အခန်း ၁၅၈
ယွင်ချဲ့၏ အခဲမကျေမှု
လူအများစုက အိပ်ရာထနောက်ကျပြီး အချို့ကဆို တစ်မနက်လုံးတောင် မထကြပေ။ ယင်းက ထိပ်ဦးအတွက် နောက်ထပ်အားလပ်ရက် တစ်ရက်ဖြစ်သည်။ ယဲ့ရှင်းချန်သည် အိမ်ပြုပြင်မှုအတွက် တာဝန်ယူရမည့်သူဖြစ်သော်ငြား သူသည် တစ်ခါမှ ပေါ်မလာပေ။ မစ္စတာချန်သည် အမြဲတမ်း ကူညီချင်နေသောကြောင့် သူက လက်လွှဲယူလိုက်၏။
“အင်း”
ယွင်ချဲ့သည် အိပ်မက်မက်နေစဉ် လူးလိမ့်နေတော့၏။
“ခင်ဗျားက သားရဲကောင်ကြီးလား”
ယွင်ချဲ့က ရှင်းဖုန်းကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေလေ၏။
“ကိုယ်က မင်းရဲ့အစောင့်အရှောက်သားရဲလေ မဟုတ်ဘူးလား”
ရှင်းဖုန်းက ခါးညွှတ်ကာ ယွင်ချဲ့၏နဖူးကို နမ်းလိုက်လေ၏။
“ထပြီး ရေချိုးတော့မလား”
ယွင်ချဲ့သည် သူ၏ခန္ဓာကိုယ်ကို အစိတ်အပိုင်းတိုင်းက နာကျင်နေသည့်တိုင် ရှင်းဖုန်း၏ အဆိုပြုချက်ကို ဖယ်ချလိုက်သည်။ သူက သူ့အတွက် စီးကရက်တစ်လိပ် မီးညှိပြီးနောက် မျက်နှာကျက်ကို စိုက်ကြည့်နေလိုက်၏။
သူ့စိတ်ခံစားချက် မကောင်းမှန်း သိသည့်တိုင် ရှင်းဖုန်းက ထထိုင်ပြီး ဆံပင်ကို ပွတ်သပ်လိုက်သည်။
“ကိုယ့်ရဲ့ ပေါင်ပေ့ ဘာစားချင်လဲအောက်ဆင်းပြီး မင်းအတွက်ချက်ပေးမယ်”
ယွင်ချဲ့က ဖြည်းဖြည်းချင်း လှည့်လိုက်ရာ သူ၏ပါးစပ်ဖွင့်ရန် ခက်ခဲနေပုံပေါ်ပြီး သူသည် တစ်စုံတစ်ခုကို အကြမ်းပတမ်း ဝါးစားနေပုံဖြင့် ဖြူဖွေးသောသွားများကို ကြိတ်လိုက်လေ၏။
“ဝက်အူချောင်း၊ မှို၊ ခရမ်းသီး၊ သခွားသီး၊ ငှက်ပျောသီး အားလုံးကို ခုတ်ချင်တာ”
“အမ်”
ချဲ့၏ အညှာအတာမဲ့မှုကို ရလိုက်သည်။ ယနေ့သည် ပရမ်းပတာ မနက်ခင်းဖြင့် စတင်လာလေ၏။
“ဟိုင်ရွှမ်းနဲ့ ချူးရော”
ဆူညံနေသောအသံက အပြင်ဘက်၌ ပေါ်နေပြီး ယွင်ချဲ့က ရှင်းဖုန်း၏ ဧည့်ခန်းထဲရှိ ခုံပေါ်၌ ထိုင်နေတာဖြစ်သည်။ သူသည်လည်း မနေ့ညက ချူးဟောင်လင်နှင့် လုဟိုင်ရွှမ်းကြား ဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် အံ့ဩသွား၏။ ထိုနှစ်ယောက်သည် စုံတွဲဖြစ်နိုင်ချေ အနည်းဆုံးပဲဖြစ်သည်။ ဟိုင်ရွှမ်းက ချူးကို စကားများလွန်းတယ်လို့ ပြောတာ မဟုတ်ဘူးလား အရေးကြီးဆုံးက ဟိုင်ရွှမ်းက မချက်ပြုတ်နိုင်ဘူးလေ အစားရူးချူးဟောင်လင်က သူ့ကို ဘယ်လိုလုပ်ကြိုက်မှာလဲ။
“နှစ်ယောက်လုံးက ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြဖို့ ဆန္ဒမရှိဘူး။ ချူးဟောင်လင်က အခန်းထဲမှာ နေနေတုန်းပဲ။ ဒါပေမဲ့ သူတို့အဲဒါကို လုပ်တဲ့အချိန် နှစ်ယောက်လုံးရဲ့ခေါင်းက မကြည်လင်ဘူးနဲ့ထင်ပါရဲ့”
ကုမင်ရွှမ်းက ခေါင်းညိတ်လိုက်၏။ သူသည် ထိုကဲ့သို့ မှတ်ယူမှုတစ်ခု ပြုလုပ်ကမှာကို မုန်းတီး၏။ သို့သော် ဟိုင်ရွမ်းနှင့် ချူးဟောင်ကြား ဖြစ်ပျက်ခဲ့ပုံက အဖွဲ့နှစ်ဖွဲ့ကြားရှိ ခင်မင်မှုကို ထိနိုင်၏။ ယွင်ချဲ့သည် ထိပ်ဦးအဖွဲ့ခေါင်းဆောင်အနေဖြင့် ဖြေရှင်းချက်ပေးရန် လိုအပ်သည်။
“သူ နေ့လည်စာမစားဘူးလား”
ရှင်းဖုန်းက မျက်မှောင်အနည်းငယ် ကျုတ်လိုက်လေ၏။ ကုမင်ရွှမ်းက ခေါင်းထပ်ညိတ်လိုက်သည်။ ယင်းက ပြင်းထန်၏။ ချူးဟောင်လင်သည် ထမင်းတစ်နပ် အလွတ်ခံမည်ထက် သေလိုက်မှာပဲဖြစ်သည်။ သူ၏အပြုအမူက ဤကိစ္စလေးနက်ကြောင်း ပြသနေသည်။
“ဘာကြောင့် ဒီလောက် အတည်ပေါက်ကြီး ဖြစ်နေတာလဲ သူ့ကိုယ်သူ သတ်သေမှာမို့လို့လား ဘာလဲ”
ယွင်ချဲ့သည် သူတို့ကို အထင်တသေးပြောပြီးနောက် ခပ်မတ်မတ်ထိုင်လိုက်၏။
“သူက နယ်မြေစွမ်းအားရှင်ပဲလေ သူ့လို အစားကြီးသူက သူ့ရဲ့နယ်မြေထဲမှာ စားစရာမရှိဘူးများ ထင်နေလား ဟိုင်ရွှမ်းနဲ့ ချူးကြားမှာ ဖြစ်ခဲ့တာက သူတို့က အရွယ်ရောက်ပြီးသားတွေပဲ သူတို့ တစ်ယောက်နဲ့တစ်ယောက် ခံစားချက် ရှိရှိ၊ မရှိရှိ သူတို့ကိစ္စကို ကျုပ်တို့ ဝင်စွက်ဖက်စရာမလိုဘူး မဟုတ်ရင် ကိစ္စတွေကို ပိုဆိုးသွားစေလိမ့်မယ် သူတို့ဘာသာ ဖြေရှင်းပါစေ”
သူတို့တွေးသလို အဖွဲ့နှစ်ဖွဲ့ကြားရှိ ခင်မင်ရင်းနှီးမှုက ပြိုကွဲသွားလိမ့်မည်ဆိုတာ သူ မယုံကြည်ပေ။ အဟန့်အတား ဖြစ်သွားခဲ့လျှင် နှစ်ဖက်လုံးက မစစ်မှန်ဟု ဆိုလိုတာပဲဖြစ်၏။ ထို့ကြောင့် ဝမ်းနည်းနေစရာ မထိုက်တန်ပေ။
“ဟုတ်တယ် ချဲ့ပြောတာမှန်တယ် ဟောင်လင်က ဂရုမစိုက်တတ်တဲ့သူတစ်ယောက်လို့ ထင်ရတယ် ဒါပေမဲ့ တကယ်တော့ သူက ထိခိုက်လွယ်တဲ့သူပဲ ငါတို့တွေ သူ့ကို တစ်စုံတစ်ခု သတိမပြုမိအောင်နေတာက ပိုကောင်းလိမ့်မယ် ဟိုင်ရွှမ်းက ငယ်သေးတယ် သူက ရမ်းကားတတ်တယ်ဆိုပေမဲ့ အရူးတစ်ယောက် မဟုတ်ဘူး ဘယ်သူကမှတော့ အခြားသူတွေဆီကနေ အာရုံစိုက်မှုတွေ လိုချင်မယ်လို့ မထင်ဘူး ဖြစ်ပျက်ခဲ့တာကို ငါတို့သိပြီးသား ဒီတော့ သူတို့ကို ဖိအားသိပ်မပေးနဲ့”
ရှင်းဖုန်းက မျက်မှောင်ပြေလျော့သွားလေ၏။ ရှင်းဖုန်းသည် ယွင်ချဲ့နှင့် အတူရှိနေချိန်တွင် ကုမင်ရွှမ်းက သူတို့၏ခေါင်းဆောင်သည် ယွင်ချဲ့၏ အစောင့်အရှောက်သားရဲဖြစ်ရတာ ပျော်ရွှင်နေကြောင်း ဝန်မခံလိုသော်ငြား ခေါင်းဆောင်ရှင်းသည် သူ၏သဘောထားကို ချက်ချင်းနီးပါး ပြောင်းလဲပြစ်ခဲ့တာပဲဖြစ်၏။
“သြော် ကျုပ်အစ်မ ချက်ထားတဲ့နေ့လည်စာ ဘယ်လိုလဲ”
ယွင်ချဲ့သည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် အကြောင်းအရာပြောင်းပြောရန် ကြိုးစားလိုက်၏။ ကုမင်ရွှမ်းသည် နှောင့်နှေးမှုမရှိ စဉ်းစားမနေဘဲ ဖြေလိုက်၏။
“ပြီးပြည့်စုံတယ်”
ယွင်ယောင်၏ ချက်ပြုတ်မှုက ကောင်းမွန်၏။ သူမသည် စားဖိုမှူးချင်လောက် မတော်သော်ငြား သူမ၏ စားစရာများက အမြဲတမ်း အိမ်ချက်စားစရာ အရသာရသည်။ လူတိုင်းက ၎င်းကို နှစ်သက်၏။
“ကျုပ်ဆိုလိုတာက ဆန်မှာ ဘာကွာဟချက်ရှိလဲလို့”
ယွင်ချဲ့က ထပ်မေးလိုက်၏။ သူသည် မနေ့တုန်းက သူ၏အစ်မကို စွမ်းအားနယ်မြေကနေ ရရှိလာသည့် ဆန်နှင့်ဂျုံများ ပေးလိုက်တာဖြစ်ပြီး ဆန်ချက်ရန် အထူးတလည် မှာကြားခဲ့၏။ သူသည် တစ်မနက်လုံး အိပ်ရာထဲတွင် ရှိနေပြီး နောက်ပိုင်းတွင် ရှင်းဖုန်း သူ့အတွက် ချက်ပေးထားသည့် စားစရာအချို့ကို စားသောက်ခဲ့ပြီး စွမ်းအားနယ်မြေထဲ ဝင်ရောက်ခဲ့သောကြောင့် သူကိုယ်တိုင် စိုက်ထားခဲ့သည့်ဆန်ကိုတောင် မစားခဲ့ရပေ။
“မကွာခြားဘူး တကယ်ပြောတာပါ”
ကုမင်ရွှမ်းက ထိုအကြောင်းကိုာတွေးပြီးနောက် ဘာမှ ကွဟတာမရှိဟု ဆုံးဖြတ်လိုက်သည်။
“တကယ်လား ကျုပ်အစ်မနဲ့ စကားပြောဖို့ လိုနေပြီပဲ”
ယွင်ချဲ့က ရေရွတ်ပြောလိုက်၏။ သူက မတ်တပ်ထရပ်ကာ အဝေးသို့ လျှောက်သွားလိုက်သည်။ ကုမင်ရွှမ်းက ရှင်းဖုန်းကို ဇဝေဇဝါ ကြည့်လိုက်လေ၏။ “ဘာမှားလို့လဲ”
“ဘာမှမဟုတ်ဘူး သူက သူ့ရဲ့အမှားကို ဆန်တစ်အိတ်နဲ့ ဂျုံတစ်အိတ် ပေးခဲ့တာလေ အဲဒါတွေက ဘယ်လိုအရသာလဲဆိုတာ သိချင်နေရုံပဲ”
ရှင်းဖုန်းက ရယ်မောပြီးနောက် ရှင်းပြလိုက်၏။ သူက ကွန်ဖူးလက်ဖက်ရည်တစ်ငုံကို သောက်ပြီးနောက် မေးလိုက်တော့၏။ “ငါတောင်းထားတဲ့ ကြက်တွေကော ရပြီလား”
“သူတို့တွေက ခြံဝန်းထဲမှာပါ ဒါပေမဲ့ ခေါင်းဆောင် ကြက်ပေါက်လေးတွေ ဘာကြောင့် လိုချင်တာလဲ”
ရှင်းဖုန်းသည် သူတို့ကို ကြက်ပေါက်လေးေတွ လိုချင်ကြောင်း ပြောသော်ငြား အကြောင်းအရင်းကို သူ့အား မပြောပြခဲ့ပေ။
“ခြံဝန်းထဲမှာ ကြက်ခြံလုပ်မလို့တော့ မဟုတ်လောက်ပါဘူးနော်” ကုက သိချင်နေလေ၏။
“ချဲ့က ကြက်ပေါက်လေးတွေ တောင်းနေတာလေ မင်းက ယောင်ကို သဘောကျနေတာမလား သူလိုချင်လားဆိုတာ မေးလိုက် လိုချင်တယ်ဆိုရင် သူပျော်သွားအောင်လို့ ကြက်ပေါက်လေးတချို့ ယူသွားပေးလိုက်ပေါ့”
ယွင်ယောင်ကို ကုမင်ရွှမ်း ဘယ်လိုခံစားချက်ရှိကြောင်း လူအများ မသိလောက်သော်ငြား သူ၏ညီအစ်ကိုများကတော့ မြင်နိုင်တာသေချာ၏။
“ငါသူ့ကို မေးပြီးပြီ သူက ကြက်ပေါက်လေးတွေ ရပြီးပြီလေ”
“မင်း လှုပ်ရှားတာ မြန်သားပဲ”
“ဒါပေါ့ မြန်ရမယ်လေ ချောင်ယန်းထဲမှာ ထိပ်ဦးက မိန်းကလေးနှစ်ယောက်ကို မြတ်နိုးတဲ့သူ အများကြီးပဲ အထူးသဖြင့် ယွင်ယောင် သူက လှပတယ်၊ သိမ်မွေ့တယ်၊ ကြင်နာတယ်၊ ဟင်းချက်ကောင်းတယ် သူ့ရဲ့သားလေးကလည်း အင်မတန် ချစ်ဖို့ကောင်းတာ ငါ မြန်မြန်မလှုပ်ရှားရင် သူက တခြားတစ်ယောက်ရဲ့မိန်းမ ဖြစ်နေလောက်ပြီ”
“ဟားဟား”
ရှင်းဖုန်းက ကုကို လက်မထောင်ပြလိုက်၏။ ချောင်ယန်း၏ အတိုင်ပင်ခံအနေဖြင့် သူက ပြတ်သားပြီး တက်ကြွလေ၏။
ထိုစဉ် ထိပ်ဦး၏ အိမ်တွင်ဖြစ်သည်။
အံ့အားသင့်ဖွယ်မလိုဘဲ ကျိုးဇယ်ယွီနှင့် လူအုပ်ကြီးထဲတွင် ရောနေပြီဖြစ်သော မုန့်ညီအစ်ကိုတို့က ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့ အောက်ထပ်ဆင်းလာပြီးနောက် စနောက်နေကြ၏။ ယွင်ချဲ့နှင့် ကျန်းယာဖေးတို့ကိုတောင် ဝင်နောက်သည်။ ယဲ့ရှင်းချန်သည် ထိုအရာအားလုံး ဖြစ်စေသည့်တရားခံကို မျက်စောင်းထိုးလိုက်၏။ သို့သော် ထိုလူကမူ ပြုံးလျက် အပြစ်ကင်းနေသည့်ပုံဖြင့် စီနီယာဟိုဟာ စီနီယာဒီဟာဟု ပြောကာ သူ့အတွက် လက်ဖက်ရည်ငှဲ့ပေးကာ အစာပြေမုန့်များ ကျွေးလိုက်သည်။ အဆုံးတွင်မူ ယဲ့ရှင်းချန်က လူအုပ်ကြီးကို စကားပြန်မပြောသလို ကျန်းရှန်ကိုလည်း မပြောတော့ပေ။
ယွင်ချဲ့က သူ့အိမ်သို့ ပြန်ရောက်လာချိန်၌ လူတိုင်းက သူသည် ယဲ့ရှင်းချန်ကဲ့သို့ အခြေအနေမျိုးဖြင့် ပေါ်လာလိမ့်မည်ဟု ထင်ထားခဲ့၏။ သို့သော် သူတို့ စိတ်ပျက်သွားရသည်။ ယွင်ချဲ့က ပြီးပြည့်စုံလောက်အောင်ပင် ပုံမှန်အတိုင်း ဖြစ်နေ၏။ လူတိုင်းက တူညီသည့်မေးခွန်း ရှိလာကြသည်။
“ကပ္ပတိန်ရှင်းက သူနဲ့ မအိပ်ခဲ့ဘူးလား မဖြစ်နိုင်တာ ဒါက ကပ္ပတိန်ရှင်းလေ ဒီအခွင့်အရေးကို သူဘယ်လိုလုပ် လွဲချော်ခံမှာလဲ ပြီးတော့ သူတို့ ဘာမှမလုပ်ခဲ့ဘူးဆိုရင် ချဲ့က ဘာကြောင့်ဒီလောက် နောက်ကျမှနိုးတာလဲ ဒါမှမဟုတ် ကပ္ပတိန်ရှင်းက အရပ်မြင့်ပြီး ကြွက်သားတွေရှိပေမဲ့ သေးနေလို့လား ဒါမှမဟုတ် ချဲ့မှာ တုတ်ခိုင်ပြီး စူဖြိုးတဲ့ငယ်ပါ ရှိနေလို့လား”
“ဘာကိုကြည့်နေတာလဲ မင်းတို့မျက်နှာပေါ်က အကြည့်တွေက ရွံစရာကောင်းလွန်းတယ်”
ထိုလူများ စဉ်းစားနေတာကိုမြင်ပြီး ယွင်ချဲ့က သူတို့ကို အထင်တသေးကြည့်လိုက်၏။ သူက ယွင်ယောင်ဘေး၌ထိုင်ကာ ပွင့်ပွင့်လင်းလင်း မေးလိုက်တော့သည်။
“အစ်မ ကျွန်တော်ပေးခဲ့တဲ့ ဆန်နဲ့ဂျုံကိုသုံးပြီး မချက်ခဲ့ဘူးမလား”
မဟုတ်လျှင် ကုမင်ရွှမ်းက ကွာဟချက်မရှိဟု ပြောမှာမဟုတ်ပေ။ ပုံမှန်အတိုင်း ဆိုရလျှင် စွမ်းအားနယ်မြေမှ သီးနှံများသည် အရသာပိုကောင်း၏။
“အမ် အာ ငါမေ့သွားလို့ မနက်တုန်းက အလုပ်များနေတာလေ ဆောက်လုပ်ရေးဝန်ထမ်းတွေက နေ့လည်စာမစားခင် ဒီကိုရောက်လာတာလေ ခုနကမှ အသက်ရှူရတာ”
ယွင်ယောင်သည် မနေ့တုန်းက ယွင်ချဲ့သူမကို မှာခဲ့တာကို အခုမှ မှတ်မိသွား၏။
“ဒါဆို အဲဒါတွေကို ဒီညသုံးလိုက် ဆန်နဲ့ဂျုံက ကောင်းတယ်ဆိုရင် ကျွန်တော်တို့တွေ အဲဒါတွေကို စားမယ်”
ယွင်ချဲ့သည် သူ၏အစ်မ အလုပ်များနေသည်ဟု တွေးလိုက်တာဖြစ်၏။ သူက သူမပုခုံးကို ဖက်ထားလျက် မျက်နှာချိုသွေးသည့်အကြည့်မျိုးဖြင့် ပြောလိုက်သည်။ မီးဖိုချောင်ဘုရင်မက သူတို့စားသောက်သမျှ စားစရာအားလုံးကို တာဝန်ယူထားသူဖြစ်၏။
“ငါသိပြီ သိပြီ”
ယွင်ယောင်က သူမ၏ မောင်လေးကို တွန်းထုတ်ပြီးနောက် ခေါင်းခါလိုက်၏။ ကမ္ဘာကြီးမည်မျှ ပြောင်းလဲစေကာမူ ယွင်ချဲ့သည် တူညီနေသေးတာက ကောင်းမွန်လှ၏။ ချဲ့သည် တနေ့ကျ ပုံမှန်အတိုင်း ပြန်ဖြစ်လာလျှင် ပိုကောင်းပေလိမ့်မည်။