EYYJ အပိုင်း ၅၅

အပိုင်း (၅၅) အပူလျှော့ချခြင်း

ပတ်း၀န်းကျင်၌ သစ်ကိုင်းပေါ်ရှိ ပုရင်းရင်ကွဲသံတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ပူပြင်းလှသည့် နေမင်းကြီးသည် ကမ္ဘာမြေပေါ်သို့ အပူများ ပေးနေ‌ခဲ့ပြီး မျက်စိတမှိတ်အတွင်းမှာပင် မေလသို့ ရောက်ရှိလာခဲ့သည်။ တွမ့်ယန် ပွဲတော်ပြီးဆုံးပြီးနောက် နေ့စဉ်နဲ့အမျှ ပို၍ပူပြင်းလာခဲ့သည်။ ဝူလီချောင်သို့ စုမိသားစု ပြောင်းရွှေ့လာသည်မှာလည်း နှစ်လကြာခဲ့ပြီဖြစ်သည်။

နှစ်လအတွင်း၌ စုမိသားစုရှိ ကလေးများ၏ အရိုးပေါ်အရေတင် ခန္ဓာကိုယ်မှာ ဖွံ့ဖြိုးလာခဲ့သည်။ ကလေးများ၏ အာဟာရဓာတ်များလည်း ပြည့်၀လာသည့်အပြင် ကလေးများအား လေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်စေသည့် ယိုကျင့်၏ ဦးဆောင်ပေးမှုကြောင့် ကလေးများ၏ ခန္ဓာကိုယ်များလည်း ကြံ့ခိုင်လာခဲ့သည်။ ယခု ကလေးများ၏ အင်္ကျီလက်စများမှာ အလွန်ပင် တိုသွားပြီဖြစ်သည်။ သက်တူရွယ်တူများနှင့်ယှဉ်လျှင် ပိန်ပါးနေသေးသော်လည်း တိုးတက်မှုရှိပေသည်။

နှစ်လအတွင်း၌ စုမိသားစု၏ ၀င်ငွေသည် ငါးများရောင်းချခြင်းကြောင့် လျန်အနည်းငယ်စုမိခဲ့သည်။ ထို့အပြင် အမျိုးသမီးစုသည် ပို၍ကျန်းမာလာခဲ့ပြီး သူမတို့ရောင်းချရန်အတွက် ဈေးသက်သာသည့် အစားအစာများ ချက်ပြုတ်ပေးလေသည်။ ဟင်းသီးဟင်းရွက်များကို နေ့စဉ်ရောင်းချကာ ငါးများကို တစ်ခါတစ်ရံမှသာ ရောင်းချဖြစ်သည်။

ဝူလီချောင်ပတ်၀န်းကျင်သည် သန့်ရှင်းလတ်ဆတ်၍လည်း ဖြစ်ပေလိမ့်မည်။ အမျိုးသမီးစုသည် တစ်လကျော်မျှသာ ဆေးသောက်သုံးရသော်လည်း ကျန်းမာဖျတ်လတ်လာခဲ့သည်။ ယခင်က ဆူညံသံ သေးသေးလေးကြောင့် မောဟိုက်တတ်သည့်သူနှင့် မတူတော့ချေ။ ချူချာတတ်သည့် ယိုပေါင်နှင့် ယိုချောင်သည်ပင် မဖျားမနာဘဲ ရှိခဲ့သည်မှာ နှစ်လကျော်ခဲ့ပြီဖြစ်သည်။ စုမိသားစု၏ဘ၀မှာ သာယာစိုပြေသည်ဟု ဆိုနိုင်ပေသည်။

ညီအစ်မအားလုံးသည် အေးမြသည့် ဆီးချိုရည်ကို တကျိုက်တည်း သောက်လိုက်ကြသည်။ အငယ်ဆုံး ယိုချောင်သည်ပင် တစ်၀က်ကုန်အောင် တစ်ခါတည်းသောက်လေသည်။ “သောက်လို့ကောင်းတယ်”

အမျိုးသမီးစု၏ ဆီးချိုရည် ဖျော်သည့်နည်းလမ်းမှာ လျှို့ဝှက်ချက်ဖြစ်သည်။ တော်၀င်စားတော်ကဲများ သုံးသကဲ့သို့ အကောင်းစား ပစ္စည်းများကို အသုံးမပြုထားသော်လည်း ဆီးသီးနှင့်နွယ်ချိုပင်များသည် ယိုကျင့်ကိုယ်တိုင် တောင်ပေါ်မှခူးကာ အခြောက်ခံ သိမ်းထားသည်များဖြစ်သည်။ သင်းပျံ့သည် ပန်းရနံ့လေးသည် စိတ်ကိုအေးချမ်းစေသည်။ ဆီးချိုရည်အတွက် သာမန်ဖြည့်စွက်ပစ္စည်းများကို သုံးခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

စုမိသားစုခြံ၀န်း၌ ကလေးငယ်တစ်စုသည် ဆီးချိုရည်များကို အမောပြေသောက်သုံးနေကြပြီး လော့ဟယ်စီရင်စု၌လည်း ဆီးချိုရည်ရောင်းခြင်းသည် ကျော်ကြားလျက်ရှိသည်။

ရာသီဥတုမှာလည်း ပူပြင်းနေသည့်အတွက် ယိုကျင့်သည် ညီမများနှင့်အတူ ဆီးချိုရည် ရောင်းရန် စတင်လိုက်သည်။ သူမသည် မြို့ထဲသို့ နေ့စဉ်နှင့်အမျှ ပစ္စည်းများ သယ်ရမည်ဖြစ်သောကြောင့် လှည်းသမားအား စုအိမ်သို့ သတ်မှတ်သည့်အချိန်၌ လာရောက်ခေါ်ဆောင်စေကာ ပစ္စည်းများကို သယ်စေသည်။ ထိုသို့ပြုလုပ်ရန် ပြားခုနှစ်ဆင့်သာ ကျသင့်ပေသည်။

ယခင်လှည်းသမားဆီမှ ပေါ်တင်မေးခွန်းထုတ်ခံရခြင်းကြောင့် ယိုကျင့်သည် အခြားလှည်းတစ်စီးသို့ ပြောင်းစီးလေသည်။ ယခုလှည်းသမားသည် အသက်ပိုကြီးကာ စကားလည်း သိပ်မပြောပေ။ သူမတို့အား နေ့စဉ် လာရောက်ကြိုပို့လေ့ရှိသည့်အတွက် ၀မ်းမြောက်ဖွယ်ရာ ပူးပေါင်းမှုပင်ဖြစ်သည်။

ညီအစ်မများသည် ဆီးချိုရည်ပြည့်နေသောာ သစ်သားခြင်းနှစ်ခြင်းကိုယူကာ လော့ဟယ်စီရင်စု၌ နေ့စဉ်ရောင်းချလေ့ရှိသည်။ သူမတို့သည် အသားငါးများ မရောင်းသည့်အတွက် အနောက်ဈေး၌ မရောင်းချဘဲ အနောက်ဈေးနှင့် အရှေ့ဈေးဆုံရာ၌ တစ်နေ့ငါးယွမ်ပေး၍ ဆိုင်ခန်းအသေးလေးငှားကာ ရောင်းချလေသည်။

အမျိုးသမီးစု၏ ဆီးချိုရည်အရသာမှာ တမူထူးခြားပေသည်။ နေ့စဉ်ညအချိန်၌ ကျိုထားပြီး ရေတွင်း၌ ချိတ်ကာ တစ်ည သိပ်ထားသောကြောင့် သဘာ၀အတိုင်း ချိုချိုချဉ်ချဉ် အရသာကို ရရှိပေသည်။ ထပ်ခါတလဲလဲ ၀ယ်ယူကြသည့် ဖောက်သည်များလည်း ရှိပေသည်။

“ယိုကျင့် ငါ့ကို အမြန် တစ်ခွက်ပေးစမ်းပါဟယ်။ ပူလို့သေတော့မယ်”

မျက်နှာဝိုင်းဝိုင်းနှင့် အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ဦးသည် အသားငါးနှင့် ဟင်းသီးဟင်းရွက်များ ပြည့်နေသော ဈေးခြင်းကို သယ်ကာ အပြုံးလေးဖြင့် ‌ဆီးချိုရည် တခွက်ကို တောင်းလေသည်။ “ငါ ဆီးချိုရည် အများကြီးသောက်ဖူးပေမဲ့ မင်းတို့ဆိုင်က အကောင်းဆုံးပဲ”

ယိုကျင့်သည် ကျေနပ်သည့်အပြုံးလေးဖြင့် ခွက်ထဲသို့ အချိုရည်များ ပြည့်လျှံအောင် ထည့်ပေးလိုက်သည်။။ ခွက်ထဲ၌ ဆီးချိုရည်များ အပြည့်ဖြစ်နေလေသည်။ “အစ်မလျှို ဖြည်းဖြည်းသောက်ပါ”

ထို့နောက် သူမသည် ငွေနှစ်ပြားကို လက်ခံလိုက်လေသည်။ သူမတို့ဆီးချိုရည်သည် တစ်ခွက်ကို ငွေနှစ်ယွမ် ကျသင့်ပေသည်။ ထိုပမာဏမှာ များလဲမများသလို ဈေးနည်းလှသည်လည်း မဟုတ်ပေ။ လာရောက်၀ယ်ယူကြသူ အများစုမှာ မြို့ထဲမှ လူများဖြစ်ကြပေသည်။ သာမန်လူတန်းစားများသည် ဆီးချိုရည်တစ်ခွက်အတွက် ငွေနှစ်ယွမ်ကို စိတ်လိုလက်ရ ပေးချေချင်ကြသည်။

မကြာသေးခင်ကပင် အနောက်ဈေးထဲမှ မောဟိုက်ပင်ပန်းစွာဖြင့် အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။ သူမ၏တစ်ကိုယ်လုံး၌ ချွေးများစိုရွဲနေခဲ့ပေသည်။ ‌ဆီးချိုရည်သောက်ပြီးချိန်၌ သူမ၏ကိုယ်သည် ပေါ့ပါးကာ လန်းဆန်းသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ပြုံးလိုက်ကာ ပါးစပ်ထောင့်ကို သပ်ချလိုက်သည်။

“မင်းအမေက ဒီနေ့ဘာလို့ ပဲပူတင်း မလုပ်ပေးလိုက်တာလဲ။ ဟိုတခါက ၀ယ်သွားတော့ အိမ်ကလူတွေက ကြိုက်ကြတယ်လေ။ အဲဒါနဲ့ ငါ့ကို ၀ယ်ပေးဖို့ မှာလိုက်ကြတယ်”

“မနေ့က နည်းနည်းလေးပဲ လုပ်လာလို့ ရောင်းကုန်သွားပြီ။ ဒီလိုလုပ်ပါ့လား။ မနက်ဖြန် အစ်မဖို့ ချန်ထားပေးမယ်လေ” ယိုကျင့်သည် အကျိုးသင့်အကြောင်းသင့် ရှင်းပြလိုက်သည်။ ယိုကျင့်တို့ ရောင်းချသည့် ဆီးချိုရည်သည် အရသာရှိရုံသာမက အခြားသော အချိုပွဲများသည်လည်း ချိုမြကာ နူးညံ့ပေသည်။ ထို့အပြင် ဈေးနှုန်းပမာဏမှာလည်း အခြားသော မုန့်ဆိုင်များထက် ပို၍ ဈေးချိုသည့်အတွက် အမြန်အဆန်ပင် ရောင်းထွက်လေသည်။

“ဟုတ်ပြီလေ။ မနက်ဖြန် ငါ့အတွက် နှစ်ခုချန်ပေးထား။ သွားပြီနော်” နောက်ထပ်၀ယ်သူ လာနေသည့်အတွက် ထိုအမျိုးသမီးသည် ထပ်မပြောတော့ဘဲ နှုတ်ဆက်လိုက်လေသည်။

ယိုကျင့်သည် ထို၀ယ်သူအား မျက်မှန်းတန်းမိသည့်အတွက် ယိုကျူးသည် ဆီးချိုရည်ပန်ကန်ကိုပြင်ကာ ယိုရင်သည် ငွေကိုသိမ်းလိုက်သည်။ ညီအစ်မသုံးယောက်သည် ချောမွေ့စွာ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

စုမိသားစုသည် ဆီးချိုရည်များကို နေ့တိုင်းရောင်းချ‌သည့်တိုင် နေ့စဉ်နေ့တိုင်း ရောင်းကုန်ပေသည်။ နွားလှည်းခ၊ ဆိုင်ငှားခများ ပေးချေပြီးသည့်တိုင် သူမတို့လက်ထဲ၌ နေ့စဉ် ယွမ်ခုနှစ်ဆယ် ရှစ်ဆယ်မျှ စုမိပေသည်။ သူမတို့၏နေ့စဉ်ဘ၀မှာ အမှန်ပင်စိုပြေနေပေသည်။ ထို့အတွက် အခြားသောသူများ၏ မနာလိုမှုကို ဆွဲဆောင်မိသလိုဖြစ်နေခဲ့သည်။

“သုံးခွက်အတွက် ခြောက်ယွမ်ကျသင့်ပါတယ်” အသက် တစ်ဆယ့်ခုနှစ်နှစ်အရွယ် ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးများသည် စတင်၀ယ်ယူကတည်းကပင် မကောင်းသည့် ခံစားချက်များရနေခဲ့သည်။ ဆီးချိုရည် သောက်ပြီးသည့်အခါ ထိုလူများသည် ငွေပေးချေရန် ငြင်းဆန်နေခဲ့သည်။ ထို့အပြင် ပန်းကန်များကို မြေကြီးပေါ်သို့ ခွဲချလိုက်သည့်အတွက် ပတ်၀န်းပျင်မှ လူများ၏အာရုံကို ဆွဲဆောင်သကဲ့သို့ ဖြစ်နေခဲ့သည်။

“ဖွီ ဘယ်လိုတောင် ဆိုးရွားလိုက်တာလဲ။ အဲဒါကို ပိုက်ဆံတောင်းရဲသေးတယ်” ထိုလူများထဲမှ မျက်နှာ၌ ကျေက်ပေါက်မာများ ရှိနေသော ခေါင်းဆောင်ဟု ထင်ရသည့် လူငယ်တစ်ဦးက အရင် ပြဿနာရှာလေသည်။ “မင်းရောင်းတဲ့ဟာက ငါ့အစာအိမ်ကို ဒုက္ခ‌ဖြစ်စေတယ်။ အဲဒါတောင် မျက်နှာပြောင်တိုက်ပြီး ပိုက်ဆံတောင်းရဲသေးတယ်လား”

“ရှင်” စိတ်လှုပ်ရှားလွယ်သည့် ယိုကျူးသည် အရှေ့သို့ ထွက်လာချင်သော်လည်း ယိုကျင့်၏ ဆန့်ထုတ်ထားသော လက်ဖြင့် တားဆီးခြင်းခံလိုက်ရသည်။ ယိုကျင့်သည် ထိုပြဿနာရှာသည်သူများကို မကြည့်ခင် ယိုကျူးအား သတိပေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“ဒီကသခင်လေးတို့ အရင်အချိန်ကတည်းက ပစ္စည်းတစ်ခု၀ယ်ရင် ပိုက်ဆံဒါမှမဟုတ် ပစ္စည်းနဲ့ လဲလှယ်ရတာပဲ။ ကျွန်မတို့က ဒီက သခင်လေးတို့ကို ၀ယ်ဖို့ဖိအားမပေးခဲ့ပါဘူး။ အဲ့တော့ဒါက ဖိအားပေးခဲ့တဲ့ စီးပွားရေးလည်းမဟုတ်ဘူး။ ကျေးဇူးပြုပြီး ကျွန်မတို့ လုပ်ငန်းသေးသေးလေးကို ငဲ့ပေးပါ”

“အို မင်းက ဒီသခင်လေးကို ဖိအားပေးချင်သေးတာလား။ စမ်းကြည့်လိုက်လေ”

အခြားတစ်ယောက်သည် ယိုကျင့်အား အထင်သေးသလို ကြည့်လိုက်လေ၏။ “မင်းဘက်အရင် ငါတို့ကို လိုက်လျောပေးရင် ငါတို့လည်း စဉ်းစားပေးမယ်လေ။ ဟုတ်ပြီလား”

ယိုကျင့်၏ နှုတ်ခမ်းထောင့်၌ ရှုံ့ချသည့်အသံသဲ့သဲ့ ထွက်ပေါ်လာသည်။ ထိုလူများသည် ပြဿနာရှာရန်သာ လာခြင်းဖြစ်သည်။ ထိုလမ်းသရဲများကို ခေါ်ဆောင်လာသည့်သူမှာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ ပွဲကြီးပွဲကောင်းကို စောင့်ကြည့်နေလေသည်။ ယိုကျင့်သည် မည်သူမျှ လာကူမည် မဟုတ်ကြောင်း သိသောကြောင့် အခွင့်ကောင်းယူနိုင်ခြင်း ရှိမရှိကို တွက်ချက်နေသည်။

ယိုကျင့်ဆီမှ မည်သည့်အသံမျှ ထွက်မလာသောကြောင့် ထိုလူသုံးယောက်သည် သူတို့အား ကြောက်ရွံ့သွားသည်ဟု ထင်သွားကြသည်။ သူတို့သည် ယိုကျင့်အား သရော်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“က‌လေးမလေး ဒီလိုလုပ်ပါ့လား။ ငါတို့ညီအစ်ကိုတွေနဲ့ ကစားပေးလေ မဟုတ်ရင် မင်းတို့ဆီးချိုရည် လုပ်နည်းကို လွှဲပေးလိုက်ပေါ့”

အဲတော့ သူတို့က ငါတို့ရဲ့ လျှို့ဝှက်နည်းတွေကို သိချင်တာပေါ့။ သူမတို့၏စီးပွားရေး ကောင်းမွန်မှုကြောင့် မကောင်းသည့်ရည်ရွယ်ချက်များရှိသည့် အခြားသူများ၏ အာရုံကို ဆွဲဆောင်မိသလို ဖြစ်နေခဲ့သည်။ ယိုကျင့်သည် ထိုလူသုံးယောက်ကို ကြည့်ကာ သက်ပြင်းရှည်ချလိုက်သည်။

“ဒီကအစ်ကိုကြီး သုံးယောက် ခဏနေ ကင်းလှည့်တွေ လာတော့မှာနော်။ ဒီလို အပြစ်ကင်းတဲ့ပြည်သူတွေအပေါ် အနိုင်ကျင့်နေတာ ခင်ဗျားတို့အတွက်လည်း မကောင်းဘူး”

“ကလေးမ ကင်းလှည့်တပ်တွေ လာမှာတော့ သိသေးတယ်ပေါ့။ အဲဒါဆို ငါတို့ဘယ်သူတွေမှန်း မင်းသိလား” ထိုလူ၏အပြုံးသည် စိတ်မချမ်းမြေ့စရာကောင်းနေခဲ့သည်။

“မင်းဒီနေ့ တစ်ခုခုမပေးရင် ဒီကိစ္စကလွယ်လွယ်နဲ့ မပြီးဘူး”

“ဘယ်က ခွေးတွေလာဟောင်နေတာလဲ” ယိုကျင့်၏မျက်၀န်း၌ သတ်ဖြတ်လိုသည့် အလင်းတန်းတစ်ခု ဖြတ်သွားချိန်၌ပင် အထက်စီးဆန်ကာ ‌မောက်မာသည့် ယောက်ျားလေးအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ဒီလို ပြည်သူပိုင်နေရာမျိုးတောင်မှ ခွေးလေခွေးလွင့်တွေ ရှိသေးတာလား”

အဖြူရောင်မြင်းပေါ်ရှိ ထိုကောင်လေးသည် အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်ရွယ်မျှ ရှိသည့် ဖြူဖွေးသည့် အသားအရေနှင့် စကားပြောရန် စိတ်မရှည်သည့်လူမျိုးဖြစ်သည်။

“မင်းလိုကြွက်စုတ်ကများ ငါတို့ကိုခွေးလို့ ခေါ်ရဲသေးတယ်ပေါ့” ထိုလမ်းသရဲ သုံးယောက်ထဲမှ လက်ရဲဇက်ရဲရှိသူသည် ထိပ်ဆုံးမှထွက်ပြောလာခဲ့သည်။ ထိုသို့ဖြင့် ထိုသုံးဦး၏အာရုံမှာ ၀တ်ကောင်းစားလှ ၀တ်ဆင်ထားသော ဖွံ့ဖြိုးကာစ ကောင်လေးဆီသို့ ကျရောက်သွားကာ ဆူဆဲနေကြတော့သည်။ “မင်းကို ဒီနေ့ သင်ခန်းစာပေးမှဖြစ်မယ်။ မဟုတ်ရင်မင်းက ဘယ်သူက ကောင်းကင် ဘယ်သူကမြေကြီးမှန်း နားမလည်ဘူးမလား”

“အို ငါ့ရှေ့မှာ ခွေးတွေလာဟောင်ဖူးတာ ဒါပထမဆုံးပဲ” ထိုကောင်လေး၏မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေခဲ့သည်။

“မင်းတို့က ကိုယ့်နေရာကို မသိကြဘူးပဲ”

ထိုကောင်လေး၏စကား မဆုံးခင်ပင် သူသည် လမ်းသရဲသုံးဦး၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး ထိုလူသုံးဦးမှာ ယုတ်ညံ့သည့် အပြုအမူများဖြင့် ပြုမူကြလေသည်။

“ဒီကအစ်ကိုကြီးတို့ရဲ့ ဘောင်းဘီအောက်ကို တွားသွားပြီးတောင်းပန်ရင်တော့ လွှတ်ပေးလိုက်မယ် မဟုတ်ရင်တော့ ဟားဟား”

ယိုကျင့်သည် အစက ဘေး၌နေကာ လွတ်မြောက်လိမ့်မည်ဟု ထင်ထားခဲ့သည်။ ထိုကောင်လေးမှာ အပြောသာ ရှိသည့် လူစားမှန်း မတွေးမိခဲ့ချေ။ ဒီက အစ်ကိုကြီး ရှေ့တန်းထွက်ချင်ရင် အနည်း‌ဆုံးတော့ အခြေခံပိုင်အောင် လုပ်ခဲ့လေ။

အခြေအနေမှာ ထိုသို့ဆိုးဝါးသွားလိမ့်မည်ဟု ရှောင်လင်ဖုန်း မထင်ထားခဲ့ပေ။ ထိုလူသုံးဦးမှာ သူ့အား အမှန်ပင် ပြဿနာရှာ‌ဝံ့ပေသည်။ ရှက်ရွံ့မှုများသည် သူ၏သွယ်လျလျ မျက်နှာတစ်ခုလုံး ပျံ့နှံ့နေတော့သည်။ “မင်းတို့ကောင်တွေ ဒီသခင်လေးရဲ့ စီးတော်မြင်းကို ထိရဲတယ်ပေါ့။ ဒီသခင်လေးက ဘယ်သူလဲ သိကြလား”

လူသုံးဦး၏ စတင်တိုက်ခိုက်တော့မည့် အခြေအနေကို ကြည့်ကာ ယိုကျင့်တစ်ယောက် အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ ရေမကူးတတ်သည့်သူသည် လူကယ်ဆယ်ရန် ရေထဲသို့ အတင်းတိုး၀င်နေခြင်းပင် ဖြစ်သည်။ ယိုကျင့်သည် ညီအစ်မနှစ်ယောက်အား စုလိုက်ကာ တီးတိုးပြောလိုက်သည်။

“ယိုရင် ယိုကျူးကိုခေါ်ပြီး အနောက်ဘက်ကနေပတ်သွား ပြီးရင် အိမ်ပြန်တော့”

“မမကြီး” ယိုရင်နှင့် ယိုကျူးတို့မှာ ထိတ်လန့်သွားခဲ့ရသည်။ ဘာကိုဆိုလိုချင်တာလဲ။ ငါတို့နှစ်ယောက်ကို လွှတ်ပေးပြီး သူကျတော့ရော…

ယိုကျင့်သည် ခေါင်းရမ်းပြလိုက်သည်။

“အဆင်ပြေတယ် အရင်သွားနှင့်လိုက် ပြီးတော့ မင်းတို့မမကြီးဆီမှာလည်း ဓားပါပါတယ်” ထို့နောက် သူမ၏ခါးကြား၌ ထိုးထားသော သုံးလက်မကြီးမားသည့် ဓားမကို ဆွဲထုတ်လိုက်လေသည်။ “စိတ်မပူနဲ့ အစ်မမှာ လက်နက်ရှိတယ်။ သူတို့ဆီမှာ ဘာမှမရှိဘူး။ အစ်မ မရှုံးနိုင်ပါဘူး”

ညီမနှစ်ယောက်အား ဖျောင်းဖျပြီးနောက် အဝေးပို့လိုက်လေသည်။ ပုံရိပ်လေးနှစ်‌ခု ပျောက်ကွယ်သွားပြီးနောက်တွင် ယိုကျင့်သည် တွန်းကြိတ်ခံနေရသော လူငယ်လေးဆီသို့ လှည့်ကြည့်လိုက်လေသည်။ “မြင်းပေါ်မှာသာ မဟုတ်ရင် အဲ့ကောင် နဂိုကတည်းက လျှောနေလောက်ပြီမလား”

သူမသည် တည့်တည့်မတ်မတ် တန်းသွားလိုက်သည်။ အခြားသူများ၏အာရုံ မရခင်၌ ယိုကျင့်သည် နောက်ဆုံးမှ ရပ်နေသည့်လူကို ပခုံးမှဆွဲကာ မှောက်ချလိုက်သည်။ နောက်တစ်ယောက်အား ၀မ်းဗိုက်သို့ လက်သီးဖြင့် ထိုးချလိုက်သည်။ သူမသည် သူမ၏ကိုယ်ပိုင်အားကို ဆယ်ရာခိုင်နှုန်းမျှသာ သုံးထားသော်လည်း ထိုလူများမှာ အသံစူးများဖြင့် အော်ဟစ်နေကြသည်။ ကျန်ရစ်နေသည့် ခေါင်းဆောင်သည် ယိုကျင့်ကို လာရောက်တိုက်ခတ်တော့သည်။ ယိုကျင့်သည် ဟန်ပြတိုက်ခိုက်ဟန်ဆောင်ကာ ရှောင်လွှဲရင်း ဓားကို လည်ပင်းသို့ ထောက်လိုက်သည်။ သူမသည် အသက်ရှူရင်း လဲပြိုနေသည့် လမ်းသရဲသုံးယောက်ကို ကြည့်လိုက်သည်။ သူမ၏ခန္ဓာကိုယ် အားနည်းနေခြင်းကို အပြစ်တင်နိုင်ခဲ့ချေ။ ထိုလူများသာ သတိမလွတ်ခဲ့ပါက သူမအလွယ်တကူ အနိုင်ယူ၍ မဖြစ်နိုင်ချေ။

အသက်ဆယ်နှစ်ကျော်အရွယ် ပိန်ပိန်ပါးပါး မိန်းကလေးသည် လူထွားကြီးသုံးယောက်အား တခဏအတွင်း မှောက်လဲပစ်နိုင်မည်ဟု မည်သူမျှ မမျှောလင့်ထားခဲ့ပေ။ ရှောင်လင်ဖုန်းသည်ပင် မြင်းပေါ်၌ထိုင်ကာ ပါးစပ်‌အဟောင်းသားဖြင့် တည်ကြည်သည့်ပုံရိပ်ကို မထိန်းသိမ်းနိုင်တော့ပေ။

“အဲ့ကလေးမက အဲ့လောက် သန်တာလား”

“ကလေးမ မဟုတ်ဘူး။ သူရဲကောင်းမလေး ငါတို့ကိုခွင့်လွှတ်ပေးပါ” ယိုကျင့်၏ ဓားနှင့် ထောက်ထားသော ခေါင်းဆောင်သည် လည်ပင်းပေါ်မှ ချွန်ထက်စူးရှနေသော အရာကို ခံစားမိသောကြောင့် မကြောက်ရွံ့ဘဲ မနေနိုင်ချေ။ “သူရဲကောင်းမလေး မိန်းကလေး ငါတို့ မှားသွားပါတယ်။ မျက်လုံးရှိပေမဲ့ ကိုယ့်နေရာကို မမြင်ခဲ့ဘူး။ မင်းက သဘောထားကြီးတဲ့လူပဲလေ။ ငါတို့ကို လွှတ်ပေးပါလား”

ကျန်သည့်နှစ်ယောက်တွင် မြေပြင်၌လှဲချခံရသောသူသည် ဗိုက်ကိုထိုးခံရသော လူအား ကူတွဲထားလေသည်။ ထိုကလေးမလေးမှ သူတို့အား လဲဖြိုနိုင်မည်ဟု မထင်ထားခဲ့ချေ။ ခေါင်းဆောင်ဖြစ်သူ၏ လည်ပင်းမှ ဓားကိုမြင်သောအခါ သူတို့နှစ်ဦးမှာ အကြပ်ရိုက်သွားကြတော့သည်။

အခြေအနေပြောင်းလဲသွားသည်ကို မြင်သည်နှင့် မြင်းပေါ်ရှိ ရှောင်လင်ဖုန်းသည် အောက်သို့ ဆင်းလာကာ မြေကြီးပေါ်ရှိ အသံမထွက်သည့် တစ်ယောက်ကို ပိတ်ကန်လိုက်တော့သည်။

“အော်လေ။ မင်းတို့အသံတွေက တအားကျယ်တာ မဟုတ်ဘူးလား။ အခုကျအသံမထွက်တော့ဘူးလား။ ခွေးစုတ်တွေ။ ငါ့ရှေ့မှာလာဟောင်ရဲသေးတယ်။ ခံသင့်တယ်”

ယိုကျင့်သည် ကူကယ်ရာမဲ့စွာပြုံးရင်းဖြင့် ထိုလူငယ်လေးကို ကျေးဇူးတင်လိုက်သည်။ “ကျွန်မတို့ကို ကူညီပေးလို့ သခင်လေးကို ကျေးဇူးတင်ပါတယ်”

ကြည့်ရှုသူအများစုသည် ထိုပြဿနာကို ဖြေရှင်းသူမှာ ဆီးချိုရည်ရောင်းသည့် စုမိသားစုမှ မိန်းကလေးဖြစ်မှန်း သိကြပေသည်။

ယိုကျင့်ပြောသည်ကို ကြားသည့်အခါ သူတို့၏စိတ်နှလုံး၌ အော်ဟစ်ညည်းညူကြတော့သည်။

“စုမိန်းကလေး မင်းက တအား ကြင်နာတတ်တာလား။ အဲ့ခပ်တုံးတုံး သခင်လေးကို ကယ်လိုက်တဲ့သူက မင်းပဲလေ ဟုတ်ပြီလား”

သို့သော် ရှောင်လင်ဖုန်းသည် ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်ကာ ယိုကျင့်၏ကျေးဇူးတင်မှုကို လက်ခံလိုက်သည်။

“နည်းနည်းပါးပါးပါ ဒီသခင်လေးဖို့ ဆီးချိုရည်တစ်ခွက်သွားပြင်ပေး” ရှောင်လင်ဖုန်းသည် တစ်နေ့က သူ၏စာသင်ကူလေး ၀ယ်လာသည့် ဆီးချိုရည်ကို အရသာတွေ့ကာ ယနေ့ လာရောက်၀ယ်ယူခြင်း ဖြစ်ပုံရသည်။ သူသည်လည်း အဆောင်၌ ပျင်းနေသောကြောင့် လမ်းပေါ်သို့ ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် သူသည် ထိုအဖြစ်အပျက်နှင့် တည့်တည့်တိုးရခြင်းဖြစ်သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset