အခန်း(၁၉၄)
ဖူကျိုရှီအကြီးစား
အပိုင်းစီးသည် စစ်တပ်အခြေစိုက် စခန်းနှင့် သူတို့၏ မိသားစုများက ခေါ်ဆောင်ထားသည့် စွမ်းအားရှင်များ နေထိုင်ရာနေရာဖြစ်ပြီး ထိပ်တန်းနှစ်ဆယ် အတွင်း၌ အဆင့်ဝင်သည့်သူများ သို့မဟုတ် အခြေစိုက်စခန်းထဲ၌ အကျိုးဆောင်ထားသည့် စွမ်းအားရှင်အဖွဲ့များ နေထိုင်ရာနေရာဖြစ်သည်။ အရှုံးသမားအဖွဲ့သည် ချောင်ရန်းနှင့် ထိပ်ဦးတို့အဖွဲ့တို့နှင့်ပေါင်းပြီး တာဝန်ထမ်းဆောင်ချိန်မှ စပြီးနောက် သူတို့သည် အချိန်အများစု၌ ထိပ်တန်းဆယ်နေရာကို ဝင်နိုင်ခဲ့သည်။ လူအချို့က သူတို့တာဝန်များကို တမင်တကာ အဖျက်အမှောက် လုပ်သောကြောင့် သူတို့သည် အဆင့်(၁၁)သို့ တစ်ခါကျသွားခဲ့ဖူးသည်။ သို့သော် အဆင့်(၈)သို့ ပြန်တက်နိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူတို့က အပိုင်းစီးတွင် နေခွင့်ရ၏။
အခြေစိုက်စခန်းက နေရာထိုင်ခင်းကို အခမဲ့ပေးထားတာ မဟုတ်ပေ။ အပိုင်းတစ်ခု၌ နေရန် အရည်အချင်း ပြည့်မှီလျှင် အစိုးရက ရွေးချယ်ရန်အခန်းများ ထောက်ပံ့ပေး၏။ ဆန္ဒရှိသလောက် နေရာကျယ်ကြီးကို ရွေးချယ်နိုင်ပြီး လစဉ်လတိုင်း ငှားရမ်းပေးရမည်။ အပိုင်းစီးက လူမထူထပ်ပေ။ အရှုံးသမားအဖွဲ့က ကောင်းစွာနေထိုင်နိုင်၏။ လင်းတ့ရှန်သည် သူ၏အဖွဲ့အတွက် တစ်ရာစတုရန်းမီတာခန့် ကျယ်ဝန်းသည့် ခြံဝင်းအသေးလေးတစ်ခုနှင့် ခုနှစ်ထပ်တိုက် အဆောက်အဦးတစ်ခု ငှားရမ်းထား၏။ ယင်းက နေထိုင်ရန်အတွက် နေရာကောင်းဖြစ်သည်။
“ကူ”
ညလယ်ခေါင်တွင် နှင်းများသည်းထန်စွာ ကျနေမှုဖြင့် ဧရာမ လင်းယုန်နှစ်ကောင်က ကောင်းကင်ကနေ ဆင်းသက်လာ၏။ ရှင်းဖုန်း၊ ယွင်ချဲ့နှင့် လင်းတ့ရှန်တို့က သူတို့နောက်ကျောပေါ်ကနေ ဆင်းလိုက်သည်။ ပြီးနောက် လင်းယုန်နှစ်ကောင်သည် ကောင်းကင်သို့ ပျံသန်းသွားကာ သူတို့အရွယ်အစားကို လျော့ချပြီးနောက် ထပ်မံပျံသန်းလျှက် ကန့်သတ်ထားသည့် နေရာဖြစ်သည့် ခြံဝင်းလေးထဲ၌ နေလိုက်သည်။ အဆောက်အဦး၏ ပထမအလွှာတွင် စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေကြသည့် သူများက စောင့်ဆိုင်းနေကြပြီး ဆူညံသံကြားပြီး အပြင်ဘက်အမြန် ထွက်လာ၏။
“တ့ရှန်”
“ခေါင်းဆောင်ယွင် ခေါင်းဆောင်ရှင်းလား”
လင်းတ့ရှန်၏ဇနီး ကျန့်မင်သည် သူမ၏ခင်ပွန်းကို နှုတ်ဆက်စကားဆိုရန် ရှေ့သို့ လျှောက်လာချိန်တွင် သူမနောက်မှလူက ခေါင်းဆောင်နှစ်ယောက်ကို တအံ့တသြခေါ်တာ ကြားလိုက်ရ၏။ ကျန့်မင်က ရပ်တန့်လိုက်ပြီး သူမခင်ပွန်းနှင့်အတူ ရောက်လာကာစ လူနှစ်ယောက်ကို မော့ကြည့်ပြီး သူမမျက်လုံးထဲ၌ အံ့သြမှုများ ပြည့်သွား၏။ ထိုလူနှစ်ယောက်က အလွန်ချောမောခန့်ညားသည်။ ပိုအရေးကြီးသည်က သူတို့နှစ်ယောက် အတူရပ်နေချိန်၌ ပြီးပြည့်စုံလောက်အောင် လိုက်ဖက်ညီနေတာပဲဖြစ်သည်။
သူမမျက်လုံးထဲရှိ စိတ်ပြင်းပြမှုသည် ယွင်ချဲ့ကို သူမူကြိုကျောင်းတွင် တွေ့ခဲ့သော ဖူကျိုရှီများအား အမှတ်ရသွားစေ၏။
ဒီကမာ္ဘကြီးက ဘာဖြစ်နေတာလဲ။ ဘာကြောင့် ဖူကျိုရှီတွေ များနေရတာလဲ။
ယွင်ချဲ့သည် စိတ်ထဲ ဇောတက တက်မိသွား၏။ ကံကောင်းသည်မှာ သူနှင့်နေသည့် အမျိုးသမီးသုံးဦးက အတော်လေး ပုံမှန်ဖြစ်နေ၏။ မဟုတ်လျှင်သူ၏ ဘဝလေးက စုတ်ပြတ်နေလိမ့်မည်။
“ဒီမှာဘာကြောင့် ရပ်နေသေးတာလဲ။ မြန်မြန် ခေါင်းဆောင်ယွင်နဲ့ ခေါင်းဆောင်ရှင်းအတွက် လမ်းပြပေး”
လူတိုင်းက ကြောင်အစွာ ရပ်နေစဉ် လင်းတ့ရှန်က သူမကိုသတိပေးရန် သူ့ဇနီးကိုဆွဲလိုက်သည်။ ကျန့်မင်က အတွေးထဲကရုန်းထွက်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“ခေါင်းဆောင်တို့ ဒီလမ်း ကျေးဇူးပြုပြီးကြွပါ။ ကိုယ်တိုင်ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ရှင့်ကိုဒုက္ခမပေးချင်ပါဘူး။ ဒါပေမဲ့ ကလေးတွေက အေးနေလို့ ဘာလုပ်ရမလဲ မသိတော့ဘူးလေ”
ကျန့်မင်က သူမခင်ပွန်းကို တွန်းဖယ်ပြီးနောက် ပြောလိုက်သည်။ အဖွဲ့ထဲရှိ ကျန်သည့်သူများကလည်း သူမ၏ ပုံမှန်မဟုတ်သော ဧည့်ဝတ်ကျေပွန်မှုကြောင့် အံ့သြသွား၏။ သူမဘာကြောင့် ဒီလောက် စိတ်လှုပ်ရှားနေတာလဲ။
“ရပါတယ် ဒီမှာရှိတာ အဆင်ပြေပါတယ်”
သူမ၏ အမူအကျင့်ကြောင့် ထိတ်လန့်သွားကာ ယွင်ချဲ့သည် ရှင်းဖုန်းဆီ အလိုလိုတိုးမိသွား၏။ ယင်းက ကျန့်မင်၏မျက်လုံးကို ထပ်တောင်လက်သွားစေသည်။ ဘဝအစစ်တင် လိင်တူစုံတွဲကို တွေ့ရတာဖြစ်ပြီး တစ်ယောက်က ချောမောခန့်ညား၏။ ထိပ်ဦးအဖွဲ့ထဲရှိ အဖွဲ့ဝင်တိုင်းက ချောမောခန့်ညားသည်ဟု ကောလဟာလရှိသည်။ ပြီးနောက် နာမည်ကျော်စကား ယဲ့ရှင်းချန်နှင့် ကျန်းရှန်းကလည်း ထိုအဖွဲ့ထဲတွင်ရှိသည်။ သူမသည် ကမာ္ဘပျက်ကပ် မစတင်ခင်ကတည်းက ယဲ့ရှင်းချန်နှင့် ကျန်းရှန်းကို ရူးသွပ်ခဲ့တာဖြစ်သည်။ ပြီးနောက် တစ်နေ့ကျ သူတို့ကို တွေ့ခွင့်ရရန် စောင့်ဆိုင်းနေတာဖြစ်သည်။
“မင်္ဂလာပါ”
ရှင်းဖုန်းသည် ချောင်ရန်းအစု၏ ခေါင်းဆောင်ဖြစ်သောကြောင့် သူ၏အဖွဲ့ထဲ၌ ဖူကျိုရှီများ ရှိနေလျှင် သူ၏မျက်နှာကြောင့် သူ့ကို မနောက်ပြောင်ရဲပေ။ ထိုသို့ အနေခက်သည့် အတွေ့အကြုံကို တွေ့ကြုံဖူးတာ ပထမအကြိမ်ဖြစ်၏။ သို့သော် ဖူကျိုရှီများအကြောင်း ကြားဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ကမာ္ဘပျက်ကပ် မတိုင်မီက ဆန့်ကျင်ဘက်လိင်ကို ပုံမှန်မဟုတ် ဖြစ်လုနီးပါး ပြုလုပ်တတ်သည့် လူများအကြောင်း ကြားဖူးသည်။ ဤအခိုက်အတန့်၌ သူသည် ကျန့်မင်နှင့် ယွင်ချဲ့၏ တုန့်ပြန်မှုကို မြင်သောအခါ ဘာတွေဖြစ်နေမှန်း သဘောပေါက်သွား၏။ ရှင်းဖုန်းက အမျိုးသမီးကို ခေါင်းညိမ့်ပြပြီးနောက် ယွင်ချဲ့၏လက်ကိုဆွဲကာ အိမ်ထဲလျှောက်သွား၏။
အို ဘုရားရေ ခေါင်းဆောင်ရှင်းက ခေါင်းဆောင်ယွင်ကို သိပ်အလိုလိုက်တာပဲ။
ကျန့်မင်က စိတ်လှုပ်ရှားလွန်းသောကြောင့် ကျယ်လောင်စွာ ခုန်ပေါက်အော်ဟစ်လုနီးပါး ဖြစ်သွား၏။ သူမသူတို့ကိုချစ်ကြောင်း တစ်ဘဝလုံး ပံ့ပိုးပေးမည်ဖြစ်ကြောင်း အော်ဟစ်မိလုနီးပါး ဖြစ်သွားသည်။ သူ့ဇနီးလျစ်လျူရှု့တာ ခံထားရသော လင်းတ့ရှန်သည် နောက်ဆုံး၌ သတိပြန်ဝင်လာသည်။ သူကသူမကို ဆွဲလျှက် တီးတိုးပြောလိုက်၏။
“ကောင်းကောင်းပြုမူအုံး။ ဒီခေါင်းဆောင်နှစ်ယောက်က ငါတို့ကို အမြဲတမ်း ကြင်နာတာ။ သူတို့ကို စိတ်တိုအောင်မလုပ်နဲ့”
သူသည် အစက သူတို့ကို မချောက်နဲ့ဟု ပြောချင်ခဲ့တာဖြစ်သည်။ သို့သော် နောက်ဆုံး၌ ပိုပြင်းထန်သည့် စကားလုံးကိုသာ သုံးလိုက်သည်။ သူ၏ဇနီးက ဖူကျိုရှီအကြီးစားဖြစ်၏။ ကမာ္ဘပျက်ကပ် မတိုင်မီက သူမသည် အနုပညာလောကထဲရှိ ဂေးစုံတွဲများအကြောင်းကို ရူးသွပ်နေခဲ့ကာ အမျိုးသားများကြားရှိ ချစ်ကြည်နူးဖွယ် ဆက်ဆံရေးနှင့် သက်ဆိုင်သည့် ကာတွန်းများ ဝတ္ထုများကိုလည်း စွဲလမ်းခဲ့သည်။ တစ်ခါတစ်ရံတွင် သူမသည် သူ့ကို အမျိုးသားချင်း ချစ်ကြိုက်သည့် စိတ်ကူးယဉ် ဇာတ်လမ်းတွဲများအကြောင်း သူမ၏ မှတ်ချက်ကိုလည်း သူ့ကိုအတင်းတောင် နားထောင်ခိုင်းသေးသည်။ ကမာ္ဘပျက်ကပ်၌ အင်တာနက်လည်း မရှိတော့သောကြောင့် ထိုကဲ့သို့ နာကျင်မှုမျိုး ခံစားရန် မလိုအပ်တော့ဟု သူတွေးထင်ခဲ့တာဖြစ်သည်။ သို့သော်ငြား ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ ပေါ်လာချိန်၌ သူမက ရောဂါဟောင်း ပြန်ထလာလေ၏။
“စိတ်တိုအောင်လား ရှင်ဘာကြောင့် ပြောနေတာလဲ။ ဒီလိုချောမောတဲ့ စုံတွဲကို ကျွန်မဒါမျိုး ဘယ်တော့မှ မလုပ်ဘူး”
ကျန့်မင်ကသူ့ကို ဒေါသတကြီး မျက်စောင်းထိုးပြီးနောက် အိမ်ထဲကို စိတ်လှုပ်ရှားစွာ ဝင်သွား၏။ သူမ၏ ပုပ်သိုးနေသော ဝိညာဉ်က နိုးထလာ၏။ လင်းတ့ရှန် သူ့ကိုယ်သူသာ အပြစ်တင်မိတော့သည်။ ချောင်ရန်းအစုသို့ သွားချိန်၌ သူသာ သူနှင့်အတူ ယုံယွီကို ခေါ်သွားမိခဲ့လျှင် ထိုသို့ဖြစ်လာမှာမဟုတ်ပေ။
“ခေါင်းဆောင်တို့ ဒီမှာလက်ဖက်ရည်ပါ။ ဒီလိုအေးခဲတဲ့ညကြီးမှာ ရောက်လာပေးတာအတွက် ကျေးဇူးတင်ပါတယ်”
ဧည့်ခန်း၏ထောင့်တွင် စတုရန်းစားပွဲ တစ်ဒါဇင်ခန့်က စီထားပြီး အိပ်ခန်းများက ရှင်းလင်းနေ၏။ ပထမအလွှာတွင် မည်သူမှ နေထိုင်ခြင်း မရှိတာကို ညွှန်ပြနေသည်။ ရှင်းဖုန်းနှင့် ယွင်ချန်းတို့က ဧည့်ခန်း၏အလယ်ရှိ စားပွဲဝိုင်းတွင် ထိုင်နေပြီး အရှုံးသမားအဖွဲ့ရှိ အမျိုးသမီးများက သူတို့ကို လက်ဖက်ရည်နှစ်ခွက် တည်ခင်းသည်။ သူတို့က ခေါင်းညိမ့်ပြီး ပြုံးပြလိုက်ရာ ထိုအမျိုးသမီးများကို သွားရည်ကျသွားစေ၏။ အမျိုးသမီးတိုင်း၌ ပုပ်သိုးသောဝိညာဉ် ရှိသည်ဟု အချို့က ဆိုကြသည်။ ယင်းက အမှန်ဖြစ်သည်ဟု ယွင်ချဲ့စတင် ယုံကြည်လာမိ၏။
“အဟမ်း ဟုတ်ပြီ အားလုံးပဲ ကျုပ်တို့တွေက မီးစက်နဲ့ အပူပေးစက်တွေကို ပို့ဖို့ဒီရောက်လာတာ။ ဒီကိရိယာတွေကို စတပ်ဆင်သင့်ပြီ။ ကျုပ်တို့ထွက်သွားဖို့အချိန်ရောက်ပြီ”
ထိုပူလောင်ပြင်းပြသည့် အကြည့်များက ယွင်ချဲ့ကို မသက်မသာ ဖြစ်စေသည်။ သူက လက်ဝှေ့ယမ်းလျှက် ဒီဇယ်မီးစက်နှင့် ဟီတာအချို့ကို ထုတ်ပေးပြီးနောက် အသစ်စက်စက် ဆိုလာဟီတာ တစ်ဒါဇင်ခန့်ကလည်း ပေါ်လာသည်။ သူပြောပြီးသည့်နောက် ယွင်ချဲ့သည် ရှင်းဖုန်း၏လက်ကိုကိုင်ကာ ထရပ်လိုက်၏။ သို့သော် သူတို့ မထွက်သွားနိုင်ခင် ချန်ဟွမ်း၏အသံက ပေါ်ထွက်လာ၏။
“တ့ရှန် ခေါင်းဆောင်ယွင်နဲ့ ခေါင်းဆောင်ရှင်း ဒီမှာရှိနေတယ်လို့ကြားတယ်”
ချန်ဟွားသည် သူ့နောက်ရှိ လူနှစ်ယောက်နှင့်အတူ အခန်းထဲသို့ ဝင်လာ၏။
“ခေါင်းဆောင်ယွင် ခေါင်းဆောင်ရှင်း ဒီကိုအပူပေးကိရိယာတွေ လာပို့မယ်မှန်း သိနေတယ်။ ကျွန်တော်တို့ကို နည်းနည်းမျှပါ။ ရာသီဥတုက ကျွန်တော်တို့ကို သတ်နေပြီ”
ချန်ဟွားသည် အသက်သခင် ကျေးဇူးရှင်နှစ်ယောက်နှင့် ဧည့်ခန်းထဲရှိ ပစ္စည်းများကို မြင်တွေ့သောအခါ တဲ့တိုးတောင်းဆိုလိုက်သည်။
“မင်းရဲ့နယ်မြေ စွမ်းအားရှင် ခေါ်လာတယ်မလား။ သူ့ကို ဒီပစ္စည်းတွေ ထည့်ဖို့ပြောလိုက်”
ယွင်ချဲ့သည် အပြုံးတစ်ပွင့်ဖြင့် ဧည့်ခန်းထဲရှိ ပစ္စည်းများကို လက်ညိုးထိုးပြလိုက်၏။ ထိုပစ္စည်းများ အားလုံးကို ထည့်ပြီးသည့်အချိန်၌ ယွင်ချဲ့က လက်ဝှေ့ယမ်းလိုက်ပြီးနောက် နောက်ထပ် ပစ္စည်းတစ်သုတ် ထုတ်ပေးလိုက်သည်။ ချန်ဟွားသည် ထိုပစ္စည်းများကိုသယ်ရန် သူ၏နယ်မြေ စွမ်းအားရှင်ကို ညွှန်ကြားပြီးနောက် သူနှင့်လင်းတ့ရှန်တို့သည် ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ကို ထိုင်ခိုင်းထားလိုက်၏။
“ခေါင်းဆောင်ယွင် ဒီနေ့ဘာတာဝန်မှ မထမ်းဆောင်ဘူးလား။ သတိပေးတာအတွက် ကျေးဇူးပါ။ မဟုတ်ရင် ကျုပ်တို့တွေ သေကြေပျက်စီး ဒဏ်ရာရတာ ဖြစ်နိုင်တယ်။ ဒီမနက် တာဝန်ထမ်းဆောင်ဖို့ ထွက်သွားတဲ့ အဖွဲ့တွေအားလုံး ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတယ်လို့ သတင်းကြားမိတယ်”
လင်းတ့ရှန်က အမျိုးသမီးများကို ရိက္ခာများ ခွဲဝေရန်နှင့် ကလေးများစီသွားရန် အမျိုးသမီးများကို ပို့လိုက်၏။ ပြီးနောက် ကျန်ရှိသည့်လူများက သူတို့အလုပ် သူတို့ဆက်လုပ်သည်။ ထိုစဉ် ဧည့်ခန်းထဲ၌ သူတို့လူလေးယောက်နှင့် ရွှေလင်းယုန်နှစ်ကောင်သာ ကျန်ခဲ့သည်။
“ဟိုက်ရွှမ်ရဲ့အဘိုးကို ကျေးဇူးတင်သင့်တယ်။ သူက လယ်သမားတစ်ယောက်အနေနဲ့ အတွေ့အကြုံ ကြွယ်ဝမှုကြောင့် ရာသီဥတု တစ်ခုခုမှားနေတာကို အာရုံခံမိတာလေ။ သူငါ့ကိုပြောတဲ့အချိန် မင်းတို့ကောင်တွေကို သတိပေးသင့်တယ်လို့ တွေးမိသွားတာပဲ”
ကျေးဇူးတင်ခံရနေစဉ် သူတို့က ယွင်ချဲ့သည် အနာဂတ်ကို ကြိုမြင်နိုင်သည့်ပုံကိုလည်း သိချင်သွား၏။ ယွင်ချဲ့သည် ထိုအတွက် ရှင်းပြချက်တစ်ခု ပြင်ဆင်ထားပြီးသားဖြစ်၏။ သူတို့ရင်းနှီးသော်ငြား ထိုလူနှစ်ယောက်သည် ချောင်ရန်းသို့မဟုတ် ထိပ်ဦးအဖွဲ့မှ အဖွဲ့ဝင်များမဟုတ်ပေ။ ထို့ကြောင့် ယွင်ချဲ့သည် သူတို့ကို အမှန်တရားတစ်ခုခုကို မပြောပြနိုင်ပေ။
“အံ့သြစရာမရှိဘူးပဲ။ မင်းတို့အဖွဲ့မှာ ရတနာတစ်ခု ရထားတယ်လို့ ထင်နေတာ”
ချန်နှင့် လင်းတ့တို့က ပြုံးလိုက်၏။ ယွင်ချဲ့က အကြောင်းအရာကို ဉာဏ်ပညာရှိရှိ ပြောင်းပြောလိုက်သည်။
“ခင်ဗျားတို့တွေ အဆင့်လေးကို တက်သွားပြီလား”
“အမ်ဟမ်း ဘယ်လိုဖြစ်သွားလဲ့တော့ မသိဘူး။ ကြွက်တွေကို သုတ်သင်ဖို့ ကူညီပေးနေတဲ့အချိန် ငါတို့ အဆင့်တက်သွားပဲ။ အခုငါတို့ ပျော်ရွှင်ခြင်းအဖွဲ့မှာ အဆင့်လေး စွမ်းအားရှင် ခြောက်ယောက် ရှိနေပါပြီ”
ချန်ဟွားက ခေါင်းညိမ့်လိုက်၏။ ထိုအကြောင်းကို ယွင်ချဲ့သိနေတာ သူမအံ့သြသွားပေ။ ယွင်ချဲ့က တည်နေရာပြ လေဇယားကွက်ရှိကြောင်း သူသတိပြုမိပြီးသားဖြစ်သည်။
“ငါ့အဖွဲ့မှာ ငါအပါအဝင်သုံးယောက်”
လင်းတ့ရှန်က ပြောလိုက်သည်။
လင်းတ့ရှန်နှင့် ချန်ဟွားနှစ်ယောက်လုံးက ထိုသို့ဖြစ်ပျက်လာပုံကို အံ့သြနေလေ၏။ ယနေ့မတိုင်မီက ယွင်ချဲ့သည် အခြေစိုက်စခန်းထဲရှိ တစ်ဦးတည်းသော အဆင့်လေး စွမ်းအားရှင်ဖြစ်ခဲ့သည်။ သို့သော် ယခုမူ လူများစွာက ထိုအဆင့်ကို ရောက်လာကြ၏။
“ချောင်ရန်းနဲ့ ထိပ်ဦးအဖွဲ့က အဓိကတပ်ဖွဲ့က အဆင့်လေးကို ပြောင်းနေပြီး နှင်းနဲ့တစ်ခုခု သက်ဆိုင်လောက်တယ်လို့ တွေးမိတယ်”
ရှင်းဖုန်းသည် ယွင်ချဲ့နှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် ဝင်ပြောလိုက်၏။ လင်းတ့ရှန်နှင့် ချန်ဟွားတို့က မတုန့်ပြန်ရသေးခင် ယွင်ချဲ့က ပြောလိုက်၏။
“ဒါနဲ့ ခင်ဗျားတို့တွေ ပြင်ဆင်ထားပြီးပြီ။ နှင်းက ကျုပ်တို့ကို အဆင့်တက်စေတယ်ဆိုရင် ဖုတ်ကောင်တွေလည်း ပြောင်းလဲနိုင်တယ်။ အရင်တုန်းက နှင်းနည်းနည်းကျတာက ဖုတ်ကောင်တွေကို ဆင့်ကဲပြောင်းလဲစေခဲ့တယ်ဆိုတာ ခင်ဗျားတို့ မှတ်မိသေးမယ်ဆိုတာ ကျုပ်ယုံတယ်။ ဒါမျိုးထပ်ဖြစ်လာနိုင်တယ်”
ယွင်ချဲ့သည် သူတို့ကို ပြောပြလိုက်ရသည့် အကြောင်းအရင်းမှာ သူတို့က မိတ်ဆွေများ ဖြစ်ရုံသာမက ယွင်ချဲ့သည် သူတို့ကို သတိပေးရခြင်းမှာ သူတို့က သူ၏မိတ်ဆွေများ ဖြစ်သောကြောင့်သာမက သူတို့သည် မော့ဝမ်ရန်နှင့် စွမ်းအားရှင်များကြားရှိ ပေါင်းကူးတံတား ဖြစ်သောကြောင့်လည်းပါသည်။ တက်နိုင်လျှင် သူတို့ကို ဘေးကင်းလုံခြုံစေချင်သည်။
“မင်းမပြောနဲ့ သေစမ်း အဆင့်တက်ပြီးတဲ့နောက် ငါဖုတ်ကောင်တွေကို ကြောက်ဖို့မလိုတော့ဘူးလို့ ထင်နေတာ။ ဟုတ်ပြီ မကြာခင်မှာ ဖြေရှင်းရတော့မဲ့ပုံပဲ”
လင်းတ့ရှန်နှင့် ချန်ဟွားသည် ကိစ္စများက သူတို့ထင်သကဲ့သို့ မရိုးရှင်းမှန်း သဘောပေါက်သွားသောအခါ နှစ်ယောက်လုံးက ဒေါသတကြီး ကျိန်ဆဲမိသွား၏။
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ အရမ်းကြီးလည်း ကရုစိုက်နေလို့လည်း မရဘူး။ နှင်းကျတာ ရပ်သွားတာနဲ့ ဓာတ်ခွဲခန်းကို လက်လွှဲယူမှာ။ ပြီးရင် ရှင်းဖုန်းနဲ့ငါက ခရီးရှည်ထွက်အုံးမယ်။ ခင်ဗျားတို့တွေ ကရုစိုက်သင့်တယ်”
သူတို့သိရန် လိုအပ်သည့် အချက်အလက်ကို သူပြောပြီးပြီဖြစ်ရာ ဖြေရှင်းပုံက သူတို့အပေါ် မူတည်သွား၏။
“ခရီးရှည်ကြီးလား”
လင်းတ့ရှန်နှင့် ချန်ဟွားတို့က တအံ့တသြ ကြည့်လိုက်သည်။ ဖုတ်ကောင်များသည် အပြင်ဘက်တွင် နေရာအနှံ့ ရှိနေ၏။ သူတို့ မည်သည့်နေရာကို သွားမည်နည်း။
“ဟေးယွီက သူ့အတွက် စွမ်းအင်ချောင်း ထုတ်လုပ်ရေးအတွက် တစ်ချိန်လုံး ပစ္စည်းရှာခိုင်းနေတာလေ။ သူလိုတဲ့ပစ္စည်းက ကမ်းရိုးတန်း ဧရိယာမှာပဲ ရှိတယ်ဆိုတာ ငါရှာတွေ့သွားလို့ သန္ဓေပြောင်းသတ္တဝါတွေ သိပ်ကြောက်ဖို့မကောင်းလာခင် သူ့အတွက် တစ်စုံလောက် လုပ်ပေးသင့်တယ်လို့ ငါတွေးမိနေတာ”
ဟေးယွီစိတ်ပျက်ဖွယ်ကောင်းပုံကိုသိပြီး ချန်ဟွားနှင့် လင်းတ့ရှန်တို့က သူ၏စကားကို သံသယဝင်သွားပုံ မပေါ်ပေ။ သူက ကမ်းရိုးတန်းဒေသကို သွားမည်ဟု ပြောတာကို သူတို့ကြားသောအခါ သူတို့မျက်လုံး လက်သွား၏။
“ဟုတ်ပြီ ခေါင်းဆောင်ယွင် ပင်လယ်စာတစ်ချို့ ပြန်သယ်လာပေးနိုင်မလား။ သန္ဓေပြောင်း သားရဲတွေကိုလည်း စားလို့ရမှန်းသိတယ်။ ဒါပေမဲ့ အဲ့ဒီကြောက်ဖို့ကောင်းတဲ့ တောင်တန်းတွေနား မသွားချင်ဘူးလေ။ ပင်လယ်စာကတော့ စုဆောင်းဖို့ မခက်ခဲလောက်ဘူးမလား”
သူတို့က ရှင်းဖုန်းနှင့် ယွင်ချဲ့၏ ဘေးကင်းမှုကို စိတ်မပူပေ။ အကြောင်းမှာ ထိုလူနှစ်ယောက်သည် သူတို့ကိုယ်သူတို့ ကာကွယ်ရန် လုံလောက်အောင် သန်မာမှန်း သူတို့သိသောကြောင့်ဖြစ်သည်။ ယခုအချိန်တွင် သူတို့တွေးမိသမျှက ပင်လယ်စာပဲဖြစ်၏။ ကမာ္ဘပျက်ကပ် မတိုင်မီကတောင် ပင်လယ်စာသည် ကုန်းတွင်းပိုင်း ဧရိယာ၌ ရှားပါး၏။ ကမာ္ဘပျက်ကပ် စတင်ပြီးနောက် သူတို့သည် ပင်လယ်စာကို စားရန်မပြောနှင့် မြင်တောင်မမြင်ရပေ။
“ပြဿနာမရှိဘူး နောက်ကျနေပြီ ကျုပ်တို့ သွားတော့မယ်”
ပင်လယ်ထဲရှိ သတ္တဝါများကလည်း သန္ဓေပြောင်းကြောင့် ယွင်ချဲ့သူတို့ကို မပြောခဲ့ပေ။ တစ်နာရီခွဲခန့် နီးပြီဖြစ်ကြောင်း သူသဘောပေါက်သွားသောကြောင့် ရှင်းဖုန်း၏လက်ကိုကိုင်ကာ ထရပ်လိုက်၏။ လင်းတ့ရှန်က သူတို့ကို တံခါးဝထိလိုက်ပို့ပေးသည်။
“ခေါင်းဆောင်ယွင် ခေါင်းဆောင်ရှင်း သွားတော့မလို့လား”
ကလေးချီထားလျှက် ကျန်းမင်သည် သူတို့ကို ဝမ်းနည်းစွာ ကြည့်နေ၏။ ယွင်ချဲ့သည် သူ့ကိုယ်သူ တည်တည်ငြိမ်ငြိမ် နေနိုင်အောင် ဖိအားပေးပြီးနောက် ယဉ်ကျေးသမှုဖြင့် ပြောလိုက်သည်။
“ဟုတ်တယ် သွားတော့မယ် ကလေးကို အိမ်ထဲခေါ်ထားပါအုံး။ အပြင်မှာအေးတယ်”
“ရှင်တို့နောက်တစ်ခေါက် လာလည်မှာကို စောင့်နေမယ်။ ဒါနဲ့ ရှင့်မှာအစ်မ ရှိတယ်မလား။ သူ့ဆီမကြာခဏ လာလည်လို့ရမလား”
ဤနည်းဖြင့် ကျန်းမင်ထွက်သွားတော့၏။ သူမသည် ယွင်ချဲ့က မည်မှငြင်းချင်နေကြောင်း မသိပေ။ ပုပ်သိုးနေသော ဝိညာဉ်သည် ထိုမျှ ကူးစက်တက်မလားဟု မတွေးဘဲ မနေမိတော့ပေ။ သူ့အိမ်ထဲရှိ အမျိုးသမီးများက သူမကြောင့် ကူးစက်ကုန်ပြီး ဖူကျိုရှီဖြစ်သွားလျှင် မည်သို့ဖြစ်မည်နည်း။
လင်းတ့ရှန်က သူ့ဇနီး၏ ထူးခြားသော ဝါသနာကို မည်သို့ပြောပြရမည်မှန်း မသိသောကြောင့် ဆိတ်ဆိတ်သာ နေလေ၏။