အခန်း ၁၅၆
အိပ်မပျော်သောတစ်ည
အခြေစိုက်စခန်းတွင် ညဘက် လှည့်လည်သွားလာမှုသည် ယွင်ချန်းနှင့် ချန်ချန်ကို စိတ်ပျော်ရွှင်သွားစေ၏။ သို့သော်ငြား အခြေစိုက်စခန်း၌ စောင့်ကြပ်နေသော စစ်သားများအတွက်မူ ကံဆိုးတာပဲဖြစ်သည်။ ကံကောင်းသည်မှာ ဟေးယွီက နံရံ၌ သေးမပန်းခဲ့ပေ။ မဟုတ်ပါက ထိုစစ်သားများက ပိုတောင် ဆိုးရွားသွားပေလိမ့်မည်။ ယွင်ချဲနှင့် ကလေးနှစ်ယောက် အိမ်သို့ပြန်ရောက်သည့်အချိန်၌ ညကိုးနာရီ ထိုးခါနီးပြီဖြစ်သည်။ လူတိုင်းက ဝံပုလွေသား၏ ဘေးထွက်ဆိုးကျိုးကို အိပ်ခန်းထဲ၌ ရင်ဆိုင်တိုက်ခိုက်နေသောကြောင့် ယခုအချိန်တွင် ဧည့်ခန်းထဲ၌ လူသုံးယောက်သာရှိတော့သည်။ ယွင်ယောင်၊ လန်ယဲ့ဟန်နှင့် ရှင်းဖုန်းတို့ဖြစ်သည်။
“ချန်း အဆင်ပြေရဲ့လား”
ရုတ်ရုတ်သဲသဲအသံကို ကြားသောအခါ ယွင်ယောင်က ချက်ချင်း ပြေးထွက်လာ၏။ သူမ၏သားကိုတောင် ဂရုမစိုက်တော့ဘဲ ယွင်ချန်းကိုသာ ဆွဲပြီး အပေါ်အောက်ကြည့်လိုက်၏။ သူက အသားတစ်ဖဲ့ ဆုံးရှုံးသွားမှာကို စိုးရိမ်နေသည့်ပမာ ကြည့်နေတော့တာပဲဖြစ်သည်။ သူ့နောက်ရှိ လန်ယဲ့ဟန်ကတောင် ဘာမှမပြောနိုင်ပေ။ ရှင်းဖုန်းက ယွင်ချဲ၏လက်ထဲရှိ ဖက်တီးလေးချန်ကို လှမ်းပွေ့လိုက်၏။ ဟေးယွီက မည်သည့်နေရာသို့ သွားသည်မသိ သူက စွမ်းအားနယ်မြေထဲ ပြန်သွားတာ ဖြစ်လောက်သည်။
“အဆင်ေပြပါတယ် အစ်မ ကျွန်တော်ပြောပြမယ် အပြင်မှာလေ ပျော်စရာကြီး ဟေးယွီက သိပ်အစွမ်းထက်တာပဲ သူပြေးနာ အတကယ်မြန်တယ် ကျွန်တော့်အစ်ကိုက နောင်ကျ အပြင်မှာကစားဖို့ မကြာခဏ ခေါ်သွားပေးမယ်လို့ပြောတယ်”
တင်းကြပ်စွာ ချုပ်ကိုင်ထားခြင်းကို ဖြေလျော့ပေးခြင်းကလည်း တစ်ခါတစ်ရံတွင် သူ့ကိုကာကွယ်ရန် နည်းလမ်းတစ်ရပ်ဖြစ်၏။
“ဟုတ်တယ် မင်ရွှမ်းက တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့အချိန်တိုင်း နေ့တိုင်းသတင်းပို့လိမ့်မယ် တစ်ယောက်ယောက် ဒဏ်ရာရမရ သူ ရှင်းရှင်းလင်းလင်းသိတယ် အဖွဲ့အစည်းထဲက သာမန်လူတွေအတွက် ဒဏ်ရာဂရနိုင်ခြေက အလွန်နိမ့်တာ သွေးထွက်သံယို မရှိရင် ချန်းလေးကို ညနေစောင်း လမ်းလျှောက်ထွက်ဖို့ ခေါ်တာကလည်း ကောင်းတာပဲလေ”
ရှင်းဖုန်းကလည်း ထောက်ခံလိုက်၏။ ဖုတ်ကောင်များ၏ သွားစွယ်သည် အပြင်ဘက်၌ မြင်တွေ့ရန် ရှားပါး၏။ ယွင်ချဲနှင့် လန်ယဲ့ဟန် နှစ်ယောက်လုံးက သူ့ကို ကောင်းမွန်စွာ သင်ကြားပြသပေးထားပြီး သူသည် နေ့စဉ်နေ့တိုင်း ရောင်စုံ မျက်ကပ်မှန်ကိုလည်း ဝတ်ဆင်၏။ လန်ယဲ့ဟန်က သူ၏လက်သည်းများကိုလည်း မကြာခဏ ညှပ်ပေး၏။ ယွင်ယောင်ကလည်း နေ့စဉ်နေ့တိုင်း သူ့ကို စစ်ဆေးပေးနေသည်။ အပြင်ပန်းကကြည့်လျှင် သူက သာမန်လူနှင့် မခြားပေ။ အကောင်းဆုံး သတ်သေက သူသည် ခုံတန်းလေးတွင်ထိုင်ပြီး သူတို့ကို အမြဲတမ်း စောင့်နေတာပဲဖြစ်၏။ သူ့ကို အားလုံးက မြင်တွေ့မိကြသည်။ သို့သော် ကွာဟချက်ကို သတိမပြုမိကြပေ။ ညနေစောင်း၌ အပြင်ထွက်ပါက ညအမှောင်ရိပ်ဖြင့် အလွယ်တကူ ထုတ်ဖော်ခံရမှာမဟုတ်ပေ။
“အင်း အခုကစပြီးတော့ ချန်းကို လမ်းလျှောက်ထွက်ဖို့ ခေါ်သွားမယ်”
သူတို့တွေးထားပုံအတိုင်း လန်ယဲ့ဟန်ကလည်း တွေးမိ၏။ သူ့ဘေးရှိ ယွင်ချန်းသည် ထိုစကားကို ကြားသောအခါ လန်ယဲ့ဟန်၏ လက်မောင်းကို ချက်ချင်းပင် ပျော်ရွှင်စွာ ဖက်လိုက်လေ၏။
“တကယ်လား တကယ်လား”
အနက်ရောင် မျက်ကပ်မှန်အောက်ရှိ မျက်ဝန်းတစ်စုံက ဖုံးကွယ်မရသည့် စိတ်လှုပ်ရှားမှုများ ပေါ်နေလေပြီး သူ့ယခင်ထဲက အင်မတန် ပြင်းရိငြီးငွေ့နေကြောင်း ပြသနေ၏။
“တကယ်ပေါ့”
သူက လက်ဆန့်ထုတ်ပြီး မျက်နှာကို ထိလိုက်၏။ အချို့သော အကြောင်းအရင်းကြောင့် အေးစက်သောအထိအတွေ့သည် သူ၏နှလုံးသားကို မနာကျင်စေခဲ့ပေ။ သို့သော် အလွန်သက်သောင့်သက်သာ ရှိစေခဲ့၏။ ဝံပုလွေသားအကြောင်း တွေးမိပြီး လန်ယဲ့ဟန်၏ မျက်နှာက သုန်မှုန်သွားသည်။ သူ၏ခန္ဓာကိုယ်က တစ်ချိန်လုံး ပူလောင်နေကြောင်းကိုလည်း သတိရသွား၏။ ယွင်ချဲက သိပ်ကို ဉာဏ်များလွန်းသည်။ ကာမအားတိုးဆေးကို တိုက်ရိုက် စားသုံးခြင်းထက် ယင်းက ဆေးစွမ်း ပိုပြင်းနေသည် မဟုတ်ပါလော။ ကျန်းရှန်နှင့် ကျန်သည့်သူများကလည်း အစောတုန်းက ဧည့်ခန်းထဲတွင် စောင့်နေကြ၏။ သို့သော် အလွန်အကျွံတုံ့ပြန်မှုကြောင့် သူတို့သူလည်း သူတို့အခန်းသို့ ဦးစွာ ပြန်သွားကြတော့သည်။ လုဟိုင်ရွှမ်းကလည်း ကျိုးဇယ်ယွီနှင့်အတူ အိပ်လျှင် ပြဿနာတစ်ခုခုဖြစ်မှာကို စိုးရိမ်သောကြောင့် ဘေးအခန်းတွင် သွားအိပ်တော့သည်။
“ဟီးဟီး”
အဖြေအတိအကိရပြီးနောက် ယွင်ချန်းသည် ပိုတောင် ပျော်ရွင်ကြည်နူးစွာ ရယ်မောလိုက်၏။ သူ၏ခန္ဓာကိုယ် အပူချိန်မြင့်လာတာ ခံစားမိပြီး သူက လန့်ဆန့်ထုတ်ကာ နဖူးကိုထိလိုက်၏။ “ဟန်ဟန်က သိပ်ပူနေတာပဲ”
ယွင်ချန်းသည် တစ်စုံတစ်ယောက် ဖျားနာတာကို ယခင်က တသ်ခါမှ မမြင်ဖူးပေ။ ခါတိုင်းထက် ပူနေသည်ဟုသာ ခံစားမိတာဖြစ်သည်။
“ပြဿနာ မရှိပါဘူး ပူရုံပဲကို”
ရှင်းဖုန်း၏ ကျီစယ်သောအကြည့်များကို မြင်လိုက်သောအခါ လန်ယဲ့ဟန်က သူ့လက်များကို ချလိုက်လေ၏။ ခဏတာ စဉ်းစားပြီးနောက် သူက ထရပ်ပြီး ပြောလိုက်တော့သည်။
“အားလုံးပဲ ကောင်းသောညပါ ထွက်သွားတဲ့အချိန် တံခါးပိတ်ခဲ့ပေးဦး”
“သွားအိပ်တော့မလို့လား ဟန်ဟန် ဒါပေမဲ့ ငါ့အစ်ကိုနဲ့ စကားပြောချင်သေးတယ်”
“မနက်ဖြန်မှ ပြောကြရအောင် မင်းရဲ့အစ်ကိုလည်း နောက်ရက်အနည်းငယ်လောက် အိမ်မှာရှိဦးမှာလေ”
ယွင်ချန်းက တွန့်တွန့်ဆုတ်ဆုတ်ဖြင့် ခေါင်းလှည့်လိုက်၏။ သို့သော် လန်ယဲ့ဟန် ခေါ်သွားတာ ခံလိုက်ရသည်။ အစက သူသည် ဤကပ်ဘေးကို ကျော်နိုင်လိမ့်မည်ဟု ထင်နေခဲ့တာဖြစ်၏။ သို့သော် မည်သူက သိမည်နည်း။
ယဲ့ချန်း၏ ခန္ဓာကိုယ်က အရွယ်ရောက်ပြီ ဆိုပေမဲ့ သူ့ရဲ့ ဉာဏ်ရည်က ချန်းချန်းလောက် မမြင့်ဘူး။ မင်းအဲ့လောက် ဆိုးရတာမျိုး မလုပ်သင့်ဘူးမလား”
လန်ဟဲ့ယန်က လှေကားပေါ်သို့ တက်တော့မည် အချိန်၌ ယွင်ချဲ့၏ အသံက ပေါ်ထွက်လာလေ၏။ လင်းယဲ့ဟန်၏ ခန္ဓာကိုယ်ကို တောင့်တင်းသွားစေတော့သည်။ သူက စကားတစ်ခွန်း ပြောပြီးနောက် သူက ယွင့်ချန်းကို အပေါ်ထပ်သို့ အမြန်ခေါ်သွားလိုက်သည်။
“ကိုယ်တို့လည်း ပြန်သွားဖို့ အချိန်ရောက်ပြီမလား”
ဧည့်ခန်းထဲတွင် သူတို့နှစ်ယောက်သာ ကျန်တော့သည်။ ရှင်းဖုန်းက အားနာမနေတော့ပေ။ သူ၏ အရပ်ရှည်လျားသော ခန္ဓာကိုယ်ဖြင့် အတင်းဖိကပ်လိုက်ကာ ယွင်ချဲ့၏ မျက်နှာပေါ်ရှိ အပြုံးက တောင့်တင်းသွားတော့သည်။
“စိတ်လိုက်မာန်ပါ မလုပ်နဲ့ မစ္စတာရှင်း။ လုပ်စရာ ရှိရင် ကျေးဇူးပြုပြီး ကောင်းကောင်းပြောပါ”
ဒီတော့မှ ယွင်ချဲ့သည် ထိုသူ၏ ခန္ဓာကိုယ် အပူချိန်ကလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်နေကြောင်း သဘောပေါက်သွား၏။ ထိုသူသည် ဝံပုလွေသားများ စားထားတာ သိသာနေသည်။ ပထမဆုံးအနေဖြင့် ယွင်ချဲ့သည် တွင်းတစ်တွင်းတူးပြီးသာ ပုံးနေလိုက်ချင်၏။ အစောတုန်းကသာ သိခဲ့မည် ဆိုလျှင် ထိုအကြောင်းကို တမင်တကာ ဖုံးကွယ်ထားမှာ မဟုတ်ပေ။ ဤကဲ့သို့ အခြေအနေမျိုး၌ သူတို့ အမှန်တကယ် ချစ်ကျွမ်းဝင်ခဲ့လျှင် သူ၏ ချစ်စဖွယ် ဂန္ဓမာ ပန်းလေးက နေကြာပန်း အဖြစ် ပြောင်းသွားလောက်သည် မဟုတ်ပါလော။ အတွေးကလည်း ကြောက်မက်ဖွယ် ကောင်းလှပေ၏။
“မင်းသာ ကောင်းကောင်း ပြောထားမယ်ဆိုရင် ကိုယ်ဒါမျိုး ဖြစ်လာဖို့ လိုမှာလား”
“အား.. နာတယ်”
သူ့ကို ရှင်းဖုန်းက ဖိကပ်ပြီးနောက် သူ၏ ခန္ဓာကိုယ် အောက်ပိုင်းကို ရည်ညွှန်းပြီး ပြောလိုက်တော့၏။
နာကျင်လွန်းသောကြောင့် ပင့်သက်ရှိုက်မိသွားသည်။
“ငါလည်း အသားတွေနဲ့ လုပ်ထားတာ။ ပိုညှင်သာနိုင်မလား”
နောက်ဆုံးတွင် သူ သတိဝင်လာအောင် ရုန်းကန်ပြီးနောက် ယွင်ချဲ့သည် သူတို့ နှစ်ယောက်ကြား လက်ဆန့် ထုတ်လိုက်ပြီး ပူလောင်ပြင်းပြသော လက်နက်ကြီးကို တွန်းထုတ်လိုက်လေ၏။ ပြီးနောက် ယှဉ်ဖုန်းက သူ၏လည်ပင်းကို စိတ်မရှည်လက်မရှည် ကိုက်ခဲလာတော့၏။
“ဟင်.. ဖြည်းဖြည်းလုပ် နာတယ်”
“တကယ်ကြီး ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲသွားတာလား”
သူ ကိုက်ခဲတာကို ရှောင်တိမ်းနေစဉ် ယွင်ချဲ့က သူ့ကို တွန်းထုတ်လိုက်၏။ ရှင်းဖုန်းက စိတ်မရှည် လက်မရှည်ဖြင့် ပါးစပ် ဖွင့်ဟကာ ယွင်ချဲ့၏ နှုတ်ခမ်းကို ကိုယ်ပိုင် နှုတ်ခမ်းပမာ ပြုမူလျက် သူ၏ ထူထဲသော လျှာကို သူ၏ ခံတွင်းအတွင်းသို့ ထိုးထည့်လျက် မွေနှောက်နေလေသည်။ သူက မလုံလောက်သေးဟု ခံစားရသည့်ပမာ ယွင်ချဲ့၏ မေးစေ့ကို ဖျစ်ညစ်ပြီးနောက် ရှတတ အသံဖြင့် ပြောလိုက်တော့၏။
“လျှာကို ထုတ်လိုက်”
ထိုကဲ့သို့ ညစ်ညမ်းလှသော တောင်းဆိုချက်သည် ပူလောင်နေသော ခန္ဓာကိုယ်ကိုတောင် တောင့်တင်းသွားစေ၏။ ယွင်ချဲ့ကတောင် စိတ်လှုပ်ရှားသွားပြီး လိမ်လိမ်မာမာဖြင့် လျှာထုတ်လိုက်သည်။ ရှင်းဖုန်းက သူ၏ လျှာကို လှုပ်ရှားပြီးနောက် တက်နိုင်သမျှ နည်းမျိုးစုံဖြင့် လျှာကို ဆော့ကစားနေတော့သည်။
ပြီးနောက် ပြင်းပြစွာ စုတ်ယူလိုက်တော့၏။
“အင်း..”
နာကျင်မှုနှင့် ထုံကျဉ်မှုသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးထဲ ဝင်ရောက်လာပြီး နာကျင်ခြင်းကြောင့် အော်သည်လော။ သို့မဟုတ် ညည်းသွားလိုက်သည်လော မသိ။ ခန်းမတစ်ခုလုံး၌ ပြင်းပြသော စိတ်ဆန္ဒတို့ဖြင့်သာ ပြည့်နေလေသည်။ သူတို့နှစ်ယောက်လုံးက ယောက်ျားသားများ ဖြစ်၏။ နှစ်ယောက်လုံးက အနမ်းတို့ကို ပိုနက်ရှိုင်းစေလိုက်ပြီး ရှုထောင့်မျိုးစုံ ပြောင်းလဲကာ တစ်ယောက်ခုတင်ထဲသို့ တစ်ယောက် နက်ရှိုင်းစွာ နမ်းရှိုက်နေလေ၏။ ပြီးနောက် အတော်ကြာသည်အထိ တွယ်ကပ်နေလေသည်။
“ဟူး.. ဟူး.. ဘေးအခန်းကို သွားကြမလား”
ထိုအနမ်းက အတော်ကြာမြင့်ခဲ့ပြီး နှစ်ယောက်လုံးက အသက်ထပ်မရှုနိုင်သည်အထိ ခံစားမိ၏။ ရှင်းဖုန်းက သူ၏ နားသံသီးလေးကို နမ်းရှိုက်ပြီး ရပ်လိုက်တော့၏။ သူ၏ နှာထိပ်ဖျားသည် ရံဖန်ရံခါ၌ သူ့ကို လူးလွန့် ကျီစယ်လာတော့သည်။
“အဓိပ္ပာယ် မရှိတာ ဒီအတိုင်း ဖြစ်နေပြီကိူ။ အခုမသွားရင် ပေါက်ကွဲတော့မယ်”
ယွင်ချဲ့ကလည်း အမောတကော အသက်ရှုလိုက်ပြီးသူက ကွာခြားကို ထိရန်အတွက် လက်ကို ဆွဲယူလိုက်သည်။
သူက နေကြာပန်းအဖြစ် အသွင်ပြောင်းသွားရမည်ဆိုလျှင် လျှပ်ရှားမည်ပင်။
“ဟဟ… မင်းရဲ့ အမိန့်အတိုင်း နာခံပါ့မယ်”
ရှင်းဖုန်းက စိတ်ကျေနပ်စွာ ပြုံးလိုက်၏။ သူက ယွင်ချဲ့ကို ဖက်ထားချင်၏။ သို့သော်ငြား ဆိုဖာပေါ်တွင် မျက်လုံး မှိတ်လျက် မှီနေသော ယွင်ချဲ့က သူ့ကို ရိုက်ထုတ်လိုက်ပြီး အမောတကော အသက်ရှုနေသည်။ ခဏကြာပြီးနောက် နှစ်ယောက်လုံးသည် ထရပ်လိုက်ပြီးနောက် အခန်းထဲ ဝင်သွားတော့၏။ ထိုကဲ့သို့ မြင်ကွင်းမျိုးသည် ခန်းမထဲတွင် ဖြစ်ပွားနေသည်သာမက တတိယ အထပ်ရှိ အခန်းထဲတွင်လည်း ဖြစ်ပွားနေ၏။
“ရှောင်ကျန်း ဘာလုပ်နေတာလဲ။ ဘာလို့ ဒီလောက်ကြာနေရတာလဲ”
အခန်းထဲသို့ ပြန်ရောက်ပြီးနောက် ယဲ့ရှင်းချန်သည် သူ၏ ပြဿနာကို ဖြေရှင်းရန်အတွက် သန့်စင်ခန်းသို့ သွားခဲ့သည်။ သူသည် အချိန်အတော်ကြာ မဖြေလျော့ခဲ့သောကြောင့် သူ၏ အတွင်းခံကလည်း မတော်တဆ ပေသွား၏။ ကျန့်ရှင်းက တစ်စုံတစ်ခု ထူးဆန်းနေတာကို သတိပြုမိသွားတော့သည်။ ထို့ကြောင့် ယဲ့ရှင်ချန်းက သူ၏ အတွင်းခံကို ဆေးကြောပြီးနောက် ရေချိုးခန်းထဲတွင် ချိတ်ထားလိုက်၏။ သို့သော် ရေချိုးခန်းထဲ ကျန်းရှန် ဝင်သွားသည့် အလှည့်တွင် နာရီဝက်ကြာ ကြာသည်အထိ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိပေ။ ယဲ့ရှင်းချန်က သူ တစ်စုံ တစ်ခု ဖြစ်နေမှာကို စိုးရိမ်၏။ ထို့ကြောင့် သူတံခါးဖွင့်လိုက်သည့် အချိန်၌ အတွင်းခံသာ ဝတ်ထားသော ကျန်းရှန်ကလည်း သူ၏ အတွင်းခံကို ဆေးကြောပေးနေကြောင်း တွေ့လိုက်ရသည်။ သို့သော် ယဲ့ရှန်ချန်း ဂရုတစိုက် ကြည့်မိသောအခါ သူ့လက်ထဲရှိ အတွင်းခံက ရင်းနှီးနေပုံပေါ်၏။ သူ့ဘေးရှိ ရှင်းလင်းနေသော အဝတ်တန်းကို ကြည့်ပြီးနောက် နုနယ်ပြီး ချောမောသော မျက်နှာက ရုတ်တရက် နီဆွေးလာတော့သည်။
နှစ်ယောက်လုံးက အမျိုးသားများ ဖြစ်၏။ သူ့သာ ဘာတွေ ဖြစ်နေမှန်း မသိတော့လျှင် သူ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတာပဲ ဖြစ်ရမည်။
“စီနီယာ”
ဆန့်ကျင်ဖက်အနေဖြင့် ကျန်းရှန်းက အတော်လေး တည်ငြိမ်နေ၏။ သူ့လက်ထဲရှိ အတွင်းခံကို မြှောက်ပြပြီးနောက် တစ်ဖက်လှည့်လာသည်။
“စီနီယာရဲ့အတွင်းခံက ကြမ်းပြင်ပေါ် ကျနေလို့ ကျွန်တော် လျှော်ပေးနေတာ”
ထိုအကြောင်းပြချက်က အလွန်ပင် ယုတ္တိရှိသည်။ ယဲ့ရှင်ချန်းက ပြန်ပြောရန် စကားလုံးတောင် မရှာနိုင်တော့ပေ။ သူက မျက်ဝန်းထောင့်ကနေ အဝတ်လှမ်းစဉ်ကို တစ်ချက် ကြည့်လိုက်၏။ သေချာ ချိတ်တွယ်ထားသော အတွင်းခံသည် ပြုတ်ကျသည်လော။
“တကယ်လား… ကောင်းကောင်း အခြောက်မခံထားမိလို့နဲ့ တူတယ်။ ကျေးဇူးပါပဲ ရှောင်ကျန်း”
ထိုသို့ ပြောရုံအပြင် သူဘာကို ပြောနိုင်ဦးမည်နည်း။ ယဲ့ရှင်ချန်းကလည်း သူ ငိုရမည်လား ရယ်ရမည်လား မသိတော့ပေ။
“မဟုတ်ဘူး.. ရပါတယ်”
သူ့အတွင်းခံကို ခြောက်အောင် သူ့အတွင်းခံ လှမ်းရန် ကူညီပေးပြီးနောက် ကျန်းရှန်က ဆူပုတ်လာတော့သည်။ ယဲ့ရှင်းချန်က သူ၏ မျက်ဝန်းထဲ၌ အတွေးတချို့က ဖြည်းဖြည်းချင်း ပေါ်လာ၏။ ခဏအကြာတွင် သူက ဆုံးဖြတ်ချက် ချလိုက်သည့်ပမာ ယဲ့ရှင်ချန်းဖက် လှည့်လိုက်တော့သည်။ ပြီးနောက် ယဲ့ရှင်ချန်းက လျှောက်သွားကာ မီးမှိတ်လိုက်ပြီး ခုတင်ဘေးရှိ မီးအိမ်လေးကိုသာ ထားရစ်ခဲ့သည်။ ပြီးနောက် သူ၏ ရေချိုးဝတ်ရုံကို ချွတ်လိုက်ပြီး အိပ်ရာပေါ်၌ မှီလိုက်တော့၏။ မှိန်ဖျဖျ အလင်းရောင်အောက်၌ ယဲ့ရှင်းချန်က အရှက်တရားကို ထိန်းလျက် သူ၏ သွယ်လျသော လက်ချောင်းများက ဖြည်းဖြည်းခြင်း ရွေ့လျားနေတော့၏။ ပြီးနောက် ချယ်ရီရောင် နွေးထွေးသော နှုတ်ခမ်းတို့က ပြောလိုက်တော့၏။
“ရှောင်ကျန်း အဲဒါကို လုပ်ချင်လား”
တိုးသဲ့သဲ့ နူးညံ့သောအသံသည် အိပ်ရာထောင့်စွန်း၌ လိမ္မာသည့် ကလေးတစ်ယောက် သဖွယ် ပမာ ထိုင်နေသော ကျန်းရှန်က ရုတ်တရက် ခေါင်းမော့ပြီး သူ၏ မျက်လုံးထဲရှိ မီးတောက်က တစ်ဖက်သူကို လောင်ကျွမ်းစေနိုင်သည့် ပမာ ဖြစ်နေ၏။
“မင်း အဲဒါကို လုပ်ချင်လား”
ပိုမိုကြီးထွားလာသော အရှက်တရားကို ဖိနှိပ်လျက် ယဲ့ရှင်ချန်းက သူ၏ ခြေသံရှည်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ ခြေထောက်များက ကျန်းရှန်၏ ဝမ်းဗိုက်ကြွက်သားကို ထိလိုက်ပြီး ညှင်သာစွာ ပွတ်သပ်လိုက်တော့၏။သူ၏ ခြေမနှင့် ခြေညှိုးက သူ့ကို ပွတ်သပ် ကြည်ညိုနေလေ၏။ ပြီးနောက် အတွင်းဝတ်ကို ဆွဲချလိုက်တော့သည်။
“စီနီယာ..”
သူ၏ ညှို့ငင်မှုကို ကြာရှည်စွာ မတောင့်ခံနိုင်တော့ဘဲ ကျန်းရှန်က ခေါ်လျက် သူ့ကို သူ့အပေါ်သို့ ဆာလောင်နေသည့် ဝံပုလွေ တစ်ကောင်ပမာ ခုန်အုပ်လာလေ၏။