YMR- အခန်း ၁၅၇

အခန်း ၁၅၇

ပရမ်းပတာ မနက်ခင်း။

“သေစမ်း”

“အားရိုး.. .ငါ့ခါး”

နောက်နေ့မနက် နေမထွက်ခင်၌ ရှင်းဖုန်း၏ အိမ်ထဲ၌ ပြုတ်ကျသံနှင့်အတူ ကြိမ်ဆဲသံ တစ်သံက ပေါ်ထွက်လာလေ၏။ အသံလုံစနစ်က မည်မျှ ကောင်းစေကာမူ လူအများစုက နိုးသွားကြပြီ ဖြစ်သည်။ ပြီးနောက် တစ်စုံတစ်ခုက ကြမ်းပြင်ပေါ် ကျ လာပြီးနောက် ညည်းညူသံကလည်း ပါလာ၏။ သူတို့အားလုံးသည် ကြမ်းတမ်းသည့် တစ်ညတာကို ဖြတ်ကျော်ခဲ့ရသည့်တိုင် လူတိုင်းက မျက်လုံး ဖွင့်ရပေတော့သည်။ တံခါးတစ်ဝက် ပိတ်ထားသည့် အခန်းထဲကနေ ဆူညံသံ ထွက်ပေါ်လာတာ ဖြစ်၏။ ချူးဟောင်လင်က ကြမ်းပြင်ပေါ်၌ အဝတ်ဗလာ ကျင်းနေလျက် သူ၏လက်တစ်ဖက်ဖြင့် ခါးကို ကိုင်ထားတော့သည်။ သူ၏ ကျန်းမာပြီး ဂျုံရောင်သမ်းသော အရေပြား၌ ခရမ်းရောင်အနမ်းရာများဖြင့် ပြည့်နေ၏။ ဂရုတစိုက် ကြည့်မိလျှင် သူ၏ တင်ပါးကလည်း ကုတ်ရာခြစ်ရာများ ပြည့်နေပြီး ရောင်ကိုင်းနေပုံပေါ်သည်။

“အစ်ကိုချူး”

အိပ်မက်ကနေ နိုးလာသည့် လုဟိုင်ရွှမ်းက အခြေအနေကို မတွေးတက် ဖြစ်နေသေးသည်။ ကြမ်းပြင်ပေါ်၌ လဲနေပြီး အော်နေသော ချူးဟောင်လင်ကို မြင်ပြီး စောင်ကိုမကာ အိပ်ရာပေါ်က ဆင်းပြီး သူ့ကို ကူရန် လက်လှမ်းလိုက်၏။

ဖြတ်….

“သောက်ဂွပဲ ငါနဲ့ ဝေးဝေးနေ…. ဖာ့ခ် ဖာ့ခ် သေအောင် နာတယ်ဟ”

ချူးဟောင်လင်က သူ့လက်ကို ရိုက်ထုတ်လိုက်ပြီး ရက်ရက်စက်စက် စိုက်ကြည့်လိုက်၏။ ပြီးနောက် အိပ်ရာကနေ ဖြည်းဖြည်းချင်း ထလိုက်တော့သည်။ သူ၏လှုပ်ရှားမှုများက အဘိုးအိုတစ်ယောက်ပမာ လေးတိလေးကန် နှေးကွေးနေပြီး နာနေသောခါးဖြင့် ရုန်းကန်နေရ၏။ သို့သော် နိုးလာကာစ လုဟိုင်ရွှမ်းကမူ ရှုပ်ပွနေသော အိပ်ရာကြီးနှင့် တစစီ ပြန့်ကျဲနေသော အဝတ်အစားများ.. ပြီးနောက် ချူးဟောင်လင်ကို ကြည့်ပြီး စိတ်ခံစားချက်မျိုးစုံ ပြည့်လာကာ သူ၏ ချောမောခန့်ညားသော မျက်နှာက တဖြည်းဖြည်းချင်း မည်းလာပြီးနောက် နီသွားပြီး မျက်နှာ ပူလာလေ၏။

စိတ်မချို့ယွင်းနေပါက ဤအခြေအနေကို မြင်တွေ့ပြီး ဘာဖြစ်မှန်း သိနိုင်၏။ မနေ့တုန်းက သူသည် ညီအစ်ကိုချူးနှင့် အိပ်မိခဲ့သည်။

“သေစမ်း…. အထဲမှာ ဒါတွေကို တကယ်ပဲ ချန်ထားခဲ့တယ်ပေါ့”

ခက်ခက်ခဲခဲဖြင့် ချူးဟောင်လင်က ခွန်အားကုန်ကို သုံးပြီးနောက် အိပ်ရာဘေးတွင် ထိုင်ချလိုက်စဉ် သူ၏ ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခုက စီးကျလာ၏။ သူက လက်ဖြင့် ထိလိုက်ရာ သုတ်ရည်များ ဖြစ်နေကြောင်း သိလိုက်ရချိန်၌ သူက ချက်ချင်း ဒေါသထွက်သွားတော့သည်။

“ဒါက…. အိပ်ရာထဲကနေ ထနိုင်အောင် အရင်ဆုံး ကူညီပေးရင်ရော ဘယ်လိုလဲ”

ချူးဟောင်လင်က သူ့ကို နောက်ကျောပေးထား၏။ ထို့ကြောင့် လုဟိုင်ရွှမ်းက သူ့ပေါင်အတွင်းဘက်ကနေ စီးကျနေသည့် အရည်များကို မြင်ရပြီး တံတွေး မျိုချလိုက်မိ၏။ သူ၏ ညီဘွား ထပ်လှုပ်ရှားတာကို သတိပြုမိသွားသည်။ ထို့ကြောင့် သူက ဘောင်းဘီတစ်ထည် အမြန် ကောက်ဝတ်လိုက်၏။

ကိစ္စရပ်များက ဖြစ်ပွားပြီး ဖြစ်နေ၏။ ယခု သူတို့အားလုံး ရှုပ်ထွေးနေသည်။ အရင်ဆုံး စိတ်အေးအေး ထားရမည်။

“သွား သွား… ဘာအိပ်ရာလဲ။ ငါ့ကို ရေချိုးခန်းထဲ ပို့ပေး။ မင်းက ကွန်ဒုံး ဘယ်လို ဝတ်ရမလဲကို မသိဘူးလား။ ဘာကြောင့် ငါ့အခန်းထဲ ရောက်လာတာလဲ။ စီမံခန့်ခွဲမှုက…..”

ချူးဟောင်လင်သည် ယခုအခေါက်တွင် သူ့ကို စိမ်းစိမ်းဝါးဝါး ကြည့်ပြီးနောက် ထပ်ရိုက်မထုတ်တော့ဘဲ သူ၏ ကူတွဲမှုဖြင့် ချူးဟောင်လင်က တုန်ယီနေသော ခြေထောက်များဖြင့် ကျိန်ဆဲနေတော့၏။

သူ၏ လက်မောင်းအတွင်း ထပ်မံ ကျရောက်သွားပြီး သူတို့နှစ်ယောက်၏ အဝတ်မဲ့နေသော အရေပြားများက ထပ်ထိမိသွားပြန်၏။

“မနက်အစောကြီးပဲ ရှိသေးတယ်။ ချူးဟောင်လင် မင်းက… သရဲတစ်ကောင်လို အော်နေတာပဲ။ အခု ဘာအခြေအနေလဲ”

ကျန်သည့် နိုးလာသည့်သူများက တံခါးဖွင့်ပြီး လျှောက်ဝင်လာ၏။ လုဟိုင်ရွှမ်းက အိပ်ရာခင်းကို အမြန်ဆွဲကာ အဝတ်ဗလာကျင်းနေသော ချူးဟောင်လင်ကို ကာပေးလိုက်၏။ သို့သော် ယင်းကပင် လူအများကို ဖြစ်ပျက်ခဲ့ပုံကို တွေးရန် လုံလောက်နေပြီ ဖြစ်၏။ လူတိုင်း ထိတ်လန့်သွားကြပြီး ချက်ခြင်းပင် မျက်စိ ကျယ်သွားကြတော့သည်။ သူတို့ အားလုံးက နှစ်ယောက်သားကို မျက်လုံး အပြူးသားဖြင့် ကြည့်နေသည်။

“ဘာတွေ ကြည့်နေတာလဲ။ အမျိုးသားနှစ်ယောက် အတူ အိပ်ရာဝင်ပြီးတဲ့နောက် အတူနိုးလာတာကို မမြင်ဖူးဘူးလား။ ထွက်သွားကြ”

ခဏတာ အံ့ဩ မှင်သက်နေပြီးနောက် ချူးဟောင်လင်သည် သူ့ကို မျက်နှာသာပေးရန် ဆုံးဖြတ်လိုက်ပြီးနောက် လုဟိုင်ရွှမ်းကို ကပ်မှီလျက် သူ့ ညီအစ်ကိုများကို အော်ပြောလိုက်၏။

သေစမ်း။ ကိုယ်ထက်ငယ်တဲ့ လူကို လုပ်ခွင့် ပေးတာတော့ အဆင်ပြေပါရဲ့။ ဒါပေမဲ့ ဒီလိုမြင်ကွင်းကို ကျန်တဲ့ ညီအစ်ကိုတွေက လက်ပူးလက်ကြပ် မိသွားတယ်လေ။ ဒါထက် ပိုဆိုးဝါးတာ ရှိသေးတာလား။ ဖြစ်နိုင်မယ်ဆိုရင် သူရှိနေတဲ့ လူအားလုံးကို သတ်ပစ်ချင်တယ်။ သူ အပါအဝင်ပေါ့။

“အမျိုးသားနှစ်ယောက် အိပ်ရာဝင်ပြီး ဒီလို တုံ့ပြန်တာကို ငါ တခါမှ မမြင်ဘူးတာတော့ အမှန်ပဲလေ။ ဟောင်လင်.. ဟိုင်ရွှမ်း… ဘယ်အချိန်ကစပြီး မင်းတို့ အဲလို ဖြစ်သွားတာလဲ”

ထိတ်လန့်နေပြီးနောက် ရှန်လွေ့သည် ယီဝန်ချွမ်း၏ ပခုံးပေါ် လက်တင်လိုက်၏။

ဂရုတစိုက် လေ့လာကြည့်ပြီးနောက် သူတို့၏ မျက်လုံးထဲ၌ စိုးရိမ်ပူပန်မှုကို ရှာတွေ့ရန် မခက်ခဲပေ။ ဆိုရလျှင် လုဟိုင်ရွှမ်းက အပြင်လူ မဟုတ် သူတို့ ပြဿနာဖြစ်လျှင် ကောင်းမှာ မဟုတ်ပေ။ သူတို့ ချစ်ကျွမ်းဝင်လျှင်တော့ ပျော်ရွှင်စရာ ကောင်းသည့် ကိစ္စ ရပ်ဖြစ်ပြီး လူတိုင်း ပျော်ရွှင်လိမ့်မည်။

“ခင်ဗျားတို့ ကိစ္စမဟုတ်ဘူး”

ဒေါသထွက်ပြီးရင်း ထွက်လာသော်ငြား ချူးဟောင်လင်၏ ဆင်ခြင်တုံတရားက ရှိနေသေးသည်။ သူတို့တွေးမိတာကို သူတွေးမိ၏။ သို့သော်ငြား မနေ့တုန်းက ဖြစ်ပျက်ခဲ့ပုံကို သူ မေ့လျော့သွားတာပဲ ဖြစ်၏။ ထို့ကြောင့် သူက ရှေးဦးစွာ စိတ်တည်ငြိမ်အောင် ထားပြီးမှ ထိုအကြောင်းကို ဂရုတစိုက် တွေးရမှာပဲ ဖြစ်သည်။

“ကျွန်တော် တာဝန်ယူမယ်”

“ဟင်…”

သို့သော်ငြား လုဟိုင်ရွှမ်းက ဆုံးဖြတ်ချက်ချပြီး ဖြစ်သည်။ ချူးဟောင်လင်က အံ့ဩဆွံ့အနေပြီး ရှန်လွေ့နှင့် ကျန်သည့်သူများကလည်း နဖူးပေါ်၌ အနက်ရောင် မျဉ်းများ ပေါ်လာတော့၏။

“သူတို့ ပြောနေတာက အခု တာဝန်ယူမှု အကြောင်းလေ။ အခု ဟောင်လင်က အမျိုးသားတစ်ယောက်။ တစ်ည အိပ်ပြီးသွားတာနဲ့ ကိုယ်ဝန်ရနိုင်တဲ့ မိန်းကလေးမှ မဟုတ်တာ။ ဘာတွေ စိတ်ပူပန်စရာ လိုနေလို့လဲ။ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက တည်ဆောက်ရသေးတာမှ မဟုတ်တာ။ သူတို့ နှစ်ယောက်ကြားထဲမှာ အငြင်းပွားစရာ ရှိနေလို့လား”

“ယီး.. ကို တာဝန်ယူ။ မင်းက တာဝန် ယူနိုင်တဲ့ပုံ ပေါ်နေလို့လား။ ငါ သတိပေးလိုက်မယ်။ မင်း ငါ့ကို အားမကိုးနဲ့”

သတိပြန်ဝင်လာပြီးနောက် ချူးဟောင်လင်က ခေါင်းမော့ကာ သူ့ကို စူးစိုက် ကြည့်လိုက်တော့သည်။ ဘယ်သူက သူ့ကို တာဝန်ယူမှာလဲ။ သူ့ကို တကယ်ကြီး ကောင်မလေးတစ်ယောက်လို တွေးနေတာလား။ တာဝန်ယူရမယ်ဆိုရင်တောင် သူကပဲ တာဝန်ယူရမှာပေါ့ မဟုတ်ဘူးလား။

ထိုသို့တိုင် သေချာပေါက် တာဝန် ယူရလိမ့်မည်ဟု သူ မခံစားမိပေ။

“…..”

လုဟိုင်ရွှမ်းက သူ့ကို ဆွံ့အစွာ ကြည့်နေ၏။ သူ၏ မျက်လုံးများထဲ သူ့စကားများကို လက်မခံလိုတာ သိသာနေ၏။ အချို့သော အကြောင်းအရင်းကြောင့် ပြောစရာ စကားဆွံ့အနေရုံသာ ရှိသည်။ သို့သော် ချူးဟောင်လင်က အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရပြီး အကြည့်လွှဲကာ သူ့ညီအစ်ကိုများကို ထပ်စိုက် ကြည့်လိုက်သည်။

“ခင်ဗျားတို့တွေ ဘယ်လောက်ကြာအောင် ကြည့်နေဦးမှာလဲ။ ဘာလဲ သိပ်လှနေလို့လား”

သန့်ရှင်းရန်အတွက် ရေချိုးခန်းသွားရဦးမည်။

“ငါတို့ ကြည့်ချင်တယ်များ ထင်နေလား”

“ဒါဆို ကောင်းကောင်း အနားယူ စိတ်အေးအေးထားပြီး ပြောကြ..”

စကားထပ်ပြောတော့မည့် ရှန်လွေ့ကို ကုမင်ရွှမ်းက တားပြီးနောက် ခေါင်းညိတ်ပြကာ သူ့ညီအစ်ကိုများနှင့်အတူ အသီးသီး ထွက်သွားပြီး သူ့ကို ဂရုစိုက်သည့် စကားများ ပြောပေးခဲ့ကာ သူတို့နောက်ရှိ တံခါးကို ပိတ်လိုက်၏။

“ငါ့ကို ရေချိုးခန်းသွားဖို့ ကူညီပေး”

အခန်းထဲ၌ သူတို့ နှစ်ယောက်သာ ကျန်တော့သည်။ ထိုသို့ နှောင့်ယှက်ခံရပြီးနောက် ချူးဟောင်လင်သည် အနည်းငယ် စိတ်တည်ငြိမ်သွားပြီ ဖြစ်သည်။ အနည်းဆုံးသော သူထပ်ပြီး မကျိန်ဆဲတော့ပေ။ လုဟိုင်ရွှမ်းက သူ့ကို ကြမ်းတမ်းစွာ ဖတ်လိုက်၏။

“အစ်ကိုချူး.. အစ်ကို တာဝန်ယူယူ မယူယူ.. အစ်ကိုက အခုကျွန်တော်ရဲ့လူပဲ။ နောင်ကျ ချောင်ယန်အဖွဲ့ရဲ့ ခေါင်းဆောင်က အစ်ကိုချဲ့ကို ဆက်ဆံသလိုမျိုးပဲ ကျွန်တော် ခင်ဗျားကို ဆက်ဆံမှာ”

သူ့ကို ရုန်းကန်ရန် အခွင့်အရေးတောင် မပေးဘဲ လုဟိုင်ရွှမ်းက ချူးဟောင်လင်ကို ပွေ့ချီပြီး ရေချိုးခန်းသို့ သယ်သွားပေး၏။ ချူးဟောင်လင်သည် ထိတ်လန့်လွန်းသောကြောင့်လား။ စကားပြောရမှာ ပျင်းရိလွန်းသောကြောင့်မသိ။ သူက တစ်ချိန်လုံး တိတ်ဆိတ်နေ၏။ ထို့ကြောင့် လုဟိုင်ရွှမ်းသည် သူ့အတွက် ရေချိုးကန်ကို ရေဖြည့် ပေးလိုက်ပြီး ရေချိုးကန်ထဲသို့ ဂရုတစိုက် ပွေ့ချပေးလိုက်၏။

ပြီးနောက် အကူအညီလိုလျှင် လှမ်းပြောရန် ထပ်ခါ တလဲလဲ မှာခဲ့၏။ သူ အအော်ခံရပြီးမှသာ ရေချိုးခန်းထဲကနေ စိတ်မသက်မသာဖြင့် ထွက်သွားတော့သည်။

ခန္ဓာကိုယ်ထက်၌ ဂျင်းဘောင်းဘီ တစ်ထည်ကိုသာ ဝတ်ထားသော လုဟိုင်ရွှမ်းက နံရံကို မှီလျက် ရေချိုးခန်း တံခါးနား စောင့်နေလေသည်။

မနေ့ညတုန်းက ချစ်ပွဲဝင်ခဲ့သည့် ပုံများက သူ့စိတ်ထဲ ပြန်ပေါ်လာပြီး သူ့မျက်နှာက အနည်းငယ် ပူလာပြီး ဝံပုလွေသားများစွာ စားပြီးနောက် အနည်းငယ် စိတ်လိုက်မာန်ပါ ဖြစ်ခဲ့၏။

ဇယ်ယွီက သူ့အခန်းသို့ ပြန်သွားပြီးသည်နှင့် သူ့ရေချိုးခန်းထဲသို့ သွားခဲ့သည်။ သူနှင့် အိပ်ရာတစ်ခုတည်း မျှအိပ်ခဲ့ပါက တစ်စုံတစ်ခု ဖြစ်ပွားမှာကို စိုးရိမ်ခဲ့၏။ ဘေးအခန်း၌ အခန်းလွတ် ရှိနေသေးတာကို တွေးမိပြီး ဘေးအခန်းထဲ သွားအိပ်ခဲ့သည်။ သူ၏ ဒေါသကို ဖောက်ခွဲချင်ရုံသာ ဖြစ်သည်။ ခဏအကြာ၌ အပြင်ဘက်မှ ဝေဝါးဝါး လှုပ်ရှားသံကို ကြားလိုက်ရသည်။

တစ်ချိန်တည်းတွင် ရေချိုးခန်းထဲတွင် စိမ်နေသော ချူဟောက်လင်းသည် အတွေးများ ဖြန့်ကျက်လိုက်မိ၏။ နှစ်ယောက်လုံး မမှားမှန်း သူ သိနေသည်။ သို့သော်ငြား ဂန္ဓမာပန်းရှိ နာကျင်မှုက သူ့ကို ကျိန်ဆဲမိစေတာပဲ ဖြစ်သည်။ သူသည် အသက်၁၄နှစ်အရွယ်၌ စစ်တပ်ထဲ ဝင်ခဲ့ပြီး နှစ်နှစ်အတွင်း ထိုစဉ်က အင်အားအကြီးဆုံး အထူးတပ်ဖွဲ့ထဲ ဝင်ခဲ့တာပဲ ဖြစ်သည်။ သူက အငယ်ဆုံး ဖြစ်သောကြောင့် လူတိုင်းက သူ့ကို ချစ်မြတ်နိုးကြ၏။ တဖြည်းဖြည်းချင်း သူ၏ အကြောက်အလန့်ကင်းသော စိတ်နေသဘောထားက ပေါ်ပေါက်လာသည်။ ထိုအကြောင်းအရင်းကြောင့် သူ၏စိတ်နေစိတ်ထားသည် ကလေးတစ်ယောက်နှင့် တူသည်။ ခေါင်းဆောင်နှင့်အတူ တပ်ထဲမှ ထွက်ပြီး ပြင်ပလောကရှိ သွေးဆောင်မှု အားလုံးကို ရင်ဆိုင်တွေ့ရသည့်တိုင် သူက များစွာ မပြောင်းလဲသွားပေ။ သူက အမျိုးသားရော အမျိုးသမီးကိုပါ စိတ်ပါဝင်စားမှု မရှိခဲ့ချေ။ သို့သော် သူ အနှစ်နှစ်ဆယ်ကျော် ထိန်းသိမ်းလာသည့် လူပျိုရည်သည် ဤနည်းဖြင့် အဆုံးသတ်သွားမည်ဟု မထင်ထားချေ။ ထိုထက်ပိုပြီး ခွေးသွေးဆန်သည်က ရှိသေးသည်လော။

သူတို့ဘက်ရှိ အခြေအနေဖြင့် နှိုင်းယှဉ်ကြည့်လျှင် အတွင်းဘက်က နွေးထွေးနေတာ သိသာ၏။ လန်ယဲ့ဟန်သည် ယွင်ချန်းကို စားချင်သော သားရဲကောင်တစ်ကောင် မဟုတ်ဘဲ သူ့၏လက်ကို ထိန်းထားကာ မနေ့ညတုန်းက အကြိမ်ရေအနည်းငယ်တော့ လူးလိမ့်ခဲ့သေးသည်။ မနက်ခင်း၌ မျက်လုံး ဖွင့်လိုက်သည့်အခါ အိပ်ရာဘေး၌ လဲလျက် တက်ဘလက်ကိုင်ကာ ဂိမ်းဆော့နေသော ယွင်ချန်းကို မြင်လိုက်ရ၏။ သူက ယွင်ချန်း၏ မျက်နှာလေးကို ဖျစ်ညစ်ပြီး ပြုံးလိုက်မိတော့သည်။

“မင်္ဂလာမနက်ခင်းပါ ဟန်ဟန်”

သူ နိုးလာတာ မြင်သောအခါ ယွင်ချန်းက အကျင့်အတိုင်းပင် ခေါင်းငုံ့လာပြီး သူ့ပါးကို နမ်းလိုက်၏။ မျက်နှာထက်တွင် ချိုမြိန်သော အပြုံးတစ်ပွင့် ပေါ်လာတော့သည်။ လန်ယဲ့ဟန်က သူ့ကို ဆွဲချရန် လက်ဆန့်ထုတ်ပြီး သူ့ကို နမ်းရှိုက်ချင်၏။ သို့သော် ယွင်ချန်က သူ့ပါးစပ်ကို ကာလိုက်၏။

“ဟန်ဟန် သွား သွားတိုက်အုံး ညစ်ပတ်တယ်”

ယွင်ချန်း၏ အသန့်ကြိုက်မှုက ပေါ်ပေါက်လာ၏။ လန်ယဲ့ဟန်က မျက်နှာများ မည်းမှောင်ကျသွားသည်။ သူက ယွင်ချဲ့ သူ့ကို သင်ကြားပြသမှုကောင်းမွန်လွန်းမှုကို အနည်းငယ် ရုတ်တရက် မကျေမနပ် ဖြစ်သွားတော့၏။

“ကောင်းပြီ ကောင်းပြီ။ သွား.. သွားတိုက်မယ်။ မင်း စကားကို နားထောင်မယ် ဟုတ်ပြီလား”

လန်ယဲ့ဟန်က ကူကယ်ရာမဲ့စွာ ခေါင်းပွတ်လျက် ချစ်မြတ်နိုးစွာ ကြည့်ကာ မတ်တပ်ထရပ်ပြီး ရေချိုးခန်းထဲ သွားလိုက်၏။ ယွင်ချန်က ဘေးမှ လက်တော့ကို ယူကာ ရယ်မောလျက် ဂိမ်းဆော့နေတော့သည်။

အောက်ထပ်ရှိ ကျန်းရှန်တို့ အခန်းထဲတွင် ဖြစ်သည်။

“ဟင့်.. နာတယ်”

အလိုလိုပင် အိပ်နေရာမှ ယဲ့ရှင်းချန်က လှည့်လိုက်ချိန်၌ နာကျင်မှုကြောင့် မျက်မှောင်ကြုတ်မိသွားသည်။ သူက အပြည့်အဝ သတိဝင်နေတာ မဟုတ်သည့်တိုင် သူ့တစ်ကိုယ်လုံး ပျံ့နေသော နာကျင်မှုကို ခံစားရ၏။ သူသည် ဒလိန့်တုံးဖြင့် အကြိတ်ခံထားရသည့်ပမာ ဖြစ်နေတော့သည်။ သူ့ဘေးတွင် ရှိနေသော ကျန်းရှန်ကလည်း လှည့်လာပြီး သူ့ကို ဖက်တွက်ထားသည်။ သူပခုံးကြား ခေါင်းအပ်ထားပြီး သူ့နှုတ်ခမ်းထောင့်၌ ကျေနပ်နေသည့် အပြုံးတစ်ပွင့် ရှိနေတော့သည်။

“ဟမ်.. ရှောင်ကျန်းလား လွှတ်ပေးအုံး”

မနေ့တုန်းက နာကျင်မှုက လုံလောက်နေပြီဖြစ်၏။ သို့သော်ငြား မြဲမြံစွာ ဖက်တွယ်ခံထားရသေးသည်။ ယဲ့ရှင်းချန်က ပါးစပ်ဖွင့်လိုက်ရာ သူ့အသံက အက်ကွဲနေ၏။ သူ့အသံနှင့်တောင် မတူတော့ပေ။ မနေ့တုန်းက ချစ်စိတ်ပြင်းပြသည့် ပုံရိပ်များက သူ့စိတ်ထဲ ဖြည်းဖြည်းချင်း ဝင်ရောက်လာ၏။ ယဲ့ရှင်းချန်က တဖြည်းဖြည်းချင်း မှတ်မိသွားသည်။ မနေ့တုန်းက ကျန်းရှန်ကို သူကိုယ်တိုင် ဆွဲဆောင်ခဲ့၏။ ဝံပုလွေပေါက်လေးက သူ့ကို ထပ်ခါတလဲလဲ ဖိကပ်ခဲ့ကာ အကြိမ်တိုင်း၌ နောက်ဆုံးအကြိမ်ဟု ပြောခဲ့သည်။ သို့သော် နောက်ဆုံးအကြိမ်ဟု ပြောသည်က အကြိမ်မည်မျှမှန်း သူ မရေတွက်နိုင်တော့ပေ။ မည်သည့်နည်းနှင့်မဆို သူက ကျန်းရှန် ချစ်ကြိုက်တာ ခံခဲ့ရ၏။

“အင်း စီနီယာ ကျွန်တော်ခင်ဗျားကို ချစ်တယ်”

ကျန်းရှန်က နိုးလာရန် မိနစ်အနည်းငယ် အချိန်ယူနေကျဖြစ်သည်။ ထိုသို့သော ချစ်စကားပြောပြီးနောက် မျက်လုံးပြန်မှိတ်သွားတော့၏။ ယဲ့ရှင်းချန်က သူ၏ကံကြမ္မာကို လက်ခံလိုက်ကာ ဖြည်းဖြည်းချင်း ထရပ်ပြီး သူ အမှန်တကယ် နိုးလာမှာကို စောင့်နေလေ၏။

“စီနီယာ နာနေလား”

မိနစ်အနည်းငယ် ကြာပြီးနောက် ကျန်းရှန်က ရုတ်တရက် ထရပ်ပြီး စိုးရိမ်ထိတ်လန့်စွာ မေးလိုက်၏။ သူ၏မျက်နှာထက်၌ ပူပန်မှုများ ပြည့်နေသည်။ နောက်ဆုံးတွင် သူက ယဲ့ရှင်းချန်ကို လွှတ်လိုက်၏။

“အင်း နည်းနည်းပေါ့ မင်း မနေ့တုန်းက များသွားတာ”

“ကျွန်တော် တောင်းပန်ပါတယ်။ စီနီယာ ကျွန်တော်မှားတာပါ။ နောင်ကျ ထပ်မလုပ်တော့ပါဘူး။ နည်းနည်းလေးပဲ..”

သူ့စကားကို ကြားသောအခါ ကျန်းရှန်က ချက်ချင်းပင် ခေါင်းငုံ့လိုက်၏။ သူက လက်ကို ဆွဲထုတ်လိုက်သည်။ သို့သော်ငြား နောက်ဆုံးအခွန်းကမူ သိပ်ပြီး လက်မခံချင်တာ သိသာနေ၏။ အသက်အနည်းငယ် ရှုပြီးနောက် သူက ပြောလိုက်တော့သည်။

“အခုက စပြီး မင်း တစ်ညကို အလွန်ဆုံးမှ နှစ်ကြိမ်ပဲ ဘာမှထပ်မပြောနဲ့တော့ နားလည်လား။ ထပ်လုပ်လို့ မရဘူး”

“အမ်း.. စီနီယာ..”

ထိုအရေအတွက်သည် သူ မှန်းဆထားသည်နှင့် ကွဲပြားနေတာ သိသာ၏။ သူ၏မျက်နှာထက်၌ စိတ်ပျက်မှုများ ပြည့်နေတော့သည်။ သူက စွန့်ပစ်ခံလိုက်ရသည့် ခွေးကြီးတစ်ကောင်ပမာ သနားစဖွယ် အမူအရာမျိုး ရှိနေလေ၏။

“အလိုလိုက်ခံရတဲ့ ကလေးတစ်ယောက်လို ပြုမူနေတာ အသုံးမဝင်ဘူးနော်။ မနေ့ညကလိုမျိုးသာ နေ့တိုင်း ကြုံတွေ့နေရမယ်ဆိုရင် ငါ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး”

ယဲ့ရှင်းချန်၏ နှလုံးသားက နူးညံ့သွားလေ၏။ သို့သော် သူ့ခန္ဓာကိုယ်ရှိ နာကျင်မှုက သူ့ကို လက်တွေ့ဘဝသို့ ပြန်ခေါ်ဆောင်လာ၏။ သူ့ကို တင်းမာခက်ထန်သည့် မျက်နှာထားမျိုး ပြအောင် ဖိအားပေးနေတော့သည်။ ညှိနှိုင်း၍ မရသော လေသံမျိုးဖြင့် ပြောလိုက်တော့သည်။ ကျန်းရှန်က မျက်မှောင်ကြုတ်လျက် သူ့ကို အတန်ကြာ စိုက်ကြည့်ပြီးနောက် လဲချကာ ပခုံးပေါ် ခေါင်းတင်ထားပြီး ပြောလိုက်၏။

“စီနီယာပြောတာ နားထောင်ပါမယ်။ ကျွန်တော် ခင်ဗျားကို ချစ်တယ်”

အဆုံးတွင်မူ ယဲ့ရှင်းချန်၏ ခန္ဓာကိုယ်အခြေအနေက အသာစီး ရသွားတော့သည်။ ကျန်းရှန်က အသံတိုးတိုးဖြင့် ကတိပေးလိုက်တော့၏။ ယဲ့ရှင်းချန်သည် ပင်ပန်းနေသည့်ကြားမှ ရယ်မောလိုက်၏။ မျက်လုံးမှိတ်ထားလျက် အတော်ကြာပြီးနောက် အိပ်ပျော်သွား၏။ သူ အမှန်တကယ် ပင်ပန်းနေချေပြီ။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset