YMR- အခန်း ၁၉၅

အခန်း(၁၉၅)

သူတို့အားလုံး နောက်ကျနေပြီ

မနေ့တုန်းက နှင်းများသည်းထန်စွာ ကျဆင်းသောကြောင့် မြေကြီးက ငွေရောင်များ ဖွေးဖွေးလှုပ်နေပြီး မြေပြင်၌ နှင်းအလွွှာထုများ ဖုံးလွှမ်းနေလေ၏။ ယခုက ဇွန်လရောက်နေပြီဖြစ်သည်။ သို့သော် ဒီဇင်ဘာတမျှ အေးစက်နေလေ၏။ တိတိကျကျဆိုရလျှင် အရှေ့မြောက် တရုတ်ရှိ ဒီဇင်ဘာကဲ့သို့ အေးခဲနေတာဖြစ်သည်။ တရုတ်အနောက်တောင်သည် ကုန်းတွင်းပိုင်းဒေသဖြစ်ပြီး ၎င်း၏အပူချိန်သည် အတိတ်တုန်းက သုံညဒီကရီ စင်တီဂရိတ်အောက် တစ်ခါမျှ မကျဖူးပေ။ သို့သော် ယခုအပူချိန်သည် ယခင်ကထက် ပိုလျော့လာ၏။

“ဇွန်လမှာ နှင်းကျနေတယ်။ ကြောက်ဖို့ကောင်းလိုက်တာ”

လုဟိုက်ရွှမ်၏ မိခင်နှင့်အဖိုးသည် တရုတ်နိုင်ငံ အရှေ့မြောက်အရပ်မှ လာတာဖြစ်သည်။ သို့သော် ရာသီဥတုက သူတို့တောင် ခံနိုင်ရည်မရှိလောက်အောင် အေးလွန်းနေလေရာ အနောက်တောင်ရှိ ဒေသခံများဆို ပိုဆိုးပေ၏။ ဆောင်းရာသီ အနွေးဝတ်ကို တင်းကြပ်စွာ ဝတ်ထားလျှက် မစ္စတာချန်က လုဟိုက်ရွှမ် သူ့အားပေးသည့် စီးကရက်ကို မီးညှိလိုက်သည်။ သူ၏မျက်နှာက သုန်မှုန်နေ၏။ ချန်းဘေးတွင်ရပ်လျှက် လက်ဖက်ရည်အိုးကို ကိုင်ထားသော ကျန်းထန်လုံက ပြန်ပြောလိုက်၏။

“ဟုတ်တယ် မင်းသိတဲ့အတိုင်း လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်တုန်းက နှင်းကျတာကို အကြိမ်ရေ အနည်းငယ်ပဲ တွေ့ခဲ့တာ။ နှင်းဖွဲဖွဲလေးပဲကျတာ။ ဒါပေမဲ့ အခုတော့ နွေရာသီမှာ နှင်းတွေပြင်းပြင်းထန်ထန် ကျနေတယ်”

နှင်းသည် အနောက်တောင်အရပ်တွင် ရှားပါးလှသည်။ နှင်းကျချိန်သည် နည်းပါးပြီး တိုတောင်း၏။ သက်ကြီးရွယ်အိုများကတောင် ထိုကဲ့သို့ နှင်းပြင်းထန်စွာ ကျတာကို ယခင်က တစ်ခါမှ မတွေ့ဖူးပေ။

“အဖေ ဘာလုပ်နေတာလဲ။ တံခါးပိတ်လိုက်လေ လေအေးတွေ အထဲဝင်နေတာ။ ချန်းချန်းအအေးမိလိမ့်မယ်”

လုဟိုက်ရွှမ်၏ မိခင်က ပြောပြောဆိုဆိုနှင့် တံခါးပိတ်ရန် သွားလိုက်၏။ အိမ်ထဲမှ အနွေးပေးစက်များ ရှိသော်ငြား တံခါးဖွင့်ထားချိန်တွင် အပူချိန်က လျော့ကျသွား၏။

“ချန်းချန်းက ထနေပြီလား”

လူကြီးများ အများစုတောင် အိပ်ယာထဲ လှဲနေသေးတာကို တွေ့မိပြီး ချန်းချန်း စောစောထသောကြောင့် သူတို့ အံ့သြသွား၏။

“ဟုတ်တယ် သူထပြီ။ သူက ဧည့်ခန်းထဲမှာ ချန်းနဲ့ဆော့နေတာ”

လူကြီးသုံးယောက်က ဧည့်ခန်းထဲသို့ လျှောက်သွားလိုက်ရာ ချန်းချန်းသည် ဆိုဖာပေါ်တွင် ထိုင်လျှက် ယွင်ချန်းနှင့် တက်ပလက်ကစားနေတာကို တွေ့လိုက်ရသည်။ တက်ပလက်ကို အာရုံစိုက်နေပြီး ချန်းချန်းရော ယွင်ချန်းကပါ သူတို့ဝင်လာတာကို သတိမပြုမိပေ။ ယွင်ယောင်က မီးဖိုချောင်ထဲကနေ ထွက်လာပြီးနောက် သူမ၏သားကို ပြောလိုက်၏။

“ချန်းချန်း သားဦးလေးကို နှောက်ယှက်တာ ရပ်လိုက်တော့။ လက်သွားဆေး မနက်စာ စားကြမယ်”

သူမက ယွင်ချန်းဘက်လှည့်ပြီး ဆက်ပြောလိုက်သည်။

“ဘေးအခန်းကိုသွားခေါ် မနက်စာစားဖို့ သူတို့ကို ထွက်လာခိုင်းလိုက်”

“ဟုတ်”

ချန်းချန်းနှင့် ယွင်ချန်းတို့က တဆက်ထဲ တုန့်ပြန်လိုက်သည်။ ချန်းချန်းက ရေချိုးခန်းထဲ ပြေးသွားပြီး ခုံပုလေးကို ဆွဲထုတ်ကာ ခုံပေါ်တက်ရပ်ပြီး လက်ဆေးလိုက်၏။ ယွင်ချန်းကမူ စားပွဲပေါ်ရှိဖုန်းကို ကောက်ကိုင်ပြီးနောက် နံပါတ်နှိပ်လိုက်၏။

ဖုန်းကိုင်ပြီးနောက် ယွင်ချန်းက သူ့အစ်မကို ပြောလိုက်သည်။

“အစ်ကိုမင်ရွှမ်က တစ်မိနစ်အတွင်း ဒီကိုရောက်မယ်လို့ပြောတယ်။ ဒါပေမဲ့ ချဲ့နဲ့အစ်ကိုရှင်းက အိပ်ယာထဲမှာ ရှိသေးတယ်”

“သိပြီ ယဲ့ဟန်ကိုသွားခေါ်”

ယွင်ချန်းထရပ်တော့မည့် အချိန်တွင် လန်ယဲ့ဟန်က အောက်သို့ဆင်းလာပြီးဖြစ်တာကို သူတွေ့လိုက်ရ၏။ တောက်ပသော အပြုံးများဖြင့် သူက နှုတ်ဆက်လိုက်သည်။

“မင်္ဂလာနံနက်ခင်းပါ ယဲ့ဟန်”

“Good Morning အောက်မဆင်းခင် ကိုယ့်ကိုဘာလို့ မစောင့်တာလဲ”

လန်ယဲ့ဟန်က လျှောက်လာပြီး ချန်း၏နဖူးပေါ်က ဆံပင်ကို ဘေးသို့ဆွဲတင်ပေးပြီးနောက် သူ့ဘေးတွင် ထိုင်လိုက်သည်။ ညစဉ်ညတိုင်း ယွင်ချန်းကို ပွေ့ဖက်ထားပြီး အိပ်နေစဉ် သူက မနက်ခင်း၌ ဖြောင့်မတ်မှုတစ်ခု အမြဲတမ်း ကြုံတွေ့နေရ၏။ ယခုမနက်သည်လည်း ချွင်းချက်မဟုတ်ပေ။ သူ၏အိပ်ယာကို သူကိုယ်တိုင် ဖြေရှင်းရန် သန့်စင်ခန်းသို့ မသွားခင် သူက အိပ်ယာထဲတွင် စောင့်ခိုင်းခဲ့၏။ သို့သော်သူ ရေချိုးခန်းထဲကနေ ထွက်လာချိန်တွင် ယွင်ချန်းက မရှိတော့ပေ။ ယွင်ချန်း၏ ဉာဏ်ရည်နှင့် ဗဟုသုတတို့က လတ်တလော၌ တိုးလာ၏။ ယခင်ကထက် သူ၏အတွေးများက ပိုမိုလွတ်လပ်လာ၏။

“ငါဂိမ်းဆော့ဖို့ အောက်ဆင်းလာတာ”

ညစ်ကျယ်ကျယ် အပြုံးဖြင့် ယွင်ချန်းက တက်ပလက်ကိုဆုပ်ကိုင်ပြီး လန်ယဲ့ဟန်ဆီ ဝှေ့ယမ်းပြလိုက်သည်။ ကျန်သည့်သူများနှင့်မတူ အပြင်ဘက်တွင် မည်မျှအေးစေကာမူ သူမခံစားမိပေ။ နေထွက်လာလျှင် သူက အိပ်ယာထဲက ထွက်ချင်ရုံသာဖြစ်သည်။

“မနက်စာ စားကြရအောင် ပြီးမှမင်းအတွက် လက်သည်းညှပ်ပေးမယ်”

လန်ယဲ့ဟန်သည် သူ၏လက်သည်းများကို စစ်ဆေးရန် လက်ကို ဆုပ်ကိုင်လိုက်သည်။ တစ်ညသာ ရှိသေးသော်ငြား သူ၏လက်သည်းများက ရှည်နေပြီဖြစ်သည်။

“အင်းအင်း သွားလေ သစ်သီးနည်းနည်း စားလိုက်မယ်”

ခေါင်းတစ်ချက် ညိမ့်ပြီးနောက် ယွင်ချန်းသည် အနီရောင် သစ်သီးတစ်လုံးကို ယူလျှက် တစ်ကိုက် ကိုက်လိုက်၏။ စားပွဲပေါ်တွင် ဟေးယွီနှင့် ချန်းချန်းတို့က မနေ့ နေ့လည်၌ နယ်မြေစွမ်းအားထဲ၌ ခူးထားသည့် သစ်သီးမျိုးစုံက ရှိနေလေ၏။ ရေခဲသေတ္တာထဲ၌ သစ်သီးအချို့ကို သိမ်းထားပြီး ယွင်ချဲ့၊ မုန့်ရွှီနှင့် ချန်းချန်း၏ နယ်မြေထဲတွင်လည်း သိမ်းထား၏။ ချူးဟောက်လင်းကတောင် သူ၏နယ်မြေထဲတွင် တချို့တလေကို သိမ်းထားသည်။

“ရှင်းချန်နဲ့ ကျန်းချန်က အိပ်နေသေးတုန်းလား”

“ယွင်ယောင်က လန်ယဲ့ဟန်ကို စပ်စပ်စုစု မေးလိုက်၏။ ဒီမြို့သားတွေ ဘယ်အချိန်ထဖို့ စီစဉ်ထားလဲ။ နောက်ကျနေပြီလေ”

“သူတို့ဗိုက်ဆာရင် အောက်ဆင်းလာပါလိမ့်မယ်”

လန်ယဲ့ဟန်သည် ယွင်ချန်းနှင့်ဆို စကားများ၏။ သို့သော် ယွင်ယောင်အပါအဝင် ကျန်သည့်သူများနှင့်ဆို အမြဲတမ်း တိတ်နေတတ်သည်။

ထိုစကားကို ကြားသောအခါ လူကြီးများက မနက်စာသွားစားနှင့်၏။ ယွင်ယောင်သည် သူမ၏သားကို ဆန်ပြုတ်တစ်ပန်းကန်နှင့် ပေါက်စီနှစ်လုံး ပေးပြီးနောက် ထိုင်စားခိုင်းလိုက်သည်။

တတိယအလွှာရှိ အိပ်ခန်းထဲတွင် ယဲ့ရှင်းချန်းက နိုးနေပြီဖြစ်၏။ သို့သော် ကျန်းရှန်က ထဖို့ငြင်းနေသည်။ သူက ယဲ့ရှင်းချန်ကို ဖက်တွယ်ထားကာ ခြေတစ်ဖက် ချိတ်ထား၏။ အမျိုးသား၏ ခန္ဓာကိုယ် အောက်ပိုင်းရှိ ထိုအရာက နိုးထနေပြီဖြစ်ရာ သူ၏ခါးကို ထောက်ထားတော့သည်။

“စီနီယာ”

မျက်လုံးမဖွင့်ဘဲ ကျန်းရှန်သည် ယဲ့ရှင်းချန်၏ လည်ပင်းကို သူ၏ခေါင်းနှင့် ပွတ်သပ်နေပြီး ကျန်းရှန်၏ ညဝတ်အင်္ကျီများအောက် လက်သွင်းကာ ချပ်ရပ်နေသော ဝမ်းဗိုက်ကို ပွတ်သပ်လိုက်သည်။ သူက လက်ကို အထက်သို့ရွေ့ရန် ကြိုးစားချိန်တွင် ယဲ့ရှင်းချန်က သူ့လက်ကိုဆုပ်ကိုင်ပြီး သတိပေးလိုက်၏။

“တော်လောက်ပြီ ဆက်ရှုပ်နေမယ်ဆိုရင် ငါဒေါသထွက်ရလိမ့်မယ်”

ကျန်းရှန်က ခဏတာ ရပ်တန့်သွားပြီးနောက် သူ၏လည်ပင်းကို တတိတိကိုက်ကာ ရေရွတ်ပြောလိုက်သည်။

“ကျွန်တော် ထပ်မရှုပ်တော့ဘူး”

လည်ပင်းပေါ်၌ ပန်းရောင်အနမ်းရာက ပေါ်လာ၏။ သို့သော် ကျန်းရှန်က မကျေမချမ်း ဖြစ်နေသေးသည်။

“မင်းကိုအရာတွေ မချန်ဖို့ ပြောပြီးသားလေ”

သွားရာကို ပွတ်သပ်လျှက် ယဲ့ရှင်းချန်ကသူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ထိုလူက သူ့ကိုယ်ပေါ်၌ ဝံပုလွေတစ်ကောင်သည် ၎င်း၏နယ်မြေကို အမှတ်အသား ပြုလုပ်နေသည့်ပမာ သူ့ကိုယ်ပေါ်၌ အမှတ်အသားများ ချန်ရတာကို အမြဲတမ်း နှစ်သက်သည်။

“ရှင်းချန်း ခင်ဗျားက ကျွန်တော်အပိုင်”

သူ၏ဒေါသထွက်နေသော အကြည့်ကို လျစ်လျူရှု့လျှက် ကျန်းရှန်က မျက်တောင်ခတ်ကာ ခေါင်းမာပြီး ကလူကျီစယ်သော လေသံဖြင့် ပြောလိုက်၏။ ရှင်းချန်က သူ့အပိုင်ဖြစ်၏။ ထို့ကြောင့် ရှင်းချန်ကို အမှတ်အသား ပေးပိုင်ခွင့်ရှိသည်။ သူ၏သွင်ပြင်က သိမ်မွေ့သော်ငြား သူက ပိုင်ဆိုင်လိုစိတ် ပြင်းပြသည့် အမျိုးသားတစ်ယောက်ဖြစ်သည်။

“ထဖို့အချိန်ရောက်ပြီ”

ကျန်းရှန်၏ ထူးဆန်းသော သဘောတရားကို နားမလည်ဘဲ ယဲ့ရှင်းချန်က သူနှင့်မငြင်းတော့ပေ။ စောင်ကိုဆွဲကာ ထရန်ကြိုးစားလိုက်၏။ သို့သော် ကျန်းရှန်ကသူ့ကို ပြန်ဆွဲထား၏။ သူမတုန့်ပြန်နိုင်သေးခင် ကျန်းရှန်ကသူ့ကိုယ်ပေါ် လိမ့်တက်လာပြီး သူ့နှုတ်ခမ်းကို နမ်းရှိုက်လိုက်၏။

“အင်း”

ဖြစ်ပျက်သွားတာက သိပ်မြန်ဆန်သည်။ ယဲ့ရှင်းချန် မတုန့်ပြန်နိုင်သေးခင် ကျန်းရှန်က ယဲ့ရှင်းချန်၏ ခံတွင်းထဲ လျှာကိုတွန်းထုတ်လိုက်၏။ အနမ်းကို လျှာဖြင့်ခုခံနေစဉ် ယဲ့ရှင်းဟန်က ကျန်းရှန်၏ပုခုံးကို ဆုပ်ကိုင်လျှက် တစ်ဖက်သူကို တွန်းထုတ်ရန် ကြိုးစားနေသည်။ သို့သော် ကျန်းရှန်က အိပ်ယာထဲတွင် အမြဲတမ်း ကြမ်းတမ်းသည်။ သူသာ ယဲ့ရှင်းချန်၏ လျှာကို သူ၏နှုတ်ခမ်းတို့ဖြင့် ထွေးပွေ့ကာ စုပ်ယူလျှက် တစ်ဖက်သူကို ထုံကျင်ပြီး နာကျင်မှုကို ခံစားသွားရစေသည်။

“အင်း”

သူကျန်းရှန်ကို မခုခံနိုင်မှန်းသိပြီး ယဲ့ရှင်းချန်က တဖြည်းဖြည်းချင်း လက်လျော့လိုက်၏။ ယဲ့ရှင်းချန်ကြောင့် ပျော်ဝင်ပြီး ကျန်းရှန်က သူ၏ပုခုံးတို့ကိုမှီလျှက် တတိတိ ကိုက်နေလေ၏။ တစ်ဖက်တွင်မူ ကျန်းရှန်က သူ၏ ညဝတ်အင်္ကျီကို ကြယ်သီးဖြုတ်လျှက် သူ၏ခန္ဓာကိုယ်ကို ပွတ်သပ်နေသည်။

ကိစ္စများက တဖြည်းဖြည်းချင်း ထိန်းချုပ်မှု ကင်းမဲ့သွားသည်။ အပြင်ဘက်တွင် နှင်းကျနေ၏။ သို့သော် အတွင်း၌ ပူလောင်နေသည်။ နှစ်ယောက်သားက ပြင်းပြစွာ ဆက်ဆံပြီးနောက် တစ်နာရီကျော် ကုန်လွန်သွားသည်။ အိပ်ယာထဲတွင် လှဲနေစဉ် ယဲ့ရှင်းချန်းက လက်ချောင်းများ လှုပ်ဖို့တောင် မောပန်းနွမ်းနယ်နေပြီဖြစ်သည်။ တစ်ဖက်တွင်မူ ကျန်းရှန်က ကျေနပ်အားရစွာ ပြုံးနေ၏။

“ငါတို့မနေ့ညက နှစ်ကြိမ်လုပ်ခဲ့တာ။ အခုထပ်လုပ်ပြန်ပြီ အနှေးနဲ့အမြန် မင်းငါ့ကို ငြီးငွေ့တော့မှာပဲ”

ယဲ့ရှင်းချန်က လှည့်လာပြီး သူ၏ခန္ဓာကိုယ်ထဲက တစ်စုံတစ်ခု စီးကျလာ၏။

“ကွန်ဒုံးမဝတ်ဘဲနဲ့ ထပ်ဝင်ပြန်ပြီလား”

သူ၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။ ကွန်ဒုံးမဝတ်ဘဲ ချစ်မှုရေးရာ ပြုလုပ်ပြီးနောက် အရှုပ်အထွေးများကို သန့်ရှင်းရသည်က ဒုက္ခများသည်။ တိတိကျကျဆိုရလျှင် ယင်းက ရှက်စရာကောင်း၏။ ထို့ကြောင့်သူသည် ကျန်းရှန်ကို ကွန်ဒုံးဝတ်ကိုဝတ်ရမည်ဟု အစောကတည်းက ပြောခဲ့တာဖြစ်သည်။

မျက်တောင်ခတ်လျှက် ကျန်းရှန်သည် အိပ်ယာဘေးရှိ သေတ္တာအလွတ်ကိုယူကာ အပြစ်ရှိသော လေသံဖြင့် ပြောလိုက်သည်။

“ကျွန်တော်တို့ ကွန်ဒုံးကုန်နေတာလေ ဒါကျွန်တော့်အမှားမဟုတ်ဘူး”

“ ”

ဒါမင်းအမှား မဟုတ်ဘူးလား။ ကွန်ဒုံးမရှိမှန်းသိရင် ဘာကြောင့်လုပ်သေးလဲ။

ယဲ့ရှင်းချန်က မကျေမချမ်းဖြင့် မျက်စောင်းထိုးလိုက်သည်။ သို့သော် ထိုအပြစ်ကင်းသည့် မျက်နှာလှလှလေးကို ဒေါသများ ပေါက်ကွဲထွက်နိုင်သည့် နှလုံးသားမရှိပေ။ ခဏကြာပြီးနောက် သူသည် ကျန်းရှန်၏လည်တိုင်ကို ဖက်တွယ်ကာ ပြောလိုက်တော့၏။

“ငါ့ကိုရေချိုးခန်းခေါ်သွားပေး”

ယဲ့ရှင်းချန်သည် ရံဖန်ရံခါ၌ ဒေါသထွက်သည့်ပမာ ပြုမူသော်ငြား ကျန်းရှန်ကို တစ်ခါမှ စိတ်မလွတ်သွားပေ။ ထိုအကြောင်းအရင်းကြောင့် ကျန်းရှန်က အလိုလိုက်ခံလိုက်ရပြီး အိပ်ယာထဲတွင် ရန်လိုတာဖြစ်နိုင်သည်။

“ပြဿနာမရှိဘူး”

ကျန်းရှန်၏ ညင်သာသော ခံစားချက်သည် ချက်ချင်းပျောက်ကွယ်သွားပြီး ယဲ့ရှင်းချန်ကို ပွေ့သယ်လိုက်၏။ သူ၏ဗလာကျင်းနေသော ရင်ဘက်ကို စိုက်ကြည့်ပြီး ယဲ့ရှင်းချန်က အမြန်ပြောလိုက်သည်။

“မင်းထပ်လုပ်လို့မရဘူး”

သူ၏အတွေ့အကြုံအရ သူတို့ရေချိုးခန်းထဲ အတူသွားခဲ့မယ်ဆိုလျှင် ရေချိုးနေစဉ် သူတို့ အမြဲတမ်း ဆင်နွဲလောက်သည်။

“အာမမခံဘူး ခင်ဗျားကသိပ်ကို ဆွဲဆောင်မှုရှိလွန်းတာ”

ကျန်းရှန်က မျက်မှောင်ကျုံ့လျှက် သူ့ကိုယဲ့ရှင်းချန် ဆွဲဆောင်နေခြင်းကြောင့် အပြစ်တင်နေသည့်ပမာ ပြောနေ၏။ ယင်းက ယဲ့ရှင်းချန်ကို ဒေါသထွက်သွားစေသည်။ ၎င်းက မတရားပေ။ သူသည် ကျန်းရှန်ကို ဆွဲဆောင်ရန် မည်သည့်အခါကမှ မကြိုးစားခဲ့ပေ။ ကျန်းရှန်ကသာ သူ့ကိုအချိန်တိုင်း ခုန်အုပ်နေရုံသာရှိသည်။

“ကျွန်တော်ခင်ဗျားကို သဘောကျတယ်စီနီယာ။ ခင်ဗျားက ဆွဲဆောင်နိုင်လွန်းတယ်။ ခင်ဗျားက ကျွန်တော်အပိုင်ပဲ”

သူ၏မျက်နှာပေါ်ရှိ ဒေါသအကြည့်ကို သတိပြုမိပြီး ကျန်းရှန်က ပါးကိုဆက်ကနဲနမ်းပြီးနောက် ရေချိုးခန်းထဲ ပွေ့သယ်သွားလိုက်သည်။ ရေချိုးခန်းထဲတွင် သူတို့ ထပ်လုပ်မလုပ် မည်သူမှ မသိကြပေ။ မည်သည့်နည်းနှင့်မဆို သူတို့က တစ်မနက်လုံး အောက်ထပ် မဆင်းခဲ့ပေ။

“အင်း”

သူတို့က ယနေ့နံနက်တွင် ထပ်တလဲလဲ ဆက်ဆံပြီး အိပ်ရသည့်နေ့သည် တစ်ဦးတည်းသောအတွဲ မဟုတ်ပေ။

အခန်းကြီးထဲ၌ ချစ်မှုရေးရာ အငွေ့အသက်များဖြင့် ပြည့်နေစဉ် ယွင်ချဲ့က ရှင်းဖုန်း၏ ခန္ဓာကိုယ် အောက်ပိုင်းပေါ်၌ထိုင်လျှက် သာယာသည့် ညဉ်းသံသဲ့သဲ့ ထွက်ပေါ်နေသည်။ သူ၏တောင့်တင်းသော ခန္ဓာက်ိုယ်က ပြေလျော့လာပြီး ရှင်းဖုန်း၏ရင်ဘက်ပေါ် မှီလိုက်၏။ ရာသီဥတုက အေးနေသည့်တိုင် သူတို့နှစ်ယောက်လုံး ချွေးထွက်နေသည်။ သူ့အောက်တွင် လှဲနေစဉ် ရှင်းဖုန်းက သူ့ခါးကိုဖက်ထားလျှက် သူတို့ပေါ် စောင်ခြုံပေးလိုက်သည်။

“အင်း”

အချိန်အတော်ကြာ အနားယူပြီးနောက် ယွင်ချဲ့က ရှင်းဖုန်းပေါ်တွင် လှည့်လိုက်သည်။ သူသည် ကုတင်ဘေးရှိ စီးကရက်တစ်လိပ်ကိုယူကာ မီးညှိလိုက်၏။ ရှင်းဖုန်းသည် ကွန်ဒုံးကိုဖယ်ပြီးနောက် လက်ဆေးရန် ရေချိုးခန်းထဲ သွားလိုက်သည်။ သူပြန်ရောက်လာချိန်တွင် သူ၏အသည်းလေး ဆေးလိပ်သောက်နေတာကို မြင်သောအခါ ပြုံးလျှက် ယွင်ချဲ့ကိုဖက်ရန် အိပ်ယာပေါ်တွယ်တက်ကာ ယွင်ချဲ့လက်ထဲရှိ စီးကရက်ကိုယူပြီး သောက်လိုက်၏။

“ခင်ဗျားဗိုက်ဆာနေတာလား ခင်ဗျားအတွက် မနက်စာချက်ပေးမယ်”

ရှင်းဖုန်းသည် ယွင်ချဲ့လောက် စီးကရက်ကို မစွဲလမ်းပေ။ သူက တစ်ဖွာ ဖွာပြီးနောက် ယွင်ချဲ့ကို စီးကရက် ပြန်ပေးလိုက်၏။ ပြီးနောက်သူ့ဘေးတွင်လှဲကာ ယွင်ချဲ့၏ပါးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

“မဟုတ်ဘူး ဗိုက်မဆာဘူး မကြာခင် အလုပ်များလောက်မယ်။ ငါ့အထင် ဝမ်ရန်က ခင်ဗျားကို မကြာခင်မှာ လိုအပ်လိမ့်မယ်”

အစောတုန်းက ဆက်ဆံမှုကြောင့် သူ၏အသံသည် အက်ကွဲကာ ဆွဲဆောင်မှုရှိပြီး ညို့ငင်နိုင်၏။ ရှင်းဖုန်းက သူထပ်ပြီး နိုးဆွဲခံလိုက်ရသလို ခံစားနေရသည်။ သူတို့စတင် ဆက်ဆံချိန်မှစပြီး သူစွဲလမ်းလာသည်မှာ သူ့ကိုယ်သူပင် အံ့သြရသည်။ သူတွေးထင်ထားသည်ထက် ယွင်ချဲ့ကို ပိုချစ်မိနေကြောင်း သဘောပေါက်သွား၏။

“မနေ့တုန်းက အပိုင်းအက်ဖ်ကို အအေးဒဏ်ခံ ရိက္ခာတွေပို့ပေးဖို့ ပြောပြီးသား။ အခုကိစ္စတွေက သိပ်မဆိုးလှဘူး။ မင်းဗိုက်မဆာဘူးဆိုရင် နည်းနည်း ထပ်အိပ်ကြရအောင်”

ထိုသို့ပြောပြီးနောက် ရှင်းဖုန်းကလှည့်လျှက် သူ့ကိုဆွဲယူကာ ပွေ့ဖက်လိုက်သည်။ ယခုအချိန်တွင် စစ်တပ်ကိစ္စများကို ဘေးချိတ်ရန် ဆုံးဖြတ်ထားပြီးသားဖြစ်၏။ မနေ့တုန်းက ဝေ့ခမ်းသည် ယနေ့ ဓာတ်ခွဲခန်းကို လက်လွှဲပေးမည်ဟု သဘောတူခဲ့သည်။ သို့သော် အစီအစဉ်ဖယ်ရှားခံရမည်ဟု ယုံကြည်သည်။ ယခုအချိန်တွင် ဝေ့ခမ်းရော မော့ဝမ်ရန်ကပါ ဓာတ်ခွဲခန်းအတွက် ဆောင်ရွက်နိုင်မှာမဟုတ်ပေ။

“အင်း အင်း နည်းနည်းထပ်အိပ်ကြရအောင်”

စီးကရက်ကို ဘေးချပြီး ပြာခွက်ထဲ ထည့်ပြီးနောက် ယွင်ချဲ့က ရှင်းဖုန်း၏ ပွေ့ဖက်မှုထဲ တိုးဝင်လိုက်သည်။ မျက်လုံးပိတ်ပြီး မကြာမီ၌ အိပ်ပျော်သွား၏။ အမျိုးသားနှစ်ယောက်အတွက် ချစ်ခင်ခြင်းသည် စွမ်းအင်ကုန်ဆုံးသည့် လှုပ်ရှားမှုကြီးတစ်ရပ်ဖြစ်သည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset