပြီး သူမ၏ ဖြူဖွေးနူးညံ့နေသော မျက်နှာလေးက ရှုံ့မဲ့သွားလေတော့သည်။

ရှောင်းယီက မြင်းဇက်ကြိုးကို ကိုင်ရင်း “စားချင်လား”

နန်းပေါင်ရီက အလွန်ရှက်ရွံ့နေပြီး ရှောင်းယီ၏ ငွေတွေကို ဖြုန်းပစ်ဖို့ ကြံစည်ကာ “အစ်ကို ၂၊ အားလုံးဝယ်ပေး၊ ညီမလေး သကြားတုတ်ထိုး ကြိုက်တယ်”

“အရမ်းများတယ်၊ မင်းကုန်မှာ မဟုတ်ဘူး”

ရှောင်းယီက ရွှေစတွေ ပေးလိုက်သည်။

လူကြီးက ပြုံးရင်း ရွှေစတွေကို ယူလိုက်ပြီး ကောက်ရိုးနဲ့ လုပ်ထားသော သကြားတုတ်ထိုး တိုင်တစ်ခုလုံး နန်းပေါင်ရီကို ပေးလိုက်သည်။

နန်းပေါင်ရီက မြင်းပေါ်မှာ ထိုင်နေရင်း သူ့အရပ်ထက် ရှည်သော သကြားတုတ်ထိုးတွေ ထိုးထားသော တိုင်ကို ကိုင်ထားသည်။

တိုင်တစ်ခုလုံးက သကြားတုတ်ထိုးတွေနဲ့ ပြည့်နေပြီး ရာကျော်သော သကြားတုတ်ထိုးတွေကို ထိုးစိုက်ထားသည်။

အပေါ်မှာ လောင်းထားသော သကြားရည်က နွေဦး၏ နေရောင်ခြည်ကြောင့် အနည်းငယ် အရည်ပျော်လာ နေသည်။ ဇီးသီးက နီရဲပြီး တောက်ပနေသည်။ အသီးက ချိုချဉ်လေးဖြစ်ပြီး တစ်ချက်ကြည့်ရုံနဲ့တင် အလွန်ကို စားချင်စရာ ကောင်းလှသည်။

နန်းပေါင်ရီက တုတ်ထိုး တစ်ချောင်းကို ဖြုတ်ပြီး နည်းနည်း ကိုက်ကြည့် လိုက်သည်။

မချိုလွန်း မချဉ်လွန်းသော အနေတော် အရသာက အလွန်ကို အရသာရှိလှသည်။

သူမက တုတ်ထိုး တစ်ချောင်း၏ တစ်ဝက်လောက်ကို စားပြီး ဖြည်းဖြည်းချင်း စားရင်း ချဉ်လာတော့သည်။ သူမ၏ သွားခြေတွေတောင် ချဉ်နေလေပြီ။

ရှောင်းယီက သူမ သကြားတုတ်ထိုးကို ဖြည်းဖြည်းချင်း စားနေတာကို တွေ့ရင်း သရော်လိုက်သည်။

“ထပ်မစားနိုင်တော့ဘူးမလား”

“တော်ပြီ…. ညီမလေး အရက် အရသာကြီးကိုပဲ ရနေတယ်၊ တကယ်လို့ ကောင်းသာ ကောင်းရင်တော့ ညီမလေးက သကြားတုတ်ထိုး အချောင်း တစ်ရာလောက်ကို စားနိုင်တယ်”

နန်းပေါင်ရီက အပြောကြီး နေပေမယ့် တစ်ဝက် ကျန်နေသော သကြားတုတ်ထိုးကို စိတ်ပူသလို ကြည့်လိုက်သည်။

သူမသာ ထပ်ပြီးစားရင်တော့ သွားတွေပိုပြီး ချဉ်လာတော့မှာပဲ….

သို့ပေမယ့် မစားပြန်ရင်လည်း တုတ်ထိုးတွေက အရည်ပျော် သွားတော့မည်။ သကြားတုတ်ထိုးတွေက သူမပူဆာပြီး ဝယ်ခိုင်း ထားတာမို့ အခုမှ နောင်တရမိသည်။

အမတ်မင်းက သူမကို စိတ်ပျက်သွားလောက်လား…

ရှောင်းယီက ငုံ့ကြည့်ပြီး အနည်းငယ် ရှက်ရွံ့ဟန်ရှိသော ကောင်မလေးကို ကြည့်နေသည်။

သူက သူမခေါင်းလေးကို ထိလိုက်ပြီး “မစားနိုင်ရင် ထပ်မစားနဲ့တော့၊ နေ့လယ်စာ ချန်ထားလိုက်၊ ယွီဝေ့ကို မင်းကြိုက်သော ခိုသားနှပ် စွပ်ပြုတ်ကို ချက်ပေးဖို့ ပြောထားတယ်၊ ပဲနီလေးရယ် ဘယ်ရီသီးတွေနဲ့ လေ အရသာရှိတယ်”

နန်းပေါင်ရီက လွတ်မြောက် သွားတော့သည်။

သူမက ကျန်နေသေးသော သကြားတုတ်ထိုးတွေကို ကိုင်ထားရင်း ချီတုံချတုံဖြင့် “ဒါပေမယ့်…..”

ရှောင်းရီက ခေါင်းကိုမော့ပြီး ဝါးတုတ်ချောင်းမှာ ထိုးစိုက်ထားသော သကြားကို တစ်ကိုက် ကိုက်လိုက်သည်။

သူက နှစ်ကြိမ်ခန့် ဝါးလိုက်ပြီး နှုတ်ခမ်းပါးတွေက ပြုံးရယ်ရင်း “အစ်ကိုက မင်းအတွက် စားပေးမယ် အဲဒါဆို အလဟဿ မဖြစ်တော့ဘူးပေါ့”

နန်းပေါင်ရီက အပြုံးချိုချိုလေးနဲ့ သူ့ကို နောက်လှည့်ကြည့် လိုက်ပြီး ခေါင်းလေးကို ပင့်မော့၍ “စားလို့ ကောင်းလားဟင်”

“ကောင်းတယ်”

သူ၏မျက်ခုံးတွေက ကြင်နာဟန်ရပြီး သဘောမကျဟန် မရှိတာကြောင့် နန်းပေါင်ရီက သကြားတုတ်ထိုး ကိုင်ထားသော လက်ကို သူ၏နှုတ်ခမ်းနား တိုးပေးလိုက်ရင်း “အစ်ကို ၂၊ နောက်တစ်ခု”

ရှောင်းယီက သကြားတုတ်ထိုးတွေကို စားနေတာကို ကြည့်နေရင်း ရုတ်တရက် သူမ ငယ်ဘဝကို သတိရသွားမိသည်။

ထိုစဉ်က အစ်ကို ၂ က အသီးဝါလေးတွေ သီးသော အပင်ကြီးရှိသော မည်းမှောင်ပြီး စုတ်ပြတ် ဟောင်းနွမ်းနေသော ခြံဝင်းထဲမှာ နေရပြီး ကောင်လေး ငယ်ငယ်လေးသာ ရှိသေးသည်။

ထိုနှစ်က ဆောင်းရာသီမှာ အလွန်အေးပြီး သူမက သကြားတုတ်ထိုး တစ်ချောင်းကို ကိုင်ထားသည်။ အစေခံတွေနဲ့ တူတူပုန်းတမ်း ကစားရင်း သူမရှုံးမှာ စိုးသည့်အတွက် သူ၏အိမ်ထဲမှာ ဝင်ပုန်းခဲ့ရသည်။

ထိုအိမ်မှာ အနွေးအိုး မရှိတာကြောင့် နှင်းဂူတစ်လုံးလို အေးလှသည်။

သူက ကျောက်မီးသွေး မီးဖိုလေး၏ ရှေ့က မွေ့ရာပေါ်မှာ ထိုင်ရင်း စာအုပ်တစ်အုပ်ကို ဂရုတစိုက် ဖတ်ရှုနေသည်။

ဝင်သွားပြီးနောက် သူမက ယဉ်ကျေးမှု မရှိစွာနဲ့ အပြစ်ရှာခဲ့သည်။

“ကျောက်မီးသွေးတွေက မီးခိုးအများကြီး ထွက်တယ်၊ အမေကပြောတယ်၊ ကျောက်မီးသွေး မီးခိုးတွေက လူတွေကို အသက်ရှူ ကျပ်စေတယ်သော ကျောက်မီးသွေးက မကောင်းဘူး”

ကောင်ငယ်လေးက သူမကို လျစ်လျူရှုပြီး စာကိုသာ ဆက်လေ့လာနေသည်။

သူမက အသက်သုံးနှစ် လေးနှစ်လောက်သာ ရှိသေးသည်ဖြစ်ပြီး တစ်အိမ်လုံး၏ ရတနာလေးလို အားလုံးက လက်ဖဝါးပေါ်တင်ပြီး ဖူးဖူးမှုတ်ထားတာမို့ အရမ်းကို ဂုဏ်မောက်တတ်ခဲ့သည်။

သူမက ‘ဟွန့်’ခနဲ နှာမှုတ်လိုက်ပြီး ကျောက်မီးသွေး မီးဖိုလေးနားတွင် ခွင့်ပြုချက် မတောင်းဘဲ ဝင်ထိုင်လိုက်သည်။ သူ့ကိုကြည့်ရင်း သကြားတုတ်ထိုးလေး စားနေသည်။

သို့ပေမယ့် သူမ အကြာကြီး ထိုင်နေတာတောင် စိတ်အနှောင့်အယှက် မဖြစ်သွားဘဲ ထိုသူကတော့ သူ့စာအုပ်ကိုသာ သူအာရုံစိုက် ဖတ်နေပြီး သူမကို ဥပေက္ခာပြု ထားလေသည်။

သူက လျစ် လျူရှုတယ်ပေါ့…

သူမက သူ၏ပါးစပ်နားသို့ သကြားတုတ်ထိုးလေးကို ညင်ညင်သာသာ ကမ်းပေးလိုက်ရင်း “စားချင်လား၊ ချိုချဉ်လေး အရမ်းစားလို့ ကောင်းတယ်”

သူမက အသက်ငယ်လွန်း သေးပေမယ့် ဒီအစ်ကိုကြီးကို တစ်မိသားစုက မချစ်ကြဘူးဆိုတာ သူမသိသည်။ သူက သကြားတုတ်ထိုး တစ်ခါမှ မစားဖူးလောက်။ သူမက သူ့ကို လောဘတကြီးနဲ့ စားစေချင်သည်။

ကောင်ငယ်လေး၏ ချောမော ကြည့်ကောင်းလွန်းသော မျက်နှာလေးက စာအုပ်မှခွာလာသည်။

သူက သကြားတုတ်ထိုးကို အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ မရဲတရဲဖြင့် ခေါင်းကို ရှေ့တိုး၍ ကိုက်လာသည်။

သူမငယ်စဉ်က အလွန့်အလွန်ကို ဆိုးသွမ်းခဲ့သည်။

သူမက သူ့ကို ပေးမကိုက်ရုံ တင်မက တုတ်ထိုးကို ကျောက်မီး သွေးမီးဖိုထဲသို့ လွှင့်ပစ်လိုက်သည်။

သူမက ပျော်ရွှင်နေရင်း “ငါက နင့်ကို မကျွေးပါဘူး၊ မကျွေးဘူး၊ နည်းနည်းလေးတောင် မကျွေးဘူး”

သကြားတုတ်ထိုး ချောင်းလေးက ပြာမှုန်တွေအပြည့် ပေကျံသွားပြီး စားလို့မရနိုင်တော့ပါချေ။

သူမက ကြာကြာ မပျော်လိုက်ရပေ။ ကောင်ငယ်လေး၏ မျက်နှာက ချက်ချင်း မှောင်မိုက်သွားပြီး သူမ၏ ကျစ်ဆံမြီးဆံပင်ကနေ ဆောင့်ဆွဲလိုက်သည်။ ပြီးတော့ သူမကို ကြမ်းပြင်ပေါ်သို့ တွန်းချလိုက် တော့သည်။

သူက လက်တစ်ဆုပ်အပြည့် ကျောက်မီးသွေးတွေကို ယူလိုက်ပြီး ရက်စက်စွာ သူမ၏မျက်နှာနဲ့ ဝတ်စုံအသစ်လေးကို သုတ်ပစ်လိုက်လေသည်။

သူမကိုယ်ကို မသန့်ရှင်းတော့ဘူးလို့ ခံစားလိုက်ရသည်။

သူမက အနိုင်ကျင့်ခံရပြီး ငိုကြွေးလေတော့သည်။

သူမက အော်ဟစ်ပြီး ခြံဝင်းထဲမှ ပြေးထွက် သွားတော့သည်။ ထိုအချိန်မှစ၍ အမတ်မင်းအပေါ် သူမ၏အမုန်းတရားက စတင်ခဲ့လေသည်။

နန်းပေါင်ရီက ပြန်လည် စဉ်းစားမိသွားပြီး ဝမ်းနည်းမှုကို မထိန်းချုပ် နိုင်တော့ချေ။

သူမငယ်စဉ်က အလွန်အမင်း အလိုလိုက်ခံရပြီး မိဘမဲ့ကလေး တစ်ယောက်ကို အနိုင်ကျင့်ခဲ့သည်။

အမတ်မင်းက ဒီနေ့ ဒီလို စိတ်ဆိုးဒေါသ ထွက်လွယ်သော လူတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တာဟာ သူမမှာ တာဝန်အများကြီး ရှိသည်။

သူမက ထိုအကြောင်းအရာနှစ်ခုနဲ့ ပတ်သက်၍ ပိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။ ရှောင်းယီက တိတ်တဆိတ် သကြားတုတ်ထိုးကို စားနေတာကို မြင်သောအခါ သူမက ကြင်နာစွာဖြင့်‌ ပြောလိုက်သည်။

“အစ်ကို ၂၊ ဖြည်းဖြည်းစားနော်၊ အစ်ကို ဆုံးရှုံးသွားသော ဖြူစင်မှုနဲ့ အပြစ်ကင်းစင်မှုကို ညီမလေး ပြန်ဖြည့်ဆည်း ပေးမယ်”

ရှောင်းယီ “…..”

သူက စိတ်ရှုပ်သွားသလို နန်းပေါင်ရီကို စူးစိုက်၍ ကြည့်လိုက်သည်။

ဒီကောင်မလေးက ဘာအဓိပ္ပါယ်မရှိသော စကားတွေ ပြောနေတာလဲ။

သူက တုတ်ထိုး၏ နောက်ဆုံး ဇီးသီးတစ်လုံးကို စားလိုက်ပြီး ပေါ့ပါးစွာနဲ့ “မင်းအစ်ကိုက လူပျိုရည် မပျက်သေးပါဘူးကွာ”

“ညီမလေးပြောတာက အပြစ်ကင်းစင်မှုနဲ့ ဖြူစင်မှုလေ”

“တိုတိုပြောရရင် မှန်ကန်မှု(လူပျိုရည်)နဲ့ သန့်ရှင်းမှုလေ”

နန်းပေါင်ရီ ဆွံ့အသွားတော့သည်။

မြင်းက လမ်းမရှည်၏ အဆုံးနားသို့ လျှောက်သွား သောအခါ ရုတ်တရက် ဆူဆူညံညံ အသံကို ကြားလိုက်ရသည်။

နန်းပေါင်ရီက လက်လေးကို မြင်းကုန်နှီးပေါ်သို့ တင်ထားရင်း “ဒါဘုရင်ခံရွယ် အိမ်တော်က ရထားလုံး ထင်တယ်နော်၊ လူတွေက ရထားလုံးကို ပိတ်ထားတယ်…. ရထားလုံးထဲမှာ ပါလာတာ ရွယ်မိသားစု၏ အကြီးဆုံး မမလေးပဲ”

သူမက မြင်းပေါ်ကနေ ခုန်ချလိုက်ပြီး သကြားတုတ်ထိုး တိုင်ကို ရှောင်းယီ၏ လက်ထဲသို့ ထိုးထည့် လိုက်သည်။

“အစ်ကို ၂ ဒီမှာစောင့်နေ၊ ညီမလေး ပွဲကြီးပွဲကောင်း သွားကြည့်လိုက်ဦးမယ်”

ရှောင်းယီက သကြားတုတ်ထိုးတိုင်ကို ကိုင်ရင်း သူမ လူအုပ်ထဲသို့ ပြေးသွားတာကို ငေးမော ကြည့်နေသည်။

သူက ခပ်မြန်မြန် မြင်းကို လမ်းဘေး ချရပ်လိုက်ပြီး နောက်ဆုံးတော့ ဘာဖြစ်နေတာလဲ ဆိုတာကို လှမ်းမြင်လိုက်ရသည်။

ရွယ်မေ့က မှတ်ချက်ကောင်းတွေကို လိုချင်တာမို့ ရွယ်မိသားစု၏ ညစာစားပွဲမှာ ကျင်းကွမ်မြို့က မိန်းကလေးတွေကို ဖိတ်ခေါ်ပြီး ဘေးဒဏ်သင့် ဒေသတွေအတွက် ရတနာပစ္စည်းတွေကို လှူဒါန်းခိုင်းခဲ့ သည်။ ပြီးနောက် ထိုကရသော ငွေကြေးတွေကို နှင်းမုန်တိုင်း ကျရောက်လို့ ဘေးသင့်ခဲ့ရသော လူတွေအတွက် ကူညီဖို့သုံးခဲ့သည်။

နှင်းမုန်တိုင်းက မြို့အနောက်ဘက်ရှိ ဆင်းရဲသော လူအများကြီး၏ အိမ်တွေကို ဖျက်ဆီးပစ်ခဲ့သည်။ ရွယ်မေ့က သူတို့၏ အိမ်တွေကို လူငှားပြီး ပြန်ပြင်ပေးခဲ့သည်။ သို့သော်လည်း သူတို့က တို့ဘူး၏ အသုံးမဝင်သော အစိတ်အပိုင်းလိုမျိုး အိမ်တွေကို ဖြစ်သလို ပြန်ဆောက် ပေးခဲ့တာဖြစ်သည်။ လူတွေက လေအေး၏ ဒဏ်ကို ခံရရုံမက နဂိုရှိနေသော အမိုးတစ်ဝက်တောင် ပြိုပျက် သွားခဲ့သည်။

ရွယ်မေ့က မြို့အနောက်ဘက်သို့ သွား၍ စားသောက်ပွဲကြီး တစ်ခုကို တည်ခင်း ဧည့်ခံခဲ့သည်။ ဆင်းရဲသော မိသားစုတွေကို ဖိတ်ကြားခဲ့ပေမယ့် အစားအစာတွေိက လူမနှစ်သက်သော အစားအစာတွေ ဖြစ်နေခဲ့သည်။ ထိုအစားအစာတွေမှာ ဗိုက်ပြည့်ရင် ပြီးရောဆိုပြီး ဘာကိုမှ ဂရုမထားဘဲ ချက်ထားရုံ မျှမက သေနေသော ကြွက်တွေ၊ ပိုးဟပ်တွေပါ ပါလာသေးသည်။ လူအများအပြားက ဝမ်းလျှောဝမ်းပျက် ရောဂါကို ပြင်းပြင်းထန်ထန်ကို ခံစားကြရတော့သည်။

နန်းပေါင်ရီက ကြက်သေ သေသွားတော့သည်။

ရွယ်မေ့က ရိုးသားပြီး ကောင်းသော မှတ်ချက်တွေကို ရရှိမယ်လို့ သူမထင်ထားခဲ့တာလေ…

မမျှော်လင့်ဘဲ ဒါက ပုံရိပ်ယောင် တစ်ခုပဲတဲ့လား….

အခုတော့ ကောင်းရော၊ ကောင်းသတင်း ကျော်ဇောဖို့ မဖြစ်လာရုံမက ကျော်ကြားရမဲ့ ကံကြမ္မာကလည်း အမြတ်ထုတ် ခံလိုက်ရသည်။ နောက်ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲ ဆိုတာ မသိတော့ချေ။

သူမ သက်ပြင်း ချလိုက်စဉ်မှာပဲ ရွယ်မေ့က ရထားလုံး၏ ပြတင်းကနေ သူမကို တွေ့သွားတော့သည်။

သူမက ပန်းထိုးပဝါလေးကို ဝှေ့ယမ်းရင်း “ဟိုအဝေးမှာ အမတ်မင်း နဲ့အတူ မြင်းစီးနေတဲ့ မိန်းကလေးကို ငါတွေ့တယ်၊ အဲဒါဘယ်သူလဲ”

သူမ၏ အရင်းနှီးဆုံး သူငယ်ချင်း ရှမင်ဟွေးက သူမ၏ မကျေနပ်နေသော အသံကို လျစ်လျူရှုပြီး လက်ဖက်ရည် ခွက်၏ အဖုံးကို ခပ်ဖွဖွ ပွတ်သပ်ရင်း တည်ငြိမ် အေးဆေးစွာနဲ့ ပြောလိုက်သည်။

“နန်းပေါင်ရီ၊ နန်းအိမ်တော်၏ သခင်မလေး ၅၊ အမတ်မင်းရဲ့ ညီမလေးပဲ”

“သူတို့က အရမ်း ရင်းနှီးနေသလိုပဲ၊ ဒါပေမယ့် အဲဒါက ညီမငယ်လေးပဲလေ၊ မြင်းတစ်စီးတည်း အတူတူစီးကြတာ မမှားပါဘူး”

ရွယ်မေ့က တတွတ်တွတ် ပြော၍ အိတ်ထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်ပြီး အစေခံကိုပြော လိုက်သည်။

“ဒါကို နန်းပေါင်ရီကို ပေးလိုက်၊ ပြီးတော့ အမတ်မင်းကို ပေးပေးလို့၊ အမတ်မင်းကို ပေးပေးရင် သူလည်း မလွဲမသွေ အကျိုးအမြတ် ရမယ်လို့ပြောလိုက်”
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset